၁ ကောင်းကင်နိုင်ငံတော်သီချင်း (၁)
ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ

၁ လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် ငါ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။

၂ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ အထက်ကောင်းကင်က ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် ငါ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။

၃ ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကောင်းကင်နိုင်ငံတော်သီချင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ကျမ်းဦးစကား

နောက်တစ်ခုသို့- ၂ ကောင်းကင်နိုင်ငံတော်သီချင်း (၂)
ဘုရားသခင်လာရောက်စိုးစံပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ကမ္ဘာပေါ်သို့ကြွလာပြီ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။