၄၅။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားရခြင်းကနေ ကျွန်မ ရရှိခဲ့တဲ့အရာ

လုနင်၊ တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းက ကျွန်မတို့ အသင်းတော်ဟာ စီစီပီရဲ့ အကြီးအကျယ် ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်။ ကိုယ့်ပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမတွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံနေရတာကို သိလိုက်ရတော့ ကျွန်မ အရမ်းကို ဝမ်းနည်းခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ၊ ကိုယ့်လုံခြုံရေးအတွက်လည်း ကျွန်မ စိုးရိမ်မိပြီး တွေးလိုက်တယ်၊ “အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမ တချို့နဲ့ ငါ အဆက်အသွယ် ရှိခဲ့တာပဲ။ သူတို့ထဲက တချို့နဲ့အတူ တာဝန်တွေတောင် ထမ်းဆောင်ခဲ့ဖူးတယ်၊ ကားတစ်စီးတည်း အတူတူ စီးခဲ့ဖူးတယ်။ ရဲတွေက စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကိုသာ စစ်ဆေးလိုက်ရင်၊ ငါလည်း ပါဝင်ပတ်သက်တာကို ရှောင်လွှဲလို့ရနိုင်မှာ မဟုတ်ဘူး။ ငါ့မှာ လူးပတ်စ်ရောဂါရှိတော့ ခြေထောက်တွေကလည်း ရောင်နေတာ။ ငါသာ အဖမ်းခံရပြီး ရဲတွေရဲ့ ညှဉ်းဆဲတာကို ခံရရင် ငါ့ခန္ဓာကိုယ်က လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ နောက်ပြီး ထောင်ထဲမှာဆိုရင် ကောင်းကောင်းစားရ၊ အိပ်ရမှာ မဟုတ်ဘူးလေ။ ငါ့ကျန်းမာရေးက အခုတောင် တော်တော်ဆိုးနေတာဆိုတော့၊ ရဲတွေက ငါ့ကို ရိုက်မသတ်ရင်တောင်မှ ထောင်ထဲမှာ ရောဂါနဲ့ သေသွားမှာ။ ငါသာ သေသွားရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ” လို့ပေါ့။ ဒီအကြောင်းကို တွေးမိတော့ ကျွန်မရင်ထဲမှာ တော်တော်လေး ကြောက်သွားတယ်။ တစ်နေ့မှာ ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်မ ကျောက်ယန်ဆီကို စာသွားပို့ခဲ့တယ်။ သူ အပြင်ထွက်တုန်းက တစ်ယောက်ယောက်က သူ့နောက်ကို လိုက်နေတဲ့ပုံရတာကို သတိထားမိခဲ့တယ်လို့ သူက ပြောတယ်။ အဲဒီနောက်တော့ သူက နေရာအနှံ့ကို လှည့်ပတ်သွားပြီး၊ အဲဒီလူကို မျက်ခြည်ပြတ်သွားအောင် လုပ်ပြီးတာကို သူမြင်မှပဲ အိမ်ကို ပြန်လာခဲ့တယ်တဲ့။ ဒါကိုကြားတော့ ကျွန်မ နည်းနည်း ထိတ်လန့်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက သူ့ဆီကို တစ်နေ့ကို နှစ်ခေါက်၊ သုံးခေါက်လောက် စာသွားပို့နေရတာ။ သူ့နောက်ကို လူလိုက်နေတယ်ဆိုရင်၊ ငါပါ ပတ်သက်သွားမလား” ပေါ့။ ကျွန်မက စာတွေ ဆက်မပို့တော့ဘဲ ပုန်းကွယ်နေချင်ခဲ့တယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က အရမ်းဆိုးရွားနေတော့ ခေါင်းဆောင်တွေက သူတို့အလုပ်ကို လူကိုယ်တိုင် သွားလုပ်လို့ မရဘူးလေ၊ အလုပ်တော်တော်များများကို စာကတစ်ဆင့်ပဲ လုပ်ဆောင်ရတယ်ဆိုတာကို ကျွန်မ နောက်တော့ တွေးမိတယ်။ ခေါင်းဆောင်တွေဆီ စာတွေကို အချိန်မီ မပို့နိုင်ရင် အလုပ်တွေ နှောင့်နှေးကုန်မှာပေါ့။ စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် တွေးကြည့်ပြီးတဲ့နောက်၊ သတ္တိမွေးပြီး ဒီတာဝန်ကို ဆက်ထမ်းဆောင်ရမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ စာပို့၊ စာယူလုပ်တဲ့အပြင်၊ လူသစ်တွေကိုလည်း ကျွန်မ ရေလောင်းပေးခဲ့တယ်။ လူသစ်တွေ စုဝေးတဲ့ နေရာတစ်ခုကို အဖမ်းခံလိုက်ရတဲ့ ညီအစ်မတစ်ယောက် အရင်က လာဖူးတယ်။ သင့်တော်တဲ့ ဧည့်ခံမယ့်မိသားစုကို ကျွန်မတို့ ရှာမရခဲ့သလို၊ လူသစ်တွေရဲ့ စုဝေးပွဲတွေကိုလည်း ရပ်ထားလို့မရနိုင်ဘူးဆိုတော့၊ အခြေအနေအရပ်ရပ်ကို ချင့်ချိန်သုံးသပ်ပြီးတဲ့နောက်မှာ အခြေအနေကို စောင့်ကြည့်မယ်ဆိုရင် ဒီစုဝေးတဲ့နေရာကို သုံးလို့ရနိုင်သေးတယ်လို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာပဲ ကျွန်မတို့ ဆက်ပြီး စုဝေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီစုဝေးတဲ့နေရာကို ရဲတွေများ သိသွားရင်၊ သူတို့ အချိန်မရွေးလာပြီး ကျွန်မတို့ကို ဖမ်းသွားနိုင်တာကို ကျွန်မ စိုးရိမ်နေခဲ့တယ်။ စုဝေးပွဲလုပ်နေချိန်မှာ ကျွန်မစိတ်ကို ငြိမ်အောင်ထားလို့ မရနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက လူသစ်တချို့က အလုပ်တွေများနေကြပြီး၊ တချို့ကကျတော့ သူတို့မိသားစုတွေရဲ့ ဖိနှိပ်ညှဉ်းပန်းတာကို ခံနေကြရတယ်။ လူသစ်တွေရဲ့ အခြေအနေကို ပြေလည်သွားအောင် ဘယ်လို မိတ်သဟာယပြုပေးရမလဲဆိုတာကို ကျွန်မ သေချာ မတွေးဆခဲ့ဘူး။ စုဝေးပွဲတွေကို သွားတဲ့အခါ ဝတ်ကျေတမ်းကျေလောက်ပဲ လုပ်နေခဲ့တာ။ တဖြည်းဖြည်းနဲ့ သူတို့ စုဝေးပွဲတွေကို ပုံမှန်မတက်ကြတော့ဘူး။ နောက်ပိုင်းကျတော့ ကိုယ့်အခြေအနေက မမှန်ဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားပြီး၊ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။

ဝတ်ပြုချိန်အတွင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့် စကြဝဠာရှိ လူတို့သည် ငါနှင့်ထပ်တူ အလုပ်ရှုပ်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်ခုလုံးသည် ‘ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း’ အခြေအနေတွင် ရှိကာ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်ပင်လျှင် ငါ့အားဖြင့် ကစဉ့်ကလျားဖြစ်ကာ မရေရာစွာဖြင့် ပျာယာခတ်သည့်အခြေအနေသို့ ပစ်ချခြင်းခံရ၍ ၎င်းသည် ငါ၏အမှုကို အစေခံကာ ဆန္ဒမရှိလင့်ကစား ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ ‘ငါ၏ စိတ်တိုင်းကျ စီစဉ်ညွှန်ကြားစေခြင်းမှလွဲ၍’ အခြားရွေးချယ်စရာ တစ်ခုမျှ မရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင် အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏‘အစေခံ’ လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ ‘တောင်းဆိုချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ နောက်ဆုံးအဆင့်ဖြစ်သော ငါ၏ လူ့ဇာတိခံယူခြင်းအမှုသည် ယင်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤသည်မှာ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းအတွက် သာ၍ ထောက်ကူပေးကာ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။ ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန် အားလုံးသည် ငါနှင့်အတူ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲကို စတင် လုပ်ဆောင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်၏။ သို့မှသာ ကမ္ဘာမြေကြီးပေါ်ရှိလူတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေးအပ်နှံပြီး ငါ့ကို ဆန့်ကျင်လိုသည့်ဆန္ဒ မရှိသည့်အပြင် ငါ့ကို သစ္စာဖောက်သည့်အရာ တစ်ခုမျှမလုပ်ဘဲ နေမည်ဖြစ်သည်။ ဤသည်တို့မှာ စကြဝဠာ၌ ငါ့အမှု၏ ရွေ့လျားနေသော အင်အားများ ဖြစ်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ အဆင်းနီတဲ့ နဂါးကြီးဟာ ဘုရားသခင်ရဲ့ အမှုတော်အတွက် ဝန်ဆောင်မှုပေးတဲ့အရာ ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ လူအမျိုးမျိုးကို ထုတ်ဖော်တဲ့နေရာမှာ အစေခံဖို့အတွက် အဆင်းနီတဲ့ နဂါးကြီးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ဘုရားသခင်က အသုံးပြုတာပဲ။ ဒါက ဘယ်သူက တောဂျုံ၊ ဘယ်သူက ဂျုံစစ်ဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပေးမှာပဲ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတဲ့သူတွေက ဘယ်လိုပတ်ဝန်းကျင်မျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အန္တရာယ်များပါစေ သူတို့တာဝန်ကို ဆက်ပြီး ထမ်းဆောင်နိုင်ကြတယ်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်တဲ့သူတွေကတော့ အဖမ်းအဆီးတွေ၊ နှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့ပြီး နောက်ဆုတ်သွားကြမှာပဲ။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရချိန်မှာ၊ ကျွန်မက ထိတ်လန့်ကြောက်ရွံ့စိတ်တွေကြောင့် ကိုယ့်တာဝန်ကိုတောင် မထမ်းဆောင်ချင်ဘဲ၊ အမြဲတမ်း ပုန်းကွယ်နေချင်ခဲ့တာကို ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မ စဉ်းစားမိခဲ့တဲ့ တစ်ခုတည်းသောအရာက ကိုယ့်ရဲ့ တစ်ကိုယ်ရေ လုံခြုံရေးပဲလေ။ အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ လုံးဝ ထည့်မတွေးခဲ့ဘူး။ လူသစ်တွေကို ရေလောင်းပေးတဲ့နေရာမှာတောင် ဝတ်ကျေတမ်းကျေ လုပ်ခဲ့သေးတယ်။ ကျွန်မရဲ့ အပြုအမူက ဘုရားသခင်ကို သစ္စာဖောက်တာ မဟုတ်ဘူးလား။ ဒီပုံအတိုင်းသာ ဆက်သွားနေရင်၊ လွင့်စင်သွားမယ့် တောဂျုံတစ်ပင် ဖြစ်မှာ မဟုတ်ဘူးလားလို့ပေါ့။

ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆက်ဖတ်ခဲ့တယ်၊ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့၊ အရာအားလုံးနဲ့ ဖြစ်ရပ်အားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ စာတန်က ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သူ့သဘောအတိုင်း မလုပ်ရဲဘူးလေ။ ယောဘရဲ့ အတွေ့အကြုံကို ကျွန်မ တွေးမိတယ်။ စာတန်က ဘုရားသခင်နဲ့ အလောင်းအစား လုပ်တဲ့အခါ၊ ယောဘရဲ့ အသက်ကို ယူဖို့ ဘုရားသခင်က စာတန်ကို ခွင့်မပြုခဲ့ဘူး၊ ဒါကြောင့် စာတန်က အဲဒီလို မလုပ်ရဲခဲ့ဘူး။ ဘုရားသခင် ခွင့်ပြုထားတဲ့ အတိုင်းအတာအတွင်းမှာပဲ သူလုပ်ဆောင်ပြီး၊ အဲဒီထက်ပိုပြီး ဆံခြည်တစ်မျှင်လောက်တောင် မလွန်ကျူးရဲဘူးလေ။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ နားမလည်ခဲ့ဘူးဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ အိမ်မှာ ပုန်းနေရင်တော့ အဖမ်းမခံရဘူး၊ အပြင်ထွက် အလုပ်လုပ်ရင်တော့ အဖမ်းခံရနိုင်ခြေရှိတယ်လို့ ကျွန်မ အမြဲ ခံစားနေခဲ့တာ။ တစ်နေ့တည်းမှာပဲ စာသုံးလေးစောင် ပို့ရတာမျိုး၊ ဒါမှမဟုတ် လူသစ်တွေကို ရေသွားလောင်းပေးရဖို့ လိုလာရင် ကျွန်မစိတ်နှလုံးထဲမှာ အတိုက်အခံဖြစ်မိတယ်။ ဒီလို အမြဲလုပ်နေရင် ရဲတွေရဲ့ စောင့်ကြည့်တာကို ခံရပြီး နောက်မှာ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ နေ့တိုင်း စောင့်ကြည့်ကင်မရာ မျိုးစုံရဲ့ အောက်ကနေ ဖြတ်သွားနေရပေမဲ့လည်း၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရဲတွေက ကျွန်မကို ဖမ်းလို့မရဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကို ကျွန်မ သတိရမိတယ်။ စစ်ဆေးရေးဂိတ်တစ်ခုမှာ ရဲတွေက သူ့ကို တားပြီး ဖမ်းတော့မလို့ လုပ်နေခဲ့တာ။ သူလွတ်မြောက်နိုင်ဖို့ လမ်းမရှိတော့ဘူးလို့ ထင်ရပေမဲ့၊ သူတို့မျက်စိအောက်ကနေပဲ သူချောချောမွေ့မွေ့ လွတ်သွားခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီးကြာနေပြီ ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အနန္တတန်ခိုး၊ အချုပ်အခြာအာဏာနဲ့ သြဇာအာဏာကို တကယ် နားမလည်သေးခဲ့ဘူး။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ လိပ်တစ်ကောင် အခွံထဲ ပုန်းဝင်သွားသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မ ရှောင်ပြေးချင်၊ ပုန်းကွယ်ချင်ခဲ့တယ်။ ကျွန်မက ယုံကြည်ခြင်း အားနည်းလွန်းလိုက်တာ။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆလိုက်တော့ ကျွန်မရဲ့ အခြေအနေ နည်းနည်း ပိုကောင်းလာတယ်။ နောက်ပိုင်း စာတွေ ပြန်သွားပို့တဲ့အခါ သိပ်မကြောက်တော့ဘူး။ အသင်းတော်ရဲ့ အလုပ်တွေ မနှောင့်နှေးရအောင် စာတွေကို မြန်မြန်ပဲ ပို့ချင်ခဲ့တယ်။ လူသစ်တွေကို ရေသွားလောင်းပေးရတဲ့အခါ ကြောက်ရွံ့တဲ့အတွေးတွေ ဝင်လာရင်၊ ဘုရားသခင်ဆီကို သတိရှိရှိ ဆုတောင်းပြီး ကျွန်မစိတ် ငြိမ်သက်သွားအောင် စောင့်ရှောက်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ လူသစ်တွေရဲ့ ပြဿနာတွေနဲ့ ပေါင်းစပ်ပြီး ကျွန်မရဲ့ မိတ်သဟာယပြုခြင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို သေချာတွေးဆဖို့ကိုပဲ စိတ်နှလုံးထဲမှာ အာရုံစိုက်ခဲ့တယ်။ လူသစ်တွေအားလုံးက စုဝေးပွဲတွေကနေ အကျိုးကျေးဇူးတွေ ရခဲ့တယ်လို့ ပြောကြတယ်၊ သူတို့ စုဝေးပွဲတွေကို ပုံမှန် ပြန်တက်နိုင်လာကြတယ်။

နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတာနဲ့ ဘာလို့ ငါ့ရဲ့ တစ်ကိုယ်ရေ လုံခြုံရေးကိုပဲ အမြဲတွေးနေမိရတာလဲလို့ပေါ့။ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “တရုတ်ပြည်မ၏ ပတ်ဝန်းကျင်တွင်၊ မိမိတာဝန်ကို လုပ်ဆောင်နေစဉ် စွန့်စားမှုတစ်ခုတလေကို ရှောင်ရှားရန်နှင့် မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ သေချာစေရန် ဖြစ်နိုင်သလော။ သတိအရှိဆုံးသောလူပင်လျှင် ထိုအရာကို အာမမခံနိုင်ပေ။ သို့သော် သတိက လိုအပ်သည်။ ကြိုတင် ကောင်းစွာ ပြင်ဆင်ထားခြင်းသည် ကိစ္စများကို အနည်းငယ် တိုးတက်စေပြီး၊ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများကို လျော့ပါးစေဖို့ အထောက်အကူပြုနိုင်သည်။ ပြင်ဆင်မှု လုံးဝ မရှိလျှင်၊ ဆုံးရှုံးမှုများက များပြားလိမ့်မည်။ ဤအခြေအနေနှစ်ခုကြားက ကွာခြားချက်ကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ ထို့ကြောင့်၊ စုဝေးပွဲများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ သတိရှိခြင်းက အကောင်းဆုံးဖြစ်ပြီး၊ တားဆီးကာကွယ်ရေး စီမံချက်များကို လုပ်ဆောင်ရန် လိုအပ်သည်။ သစ္စာစောင့်သိသည့် လူတစ်ဦးက မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းက အနည်းငယ် သာ၍ ပြည့်စုံစွာ၊ စေ့စပ်စွာစဉ်းစားနိုင်သည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန်အလို့ငှာ ဤအရာများအပြင် မိမိတို့ လုပ်နိုင်သည့်အရာကို ၎င်းတို့က စီစဉ်လိုကြသည်။ ဤရလဒ်ကို စွမ်းဆောင်ရရှိရမည်ဟု ၎င်းတို့ ခံစားကြသည်။ သစ္စာစောင့်သိမှု ကင်းမဲ့သူတစ်စုံတစ်ဦးသည် ဤအရာများကို ထည့်မတွက်ပေ။ ဤအရာများက အရေးပါခြင်းမရှိဟု ၎င်းတို့ တွေးထင်ပြီး၊ မိမိတို့တာဝန် သို့မဟုတ် အလုပ်အဖြစ် သဘောမထားကြပေ။ တစ်စုံတစ်ရာ လွဲချော်သည့်အခါ၊ မိမိကိုယ်ကို အပြစ်တင်စိတ်တစ်ခုမျှ မခံစားကြရပေ။ ဤသည်မှာ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မပြကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ပေးခံရသည့်အခါ အတော်လေး ဝမ်းမြောက်ဝမ်းသာ လက်ခံကြပြီး ကောင်းမွန်သည့် ကြေညာချက်အချို့ ပြုလုပ်ကြသော်လည်း အန္တရာယ်လာသည့်အခါ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ပြေးရာတွင် ပထမ၊ ရှောင်တိမ်းရာတွင် ပထမဖြစ်သည်။ ဤအရာက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့သည် အထူးသဖြင့် ဆိုးရွားပြင်းထန်သည်ကို ပြသည်။ ၎င်းတို့တွင် တာဝန်သိစိတ် သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိကြပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သို့ ထွက်ပြေးပြီး မည်သို့ ပုန်းကွယ်ရမည်ဟူသည်ကိုသာ သိကြကာ မိမိတို့၏ တာဝန်များ သို့မဟုတ် အလုပ်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းကိုသာ စဉ်းစားကြသည်။ မိမိတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက်၊ အန္တိခရစ်များသည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝကို တစ်သမတ်တည်း ပြသကြသည်။ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်များကို ၎င်းတို့ ဦးစားမပေးကြပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သာ၍ပင် ဦးစားမပေးကြပေ။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ ဘာတွေနဲ့ပဲ ရင်ဆိုင်ရပါစေ၊ သူတို့ စဉ်းစားသမျှက သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပဲ။ အထူးသဖြင့် အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ အန္တရာယ်ရှိတဲ့ အရိပ်အယောင်လေး နည်းနည်းတွေ့တာနဲ့ သူတို့ ပထမဆုံး စဉ်းစားတာက သူတို့ရဲ့ တစ်ကိုယ်ရေ လုံခြုံရေးပဲ။ အသင်းတော်ရဲ့ အလုပ် ထိခိုက်မလားဆိုတာကို သူတို့ လုံးဝ ထည့်မစဉ်းစားကြဘူး။ ကျွန်မ ထုတ်ဖော်မိတဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အတူတူပဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဒီတစ်ခေါက် ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရတဲ့သူတွေနဲ့ ငါ အဆက်အသွယ် ရှိခဲ့တယ်၊ ဒါကြောင့် ငါ့လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိမှာပဲလို့ ကျွန်မ အရင်ဆုံး တွေးမိတယ်။ ခေါင်းဆောင်တွေက ကျွန်မကို စာပို့ဖို့ စီစဉ်ပေးတဲ့အခါ၊ ကျွန်မကို ရဲတွေဖမ်းပြီး ရိုက်သတ်မှာကို ကြောက်ခဲ့တယ်။ အဲဒီလိုဆိုရင် အနာဂတ်မှာ ကောင်းတဲ့ အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင် ရှိတော့မှာ မဟုတ်ဘူးလေ။ ဒီတာဝန်ကို ထမ်းဆောင်ရတာက ကိုယ့်ကိုယ်ကိုယ် သေဘေးနဲ့ ကြုံအောင် လုပ်နေတာပဲလို့ ကျွန်မ ခံစားခဲ့ရတယ်၊ အန္တရာယ် အရမ်းများလွန်းတယ်ပေါ့။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ ငြင်းချင်ခဲ့တာ။ နောက်ပိုင်းမှာ၊ အပေါ်ယံကနေ ကျိုးနွံနာခံတဲ့ပုံ ပေါက်နေပေမဲ့၊ ကိုယ့်ဘာသာ အတင်းအကျပ် လုပ်နေခဲ့ရတာ။ အန္တရာယ်ရှိတဲ့ အရိပ်အယောင်လေး နည်းနည်းတွေ့တာနဲ့ ကြောက်ရွံ့လာပြီး အမြဲတမ်း ပုန်းကွယ်ချင်ခဲ့တယ်။ လူသစ်တွေကို ရေလောင်းပေးရတာက ကျွန်မတာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာကို ကျွန်မ ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ကြောက်ရွံ့နေတဲ့စိတ်ကြောင့် စိတ်ကို ငြိမ်အောင်မထားနိုင်ဘဲ လူသစ်တွေနဲ့ မစုဝေးနိုင်ခဲ့ဘူး။ အဲဒီမှာ လူသစ်တွေရဲ့ ပြဿနာတွေ မပြေလည်နိုင်တော့ဘဲ၊ သူတို့တွေ အပျက်သဘောဆောင်မှုတွေနဲ့ အသက်ရှင်ပြီး စုဝေးပွဲတွေတက်ဖို့ မလိုလားတော့ဘူး။ နေရာတိုင်းမှာ၊ ကိုယ့်လုံခြုံရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ ကျွန်မ တွေးခဲ့တယ်။ အသင်းတော်ရဲ့ အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကိုတော့ ဘေးဖယ်ထားခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ တကယ်ကို မရှိခဲ့ဘူး၊ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ ကျွန်မရဲ့ စိတ်နှလုံး နက်နက်ရှိုင်းရှိုင်းကနေ နောင်တရမိတယ်။ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ပြီး၊ အဖမ်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ ဒီအကြောင်းကို တွေးမိလိုက်တော့ ကျွန်မစိတ်နှလုံးက တော်တော်လေး ငြိမ်သက်သွားတယ်။

နောက်ပိုင်းကျတော့ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို ဆက်တိုက်ကြားနေရတော့၊ ကျွန်မရင်ထဲ ပြန်ပြီး တင်းမာလာတယ်။ အဖမ်းခံရတဲ့ ညီအစ်ကိုတွေထဲက တစ်ယောက်ဆိုရင် စုဝေးတဲ့နေရာ သုံးလေးခုကို သိထားတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သူ့ကို စုဝေးတဲ့နေရာတစ်ခုဆီတောင် ကျွန်မ ခေါ်သွားခဲ့သေးတယ်၊ ပြီးတော့ တစ်ယောက်ယောက်ကများ ကျွန်မကို မြင်ပြီး နောက်ကလိုက်လာခဲ့သလားဆိုတာကိုလည်း သေချာ မသိဘူးလေ။ အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မသာ အဖမ်းခံရရင်၊ ရိုက်မသတ်ခံရရင်တောင်မှ ထောင်ထဲမှာ ရောဂါနဲ့ သေသွားနိုင်တယ်လေ။ ဒီအကြောင်း တွေးလေလေ၊ ပိုကြောက်လာလေလေပဲ၊ ပြီးတော့ ထပ်ပြီး ပုန်းကွယ်နေချင်ပြန်တယ်။ ဒါပေမဲ့ နောက်တော့ နောက်ထပ်အတွေးတစ်ခု ဝင်လာတယ်၊ “ငါ ထွက်သွားရင် ဒီက အလုပ်တွေ ဘယ်လိုလုပ်မလဲ။ ငါက အန္တိခရစ်တစ်ယောက်လို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ အသက်ရှင်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အသင်းတော်ရဲ့ အလုပ်ကို လျစ်လျူရှုထားလို့ မရဘူး” လို့ပေါ့။ အပြင်ပန်းမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့၊ ကျွန်မရင်ထဲမှာတော့ ကြောက်ရွံ့တုန်လှုပ်နေတုန်းပဲ။ တစ်ခါတော့ ဝတ်ပြုချိန်အတွင်းမှာ ဒီဘုရားနှုတ်ကပတ်တော်စာပိုဒ်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ “တရုတ်ပြည်မကြီးတွင် ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ နှိပ်ကွပ်ခြင်းနှင့် ဖမ်းဆီးခြင်းများကို တွေ့ကြုံခံစားခဲ့ကြပြီးဖြစ်သကဲ့သို့ အချို့သော စုံစမ်းသွေးဆောင်ခြင်းများကိုလည်း တွေ့ကြုံခံစားခဲ့ကြသည်။ ၎င်းတို့သည် အကြိမ်မည်မျှ အားနည်းပြီး ကျရှုံးခဲ့သည်ဖြစ်စေ သမ္မာတရားကို လိုက်စားနိုင်သောသူအားလုံးသည် တဖြည်းဖြည်း ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာခဲ့ကြပြီး အသက်ဝင်ရောက်မှု ရှိခဲ့ကြသည်။ ၎င်းတို့သည် အတိတ်တွင် တွေ့ကြုံခံစားခဲ့ရသော ပတ်ဝန်းကျင်များနှင့် စုံစမ်းသွေးဆောင်ခြင်းများကို တစ်ဖန်ပြန်လည်ကြုံတွေ့ရပါက ၎င်းတို့တွင် အချို့သော ယုံကြည်ခြင်း ရှိကြလိမ့်မည်။ တစ်နေ့တွင် ၎င်းတို့၏ အတွေ့အကြုံက ၎င်းတို့ကို သေခြင်းကို မကြောက်ရွံ့သည့်အဆင့်သို့ ဆောင်ကြဉ်းလာပြီး လူတို့၏ အသက်နှင့် သေခြင်းသည် အမှန်စင်စစ် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ထားခြင်းကို ခံရကြောင်း ရှင်းလင်းစွာ မြင်နိုင်ပါက ယင်းက ၎င်းတို့၏ ယုံကြည်ခြင်း ပို၍ ကြီးမားလာခဲ့သည်ဟု ဆိုလိုသည် မဟုတ်လော။ ဓမ္မဟောင်းကျမ်းခေတ်ကဲ့သို့ပင် ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့သောအခါ အဘယ်ကြောင့် ခြင်္သေ့များက သူ့ကို မစားခဲ့သနည်း။ အကြောင်းမှာ သူ၌ ယုံကြည်ခြင်း ရှိသောကြောင့် ဘုရားသခင်က ခြင်္သေ့များကို သူ့အား ကိုက်ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဒံယေလသည် သူ၏ စိတ်နှလုံးထဲ၌ မည်သည့်အရာကို တွေးတောနေခဲ့သနည်း။ သူသည် ဘုရားသခင်ကို မညည်းညူခဲ့ပေ။ သူ၏ စိတ်နှလုံးထဲ၌ သူက ‘ဘုရားသခင်က ကျွန်ုပ်ကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့ပြီ။ ကျွန်ုပ်နှင့် ခြင်္သေ့များမှာ ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ကျွန်ုပ်အား စားခွင့်ပြုပါက ယင်းမှာ ကျွန်ုပ် သေရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်က ခွင့်မပြုပါက ခြင်္သေ့များက ကျွန်ုပ်ကို စားမည်မဟုတ်ပေ။ ဤသည်မှာ ကျွန်ုပ်သည် ဘုရားသခင်၏ လက်တော်ထဲ၌ ဆက်လက်အသက်ရှင်သင့်သေးကြောင်းနှင့် ကျွန်ုပ်၏ သက်တမ်းသည် မကုန်ဆုံးသေးဘဲ ကျွန်ုပ် သေဆုံးရန် မဖြစ်သင့်သေးကြောင်း သက်သေပြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဆုံးဖြတ်ချက် ဖြစ်သည်’ ဟု ဆိုခဲ့သည်။ ဒံယေလသည် ဤကိစ္စရပ်ကို ကြုံတွေ့ခဲ့ရသောအခါ ပထမဦးစွာ သူသည် ဘုရားသခင်၏ နာမတော်ကို မငြင်းပယ်ခဲ့ပေ။ ဒုတိယအနေဖြင့် သူသည် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် သံသယမရှိခဲ့၊ ယင်းအပေါ် ဝေဖန်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း ပုန်ကန်ခြင်းမရှိဘဲ ဘုရားသခင်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ခဲ့သည်။ ဤသို့ဖြင့် စာတန်သည် ရှုံးနိမ့်ပြီး အရှက်ရခဲ့သည်။ သို့ဆိုလျှင် ဒံယေလ၏ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့သည် သက်သေခံချက် ဖြစ်သည်။ သင်သည် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု ရှိမှသာလျှင် ထိုသို့သော စမ်းသပ်မှုများကို ကြုံတွေ့ရလိမ့်မည်။ ဘုရားသခင်က သင့်ကို ခြင်္သေ့တွင်းထဲ၌ ထားလျှင်ပင် သင်သည် မကြောက်ရွံ့ဟု ဆိုကြပါစို့၊ ခြင်္သေ့များကလည်း သင့်ကို စားရန် မဝံ့ရဲပါက ဤသည်မှာ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိကြောင်းနှင့် သင်သည် စုံလင်အောင် ပြုခြင်းခံရသည့် လမ်းကြောင်းပေါ်သို့ တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သက်သေပြသည်။ အသက်တာကြီးထွားတိုးတက်ခြင်းသည် ဤအတိုင်းပင် ဖြစ်သည်။ ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရခြင်းသည်လည်း ယောဘ၏ ကြီးမားသော ကြွယ်ဝချမ်းသာမှုများ ရုပ်သိမ်းခံခဲ့ရသကဲ့သို့ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ယောဘ၏ သရုပ်သကန်မှာ အဘယ်အရာဖြစ်သနည်း။ (ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) အဘယ်ကြောင့် သူသည် ကျိုးနွံနာခံနိုင်ခဲ့သနည်း။ အကြောင်းမှာ ယောဘသည် ဘုရားသခင် လုပ်ဆောင်သည့်အရာအပေါ် သံသယမရှိခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဆုလာဘ်များ ချီးမြှင့်သည်ဖြစ်စေ၊ ရုပ်သိမ်းသည်ဖြစ်စေ ယောဘအတွက် ကိစ္စမရှိခဲ့ပေ။ ဘုရားသခင်က တစ်နေ့တွင် ပေးပြီး နောက်တစ်နေ့တွင် ရုပ်သိမ်းလျှင်ပင် ယောဘသည် ကျိုးနွံနာခံနေဦးမည် ဖြစ်သည်။ ဘုရားသခင်က မည်သို့ပင် ပြုမူဆောင်ရွက်သည်ဖြစ်စေ ယောဘအတွက် အဆင်ပြေခဲ့သည်။ သူသည် ဘုရားသခင်ကို ကိုယ်တော်၏အလိုတော်အတိုင်း စီစဉ်ညွှန်ကြားခွင့်ပြုနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သို့ပင် ပြုမူဆောင်ရွက်သည်ဖြစ်စေ ဘုရားသခင်က သူ့ကို လှည့်စားလျှင်ပင် သူသည် ကျိုးနွံနာခံနိုင်ခဲ့ဆဲ ဖြစ်သည်။...စစ်မှန်သော ယုံကြည်ခြင်းတွင် စစ်မှန်သော ကျိုးနွံနာခံခြင်း ပါဝင်ပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းက စစ်မှန်သော ယုံကြည်ခြင်းကို ဖြစ်ပေါ်စေသည်။ သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိပြီး စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိနိုင်ပါက မည်သည့် စမ်းသပ်မှုက သင့်အား အနိုင်ယူနိုင်မည်နည်း။ မည်သည့် ပတ်ဝန်းကျင်က သင့်အား အနိုင်ယူနိုင်မည်နည်း။ မည်သည့်အရာကမျှ သင့်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ သင်သည် ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရလျှင်ပင် ခြင်္သေ့များက သင့်ကို စားရန် မဝံ့ရဲကြပေ။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားမဲ့ဝါဒီနိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်မယ်ဆိုရင် အဖမ်းအဆီးနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ရှောင်လွှဲလို့မရဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ သေရမှာကို မကြောက်ဘဲ ကိုယ့်အသက်ကို ပေးဆပ်နိုင်မယ်ဆိုရင်၊ ဒါဟာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတာပဲလေ။ ဒံယေလလိုပဲပေါ့။ သူက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ယုံကြည်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ရှိခဲ့တယ်။ ခြင်္သေ့တွင်းထဲ ပစ်ချခံရတဲ့အခါ သူက ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင် စီစဉ်ညွှန်ကြားမှုကို သူခံယူခဲ့တယ်။ ဒီနှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခတွေကို ကျွန်မတို့ တွေ့ကြုံခံစားရအောင် ဘုရားသခင်က လုပ်ဆောင်ခဲ့တာဟာ၊ ဒါတွေကတစ်ဆင့် ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းကို စုံလင်အောင် ပြုလုပ်ပေးနိုင်ဖို့ပါပဲ။ ဒံယေလလိုမျိုး၊ ကိုယ့်ရဲ့ အသက်ရှင်ခြင်း ဒါမှမဟုတ် သေဆုံးခြင်းကို ဘုရားသခင်ရဲ့ လက်ထဲ ကျွန်မ အပ်နှံထားသင့်တယ်။ ကျွန်မကို ရဲတွေ ဖမ်းဖို့ ဘုရားသခင် ခွင့်ပြုတယ်ဆိုရင်လည်း ဘုရားသခင်ရဲ့ စီစဉ်မှုတွေကို ကျွန်မ ကျိုးနွံနာခံမှာပါ။ ဘုရားသခင်က အဖမ်းခံရဖို့ ခွင့်မပြုဘူးဆိုရင်တော့ ကိုယ့်တာဝန်ကို သေချာကောင်းမွန်အောင် ထမ်းဆောင်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။

နောက်ပိုင်းမှာ၊ ကျွန်မကို တကယ်ပဲ တို့ထိခဲ့တဲ့ အသင်းတော် ဓမ္မတေးတစ်ပုဒ်ကို နားထောင်ခဲ့ရတယ်။

ခရစ်တော်နောက်သို့ လိုက်ရာတွင် သေသည့်တိုင်အောင် ကျွန်ုပ် မည်သည့်အခါမျှ နောက်ကြောင်းပြန်လှည့်မည် မဟုတ်

နောက်ဆုံးသော ကာလ၏ လူသားသည် သမ္မာတရားကို ဖော်ပြပြီး မရေမတွက်နိုင်သော စိတ်နှလုံးများကို နိုးကြားစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ် မြင်တွေ့ရသဖြင့် ကိုယ်တော့်နောက်သို့ လိုက်လျှောက်ပါသည်။ အဆင်းနီသော နဂါးကြီး စာတန်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အရူးအမူး ဖိနှိပ်ပြီး ဖမ်းဆီးသည်။ ခရစ်တော်နောက်သို့ လိုက်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများသည် သူတို့၏ အသက်ကို စွန့်စား၍ ထမ်းဆောင်ကြရသည်။ တစ်နေ့တွင် ဘုရားသခင်အတွက် သက်သေခံခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းအတွက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဖြစ်ကြောင်း ကျွန်ုပ်စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ နားလည်ပါသည်။ တစ်နေ့တွင် ဧဝံဂေလိတရားဟောခြင်းကြောင့် ကျွန်ုပ် ဖမ်းဆီးခံရပြီး ထောင်ချခံရနိုင်သည်။ ဤသည်မှာ ကိုယ်တော့်နောက်လိုက်သူများအတွက် ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားသော ဆင်းရဲဒုက္ခ ဖြစ်သည်။ ဧဝံဂေလိတရားဟောခြင်း လမ်းကြောင်းတွင် ကျွန်ုပ် မည်မျှကြာအောင် ဆက်လျှောက်နိုင်မည်ကို မသိပါ၊ သို့သော် ကျွန်ုပ် အသက်ရှင်နေသရွေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ချိပြီး ခရစ်တော်အတွက် သက်သေခံပါမည်။ သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန်အတွက်သာ ကျွန်ုပ်သည် မိမိကိုယ်ကို အသုံးခံပါသည်။ ဤဘဝတွင် ခရစ်တော်နောက်သို့ လိုက်ပြီး သက်သေခံရခြင်းက ကျွန်ုပ်စိတ်နှလုံးကို ဂုဏ်ယူမှုများဖြင့် ပြည့်စေသည်။ နိုင်ငံတော် အကောင်အထည်ဖော်မည့် နေ့ရက်ကို ကျွန်ုပ် မမြင်တွေ့နိုင်လျှင်ပင် ယနေ့တွင် သက်သေခံနိုင်ပြီး စာတန်ကို အရှက်ခွဲနိုင်ခြင်းကပင် လုံလောက်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခကြားတွင် ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူ ရှိသည်၊ ကိုယ်တော်သည် ကျွန်ုပ်၏ ကျောထောက်နောက်ခံ ဖြစ်သည်။ ကျွန်ုပ်အသက်တာသည် ခဏတာတောက်သော မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားနိုင်သော်လည်း ဘုရားသခင်အတွက် မာတုရအဖြစ် သေဆုံးရခြင်းသည် အားကောင်းသော သက်သေခံချက်ကို ပေးခြင်းဖြစ်သည်။ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ရေးအတွက် ကျွန်ုပ်၏ သေးငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ခဲ့သည်။ ကျွန်ုပ်တွင် ညည်းညူမှု မရှိ၊ နောင်တရခြင်း မရှိပါ။ ဘုရားသခင်အတွက် သက်သေခံနိုင်သဖြင့် ကျွန်ုပ်ဘဝသည် အလဟဿ မဖြစ်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းချက်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ချီးမွမ်းကာ ကျေးဇူးတင်ပါသည်။

............

—သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ဒီသီချင်းကိုပဲ အထပ်ထပ်အခါခါ နားထောင်ခဲ့တာ။ ခွန်အားတွေရခဲ့သလို၊ ရှက်လည်း ရှက်မိတယ်။ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိတရား ဟောပြောဖို့နဲ့ ဘုရားသခင်အတွက် သက်သေခံဖို့ သူတို့အသက်ကိုတောင် စတေးဖို့ အသင့်ဖြစ်နေကြတာလေ။ နောက်ဆုံးမှာ အာဇာနည်သူရဲကောင်းတွေ ဖြစ်သွားရင်တောင်မှ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားကြမှာပဲ။ ကျွန်မကျတော့၊ ကိုယ့်လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ခြေတချို့နဲ့ ရင်ဆိုင်နေရရုံလေးပဲ၊ ကိုယ့်အသက်ကို စတေးရမယ့် အခြေအနေမျိုး လုံးဝ မဟုတ်ဘူး။ အဲဒီလိုဖြစ်ပေမဲ့လည်း၊ ကျွန်မက အရမ်းကို ကြောက်လန့်သွားပြီး ကိုယ့်တာဝန်တွေကို ဆက်မထမ်းချင်တော့ဘူး ဖြစ်နေတာ။ ဒီညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မက ဘာမှမဟုတ်ဘူး။ ကျွန်မက ကိုယ့်အသက်ကို အရမ်းနှမြောလွန်းတယ်။ ကျေးဇူးတော်ခေတ်က တပည့်တော်တွေကို ကျွန်မ တွေးမိတယ်။ သခင်ယေရှုရဲ့ အမှုတော်ကို သက်သေခံဖို့အတွက် သူတို့တွေ နှိပ်စက်ညှဉ်းပန်းမှုတွေ အများကြီး ခံခဲ့ရတယ်လေ။ ဒါပေမဲ့ သေရမှာကို ကြောက်လို့ဆိုပြီး ဧဝံဂေလိတရား ဟောပြောတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ကြဘူး။ နောက်ဆုံးမှာ သူတို့ဟာ ဘုရားသခင်အတွက် အာဇာနည်သူရဲကောင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ ဇာတိပကတိ သေဆုံးသွားပေမဲ့၊ သူတို့ရဲ့ ဝိညာဉ်တွေက မသေခဲ့ဘူး။ အခြားနည်းလမ်းတစ်ခုနဲ့ သူတို့ ဆက်လက် အသက်ရှင်နေကြတယ်။ သူတို့ရဲ့ သက်သေခံချက်က ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီး၊ သူတို့ရဲ့ သေခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိခဲ့တယ်။ တခြားတစ်ဖက်မှာကျတော့၊ ကြောက်ရွံ့တုန်လှုပ်ပြီး ကိုယ့်အသက်ကို ကယ်ဖို့ပဲ ဂရုစိုက်တဲ့သူတွေက၊ ကိုယ့်အသက်ဆက်ရှင်ဖို့အတွက် ယုဒဖြစ်သွားပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ ဆက်အသက်ရှင်ခဲ့ပေမဲ့၊ သူတို့ရဲ့ စိတ်၊ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ နောက်ဆုံးမှာတော့ ထာဝရ ဖျက်ဆီးခံလိုက်ရကြပြီလေ။ ဒါကို နားလည်သွားပြီးတဲ့နောက်မှာတော့ သေခြင်းတရားရဲ့ ဘောင်ခတ်တာကို ခံရပြီး ကျွန်မ မကြောက်တော့ဘူး။ တစ်နေ့နေ့မှာ ကျွန်မ တကယ် အဖမ်းခံရရင်တောင်၊ အဲဒါက ကျွန်မ ခံယူသင့်တဲ့ သက်သေခံချက်ပဲ။ ယုဒဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ရမယ့်အစား သေဖို့ကိုပဲ ရွေးချယ်သွားမယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်၊ “ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)) ဘယ်လိုပတ်ဝန်းကျင်နဲ့ပဲ ရင်ဆိုင်ရပါစေ၊ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ဖြစ်လို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တာပေါ့။ အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် ဘုရားသခင်နောက်ကို လိုက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရပါမယ်။ နောက်ပိုင်းမှာ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ပြန်ထမ်းဆောင်ခဲ့တယ်။ အဖမ်းခံရတဲ့ ညီအစ်ကို သွားဖူးတဲ့ ဧည့်ခံတဲ့ မိသားစုတွေကို အမြန်ပြောင်းရွှေ့နိုင်အောင် ကျွန်မ မြန်မြန်ဆန်ဆန် အကြောင်းကြားပေးခဲ့တယ်။ ဒီကိစ္စကြောင့် တခြား ဘယ်ညီအစ်ကိုမောင်နှမမှ အမှုမပတ်ခဲ့ဘူး။ အဖမ်းခံရမှာကို ကြောက်ပြီး အခြေအနေ မကောင်းဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမ တချို့ရှိနေရင်၊ သူတို့ကို ရှာပြီး မိတ်သဟာယပြုပေးခဲ့တယ်။ လူတွေ ပိုပိုပြီး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလာကြတော့၊ ဒီလူသစ်တွေကို ရေလောင်းပေးဖို့ ခေါင်းဆောင်တွေက ကျွန်မကို တောင်းဆိုတယ်။ ကျွန်မ တက်တက်ကြွကြွပဲ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ သဘာဝအကြောင်းကို ကျွန်မ နားလည်မှုတချို့ ရရှိခဲ့တယ်။ ကျွန်မရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၄၄။ ကိုယ့်သိက္ခာကိုယ် ကျွန်မ ဆက်မကာကွယ်တော့ပါ

နောက်တစ်ခုသို့- ၅၀။ ကောင်းကင်နိုင်ငံတော်ဆီသို့ သွားသည့်လမ်းကြောင်းတွင် ကျွန်ုပ်ကို မည်သူတားဆီးသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၂၁။ ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။