၆။ နားထောင်ပါ။ စကားပြောသည့်သူမှာ မည်သူနည်း။

ဇောင်လီ၊ တရုတ်ပြည်

အသင်းတော် တရားဟောဆရာတစ်ယောက် အနေဖြင့် ဝိညာဉ်ရေးရာ ဆုတ်ယုတ်ကုန်ခမ်းစေခြင်းနှင့် တရားဟောစရာ မည်သည့်အရာမျှ မရှိခြင်းတို့ထက် ပိုမိုနာကျင်ဖွယ်ကောင်းသည့်အရာ မရှိပါ။ ညီအစ်ကို မောင်နှမများ ပို၍ပို၍နည်းပါးစွာ ဝတ်ပြုစည်းဝေးပွဲများသို့ ရောက်ရှိ လာသည်ကို မြင်သည့်အတွက် ကျွန်မ ခိုကိုးရာမဲ့သည်ဟု ခံစားခဲ့ရပြီး၊ စိတ်အားထက်သန်စွာ ဆုတောင်းရန်နှင့် ညီအစ်ကိုမောင်နှမတို့၏ ယုံကြည်မှုကို အားကောင်းလာစေဖို့ တောင်းလျှောက်ရန် သခင့် ရှေ့တော်မှောက်သို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့သည်။ သို့သော်လည်း အသင်းတော်၏ ယိုယွင်းပျက်စီးမှုသည် လုံးဝ မတိုးတက်ဘဲ၊ ကျွန်မက အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း တို့တွင်ပင် အသက်ရှင်ခဲ့ရသည်...

တစ်နေ့တွင် အစ်ကိုဝမ် နှင့် အစ်ကိုလင်းတို့ ရုတ်တရက် ပေါ်လာချိန်တွင် ကျွန်မက အိမ်တွင် အလုပ်လုပ်နေပြီး၊ သူတို့ကို ပျော်ရွှင်စွာ အထဲပေးဝင်ခဲ့သည်။ အာလာပသလ္လာပများ ပြောပြီးနောက် အစ်ကိုဝမ်က “အစ်မဇို၊ အစ်မ စိတ်ဝိညာဉ်က လက်ရှိမှာ ဘယ်လို နေလဲ။” ဟု ပြောခဲ့သည်။ ကျွန်မက သက်ပြင်းချပြီး “ပြောမနေ ပါနဲ့တော့။ အခုကျွန်မက စိတ်ဝိညာဉ်မှာ အားနည်းနေတယ်။ ပြီးတော့ ကျွန်မဒေသနာတွေမှာ ဘာမှကို ဟောစရာမရှိဘူး။ ညီအစ်ကို မောင်နှမတွေကလည်း အပျက်သဘောဆောင်ပြီး၊ အားနည်းနေကြ တယ်။ အသင်းတော်မှာ တစ်ယောက် တစ်လေတောင်ရှိခဲလှတယ်။” ဟု ပြောလိုက်သည်။ အစ်ကိုလင်းက “အစ်မဇို၊ ဒေသနာတွေမှာ ဘာမှ ဟောစရာမရှိဘဲ၊ အသင်းတော်မှာ တစ်ယောက်တစ်လေတောင် မရှိရတဲ့ အကြောင်းအရင်းတို့ကို အစ်မသိလား။” ဟု မေးလေသည်။ သူစကားပြောပြီးသည်နှင့် တပြိုင်နက်၊ ကျွန်မက “ဒါက ငါသိချင်တဲ့ ဟာပဲ။ သူတို့က အကြောင်းအရင်းကို တကယ်သိနိုင်လား။” ဟု တွေးမိသည်။ ကျွန်မက ကမန်းကတန်း မေးလိုက်သည်၊ “ဘာဖြစ်လို့ လဲ။” အစ်ကိုဝမ်က “သခင်က ပြန်ကြွလာပြီးဖြစ်လို့လေ။ သူက ဒုတိယ အကြိမ် လူ့ဇာတိခံခဲ့ပြီး၊ သူ့နှုတ်ကပတ်တော်တွေကို မိန့်မြွက်နေပြီး၊ အမှုတော်အသစ်ကို ပြုနေတယ်။ ညီအစ်ကိုမောင်နှမတွေ အတော် များများက နိုင်ငံတော်ခေတ်မှာ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံ ပြီးကြပြီ၊ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လက်ရှိအမှုတော်ရဲ့ ရေစီးကြောင်းနဲ့အထဲမှာ အသက်ရှင်ကြတယ်။ သူတို့အခြေအနေတွေ က ပိုပိုကောင်းလာကြတယ်။ ဘုရားအမှုတော်အသစ်နဲ့ အမီမလိုက် ကြတဲ့ လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ဆုံးရှုံးကြတယ်၊ ဒါ့ကြောင့် သူတို့မှာ တရားဟောစရာ ဘာစကားလုံးမှ မရှိဘဲ၊ အပျက်သဘောဆောင်ပြီး၊ အားနည်းကြတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို အလျင်စလို အမီလိုက်ရမယ်။” ဟု ပြောလေသည်။ ဤအရာကိုကြားပြီးနောက်၊ ကျွန်မ၏ စီနီယာ လုပ်ဖော်ကိုင်ဖက် ၏ စကားများကို ရုတ်တရက် သတိရမိသည်၊ “တစ်ယောက်ယောက် ဘုရားသခင်ဟာ အမှုတော်အသစ်ကို ပြုဖို့ ကြွလာတယ်၊ သူက နှုတ်ကပတ်တော်အသစ်တွေကို မိန့်မြွက်တယ်လို့ ပြောခဲ့ရင်၊ အဲဒါဟာ သမ္မာကျမ်းစာကနေ သွေဖည်နေပြီး၊ သမ္မာ ကျမ်းစာက သွေဖည်တာဟာ သခင့်ကို မယုံကြည်တာပဲ။ အဲဒါဟာ အယူဝါဒကို စွန့်ပယ်တာပဲ။” ဤအရာကို တွေးလျက်၊ ကျွန်မက “သမ္မာကျမ်းစာက သွေဖည်တာက သခင့်ကို မယုံကြည်တာပဲလို့ စီနီယာ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မတို့ကို မကြာခဏ မပြောဘူး လား။ ဒါကို အစ်ကိုတို့အားလုံး သိသင့်တယ်၊ သမ္မာကျမ်းစာက သွေဖည်တာဟာ သခင့်လမ်းခရီးကနေ သွေဖည်တာပဲ။ အစ်ကိုတို့က ဒီလမ်းခရီးကို ကျွန်မကို တရားဟောဖို့ ဘယ်လိုလုပ်ပြီး ကြိုးစားရဲ တာလဲ။” ဟု အလေးအနက် ပြောလိုက် သည်။ ဤအရာကို ပြောရင်း ကျွန်မ ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။ အစ်ကိုလင်းက “အစ်မဇို၊ စိတ်မရှုပ်ပါနဲ့။ အစ်မက ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်ပြီး၊ စိတ်အား ထက်သန်တယ် ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့က အစ်မကို ဘုရားသခင်ရဲ့ အမှုတော် အသစ်အကြောင်း ပြောနေကြတာပါ။ ကျွန်တော်တို့က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီ။ ကျွန်တော်တို့က သခင့်ပြန်ကြွလာ ခြင်းကို အမြဲတမ်း စောင့်မျှော် မနေခဲ့ကြဘူးလား။ အခု သခင်က ပြန်ကြွလာပြီ၊ ပြီးတော့ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း အမှုပြုနေတယ်။ ဒါက ထူးကဲတဲ့ သတင်းပဲ။ ကျွန်တော်တို့ ဝီရိယရှိရှိ ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးရမယ်၊ ပြီးတော့ သခင့်ကို ကြိုဆိုဖို့ အခွင့်အလမ်းကို လက်လွတ်လို့ မဖြစ်ဘူး။” ဟု ပြောခဲ့သည်။ အစ်ကိုလင်း စကားဆုံးဖို့ကို မစောင့်ဘဲ၊ ကျွန်မလက်ကို မြှောက်ကာ၊ သူ့ကို ကျယ်လောင်စွာ ကြားဖြတ်ပြောလိုက်သည်၊ “ရပ်တော့၊ ရပ်တော့၊ ရပ်တော့။ ထပ်မပြောပါနဲ့တော့။ သမ္မာကျမ်းစာက သွေဖည် တဲ့ အရာကို ကျွန်မ ယုံကြည်မှာ မဟုတ်ဘူး။ အစ်ကိုတို့က သခင့် လမ်းခရီးအတိုင်း မလိုက်နာပေမဲ့၊ ကျွန်မကတော့ လိုက်နာရမယ်။” ကျွန်မက တကယ့်ကို နားမထောင်နေသည်ကို သူတို့တွေ့သောကြောင့်၊ ထွက်ခွာသွားရုံ မျှလွဲပြီး၊ ရွေးချယ်စရာ မရှိခဲ့ပါ။ နောက်ပိုင်းတွင် သူတို့ အကြိမ်အနည်းငယ် ပြန်လာကြသော်လည်း၊ ကျွန်မ သူတို့ကို လျစ်လျူရှုခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မကို ဧဝံဂေလိဟောကြားဖို့ အစ်ကိုဝမ်နှင့် အစ်ကိုလင်းတို့က ညီအစ်မနှစ်ယောက်ဖြင့် ကျွန်မအိမ်သို့ လာခဲ့ကြ သည်။ ထိုနေ့က ကျွန်မ၏ခင်ပွန်းက အပြင်တွင် အလုပ်လုပ်နေစဉ် ကျွန်မက နေအိမ်တွင် ပဲကောက်နေခဲ့သည်။ သူတို့လာသည်ကို ကျွန်မ တွေ့ပြီး၊ သူတို့ကို အိမ်ထဲပေးဝင်ခဲ့သည်။ သူတို့ကို ကျွန်မ မြင်သည်နှင့် တစ်ပြိုင်နက်၊ ကျွန်မ၏ နှလုံးသားက ရင်ခုန်နှုန်း စမြန်လာခဲ့သည်။ သူတို့ဘာဖြစ်လို့ ပြန်လာကြပြီး၊ သူတို့နဲ့အတူ စစ်ကူနှစ်ယောက်ပါ ခေါ်လာရတာလဲ။” သူတို့ လေးယောက် အိမ်ထဲဝင်ပြီး၊ ကျွန်မကို နှုတ်ခွန်းဆက်ပြီးနောက်၊ ကျွန်မ၏ ခင်ပွန်းနှင့် စတင်မိတ်သဟာယ ပြုကြသည်။ ကျွန်မက ပို၍ပင် စိုးရိမ်ကြောင့်ကြလာပြီး၊ “သူတို့ ဟောကြားတဲ့ဟာတွေက သမ္မာကျမ်းစာကနေ သွေဖည်နေလို့ ငါက ငါ့ယောက်ျားကို စောင့်ကြည့်ရမယ်၊ ပြီးတော့ သူ့ကို ဘာမှ သိမှတ်ခွင့် ပေးလို့မဖြစ်ဘူး။” ဟု မိမိဘာသာတွေးခဲ့သည်။ သူတို့ကို ကျွန်မ မောင်းထုတ်ချင် သော်လည်း၊ ကျွန်မ ခင်ပွန်းက ကျွန်မကို စိတ်ဆိုး မည်ကို စိုးရိမ်ခဲ့သည်။ ကျွန်မမှာ သူတို့ပြောသမျှ တစ်ခုမျှ မမှတ်သား သော်လည်း၊ တိတ်တဆိတ်နေရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် ကျွန်မ၏ ခင်ပွန်းက နားထောင်ပြီး၊ သူ့ခေါင်းကိုညိတ်ကာ၊ “ဟုတ်ပ။ မှန်တယ်။ ဟုတ်တယ်။ အဲဒါက ဒီလိုကိုး။ ခင်ဗျားတို့ ရှင်းပြတာ ကောင်းလိုက်တာ။” ဟု ပြောခြင်းမှ သူ့ကိုယ်သူ မရပ်နိုင်ခဲ့ပါ။ ကျွန်မ၏ ခင်ပွန်း အလွန်ထောက်ခံ အားပေးနေသည်ကို မြင်သည့်အတွက်၊ ကျွန်မ ရုတ်တရက် ဒေါသအမျက်ခြောင်းခြောင်းထွက်ပြီး၊ ကျွန်မ ခင်ပွန်းကို လက်ညှိုးထိုးကာ “ဘာက မှန်တာလဲ။ ရှင်က ကျမ်းစာ ဘယ်လောက် ဖတ်ပြီးလို့လဲ။ ရှင်က ဘုရားကို ယုံကြည်တာ ဘယ်လောက် ကြာပြီလဲ။ သခင့်ကို ရှင် ဆုတောင်းပြီးပြီလား။ ရှင်က ‘မှန်တယ်၊ မှန်တယ်၊ မှန်တယ်’တော့ ပြောနေတယ်၊ ဒါပေမဲ့ ရှင်က ဘယ်လောက် နားလည်လို့လဲ။” ဟု မာဆတ်ဆတ် ပြောလိုက်သည်။ ကျွန်မထိုသို့ ဝုန်းဒိုင်းကြဲနေရင်း၊ အခန်းက ရုတ်တရက် ငြိမ်ကျသွားပြီး၊ သူတို့အချင်းချင်း ကြည့်လိုက်ကြသည်။ ကျွန်မ ခင်ပွန်းက “မအော်ပါနဲ့။ အရင်နားထောင်။ အဲဒါ ငါတို့အတွက် ကောင်းတယ်။ မင်းနားမထောင် ရင်၊ အဲဒါက မှန်တယ်၊ မှားတယ် မင်းဘယ်လိုလုပ်ပြီး သိနိုင်မလဲ။” ဟု ကျွန်မကို အလောတကြီး ပြောလိုက်သည်။ သူ့အား သူတို့ကို နားထောင်ခြင်းမှ မတားနိုင်သည့်အတွက်၊ ကျွန်မက ကျယ်လောင် သော အသံများ တမင်သက်သက်လုပ်လျက် ပဲများကို ဒေါသတကြီး လက်နှစ်ဖက်ဖြင့် ခေါက်တုံ့ခေါက်ပြန် တွန်းခဲ့ပြီး၊ “ရှင့်ကို ပေး နားထောင်ရမယ်ဟုတ်လား။ ကျွန်မ ရှင့်ကို ဘာတစ်ခုမှ ပေးမကြား ဘူး။ ငါဒါကို အဆုံးသတ်မယ်။” ဟု တွေးမိသည်။ သို့သော်လည်း ပဲများဖြင့် အသံကျယ်အောင် လုပ်ခြင်းက ကျွန်မခင်ပွန်းကို သူတို့ မိတ်သဟာယအား နားထောင်ခြင်းမှ မတားဆီးနိုင်ခဲ့ပါ။ ဆန့်ကျင်ဖက် အားဖြင့် သူက စကားပြောပြီး၊ သူတို့လေးယောက်နှင့် ရယ်မောနေ ကြကာ၊ သူတို့ မိတ်သဟာယက သဟဇာတအဖြစ်ဆုံးဖြစ်လေသည်။ အနည်းငယ်ကြာပြီးနောက်၊ ကျွန်မခင်ပွန်းက “အိုး၊ လီရေ။ သခင်က တကယ့်ကို ပြန်ကြွလာပြီ။ ဒီစာအုပ်ရဲ့ နှုတ်ကပတ်တော်တွေက ဘုရားသခင်ရဲ့ ကိုယ်ပိုင် မိန့်မြွက်ချက်တွေပဲ။ အဲဒါက အရမ်းထူးကဲ တယ်။ လီရေ၊ ကိုယ်တို့အတွက် တစ်ခုခုသွား ချက်ပါလား။” ဟု ကျွန်မကို ပျော်ရွှင်စွာ ပြောလာခဲ့သည်။ ကျွန်မက သူ့ကို ရန်လုပ်သည့် အကြည့် တစ်ချက်ကြည့်ပြီး၊ မည်သည့်အရာမျှ ပြန်ပြောခဲ့ပါ။ နောက်ပိုင်းတွင် အစ်ကိုလင်းက တိတ်ခွေတစ်ချို့၊ ဓမ္မသီချင်း စာအုပ် တစ်အုပ် နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မိတ္ထူ တစ်အုပ်တို့ကို ကျွန်မခင်ပွန်းနှင့် ထားခဲ့ပြီးနောက် ထွက်သွားကြသည်။ ကျွန်မက နောက်ထပ် သည်းမခံနိုင်တော့ဘဲ၊ ကျွန်မ ခင်ပွန်းကို “ဘုရားသခင်ကို ယုံကြည်ဖို့ဆိုတာ ကျွန်မတို့ သမ္မာကျမ်းစာကနေ သွေဖည်လို့မရဘူး၊ ပြီးတော့ သမ္မာကျမ်းစာက သွေဖည်တာဟာ ဘုရားသခင်ကို မယုံကြည်တာပဲလို့ စီနီယာ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်မတို့ကို ဘယ်နှစ်ခေါက် ပြောခဲ့လဲ။ ရှင်မေ့သွားပြီလား။ ဒီကိစ္စကို ရှင်ဘာဖြစ်လို့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ မရပ်တည်နိုင်ရတာလဲ။” ဟု ပြောလိုက်သည်။ ကျွန်မခင်ပွန်းက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ၊ “သူတို့ပြောနေတာတွေက သမ္မာကျမ်းစာက မသွေဖည်ပေမဲ့ သမ္မာကျမ်းစာထက် ပိုမြင့်ပြီး၊ ပိုနက်ရှိုင်းတယ်။ အဲဒီအပြင်ကို သူတို့ ဖြန့်ဝေနေတဲ့ ဘုရားသခင်ရဲ့ အမှုတော်အသစ်က သခင့် နှုတ်ကပတ်တော်နဲ့ ဗျာဒိတ်ကျမ်းရဲ့ ပရောဖက်ပြုခြင်းတွေကို ပြည့်ဝ စေတယ်။ သူတို့ မိတ်သဟာယကို နားထောင်ပြီးနောက်မှာ ကိုယ်အရင် က နားမလည်ခဲ့တဲ့ သမ္မာကျမ်းစာထဲက အရာတွေ တော်တော် များများနဲ့ ပတ်သက်ပြီး၊ ကိုယ် နားလည်သဘောပေါက်ပြီး၊ ရှင်းသွား တယ်။ သူတို့ သက်သေခံတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိက စစ်မှန်တဲ့ လမ်းခရီးဖြစ်တယ်။ မင်းမျက်လုံးတွေ ဖွင့်လိုက်ပါ၊ ပြီးတော့ ကြည့်လိုက်။ ငါတို့အသင်းတော်မှာ လူနည်းနည်း ပဲ ကျန်တော့တယ်။ အသင်းတော်က ယိုယွင်းပျက်စီးလာ ပြီ။ ဒါလည်း မင်းက စီနီယာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားတွေကို မစွန့်သေးဘူး။ ဒါက အရမ်းကို မမိုက်မဲဘူးလား။ မင်း မြန်မြန်လုပ်ပြီး၊ ဒါကို စုံစမ်း စစ်ဆေးရင် ကောင်းမယ်။” ဟု ပြောလေသည်။ သူဤအရာကို ပြောသည်ကို ကြားလျက်၊ ကျွန်မက “ရှင်ကဘာသိလို့လဲ။ သမ္မာ ကျမ်းစာက သွေဖည်တာဟာ သခင့်ကို သစ္စာဖောက်တာပဲ။ ရှင်က သမ္မာကျမ်းစာကို မလိုက်နာရင်၊ ကျွန်မ လိုက်နာမယ်” ဟု ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ဤနောက်ပိုင်းတွင် နေ့တိုင်း ကျွန်မ ခင်ပွန်းက အချိန်ရှိသည်နှင့် တစ်ပြိုင်နက်၊ အစ်ကိုလင်းထားခဲ့သည့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို သူဖတ်ခဲ့သည်။ တစ်ရက်တွင် ကျွန်မ ခင်ပွန်းက အရုဏ်မတက်မီ ထိုစာအုပ်ဖတ်ဖို့ အိပ်ရာထခဲ့သည်။ မှင်တက်စွာဖြင့် ကျွန်မခင်ပွန်းက- “သင် မေ့လျော့ပြီလော။...သင် အမှန်တကယ် မေ့လျော့သွားပြီလော။...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ဟု ဖတ်သည်ကို ကျွန်မ ကြားလိုက်သည်။ သူအသံထွက်ဖတ်သည်ကို ကြားလျက်၊ ကျွန်မ အနည်းငယ် ဒေါသထွက်ပြီး တွေးမိသည်။ မနက်အစောကြီးမှာ၊ ပြီးတော့ လူတွေကို ပေးမအိပ်ဘူး။ ခဏကြာပြီးနောက်၊ ကျွန်မ သဲ့သဲ့ကြားလိုက်သည်။ “အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ ‘ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ’ ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ထူးဆန်းလိုက်တာ။ သခင်ယေရှုကို ဒီစာအုပ်မှာ ဘာဖြစ်လို့ ဖော်ပြ ထားတာလဲ။ ငါနားကြားများ မှားနိုင်လား။ ထို့နောက် ကျွန်မက “သင် မေ့လျော့ပြီလော။...သင် အမှန်တကယ် မေ့လျော့သွားပြီလော။...” ဟု ရှင်းရှင်းလင်းလင်း ကြားရသည်။ ဤအရာကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မစိတ်နှလုံးက အနည်းငယ် စိတ်လှုပ်ရှားပြီး၊ နောက်ထပ် အိပ်စက်၍ မရတော့ပါ။ ကျွန်မက “ဒီစကားတွေကို ဘယ်သူက ပြောခဲ့တာလဲ။ အိုဘုရားသခင်။ ဒီမေးခွန်းကို ကျွန်မကို မေးနေတာ ကိုယ်တော်လား။ အဲဒါက ကိုယ်တော်က ကျွန်မကို ဒီစကားတွေကို ပြောနေသလိုပဲ။ အဲဒီစကား တွေက အရမ်းသိမ်မွေ့တယ်။ ငါ အမြန်ထပြီး၊ မနက်စာလုပ်ရမယ်။ မနက်စာပြီးတော့ အဲဒီစာအုပ်က သမ္မာကျမ်းစာနဲ့ တကယ်သွေဖည် လား မသွေဖည်ဘူးလား၊ ပြီးတော့ အဲဒါတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တေွ ဟုတ်မဟုတ် ဆိုတာ တွေ့ဖို့၊ အဲဒီစာအုပ်မှာ ဘာပြောထားတယ်ဆိုတာကို အဆုံးမှာတော့ ငါ တွေ့မှာပဲ။” ဟု မိမိကိုယ်ကို ပြောခဲ့သည်။

မနက်စာစားပြီးနောက်၊ ကျွန်မခင်ပွန်းက စာအုပ်ထပ်ဖတ်ဖို့ သွားလေသည်။ ကျွန်မက မိမိဘာသာ တွေးမိသည်။ သူက ငါ့ကို သူနဲ့အတူဖတ်ဖို့ ဘာဖြစ်လို့ မခေါ်တာလဲ။ ကျွန်မက တံခါးမှာ အကြာကြီး ရပ်နေခဲ့သော်လည်း၊ ကျွန်မခင်ပွန်းက စာအုပ်ထဲမှာ စျာန်ဝင်နေပြီး၊ ကျွန်မကို သတိမထားမိပါ။ ထို့ကြောင့် ကျွန်မ မီးဖိုချောင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခဲ့သည်။ ကျွန်မ အရမ်း စိတ်ပူမိသည်။ ထိုစာအုပ်ထဲတွင် ရေးထားသည့်အရာကို ကျွန်မ တကယ်ဖတ်ချင်ပါသည်။ ထို့ကြောင့် အခန်းထဲသို့ ခေါင်းပြူကြည့်ပြီး၊ ကျွန်မခင်ပွန်းက စာအုပ်ထဲတွင် စျာန်ဝင်နေဆဲဖြစ်သည်ကို ကျွန်မ မြင်ရသည်။ ကျွန်မလည်း ထိုစာအုပ်ကို သွားဖတ်ချင်သော်လည်း၊ ညီအစ်ကိုမောင်နှမများက ကျွန်ကို မကြာခဏ လာတရားဟောခဲ့ပြီး၊ ကျွန်မက မည်သို့ငြင်းဆန်ခဲ့သည်ကို တွေးမိသည့်အချိန်တွင်၊ ကျွန်မက လက်ဦးမှုယူပြီး သွားဖတ်ပါက၊ ကျွန်မကို ကျွန်မခင်ပွန်းက ဝေဖန်မလား မဝေဖန်ဘူးလား ဆိုသည်ကို တွေးမိသည်။ သူက ကျွန်မကို ဝေဖန်ခဲ့ပါက၊ ကျွန်မ အလွန် အရှက်ရမည် ဖြစ်သည်။ ဤအရာကို တွေးလျက်၊ ကျွန်မ နောက်ကြောင်းပြန်လှည့်ခဲ့သည်။ ကျွန်မ အပြင်မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း၊ မနက်က ကျွန်မခင်ပွန်း အသံထွက် ဖတ်ခဲ့သည့် စကားများကို ကျွန်မ သတိရပြီး၊ ပို၍ပင် စိုးရိမ်ကြောင့်ကြခဲ့သည်။ ကျွန်မက တွေးမိသည်။ ဒါက အဆင်ပြေမှာမဟုတ်ဘူး။ အဲဒီစာအုပ်ဘာအကြောင်းအရာလဲ ဆိုတာ ငါသွားကြည့်ရမယ်။ သို့သော်လည်း တံခါးဆီသို့ ရောက်ချိန်တွင် ကျွန်မ တစ်ဖန် နောက်ဆုတ်လိုက်ပြန်သည်။ မျောက်အုန်းသီးရထားသကဲ့သို့ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်း မသိခဲ့ပါ။ နောက်ဆုံးတွင် ကျွန်မ ဆုံးဖြတ်ချက် ချလိုက်သည်။ အို။ ဘုရားသခင်က ငါ့ကို ထုတ်ပြော စေချင်တယ်။ ဘယ်သူကများ ငါ့ကို အဲဒီလို စကားပြောဖို့ ပြောပြီး၊ ငါ့ယောက်ျား အကြံကို နားမထောင်ဖို့ ပြောတာလဲ။ ထို့ကြောင့် ကျွန်မက အားတင်းလိုက်ပြီး၊ အခန်းထဲသို့ လျှောက်သွားပြီး၊ ရဲဆေးတင်လျက်၊ “ကျွန်မ ရှင်နဲ့ အတူဖတ်လို့ရမလား။” ဟု ကသိ ကအောက်ဖြစ်စွာ ပြောလိုက်သည်။ သူက ကျွန်မကို ဖျတ်ခနဲကြည့်ပြီး၊ အလွန်အံ့အားသင့်သွားပုံရသည်၊ ပြီးနောက် ကြည်နူးစွာဖြင့် “လာ၊ လာ။ အတူဖတ်ကြရအောင်။” ဟု ပြောလေ သည်။ ထိုအခိုက် အတန့်တွင်၊ ကျွန်မက အလွန်အမင်း တို့ထိခံရသည်။ ကျွန်မ စိတ်ကူးထားခဲ့သကဲ့သို့ ကျွန်မ ခင်ပွန်းက ကျွန်မကို မဝေဖန်ခဲ့ပါ။ ကျွန်မ၏ စိုးရိမ်ကြောင့်ကြသည့် စိတ်နှလုံးက နောက်ဆုံးတွင် နေသားကျသွားပြီး၊ ကျွန်မ ခင်ပွန်းနှင့် စာအုပ်ကို ပျော်ရွှင်စွာ ဖတ်ခဲ့သည်။ သို့သော် ထိုစာအုပ်ထဲမှ စကားများက မနက်အစောပိုင်း အချိန်က ကျွန်မကြားရသည့် အရာများ မဟုတ်ပေ။ ထို့နောက်တွင်ပင် ကျွန်မ ခင်ပွန်းက အပြင်ထွက်သွားသည်၊ ပြီးလျှင် ကျွန်မက ထိုစာအုပ်၏ စာမျက်နှာများကို ကမန်းကတန်း လှန်လှောကြည့် ခဲ့သည်။ ရုတ်တရက် ကျွန်မ ရှာဖွေနေသည့်အရာကို ကျွန်မ တွေ့သွားပြီး၊ ကျွန်မက ပျော်ရွှင်စွာ အသံထွက်ဖတ်ခဲ့သည်။ “ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ ‘ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ’ ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ ‘ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော’ ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ ‘ကျွန်ုပ် မမေ့လျော့ပါ’ ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ ‘တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်’ ဟု ပြောခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ) ၎င်းကို ကျွန်မ အကြိမ်အနည်းငယ် ဖတ်ရှုခဲ့ပြီး၊ ကျွန်မ ပို၍ဖတ်ရှုလေ၊ ထိုစကားများသည် သမ္မာကျမ်းစာမှ မသွေဖည်ဟု ခံစားရလေ ဖြစ်သည်။ ၎င်းတို့က သမ္မာကျမ်းစာထက် ပိုရှင်းလင်းပြီး၊ ပိုပွင့်လင်းမြင်သာခဲ့သည်။ သို့သော်လည်း ကျွန်မ၏ စီနီယာ လုပ်ဖော်ကိုင်ဖက်များက “ဘုရားသခင်က အမှုတော်အသစ်ကို ပြုဖို့ ကြွလာပြီး၊ နှုတ်ကပတ်တော် အသစ်တွေကို မိန့်မြွက်နေ တယ်ဆိုတဲ့ သတင်းစကားကို ဖြန့်ဝေတဲ့ ဘယ်သူမဆိုက သမ္မာ ကျမ်းစာကနေ သွေဖည်နေပြီး၊ သမ္မာကျမ်းစာက သွေဖည်တာဟာ သခင့်လမ်းခရီးက သွေဖည်တာပဲ။” ဟု ပြောခဲ့လေသည်။ သို့သော်လည်း သူတို့ပြောသည့်အရာများသည် အမှန်တရားနှင့် မကိုက်ညီပါ၊ ကိုက်ညီပါသလား။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကျွန်မ ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်။ ဒါတွေအားလုံး ဘာကိုဆိုလို တာပါလဲ။ ကျွန်မ ကိုယ်တော့် အလိုတော်ကို နားလည်သဘောပေါက် နိုင်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး၊ အလင်းပြတော်မူပါ။...”

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ၏) အစဉ်အလာ နည်းလမ်းဖြင့် ယုံကြည်မှုသည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်း ဖြစ်ခဲ့သည်။ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး၊ လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာကျမ်းစာအား ရှင်းလင်းဖော်ပြမှု ဖြစ်ရပေမည်။ ဆိုလိုသည်မှာ၊ သင်က သခင့်ကို ယုံကြည်လျှင်၊ သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သမ္မာကျမ်းစာမှလွဲ၍ သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်ရပေ။ သင်က ထိုသို့ ပြုလုပ်လျှင်၊ ဘုရားသခင်အား သစ္စာဖောက်နေခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မစိတ်နှလုံးကို အမှန်တကယ် တို့ထိခဲ့သည်။ ဤအရာသည် ကျွန်မအကြောင်း အမှန်တကယ် ပြောနေခြင်း မဟုတ်ပါလား။ သခင့်ကို ကျွန်မ စတင်ယုံကြည်သည့် အချိန်ကို ပြန်ပြောင်းတွေးကြည့်လျက်၊ ဤသည်မှာ ကျွန်မ၏ ယုံကြည်မှုကို ထိန်းသိမ်းသည့် ပုံစံဖြစ်သည်။ ကျွန်မက သမ္မာကျမ်းစာကို မိမိ၏ အသက်သွေးကြောအဖြစ် သဘောထားသည်။ ကျွန်မက သမ္မာကျမ်းစာကို ဖတ်ပြီးတိုင်း ကလေးများ ကိုင်မည်ကို ကြောက်သည့်အတွက် အမြင့်တစ်နေရာတွင် ထားရသည်။ သမ္မာကျမ်းစာကို ကျွန်မက အရာအားလုံး၏ အပေါ်တွင် ထားပြီး၊ သမ္မာကျမ်းစာမှ သွေဖည်ခြင်းသည် သခင့်ကို သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်ဟုပင် တွေးမိသည်။ ဤအရာကိုလုပ်သည်မှာ ကျွန်မ မှားနေခဲ့ပါသလား။ ရှာဖွေသည့် နှလုံးသားတစ်ခုဖြင့် ကျွန်မက “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)” မှနေပြီး “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄)” အထိ ဖတ်ရှုခဲ့သည်။ ကျွန်မ ပို၍ဖတ်လေ၊ ပို၍ ဉာဏ်အလင်းပြသည်ဟု ခံစားရလေ ဖြစ်သည်။ အမှန်မှာမူ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် သမိုင်းဝင် မှတ်တမ်းတစ်ခုနှင့် ဘုရားသခင်၏ အမှုတော် ပထမ အဆင့်နှစ်ဆင့်၏ သက်သေခံချက်တစ်ခုသာ ဖြစ် သည်။ ဓမ္မဟောင်းကျမ်းတွင် ကမ္ဘာကြီး၏ ဖန်ဆင်ခြင်းမှ ပညတ်တော် ခေတ် အဆုံးသတ်အထိ ယေဟောဝါ ဘုရားသခင် ပြုတော်မူခဲ့သည့် အမှုတော်ကို မှတ်တမ်းတင်ထားသကဲ့သို့၊ ဓမ္မသစ်ကျမ်းတွင် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ အမှုတော်ကို မှတ်တမ်းတင် ထားသည်။ ဘုရားသခင်၏ အမှုတော်သည် အမြဲတမ်း သစ်ကာ၊ မည်သည့်အခါမျှ မဟောင်းနွမ်းဘဲ၊ အမြဲတမ်း ရှေ့သို့ဆက်နေသည်။ ယခုအခါတွင် ဘုရားသခင်က သမ္မာကျမ်းစာ ပြင်ပတွင် အမှုတော် အသစ်ကို ပြုခဲ့ပြီ။ - နိုင်ငံတော်ခေတ်၏ အမှုတော်။ ဤအမှုတော် အဆင့်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ပညတ်တော်ခေတ်မှ ကျေးဇူးတော်ခေတ်ဆီသို့၊ ပြီးနောက် နောက်ဆုံးသောကာလမှ နိုင်ငံတော်ခေတ်ဆီသို့၊ အဆင့်သုံးဆင့်လုံးသည် တစ်ပါးတည်းသော ဘုရားသခင်က ပြုတော်မူခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရခြင်းသည် ကျွန်မအတွက် အမြင်ကျယ် စေသော အတွေ့အကြုံတစ်ခု ဖြစ်ပြီး၊ ကျွန်မက နှုတ်ကပတ်တော် များကို သာယာမှုဖြင့် စူးစိုက်ဖတ်နေခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင်သည် အလွန် အနန္တတန်ခိုးရှိပြီး၊ အမြော်အမြင်ရှိသည်၊ ဘုရားသခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် အနည်းငယ်သော အမှုတော်ကိုသာ ပြုလုပ်သည်မှာ မည်သို့ဖြစ်နိုင် မည်နည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘုရားသခင်၏ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့သည် သမ္မာကျမ်းစာကို မငြင်းဆန်ပါ။ ထိုအစား နှုတ်ကပတ်တော်များက သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့၏ အမှုတော်ကို မြှင့်တင်ကာ နက်ရှိုင်းစေပြီး၊ ယခု ဘုရားသခင် ပြုသမျှတို့သည် လက်ရှိလူများ၏ လိုအပ်ချက်များနှင့် ပို၍ ကိုက်ညီလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုက ပြောသည်မှာ “ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ ‘သန့်ရှင်းသည့် ကျမ်းစာအုပ်’ ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဤအခိုက်အတန့်တွင် ကျွန်မက အလင်းကို ရုတ်တရက်မြင်ပြီး၊ ကျွန်မက သမ္မာကျမ်းစာကို အမြဲတမ်း ထိန်းသိမ်းထားသော်လည်း၊ ကျွန်မ၏ စိတ်ဝိညာဉ်က တိုး၍ အပျက်သဘောဆောင်လာရသည်မှာ ကျွန်မမှာ တရားဟောစရာ အကြောင်းအရာပင် မရှိတော့သည့် အကြောင်းအရင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ညီအစ်ကို မောင်နှမများသည်လည်း ပို၍ အားနည်းသည်ထက် အားနည်းလာ သည်မှာ ဝတ်ပြုအစည်းအဝေးများကိုပင် မတက်ရောက်တော့သည် အထိ ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို လက်ခံခဲ့ကြသူ ညီအစ်ကိုမောင်နှမများကမူ ယုံကြည်မှု အပြည့်အဝ ရှိသည်ကို ကျွန်မ သတိပြုမိသည်။ ကျွန်မက သူတို့ကို မည်သို့ ဆက်ဆံပါစေ၊ သူတို့က လုံးဝ အပျက်သဘောဆောင်ခြင်း သို့မဟုတ် စိတ်ပျက်အားလျော့ခြင်း မရှိဘဲ၊ ကျွန်မကို ဧဝံဂေလိ ဟောကြားဖို့ ထပ်ခါထပ်ခါ လာခဲ့ကြသေးသည်။ ဤအရာ၏ အကြောင်းအရင်းမှာ ကျွန်မ ဖက်တွယ်နေခဲ့သည့်အရာသည် ဘုရားသခင်၏ အတိတ်မှ အမှုတော်ဖြစ်သောကြောင့် ပင်တည်း။ ၎င်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကြာမြင့်ပြီဖြစ်ကတည်းက ဆုံးရှုံးခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ သို့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများတို့သည် ဘုရားသခင်၏အမှုတော်အသစ် ခေါင်းဆောင်မှုကို လက်ခံခဲ့ကြကာ၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်၏ ထောက်ပံ့မှုကို လက်ခံရရပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ရရှိခဲ့ပြီးဖြစ် သည်။ ဤအရာမှာ လမ်းခရီးအသစ်နှင့် လမ်းခရီးအဟောင်း တို့ကြားမှ ကွာခြားချက် ဖြစ်သည်။ ဤသည်မှာ ဘာသာရေးလောက ကျဆင်းနေပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ပို၍ပို၍ ကြီးပွားတိုးတက်လာရသည့် အကြောင်းအရင်း၏ အကြောင်းခံဖြစ်လေ သည်။ “သခင်” ဟု ကျွန်မက ဆုတောင်းခဲ့သည်။ “ကိုယ်တော်က တကယ့်ကို ပြန်ကြွလာပြီဆိုတာကို အခု နောက်ဆုံးမှာ ကျွန်မ နားလည်ပါတယ်၊ ကိုယ်တော်က ကျွန်မတို့ကို အသစ်သောလမ်းခရီးကို၊ အသက်တာရဲ့ အသစ်သော ထောက်ပံ့မှုတို့ကို ပေးခဲ့ပါတယ်။ ကိုယ်တော့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။”

ဤအချိန်တွင် ကျွန်မ၏ စိတ်ခံစားချက်များက ပျော်ရွှင်မှု နှင့် ဆိုးရွားစွာ ခံစားချက်တို့နှစ်ခုအကြား ဝေခွဲမရအကျပ်ရိုက်နေခဲ့သည်။ ကျွန်မက အလွန်ပုန်ကန်လိုပြီး၊ မနာခံသော်လည်း၊ ဘုရားသခင်က ကျွန်မကို မစွန့်ပစ်ခဲ့သည်ကို၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်ကို ကျွန်မကို ကြားစေဖို့ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မခင်ပွန်းအား အသံထွက်ဖတ်သည့် ဤထူးခြားသော နည်းလမ်းကို အသုံးပြုခဲ့ သည်ကို ကျွန်မပျော်ရွှင်မိသည်။ ဤသည်မှာ ကျွန်မအတွက် အမှန်တကယ်ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သူ့ကယ်တင်ခြင်း တို့ဖြစ်သည်။ သခင့်ပြန်ကြွလာခြင်းကို ကျွန်မ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သော်လည်း၊ ကိုယ်တော်က ပြန်ကြွလာပြီး၊ ကျွန်မတံခါးကို ခေါက်သည့် အချိန်တွင် သခင့်ကို ကျွန်မ ငြင်းပယ်မည် ဆိုသည့် ဖြစ်နိုင်ချေကို ကျွန်မ တစ်ခါမျှ မစဉ်းစားဖူးသောကြောင့် ကျွန်မ ဆိုးရွားစွာခံစားရသည်။ ထိုညီအစ်ကိုမောင်နှမများက ကျွန်မကို ဧဝံဂေလိဖြန့်ဝေဖို့ ဤနေရာအထိ ထပ်ခါထပ်ခါ လာခဲ့ကြသော်လည်း၊ ကျွန်မက သူတို့ကို လျစ်လျူသာ ရှုခဲ့သည်။ သူတို့က ကျွန်မ၏ ခင်ပွန်းနှင့် မိတ်သဟာယပြုကြသော်လည်း၊ ကျွန်မက သူတို့ကို လှောင်ပြောင်ပြီး၊ တမင်သက်သက် နှောင့်ယှက်ခဲ့သည်…ဤအရာကို တွေးလျက်၊ ကျွန်မစိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရပြီး၊ ကျွန်မ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်ကို မရပ်နိုင်ခဲ့ပါ။ ကျွန်မ ဘုရားသခင် ရှေ့တော်မှောက်တွင် ဒူးထောက်ပြီး သူ့ထံ ဆုတောင်းခဲ့သည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မ မှားခဲ့ပါ တယ်။ ကျွန်မ နှစ်ပေါင်းများစွာ သမ္မာကျမ်းစာကို ထိန်းသိမ်းပြီး၊ သမ္မာကျမ်းစာက သွေဖည်တာဟာ ဘုရားသခင်ကို မယုံကြည်ခြင်း ဖြစ်တယ်လို့ တွေးခဲ့ပါတယ်။ ကျွန်မက သမ္မာကျမ်းစာကို ဘုရားသခင် အဖြစ် သဘောထားဆက်ဆံခဲ့ပြီး၊ ကိုယ်တော့် အမှုတော်အသစ်ကို အဖန်တလဲလဲ ငြင်းပယ်ခဲ့ပါတယ်၊ ပြီးတော့ ကိုယ်တော့် ကြွလာခြင်း ကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ ကျွန်မက အရမ်းကို ကြောင်းကျိုး မမြင်ခဲ့ပါဘူး။ အခု ကျွန်မ သမ္မာကျမ်းစာကို ဘေးဖယ်ချင်ပါတယ်၊ ကိုယ်တော့် အမှုတော်အသစ်နောက်ကို လိုက်ပြီး၊ ခေတ်အသစ်ရဲ့ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို နားထောင်ချင်ပါတယ်။ ကျွန်မ ကိုယ်တော့်ကို ထပ်ပြီး လုံးဝ ရန်မလိုတော့ဘဲ၊ ကျွန်မ ဘဝတစ်ခုလုံးကို ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေရဲ့ ဖျက်ဆီးတာကိုလည်း လုံးဝမခံချင်တော့ပါဘူး။ အိုဘုရားသခင်။ ကျွန်မ ကိုယ်တော်နဲ့ ပူးပေါင်းဖို့၊ ကိုယ်တော့်ကို ကျွန်မ အကြွေးတင်နေတာကို ကျေရာ ကျေကြောင်းပြုဖို့ အသင်းတော်ထဲက ကိုယ်တော့်ကို အမှန်တကယ် ယုံကြည်တဲ့သူတွေကို ကိုယ်တော့် မိသားစုထဲပြန် ခေါ်ဆောင်လာဖို့ သန္နိဌာန်တစ်ခုကို ချမှတ်ချင်ပါတယ်။

အရှေ့သို့- ၅။ အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

နောက်တစ်ခုသို့- ၇။ ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။