၃။ နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ရှောင်ချန့် ဟောင်ကောင်

ပြီးခဲ့တဲ့နှစ်က ကျွန်မက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာလေ။ အဲဒီအတောအတွင်း၊ ပျိုးထောင်ပေးလို့ရမဲ့ လူတချို့ကို ကျွန်မ ရွေးရပြီး၊ သူတို့ကို ပံ့ပိုးရာမှာ အချိန်နဲ့ အားအင်ကုန်ခဲ့ရတယ်။ ကျွန်မအတွက် တကယ်ခက်ခဲခဲ့တယ်။ တစ်ခုက၊ သူတို့ရဲ့ တကယ့်အခြေအနေတွေပေါ် အခြေခံပြီး ဘယ်လူတွေကို လေ့ကျင့်ပေးရမှန်း မသိခဲ့သလို၊ သူတို့ လုံလောက်အောင် မတော်ကြဘူးလို့ မောက်မောက်မာမာပဲ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင်၊ စိတ်ခွန်အားရှိသမျှနဲ့ အဖိုးအခကို ကျွန်မ မစိုက်ထုတ်ချင်ခဲ့ဘူး။ တကယ်ခက်ခဲပင်ပန်းသလို ခံစားရတယ်။ ဒါကြောင့် ဘယ်လူသစ်ကိုမှ လုံးဝ မလေ့ကျင့်ပေးနိုင်ခဲ့ဘူး။

ဒါပေမဲ့ သူတို့ကို မလေ့ကျင့်ပေးရင်၊ သူတို့အပေါ် အများကြီး မျှော်လင့်ထားပြီး ပျိုးထောင်ပေးဖို့ကျတော့ အလေးဂရုမပြုဘူး၊ ကျွန်မက အရည်အချင်းမပြည့်မီသလို သူတို့ကို လေ့ကျင့်မပေးနိုင်ဘူးလို့ ကြီးကြပ်သူက ပြောမှာ။ ဘေးကျပ်နံကျပ်အခြေအနေဖြစ်ပြီး ဘာလုပ်ရမှန်း ကျွန်မ မသိဘူး။ ကျွန်မရဲ့ ကြီးကြပ်သူကို မေးပြီး သူ့ကို ဆုံးဖြတ်ခိုင်းသင့်တယ်ထင်တယ်လို့ ကျွန်မ ခံစားရတယ်။ အဲဒီအခါ ကျွန်မ ကောင်းကောင်းမလုပ်ရင် ကျွန်မရဲ့ တာဝန်ပဲ လုံးဝ ဖြစ်မှာ၊ ကိုယ့်ဆုံးဖြတ်ချက်တွေမှာ အမှားတွေလုပ်မိရင် ကိုင်တွယ်ဖြေရှင်းခံရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မရဲ့ ကြီးကြပ်သူနဲ့ အဆက်အသွယ်ရတဲ့အခါ၊ ကျွန်မက လူတွေကို ကောင်းကောင်း အကဲမဖြတ်တတ်သလို ဘာလုပ်ရမှန်း မသိဘူးလို့ တိုက်ရိုက်မပြောဘဲ၊ အဲဒီအစား လူသစ်တွေရဲ့ အခြေအနေတွေနဲ့ ရုန်းကန်ရတာတွေကို ပြောပြီးရင်း ပြောနေမိခဲ့တယ်။ ဟဝါက အင်တာနက်လိုင်း မကောင်းဘူး၊ ဆက်သွယ်ရတာ ခက်တယ်၊ ဟဝါက အလုပ်များနေတယ်၊ ဟဝါက စုဝေးပွဲတွေမှာ စကားသိပ်မပြောဘူး ဆိုပြီးပေါ့...။ အဲဒီနောက် ကျွန်မက လူတွေကို ဘောင်ခတ်နေတယ်လို့ သူပြောမှာစိုးပြီး “ဒါပေမဲ့ စုဝေးပွဲနဲ့ လိုက်စားမှုတွေမှာ တက်ကြွကြလို့၊ သူတို့ကို ပျိုးထောင်ဖို့ ကျွန်မ အကောင်းဆုံး ကြိုးစားမယ်”လို့ ဝေ့လည်ကြောင်ပတ် ပြောလိုက်တယ်။ ပထမတော့ ဘာလုပ်ရမယ်ဆိုတာ သူပြောမယ်၊ သူတို့က လေ့ကျင့်ဖို့ အားထုတ်ရတာနဲ့ မတန်ဘူးလို့ သူက ပြောမယ်၊ ဒီတော့ အဲဒါ သူ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်မတာဝန်ယူစရာ၊ သူတို့ကို တစ်ချိန်လုံး အချိန်ပေးစရာ လိုမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူ အဖြေတစ်ချက် မပေးဘဲ မျက်နှာတင်းတင်းနဲ့၊ “နင် ဘာကို ပြောဖို့ကြိုးစားနေတာလဲ။ နင်ဝေ့ဝိုက်ပြောနေတာကို နားထောင်ရတာ စိတ်ပင်ပန်းစရာပဲ။ လူသစ်တွေရဲ့ အခြေအနေတွေကို နင်ဒီလိုပဲ အမြဲသတင်းပို့တယ်။ သူတို့မှာ ပြဿနာတချို့ရှိတယ်၊ ဒီတော့ သူတို့က ပျိုးထောင်ပေးဖို့ မတန်သလိုပဲ။ ပြီးတော့ သူတို့နဲ့ပတ်သက်ပြီး နင်အကောင်းဆုံးလုပ်မယ်လို့ ပြောတယ်။ နင်တကယ် ဘာတွေးနေမှန်း ငါ မခွဲခြားတတ်တော့ဘူး။ တခြားလူတွေက သူတို့ဆိုလိုတာကိုပဲ ပြောကြတယ် နင်ဘာလို့ အရမ်းသွယ်ဝိုက်လုပ်နေတာလဲ”လို့ပြောတော့ ကျွန်မ အံ့ဩသွားရတယ်။ တော်တော်ကို စိတ်မကောင်းဖြစ်သွားတာ။ ကျွန်မတွေးမိတယ်၊ “ငါက မြွေလိုစကားပြောနေတယ်လို့ သူ ပြောနေတာလား။ မြွေတွေက တည့်တည့် ဘယ်တော့မှ မသွားဘဲ၊ တစ်ချိန်လုံး မြွေလိမ်မြွေကောက်သွားကြတယ်။ ငါအဲဒီလောက် တကယ်ဆိုးလို့လား” လို့ပေါ့။ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး၊ သူက ကျွန်မကို ကုလားမနိုင် ရခိုင်မဲတာလို့ပဲ ကျွန်တော် သံသယရှိခဲ့တယ်။ အဲဒါ မမှန်တဲ့ တွေးပုံတွေးနည်းမှန်း၊ ဘာအကြောင်းကြောင့်မှ သူအဲဒီလိုပြောမှာ မဟုတ်မှန်း၊ အဲဒါက ကျွန်မနဲ့ပတ်သက်လို့ သူ့အတွေ့အကြုံကို ထင်ဟပ်စေမှာမှန်း ကျွန်မ လုံးဝ မသိခဲ့ဘူး။ ကျွန်မကို သင်ခန်းစာ သင်ယူခွင့်ပေးဖို့ ဘုရားက သူ့ကို ကိုင်တွယ်ဖြေရှင်းစေခဲ့ပြီး၊ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မမြင်နိုင်ခဲ့ဘူး၊ ဒါကြောင့် အဲဒါကို သူထောက်ပြတာက ကျွန်မအတွက် အထောက်အကူဖြစ်ခဲ့တယ်။ ဒီတော့ ကျွန်မ သူ့ကို ပြောလိုက်တယ်၊ “ရှင်ပြောတဲ့ ပြဿနာတွေကို ကျွန်မ တကယ်မမြင်ခဲ့ပေမဲ့၊ ဒါကို ကျွန်မလက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချင်ပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ သူပြောခဲ့တာကို ကျွန်မ ဆက်တွေးနေမိခဲသလို၊ ဘုရားကို ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ကျမ်းစာထဲက တစ်ခုကို ကျွန်မ သတိရမိသွားတယ်၊ ယေဟောဝါ ဘုရားက စာတန်ကို မေးခဲ့တာ၊ “‘အသင် အဘယ်အရပ်က လာသနည်။’ ထို့နောက် စာတန်က ယေဟောဝါကို ဤသို့ ပြန်ဖြေကြားခဲ့၏၊ ‘မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်။’” (ယောဘ ဝတ္ထု ၁:၇) နောက်တော့ ဘုရားက စာတန်ရဲ့ အဖြေကို စိစစ်တာ ဖတ်ရတယ်။ ဘုရားသခင်က ပြောသည်- “ထို့ကြောင့်၊ စာတန်က ဤသို့သောနည်းဖြင့် ပြန်ဖြေသည်ကို သင်တို့ မြင်သည့်အခါ မည်သို့ခံစားရသနည်း။ (စာတန်သည် ယုတ္တိမတန်ဘဲ လှည့်ဖြားလည်း လှည့်ဖြားတတ်သည်ဟု ခံစားရပါသည်။) ငါမည်သည့်အရာ ခံစားနေရသည်ကို သင်တို့ ပြောနိုင်သလော။ စာတန်၏ ဤစကားများကို ငါမြင်သည့်အချိန်တိုင်းတွင် စာတန်သည် စကားပြောဆိုသော်လည်း၊ သူ၏ စကားများက အနှစ်သာရမရှိသောကြောင့် ငါ စက်ဆုပ်ရွံရှာ၏။ ဘုရားသခင်၏ မေးခွန်းကို စာတန် ဖြေခဲ့ပါသလော။ မဖြေခဲ့ပါ၊ စာတန် ပြောဆိုသည့် စကားလုံးများသည် အဖြေတစ်ခု မဟုတ်ပေ၊ ထိုစကားများသည် မည်သည့်အရာမျှ မထုတ်ဖော်ပေ။ ထိုအရာများသည် ဘုရားသခင်၏ မေးခွန်းအဖို့ အဖြေ မဟုတ်ခဲ့ပေ။ ‘မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာသည်’ ဤစကားလုံးများနှင့် သက်ဆိုင်၍ သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ စာတန် မည်သည့်နေရာက လာသနည်း။ ဤမေးခွန်းအဖို့ အဖြေတစ်ခုကို သင်တို့ ရကြပြီလော။ (မရပါ။) ဤသည်မှာ စာတန်၏ စဉ်းလဲသော အကြံအစည်များနှင့် သက်ဆိုင်သည့် ‘ဉာဏ်ထက်မှု’ ဖြစ်သည်- မည်သည့်အရာအား အမှန်တကယ် ပြောနေသည်ကို မည်သူ့ကိုမျှ သိခွင့်မပေးခြင်း ဖြစ်သည်။ ဤစကားများကို ကြားလျက်၊ ၎င်းက ဖြေကြား ပြီးသွားသော်လည်း၊ မည်သည့်အရာ ပြောသွားသည်ကို သင် မသိမြင်နိုင်သေးပေ။ သို့သော် စာတန်က တိတိကျကျ သူဖြေလိုက်သည်ဟု ထင်နေ၏။ ထိုအခါတွင် သင်သည် မည်သို့ ခံစားရသနည်း။ စက်ဆုပ်ရွံရှာသလော။ (ရွံရှာသည်။) ယခု သင်သည် ဤစကားများကို တုန့်ပြန်သည့်အနေဖြင့် စတင်ရွံရှာမိသည်။ စာတန်၏ စကားများတွင် ထူးခြားသော လက္ခဏာတစ်မျိုးရှိသည်။ စာတန်ပြောသည့်အရာသည် သင့်ကို ခေါင်းရှုတ်စေပြီး သူ့စကား၏ အရင်းအမြစ်ကို မသိမြင်နိုင်ပေ။ တစ်ခါတစ်ရံတွင် စာတန်သည် ရည်ရွယ်ချက်များရှိပြီး တမင်သက်သက် စကားပြောဆိုသည်။ တစ်ခါတစ်ရံတွင် ၎င်း၏ သဘာဝ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုကဲ့သို့သောစကားများက အလိုအလျောက်ထွက်ပေါ်လာပြီး စာတန်၏ ပါးစပ်မှ တိုက်ရိုက်ထွက်လာသည်။ စာတန်သည် ထိုကဲ့သို့သောစကားများကို ကြာရှည်စွာ ချိန်ဆမနေပေ။ ထိုအစား ယင်းတို့သည် မစဉ်းစားဘဲ ဖော်ပြခြင်းဖြစ်သည်။ ဘယ်ကနေလာသည်ကို ဘုရားသခင်က မေးသည့်အခါတွင် စာတန်က အဓိပ္ပာယ်မပြတ်သားသော စကားအချို့ဖြင့် ဖြေသည်။ သင့်အနေဖြင့် စာတန် မည်သည့်နေရာက အမှန်တကယ် လာသည်ကို သိရှိခြင်းမရှိဘဲ၊ အလွန် အကြံအိုက်သွားလေသည်။ သင်တို့ထဲတွင် ဤသို့ ပြောဆိုသည့်သူများ ရှိသလော။ ဤသို့ ပြောဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ (ဟိုလိုလို သည်လိုလိုနှင့် တိကျသည့် အဖြေကို မပေးသည့် နည်းလမ်းဖြစ်ပါသည်။) ဤသို့ပြောဆိုပုံကို ဖော်ပြရန် မည်သို့သောစကားလုံးမျိုးများကို ငါတို့ သုံးသင့်သနည်း။ အာရုံကို လွှဲပြောင်းစေခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်၊ မဟုတ်လော။ တစ်ယောက်ယောက်သည် မနေ့က မည်သည့်အရာလုပ်ခဲ့သည်ကို အခြားသူများအား မသိစေချင်ဟု ဆိုပါစို့။ ‘မနေ့ညတွင် သင့်ကို တွေ့မိသေး၏။ အဘယ်အရပ်သို့ သွားခဲ့သနည်း။’ ဟု သင်က သူ့ကို မေးသည်။ ၎င်းတို့က ၎င်းတို့ မည်သည့်နေရာ သွားခဲ့သည်ကို သင့်ကို တိုက်ရိုက် မပြောပေ။ ယင်းထက်၊ ၎င်းတို့က၊ ‘မနေ့က တော်တော်ကို အလုပ်ရှုပ်သည့် နေ့ဖြစ်သည်။ အလွန်ပင်ပန်းသည်။’ ဟု ပြောလေသည်။ ၎င်းတို့က သင်၏မေးခွန်းကို ဖြေခဲ့ပါသလော။ ဖြေခဲ့၏၊ သို့သော် သင်လိုချင်သည့် အဖြေကို ၎င်းတို့ မပေးခဲ့ကြပေ။ ဤသည်မှာ လူ့ အပြောအဆို၏ မာယာအတွင်းရှိ ‘ဉာဏ်ထက်မြက်မှု’ ဖြစ်သည်။ ၎င်းတို့ အဘယ်အရာဆိုလိုသည်ကို သင် လုံးဝ မသိရှိနိုင်သကဲ့သို့၊ ၎င်းတို့ စကားများ၏ အရင်းအမြစ် သို့မဟုတ် ရည်ရွယ်ချက်ကို မသိမြင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ကိုယ်ပိုင် ဇာတ်လမ်းရှိကြသောကြောင့် အဘယ်အရာကို ၎င်းတို့ ရှောင်ရှားရန် ကြိုးစားနေကြသည်ကို သင် မသိချေ- ဤသည်မှာ ယုတ်မာသောအရာ ဖြစ်သည်။ သင်တို့အထဲတွင်လည်း ဤသို့ စကားပြောသူ ရှိသလော။ (ပြောပါသည်။) သို့ဆိုလျှင် သင်တို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရန်၊ တစ်ခါတစ်ရံ သင်တို့၏ ကိုယ်ပိုင်မာန၊ ရာထူးနှင့်ပုံရိပ်ကို ထိန်းသိမ်းရန်၊ သင်တို့ ကိုယ်ရေးကိုယ်တာ ဘဝ၏ လျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သလော။ မည်သည့် ရည်ရွယ်ချက် ရှိပါစေ၊ ယင်းသည် သင်၏ကိုယ်ကျိုးများမှ ခွဲခြားမရပေ၊ သင်၏ ကိုယ်ကျိုးများနှင့် ဆက်စပ်လေသည်။ ဤသည်မှာ လူသား၏ သဘာဝ ဖြစ်သည်မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)”) ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့ရတာက၊ စာတန်က သူ့စကားတွေမှာ ရည်ရွယ်ချက်နဲ့ လှည့်ကွက်တွေ အမြဲသိုထားတယ်၊ ဒီတော့ သူ့ရဲ့ ရှက်စရာ ရည်ရွယ်ချက်တွေကို ဖုံးဖိဖို့၊ ဝေ့လည်ကြောင်ပတ်နဲ့ မပြတ်မသားပြောတယ်ဆိုတာပဲ။ ဒါက အတွေးရခက်စရာဖြစ်ပြီး လူတွေက သူ ဘာပြောနေမှန်း မသိကြဘူး။ စာတန်ရဲ့ လုပ်ပုံလုပ်နည်းအတိုင်း ဝေ့လည်ကြောင်ပတ်နဲ့ တခြားလူတွေကို မရှင်းလင်းဖြစ်စေရင်း ညီအစ်ကို မောင်နှမတွေကို ကျွန်မ စကားပြောလေ့ရှိမှန်း သဘောပေါက်သွားတယ်။ ကျွန်မ ကြီးကြပ်တဲ့ အသင်းတော်ထဲမှာ လူသစ်ဘယ်လောက်က လေ့ကျင့်လို့ရလဲဆိုတာနဲ့ အခြေအနေတွေက ဘာတွေလဲလို့ သူတို့ မေးကြတဲ့အခါလိုပေါ့။ ရိုးရှင်းတဲ့ စာကြောင်းနည်းနည်းနဲ့ ကျွန်မ ပြန်ဖြေလို့ရတယ်၊ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ သူတို့ အခြေအနေတွေကို ဖော်ပြလို့ရတယ်။ ဒါပေမဲ့ ရိုးရိုးတန်းတန်း အဖြေတစ်ခု မပေးခဲ့ဘူး။ လူသစ်တွေရဲ့ ပြဿနာတွေကို ပြောပြီး အကြောင်းပြချက်တချို့ပေးတာနဲ့ စခဲ့တယ်၊ ဒါမှ လူသစ်တွေကို လေ့ကျင့်ပေးတဲ့အပေါ် ကျွန်မ အာရုံမစိုက်ဘူးလို့ မထင်ကြမှာလေ။ သူတို့က ခက်ခဲပြီး မထိုက်တန်ဘူးလို့ ထင်မှာ။ ဒီတော့ အဲဒီဆင်ခြေအားလုံး ပေးပြီးတဲ့နောက်မှာ၊ ကျွန်မ လေသံပြောင်းပြီး၊ လူသစ်တွေကို ပျိုးထောင်ပေးဖို့လိုသလို ကျွန်မ အကောင်းဆုံးလုပ်မယ်ဆိုပြီး အပြီးသတ်လိုက်တယ်။ သူတို့ဘယ်လိုခက်ခဲတဲ့အကြောင်း အတန်ကြာပြောပြီးတဲ့နောက် သူတို့နဲ့ပတ်သက်လို့ ကျွန်မအလုပ်လုပ်မယ်လို့ ပြောတယ်။ အဲဒါက ရိုးရိုးတန်းတန်း အဖြေမဟုတ်ခဲ့သလို၊ ကျွန်မ ဘာကိုဆိုလိုမှန်း ဘယ်သူမှမသိတဲ့ မြွေလိုလိုဖြစ်တဲ့အရာမျိုးပဲ။ ဝေ့ဝိုက်တဲ့နည်းနဲ့ စာတန်စကားပြောတဲ့ အကြောင်းရင်းကို ဘုရားပြောပြီး၊ စာတန်မှာ ရည်ရွယ်ချက်တချို့ အမြဲရှိပြီး ရည်မှန်းချက်က ကိုယ့်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ပဲ။ အဲဒီနောက် ကျွန်မကိုယ့်ကိုယ်ကိုယ် မေးတယ်၊ ညီအစ်ကို မောင်နှမတွေကို ထိုသို့စကားပြောခြင်းအားဖြင့် ကျွန်မစိတ်ထဲမှာ ဘာရည်ရွယ်ချက်ရှိလဲလို့ပေါ့။ သေချာတွေးကြည့်တော့၊ တခြားလူတွေက လူတွေကို ပျိုးထောင်ပေးခြင်းအပေါ် ကျွန်မ အာရုံမစိုက်ဘူးလို့ မထင်ဘဲ၊ သူတို့တွေက ကောင်းမွန်တဲ့ သင့်တော်သူတွေ မဟုတ်ဘူးလို့ထင်အောင် ပြဿနာတွေအကြောင်း ပြောတာနဲ့ ကျွန်မ အမြဲစလေ့ရှိမှန်း တွေ့ရတယ်။ နောက်တော့ လူသစ်တွေကို ပျိုးထောင်ခြင်းအတွက် ကျွန်မ ဝန်တာနဲ့ အပြုသဘောဆောင်တဲ့ သဘောထားရှိတယ်လို့ ထင်အောင် ကျွန်မ ကိစ္စတွေကို ထိန်းချုပ်ပြီး ကြည့်မယ်လို့ နောက်ဆုံးပြောသွားတယ်။ အဲဒါဆိုရင် လူတွေကို ကျွန်မ ဘောင်ခတ်နေပြီး အဖိုးအခပေးဖို့ မလိုလားဘူးလို့ သူတို့ မပြောမှာလေ။ ကျွန်မက တကယ်ဝေ့ဝိုက်ပြီး နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တယ်။ ပြီးတော့ ကျွန်မဆိုလိုတဲ့အရာကို တခြားလူတွေ ခန့်မှန်းပြီး အဲဒီယုံကြည်သူသစ်တွေက ပျိုးထောင်လို့ရလားဆိုတာကို တခြားလူတွေကို ဆုံးဖြတ်စေချင်ရင်းနဲ့ ကျွန်မက သွယ်ဝိုက်တယ်။ ဒါမှ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် အဆင်ပြေသွားမှာလေ။ တစ်ယောက်ယောက်က သူတို့ကို ကျွန်မ မပျိုးထောင်ပေးရတဲ့အကြောင်းရင်းနောက်လိုက်ရင်၊ သိပ်လွယ်လွယ်ပဲ ညီအစ်ကို မောင်နှမတွေကို အပြစ်တင်လို့ရတယ်လေ၊ မပျိုးထောင်ဖို့ သူတို့ပြောတယ်လို့ပေါ့။ လူသစ်တွေ တကယ်တိုးတက်ခဲ့ရင်၊ အဲဒီလိုလူတွေကိုတောင် ကျွန်မ ပျိုးထောင်နိုင်တယ်လို့ လူတိုင်းက မြင်မှာ၊ ကျွန်မ အရည်အချင်းပြည့်မီတယ်လို့ ထင်ပြီး ကျွန်မ ကြည့်ကောင်းမှာလေ။ ကျွန်မ စကားပြောပုံက စာတန်ရဲ့ စကားတွေကို ဘုရားဖော်ပြပုံနဲ့ တစ်ထေရာတည်းပဲ၊ အရမ်းကို မြွေနဲ့တူတယ်၊ ဘာဖြစ်နေတယ်ဆိုတာကို တခြားလူတွေမသိဘဲ ကျွန်မရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကို စွမ်းဆောင်ရရှိဖို့ ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေကို လုံးဝ ဖုံးကွယ်ထားတာ။ စာတန်အတိုင်းပဲ၊ အရမ်းကို ယုတ်မာပြီး ဉာဏ်များတာ။ ဘယ်လူသစ်တွေကို ကျွန်မ ပျိုးထောင်သင့်လဲလို့ ကြီးကြပ်သူကို ကျွန်မ မေးတဲ့အချိန်လိုပဲပေါ့၊ လူသစ်တွေ မတိုးတက်ရင်၊ ကျွန်မရဲ့ အပြစ်ဖြစ်မှာမဟုတ်ဘဲ၊ အဲဒီအစား သူတာဝန်ယူရအောင်လို့ လူသစ်တွေရဲ့ ပြဿနာတစ်ပုံကြီးကို ပြောရင်းနဲ့၊ သူ့ကို ဆုံးဖြတ်စေချင်ရင်း၊ ကိစ္စတွေကို ကျွန်မ ရှောင်ကွင်းပြောခဲ့တယ်။ ဒါကို ပြန်တွေးကြည့်တော့၊ ကျွန်မရဲ့ သွယ်ဝိုက်ပြောနည်းက အကြံတောင်းနေသလိုထင်ရပေမဲ့၊ တကယ်တော့ တခြားလူတွေကို ကျွန်မအတွက် ဆုံးဖြတ်နေစေပြီး တာဝန်ကို ခေါင်းရှောင်ချင်ခဲ့တာဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မ အရမ်းယုတ်မာခဲ့တာပဲ။ ပုံမှန်လူတစ်ယောက်က မေးခွန်းတွေမေးရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကျိုးပြုဖို့ စည်းကမ်းရှိတဲ့ နည်းနဲ့ ကိစ္စတွေလုပ်ပြီး တခြားလူတွေကို ပိုပြီးကောင်းကောင်း ပျိုးထောင်နိုင်အောင် စည်းမျဉ်းတွေကို သူတို့ သင်ယူချင်ရုံပါပဲ။ ဒါပေမဲ့ ကျွန်မတော့ ကိုယ်ကျိုးစီးပွားတွေ၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ တာဝန်ကို နှပ်ချလိုက်ချင်ခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ် အရမ်းမရိုးသားနိုင်ရတာလဲ။ ကျွန်မက အမြဲ တွက်ချက်နေပြီး လုံးဝ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မနေခဲ့လို့ ကြီးကြပ်သူက ကျွန်မကို အဲဒီလို ထောက်ပြခဲ့တာပဲ။ အဲဒါ ဘုရားအတွက် စက်ဆုပ်စရာနဲ့ တခြားလူတွေအဖို့ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အဲဒါကို သဘောပေါက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းပြီး ကျိန်ဆိုလိုက်တယ်၊ အဲဒီအချိန်ကစပြီး၊ စကားပြောရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို တကယ်စဉ်းစားပြီး၊ ရိုးသားသူဖြစ်အောင် လက်တွေ့လုပ်မယ်လို့ပေါ့။ နောက်ပိုင်းမှာ ယုံကြည်သူသစ်တွေအကြောင်း တခြားလူတွေ မေးတဲ့အခါ၊ သူတို့ အလားအလာမရှိပုံပေါက်ပြီး ကျွန်မ တာဝန်ယူစရာမလိုအောင် တစ်ခါတလေ သူတို့ပြဿနာတွေနဲ့ ကျွန်မ ပြန်စပြောချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှာ မမှန်တဲ့ ရည်ရွယ်ချက်ရှိပြီး ဉာဏ်များချင်ပြန်တာကို သဘောပေါက်လိုက်တဲ့အခါ၊ သတိရှိရှိဆုတောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်ပြီး၊ သူတို့အကြောင်း မျှမျှတတနဲ့ အမှန်အတိုင်း ပြောပြခဲ့တယ်။ ဒါပေမဲ့ နှစ်ရက်သုံးရက် ကြာပြီးတဲ့နောက်မှာ၊ အရင်အတိုင်း ကျွန်မ ပြန်ဖြစ်သွားတယ်။

တစ်နေ့၊ ကျွန်မ ရေလောင်းပေးခဲ့တဲ့ ယုံကြည်သူသစ်က အစ်မကျန်းရဲ့ စုဝေးပွဲတွေကို တက်နေပြီး အစ်မကျန်းရဲ့ မိတ်သဟာယကို နှစ်သက်တယ်လို့ ကြီးကြပ်သူက ပြောတယ်။ ကျွန်မ တွေးနေမိတာက အဲဒီလူသစ်က မာနထောင်လွှားတယ်၊ အယူအဆများပြီး လောကီရေပန်းစားတာတွေ ကြိုက်တယ်လို့ပေါ့။ သူက ကျွန်မရဲ့ စုဝေးပွဲတွေမှာ ပုံမှန်မပါဝင်သလို၊ သူ့ကို ရေလောင်းပေးရတာက တကယ်ပင်ပန်းစရာပဲလေ။ ဒီတော့ အစ်မကျန်းက ရေလောင်းပေးနိုင်ရင် ကျွန်မလုပ်စရာနည်းသွားမယ်လို့ တွက်မိတယ်။ ဒါပေမဲ့ သူ့ကို ရေလောင်းပေးရမှာက ကျွန်မဖြစ်ရမှာလေ၊ ဒီတော့ အစ်မကျန်းဆီ သူ့ကို လွဲပေးလိုက်ရင်၊ ကျွန်မက ဉာဏ်များပြီး ရေလောင်းဖို့ခက်တဲ့ ယုံကြည်သူသစ်တွေကို လက်ရှောင်ချင်တယ်လို့ ကြီးကြပ်သူက ပြောကောင်းပြောနိုင်တယ်။ သူ့ကို ပြောင်းရွေ့ပေးဖို့ ကြီးကြပ်သူက အကြံပေးမယ်ဆိုရင်၊ ကျွန်မကိုယ်ကျွန်မ အဲဒီအမှိုက်ကနေ အလိုလိုပဲ ဖယ်လိုက်လို့ရတယ်လေ။ ဒါကြောင့်၊ လူသစ်က အစ်မကျန်းရဲ့ မိတ်သဟာယကို ပိုနှစ်သက်တဲ့အကြောင်း ဦးတည်နေတဲ့ မေးခွန်းတစ်ခုကို ကျွန်မ မေးလိုက်တယ်။ သူက အတည်ပြုပေးတယ်။ အဲဒီလိုဖြစ်နေတော့၊ သူကြိုက်တာကို ကျွန်မတို့ လုပ်သင့်တယ်ထင်တယ်ဆိုပြီး ကျွန်မ အမြန်နောက်ဆက်တွဲပြောလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ကျွန်မရဲ့စုဝေးပွဲတွေကို ပုံမှန် တက်နေတာ မဟုတ်ဘူးလေ။ သူတွေးတာကို ကျွန်မမေးတယ်။ သူ့ကို ရွေ့ပြောင်းသင့်တယ်လို့ ကြီးကြပ်သူပြောမှာကို ကျွန်မစောင့်နေခဲ့တာ။ ဒါပေမဲ့ သူက ချက်ချင်း မဆုံးဖြတ်ဘူး။ နောက်ပိုင်းမှာ၊ စိတ်မသက်မသာနဲ့ နည်းနည်း အပြစ်ရှိသလို ကျွန်မခံစားရတယ်၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ စကားပြောမိပြန်ပြီလို့ တွေးမိတာပေါ့။ ဒီရှက်စရာ ရည်ရွယ်ချက်တွေ ဘာလို့ ကျွန်မ အမြဲရှိခဲ့ရတာလဲ။ ကျွန်မရဲ့ စိတ်ကူးတွေကို ဘာလို့ ရှင်းရှင်းနဲ့ တိုက်ရိုက် မဝေမျှနိုင်ဘဲ၊ ဒီယုံကြည်သူသစ်အပေါ် ထင်မြင်ချက် ကြီးကြီးမားမား မရှိဘူး၊ သူက ပြဿနာများလွန်းပြီး သူ့ကို ပြောင်းရွေ့ချင်တယ်လို့ တန်းမပြောနိုင်ရတာလဲ။

အဲဒီနောက်မှာ ကျွန်မအခြေအနေနဲ့ ဆီလျော်တဲ့ နှုတ်ကပတ်တော်တွေကို ဘုရားဆီရှာခဲ့ပြီး သူ့နှုတ်ကပတ်တော်တစ်ပိုဒ် ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအချို့သည် အလွန်ရှုပ်ထွေးသောနည်းလမ်းတစ်ခုဖြင့် စကားပြောသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဝါကျများသည် အစရှိသော်လည်း အဆုံးမရှိပေ။ တစ်ခါတစ်ရံတွင် အဆုံးရှိသော်လည်း အစမရှိပေ။ ၎င်းတို့သည် မည်သည့်အရာကို ပြောဖို့ရည်ရွယ်သည်ကို သင် မသိနိုင်ပေ။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ သင့်အတွက် အဓိပ္ပာယ်မရှိပေ။ သင်က ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြခိုင်းလျှင် ၎င်းတို့က ရှင်းမပြပေ။ ၎င်းတို့သည် ၎င်းတို့၏ စကားများတွင် နာမ်စားများကို မကြာခဏ အသုံးပြုသည်။ ဥပမာ ၎င်းတို့သည် တစ်စုံတစ်ခုကို သတင်းပို့ပြီး ‘ဒီလူက...ဟိုဟာလေ...သူက ဒါကို စဉ်းစားနေတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သိပ်ပြီးတော့...’ ဟူ၍ ပြောသည်။ ၎င်းတို့သည် နာရီများစွာ ဆက်လက်ပြောဆိုနိုင်ပြီး မိမိတို့ကိုယ်ကို ရှင်းလင်းစွာ ဖော်ပြခြင်း မရှိသေးဘဲ အထစ်ထစ်အငေါ့ငေါ့ပြောသည်။ မည်သည့်အဓိပ္ပာယ်မျှမရဘဲ၊ တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိသည့် အရာများကိုပြောကာ သင်သည် ယင်းကိုကြားပြီးနောက်တွင် မည်သည့်အရာမျှ နားလည်မသွားဘဲ စိတ်ပင်ရှုပ်သွားသည်။ အမှန်တကယ်တွင် ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ပြီး ပညာကောင်းစွာ တတ်မြောက်ထားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဝါကျတစ်ကြောင်းကို အပြည့်အစုံ ပြောဆိုနိုင်စွမ်းမရှိသနည်း။ ဤသည်မှာ စိတ်သဘောထားပြဿနာတစ်ခုဖြစ်သည်။ လူတို့သည် အလွန်ပင် မယုံကြည်ရဖြစ်ပြီး တစ်ခုခုကိုပြောရန် အလွန်အမင်း အားစိုက်ရသည်။ ၎င်းတို့ပြောသည့်အရာမှန်သမျှတွင် အာရုံစိုက်ခြင်းမရှိ။ အစဉ်သဖြင့် အစရှိပြီး အဆုံးမရှိပေ။ ၎င်းတို့ပါးစပ်ကိုဟပြီး အစပိုင်းကို ရှေ့နောက်မစဉ်းစားဘဲ ပြောပြီးနောက်တွင် အဆုံးကို မျိုသိပ်လိုက်သည်။ အဘယ်ကြောင့် မျိုသိပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဆိုလိုသည့်အရာကို သင့်ကို နားမလည်စေချင်သောကြောင့်ဖြစ်သည်။ ၎င်းတို့က သင့်ကို ခန့်မှန်းစေချင်သည်။ ၎င်းတို့က သင့်ကို တိုက်ရိုက်ပြောလျှင် ၎င်းတို့ပြောသည့်အရာကို သင်သဘောပေါက်ပြီး ၎င်းတို့ကို ရိပ်စားမိမည် မဟုတ်လော။ ဤအရာကို ၎င်းတို့ အလိုမရှိပေ။ အဘယ်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့က သင့်ကို သင့်ဘာသာ ခန့်မှန်းစေချင်သည်။ သင်ခန့်မှန်းသည့်အရာက မှန်သည်ဟု ၎င်းတို့က သင့်ကို လိုလိုချင်ချင် ယုံကြည်ခွင့်ပြုသည်။ ဤဖြစ်ရပ်တွင် ဤအရာကို ၎င်းတို့က မပြောခဲ့ပေ။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်တာဝန်မျှမရှိပေ။ ထို့အပြင် ယင်းတို့၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည်ဟု သင်၏ ခန့်မှန်းချက်ကို သင်ပြောသည့်အခါ ၎င်းတို့က မည်သည့်အရာကို ရသနည်း။ သင်၏ ခန့်မှန်းချက်သည် အတိအကျပင် ၎င်းတို့ ကြားလိုသည့်အရာဖြစ်ပြီး ထိုအရေးကိစ္စနှင့်ပတ်သက်၍ သင်၏ အယူအဆများနှင့် အမြင်များကို ၎င်းတို့ သိရသည်။ ထိုမှနေ၍ ၎င်းတို့သည် မည်သည့်အရာကို ပြောရမည်၊ မည်သည့်အရာကို မပြောရမည်၊ မည်သို့ပြောရမည်တို့ကို ရွေးချယ်လျက် စကားကို စိစိစစ်စစ် ရွေးနုတ်၍ပြောနိုင်သည်။ ထို့နောက် ၎င်းတို့၏ အစီအစဉ်တွင် နောက်တစ်ဆင့်ကို လှမ်းနိုင်သည်။ ဝါကျတိုင်းက ထောင်ချောက်တစ်ခုဖြင့် အဆုံးသတ်ပြီး ၎င်းတို့ပြောသည်ကို သင်နားထောင်သည်နှင့်အမျှ၊ သင်က နောက်ဆက်တွဲ မေးခွန်းများကို ဆက်မေးနေလျှင် သင်သည် ထောင်ချောက်အတွင်းသို့ လုံးဝ ကျရောက်သွားပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဤသို့ အစဉ်စကားပြောရသည်မှာ ပင်ပန်းသလော။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့ မပင်ပန်းကြပေ။ ယင်းသည် ၎င်းတို့အတွက် လုံးဝ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သင့်အတွက် ဤထောင်ချောက်များကို ၎င်းတို့က အဘယ်ကြောင့် ဖန်တီးလိုကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏ အမြင်များကို ၎င်းတို့က ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ ၎င်းတို့ကို သင်ရိပ်စားမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့ကို သင်နားလည်ခြင်းမရှိအောင် ၎င်းတို့က ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်ကို နားလည်အောင် ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့သည် သင်၏ အမြင်များ၊ အယူအဆများ၊ နည်းလမ်းများကို သင့်ထံမှ နှိုက်ယူလိုသည်။ အောင်မြင်လျှင် ၎င်းတို့၏ ထောင်ချောက်များက အလုပ်ဖြစ်ပြီး ဖြစ်သည်။ အချို့လူတို့က ‘အင်း’၊ ‘အော်’ ဟု မကြာခဏပြောလျက် အချိန်ဆွဲကြသည်။ ၎င်းတို့သည် အတိအကျ အမြင်တစ်ခုကို မဖော်ပြပေ။ အခြားလူတို့က ‘ဒီလိုမျိုး’၊ ‘ဒါဆို...’ ဟု ပြောလျက်၊ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာကို ဖုံးကွယ်လျက်၊ ၎င်းတို့ အမှန်တကယ် ပြောလိုသည့်အရာအစား ဤအရာကို အသုံးပြုလျက် အချိန်ဆွဲကြသည်။ ဝါကျတိုင်းတွင် အသုံးမဝင်ဘဲ သုံးနှုန်းနေသော စကားများ၊ ကြိယာဝိသေသနများ၊ အကူကြိယာများ များစွာရှိကြသည်။ ၎င်းတို့၏ စကားများကို သင် မှတ်တမ်းတင်ထားလျှင် အကြောင်းအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ သို့မဟုတ် သဘောထားများကို မည်သည့်စကားကမျှ ထုတ်ဖော်ခြင်းမရှိသည်ကို သင် တွေ့ရှိရမည်။ ၎င်းတို့၏ စကားများအားလုံးတွင် ဖုံးကွယ်နေသော ထောင်ချောက်များ၊ စမ်းသပ်မှုများ၊ စုံးစမ်းသွေးဆောင်မှုများပါဝင်သည်။ ဤစိတ်သဘောထားသည် အဘယ်နည်း။ (ဆိုးယုတ်မှုဖြစ်သည်။) အလွန်ဆိုးယုတ်သည်။ တမင် လိမ်လည်လှည့်စားခြင်းပါဝင်သလော။ ၎င်းတို့ ဖန်တီးသည့် ဤထောင်ချောက်များ၊ စမ်းသပ်မှုများနှင့် စုံစမ်းသွေးဆောင်မှုများကို တမင်လိမ်လည်လှည့်စားမှုဟု ခေါ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ မကောင်းသောအနှစ်သာရရှိသည့်လူတို့၏ တွေ့ရလေ့ရှိသော ထူးခြားသည့် ပင်ကိုလက္ခဏာတစ်ခုဖြစ်သည်။ ဤ အတွေ့ရများသော ပင်ကိုလက္ခဏာသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့သည် သတင်းကောင်းများကို သတင်းပို့ပြီး မကောင်းသောသတင်းများကို သတင်းမပို့ပေ။ ၎င်းတို့သည် ကျေနပ်ဖွယ် အသုံးအနှုန်းများကို အထူးသီးသန့်ပြောသည်။ ၎င်းတို့သည် အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ ယင်းတို့၏ တကယ့်အဓိပ္ပာယ်ကို တချို့တစ်ဝက်ဖုံးကွယ်သည်။ ရှုပ်ထွေးစွာ ပြောသည်။ မရေရာစွာ ပြောသည်။ ပြီးလျှင် ၎င်းတို့၏ စကားများတွင် စမ်းသပ်မှုများပါသည်။ ဤအရာများသည် ထောင်ချောက်များသာ ဖြစ်လေသည်။ ယင်းတို့သည် တမင် လိမ်လည်လှည့်စားမှုနည်းလမ်းများသာ ဖြစ်ပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”)

အန္တိခရစ်တွေက ဘယ်တော့မှ စကားတိုက်ရိုက်မပြောသလို၊ သူတို့စကားတွေက တခြားလူတွေအတွက် ဒွိဟဖြစ်စေပြီး မရှင်းမလင်းဖြစ်စေတယ်၊ သူတို့ကိုယ်တိုင်က ဘာတာဝန်မှ မယူဘဲ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေရအောင် တခြားလူတွေကို အမိဖမ်းဖို့ အမြဲ အကဲစမ်းကြတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ အသီးကို စားရင် သေချာပေါက် သေမှာမဟုတ်ဘူးလို့ ဧဝံကို စာတန်က ပြောခဲ့တဲ့အတိုင်းပါပဲ။ စာတန်ရဲ့ စကားတွေက စမ်းသပ်ခြင်းနဲ့ စုံစမ်းခြင်းတွေ အပြည့်ဖြစ်ခဲ့တယ်။ သူ့ရဲ့ ရည်မှန်းချက်တွေကို တိုက်ရိုက် ထုတ်ဖော်မပြဘဲ၊ တာဝန်ယူမှုမရှိဘဲ တခြားလူတွေကို အပြစ်ပြုစေတာပေါ့။ ဘုရားပြောခဲ့တဲ့ အတိုင်းပါပဲ၊ “ယနေ့ခေတ်တွင် လူတိုင်းက ၎င်းတို့အထဲတွင် စာတန်၏ စိတ်သဘောထားရှိသည်။ လူသား အားလုံးက ဘုရားသခင်ကို စုံစမ်းသွေးဆောင်ပြီး လူကို သွေးဆောင်ဖြားယောင်းသည့် စာတန်၏ အဆိပ်များ ၎င်းတို့ထဲတွင် ရှိကြသည်။ တစ်ခါတစ်ရံတွင် လူများ စကားပြောသည့်အခါ၊ ၎င်းတို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ဖြားယောင်းခြင်း ရည်ရွယ်ချက်ဖြင့်၊ စာတန်၏လေသံ၌ စကားပြောကြသည်။ လူများတွင် ပြည့်နှက်နေသည့် အတွေးအခေါ်များနှင့် စိတ်ကူးများသည် စာတန်၏ အဆိပ်များနှင့် ပြည့်လျှံနေသည်။ ၎င်းတို့ပြသည့် ဟန်အမူအရာစင်စစ်သည် စာတန်နှင့်သက်ဆိုင်သည့် အရာ- ပြီးလျှင် တစ်ခါတစ်ရံတွင် ရိုးရှင်းသော မျက်တောင်တစ်ခတ် သို့မဟုတ် လက်ဟန်ခြေဟန်ကပင် စုံစမ်းသွေးဆောင်ခြင်းနှင့် ဖြားယောင်းခြင်း အရိပ်အငွေ့ကို ဆောင်လေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်”) ကျွန်မလည်း ဝေ့ဝိုက်တဲ့နည်းနဲ့ အမြဲ စကားပြောရင်း၊ ကျွန်မရဲ့ ကိုယ်ပိုင် ဆိုးယုတ်တဲ့ နည်းနဲ့ စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးရင်းနဲ့ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ ကျွန်မမှာ အယူအဆတချို့ရှိတဲ့ ယုံကြည်သူသစ်က တခြားစုဝေးပွဲတွေ သွားခဲ့တာကို ကြီးကြပ်သူက ဖော်ပြတော့၊ သူ့ကို ပံ့ပိုးရင်းနဲ့ ကိုယ့်အချိန်နဲ့ အားအင်ကို ကျွန်မ မကုန်ဆုံးချင်ခဲ့သလို၊ သူ့ကို ဖယ်ထုတ်ဖို့ အဲဒီအခွင့်အရေးကို အသုံးချချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ဘောင်ခတ်ပြီး ငြင်းပယ်တယ်လို့ ကြီးကြပ်သူကို ကျွန်မ မသိစေချင်ခဲ့ဘူး။ လူသစ်တွေကို တာဝန်ယူပြီး ချစ်ခင်တဲ့ ကျွန်မရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့၊ ကျွန်မရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရနိုင်အောင်လို့ သူ့ကို အဲဒီစုဝေးပွဲတွေဆီ လူသစ်ကို ပြောင်းရွေ့အောင် အကြံပြုခိုင်းဖို့ ကြိုးစားရင်းနဲ့ လူသစ်ရဲ့ ခံစားချက်ကို ကျွန်မတို့ စဉ်းစားပြီး သူလိုချင်တာကို လုပ်ပေးသင့်တယ်လို့ပြောပြီး ကျွန်မ သူ့ကို သိုသိုသိပ်သိပ် အကြံပေးလိုက်တယ်။ ကျွန်မ စကားပြောတဲ့ပုံစံက ဘုရားသခင် ဖော်ပြတဲ့အရာပါပဲ၊ “၎င်းတို့၏ စကားများကို သင် မှတ်တမ်းတင်ထားလျှင် အကြောင်းအရာနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ သို့မဟုတ် သဘောထားများကို မည်သည့်စကားကမျှ ထုတ်ဖော်ခြင်းမရှိသည်ကို သင် တွေ့ရှိရမည်။ ၎င်းတို့၏ စကားများအားလုံးတွင် ဖုံးကွယ်နေသော ထောင်ချောက်များ၊ စမ်းသပ်မှုများ၊ စုံးစမ်းသွေးဆောင်မှုများပါဝင်သည်။ ဤစိတ်သဘောထားသည် အဘယ်နည်း။ (ဆိုးယုတ်မှုဖြစ်သည်။) အလွန်ဆိုးယုတ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”) အဲဒီအခြေအနေတွေမှာ ကျွန်မရဲ့နှုတ်က ရိုးသားတဲ့ စကားတစ်ခွန်းမှ ထွက်မလာခဲ့ဘဲ၊ အဲဒီလှည့်စားတဲ့ အရာတွေအားလုံး တန်းထွက်လာခဲ့တယ်။ ကျွန်မမှာ ဆိုးယုတ်တဲ့ သဘာဝ တကယ်ရှိမှန်း မြင်ခဲ့ရတယ်။ ကျွန်မရဲ့ သဘောသဘာဝအမှန်ကို မြင်ခွင့်မပေးဘဲ ဝေ့လည်ကြောင်ပတ်ပဲ ပိုပြောချင်ခဲ့တယ်။ တချို့အရာတွေ တိုက်ရိုက်ပြောဖို့ဆိုတာ ထုံအတာဖြစ်မယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရာရောက်မယ်၊ အရူးတွေပဲ လုပ်မှာလို့ တွေးမိတယ်။ ဉာဏ်နီဉာဏ်နက်များတာကို လိမ္မာပါးနပ်တာဆိုပြီး တလွဲယူခဲ့သလို၊ ကျွန်မ ကျွမ်းကျင်တယ်၊ ဉာဏ်ကောင်းပြီး အမြဲ ခြေတစ်လှမ်းရှေ့ရောက်တယ်၊ ဒီတော့ ဒီလိုနဲ့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေ ထိခိုက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဉာဏ်နီဉာဏ်နက်များတာကို ဘဝအတွက် ကိုယ်ပိုင် စည်းမျဉ်းအနေနဲ့ ပြုလုပ်ခဲ့ပြီး၊ ရိုးသားတဲ့လူတွေဖြစ်ခြင်းနဲ့ အပြောနဲ့အလုပ်မှာ ပွင့်လင်းမြင်သာခြင်းနဲ့ပတ်သက်လို့ ဘုရား ပြောပြတဲ့ အပြုသဘောဆောင်တဲ့အရာတွေကို ကျွန်မ လုံးဝလျစ်လျူရှုခဲ့တယ်။ ကျွန်မ အကျိုးယုတ်မယ်လို့ ခံစားခဲ့တယ်။ ကျွန်မ အရမ်းလိမ္မာပါးနပ်လွန်းပြီး ဘဝအတွက် ဆိုးယုတ်တဲ့ စည်းမျဉ်းတွေကို ကိုယ့်ကိုယ်ရေးကိုယ်တာ စံနှုန်းတွေအနေနဲ့ မြင်ရင်းနဲ့ အမြဲ မယုံကြည်စရာဖြစ်ပြီး လှည့်စားဖို့နဲ့ အပေးအယူလုပ်ဖို့ အဆင်သင့်ဖြစ်နေရင်း ကိစ္စတွေကို မူမမှန်တဲ့ပုံစံနဲ့ မြင်ခဲ့တယ်။ ဒီအသိတရားရခြင်းက ကျွန်မ ဘယ်လို ဉာဏ်များပြီး ဆိုးယုတ်ခဲ့တယ်ဆိုတာ မြင်စေရင်းနဲ့ ကျွန်မကို ကြောက်သလိုမျိုး ခံစားစေခဲ့တယ်။ စာတန်က တကယ်ပဲ ဖောက်ပြန်ပျက်စီးစေခဲ့ပြီး ကျွန်မမှာ လူသားသဏ္ဍာန် မရှိခဲ့ဘူး။ တစ်ခါ၊ ကျွန်မအန်တီ ဝယ်ခဲ့တဲ့ ဒီဇိုင်နာလက်ကိုင်အိတ်ကို ကျွန်မ တကယ်ကြိုက်ခဲ့တာ။ အဲဒီအပေါ် ငွေအကုန် မသုံးချင်ခဲ့သလို တောင်းရမှာလည်း ရှက်တယ်။ ဒါကြောင့် တကယ်သဘောကောင်းသလို ဟန်ဆောင်ရင်းနဲ့၊ “အန်တီ သုံးတောင်မသုံးတဲ့ ဒီအိတ်ကို ကြည့်ပါဦး၊ နှမြောစရာပဲ။ အဲဒီတံဆိပ်နဲ့ အိတ်တွေ အန်တီ ရှိနှင့်ပြီးသားပဲ၊ ဘာလို့ ဒီတစ်ခု ဝယ်ရတာလဲ” လို့ ပြောလိုက်တယ်။ ကျွန်မ ဂရုစိုက်နေသလိုဖြစ်ပြီး သူ့ငွေတွေ မဖြုန်းတီးစေချင်သလို ထင်ရအောင် ကျွန်မအန်တီကို ဒီလေသံသုံးခဲ့တာဖြစ်ပေမဲ့၊ တကယ်ကျွန်မဆိုလိုတာက အဲဒီအိတ်အတွက် သူ့မှာ ကိုယ်ရေးကိုယ်တာ သုံးစရာမရှိတော့ အိတ်က သူ့အတွက် အလဟဿဖြစ်တယ်လို့ပေါ့။ သူ ပြန်ပြောတာက၊ “ကြည့်ကောင်းပြီး အရောင်းတင်ထားလို့ ဝယ်ခဲ့တာလေ။ အဲဒီတံဆိပ်နဲ့ အိတ်တွေကို ငါကြိုက်တယ်၊ ဒါပေမဲ့ သမီးတစ်ခုယူလို့ရပါတယ်” တဲ့။ စကားလုံး နည်းနည်းနဲ့ပဲ၊ ကျွန်မက သူ့ကို အဲဒီအိတ် ကျွန်မကို ပေးစေခဲ့တယ်။ ကျွန်မအမြဲ ဒီလိုပဲ။ လိုချင်တာကို တိုက်ရိုက်ပြောမှာမဟုတ်ဘဲ၊ တခြားလူတွေကို ကောက်ချက်ချစေတယ်၊ ပြီးတော့ ကျွန်မကို ပေးကမ်းစေတာလေ။ အဲဒါတွေအားလုံးကို ပြန်ကြည့်တော့၊ ကျွန်မ အရမ်းဉာဏ်များနိုင်ခဲ့ပုံကို သိကိုမသိခဲ့တာ။ အချိန်ကို နောက်ကြောင်းပြန်လှည့်ပြီး အဲဒီလို စက်ဆုပ်စရာတွေကို လုံးဝ မပြောခဲ့တာ တကယ်ဖြစ်ချင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မသဘောပေါက်သွားတယ်၊ အန္တိခရစ်တွေ အဲဒီလို စကားပြောပြီး ပြုမူတတ်သလို၊ ဘုရားဖော်ပြထားသလို သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား ကျွန်မ တစ်လှေကြီးရှိခဲ့တယ်ဆိုတာပဲ။ အဲဒီနှစ်တွေအားလုံး အဲဒီအတိုင်း ကျွန်မဖြစ်ခဲ့တာ။ တစ်ခါတလေ တကယ်မစဉ်းစားဘဲ၊ ကျွန်မနှုတ်ကနေ ဉာဏ်နီဉာဏ်နက်များတဲ့ အရာတစ်ခု ထွက်လာတတ်တယ်။ ကျွန်မမှာ တကယ်ကို အန္တိခရစ်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားရှိခဲ့တာ။ အဲဒါကို မကိုင်တွယ်၊ မပြောင်းလဲရင် တကယ် အန္တရာယ်ရှိမှာပဲ။

ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ လိမ်လည်လှည့်ဖြားသော လူများကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်စားသောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို အသိအမှတ်ပြုပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားက လူအားလုံးကို ညီတူညီမျှဆက်ဆံသည့်အတွက်၊ ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် အလွန်ချစ်ခင်သောသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်မတို့ဖြစ်တည်မှု၏ စည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်၏ အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ မုသားအားလုံးကို နောက်တွင် ချန်ရစ်ထားပြီး ရိုးသားရမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် လူတို့ကြားတွင်နေထိုင်ရန်အတွက် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များကို မိမိတို့ကိုယ်ကို ပြုမူဆောင်ရွက်သော လူ့ဘဝနှင့်ဆိုင်သော အခြေခံ၊ ဘဝ၊ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် ရွံ့မုန်းသောအရာတစ်ခု ဖြစ်သည်။ မယုံကြည်သူများကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသေရဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ အန္တရာယ်ဖြစ်စေသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ နှစ်မြုပ်သည်။ အမှုအရာများသည် ဘုရားသခင်၏ အိမ်တော်တွင် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားလေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး ငြင်းပယ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ သင့်ကိုယ်သင် အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများကို အသုံးပြုပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး စွန့်ပစ်ခံရဖို့ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ဘုရားသခင်က လှည့်စားသောသူများကို မုန်းတီးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်စားသောသူတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး စွန့်ပစ်ခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ ထို့ကြောင့် သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင်၏ သရုပ်မှန်ကို ပြသခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားက ရိုးသားတဲ့လူတွေကို နှစ်သက်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့သူတွေကို စက်ဆုပ်တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက သွန်သင်ပေးတယ်။ ရိုးသားသူတွေကပဲ ဘုရားရဲ့ ကယ်တင်ခြင်း ရနိုင်ပေမဲ့၊ ဉာဏ်များတဲ့သူတွေကတော့ ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရမှာပဲ။ ကျွန်မယုံကြည်တဲ့ နှစ်တွေအတောအတွင်းမှာ အသင်းတော်က‌နေ နှင်ထုတ်ခံခဲ့ရသူတွေကို တွေ့ဖူးတယ်၊ တချို့က အိုနင်းခွက်နင်း အမြဲလုပ်ကြပြီး သူတို့တာဝန်မှာ မရိုးသားကြဘူး၊ ပြီးတော့ တချို့က သူတို့နာမည်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ အားထုတ်ရာမှာ အမြဲ ဟန်ဆောင်ကြတယ်၊ ကိုယ့်ကိုယ်ကိုယ် အမြဲ ချီးမြှောက်ပြီး သက်သေခံနေကြတယ်။ သူတို့က ကိုယ့်ရည်မှန်းချက်တွေရဖို့ စဉ်းလဲပြီး ဉာဏ်များကြသလို၊ တချို့လူတွေက သူတို့ရဲ့ အယုံသွင်းတာ ခဏတာ ခံကြရတယ်။ ဒါပေမဲ့ ဘုရားက အရာရာကိုမြင်တယ်၊ ဒါကြောင့် သူတို့ကို ဖော်ထုတ်ဖို့ အခြေအနေတွေ ပြင်ဆင်ခဲ့တယ်။ ယုံကြည်သူသစ်တွေကို ကျွန်မ ပျိုးထောင်ပြီး ရေလောင်းပေးနေတုန်းက၊ လှည့်ကွက်တွေလုပ်ဖို့နဲ့ လှည့်ဖြားဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြစ်တွေကို ကာဖို့ ဆင်ခြေမျိုးစုံ ကျွန်မ ရှာခဲ့ပြီး ပြောင်းလဲမှုကို မရှာခဲ့ဘူး၊ အဲဒါက ပိုပိုများတဲ့ အပြစ်ကျူးလွန်မှုတွေ ဖြစ်စေခဲ့တယ်။ အဲဒါက ကျွန်မနဲ့ပတ်သက်ပြီး ဘုရားရဲ့ ဖယ်ရှင်းတာနဲ့ပဲ အဆုံးသတ်သွားနိုင်တယ်။ ရိုးရှင်းပြီး ရိုးသားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကြည့်တော့၊ သူတို့တာဝန်တွေမှာ သူတို့ နားမလည်တာတွေ အများကြီးရှိပြီး သတိမမူမိတာတွေရှိခဲ့ပေမဲ့၊ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့ တာဝန်ယူမှုကို ဖျောက်ပစ်ရအောင် လှည့်ကွက်တွေမလုပ်ကြဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဘယ်လိုထိခိုက်မယ်ဆိုတာ မစဉ်းစားကြဘူး။ သူတို့တာဝန်တွေကို ကောင်းကောင်းလုပ်ဖို့ သမ္မာတရားနဲ့ စည်းမျဉ်းတွေ ဘယ်လိုသင်ယူရမယ်ဆိုတာကို စဉ်းစားကြပြီး၊ အကျိုးဆက်အနေနဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို ရခဲ့ကြတယ်။ သူတို့မှာ သာမန် အစွမ်းအစရှိကောင်းရှိမယ်၊ နည်းနည်းတောင် မာနထောင်လွှားနိုင်တယ်၊ ဒါမှမဟုတ် သူတို့တာဝန်မှာ ပြဿနာတွေ ရှိမယ်၊ ဒါပေမဲ့ ဘုရားက သမ္မာတရားရဲ့ စည်းမျဉ်းတွေ တဖြည်းဖြည်း သင်ယူဖို့၊ ဘုရားရဲ့ ဦးဆောင်မှုကို တွေ့ကြုံဖို့နဲ့ တစ်နေ့ပြီးတစ်နေ့ ဘဝမှာ ကြီးထွားဖို့ သူတို့ကို လမ်းပြ၊ ကူညီနေဦးမှာပဲ။ အဲဒီနောက် ရိုးသားတာနဲ့ လူတွေ ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်တာက မကောင်းတဲ့ အရာမဟုတ်မှန်း သဘောပေါက်သွားတယ်။ အချိန်အတန်ကြာ နည်းနည်း ရှက်စရာဖြစ်နိုင်ပေမဲ့၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ အားရကျေနပ်သလို ဘုရားက နှစ်သက်တယ်။ ဒါ့အပြင်၊ ကိုယ့်ပြဿနာတွေအကြောင်း တကယ် ဖွင့်ပြောတဲ့အခါ ညီအစ်ကို မောင်နှမတွေက ကျွန်မကို လုံးဝ အထင်မသေးကြဘူး။ အဲဒါတွေနဲ့ပတ်သက်လို့ ကျွန်မကို ကူညီကြသလို စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ ဦးဆောင်ကြတယ်၊ ပြီးတော့ ကျွန်မရဲ့တာဝန်မှာ အဲဒီလိုလက်တွေ့လုပ်တာမျိုးက ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး။ ဘုရားရဲ့ နိုင်ငံတော် ဧဝံဂေလိတရားက အခု မြန်မြန်ဆန်ဆန် တိုးချဲ့နေသလို၊ ကျွန်မတို့နဲ့အတူ ဖြန့်ဝေဖို့ ယုံကြည်သူသစ်တွေ အများကြီး လိုတယ်။ ယုံကြည်သူသစ် တစ်ဦးတစ်လေကို ကျွန်မ မပျိုးထောင်ခဲ့ဘူး၊ ဒီတော့ ကျွန်မက ဘုရားရဲ့ အမှုတော်ကို တားဆီးရင်းနဲ့ စာတန်ရဲ့ လက်ပါးစေအနေနဲ့ အလုပ်လုပ်နေခဲ့တာ မဟုတ်လား။ ကျွန်မက ဘုရားကို ဆန့်ကျင်အလုပ်လုပ်နေခဲ့တာ။ ဘုရားသခင်က ပြောသည်- “သင် လိမ်ညာပြီး လှည့်စားလေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး ငြင်းပယ်လေဖြစ်သည်။...လှည့်စားသောသူတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး စွန့်ပစ်ခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။” ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ တစ်ဦးတစ်ယောက်က ဘာကိုပဲ ရွေးချယ်ပါစေ၊ သူတို့ဖြစ်ဖို့ ကြိုးစားတဲ့ပုဂ္ဂိုလ်က သူတို့ရဲ့ ရလဒ်၊ ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပဲ။ ဘုရားက ဒီအခြေအနေ အကြီး၊ အသေး အားလုံးကို ပြင်ဆင်ခဲ့ပေမဲ့ ကျွန်မက ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ပဲ ရှင်သန်ရင်းနဲ့ သမ္မာတရားကို မရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ အဲဒါတွေကို မမြင်မကန်းသာ တိုးခဲ့မိတယ်။ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ခြင်းရဲ့ အခြေခံအကျဆုံး သမ္မာတရားထဲကိုတောင် ကျွန်မ မဝင်ရောက်ခဲ့ဘူး၊ ဒါမှမဟုတ် ကျွန်မရဲ့ အသက်စိတ်သဘောထားမှာ ဘာအပြောင်းအလဲမှ မဖန်တီးခဲ့ဘူး။ စာတန်နဲ့ဆိုင်တဲ့ ဉာဏ်များတဲ့ လူတစ်ယောက်ပဲ ဖြစ်နေခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မဘယ်လို ကယ်တင်ခံရနိုင်မှာလဲ။ ရိုးသားတဲ့လူလို အသက်ရှင်တာက တစ်ခုတည်းသော မှန်ကန်တဲ့ လမ်းကြောင်းပဲ။

အဲဒီနောက် ဒါနဲ့ပတ်သက်ပြီး သမ္မာတရားကို ကျွန်မ ဆက်ရှာခဲ့ပြီး၊ ရိုသားတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ လမ်းကြောင်းအပေါ် ပိုပြီး ရှင်းလင်းမှုကို ရှာတွေ့ခဲ့တယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ကြံရွယ်ချက်များ အစပြုသနည်း။ ပြီးလျှင် ရည်မှန်းချက်က အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ရဖို့အတွက်ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားများက ထုတ်ဖော်ပြလာသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။...၎င်းတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို လူတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် လက်လျှော့ရန်၊ စွန့်လွှတ်ရန်၊ ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်ရန် သင်ယူနိုင်မည်။ ဤသို့ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်လျှင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်နိုင်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး သမ္မာတရားကို အနည်းမျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က ‘ငါ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှာဖွေပြီး မည်သည့်ဆုံးရှုံးမှုကိုမဆို ခံယူရန် ငြင်းဆန်ခြင်းက ဘာမှားသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ လူတို့က ငါ့ကို ဘာလုပ်နိုင်မည်နည်း။’ ဟု ပြောလျှင် မည်သူကမျှ သင့်ကို ဘာမှပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းဖြစ်လျှင် အဆုံးတွင် သင်သည် သမ္မာတရားနှင့်အသက်ကို ရရှိရန် အရေးနိမ့်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းမခံရနိုင်ပေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိ့မ်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်မလိုက်စားလျှင်၊ သင်သည် ဆင်ခြင်သုံးသပ်ပြီး မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်ဘဲ အသက်အတွင်းသို့ ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင်အသက်တာ၏ ကြီးထွားမှုနှင့် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့အတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားရန် သင်ရွေးချယ်သည်။ သို့သော် သင် စွန့်လွှတ်သည့်အရာမှာ သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် သင်သည် မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းဖြစ်သည်။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ပိုက်ဆံနှင့် အကျိုးစီးပွားများ၊ ဤအရာအားလုံးသည် ခဏတာသာဖြစ်သည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားသော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားမှာ ထာဝရဖြစ်သည်။ စာတန်က ၎င်းတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက၊ ဤရလဒ်များသည် သင်နှင့် သက်ဆိုင်သည်။ သင်သည် ယင်းတို့ကို သင်ဘဘာသာ ရရှိခဲ့ခြင်း ဖြစ်လေသည်။ လူတို့က သမ္မာတရားကိုကျင့်သုံးရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးလျှင်ပင် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို အဆုံးရှုံးခံလျက် အကျိုးရရှိနေပါက သူတို့ဆုံးရှုံးသောအရာမှာ အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ အညံ့ဖျင်းဆုံးသောသူများ ဖြစ်သည်။ ကိုယ်ကျိုးများ သို့မဟုတ် သမ္မာတရားဟူ၍ အဆုံးစွန်အနေဖြင့် လူတစ်ဦးရွေးချယ်မည့်အရာအတွက်မူ ဤသည်မှာ အခြားအရာများနှင့်စာလျှင် လူတစ်ဦးကို ထုတ်ဖော်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”)

လူတို့၏ မုသားများနောက်ကွယ်တွင် မကြာခဏပင် အရင်းခံအကြောင်းများရှိကြသည်။ သို့သော် အချို့မုသားများသည် မည်သည့်အရင်းခံအကြောင်းမျှ မရှိသကဲ့သို့ တမင်သက်သက် စီစဉ်ခြင်းလည်း မဟုတ်ဘဲ အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သို့သော မုသားမျိုးကို ရှောင်ကြဉ်နိုင်သနည်း။ ရှေးဦးစွာ ရှောင်ကြဉ်ရန် လွယ်ကူသောအရာများကို ဖြေရှင်းပါ။ ထို့နောက် အခက်ခဲဆုံးများ၊ ပြုပြင်ရန် ခက်ခဲသော မုသားများကို ကျော်လွှားရန် သမ္မာတရားကို ရှာဖွေလော့။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ကိုယ်သင် မုသားများကို ဖယ်ရှားရန်၊ လိမ်ညာမှုပြဿနာကို ဖြေရှင်းရန် မလွယ်ကူသလော။ ဥပမာ ဤစကားများတွင် အရင်းခံအကြောင်းများပါဝင်ကြောင်း၊ စွန်းထင်းနေကြောင်း၊ မုသားများဖြစ်ကြောင်း သင်ခံစားရသည်။ သင်စကားပြောနေစဉ်တွင် ဤအရာကို သင်သတိထားမိသည်မဟုတ်လော။ သတိထားမိလျှင် ဦးစွာ တိတ်ဆိတ်စွာနေလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ဆုတောင်းပြီး အမှုအရာများကို သေချာစဉ်းစားလော့။ သင်၏ ဆုတောင်းချက်များတွင် ပါဝင်စေပြီး ဖွင့်ချပြရန် အရေးကိစ္စကို ဘုရားသခင်ရှေ့သို့ ယူဆောင်လော့။ ပထမဦးစွာ ဤအရာကို လက်တွေ့လုပ်ဆောင်လော့။ ဤသို့ အချိန်အနည်းငယ် ပြုလုပ်ပြီးနောက်တွင် သင်သည် နောက်တစ်ဖန် လိမ်ညာလျှင် သင့်ကို ပဲ့ပြင်ဆုံးမပြီး အပြစ်တင်ဖို့ တောင်းလျှောက်လျက်၊ ဘုရားသခင်ထံ ထပ်မံဆုတောင်းပြီး ရှာဖွေသင့်သည်။ ထို့နောက်တွင် သင်၏ မုသားများကို စိစစ်လေ့လာရန်အတွက် သင်၏ ညီအစ်ကိုမောင်နှမများရှေ့သို့ တဖြည်းဖြည်းချင်း သယ်ဆောင်လာသင့်သည်။ ဤနည်းအားဖြင့် သင်၏ မုသားများသည် နည်းနည်းချင်း ပို၍ အစဉ် နည်းပါးလာလိမ့်မည်။ ယနေ့တွင် သင်သည် မုသားဆယ်ခုပြောမည်။ မနက်ဖြန်တွင် ကိုးခုပြောကောင်းပြောနိုင်သည်။ ထိုနေ့ပြီးနောက်တွင် ရှစ်ခုပြောမည်။ ထို့နောက်တွင် နှစ်ခု၊ သုံးခုသာ ပြောလိမ့်မည်။ သင်သည် အမှန်တရားကို ပိုပို၍ ပြောလိမ့်မည်။ ရိုးသားလျက်ဖြင့် သင်သည် ဘုရားသခင်၏ အလိုတော်၊ သူ၏ တောင်းဆိုချက်များ၊ သူ၏ စံနှုန်းများနှင့် အစဉ်ပို၍ နီးစပ်လာလိမ့်မည်။ ဤသည်မှာ မည်မျှကောင်းလိမ့်မည်နည်း။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင်သည် လမ်းကြောင်းတစ်ခုရှိရမည်။ ဦးတည်ချက်တစ်ခုရှိရမည်။ မုသားပြောဆိုသည့် ပြဿနာကို အရင်ဦးဆုံး ဖြေရှင်းလော့။ ဤမုသားများကို သင်ပြောဆိုခြင်းနောက်ကွယ်ရှိ အနှစ်သာရကို သိရမည်။ ဤမုသားများကို ပြောဆိုရန် မည်သည့်အကြောင်းရင်းက တွန်းအားပေးသည်၊ ဤစေ့ဆော်မှုများကို သင်အဘယ်ကြောင့် စိတ်စွဲနေသည်၊ ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်တို့ကို စိတ်ဖြာလေ့လာရမည်။ ဤအရာကို ဆက်လက်၍ လက်တွေ့လုပ်ဆောင်လျှင် သေချာပေါက် ရလဒ်တစ်ခုရလိမ့်မည်။ တစ်ရက်တွင် သင်က ပြောလိမ့်မည်။ ‘ရိုးသားရသည်မှာလွယ်ကူသည်။ လှည့်စားခြင်းက အလွန်ပင်ပန်းသည်။ ကျွန်ုပ် နောက်ထပ် လုံးဝ မလှည့်စားချင်တော့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးတွင် အမှုအရာများစွာ ဖြစ်ပျက်နေပြီး ကျွန်ုပ်၏ စိတ်သည် အမှုအရာများကို အစဉ် သေချာစဉ်းစားရသည်။ လူတို့ကို လှည့်စားရန်၊ ဖြီးဖြန်း၍ ပြောရန် မည်သည့်အရာကိုပြောရမည်ကို အစဉ် စဉ်းစားရသည်။ ဤအရာများကို အစဉ် သေချာစဉ်းစားရသည်။ ကျွန်ုပ်၏ စကားများသည် အလွန်ပေါ့ပါးပျော်ရွှင်ဖွယ်မဖြစ်ရသကဲ့သို့ အလွန်အမင်း လေးနက်၍လည်း မရပေ။ ငါ၏ စိတ်နှလုံးတွင် ဤဖိအားကို မခံနိုင်ပေ။ ဤသို့ လုံးဝ နောက်တစ်ဖန် မရှင်သန်ချင်ပေ။ ဤသို့အသက်ရှင်ရသည်မှာ ပင်ပန်းလွန်းသည်။’ဟု ဖြစ်သည်။ ဤအချိန်တွင် သင်၌ အမှန်တကယ် ရိုးသားဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ သင်သည် ရိုးသားခြင်းဆီသို့ အခြေအနေတိုးတက်နေပြီဖြစ်သည်ကို သက်သေပြသည်။ ဤသည်မှာ ထိုးဖောက်ကျော်လွှားမှုတစ်ခုဖြစ်သည်။ အစပိုင်းတွင် ရိုးသားသောစကားများကိုပြောပြီး သင့်ကိုယ်သင် ဖွင့်ချပြပြီးနောက် ‘ရှက်စရာကောင်းသည်။ ငါ၏ မျက်နှာရဲသွားပြီး အလွန် ရှက်ဖွယ်ဖြစ်သည်။’ ဟု ခံစားရမည့်သူ အချို့ သင်တို့ထဲ၌ ရှိနိုင်သည်မှာ မှန်ပေသည်။ အခြားလူများကို သင်တွေ့သောအခါ သင်က စဉ်းစားသည်။ ‘အခြားလူတို့ကို လှည့်စားရန် ငါလုပ်ခဲ့သော လျှို့ဝှက်သောအရာများနှင့် ငါပြောခဲ့သော မုသားများကို သူတို့ သိကုန်ကြသည်။ မည်မျှ ရှက်စရာကောင်းသနည်း။ ငါက အဆင်ပြေသည်၊ လူတို့ကို အမြင်ကောင်းစေသည်ဟု ထင်မြင်လေ့ရှိသည်။ သို့သော် ယခုတွင် ငါက ကိုယ့်ကိုယ်ကိုယ် စိစစ်ပြီး ဖော်ထုတ်ခဲ့သောကြောင့် ငါက တစ်ခုခုကောင်းသည်ဟု မည်သူကမျှ မထင်တော့ပေ။ မည်သို့ ပြုရမည်နည်း။’ ဤအရာနှင့်ပတ်သက်ပြီး ‘ဘုရားသခင် ကျွန်တော် ရိုးသားချင်ပါသည်။ ယနေ့တွင် ရိုးသားခြင်းကို ကျွန်တော် လက်တွေ့လုပ်ဆောင်နေပါသည်။ ပို၍ နက်နဲစွာ ဝင်ရောက်ခွင့်ပြုရန် ကိုယ်တော်ကို အသနားခံပါသည်။ ကျွန်တော်၏ မာနကို ဘေးဖယ်ထားခွင့်ပေးဖို့ ကိုယ်တော်ထံ အသနားခံပါသည်။ ဤလှည့်စားသော ရည်ရွယ်ချက်များ၏ အုပ်စိုးခြင်း၊ ချုပ်ချယ်ခြင်းကို မခံရသည့် အခွင့်ကို ပေးတော်မူပါ။ အလင်းထဲတွင် ကျွန်တော် အသက်ရှင်ချင်ပါသည်။ စာတန်၏ ပိုင်နက်အောက်တွင် ရှင်သန်ပြီး စာတန်၏ ချုပ်ချယ်ခြင်းကို မခံရလိုပါ။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် ချုပ်တည်းခြင်း၊ ထိန်းချုပ်ခြင်း၊ ချုပ်ချယ်ခြင်းတို့ကို မခံလိုပါ၊ သို့မဟုတ် ထိခိုက်ခြင်းပင် မခံလိုပါ။’ ဟု ပြောလျက်၊ ဘုရားသခင်ရှေ့တွင် ဆုတောင်းရမည်။ ဤနည်းဖြင့် သင်ဆုတောင်းသောအခါ သင်၏ စိတ်နှလုံးတွင် ပို၍ အားတက်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ ‘ဤအရာကို လက်တွေ့လုပ်ဆောင်ရသည်မှာ ကောင်းသည်။ ယနေ့ သမ္မာတရားကို ငါလက်တွေ့လုပ်ဆောင်ပြီးပြီ။ ယခုမှသာ ငါသည် စစ်မှန်သောသူအဖြစ် အသက်ရှင်နေသည်ဟု ခံစားရသည်။’ဟု ဖြစ်သည်။ ပြီးလျှင် ဤသို့ သင်ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းမဖွင့်ပြသလော။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် စတင်အလုပ်လုပ်သည်။ ဘုရားသခင်သည် သင့်ကို တို့ထိပြီး စစ်မှန်သောသူဖြစ်ခြင်းသည် မည်သို့ခံစားရသည်ဆိုသည်ကို သင့်ကို အသိအမှတ်ပြုခွင့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်။ အစပိုင်းတွင် သင့်၌ လမ်းကြောင်းမရှိပေ။ သို့သော် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် လမ်းကြောင်းတစ်ခုကို သင်တွေ့သည်။ လူတို့က သမ္မာတရားကို ရှာဖွေသောအခါ ၎င်းတို့တွင် သေချာပေါက် ယုံကြည်ခြင်းမရှိပေ။ လမ်းကြောင်းတစ်ခုမရှိခြင်းသည် လူတို့အတွက် ခက်ခဲသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိသည်နှင့် ၎င်းတို့၏ စိတ်နှလုံးက ပျော်ရွှင်မှုကို တွေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးသည် သက်သာမှုကို ရှာတွေ့လိမ်မည်။ လွတ်မြောက်မှုနှင့် လွတ်လပ်မှုကို ရရှိလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”)

ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ ရိုးသားဖို့ ပထမဦးဆုံးအနေနဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို လက်လွတ်ရမယ်မှန်း မြင်နိုင်ခဲ့တယ်။ အဲဒါ အရမ်းအရေးကြီးတယ်။ လိမ်ညာမှုနောက်ကွယ် ရည်မှန်းချက်က ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ပြီး ကိုယ့်ရည်မှန်းချက်တွေကို ရရှိဖို့ဖြစ်သလို၊ လူတွေက အဲဒီလိုအရာကို လိုက်စားတဲ့အခါ၊ သူတိုရဲ့ ဆိုးယုတ်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာ ခံရတဲ့အခါ၊ လိမ်ညာပြီး လှည့်စားကြတာပဲ။ ဒါကြောင့် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို လက်လွတ်ဖို့က အရေးကြီးတယ်၊ အဲဒါက ဉာဏ်များတာကို ပိုပြီး လွယ်လွယ်ဖြေရှင်းစေတယ်။ မကြာခဏ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး အမှန်တရားပြောတာနဲ့ ရိုးသားတာကို သတိရှိရှိ လက်တွေ့လုပ်ဆောင်ဖို့၊ ကိုယ့်ရဲ့ စကားနဲ့ လုပ်ရပ်တိုင်းကို ဘုရားကို စစ်ဆေးခွင့်ပေးဖို့လည်း အရေးကြီးတယ်။ ကျွန်မတို့ ပြောတဲ့၊ လုပ်တဲ့အရာမှာ ဉာဏ်နီဉာဏ်နက် များချင်တဲ့အခါ၊ ဘာကို စွမ်းဆောင်ရရှိဖို့ ကြိုးစားနေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးရမယ်၊ ပြီးတော့ အဲဒါက ဉာဏ်များတဲ့ အရာတစ်ခုခု၊ သူ့ဘာသာ ပေါ်နေတဲ့ ဆိုးယုတ်တာ တစ်ခုခုဖြစ်ရင်၊ ဘုရားဆီ ဆုတောင်းပြီး ချက်ချင်း နောက်လှည့်ရမယ်၊ တခြားလူတွေကို ဖွင့်ပြောဖို့၊ ကျွန်မတို့ရဲ့ အတွေးတွေ၊ ရှုထောင့်အမြင်တွေ၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြစ်တွေကို ထုတ်ဖော်ပြဖို့ သင်ယူပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမယ်။ အဲဒါက ဉာဏ်နီဉာဏ်နက်များတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု တဖြည်းဖြည်း ပြောင်းလဲဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ နောက်တော့၊ လူသစ်တွေအပေါ် ကျွန်မရဲ့ အယူအဆတွေကို ကြီးကြပ်သူဆီ ကျွန်မ ဖွင့်ပြောလိုက်တယ်၊ ကျွန်မရဲ့ လက်သီးပုန်းထိုးတဲ့ ရည်ရွယ်ချက်တွေကို ဝန်ခံပြီး သူ့ကို တောင်းပန်ခဲ့တယ်။ ကျွန်မကို သူ အထင်မသေးဘဲ၊ အဲဒီအစား ကျွန်မနဲ့အတူ ကျွန်မတို့တာဝန်တွေထဲက ပြဿနာတချို့ကို ဆွေးနွေးတော့ ကျွန်မ တကယ် အံ့ဩသွားတယ်။ အဲဒါကို လုပ်ပြီးတော့ ကျွန်မ အရမ်းကျေနပ်မိတယ်။ ကျွန်မ သိုဝှက်မနေတော့သလို၊ တကယ် အေးချမ်းမှုကို ခံစားရတယ်။ ကျွန်မက ကိုယ့်ရဲ့ ဉာဏ်များ၊ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ လုံးဝ မလွတ်ကင်းပေမဲ့၊ ကျွန်မမှာ ဘုရားကို ဝမ်းမြောက်မှု ဆောင်ကြဉ်းပေးတဲ့ ရိုးသားတဲ့လူဖြစ်ဖို့၊ ရိုးသားမှုရှိပြီး ကျွန်မဘဝထဲက လုပ်သမျှတိုင်းမှာ ဘုရားရဲ့ စစ်ဆေးမှု လက်ခံတာကို အာရုံစိုက်ဖို့ ကျွန်မမှာ ယုံကြည်ခြင်းနဲ့ အလိုဆန္ဒရှိပါတယ်။

အရှေ့သို့- ၂။ ဘုရားသခင်၏ နိုင်ငံတော်သို့ လမ်းကြောင်းသည် အစဉ်ချောမွေ့နေခြင်း မရှိပါ

နောက်တစ်ခုသို့- ၄။ လက်တွေ့အလုပ်လုပ်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၂။ သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။