၄၁။ ကျွန်ုပ်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် လမ်းကြောင်းတစ်ခု တွေ့ရှိခြင်း

ဆိုင်းရပ်စ်၊ ဖိလစ်ပိုင်

အထက်တန်းကျောင်းတုန်းက ကျွန်တော် အကသင်ခဲ့ဖူးတော့ အကအတွေ့အကြုံ နည်းနည်းရှိတယ်။ ပြီးတော့ ကျွန်တော်က အကကို အရမ်းဝါသနာပါတာ။ အသင်းတော်က ကျွန်တော့်ကို အကတာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးတဲ့အခါ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ကျွန်တော့်ရဲ့ အခြေခံနဲ့ဆိုရင် ဒါကို လွယ်လွယ်ကူကူ သင်ယူလို့ရမှာပဲလို့ ခံစားခဲ့ရတယ်။ ဒီတာဝန်ကို ကျွန်တော် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လက်ခံလိုက်တယ်။ လေ့ကျင့်တဲ့အခါ လှုပ်ရှားမှုအားလုံးကို ကျွန်တော်က လွယ်လွယ်နဲ့ လုပ်နိုင်တော့ ညီအစ်ကိုမောင်နှမတွေထက် ကျွန်တော်က ပိုကတတ်တယ်လို့ ထင်ခဲ့တယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်လှုပ်ရှားမှုတွေက သူတို့နဲ့မတူဘူး၊ ကျွန်တော်တို့ရဲ့ အကအကွက်တွေက တညီတညာတည်း ဖြစ်သင့်တယ်လို့ ပြောပြီး အကြံပေးကြတယ်။ အပေါ်ယံလောက်ပဲ ကျွန်တော် လက်ခံလိုက်တယ်။ စိတ်နှလုံးထဲမှာတော့ ကျွန်တော့်လှုပ်ရှားမှုတွေက သူတို့ထက် ပိုမှန်တယ်လို့ ခံစားရပြီး သူတို့စကားကို နားမထောင်ချင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးတွေက ကျွန်တော်တို့လုပ်ထားတဲ့ ဗီဒီယိုနမူနာကို စစ်ဆေးတဲ့အခါ၊ ကျွန်တော်တို့ရဲ့ အကအကွက်တွေက မညီဘူး၊ တညီတညာတည်း ဖြစ်သင့်တယ်လို့ သူတို့ကပါ ပြောကြတယ်။ ဒါပေမဲ့ သံပြိုင်ပိုဒ်မှာ ကျွန်တော့်ရဲ့ အကအကွက်တွေက အရမ်းကောင်းတယ်၊ တခြား ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ဆီကနေ သင်ယူလို့ရတယ်လို့လည်း သူတို့က ပြောတယ်။ သူတို့ကို အကသင်ပေးဖို့လည်း ကျွန်တော့်ကို ခိုင်းတယ်။ ဒါကိုကြားတော့ ကျွန်တော် အရမ်းဝမ်းသာသွားပြီး ဒီလူတွေထဲမှာ ကျွန်တော်က အကအကောင်းဆုံးပဲလို့ ပိုပြီး ယုံကြည်သွားတယ်။ ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီးရှိတော့ ကဖို့ သူတို့ကို လမ်းညွှန်ပေးနိုင်တယ်၊ ဦးဆောင်ပေးနိုင်တာပေါ့။ သူတို့ကို ကကွက်တွေ သင်ပေးနေတုန်း၊ ကျွန်တော့်လှုပ်ရှားမှုတွေက အတော်လေး ကျယ်ပြန့်ပြီး အားပိုပါတော့ ကျွန်တော့်စံနှုန်းကို မီဖို့ သူတို့ခမျာ ထပ်ခါတလဲလဲ လေ့ကျင့်ခဲ့ရတယ်။ ဒါက သူတို့အတွက် အရမ်းခက်ခဲခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့သလို၊ အကအစီအစဉ်ကို ပိုပြီးသင့်တော်အောင် ပြုပြင်ပြောင်းလဲတာမျိုးလည်း မလုပ်ခဲ့ဘူး။ အဲဒီအစား ကျွန်တော်က တော်တယ်၊ ကျွန်တော့်အကအကွက်တွေက တကယ်ကို ထူးခြားတယ်လို့ပဲ တွေးနေခဲ့တယ်။ နောက်နေ့ ဆက်ပြီးလေ့ကျင့်ကြတော့ ခြေထောက်လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သဘောထားကွဲလွဲခဲ့ကြတယ်။ သူတို့အကြံပေးတဲ့ပုံစံအတိုင်း ကျွန်တော် မလုပ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့လှုပ်ရှားမှုတွေက ကြည့်မကောင်းဘူးလို့ ထင်လို့ပဲ။ ကိုယ့်စိတ်ကူးအတိုင်းပဲ သူတို့ကို ဆက်ပြီး သင်ပေး၊ လေ့ကျင့်ခိုင်းခဲ့တယ်။

နောက်တော့ ညီမဒိုင်ယန်က ကျွန်တော့်ရဲ့ လက်လှုပ်ရှားမှုတွေက အရမ်း အလွန်အကျွံဖြစ်နေတယ်၊ သိပ်ပြီး ရိုသေလေးမြတ်မှု မရှိဘူးလို့ပြောပြီး ကျွန်တော့်လှုပ်ရှားမှု အတိုင်းအတာကို လျှော့ဖို့ ပြောတယ်။ တခြား ညီအစ်ကိုမောင်နှမတွေကလည်း သူ့ကို ထောက်ခံကြတယ်၊ ဒါပေမဲ့ ကျွန်တော်က လက်မခံဘူး။ ကျွန်တော့်လှုပ်ရှားမှုတွေက မှန်တယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့အကြံကို လက်မခံရင် ကျွန်တော် အရမ်းမာနထောင်လွှားတယ်လို့ သူတို့ ပြောလာမှာကို စိုးရိမ်မိတယ်။ အဲဒီတော့မှပဲ ကျွန်တော့် လက်လှုပ်ရှားမှု အတိုင်းအတာကို လျှော့ဖို့ ကြိုးစားခဲ့တယ်။ အကဗီဒီယိုနမူနာကို ပြန်ကြည့်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေက တထပ်တည်း မကျဘူးဆိုတာ တွေ့ရတယ်။ ကျွန်တော့်လှုပ်ရှားမှု အတိုင်းအတာက သူတို့ထက် အများကြီး ပိုကျယ်နေတုန်းပဲ။ သူတို့ထက် ကျွန်တော် ပိုကတတ်တယ်၊ ကျွန်တော့်လှုပ်ရှားမှုတွေက ပိုမှန်တယ်လို့ ယုံကြည်ခဲ့တယ်။ အရင်က ကြီးကြပ်ရေးမှူးတွေက ကျွန်တော့်လှုပ်ရှားမှုတွေ ကောင်းလို့ဆိုပြီး ချီးကျူးခဲ့ဖူးတယ်၊ ဒါကြောင့် ကျွန်တော်တို့ လှုပ်ရှားမှုတွေ မတူဘူးဆိုရင် အဲဒါ သေချာပေါက် သူတို့ပြဿနာပဲလေ။ တစ်ခါတလေ သူတို့အကြံပေးတဲ့အတိုင်း ကျွန်တော် လုပ်လိုက်ပေမဲ့၊ သူတို့လှုပ်ရှားမှုတွေက လှတယ်လို့ မထင်ခဲ့ဘူး။ တကယ်တော့ သူတို့အကြံပြုချက်တွေကို တိတ်တဆိတ် သဘောမတူဘဲ သူတို့နဲ့ ကောင်းကောင်း ပူးပေါင်းမဆောင်ရွက်နိုင်တဲ့ အချိန်တိုင်း၊ ကျွန်တော့်ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ အရမ်းပင်ပန်းတယ်လို့ ခံစားရပြီး ဘုရားသခင် ကျွန်တော်နဲ့ အတူရှိနေတာကို မခံစားနိုင်တော့ဘူး။ ကိုယ့်တာဝန်အပေါ် ထားတဲ့ စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားတယ်။ ကျွန်တော် စပြီး တွေးဆမိတယ်၊ “ဘာလို့ သူတို့နဲ့ ကတဲ့အချိန်တိုင်း ငါ့ရင်ထဲ နာကျင်နေရတာလဲ။ ဒီလိုမျိုး တာဝန်ထမ်းဆောင်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရဲ့လား” ပေါ့။ ဒီအတိုင်း ဆက်မသွားချင်တော့တာနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်နိုင်အောင် ဉာဏ်အလင်းပေးဖို့ သူ့ကို တောင်းလျှောက်ခဲ့တယ်။

တစ်နေ့မှာတော့ ဝတ်ပြုနေတုန်း ကျွန်တော့်ကို တကယ် တို့ထိမိတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။...အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက သင်သည် နာခံတတ်ရန် သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်သူ သို့မဟုတ် သမ္မာတရားနှင့်အညီ စကားပြောသူရှိပါက သင်သည် ယင်းကို လက်ခံပြီး နာခံရမည်။ သင်သည် အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ထိခိုက်စေသော အရာများကို မည်သည့်နည်းဖြင့်မျှ မလုပ်သင့်သည့်အပြင် မိမိဘာသာ လုပ်ဆောင်ခြင်း သို့မဟုတ် မိမိဘာသာ ဆုံးဖြတ်ချက်ချခြင်းတို့ မလုပ်သင့်ပေ။ ဤနည်းအားဖြင့် သင်သည် မကောင်းမှုကို ပြုမိလိမ့်မည်မဟုတ်ပေ။ သင်မှတ်မိရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ ယင်းက သင်ယူထားသော တာဝန်ဝတ္တရားဖြစ်သည်။ သင်သည် စိတ်နှလုံးထဲတွင် ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်များကို လူမည်မျှက အတူတကွ ထမ်းဆောင်နေကြပါစေ၊ သို့မဟုတ် မည်သည့်အခက်အခဲများကို သူတို့ရင်ဆိုင်ရပါစေ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော် နားလည်သွားတာက၊ ကျွန်တော်တို့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ချင်ရင် ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်လို အတူတူ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာရယ်၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က သင်ယူရမယ်ဆိုတာပါပဲ။ ဒီလိုလုပ်မှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပါ။ ကိုယ့်စိတ်ကူးတွေကိုပဲ အမြဲတမ်း ဖက်တွယ်ထားချင်နေရင်၊ ဒါက အလုပ်ကို ထိခိုက်စေပြီး ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာကို ခံရမှာပဲလေ။ ကျွန်တော့်မှာ အတွေ့အကြုံ ပိုရှိတယ်၊ သူတို့ထက် ပိုကတတ်တယ်၊ ဒါကြောင့် သူတို့က ကျွန်တော့်လှုပ်ရှားမှုတွေကို စံနမူနာယူသင့်တယ်လို့ ခံစားရလို့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် သဟဇာတကျကျ ပူးပေါင်းမဆောင်ရွက်ခဲ့တာဆိုတာကိုလည်း ကျွန်တော် ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်တော့်လှုပ်ရှားမှုတွေ အရမ်း အလွန်အကျွံဖြစ်နေတယ်လို့ ညီအစ်ကိုမောင်နှမတွေ အကြံပေးတဲ့အခါ ကျွန်တော် အတိုက်အခံလုပ်ချင်စိတ်ဖြစ်ပြီး သူတို့အကြံပြုချက်တွေကို မလိုက်နာချင်ခဲ့ဘူး။ ကျွန်တော့်လှုပ်ရှားမှု အတိုင်းအတာက တကယ်ကို ကြီးလွန်းနေမှန်း မြင်နိုင်ပေမဲ့၊ ကျွန်တော် မပြောင်းလဲချင်သေးဘူး။ တစ်ခါတလေ သူတို့အကြံပေးတဲ့အတိုင်း လိုက်လုပ်ပေမဲ့၊ ရင်ထဲမှာတော့ သက်သောင့်သက်သာ မရှိခဲ့ဘူး။ ကျွန်တော့်လှုပ်ရှားမှုတွေက ပိုကောင်းတယ်လို့ ယုံကြည်နေတုန်းပဲ၊ ကိုယ့်စိတ်ကူးတွေကိုပဲ ဆုပ်ကိုင်ထားခဲ့တယ်။ အဲဒါကြောင့် ကျွန်တော့်လှုပ်ရှားမှုတွေနဲ့ သူတို့လှုပ်ရှားမှုတွေက တထပ်တည်းမကျဘဲ ဟန်ချက်မညီဖြစ်ခဲ့ရတယ်။ ကျွန်တော် အရမ်း မာနထောင်လွှားခဲ့ပြီး ကိုယ့်လှုပ်ရှားမှုတွေက မှန်တယ်လို့ အမြဲ ယုံကြည်နေခဲ့တာကို မြင်လိုက်ရတယ်။ တကယ်တမ်းကျတော့ ကျွန်တော့်လှုပ်ရှားမှုတွေက တကယ်ကို အလွန်အကျွံဖြစ်နေပြီး ကြည့်လို့ လုံးဝ မကောင်းဘူးလေ။ နောက်ပြီး ကျွန်တော့်လှုပ်ရှားမှုတွေက တခြားသူတွေနဲ့ လှုပ်ရှားမှု မတူညီတဲ့အတွက် လှုပ်ရှားမှုတစ်ခုလုံးရဲ့ သေသပ်မှုကို ထိခိုက်စေပြီး အကရဲ့ ရလဒ်တွေကိုလည်း ထိခိုက်စေခဲ့တယ်။ ဒါက အနှောင့်အယှက်ဖြစ်တဲ့ကဏ္ဍကနေ ပါခဲ့တာပေါ့။ ဘုရားသခင် ပြောခဲ့သည်မှာ “အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။” တကယ်တော့ ညီအစ်ကိုမောင်နှမတွေ အားလုံးမှာ ကိုယ်ပိုင် အားသာချက်လေးတွေ ရှိကြတယ်။ တချို့ဆို ခေါင်းလှုပ်ရှားမှုတွေက အရမ်းချောမွေ့ပြီး သဘာဝကျတယ်၊ ကျွန်တော့် ခေါင်းလှုပ်ရှားမှုတွေကကျတော့ စက်ရုပ်ကြီးလို တောင့်တင်းနေတာ။ ပြီးတော့ သူတို့လှုပ်ရှားမှုတွေက အတိုင်းအတာ သိပ်မကျယ်ပေမဲ့ တကယ်ကို ကျက်သရေရှိတယ်။ နောက်တစ်ခါ သူတို့ အကြံပေးလာရင် ကျွန်တော် လက်ခံသင့်တယ်၊ သူတို့ အကြံပြုတဲ့ လှုပ်ရှားမှုတွေအတိုင်း လုပ်ဖို့ အစွမ်းကုန် ကြိုးစားရမယ်ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ တကယ်လို့ ကျွန်တော့်မှာ မတူညီတဲ့ အမြင်ရှိရင် အဲဒါကို ထုတ်ပြောပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးလို့ရတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ တညီတညာတည်းနဲ့ သင့်တော်မှန်ကန်အောင် အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်တယ်၊ ဘုရားသခင်ကို ချီးမွမ်းဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ ကောင်းကောင်း ကနိုင်တယ်လေ။

တစ်ခါကဆို ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ပခုံးနဲ့ ခေါင်းက အရမ်းလှုပ်နေတယ်၊ ပြုပြင်ဖို့ လိုတယ်၊ ခါးလှုပ်ရှားမှုကိုလည်း ပြုပြင်ဖို့ လိုတယ်လို့ ပြောကြတယ်။ အစပိုင်းမှာတော့ ကျွန်တော် လုံးဝ လက်မခံနိုင်ဘူး၊ ကျွန်တော့်လှုပ်ရှားမှုတွေက မှန်တယ်လို့ပဲ ထင်နေတာ။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းလှုပ်ရှားမှုတွေ အားလုံးက ကျွန်တော်နဲ့ မတူတာကို မြင်ရတဲ့အခါ၊ သူတို့ ပြောတာပဲ မှန်နေမလားလို့ တွေးမိပြီး လက်ခံဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတလေတော့ ကျွန်တော် သူတို့အကြံပေးသလို ကောင်းကောင်း လုပ်နိုင်ခဲ့ပေမဲ့၊ တစ်ခါတလေကျတော့လည်း အကျင့်ဟောင်းတွေဆီ ပြန်ရောက်သွားပြန်ရော။ သူတို့ ကျွန်တော့်ကို ကြည့်နေတဲ့အခါ ကျွန်တော် တွေးမိတယ်၊ “သူတို့ထက် အကအခြေခံ ပိုကောင်းတဲ့ ငါက ဘာလို့များ ကိုယ့်လှုပ်ရှားမှုတွေကို ပြောင်းလဲဖို့ ဘာလို့ အားစိုက်ထုတ်နေရတာလဲ” ပေါ့။ ကျွန်တော် အရမ်း အားငယ်ပြီး ရှက်လည်း ရှက်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် သတိရလိုက်တယ်၊ “အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) တခြားသူတွေရဲ့ ကောင်းကွက်တွေကို သင်ယူပြီး သူတို့ရဲ့ အကြံပြုချက်တွေကို လက်ခံဖို့ ပိုပြီး အာရုံစိုက်သင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်တော့်ကို နားလည်သွားတယ်။ သူတို့အားလုံးက ကျွန်တော့်လှုပ်ရှားမှုတွေ ညံ့တယ်လို့ ပြောနေကြမှတော့၊ ကျွန်တော် ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားသင့်တာပေါ့။ ဒီလှုပ်ရှားမှုတွေကို ကောင်းကောင်းလုပ်နိုင်ဖို့ မလွယ်ပေမဲ့၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ တညီတညာတည်း ဖြစ်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားရမယ်။ နောက်ပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်ခံတာက ဘုရားသခင်ကို ချီးမွမ်းဖို့ ကောင်းကောင်း ကနိုင်အောင် ကူညီပေးနိုင်ရုံသာမကဘဲ၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း ဖြေရှင်းပေးနိုင်ပြီး၊ မာနထောင်လွှားမှုနဲ့ ကိုယ့်ဟာကိုယ်ကို မှန်ကန်တယ်လို့ ယူမှတ်တာမျိုးကို ရှောင်ရှားနိုင်ဖို့ကိုလည်း ကူညီပေးနိုင်တယ်။ အဲဒီနေ့ညနေက အဖွဲ့လိုက် လေ့ကျင့်တာ ပြီးသွားတဲ့အခါ ကျွန်တော်တစ်ယောက်တည်း ဆက်ပြီး လေ့ကျင့်ခဲ့တယ်။ နောက်နေ့ အက ပြန်လေ့ကျင့်ကြတော့ ကျွန်တော့်လှုပ်ရှားမှုတွေ နည်းနည်း ပိုကောင်းလာတယ်လို့ သူတို့က ပြောကြတယ်။ ကျွန်တော့်လှုပ်ရှားမှုတွေက စိတ်တိုင်းကျ မဖြစ်သေးပေမဲ့ တိုးတက်မှုတချို့တော့ ပြလာတယ်။ ကိုယ်သဘောကျတဲ့အတိုင်း ကျွန်တော် ကလို့ မရဘူး၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ တထပ်တည်းကျရဲ့လားဆိုတာကို ထည့်စဉ်းစားရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထဲက တစ်ယောက်က အရမ်းကောင်းအောင် ကနိုင်ရင်တောင်မှ၊ သူက တခြားသူတွေနဲ့မတူဘဲ ကနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကကွက်တွေက ကြည့်ကောင်းမှာ မဟုတ်သလို သေသပ်မှာလည်း မဟုတ်ဘူး၊ ရလဒ်ကောင်းတွေလည်း ရရှိမှာ မဟုတ်ဘူးလေ။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးတွေက ကျွန်တော်တို့လုပ်ထားတဲ့ အကဗီဒီယိုကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေ တိုးတက်လာတယ်လို့ ပြောကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဦးဆောင်မှုဖြစ်ပြီး ကျွန်တော်တို့ရဲ့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာတဲ့ ရလဒ်တစ်ခုဖြစ်မှန်းကိုလည်း ကျွန်တော် သိခဲ့တယ်။

တစ်နေ့မှာ စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ရတယ်၊ အဲဒီကနေ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှုအသစ် တချို့ ရလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားမျိုးနွယ်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့်အတွက်ကြောင့် ၎င်းတို့အားလုံးတွင် စာတန်ဆန်သော သဘာဝနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြလေသည်။ မိုက်မဲသူများနှင့် နုံအသူများပင်လျှင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကာ ထိုသူတို့ကို နာခံရန် ငြင်းပယ်ကြသည်။ လူသားမျိုးနွယ်က အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း သိမြင်ဖို့ သိသာထင်ရှားပေသည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုတို့ကြောင့် လူတို့သည် ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့လာနေကြပြီဖြစ်သည်။ ၎င်းတို့က မည်သူ့ကိုမျှ နာခံမည်မဟုတ်၊ အခြားလူများ ပြောသည့်အရာသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့က နာခံကြမည်မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဝေဖန်၊ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ဝံ့ကြသည်မှာ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူသား၏ ချုပ်တည်းမှုကို အမှီပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သလော။ ထိုအရာကို သတိပြုကာ အသိအမှတ်ပြုခြင်းမျှဖြင့် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူတို့သာ မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ကြသည်။ သမ္မာတရားကို လက်မခံသောသူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်ကြလိမ့်မည်မဟုတ်။ များစွာသောလူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြနိုင်သည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြနိုင်သည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာ ဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရားဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထားရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ အမှုတော်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ဟူသည်ကို သင်ယူရမည်။ ဤနည်းဖြင့်သာ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်း၊ သင်၏ မာနထောင်လွှားမှု ရင်းမြစ်ကို ရှင်းလင်းစွာ သိမြင်ခြင်းနှင့် ထို့နောက်တွင် ထိုအရာကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်သာ သင်၏ သဘာဝအနှစ်သာရကို သင် အမှန်တကယ် သိရှိနိုင်သည်။ သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော အရာများအားလုံးကို သင် ဖော်ထုတ်ရမည်ဖြစ်ပြီး ယင်းတို့ကို သမ္မာတရားကို အခြေခံ၍ နှိုင်းယှဉ်ချိန်ဆကာ သိရှိလာရမည်ဖြစ်၍ ထို့နောက်တွင် သင်သည် မည်သည့်အရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ရုံမက၊ ဆင်ခြင်တုံတရားနှင့် ကျိုးနွံနာခံမှုကင်းမဲ့ရုံမက သင်သည် အမှုအရာများစွာ၌ ချို့တဲ့နေကြောင်း၊ သင့်ထံတွင် သမ္မာတရားလက်တွေ့ကျမှု မရှိကြောင်းနှင့် မည်မျှသနားဖွယ်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။ ထို့နောက် သင်သည် မာနထောင်လွှားနိုင်စွမ်း ရှိလိမ့်မည်မဟုတ်။ သင့်အနေဖြင့် ဤသို့ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းမရှိလျှင် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ စကြဝဠာရှိ သင်၏နေရာကို သင် လုံးဝ သိရှိလိမ့်မည်မဟုတ်။ သင်သည် အဘက်ဘက်က ထူးချွန်ကြောင်း၊ အခြားသူများနှင့် ပတ်သက်သမျှ အရာရာက မကောင်းကြောင်းနှင့် သင်သာ အကောင်းဆုံးဖြစ်ကြောင်း သင် တွေးထင်လိမ့်မည်။ ထို့နောက် အခြားသူများက သင့်အား အထင်ကြီးကာ ကိုးကွယ်ကြစေရန်အလို့ငှာ သင်သည် လူတိုင်းကို တစ်ချိန်လုံး ကြွားလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို သိသည့်အသိ လုံးဝ ကင်းမဲ့ခြင်းဖြစ်၏။ လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှားနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့သည် ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်တော် နားလည်သွားတာက၊ လူတစ်ယောက်မှာ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိနေလို့ သူတို့က အမြဲ မှန်တယ်၊ တခြားသူတွေထက် သာတယ်လို့ အမြဲ ယုံကြည်နေတတ်တယ်ဆိုတာပဲ။ အဲဒီလိုမျိုးဆို ဘုရားသခင်ကို ကျိုးနွံနာခံဖို့နဲ့ တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်ခံဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။ နယ်ပယ်တစ်ခုခုမှာ လူတစ်ယောက်က ဆုကျေးဇူး ဒါမှမဟုတ် ကျွမ်းကျင်မှုတချို့ ရှိနေတဲ့အခါ၊ သူတို့က တခြားသူတွေထက် ပိုတော်တယ်၊ ပိုသိတယ်လို့ ထင်တတ်ကြပြီး ကိုယ့်စိတ်ကူးအတိုင်းပဲ အလုပ်လုပ်တတ်ကြတယ်၊ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခက်ခဲတတ်ကြတယ်။ တခြားသူတွေ ပေးတဲ့ အကြံပြုချက်တွေက စည်းမျဉ်းတွေနဲ့ ကိုက်ညီနေရင်တောင်မှ အဲဒါတွေကို သူတို့ လက်မခံချင်ကြဘူး။ ကျွန်တော့်ရဲ့ အပြုအမူကလည်း အဲဒီအတိုင်း အတိအကျဖြစ်နေခဲ့တာပဲ။ ကျွန်တော့်မှာ အကအတွေ့အကြုံ ရှိတယ်၊ ဒါကြောင့် တခြားလူတွေက ကျွန်တော့်လှုပ်ရှားမှုတွေဆီကနေ သင်ယူသင့်တယ်လို့ ယုံကြည်ခဲ့တယ်။ အထူးသဖြင့် ကြီးကြပ်ရေးမှူးတွေက ကျွန်တော် ကတာ ကောင်းတယ်လို့ ပြောတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်တွေ ပိုလို့တောင် တိုးလာတာပေါ့။ ညီအစ်ကိုမောင်နှမတွေ အကြံပေးတဲ့အခါ ကျွန်တော် သေချာ နားမထောင်ခဲ့သလို၊ တိုးတက်လာအောင် စမ်းသပ်ကြည့်ချင်စိတ်လည်း မရှိခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေ ပြောတာ မှန်နေတာတောင်မှ၊ ပြီးတော့ ကျွန်တော့်လှုပ်ရှားမှုတွေက လူတိုင်းရဲ့ လှုပ်ရှားမှုတွေနဲ့ မတူဘဲ ဟန်ချက်မညီဖြစ်နေတာကို အတိုင်းသား မြင်နိုင်တာတောင်မှ၊ ကျွန်တော် လက်မခံချင်ခဲ့တုန်းပဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း မပြောင်းလဲချင်ခဲ့ဘူး။ “ငါက ဘာလို့ မင်းတို့စကား နားထောင်ရမှာလဲ။ မင်းတို့ထက် ငါက ပိုကတတ်တာ။ ငါကသာ မင်းတို့ကို လမ်းညွှန်သင့်တာ” လို့ တွေးမိတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ကကွက်တစ်ခု ထပ်ခါတလဲလဲ လေ့ကျင့်စေချင်တဲ့အခါ၊ ကျွန်တော် ဒါကို လက်မခံချင်ခဲ့ဘူး၊ သူတို့က ကျွန်တော့်ကို လာသင်ပေးနေသလို ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ဒီအပြုအမူက အရမ်း မာနထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်နိုင်ဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ကျွန်တော်တို့ အတူတူ ကရတာဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုပဲလေ။ ဒါပေမဲ့ ကျွန်တော်က မာနထောင်လွှားပြီး ကိုယ့်ကိုယ့်ကိုယ် မှန်တယ်လို့ ယူမှတ်ခဲ့တယ်။ ကျွန်တော်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အမြဲ ကခဲ့ပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်မခံခဲ့ဘူး၊ အဲဒါက ညီအစ်ကိုမောင်နှမတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းစေခဲ့ပြီး အကရဲ့ တိုးတက်မှုကိုလည်း နှောင့်နှေးစေခဲ့တယ်။ တကယ်တော့ လောကကြီးထဲမှာ ကျွန်တော် သင်ယူခဲ့ရတဲ့ ကကွက်တွေက စည်းမျဉ်းတွေ၊ စံနှုန်းတွေ မဟုတ်ဘူး။ တချို့လှုပ်ရှားမှုတွေက အရမ်း အလွန်အကျွံဖြစ်နေပြီး သိပ်ပြီး ရိုသေလေးမြတ်မှု မရှိဘူးလေ၊ အဲဒါတွေက ဘုရားသခင်အတွက် သက်သေခံတဲ့ ရလဒ်ကို မရရှိနိုင်ဘူး။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်တဲ့အတွက်၊ သိက္ခာရှိရှိနဲ့ သင့်တော်မှန်ကန်တဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားသင့်တာပေါ့။ ကျွန်တော် ကတာက ဘုရားသခင်ကို ချီးမွမ်းဖို့နဲ့ ကြည့်ရှုသူတွေ ရင်ထဲမှာ ပျော်ရွှင်သာယာမှု ခံစားရပြီး ကျွန်တော်နဲ့အတူ ဘုရားသခင်ကို ချီးမွမ်းနိုင်ဖို့ပဲ။ ကျွန်တော် ဆက်ပြီး မာနထောင်လွှားနေလို့၊ ကိုယ့်စိတ်ကူးတွေကိုပဲ ဖက်တွယ်ထားလို့ မရတော့ဘူး။ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေကို ကျွန်တော် ကျိုးနွံနာခံရမယ်၊ အတ္တတွေကို စွန့်လွှတ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ရမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ သို့မဟုတ် ချို့ယွင်းချက်များကို မှန်ကန်စွာ ကိုင်တွယ်ချဉ်းကပ်ဖို့ လူတို့တွင် ရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာကို ဝင်ရောက်နိုင်လျှင် သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ဖာထေးရန် မိမိညီအစ်ကိုမောင်နှမများ၏ အားသာချက်များကို အသုံးပြုရင်း သူတို့နှင့် သဟဇာတရှိရှိ အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) နယ်ပယ်တစ်ခုခုမှာ ကျွန်တော်တို့ ဘယ်လို ကျွမ်းကျင်မှုတွေပဲ ရှိနေပါစေ၊ ဒါမှမဟုတ် ဘယ်လို အတွေ့အကြုံတွေပဲ ရှိနေပါစေ၊ အဲဒါက ကျွန်တော်တို့ အမှားမလုပ်ဘူးလို့ မဆိုလိုသလို၊ ကျွန်တော်တို့က ပြီးပြည့်စုံတယ်လို့လည်း မဆိုလိုဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့တယ်။ လူတိုင်း အမှားလုပ်တတ်ပြီး အားနည်းချက်တွေ ရှိကြတာပဲလေ။ ဒါက ကျွန်တော်တို့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခင်မှာ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တစ်ယောက်ရဲ့ အားသာချက်ကနေ တစ်ယောက်က သင်ယူဖို့ လိုအပ်တယ်။ အရင်တုန်းက လေ့ကျင့်တဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် ကောင်းကောင်း ပူးပေါင်းမဆောင်ရွက်ခဲ့ဘူး။ ကျွန်တော့်ရဲ့ စိတ်သဘောထားက အရမ်း မာနထောင်လွှားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပိုတော်တယ်လို့ အမြဲ ထင်နေခဲ့တယ်။ သူတို့ရဲ့ အကြံပြုချက်တွေကို အလေးအနက် မထားခဲ့ဘူး၊ ဒါကြောင့် ကျွန်တော့် အကလှုပ်ရှားမှုတွေက သူတို့ရဲ့ အကလှုပ်ရှားမှုတွေနဲ့ အမြဲတမ်း တထပ်တည်းမကျ ဖြစ်နေခဲ့တာပေါ့။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းညွှန်မှုသာ မရှိခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ခဲ့မှာ မဟုတ်ဘဲ ပိုပြီးတောင် မာနထောင်လွှားနေဦးမှာပါ။ ညီအစ်ကိုမောင်နှမတွေဆီကနေ ကျွန်တော် သင်ယူရမယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ သူတို့ရဲ့ အားသာချက်တွေကို ကျွန်တော် သင်ယူပြီး အချင်းချင်း ကူညီရမယ်။ ဒီလိုလုပ်မှသာ ကျွန်တော်တို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။ နောက်ပိုင်း ကျွန်တော်တို့ ကကြတဲ့အခါ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်မှာရှိတဲ့ ပြဿနာတချို့ကို ထပ်ပြီး ထောက်ပြကြတယ်။ ဥပမာ- ကျွန်တော့်လှုပ်ရှားမှုတွေက အရမ်းမြန်ပြီး သူတို့နဲ့ အရှိန်မတူဘူးတဲ့။ သူတို့နဲ့ တညီတညာတည်း ဖြစ်နိုင်အောင် နည်းနည်း နှေးဖို့ သူတို့က အကြံပေးကြတယ်။ ဒီအကြံပြုချက်တွေကို ကြားရတဲ့အခါ ကျွန်တော့်အကြိုက်နဲ့ မကိုက်ညီပေမဲ့လည်း၊ အရင်ကလို ကိုယ့်စိတ်ကူးတွေကိုပဲ မဆုပ်ကိုင်ထားချင်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ပြီး သူတို့ရဲ့ အကြံပြုချက်တွေကို ကျွန်တော် လက်ခံရမယ်။ အဲဒီလိုမျိုး လေ့ကျင့်တဲ့အခါ ကျွန်တော့်လှုပ်ရှားမှုတွေက အရင်ကထက် ပိုကောင်းလာတယ်၊ သူတို့နဲ့လည်း တညီတညာတည်း ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ကျွန်တော် ကတာလည်း တိုးတက်လာတယ်။

ဒီအတွေ့အကြုံကတစ်ဆင့် ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်လို သင့်တော်မှန်ကန်အောင် ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတာကို ကျွန်တော် သင်ယူခဲ့ရပြီး၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှု တချို့လည်း ရရှိခဲ့တယ်။ ဒီလို နားလည်သဘောပေါက်မှုလေးနဲ့ ပြောင်းလဲမှုလေး ရရှိနိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်ကြောင့် ရရှိလာတဲ့ ရလဒ်တစ်ခုပဲ။ ဘုရားသခင်ကို ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်ဗျာ။

အရှေ့သို့- ၃၉။ ကျွန်မ သိမ်ငယ်စိတ် မရှိတော့ပါ

နောက်တစ်ခုသို့- ၄၄။ ကိုယ့်သိက္ခာကိုယ် ကျွန်မ ဆက်မကာကွယ်တော့ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။