၂၅။ ကျွန်မမိသားစု၏ဖိနှိပ်မှု- သင်ယူခဲ့ရသည့် အတွေ့အကြုံတစ်ခု

ဝူဝင် ကနေဒါနိုင်ငံ

ရှင်တို့သိတဲ့အတိုင်းပဲ ကျွန်မစယုံကြည်ခါစတုန်းက အမျိုးသားက ကျွန်မကို မတားခဲ့သလို၊ သူနဲ့လည်း ကျွန်မ ဧဝံဂေလိတရား မျှဝေခဲ့ပါတယ်။ ဒါပေမဲ့ သူက ငွေရှာဖို့ကိုပဲအရမ်းအာရုံစိုက်နေတော့ ယုံကြည်မှုမှာ ဝင်မပေါင်းချင်ခဲ့ဘူး။ နောက်ပိုင်း ကျွန်မရဲ့အပြုအမူတစ်ခုလုံး ပြောင်းလဲသွားသလို၊ အများကြီး ပိုပြီး ဒေါသမထွက်တတ်တော့တာကို သူ သတိထားမိတော့၊ သူလည်း တကယ်ကို အားပေးလာခဲ့ပါတယ်။ ဒါပေမဲ့ ၁ နှစ်ကြာတော့ သူကျွန်မကို စတားဆီးလာတယ်။ တရက် သူအလုပ်က ပြန်လာတော့ “မင်းယုံကြည်နေတာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနော်၊ ဟုတ်တယ်မလား ငါဒီနေ့ မိုက်ခ်ကို အိမ်ပြန်လိုက်ပို့တော့ သူက သူ့အသင်းတော်က ဆရာတွေအားလုံးက အဲဒါဟာ မှန်တဲ့ လမ်းခရီးမဟုတ်ဘူး၊ အဲဒါရဲ့ တရားဒေသနာတွေက နက်နဲပြီး လှည့်စားခံရဖို့ လွယ်တယ်လို့ ပြောတယ်။ မိုက်ခ်က အဲဒီဒေသနာတွေကို မင်း နားမထောင်သင့်ဘူးလို့ ငါ့ကိုသတိပေးသွားတယ်”လို့ ပြောလာပါတယ်။ မိုက်ခ်က သူ့သူဌေးဖြစ်သလို၊ သခင့်ကို ယုံကြည်တာကြာပြီဖြစ်တဲ့ ယုံကြည်သူတစ်ယောက်လည်း ဖြစ်တယ်။ သူက တကယ်ကိုပါရမီပါပြီး ကျွန်မအမျိုးသားကလည်း သူ့ကို အရမ်းလေးစားတာပါ။ ကျွန်မအမျိုးသားက မိုက်ခ်မှန်တယ်လို့ ထင်နေတာ သိလိုက်ရတော့ ကျွန်မလည်းသူ့ကို ယုံကြည်ခြင်းကိစ္စတွေကို သူနားမလည်သလို၊ သူများပြောတာကိုပဲ သံယောင်လိုက်လို့ မရဘူးလို့ ပြောလိုက်ပါတယ်။ သူခဏလောက် တုံ့ဆိုင်းသွားသလို ဖြစ်ပြီးတော့ တခြားဘာမှ ထပ်မပြောတော့ပါဘူး။

ပြီးတော့ နောက်တခေါက်မှာ သူကျွန်မကို ပြင်းပြင်းထန်ထန်ပြောလာတယ်- “ငါ အွန်လိုင်းမှာ တချို့တလေ လေ့လာပြီးပြီ၊ ပြီးတော့ မင်းရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ကို ကွန်မြူနစ်ပါတီက နှိမ်နှင်းနေတာပဲ။ ပြီးတော့ လူတွေကလည်း အနန္တတန်ခိုးရှင်ဘုရားသခင် နဲ့ပတ်သက်ပြီး အများကြီးပြောနေကြတယ်။ သူက ဘုရားသခင်မဟုတ်တဲ့ လူတစ်ယောက်ပဲဖြစ်ပြီးတော့ အဲဒီ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကလည်း လူတွေဆီကနေ ငွေတွေ အမြတ်ထုတ်နေတာတဲ့။ အဲဒီအသင်းတော်က လူတွေနဲ့ မင်းတွေ့ဖို့သွားတာတွေကို ငါခွင့်မပြုနိုင်ဘူး။ မင်းလိမ်ခံရတော့မှာ ငါစိတ်ပူတယ်” တဲ့လေ။ ကျွန်မဒီစကားကြားလိုက်ရတော့ တကယ်စိတ်တိုပြီး ပြန်ပြောလိုက်ပါတယ် “ရှင်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ကြည့်ရသေးသလို၊ အသင်းတော်အကြောင်းလည်း နားမလည်ဘူး။ အွန်လိုင်းကောလာဟလတချို့ပေါ် အခြေခံပြီး ဘယ်လိုများ ထင်ရာမြင်ရာ ဆုံးဖြတ်နိုင်ရတာလဲ။ ရှင်သိတာပဲ၊ ခရစ်ယာန်တွေအကုန်လုံးက သခင်ယေရှုကို ယုံကြည်ကြပြီး သူက စစ်မှန်တဲ့ ဘုရားသခင်ဆိုတာ သိကြတာပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က သခင်ယေရှု အမှုပြုနေခဲ့ချိန်မှာ၊ သူ့ကိုလည်းလူတော်တော်များများက ရှံ့ချငြင်းပယ်ခဲ့ကြတာပဲလေ။ သူက သာမန်လူတစ်ယောက်၊ လက်သမားရဲ့ သားပဲဖြစ်တယ်လို့ ပြောခဲ့ကြတယ်။ သခင်ယေရှုက အပြင်ပန်းမှာ သာမန်လူနဲ့ တူပေမယ့် သူ့မှာ ဘုရားဖြစ်တဲ့ အနှစ်သာရရှိပြီး သမ္မာတရားကို ဖော်ပြနိုင်သလို၊ လူသားမျိုးနွယ်ကို ရွေးနုတ်နိုင်တယ်လေ။ သူက လူ့ဇာတိ ယူတင်ဝတ်ဆင်ထားတဲ့ ဘုရားရဲ့ဝိညာဉ်တော်၊ လူသားမျိုးနွယ်အတွက် ကယ်တင်ရှင်ပဲဖြစ်ပါတယ်။ တကယ်လို့ကျွန်မတို့က ကွန်မြူနစ်ပါတီပြောတာကို နားထောင်ပြီး အပြင်ပန်းမှာ သာမန်လူနဲ့တူတဲ့သူ တစ်ယောက်ယောက်ကို ဘုရားမဟုတ်ဘူးလို့ပြောရင် အဲဒါက သခင်ယေရှုခရစ်တော်ကို ငြင်းပယ်တာ ဖြစ်မှာမဟုတ်ဘူးလား။ သခင်ယေရှုလိုပဲ အနန္တတန်ခိုးရှင်ဘုရားသခင်က မထူးခြားတဲ့ပုံဖြစ်ပေမယ့်၊ သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားရဲ့အသံကို ဖော်ပြနိုင်တာပဲ။ အခုဆို ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ထားပြီးပြီ။ သူတို့က သမ္မာကျမ်းနဲ့ပတ်သက်တဲ့ နက်နဲမှုမျိုးစုံ ထုတ်ဖော်ပြသလို၊ စာတန်က လူသားမျိုးနွယ်ကို ဘယ်လို ဖောက်ပြန်ပျက်စီးစေတယ်၊ ဘုရားက လူသားမျိုးနွယ်ကို ဘယ်လို ကယ်တင်တယ်ဆိုတဲ့အကြောင်း ကမ္ဘာကြီးထဲက မှောင်မိုက်၊ ဆိုးယုတ်မှုတွေ အားလုံးရဲ့ ရင်းမြစ်နဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို ပြောပြတယ်။ အပြစ်တရားက နေလွတ်မြောက်ဖို့၊ ဘုရားရဲ့ ကယ်တင်တာ ခံရပြီးတော့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လမ်းကြောင်းကိုလည်း ပြပေးတယ်။ ဘယ်လောက်နာမည်ကြီး၊ ကြီးမြတ်နေပါစေ ဘယ်သူကမှ ဒီသမ္မာတရားတွေကို မဖော်ပြနိုင်ဘူး။ ဘယ်လိုလူသားကများ သမ္မာတရားကို ဖော်ပြနိုင်လို့လဲ။ ဘယ်သူကများ ရွေးနှုတ်ခြင်းနဲ့ ကယ်တင်ခြင်းအမှုကို လုပ်နိုင်မှာလဲ။ ဘယ်သူမှမလုပ်နိုင်ဘူးလေ။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်ဟာတကယ်ပဲ လူသားမျိုးနွယ်ဆီ ကြွလာတဲ့ လူ့ဇာတိခံ ဘုရားသခင်ဖြစ်မှန်း သက်သေပြနေတာပဲ။” ကျွန်မသူ့ကိုပြောလိုက်သေးတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဘယ်တုန်းကမှ အလှူမခံခဲ့ဘူးဆိုတာကိုပါပဲ။ ဘုရားနှုတ်ကပတ်တော် စာအုပ်တိုင်းကို အခမဲ့ဖြန့်ဝေပေးနေတာပဲလေ။ အသင်းတော်ဟာ လူတွေရဲ့ ပိုက်ဆံကိုပဲလိုချင်တာဆိုတဲ့ စီစီပီရဲ့ ပြောဆိုချက်က အသရေဖျက်တာ စစ်စစ်ပဲ။ သူအဲဒီမုသားတွေရဲ့ လှည့်စားတာ လုံးဝ ခံလို့မဖြစ်ဘူးလို့ သူ့ကို ကျွန်မ ပြောခဲ့ပါတယ်။ တခွန်းမှမပြောဘဲ ထွက်သွားတယ်လေ။

နောက်တခါကျတော့ ကျွန်မဧဝံဂေလိဝေမျှရာကနေ ပြန်လာတဲ့အခါ သူ ဒေါသတကြီးနဲ့ “မင်းတို့အသင်းတော်က မိသားစုကိုပါ စွန့်ပစ်နေကြတယ်လို့ ပါတီက ပြောတာ အွန်လိုင်းမှာ တွေ့လိုက်ရတယ်။ မင်း ခုတစ်လော အပြင်သွားတာ များတယ်နော်။ ထွက်သွားဖို့ အဆင်သင့်ပြင်နေတာလား” လို့ပြောလာပါတယ်။ ကျွန်မလည်း၊ “ကျွန်မက အိမ်ကိုကောင်းကောင်း ဂရုစိုက်ပါတယ် ရှင်ဒီစကားကို ဘယ်လိုပြောရက်တာလဲ။ ကျွန်မက ဧဝံဂေလိဝေမျှဖို့ အပြင်သွားတာ ဒါမှ လူတွေက ကယ်တင်ရှင်ရောက်လာပြီဆိုတာသိပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်မှာပေါ့။ ရှင်သိသားပဲ လူတွေ တစ်ချိန်လုံး ဘယ်လောက်တောင် ပိုပြီး ဖောက်ပြန်ပျက်စီးလာသလဲဆိုတာနဲ့ ဆိုးယုတ်တဲ့ ရေပန်းစားမှုတွေနောက်ကိုလိုက်ပြီး အပြစ်တရားထဲမှာ နေနေကြတာကို။ ရှင့်သူငယ်ချင်းတွေကိုကြည့်လေ အားလုံး လောင်းကစားလုပ်ရင်လုပ် မလုပ်ရင် ပြည့်တန်ဆာလိုက်စားကြတာပဲ။ အကျင့်သိက္ခာရှိတဲ့သူ တစ်ယောက်တောင်ရှိရဲ့လား” လို့ပြောလိုက်ပါတယ်။ “ကမ္ဘာကြီးက အရမ်းဆိုးယုတ်လာပြီ။ လူတိုင်း ဘုရားသခင်ကို ငြင်းပယ်ခုခံနေကြပြီး ဖောက်ပြန်ပျက်စီးမှုကလည်း အထွတ်အထိပ်ရောက်နေပြီ။ နောက်ဆုံးသောကာလမှာ ကပ်ဆိုးကြီးတွေက ဖောက်ပြန်ပျက်စီးတဲ့လူသားမျိုးနွယ်အားလုံးကို ဆေးကြောပစ်မယ်လို့ သမ္မာကျမ်းကပရောဖက်ပြုထားတာပဲ။ အခုဆို ကပ်ဆိုးကြီးက တိုးပွားလာပြီ။ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပြစ်ဒဏ်စီရင်မှု၊ ပြစ်တင်ဆုံးမမှုကို လက်ခံပြီး၊ အပြစ်နဲ့ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်မှသာ ကပ်ဆိုးတွေတစ်လျှောက် ဘုရားရဲ့ ကာကွယ်ပေးတာခံရမှာဖြစ်ပြီး သူ့ရဲ့နိုင်ငံတော်ကို ဝင်နိုင်မှာဖြစ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုယုံကြည်သူတွေက ဘုရားက လူတွေကိုဘယ်လောက်အလျှင်စလို ကယ်တင်ချင်လဲဆိုတာကို နားလည်ကြပြီး ကျွန်မတို့က ဇာတိပကတိ ကာမဂုဏ်တွေကို လက်လွှတ်ဖို့၊ ဘုရားရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ကြိုးစား မျှဝေ သက်သေခံဖို့ လိုလားနေကြတာပါ။ ဒါက ဘုရားအလိုတော်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး ဖြောင့်မတ်တဲ့အရာဖြစ်သလို ကောင်းမှုလုပ်တာပဲဖြစ်တယ်။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက လူတွေကို ယုံကြည်မှု ရှိခွင့်မပေးဘူး၊ ဧဝံဂေလိတရားကို မျှဝေခွင့် ဒါမှမဟုတ် ဘုရားကို သက်သေခံခွင့် မပေးသလို၊ အရူးလိုမျိုး ခရစ်ယာန်တွေကိုလိုက်ဖမ်း၊ နှိပ်စက်နေတော့တာပဲလေ။ အဲဒါကပဲ ခရစ်ယာန်တော်တော်များများကို သူတို့ မိသားစုတွေဆီကနေ အတင်းထွက်သွားခိုင်းပြီး၊ ပြန်မလာနိုင်အောင် လုပ်တာပဲ။ တချို့ဆို ဖမ်းဆီးထောင်ချခံရတာ သေတဲ့အထိ နှိပ်စက်ခံရတာမျိုး ရှိတယ်။ ဒါတွေအားလုံးက ကွန်မြူနစ်ပါတီရဲ့ ခရစ်ယာန်တွေအပေါ် နှိပ်စက်မှုကြောင့် မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့က ခံရသူကိုအပြစ်တင်ပြီး ယုံကြည်သူတွေက မိသားစုကိုစွန့်ပယ်နေကြတယ်လို့ ပြောနေကြတာပဲ။ အဲဒါ လိုရာဆွဲ မမှန်မကန် ပြောတာတွေ၊ အမှန်တရားကို ပြောင်းပြန်လှန်တာ မဟုတ်လား။ ယုံကြည်မှုရှိတာက မှန်ကန်သင့်မြတ်တဲ့ကိစ္စပဲ။ ကမ္ဘာအနှံ့မှာ ယုံကြည်သူတွေ အများကြီးပဲ။ ယုံကြည်ခြင်းက မိသားစုကိုဖျက်ဆီးတာမျိုး ဘယ်မှာရှိလို့လဲ။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဆိုးယုတ်တယ် လိမ်တာကလွဲပြီး တခြားမလုပ်ပါဘူး။ ဒါပေမဲ့ ရှင်က မရွံရှာတဲ့အပြင် အဲဒီအလိမ်တွေကိုပါ ယုံနေတာပေါ့။ ကျွန်မတို့က မိသားစုတွေကို ဖျက်စီးနေတယ်လို့ပြောနေပြီး သူတို့နဲ့ ရှင်သဘောတူနေတာပဲ။ ဒါက အမှားအမှန်ကို ဝေခွဲမရဖြစ်နေတာ”လို့ ပြောလိုက်တယ်။ သူက ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေ လှည့်စားတာခံရတော့၊ ကျွန်မပြောတာ နားမထောင်တော့ဘူးလေ။ သူက ဒေါသတကြီးနဲ့ “ငါဂရုမစိုက်ဘူး။ ကြိုက်တာယုံလို့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်တော့ မယုံနဲ့” လို့ပြောပါရော။ သူ ဒီအရာအပေါ် အရမ်းစိတ်ပိုင်းဖြတ်ထားတာ မြင်ရတော့ ရုတ်တရက် ကျွန်မ နည်းနည်းတော့ လန့်သွားတာပေါ့။ လက်ထပ်လာတာလည်း ဆယ်စုနှစ်တခုကျော်ပြီ ကိစ္စတွေအများကြီး အတူတူကျော်ဖြတ်ခဲ့ကြပြီးပြီ။ အမြဲတမ်း အရာရာကိုဆွေးနွေးတိုင်ပင်ပြီး အချင်းချင်းဖေးမခဲ့ကြတယ်။ ဘာကွဲလွဲမှု ကြီးကြီးမားမားမှ မဖြစ်ခဲ့ဘဲနဲ့ပေါ့။ ကျွန်မရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ်ယုံကြည်မှုကြောင့် သူကျွန်မကိုအရမ်းဒေါသထွက်နေတာမြင်ရတာ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဘုရားရဲ့အလိုတော်ကို ကျွန်မ နားလည်သွားအောင် လမ်းပြပေးဖို့ ကျွန်မ တိတ်တိတ်လေး ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီကိုးကားချက်လေးကို မှတ်မိခဲ့ပါတယ် “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်”) ဒါက အပေါ်ယံမှာ ကျွန်မအမျိုးသားက ကျွန်မရဲ့ယုံကြည်ခြင်းကို တားဆီးနေပုံပေါ်ပေမယ့်၊ တကယ်တော့ စာတန်ရဲ့ကြားဝင်လှုံ့ဆော်မှုက နောက်ကွယ်မှာရှိနေတာကို နားလည်စေခဲ့တယ်။ စာတန်က လူတွေကို ရာသက်ပန် အုပ်စိုးပြီး ပိုင်ဆိုင်ချင်တာလေ။ ကျွန်မကို ဘုရားရှေ့မှောက်သွားပြီး ကိုးကွယ်မှာကို မလိုလားလို့၊ ကျွန်မကိုတားဖို့ အရာရာ ကြိုးစားနေခဲ့တာပဲ၊ ကျွန်မအမျိုးသားကို လှည့်စားဖို့ အွန်လိုင်းက အလိမ်အညာတွေနဲ့ကောလာဟလ တွေကိုသုံးပြီး ကျွန်မကို တားဆီးရအောင် သူ့ကို အသုံးချဖို့ ကြိုးစားနေတာ၊ ဒါမှ ကျွန်မအမျိုးသားအပေါ် ခံစားချက်တွေကြောင့် စစ်မှန်တဲ့လမ်းခရီးကို ကျွန်မ လက်လွှတ်ပြီး ဘုရားကို သစ္စာဖောက်မိမှာလေ။ စာတန်က တော်တော်ဆိုးယုတ်ပြီး ကောက်ကျစ်တာပဲ။ ဒါကိုသိပြီးတော့ ကျွန်မဆုံးဖြတ်လိုက်တာက စာတန်ဘာပဲလုပ်လုပ် ကျွန်မယုံကြည်မှုကို ထိန်းသိမ်းမယ်၊ ဘုရားနောက်လိုက်ပြီးတော့ စာတန်ကို ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတာပဲ။ ဒါကြောင့် ကျွန်မ သူ့ကိုပြောလိုက်တယ် “ကျွန်မဘုရားကိုယုံကြည်ပြီး ဘုရားနောက်လိုက်မယ်။ ဒါက မှန်ကန်တဲ့လမ်းခရီးပဲ။ ဒါ ကျွန်မရဲ့ရွေးချယ်မှု ပြီးတော့ ရှင့်မှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး” လို့လေ။ သူဒေါသတကြီးနဲ့ တခွန်းမှမပြောဘဲ ထွက်သွားတယ်။

တရက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတွေ နားထောင်နေတာ သူတွေ့သွားတော့ မျက်နှာကြီးတင်းပြီး ဒေါသတကြီးနဲ့ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို မယုံပါနဲ့လို့ ငါပြောခဲ့တယ်။ ဘာလို့ တစ်ခါမှ နားမထောင်တာလဲ။ မိုက်ခ်ဆိုလည်း ယုံကြည်သူဖြစ်တာ နှစ်ချီနေပြီ သူက တကယ့်ကို ဆက်ကပ်တဲ့ခရစ်ယာန်ပဲ။ သူက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဆိုတာ မှန်တဲ့လမ်းခရီးမဟုတ်မှန်းပြောသွားတယ် ဒါကြောင့် မင်းဘုရားကိုယုံကြည်ချင်ရင် မိုက်ခ်တို့ရဲ့အသင်းတော်ကိုသွား။ အကြီးကြီးပဲ နာမည်လည်းကြီးတယ်။ မင်းနဲ့အပတ်တိုင်း ဘုရားကျောင်းတက်ပေးမယ်။ ပြီးရင် မိုက်ခ်ကလည်း မင်းနဲ့စကားပြောဖို့ သူ့တရားဟောဆရာခေါ်ပေးလို့ရတယ်”တဲ့လေ။ ကျွန်မက သူ့ကို၊ “ရှင်က မိုက်ခ်ပြောတာကို ဘာလို့ အရမ်းသေချာနေရတာလဲ ဘာလို့ သင်းအုပ်ဆရာတွေကို အထင်ကြီးရတာလဲ သင်းအုပ်ဆရာတွေက အရည်အချင်းတွေရှိပြီး လူသိများတာကိုပဲ ရှင်မြင်ပေမယ့်၊ သူတို့ တကယ် ဘာဟောလဲဆိုတာ ရှင်ဂရုမစိုက်ဘူးလေ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်မခံဘဲနဲ့ သမ္မာတရားရဲ့ အနှစ်သာရ သူတို့ ရှိမှာမဟုတ်ဘူး။ သူတို့က အရင်ကလိုပဲ သမ္မာကျမ်းစာအသိပညာတွေအကြောင်းပဲ ပြောကြတာ။ သခင့်နှုတ်ကပတ်တော်တွေကို လက်တွေ့ဘယ်လိုလုပ်ဆောင်ရမယ်၊ လူတွေရဲ့ အပြစ်တရားပြည့်နှက်မှုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာနဲ့ပတ်သက်လို့ သူတို့ ပြောစရာဘာမှမရှိကြဘူး။ အဲဒီအသင်းတော်ကိုသွားတက်တာက ကျွန်မအတွက် ဘာမှအလုပ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်မ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ တွေ့ဆုံပွဲတွေကို နှစ်သက်တယ်။ အဲဒါတွေက အားဖြစ်စေတယ်။ တွေ့ဆုံပွဲတိုင်းမှာ သမ္မာတရားကို ပိုပြီးနားလည်လာတယ် ပြီးတော့ ပုံမှန်လူ့သဘာဝကို ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုတာကိုသင်ယူရတယ်။ ရှင်ကိုယ်တိုင်ပြောခဲ့တာပဲ ကျွန်မယုံကြည်မှုရရှိပြီးကတည်းက ကျွန်မမှာ အပြောင်းအလဲတချို့ တွေ့ရတယ်ဆို။ ဒီတော့ ဘာလို့ အမှန်တရားတွေကို လက်မခံနိုင်ဘဲ ကွန်မြူနစ်ပါတီရဲ့အလိမ်တွေကိုပဲ ဆက်တိုက်ယုံကြည်ပြီး ကျွန်မကို တားဆီးနေရတာလဲ” လို့ပြောလိုက်တယ်။ သူအဲဒါကို မငြင်းနိုင်တော့ ကျွန်မကို ခြိမ်းခြောက်တာက “နင်ငါပြောတာ နားမထောင်ဘူးပေါ့လေ။ ဒီလိုဆက်လုပ်နေမယ်ဆိုရင် မင်းမှာရှိသမျှ ပိုက်ဆံတွေနဲ့ ဘဏ်အကောင့်တွေကို ငါ့ကို လွှဲပေးရလိမ့်မယ် ပြီးတော့ အိမ်ကို ငါ့နာမည်နဲ့ လွှဲပြောင်းပေးရလိမ့်မယ်” တဲ့လေ။ သူဒီလိုပြောတာကြားရတော့ ကျွန်မနှလုံးသားကို ဓားနဲ့ထိုးလိုက်သလိုပါပဲ။ ကျွန်မတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ၊ ငွေရဖို့ ကျွန်မတကယ်ကို ခြုံခြံချွေတာပြီး အလုပ်ကြိုးစားခဲ့တာပါ။ အိမ်တလုံးအတူဝယ်ဖို့ အရစ်ကျငွေချေတာက မလွယ်ခဲ့ပါဘူး။ ကျွန်မကိုယ်ကျွန်မတောင် အဝတ်အစား အသစ်တစုံ ဝယ်ခွင့်မပေးခဲ့ဘူး။ အိမ်အတွက် ဘာမှမချန်ခဲ့ဘူး။ သနားအကြင်နာမဲ့တဲ့ စကားမျိုး သူပြောလာတော့ ကျွန်မ အရမ်းအံ့ဩသွားတယ်။ ဒီလောက်နှစ်တွေအကြာကြီးနေမှ ကျွန်မရဲ့ယုံကြည်မှုကြောင့်နဲ့ ကျွန်မတို့ဆက်ဆံရေးကို ဘယ်လိုဖြစ်ပြီး အဆုံးသတ်ရမှာလဲ။ ကျွန်မမှာ ငွေနဲ့ ဥစ္စာပစ္စည်းတွေ တခုမှမရှိခဲ့ရင်၊ သူကျွန်မကို နှင်ထုတ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မနှလုံးသားကို ဓားနဲ့မွှေနေသလိုခံစားရပါတယ်။ အိပ်ခန်းထဲသွားပြီး ကျွန်မ စငိုမိခဲ့တယ်။ မျက်ရည်တွေနဲ့ ဘုရားကိုဆုတောင်းခဲ့တာက “ဘုရားသခင်၊ ကျွန်မ အခုနာကျင်နေရပြီး တကယ်အားနည်းနေသလို ခံစားရပါတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်လိုဖြတ်ကျော်ရမလဲ မသိတော့ပါဘူး။ ကျေးဇူးပြုပြီး အရှင့်ရဲ့အလိုတော်ကို နားလည်အောင် လမ်းပြပေးပါ”လို့လေ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်အချို့ကို တွေးမိခဲ့တယ်၊ “ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး ‘ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။’ ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားတချို့ပေးခဲ့တယ်။ ဖိနှိပ်မှု နဲ့အခက်အခဲ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားလိုချင်တာက စစ်မှန်တဲ့ယုံကြည်မှုနဲ့ ချစ်ခြင်းတရားပါပဲ။ ဘာကို ဖြတ်သန်းနေရပါစေ၊ ဘယ်လောက်ပဲခံစားရပါစေ ကျွန်မတို့ ကိုယ်တော်ဆီကနေ လမ်းလွှဲသွားလို့ မဖြစ်ဘူး။ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ အသံကို ကြားရတာ ကျွန်မ အရမ်းကံကောင်းမှန်း သိပါတယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ပြီး ဘုရားရဲ့ပေါ်ထွန်းခြင်းကို သက်သေခံရတာ၊ ဘုရားဖော်ပြတဲ့ အဲဒီသမ္မာတရားအားလုံးရဲ့ အနှစ်သာရကို ခံစားရတာက ကျွန်မအတွက် ဘုရားရဲ့ ချစ်ခြင်းမေတ္တာသက်သက်ပါပဲ။ ခရစ်တော်နောက်လိုက်ဖို့ ဆင်းရဲဒုက္ခခံတာက တန်ဖိုးနဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒါက ဖြောင့်မတ်မှုအတွက်ပါပဲ။ ဘုရားနောက်လိုက်ပြီး သူ့အတွက် သက်သေခံခဲ့ကြတဲ့ သခင်ယေရှုရဲ့ တမန်တော်တွေနဲ့ တပည့်တော်တွေအကြောင်း တွေးမိတယ်။ သူတို့ကို ရောမအစိုးရက ရက်ရက်စက်စက် နှိပ်စက်ပြီး၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ ရှုံ့ချတာနဲ့ ဖိနှိပ်မှုတွေကို ခံခဲ့ရတယ်။ တချို့ဆိုရင် သခင့်အတွက် အသက်တွေတောင်ပေးရင်းနဲ့ မာတုရတောင် ဖြစ်ခဲ့ကြတယ်။ ကျွန်မဒီနေ့ခံစားနေရတဲ့ အသေးအမွှားလေးက အရင်က သန့်ရှင်းသူတွေ တွေကြုံခဲ့ရတာနဲ့ယဉ်ရင် ဘာမှမဟုတ်ပါဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်အတွက် ဝမ်းမနည်းဘဲ သင်ယူသင့်တယ်လေ။ ကျွန်မ ဘာပဲဖြစ်ဖြစ် နောက်ဆုံးအထိ ဘုရားနောက် လိုက်ဦးမှာပါပဲ။ ဒီအတွေးနဲ့ပဲ မျက်ရည်တိတ်ပြီး အိပ်ခန်းထဲကထွက်သွားပြီးတော့ အမျိုးသားကိုပြောလိုက်ပါတယ် “ကျွန်မတို့ လက်ထပ်ထားကြတာ ဆယ်စုနှစ်တစ်ခုကျော်သွားပြီဖြစ်သလို၊ ကျွန်မလည်းအိမ်အတွက် အများကြီးလုပ်ပေးခဲ့ပြီးပြီ။ အခုရှင်က ကျွန်မပိုက်ဆံတွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ယူသွားချင်ပြီ စစ်မှန်တဲ့လမ်းခရီးကို လက်လွှတ်အောင်လို့ ငွေကြေးအရ ထိန်းချုပ်ချင်နေပြီပေါ့။ ကျွန်မရှင့်စကားကို နားမထောင်မှာ မဟုတ်ဘူး။ ဘုရားနောက်ပဲလိုက်မယ်” လို့ပြောခဲ့တယ်။ ကျွန်မ ဒီလိုပြောတာကြားရတော့ သူဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်။ သူစိတ်လွတ်သွားသလိုမျိုး၊ ကျွန်မဆီက အမ်ပီသရီးစက်လေးကို လုယူပြီး ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေအားလုံးကို ဖျက်ဆီးခဲ့တယ်။ ကျွန်မရဲ့ သက်သေခံ စာရွက်စာတမ်းတွေ၊ ရတနာတွေ ဘဏ်ကဒ်နဲ့ ငွေသားတွေအားလုံး ယူသွားတယ်လေ။ နောက်တော့ ဖုန်းကိုယူပြီး ကြမ်းပြင်ပေါ် အားပါပါ လွင့်ပစ်လိုက်ပြီးတော့၊ ခွေးခြေခုံတစ်ခုကို ကောက်ယူပြီး ဖုန်းကို တစ်စစီ ရိုက်ခွဲပစ်လိုက်တယ်။ သူက ကျွန်မရဲ့အပြင်လောကနဲ့အဆက်အသွယ်အားလုံးကို အဲဒီနည်းနဲ့ဖြတ်ဖို့ကြိုးစားခဲ့တာပါ။

နောက်တော့ အိမ်ကို ကျွန်မမိဘတွေ၊ ညီအစ်မတွေနဲ့ ခဲအိုတွေကိုပါ ခေါ်လိုက်ပြီးတော့ အားလုံးက အုပ်စုလိုက် အနိုင်ကျင့်ကျတာပေါ့။ ညီအစ်မတွေကလည်း ကွန်မြူနစ်ပါတီက ဖန်တီးထားတဲ့ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်အကြောင်း အွန်လိုင်းက အသရေဖျက်တာတွေ မျိုးစုံကို မြင်ထားကြတယ်။ ပြီးတော့ ကွန်မြူနစ်ပါတီက ဇာတ်လမ်းဆင်ထားတဲ့ ကျောက်ယွမ်အမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်မကို ပြတယ်။ ကျွန်မလည်း- “အားလုံးသိပြီးသားပါ။ ကျောက်ယွမ်အမှုကို ကွန်မြူနစ်ပါတီရဲ့ ခုံရုံးမှာ စစ်ပြီး အဲဒီသံသယရှိသူတွေကလည်း သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကပါလို့ မပြောခဲ့ကြပါဘူး။ သူတို့ တရားရုံးမှာ ရှင်းရှင်းလင်းလင်းပြောသွားတာက သူတို့ တခါမှ အသင်းတော်နဲ့ မဆက်သွယ်ဖူးဘူးတဲ့လေ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီကတော့ သူတို့က အသင်းသားတွေပဲဆိုပြီး မရမက ဆုံးဖြတ်လိုက်တယ်။ ဒါက အသင်းတော်ကို အမှုဆင်နေတာပဲ မဟုတ်ဘူးလား။ အဲဒါက သူတို့လုပ်ကြံထားတဲ့ မမှန်ကန်တဲ့ အမှုဆိုတာ ရှင်းနေတာပဲ မဟုတ်လား။ ကွန်မြူနစ်ပါတီက ဘုရားမဲ့ဝါဒီဖြစ်ပြီး၊ ဘာသာရေးယုံကြည်မှုတွေကို အာဏာရပြီးကတည်းက ဖိနှိပ်လာကြတာ နင်လည်းသိတာပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်ပြောတဲ့ အရာတွေကို ဘယ်လိုများယုံနိုင်ရတာလဲ” လို့ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မညီမနှစ်ယောက်က အဲဒီအလိမ်တွေရဲ့ လှည့်စားတာ ခံလိုက်ရပြီး၊ ကွန်မြူနစ်ပါတီကဖြန့်ထားတဲ့ ကောလာဟလတွေကို ဆန်းစစ်ဆင်ခြင်တာမျိုး မလုပ်ကြဘူးလေ။ သူတို့ပြောတာက “ဒါတွေအားလုံးက အဓိကသတင်းငှာနတွေ ပြောတာတွေပဲ။ ဘယ်လိုလုပ် မမှန်ဘဲနေမလဲ” တဲ့။ ကျွန်မလည်း ပြောလိုက်ပါတယ် “တရုတ်မီဒီယာတွေအားလုံးကို ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားပြီး စီစီပီပြောတဲ့အတိုင်း လိုက်ပြောနေရတာ။ ကွန်မြူနစ်ပါတီ ပြောခိုင်းတဲ့အတိုင်း ပြောကြရပြီးတော့ အမှန်အတိုင်း သတင်း မကြေညာရဲကြဘူးလေ။ နိုင်ငံခြားမီဒီယာအများကြီးကိုလည်း ကွန်မြူနစ်ပါတီက ဝယ်ထားပြီးတော့ သူတို့ပြောချင်တာကိုပဲ ပြောကြတာ။ အခုအဲဒီလိုဖြစ်နေတာ ရှင်မမြင်နိုင်ဘူးလား။ အမှန်တရားတွေက သူတို့ဘာသာ စကားပြောပြီး၊ ပညာရှိဆိုတာ ကောလာဟလတွေကို နားမထောင်ဘူး။ နင်တို့မျက်လုံးတွေဖွင့်ပြီး အဲဒီကောလာဟလတွေကို မျက်စိမှိတ်နားထောင်နေတာမျိုးမလုပ်တော့ဖို့ အကြံပေးချင်တယ်”လို့ပြောလိုက်တာပေါ့။ သူတို့မှာ ပြောစရာစကား မရှိကြတော့ဘူးလေ။ အမေကလည်း ဒေါသတကြီးနဲ့ “နင်ငါတို့ပြောတာနားမထောင်ချင်ဘူးပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်လွှတ်ဖို့က နင့်အတွက် တကယ်ပဲ အဲဒီလောက်ခက်ခဲဲနေလို့လား။ နင့်ယုံကြည်မှုကြောင့် တစ်မိသားစုလုံး နင့်ကို စိတ်ပူနေရပြီ။ ဘာလို့ငါတို့အကြံကို နားထောင်ဖို့လက်မခံတာလဲ” လို့ပြောလာပါရော။ ပြီးတော့ သူ စငိုတယ်။ အမေအရမ်းစိတ်မကောင်းဖြစ်နေတာမြင်ရတော့ ကျွန်မအတွက် တကယ်ခက်ခဲခဲ့ပါတယ်။ သူတယောက်တည်း ကျွန်မတို့၃ ယောက်ကို ပျိုးထောင်ခဲ့တာဆိုတော့ သူ့အတွက်လည်း မလွယ်ဘူးလေ။ အခုဆို သူအသက်ကြီးပြီဆိုတော့ ကျွန်မနဲ့ပတ်သက်လို့ သူ့ကို စိတ်မပူစေချင်တော့ဘူး။ ဒီအတွေးနဲ့ပဲ ကျွန်မမျက်ရည်ဝိုင်းခဲ့ရပါတယ်။ နောက်တော့ ညီမလေးက “နင်အမေ့ကိုဘာလုပ်လိုက်လဲ ကြည့်ပါဦး။ သူ့ကိုလိုချင်လား အနန္တတန်ခိုးရှင်ဘုရားသခင်ကိုလိုချင်လား”လို့ မေးလာပါတယ်။ နောက်အစ်မတစ်ယောက်ကလည်း အေးစက်စက်နဲ့ “နင့်ဘာသာရေးကို ဆက်ထိန်းချင်တယ်ဆိုရင်လည်း ငါတို့ နင့်ကို မိသားစုဝင်လို မဆက်ဆံမိတဲ့အတွက် အပြစ်တင်လို့မရဘူးနော်။ ငါတို့ နင့်ကို ပြစ်မှုအတွက် ရဲနဲ့တိုင်မယ် မင်းလှည့်စားခံထားရတဲ့အကြောင်းပေါ့ ပြီးရင် မင်းကို တရုတ်ပြည်ကို ပို့လိုက်လိမ့်မယ်။ မမေ့နဲ့ နင် နေဒါလာဖို့ စရိတ်ခံပေးခဲ့တာ ငါပါ” လို့ ပြောလာတယ်။ သူတို့ ဒါတွေအကုန် ပြောတာကြားရတော့ အရမ်းဒေါသထွက်မိတယ်။ ကျွန်မရဲ့ယုံကြည်မှုကို စွန့်လွှတ်ဖို့ သူတို့ ဖိအားပေးကြိုးစားကြမယ်ဆိုတာ တခါမှ မတွေးခဲ့မိဖူးဘူး ပြီးတော့ ဒီလို မလိုမုန်းထားတဲ့ စက်ဆုပ်စရာ နည်းတွေနဲ့တောင် ကျွန်မကို ခြိမ်းခြောက်ကြသေးတယ်လေ။ ကျွန်မ အလှည့်စားခံလို့ မဖြစ်ဘူး။ ကျွန်မက ကနေဒါနိုင်ငံသားဖြစ်နှင့်နေပြီဆိုတော့ သူတို့ ထင်ရာမြင်ရာ ဒဏ်ငွေရိုက်ပြီး နှင်ထုတ်လို့လည်းမရဘူးလေ။ တခါမှမတွေးခဲ့မိဖူးဘူး ကျွန်မရဲ့ သွေးသားရင်းအစ်မက ဒီလိုစကားမျိုး ကျွန်မကို ပြောလာလိမ့်မယ်ဆိုတာ။ စိတ်မကောင်းဖြစ်ပြီး ငိုနေတာ မရပ်နိုင်ခဲ့ပါဘူး။

နောက်တော့ အသင်းတော်ဓမ္မတေးတပုဒ်ကို သတိရမိခဲ့တယ်။ “လမ်းတစ်လျှောက် ကိုယ်တော် အဖော်ပြု”- “ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ကျွန်ုပ်ကို လမ်းပြ၊ ကိုယ်တော်၏ ချစ်ခြင်းက ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်ကို ဆွဲခေါ်ပေ။ နေ့တိုင်း ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် အလွန်နှစ်သက်၊ ကိုယ်တော်သည် ကျွန်ုပ်၏ စဉ်ဆက်မပြတ် အဖော်ဖြစ်ပေ။ ကျွန်ုပ် အပျက်သဘောဆောင်ကာ အားနည်းချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ အာဟာရ နှင့် ခွန်အားဖြစ်ပေ။ အနှောင့်အယှက်များနှင့် ကျရှုံးမှုများကို ကျွန်ုပ်ခံစားရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ကူညီထူမသည့် လက်ဖြစ်ပေ။ စာတန်အားဖြင့် ကျွန်ုပ် အဝိုင်းခံရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို သတ္တိနှင့် ဉာဏ်ပညာပေးသည်။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကျွန်ုပ် ကြုံရချိန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက သက်သေခံရန် ကျွန်ုပ်ကို လမ်းပြပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အဖော်ပြုကာ လမ်းပြပေ၊ ကျွန်ုပ်၏ နှလုံးသား နွေးထွေးကာ ငြိမ်းအေးသည်။ ကိုယ်တော်၏ ချစ်ခြင်း အလွန်စစ်မှန်၊ ကျွန်ုပ်၏ နှလုံးသား ကျေးဇူးတင်ရှိခြင်းများဖြင့် ပြည့်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ကျွန်မသိလိုက်တယ်၊ ကျွန်မကိုနားမလည်နိုင်တဲ့ ဖိနှိပ်တတ်တဲ့ မိသားစုနဲ့တောင်မှ ဘုရားက အမြဲတမ်း ကျွန်မဘက်မှာရှိနေခဲ့ပါတယ်။ နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ အသိဉာဏ်ပွင့်လင်းစေခြင်းနဲ့အတူ၊ စာတန်ရဲ့ လှည့်ကွက်တွေကို ကျွန်မ ရိပ်စားမိနိုင်ခဲ့ပြီး ဘုရားကနှစ်သိမ့်ခဲ့သလို၊ ခွန်အားနဲ့ ယုံကြည်မှုကို နှုတ်ကပတ်တော်တွေကတဆင့် ပေးခဲ့တယ်။ အဲဒီလိုတွေးမိလိုက်တော့လည်း အရမ်း စိတ်မချမ်းမြေ့ မဖြစ်တော့ဘူး။ ကျွန်မမှတ်မိတဲ့ တခြားအပိုဒ်တစ်ခုရှိသေးတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။...ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဒါကို တွေးဆရင်းနဲ့ ကျွန်မနားလည်သွားတာက ကောင်းကင်နိုင်ငံတော်ဆီသွားတဲ့လမ်းဆိုတာ ဘယ်သူမှရှောင်လွှဲမရနိုင်တဲ့ အခက်အခဲတွေနဲ့ ပြည့်နေတာပါ။ မိသားစုဆီက ဒီလိုဖိနှိပ်မှုနဲ့ ထိုးနှက်မှုတွေက စာတန်ရှေ့မှာ သက်သေခံဖို့ ကျွန်မအတွက် အခွင့်အရေးတခုပါပဲ။ အဲဒါက ကျွန်မကို ဘုရားမြှင့်တင်ပြီး ကောင်းကြီးပေးနေတာပါ သက်တောင့်သက်သာ ပတ်ဝန်းကျင်ကနေ ဘယ်တော့မှ မရနိုင်မယ့်အရာပေါ့။ အဲဒီဆင်းရဲဒုက္ခက တန်ဖိုးနဲ့အဓိပ္ပာယ်ရှိပါတယ်။ ဒါက စစ်မှန်တဲ့လမ်းဆိုတာ၊ ဘုရားရဲ့လုပ်ဆောင်ချက်ဆိုတာ သေချာသွားတော့၊ ဖိနှိပ်မှုနဲ့ ဒုက္ခတွေ ဘယ်လောက်ရင်ဆိုင်ရပါစေ ဘုရားနောက်ဆက်လိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။

ကျွန်မနောက်မဆုတ်တာကို တွေ့ရတော့ သူ့မျက်လုံးတွေက ဒေါသရိပ်တွေနဲ့ နီမြန်းနေတယ်။ နောက်တော့ ဒေါသတကြီးနဲ့ “မင်းကိုမင်းသူငယ်ချင်းက ပြောင်းလဲလိုက်တာ ငါသိတယ်။ သူက မင်းဆီက ပိုက်ဆံပဲလိုချင်တာ။ ငါသူ့ကိုစက်ဆုပ်တယ်။ ယုံချင်ယုံ မယုံချင်နေ ထောင်ကျမယ်ဆိုရင်တောင် ငါသူ့ကိုသတ်မှာပဲ” လို့ပြောလာတယ်လေ။ သူဒီလိုပြောတာကြားရတော့ ကျွန်မ လုံးဝ လန့်သွားပြီး တကယ်ကြောက်သွားခဲ့တာ။ တုန်နေတာကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျွန်မနဲ့ ဒီလောက် နှစ်တွေအကြာကြီး အတူနေခဲ့တဲ့သူက အရမ်းရက်စက်သွားလိမ့်မယ်လို့ တခါမှစိတ်မကူးခဲ့မိဖူးဘူး။ သူက ဘယ်လို လင်ယောက်ျားမျိုးလဲ။ သူက ဘုရားနဲ့ သမ္မာတရားကိုမုန်းနေတဲ့ နတ်ဆိုးဆိုတာ ရှင်းနေတာပဲလေ။ ကျွန်မရဲ့ ယုံကြည်မှုကိုတားဖို့အတွက်နဲ့ အရမ်းဆိုးရွားတဲ့ကိစ္စကို သူပြောလိုက်တယ်။ သူ့ရဲ့ မကောင်းတဲ့ဘက်ကို တွေ့လိုက်ရပြီးတဲ့နောက်မှာ သူ ကျွန်မသူငယ်ချင်းကို သတ်လိုက်မှာ တကယ်ကြောက်နေခဲ့တာ။ ကျွန်မအမေ ကျွန်မကို ဒီလိုပြောမှပဲ ဣန္ဒြေဆည်ခွင့်ရခဲ့တယ်၊ “နင်တို့နှစ်ယောက် ရန်ဖြစ်တော့မယ့်ပုံပဲ။ အဝတ်အစားတချို့ထုပ်ပြီး ငါ့အိမ်မှာပဲ ရက်ပိုင်းလောက် လိုက်နေလိုက်။ နင်အပြင်နဲ့ အဆက်အသွယ်လုပ်လို့မရသလို၊ အလုပ်လည်းသွားလို့မရဘူး။ အိမ်မှာပဲနေပြီး နင်လုပ်ခဲ့တာကိုပြန်စဉ်းစား”တဲ့လေ။ သူဒီလိုပြောတာကြားရတော့ ကျွန်မစိုးရိမ်သွားတာပေါ့။ အမျိုးသားကလည်း ဒေါသထွက်နေတာ၊ သူ ဘာလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူ ကျွန်မဖုန်းကိုခွဲလိုက်တော့ သူငယ်ချင်းကိုလည်း သတိပေးလို့မရတော့ဘူးလေ။ အခုဆို ဘယ်သူနဲ့မှ ဆက်သွယ်ွေ့ခွင့်ပေးတော့မှာ မဟုတ်သလို အလုပ်သွားခွင့်တောင် မပေးဘူးလေ။ အဲဒါ အိမ်အကျယ်ချူပ်ကျနေတာပဲမလား။ အသင်းတော်နဲ့ ဘယ်လိုဆက်သွယ်ပြီး၊ အသင်းတော်အသက်တာကိုပါ ဘယ်လိုဦးဆောင်ရမှန်းမသိခဲ့တော့ပါဘူး။ နှလုံးသားထဲကနေ ကျွန်မကိုလမ်းပြပေးဖို့ ဘုရားကို အရေးတကြီး ဆုတောင်းလိုက်ပါတယ်။ နောက်တော့ ဘာသာရေးဆိုင်ရာအခွင့်အရေးကို အနောက်တိုင်းနိုင်ငံတွေမှာကာကွယ်ပေးထားမှန်း သတိရမိတယ်။ လူတွေ လွတ်လပ်စွာယုံကြည်လို့ရတယ်လေ။ ကျွန်မ ညီအစ်မတွေက အသရေဖျက်ဖို့ ကျွန်မကို ရဲတိုင်ချင်နေကြတာပဲ ဒီတော့ ကျွန်မလည်း ရဲဆီမှာ အမှုဖွင့်လို့ရတယ်လေ။ တစ်ခုက သူငယ်ချင်းကိုကာကွယ်ပေးဖို့ပါ နောက်တခုက ရဲတွေပါလာပြီဆိုရင် သူတို့ ထပ်ပြဿနာမရှာရဲတော့ဘူးပေါ့။ ဒါကြောင့် အမေ့ကိုပြောလိုက်ပါတယ် “အမေ့အိမ်ကိုလည်း မသွားချင်ဘူး ရဲဆီမှာ တိုင်ချက်သွားဖွင့်ချင်တယ်” လို့လေ။ ဒီလိုပြောတော့ သူတို့ မှင်သက်သွားပြီး ဘာမှမပြောကြတော့ဘူး။ ရဲစခန်းကိုသွားဖို့ ကျွန်မချက်ချင်းပဲ ထွက်သွားလိုက်တယ်။ ရဲစခန်းလည်းရောက်တော့ ကျွန်မမိသားစုက ကျွန်မရဲ့ယုံကြည်မှုအတွက်ကျွန်မကို ဖိနှိပ်နေတဲ့အကြောင်း အကျဉ်းချုပ်ရှင်းပြလိုက်တယ်။ အနောက်တိုင်းနိုင်ငံမှာ ဒီလိုကိစ္စဖြစ်တယ်ဆိုတာကို သူတို့သိပ်တောင်မယုံနိုင်ကြဘူး။ သူတို့က တကယ်ကိုယ်ချင်းစာတတ်ပါတယ် ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးတယ်။ ကျွန်မအမျိုးသားနဲ့ မိသားစုကိုလည်း “ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပါတယ် သူ့ရဲ့ယုံကြည်မှုရော သူ့ရဲ့ တကိုယ်ရည်လွတ်လပ်မှုကိုရော ခင်ဗျားတို့ ဝင်စွက်ဖက်လို့မရပါဘူး။ သူအလုပ်သွားချင်တယ်ဆိုရင် ခင်ဗျားတို့တားခွင့်မရှိဘူး။ ဒါ့အပြင် သက်သေခံစာရွက်စာတမ်းဆိုတာ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေပါ သူ့ကိုပြန်ပေးလိုက်ပါ” လို့ သတိပေးသွားပါတယ်။ ရဲဆီက ဒီလိုစကားကြားပြီးတော့ သူတို့ကျွန်မကို ဖိအားမပေးရဲတော့ပါဘူး။ ဘုရားကို ကျေးဇူးအရမ်းတင်ပါတယ် ပြီးတော့ ကျွန်မအတွက် ထွက်ပေါက်တခုဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။

အမျိုးသားကိုလည်း ဥပဒေကြောင်းအရ ရပ်ခိုင်းထားတော့ သူကျွန်မကို တိုက်ရိုက် လာမလုပ်ရဲတော့ဘူး။ ဒါပေမဲ့ လက်မလျှော့သေးဘဲ ကျွန်မယုံကြည်မှုကိုလက်လျှော့အောင် ဖိအားပေးဖို နည်းလမ်းတွေကို ကြိုးစားစဉ်းစားနေတော့တာပါပဲ။ ၂ ရက်လောက်ကြာတော့ အိမ်ကို သူ့နာမည်နဲ့လွှဲပေးဖို့ စပြီး အတင်းပြောလာပါတယ်။ သူဒီလိုပြောလာတော့ ကျွန်မစိတ်ပူမိတာပေါ့။ လွန်ခဲ့တဲ့ ၂ရက်ကပဲ ကျွန်မရဲ့ ငွေသားတွေနဲ့ လက်ဝတ်ရတနာအားလုံး သူယူသွားပြီး အခုတော့ အိမ်ကိုပါ သူ့နာမည်နဲ့လွှဲပေးစေချင်နေပြီ။ တကယ်လို့ သူကျွန်မကိုနှင်ထုတ်လိုက်ရင် ကျွန်မ လက်ဗလာနဲ့ ကျန်ခဲ့မှာလေ။ ပြီးတော့ ကျွန်မမိဘနဲ့ ညီမတွေလည်း ကျွန်မကို ခေါ်ထားမှာမဟုတ်တော့ဘူး။ အဲဒါတွေ အားလုံးတွေးမိတော့ ထပ်ပြီးစိတ်မကောင်းဖြစ်မိပေမယ့် ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိခဲ့တယ်။ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို အလေးထားပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)”)အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ ရည်ရွယ်ချက် အတိအကျ ဖြစ်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ယောဘက စာတန်ရဲ့စွပ်စွဲမှုနဲ့ သွေးဆောင်ဖျားယောင်းမှုတွေကို ကျော်ဖြတ်နိုင်သွားတဲ့ အကြောင်းရင်းက သူ့မှာစစ်မှန်တဲ့ ယုံကြည်မှု၊ နာခံမှုနဲ့ ဘုရားအပေါ် ကြောက်ရွံ့မှုတွေ ရှိလို့ပဲ။ ဘုရားရဲ့ အလုံးစုံအုပ်စိုးမှုနဲ့ သူ့မှာရှိသမျှအားလုံးကို ဘုရားကပေးထားတယ်လို့ ယုံကြည်ခဲ့တယ်လေ။ ဒါကြောင့် ဘုရားပေးတာဖြစ်ဖြစ် ပြန်ယူတာဖြစ်ဖြစ် လက်ခံပြီး ကျိုးနွံနာခံနိုင်ခဲ့တာပါ။ ယောဘက သူ့ရဲ့ပိုင်ဆိုင်မှု၊ သားသမီးတွေနဲ့ တစ်ကိုယ်လုံးအနှံ့ အနာစိမ်းတွေနဲ့တောင် ပြည့်သွားချိန်မှာ ဘုရားကိုအပြစ်မတင်သေးဘဲ သူ့ရဲ့နာမကို ချီးမွမ်းခဲ့တယ်လေ။ သူ့အမျိုးသမီးက သူ့ကို ဒီလိုပြောခဲ့တယ်၊ “သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။” (ယောဘဝတ္ထု ၂:၉) ပြီးတော့ သူဒေါသတကြီးနဲ့ပြောလိုက်တာက “မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘဝတ္တု ၂:၁၀) ယောဘရဲ့ ထွက်ဆိုချက်က တကယ်ပဲ ကျွန်မအတွက် အားတက်စရာဖြစ်ခဲ့တယ်။ ကျွန်မ သူ့လိုဖြစ်ချင်တယ်။ အမျိုးသား ဘယ်လောက်ပဲဖိနှိပ်၊ သူဘယ်လောက်ပဲ ကျွန်မဆီက ပိုင်ဆိုင်မှုတွေ ယူသွားပါစေ အိမ်ကနှင်ထုတ်လို့ လက်ဗလာနဲ့ ထွက်သွားရရင်တောင်မှ ဘုရားနောက်ကို ယုံကြည်မှုနဲ့လိုက်ပြီး သက်သေထူပြီး စာတန်ကိုအရှက်ရအောင် ကျွန်မ လုပ်နေဦးမှာပါ။

နောက်ရက်ကျတော့ ကျွန်မတို့ အပေါင်စာချုပ်ကို လွှဲပြောင်းဖို့ ဘဏ်ကိုသွားတဲ့အခါ အဲဒါက ချေးငွေအသစ်ဖြစ်ပြီးတော့ အပေါင်စာချုပ်အသစ်လိုချင်ရင်၊ တကယ်ကိုရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေဖြစ်ပြီး အရှုံးလည်းရှိနိုင်တာကို စဉ်းစားသင့်တဲ့အကြောင်း ပြောလာပါတယ်။ သူ အကြံပြုပေးခဲ့တာက လုံးဝ ဖြစ်နိုင်ရင် နောက်ငါးနှစ်ကြာမှ ပြောင်းလိုက်ပါလားလို့ပေါ့။ ကျွန်မအမျိုးသားက ဘာမှမလုပ်နိုင်တော့၊ လက်လျှော့သွားပါတယ်။ ဘုရားကို နှလုံးသားထဲက ကျေးဇူးတင်ပါတယ် ပြီးတော့ နှုတ်ကပတ်တော်တွေ ဘယ်လောက်စစ်မှန်လဲဆိုတာ တကယ်ခံစားရပါပြီ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) အဲဒီကိစ္စပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့ ပြန်ပြီး အဆက်အသွယ်ရခဲ့ပါတယ်။ သူသိသွားတော့ အမျိုးသားက မေးပါတယ် ကျွန်မ တွေ့ဆုံပွဲတွေ ဆက်သွားဦးမှာလားဆိုပြီးတော့လေ။ ကျွန်မလည်းပြန်မေးလိုက်တာပေါ့ “ကျွန်မကို ထပ်တားဖို့ စီစဉ်နေတာလား။ အဲဒီလိုသာဆို ကျွန်မအိမ်ပြောင်းပြီး တခြားနေရာနေလို့ရပါတယ်။ အသင်းတော်က ကျွန်မကို လှည့်ဖြားပြီး၊ ကျွန်မက မိသားစုကိုပစ်သွားမှာ စိတ်ပူနေတာမလား။ အသင်းတော်နဲ့အတူရှိနေသမျှ ဒီနှစ်တွေထဲမှာ သူတို့ ကျွန်မဆီက ပိုက်ဆံလိမ်ယူခဲ့လို့လား။ ကျွန်မတို့ယုံကြည်သူတွေက မိသားစုတွေကိုပစ်သွားတယ်ဆိုတဲ့ ကောလာဟလကရော အမှန်လို့လား”လို့ပေါ့။ သူ မှင်သက်သွားပြီး ခဏနေတော့ ပြောလာတယ်။ “မင်းမှန်တယ်။ အသင်းတော်က မင်းဆီကပိုက်ဆံယူတာလည်း မတွေ့သလို မင်းကလည်း ငါတို့ကိုပစ်မသွားပါဘူး။ ငါအဲဒီကောလာဟလတွေကို အရမ်း ယုံလွယ်ခဲ့မိတယ် မင်းအလိမ်ခံရမှာစိုးလို့ တားပေးချင်ခဲ့တာပါ။ မင်းယုံကြည်ချင်ရာကို ယုံလို့ရပါတယ်” တဲ့။ ကျွန်မအရမ်းပျော်သွားတာပေါ့။ သူကျွန်မကို တားကတည်းက တွေ့ဆုံပွဲတွေကို ပုံမှန်မသွားဖြစ်ခဲ့ဘူး ပြီးတော့ သူ ကျွန်မကို ဆွဲမထားတော့မှာ သိလိုက်ရပြီလေ။ နောက်တော့ သူကျွန်မတို့ငွေကြေးစာရင်းကို စီစဉ်ရတာ အရမ်းခေါင်းကိုက်စရာ ဖြစ်သလို သူနဲ့ သိပ်မကိုက်ဘူးလို့ စပြီး ခံစားလာရတယ်။ ဒီတော့ သူကျွန်မကို စီစဉ်ပေးဖို့ အားလုံးပေးထားလိုက်တယ်။ အပေါင်စာချုပ်ကို သူ့နာမည်နဲ့ထားဖို့ ဘယ်တော့မှ လာမပြောတော့ဘူး။

မိသားစုရဲ့ ဖိနှိပ်မှုခံရတဲ့ ကျွန်မရဲ့ဒီအတွေ့အကြုံက ကွန်မြူနစ်ပါတီ ဘယ်လောက်ဆိုးယုတ်လဲဆိုတာကို ပြသခဲ့ပါတယ်။ အဲဒါက တရုတ်ပြည်ကခရစ်ယာန်တွေကို အရူးအမူး ဖမ်းဆီးဖိနှိပ်နေတာတင် မဟုတ်ဘူး အွန်လိုင်းမှာ အလိမ်အညာတွေဖြန့်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အသရေဖျက်တယ်၊ တစ်ကမ္ဘာလုံးက အသင်းတော်ကို ဆန့်ကျင်လာအောင် အရူးလုပ်ဖို့ကြိုးစားနေပြီးတော့ အဲဒါနဲ့ပဲ ဘုရားကို တိုက်ခိုက်နေတာ၊ ဒီတော့ အားလုံး ငရဲမှာပဲ နောက်ဆုံးကျတော့ အပြစ်ဒဏ်ခံရမှာပေါ့။ ကွန်မြူနစ်ပါတီက ဘုရားကိုခုခံနေတဲ့ လူတွေကိုလမ်းလွဲရောက် အောင်လုပ်ပြီး ဝါးမျိုနေတဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးဝါပါပဲ။ စာတန်က အရမ်းကို ဆိုးယုတ်ပါတယ် ဒါပေမဲ့ ဘုရားရဲ့ အမျော်အမြင်က စာတန်ရဲ့အကြံတွေအပေါ် ကျင့်သုံးတာပါ။ စာတန်က အဲဒီဖိနှိပ်မှုတွေကိုအသုံးချပြီး ကျွန်မကို ဘုရားအပေါ်သစ္စာဖောက်ပြီး ကယ်တင်ခြင်းခံရမယ့်အခွင့်အရေး ဆုံးရှုံးအောင် လုပ်ချင်နေခဲ့ပေမယ့် သူ လုံးဝ မတွေးခဲ့မိတာက ဒါကပဲ ကျွန်မကို ချင့်ချိန်နိုင်စွမ်း တိုးတက်စေပြီး သူ့ရဲ့ အကျည်းတန်မှုကို တကယ် မြင်စေခဲ့တယ်ဆိုတာပါပဲ။ ကျွန်မ သူ့ကို စိတ်ထဲကနေ ကျိန်ဆဲပြီး ငြင်းပယ်ထားပြီးသားပါ ပြီးတော့ ဘုရားအပေါ်ယုံကြည်မှုကပိုအားကောင်းလာပါတယ်။ ကျေးဇူးတော်ပဲ။

အရှေ့သို့- ၂၄။ ကျွန်မကလွဲ၍ လူတိုင်း ရာထူးတိုးပြီးနောက်တွင်

နောက်တစ်ခုသို့- ၂၆။ ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။