၇။ ကျွန်မ မိုက်မဲသော သတို့သမီးတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့ပုံ

လီဖန်း၊ တရုတ်နိုင်ငံ

၂၀၀၂ ခုနှစ်၏ ဆောင်းဦးရာသီတွင်၊ ကျွန်မ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော သမ္မာတရား အသင်းတော်မှ အစ်မ ကျောက်က ကျွန်မကို သခင့်၏ ကြွလာခြင်းနှင့်ဆိုင်သော ကြီးမြတ်သော သတင်း ပြောဖို့ရန် သူမ၏ တူမဖြစ်သူ အစ်မ ဝမ်ကို ကျွန်မ၏ အိမ်သို့ ခေါ်လာခဲ့လေသည်။ ရက်အနည်းငယ်ကြာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ညီမ ဝမ်၏ အသေးစိတ်ကျသော မိတ်သဟာယကို နားထောင်ပြီးသည့်နောက်၊ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှ ယခုချိန်ထိ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က အမှုတော်၏ အဆင့်သုံးဆင့်အား ဆောင်ရွက်ပြီးဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ကျွန်မ သိလာခဲ့သည့် အခြားသော သမ္မာတရားများမှာ သူ့အမှုတော်၏ အဆင့်အသီးသီးအတွင်း မတူကွဲပြားသော အမည်နာမတစ်ခုကို ဘုရားသခင် ခံယူခြင်း၊ ခေတ်အသီးသီးထဲက ဘုရားနာမတော်၏ အဓိပ္ပါယ်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နက်နဲမှု စသဖြင့်လည်း ဖြစ်သည်။ ဤသမ္မာတရားများသည် ကျွန်မအတွက် ကြီးမားသော အမြင်ပွင့်စေသည့်အရာများ အမှန်တကယ် ဖြစ်လာခဲ့ပြီး ထိုသမ္မာတရားတို့အား ကျွန်မ ကြည်နူးပီတိဖြစ်စွာ ကြည့်ရှုနေမိခဲ့သည်။ ကျွန်မ မိမိဘာသာ စဉ်းစားမိခဲ့သည်- “ဒီနည်းလမ်းက ရှင်းလင်းပြတ်သားတယ်လို့ ထင်ရတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု အရမ်းကို ဖြစ်နိုင်ခြေရှိတယ်၊ ဒါကြောင့် ဒီအခွင့်အရေးကို ငါ သေချာ ဖမ်းဆုပ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ရင် ပိုကောင်းမယ်။” မပြန်ခင်၊ အစ်မ ဝမ်က ကျွန်မအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်အချို့ကို ချန်ထားပေးခဲ့သည်။ နေ့အချိန်အတောအတွင်း ကျွန်မ အချိန်ရသည့်အခါတိုင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခဲ့သည်။ ယင်းတို့ကို ကျွန်မ ဖတ်လေလေ၊ ဖတ်ဖို့ နှစ်သက်လေလေဖြစ်ပြီး ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု ကျွန်မ ခံစားရလေလေ ဖြစ်ခဲ့သည်။ သုံးရက်ကြာပြီးနောက် ကျွန်မ စိတ်သောက ရောက်လာခဲ့သည်။ ကျွန်မ တွေးမိသည်- “ယုံကြည်သူလည်းဖြစ်တဲ့ ငါ့သားနဲ့ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေအများကြီးက သခင်ပြန်ကြွလာတဲ့အကြောင်း ဒီကြီးမြတ်တဲ့ သတင်းကောင်းကို မသိကြသေးဘူး။ ငါ မြန်မြန်လုပ်ပြီး သူတို့ကို ပြောပြလိုက်တာ ပိုကောင်းမယ်။”

နောက်တစ်နေ့ နံနက်စောစောတွင်၊ ကျွန်မ သား၏ အိမ်သို့ ကျွန်မ သွားခဲ့သည်။ သူ့ကို ကျွန်မက၊ “ဒါ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပဲ၊ သား အမြန်ဆုံး ဖတ်သင့်တယ်” ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။ ကျွန်မ၏ သားက ကျွန်မကို ဖျပ်ခနဲ ကြည့်ပြီး၊ “ဘာစာအုပ်လဲ။ အမေ့ကို ကြည့်ရတာ အတော်နှစ်သက်တဲ့ပုံပဲ။ အဲဒီမှာသာ ချထားခဲ့လိုက်၊ ပြီးရင် ကျွန်တော် အချိန်ရတဲ့အခါ တစ်ချက်ကြည့်လိုက်မယ်” ဟု ပြောလေသည်။ ယုံကြည်သူအားလုံးက သခင့်၏ ပြန်ကြွလာခြင်းကို မျှော်လင့်စောင့်စားကြသည့်အတွက် သခင် ရောက်နှင့်ပြီးပြီကို သိလျှင် ကျွန်မသား ပျော်လိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။

သို့သော် သုံးရက်ကြာပြီးနောက် လူခြောက်ဦးကို ဦးဆောင်လျက် ကျွန်မသား ကျွန်မ၏ အိမ်သို့ ပေါ်လာလိမ့်မည်ကို ကျွန်မ စိုးစဉ်းမျှ လုံးဝ စိတ်မကူးမိခဲ့ပါ။ သူတို့ထဲမှ တစ်ဦးမှာ ကျွန်မ၏ ဂိုဏ်းခွဲမှ သင်းအုပ်ဆရာရှား ဖြစ်ပြီး အခြားသူများမှာ ကျွန်မသား၏ ဂိုဏ်းခွဲမှ သင်းအုပ်ဆရာများနှင့် တရားဟောဆရာများ ဖြစ်ကြသည်။ မည်သို့ဖြစ်သည်ဆိုသည်နှင့် ကျွန်မကို တွေ့ဖို့ အဘယ်ကြောင့် လူများစွာ လာရသည်ကို ကျွန်မ နားမလည်နိုင်သောကြောင့် သူတို့ကို တွေ့ရသည်မှာ ကျွန်မ အနည်းငယ် မှင်သက်သွားရသည်။ မိသားစု အမည်မှာ လီ ဖြစ်သည့် သင်းအုပ်ဆရာတစ်ပါးက ကျွန်မကို တစ်ခဏ သေချာစွာ ကြည့်ပြီး သူ၏ မျက်နှာတွင် ပူပန်သည့်ပုံဖြင့်၊ “အန်တီ၊ ကျွန်တော်တို့အားလုံးက သခင့်ကို ယုံကြည်သူတွေ၊ မိသားစုကြီးတစ်ခု ဖြစ်ပါတယ်။ အန်တီ့ကို တစ်ယောက်ယောက်က စာအုပ်တစ်အုပ်ပေးတယ်လို့ အန်တီ့သားက ကျွန်တော့်ကို ပြောတယ်၊ ဒါပေမယ့် အဲဒါကို တကယ် မဖတ်သင့်ဘူး။ ခုချိန်က နောက်ဆုံးသော ကာလရောက်ပြီဖြစ်ပြီး သခင်ယေရှုက၊ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) လို့ပြောခဲ့တယ်လေ။ တစ်ယောက်ယောက်က သခင်ပြန်ကြွခဲ့ပြီးပြီလို့ ပြောရင် သူဟာ သတိထားရမယ့် လူလိမ်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ နားမထောင်ဖို့ ငြင်းရမယ်လို့ ဒီသခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေက ဆိုလိုတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ခုချိန်မှာပဲ၊ ကမ္ဘာလောက တစ်ခုလုံးမှာ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကပဲ သခင့်ရဲ့ ပြန်ကြွလာခြင်းကို လူသိရှင်ကြား သက်သေခံနေကြတယ်၊ ဒီတော့ အန်တီ ဘာပဲလုပ်လုပ် သူတို့နဲ့ ဘာမှ နောက်ထပ် မပတ်သက်နဲ့တော့။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းရဲ့ ဘယ်စာအုပ်ကိုမှလည်း ဖတ်မနေနဲ့။ သူတို့ရဲ့ လမ်းစဉ်က ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ မတူဘူး၊ ဒါကြောင့် သူတို့ကို နားမထောင်နဲ့။ အန်တီက သမ္မာကျမ်းစာကို သိပ်ကောင်းကောင်း နားမလည်သလို အန်တီ့မှာ ဝိညာဉ်ရေးအသက်တာ နုနယ်တယ်၊ ဒါကြောင့် အန်တီက လွယ်လွယ် လှည့်ဖြားခံရနိုင်တယ်။ ကျွန်တော်တို့က နှစ်တွေအများကြီး တရားဟောနေခဲ့ကြပြီး ကျမ်းစာကို ကောင်းကောင်း နားလည်တယ်။ တရုတ်ပြည်တစ်လျှောက်လုံး ကျွန်တော်တို့ ခရီးသွားခဲ့ကြပြီး အများကြီး မြင်ဖူးကြပြီးဖြစ်သလို အသက်တာမှာ ပိုပြီး ရင့်ကျက်ကြတယ်။ ဒီနေ့ အထူးသဖြင့် အန်တီ့ကို ကယ်ဖို့ ကျွန်တော်တို့ လာကြတာပါ၊ ဒီတော့ အန်တီ ကျွန်တော်တို့ကို ယုံပေးပြီး အန်တီ့သဘောအတိုင်း လုပ်ဖို့မကြိုးစားမှ ဖြစ်မယ်။” ဟု ပြောလေသည်။ ဤအရာကို ကျွန်မ ကြားသည့်အခါ ကျွန်မ မိမိဘာသာ တွေးခဲ့သည်- “ဒီသင်းအုပ်ဆရာက ငါ့ကို စိတ်ပူပေးတဲ့ပုံပဲ၊ ပြီးတော့ သူ ပြောတာ မမှားဘူး။ ငါက အသက်ကြီးပြီး ပညာကောင်းကောင်း မတတ်ခဲ့ဘူး၊ ပြီးတော့ ကျမ်းစာကို အဲဒီလောက်ကောင်းကောင်း နားမလည်ဘူး။ ငါ သေချာပေါက် သူတို့လောက် ကောင်းကောင်း မသိမြင်နိုင်ဘူး။” ဤအချိန်တွင်၊ သင်းအုပ်ဆရာ ရှားက၊ “ကျုပ်က သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး သခင်က သူ့ရဲ့ သိုးစုကို စီမံဖို့ ကျုပ်ကို ပေးထားခဲ့တာလေ။ ဒီတော့ အစ်မက မှန်တဲ့လမ်းကနေ လွဲမသွားဖို့ သေချာအောင်လုပ်ရမှာက ကျုပ်တာဝန်ပဲ။ သခင့်ရဲ့ သိုးအုပ်ကိုကျုပ်မစောင့်ရှောက်ရင်၊ ကျုပ်က သခင့်ကို ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး။ အစ်မ၊ တခြားအဖွဲ့တွေဆီ ဟိုဟိုသည်သည် မပြေးပါနဲ့။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက အစ်မကို ကျုပ်ဆီကနေ ခိုးသွားရင်၊ သခင့်ကို အစ်မယုံကြည်ခဲ့တဲ့ ဒီနှစ်တွေအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မယ်” ဟု ပြောလေသည်။ သူတို့၏ တင်းမာသော မျက်နှာများကို ကြည့်ရင်းနှင့် ကျွန်မကို စကားပြောရာတွင် သူတို့၏ ပြင်းထန်သော လေသံကို ကြားရခြင်းက ကျွန်မကို အနည်းငယ် အထိတ်တလန့်ဖြစ်စေခဲ့သည်။ ကျွန်မ တွေးမိခဲ့သည်- “အဲဒါ မှန်တယ်။ တကယ်လို့ ငါ မှားယွင်းစွာ စယုံမိခဲ့ရင် ယုံကြည်ခဲ့တဲ့ အဲဒီနှစ်တွေအားလုံး အချည်းနှီးဖြစ်သွားမှာမဟုတ်လား။” သို့သော် ထို့နောက် ကျွန်မ တွေးခဲ့သည်- “အဲဒီစာအုပ်ထဲက စကားတွေက အရမ်းကို ကောင်းပြီး၊ အရမ်း မှန်ကန်တဲ့ပုံပဲလေ။ ဒီသင်းအုပ်ဆရာတွေနဲ့ တရားဟောဆရာတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ဖူးကြဘူးလေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး ဒါ မှန်တဲ့လမ်းမဟုတ်ဘူးလို့ သူတို့ ပြောနိုင်ရတာလဲ။” ထို့ကြောင့် သူတို့ကို ကျွန်မက၊ “ရှင်တို့ပြောတာ မှန်ကောင်းမှန်ပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ဆီကနေ ကျွန်မ ကြားရတဲ့အရာက ကျမ်းစာထဲက သခင့်နှုတ်ကပတ်တော်တွေနဲ့ လုံးဝ ကိုက်ညီတယ်ရှင့်” ဟု ပြောခဲ့သည်။ ဤသို့ ကျွန်မ ပြောသည်ကို သူတို့ ကြားသည့်အခါ၊ ကျွန်မကို သူတို့အားလုံး တစ်ပြိုင်တည်း စတင် စကားပြောခဲ့ကြပြီး ကျွန်မ ခေါင်းမူးလာကာ စိတ်ရှုပ်ထွေးလာခဲ့ပြီး အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်ခြင်းများစွာကို ကြုံရသည်အထိ သူတို့က ကျွန်မကို လန့်စေသည့်အရာများစွာ ပြောနေခဲ့ကြသည်။ ထိုနေရာတွင် ဘာတစ်ခုမှ မပြောနိုင်ဘဲ ကျွန်မ ထိုင်နေခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို သူတို့နှင့်အတူ ဆုတောင်းပြီး အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ကျိန်ဆဲစေချင်ခဲ့သည်၊ သို့သော် ကျွန်မက ထိုအတိုင်း မလုပ်ခဲ့ပါ၊ ထို့ကြောင့် သူတို့က ကျွန်မကို တစ်ဖန်စတင်ပြီး အကြမ်းဖက်ခြိမ်းခြောက်ခဲ့ကြသည်။ နောက်ဆုံးတွင်၊ ကျွန်မသားက၊ “အခု ကျွန်တော့်အမေကို ကျွန်တော် ဖြေရှင်းပါရစေ” ဟု ပြောလေသည်။ ထို့နောက် သူက ဓမ္မသီချင်း စာအုပ်နှစ်အုပ်နှင့် “သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ” ကက်ဆက်ခွေအပြင် “တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်” ဟု အမည်ရသည့် ဘုရားနှုတ်ကပတ်တော် စာအုပ်တစ်အုပ်တို့ကို ဗီရိုမှ ယူလိုက်ပြီး သင်းအုပ်ဆရာကို ယူဆောင်သွားဖို့ ယင်းတို့ကို ပေးလိုက်လေသည်။

သူတို့ ထွက်သွားပြီးနောက်၊ ကျွန်မ ညစာပင် မစားနိုင်လောက်အောင် အလွန် စိတ်မချမ်းမသာဖြစ်ခဲ့သည်၊ ထို့ကြောင့် သခင့်ရှေ့မှောက် ကျွန်မ လာပြီး ဆုတောင်းခဲ့ပါသည်- “သခင်ယေရှု၊ အဲဒီ သင်းအုပ်ဆရာတွေ ပြောတာ မှန်လား၊ မမှန်ဘူးလား။ ကျွန်မ အသက်တာအတွက် သူတို့ တကယ်စိတ်ပူပေးကြပုံပါပဲ။ သူတို့စကား ကျွန်မ နားမထောင်ရင်၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို လွဲမှားတဲ့နေရာမှာ ထားမိမှာလား။ အို သခင်၊ ကိုယ်တော် ပြန်ကြွလာတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်မ လက်မခံရင်၊ ကိုယ်တော့်ကို ကျွန်မက တံခါးပိတ်ထားမိနေမှာ မဟုတ်ဘူးလား။ ကျွန်မက မိုက်မဲတဲ့ သတို့သမီးတွေထဲက တစ်ယောက် ဖြစ်မှာ မဟုတ်လား။ အို သခင်၊ ဒီရက်အနည်းငယ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုရာကနေတဆင့်၊ ကျွန်မရဲ့ ဝိညာဉ်က ထောက်ပံ့မှုအများကြီး ရရှိပြီးသလို ကျွန်မ ခံစားရပါတယ်။ ဒါကို ကျွန်မ အမှန်တကယ်၊ ရိုးရိုးသားသား ခံစားခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်မ မှားသွားနိုင်လား။ အခု သူတို့က ကျွန်မရဲ့ စာအုပ်တွေနဲ့ ကျွန်မရဲ့ ဓမ္မသီချင်းများ ကက်ဆက်ခွေတွေကို ယူသွားကြပြီဆိုတော့ ကျွန်မ တကယ်ကို ဝမ်းနည်းမိသလို ဘာလုပ်ရမယ်မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ...” ဆုတောင်းပြီးသည့်နောက်တွင်၊ အစ်မဝမ်က နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ စာအုပ်ကို ပေးခဲ့ပြီး ဗီရို၏ အတွင်းနက်နက်တွင် ဖွက်ထားခိုင်းခဲ့သည်ကို ကျွန်မ ရုတ်တရက် သတိရမိခဲ့သည်။ ဤစာအုပ် ကျွန်မတွင် ရှိသေးသည်ကို နားလည်လိုက်သည့်အခါ၊ ကျွန်မ အနည်းငယ် သက်သာသလို ခံစားခဲ့ရသည်။ သို့သော် ထို့နောက်တွင် ထိုသင်းအုပ်ဆရာများ ပြောခဲ့သည့်အရာကို ကျွန်မ တွေးမိခဲ့ပြီး ဘာလုပ်ရမည်မသိ ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ ထိုစာအုပ်ကို ကျွန်မ ဖတ်သင့်သလော၊ မဖတ်သင့်သလော။ ထိုညတွင်၊ ကျွန်မ လုံးဝ အိပ်ဖို့အနိုင်နိုင်ဖြစ်ခဲ့ပြီး၊ ကျွန်မ၏ စိတ်က ကမောက်ကမ ဖြစ်ခဲ့သည်။ မျက်ရည်များဖြင့် ဘုရားသခင်ထံ ကျွန်မ အဖန်ဖန် ဆုတောင်းခဲ့သည်...။

နောက်တစ်နေ့စောစောတွင်၊ ကျွန်မသားက ကျွန်မကို ကျွန်မ၏ အရင်အသင်းတော်က ဝတ်ပြုအစည်းအဝေးတစ်ခုဆီသို့ ခေါ်သွားဖို့ လာခဲ့လေသည်။ ကျွန်မ အလွန် ချိတုံချတုံဖြစ်နေခဲ့သော်လည်း၊ ကျွန်မ၏သားက ဝတ်ပြုအစည်းအဝေးနေရာဆီ ကျွန်မကို ဆွဲခေါ်သွားခဲ့ပြီး ကျွန်မကို အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက ခိုးယူသွားခဲ့ပြီဟုပင် တရားဟောဆရာမကို ပြောခဲ့ကာ ကျွန်မကို နေဖို့ အစွမ်းကုန် ဖျောင်းဖျပေးရန် သူမကို တောင်းဆိုခဲ့သည်။ ချက်ချင်းပင်၊ တရားဟောဆရာမနှင့် ညီအစ်ကို မောင်နှမများအားလုံး ကျွန်မကို ဝန်းရံလိုက်လေသည်။ တရားဟောဆရာမက ကျွန်မ၏ လက်ကို ကိုင်လိုက်ပြီး နူးညံ့သော အသံဖြင့်၊ “အန်တီ၊ အန်တီ ဘာပဲလုပ်လုပ်၊ တခြားတစ်ဦးတစ်ယောက်က ဟောတာကို နားမယောင်နဲ့။ အန်တီက အမှားမှားအယွင်းယွင်း စယုံကြည်မိတယ်ဆိုရင်၊ လူစတွေကို သခင်က ချီဆောင်ဖို့ လာတဲ့အခါ အန်တီ ကျန်ခဲ့မှာ မဟုတ်လား။ အန်တီ့မှာ နုနယ်တဲ့ ဝိညာဉ်ရေးအသက်တာ ရှိတယ်၊ ဒါကြောင့် တစ်ယောက်ယောက်က ဖတ်ဖို့ စာအုပ်တစ်မျိုးမျိုးကို ပေးခဲ့ရင် အန်တီ ကျွန်မတို့ကို အရင်မေးကြည့်တာ ပိုကောင်းမယ်။ အန်တီ့အတွက် ကျွန်မတို့ စစ်ဆေးကြည့်ပေးပါရစေ...” ဟု ပြောလေသည်။ ညီအစ်ကို မောင်နှမများကလည်း ကျွန်မကို နေခဲ့ဖို့ ဆက်ကြိုးစား ဖျောင်းဖျနေခဲ့ကြပြီး သူတို့၏ “ချစ်ခြင်းမေတ္တာ”အားဖြင့် ကျွန်မ မျက်ရည်များကျသည်အထိ တို့ထိခံခဲ့ရသည်။ ကျွန်မ တို့ထိခံခဲ့ရပုံကို သူတို့ မြင်သည့်အခါ၊ သူတို့၏ အဓိကအချက်ကို နောက်တစ်ဖန် ပြောခဲ့ကြသည်- “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက တစ်ယောက်ယောက် အန်တီ့ဆီ ပြန်ပြီး အလည်လာရင်၊ သူတို့ကို အိမ်ထဲပေးမဝင်နဲ့နော်။ သူတို့နဲ့ နောက်ထပ် ဘာမှမပတ်သက်နဲ့တော့။” ကျွန်မ သဘောတူ ခေါင်းညိတ်ခဲ့သည်။

ရက်အနည်းငယ်သာ ကြပြီးနောက်၊ အစ်မဝမ်က ကျွန်မဆီ တစ်ဖန် လာခဲ့လေသည်။ ကျွန်မ သူ့ကို ပြောလိုက်သည်- “သင်းအုပ်ဆရာက ဒီကျမ်းပိုဒ်ကို ကျမ်းစာကနေ ကျွန်မကို ဖတ်ပြခဲ့တယ်- ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) နောက်ဆုံးသော ကာလမှာ၊ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေ ပေါ်လာမှာဖြစ်ပြီး သခင် ပြန်ကြွလာပြီးပြီလို့ ပြောတဲ့သူတိုင်းက လူလိမ်ပဲ။ သမ္မာကျမ်းစာကို ကျွန်မ နားမလည်သလို၊ ကျွန်မရဲ့ ဝိညာဉ်အသက်တာက နုနယ်တယ်၊ ဒီတော့ ကျွန်မ အလွယ်တကူ လှည့်စားခံရတယ်။ တခြားလမ်းတစ်ခုတစ်လေကိုမှ ကျွန်မ နားမထောင်ဝံ့တာကြောင့် ရှင့်ကို ကျွန်မ အထဲပေးဝင်မှာ မဟုတ်ဘူး။ ပြန်မလာပါနဲ့ရှင်။” အလွန်ရိုးသားမှုဖြင့် အစ်မဝမ်က ပြောလေသည်- “သခင်ယေရှုက နောက်ဆုံးသော ကာလအတွင်းမှာ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေကို ကျွန်မတို့ သေချာသတိထားကြစေဖို့ ပြောခဲ့တာပါ၊ ဒါပေမယ့် ကျွန်မတို့က ခရစ်တော်ကိုလည်း ကျောခိုင်းဖို့ သူ မရည်ရွယ်ခဲ့ပါဘူး။ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူ ပေါ်လာခဲ့ရင် အဲဒါက စစ်မှန်တဲ့ ခရစ်တော် ပေါ်ထွန်းနှင့်ပြီးလို့ပဲ၊ ဘာလို့လဲဆိုတော့ စစ်မှန်တဲ့ ခရစ်တော်မရှိဘဲနဲ့ အယောင်ဆောင်သူတွေက ဘာမှအတုခိုးစရာ မရှိဘူးလေ။ သခင်ယေရှုရဲ့ အဲဒီနှုတ်ကပတ်တော်တွေက ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာကို သင်ယူဖို့ ကျွန်မတို့ကို ပြောတာပါ။ နောက်ဆုံးသော ကာလအတွင်းမှာ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေ ပေါ်ထွန်းမှာကြောင့်သက်သက်နဲ့ပဲ သခင့်ရဲ့ ပြန်ကြွလာခြင်း ဧဝံဂေလိကို နားထောင်ဖို့ ကျွန်မတို့ ငြင်းဆိုသင့်တယ်လို့ ဒီနှုတ်ကပတ်တော်တွေက ပြောနေတာ မဟုတ်ပါဘူး။ ဒီလိုမဟုတ်ရင်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မတို့ ဘယ်လိုကြိုဆိုနိုင်မှာလဲ။ တကယ်တော့၊ သခင်ယေရှုက ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေရဲ့ လက္ခဏာရပ်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြနှင့်ပြီးပါပြီ။ အဓိကအရာတွေမှာ နိမိတ်တွေ ထင်ရှားပြတာ၊ နိမိတ်လက္ခဏာတွေ ဆောင်ရွက်တာ၊ မကျန်းမာသူကို ပျောက်ကင်းစေတာ၊ နတ်ဆိုးတွေကို နှင်ထုတ်တာနဲ့ လူတွေကို လှည့်ဖြားဖို့ သခင် ပြုနှင့်ပြီးဖြစ်တဲ့ အမှုတော်ကို တုပတာတွေ ပါဝင်တယ်။ ဒါကြောင့် နောက်ဆုံးသော ကာလအတွင်းမှာ၊ နောင်တလမ်းကို ဟောပြောဖို့ သခင်ယေရှုကို တူအောင်တုတဲ့သူနဲ့ ရိုးရှင်းတဲ့ နိမိတ်လက္ခဏာအချို့ကို ထင်ရှားစေနိုင်တဲ့သူ၊ ဒါမှမဟုတ် မကျန်းမာသူကို ကုသပြီး မကောင်းဆိုးဝါးကို နှင်ထုတ်နိုင်တဲ့သူ ဘယ်သူမဆိုက ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူပဲ။ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှု ပြုနှင့်ပြီးဖြစ်တဲ့ အမှုတော်ကို ပြန်မလုပ်ပါဘူး၊ ဒါပေမယ့် အဲဒီအစား သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုတော်ရဲ့ အခြေခံအုတ်မြစ်အပေါ်မှာ အမှုတော်သစ်ကို ပြုတာဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို ဖွင့်ပေးလိုက်သလို၊ သမ္မာတရားတွေကို သူဖော်ပြပြီး လူသားမျိုးနွယ်ကို တရားစီရင်ခြင်းနဲ့ သန့်စင်ပေးခြင်း အမှုတော် အဆင့်ကို ဆောင်ရွက်တယ်။ ရွေးနုတ်ခံရပြီးဖြစ်ပေမယ့် အပြစ်တရားထဲမှာ အသက်ရှင်နေကြသေးတဲ့ လူတွေအားလုံးကို သူတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝရဲ့ အချုပ်အနှောင်တွေကို စွန့်ပယ်ပြီး စာတန်ရဲ့ အမှောင်လွမ်းမိုးမှုကနေ သူတို့ကို ဖယ်ရှားခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က လုံးလုံးလျားလျား ကယ်တင်မှာဖြစ်တယ်။ အဲဒီနောက် သူက လူသားမျိုးနွယ်ကို သူတို့ရဲ့ နှစ်သက်ဖွယ်ရာ နောက်ဆုံး ခရီးပန်းတိုင်ဆီ ခေါ်သွားမှာဖြစ်တယ်။ ဘုရားသခင်ကပဲ ဒီအမှုကို ပြုနိုင်ပါတယ်၊ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူ ဘယ်သူမှမလုပ်နိုင်ပါဘူး။” အစ်မဝမ် ပြောနေသည့်အရာက ကျိုးကြောင်းဆီလျော်ပုံရှိသော်လည်း၊ သင်းအုပ်ဆရာများ ကျွန်မကို ပြောခဲ့သည့်အရာများက ကျွန်မ၏ ခေါင်းထဲတွင် ရစ်ဝဲနေဆဲဖြစ်သည်။ ကျွန်မ၏ စိတ်က အနှောင့်အယှက်ဖြစ်သွားခဲ့ပြီး အာရုံမစိုက်နိုင်ခဲ့သလို၊ သူ၏ မိတ်သဟာယကို နောက်ထပ် မကြားချင်တော့ပါ။ ထို့ကြောင့် သူမထံမှ ကျွန်မ ထွက်ပြေးလွတ်မြောက်ဖို့ရန်အလို့ငှာ မုသားတစ်ခုဖြစ်သည့် ကျွန်မ၏ အိမ်ဘေးက အိမ်နီးချင်းထံတွင် ကျွန်မ လုပ်စရာ တစ်ခုရှိသည်ဟု သူမကို ကျွန်မ ပြောလိုက်သည်။ ထို့နောက်တွင် အစ်မဝမ်က ကျွန်မအိမ်ကို အကြိမ်များစွာ ပြန်လာခဲ့သော်လည်း သူ့ကို ကျွန်မ အမြဲရှောင်ရှားခဲ့သည်။ ကျွန်မ၏ အိမ်နီးချင်းက၊ “သူက မကောင်းတဲ့လူတစ်ယောက်နဲ့ မတူပါဘူး။ ရှင် ဘာကို ကြောက်နေတာလဲ” ဟု ကျွန်မကို ပြောလေသည်။ အစ်မဝမ်က လူကောင်းတစ်ဦးဖြစ်သည်ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် သိခဲ့သော်လည်း၊ ကျွန်မက ဝိညာဉ်အသက်တာ နုနယ်သည့်အတွက် ကျွန်မ၏ ယုံကြည်ခြင်း လွဲမှားမည်ကို ကျွန်မ စိုးရိမ်မိခဲ့သည်။

ကျွန်မ၏ အရင် အသင်းတော်က ဝတ်ပြုအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ ကျွန်မ ပြန်သွားပြီးနောက်၊ တရားဟောဆရာများက သူတို့ အရင်က ပြောခဲ့ပြီးသည့် အရာများကို ပြောနေကြဆဲဖြစ်သည်ကို ကျွန်မ ကြားခဲ့ရသည်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မည်သို့ သတိထားရမည်၊ သို့မဟုတ် အသင်းတော်ကို လှူဒါန်းခြင်း အကြောင်းကို သူတို့ အမြဲပြောခဲ့သည်၊ သို့မဟုတ် သခင့်အတွက် သူတို့ မည်မျှ အလုပ်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်ဆိုသည်နှင့် သခင့်ကျေးဇူးတော်ကို မည်မျှ သူတို့ နှစ်သက်ခံစားခဲ့ရပြီးသည်ဆိုသည့် ငြီးငွေ့စရာကောင်းသည့် အကြောင်းအရာဟောင်းများစွာကို အဖန်ဖန်ပြောခဲ့ကြလေသည်။ သိမြင်မှုအသစ်ဖြင့် တစ်စုံတစ်ရာကို စိုးစဉ်းမျှပင် သူတို့ မပြောနိုင်ကြပါ။ သူတို့ကို နားထောင်နေရသည်ကို ကျွန်မ အလျင်အမြန် ငြီးငွေ့သွားခဲ့ပြီး ကျွန်မ စတင်ငိုက်မျဉ်းလာခဲ့သည်။ တစ်ခါတွင်၊ အခြားအသင်းတော်မှ ညီအစ်ကိုတစ်ဦးက တရားဒေသနာပေးဖို့ လာခဲ့လေသည်၊ သို့သော် ယင်းက သခင့်အမှုတော်ကို လုပ်ဆောင်ဖို့ အနိမ့်အမြင့် အတက်အကျကို သူမည်သို့ကြုံခဲ့ရသည်၊ သူမည်မျှ ဆင်းရဲဒုက္ခခံခဲ့ရသည်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းမှတဆင့် လူမည်မျှကို သူ ပြောင်းလဲစေခဲ့သည်ဆိုသည်နှင့် အသင်းတော် မည်မျှ သူ ထူထောင်ခဲ့သည်ဆိုသည့် အလားတူ နောက်ထပ် အကြောင်းအရာများ ဖြစ်ခဲ့သည်။ သူက ဆက်၍ ကိုယ့်ဂုဏ်ကိုယ် ဖော်နေခဲ့သည်။ သူ့ကို နားထောင်ရခြင်းက ကျွန်မကို အလွန်မသက်မသာခံစားစေခဲ့ပြီး သူက သခင့်အတွက် သက်သေခံနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ သက်သေခံနေခြင်း ဖြစ်သည်ဟုသည့် ခံယူချက် ကျွန်မ ဖြစ်လာခဲ့သည်။ နောက်တစ်ခါတွင်၊ ဝတ်ပြုအစည်းအဝေး နေရာတစ်ခုကို ကျွန်မ ရောက်သည့်အချိန်တွင် ညီအစ်မများထဲမှ တစ်ဦးက၊ “ဒီနေ့ ကျွန်မတို့မှာ ဒေသနာဝေငှပေးဖို့ အသက် ၂၀ကျော် အရွယ် အမျိုးသမီး ဓမ္မပညာကျောင်းသူတစ်ယောက် ရှိပါတယ်” ဟု ပြောလေသည်။ ယင်းကို ကြားရသည်မှာ ကျွန်မ အလွန်ပျော်ခဲ့ပြီး ကျွန်မတို့၏ တရားဟောဆရာများထက် သူမက ပိုကောင်းသော ဒေသနာတစ်ခုကို ဧကန်မုချ ပေးလိမ့်မည်ဖြစ်သောကြောင့် ဤအခါသမယကို ကျွန်မ အထူးအာရုံစိုက်မည်ဟု မိမိကိုယ်ကိုယ် ပြောခဲ့သည်။ သို့သော် ကျောင်းသူက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မည်သို့ သတိထားရမည်ဆိုသည်နှင့် သူ၏ ဒေသနာကို စခဲ့ပြီးနောက် ဓမ္မပညာကို လေ့လာသင်ယူဖို့ ကျမ်းစာကျောင်းသို့ ဝင်ရောက်ရန် အသက် ၁၆ နှစ်တွင် ပုံမှန်ပညာရေးများကို သူမ မည်သို့ စွန့်လွှတ်ခဲ့သည်၊ မိုးများသော်ငြားလည်း အပြင်တွင် သူမ မည်မျှအလုပ်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့သည်၊ နေရာမည်မျှ သူရောက်ပြီးပြီ...ဆိုသည့်အကြောင်းကို သူမက ဆက်ပြောခဲ့လေသည်။ ကျွန်မ ပိုနားထောင်လေ၊ ကျွန်မ ပိုမိုငြီးငွေ့လေဖြစ်သည်။ ကျွန်မ မိမိဘာသာ တွေးခဲ့သည်- “ဒါက ဗူးသစ်တွေထဲက ဝိုင်ဟောင်းတွေပါပဲ။ ဘာလို့ ငြီးငွေ့စရာကောင်းတဲ့ အဲဒီအကြောင်းအရာဟောင်းတွေကိုပဲ သူတို့ ထပ်သလဲလဲလုပ်ရတာလဲ။ ဒီအရာထဲက ဘယ်ဟာမှ သူတို့ရဲ့ အတွေ့အကြုံ ဒါမှမဟုတ် သခင့်နှုတ်ကပတ်တော်တွေကို သိကျွမ်းခြင်းနဲ့ ဘာမှ မပတ်သက်သလို၊ အဲဒါက သခင့် လမ်းကို လိုက်လျှောက်ခြင်း ဒါမှမဟုတ် သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဝင်ရောက်ခြင်းဆီ ငါတို့ကို မဦးဆောင်ပါဘူး။” ကျွန်မ ဝတ်ပြုအစည်းအဝေးကို ပြန်သွားခဲ့သည်မှာ တစ်လကျော်နှင့်ပြီးဖြစ်သော်လည်း သူတို့ထံမှ ကျွန်မ မည်သည့်အရာမျှ မရခဲ့ပါ။ ဤတရားဒေသနာများကို ကျွန်မ ပိုနားထောင်လေလေ၊ ကျွန်မ၏ ဝိညာဉ် ပိုညိုးခြောက်လေလေဖြစ်လာပြီး၊ ဤသို့ ကျွန်မ ဆက်လက်ယုံကြည်နေလျှင် ဝိညာဉ်ရေးရာ ဆာငတ်မှုနှင့် ောဆာလောင်ခြင်းတို့ဖြင့် ကျွန်မ သေရလိမ့်မည်ဟု တွေးမိခဲ့သည်။ အသက်အနည်းငယ်ရှာတွေ့ဖို့ ကျွန်မ မည်သည့်နေရာ သွားနိုင်မည်နည်း။ ကျွန်မ ပိုမိုစဉ်းစားလေလေ၊ ပိုမို ဝမ်းနည်းလေလေ ဖြစ်ခဲ့သည်။

ဝတ်ပြုအစည်းအဝေးပြီးသည့်နောက်၊ လေးလံသော စိတ်နှလုံးဖြင့် အိမ်ကို ကျွန်မ လမ်းလျှောက်ပြန်ခဲ့သည်။ အစ်မ ဝမ်က ကျွန်မကို ပေးခဲ့သည့် “တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်” ဟူသည့် စာအုပ်အကြောင်းကို ကျွန်မ စဉ်းစားခဲ့သည်၊ ယင်းစာအုပ်တွင် လူတို့အနေဖြင့် မာနမထောင်လွှားသင့်သလို မိမိတို့ကိုယ်ကိုယ် မချီးမြှောက်သင့်ဘဲ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး ချီးမြှောက်သင့်သည်ဟု ဖော်ပြထားလေသည်။ သို့သော် ဤတရားဟောဆရာများအားလုံးက မိမိတို့ကိုယ်ကိုယ် အခြားအရားအားလုံးအထက်တွင် ဂုဏ်ပြုရင်းနှင့် အခြားသူများအား မိမိတို့ကို ကြည်ညိုစေပြီး ကိုးကွယ်စေရင်း၊ မိမိတို့ကိုယ်ကိုယ်အတွက် သက်သေခံနေကြလေသည်။ စာအုပ် ပြောသည့်အရာက မှန်သည်ဟု ကျွန်မအတွက် ထင်ရသည်။ ထို့ကြောင့် ထိုညနေတွင်၊ အိမ်တွင် ကျွန်မ တစ်ဦးတည်းရှိချိန်၊ “တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်” ဆိုသည့် ကော်ပီတစ်အုပ်ကို ထုတ်ယူလိုက်ပြီး တစ်ချို့ ဖတ်ကြည့်လိုက်သည်။ ကျွန်မ ပိုဖတ်လေ၊ ကျွန်မ၏ စိတ်နှလုံးက ပိုမြင့်တက်လေဖြစ်ပြီး ဤစကားများက ကျွန်မ၏ အသက်တာအတွက် အာဟာရဖြစ်နိုင်သည်ဟု ကျွန်မ တကယ်ခံစားခဲ့ရသည်။ ထိုသို့သော ကောင်းမွန်သည့် စာအုပ်တစ်အုပ်ကို အဘယ်ကြောင့် ကျွန်မတို့၏ သင်းအုပ်ဆရာက ဖတ်ခွင့်မပေးခဲ့သည်ကို ကျွန်မ တွေးရခက်ခဲ့သည်။ ကျွန်မတို့၏ အသက်တာအတွက် သူ့မှာ တာဝန်ရှိသည်ဟု ကျွန်မတို့၏ သင်းအုပ်ဆရာက မကြာခဏ ပြောခဲ့သော်လည်း၊ သူ၏ တရားဒေသနာများထဲတွင် သူ့ကိုယ်သူ မည်သို့ သက်သေခံရမည်ကိုသာ သိပုံရလေသည်။ အသက်ကို မည်သို့ရရှိမည်ကို သူ ကျွန်မတို့ကို လုံးဝမပြောခဲ့ပါ။ ကျွန်မ အလွန်အားနည်းခဲ့ပြီး အသင်းတော်၏ ဝတ်ပြုအစည်းအဝေးများကို မသွားချင်ခဲ့သည့် ကာလတစ်ခုကို ကျွန်မ သတိရမိသည်။ သင်းအုပ်ဆရာက ကျွန်မဆီ လုံးဝ အလည်မလာခဲ့သလို၊ မည်သည့် အားပေးမှုမျှ မပေးခဲ့ပါ။ ထို့ကြောင့် သို့ဆိုလျှင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ဝိညာဉ်ရေးရာ အာဟာရအချို့ကို ကျွန်မ စတင်ရလျှင် ရချင်း သူ ပေါ်လာပြီး အကြောင်းအရာဟောင်းကိုပဲ ထပ်သလဲလဲ သူတို့ပြောဆိုနေသည်ကို နားထောင်ဖို့ ကျွန်မ၏ အသင်းတော်ဟောင်းဆီသို့ မည်ကဲ့သို့သောကြောင့် ကျွန်မကို ပြန်ဆွဲခေါ်ရပါသနည်း။ ယင်းမှာ ကျွန်မ၏ အသက်တာအတွက် တာဝန်ယူခြင်း မဟုတ်ပါ။ ကျွန်မ မည်မျှ မှားသွားပြီကို ရုတ်တရက် ကျွန်မ နားလည်လိုက်ပြီး၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ခါးခါးသီးသီး အပြစ်တင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအသက်တာကို ထောက်ပံ့နိုင်သည်၊ ထို့ကြောင့် ယင်းက ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည်မှာ အလွန်ဖြစ်နိုင်ခြေရှိသည်ဟု ဆိုလိုပေသည်။ သင်းအုပ်ဆရာပြောသည့်အရာကို ကျွန်မက ယုံကြည်ပြီး မှန်သော လမ်းခရီးကို လေ့လာဆန်းစစ်ခြင်းအား လက်လျှော့ရဖို့ အဘယ်သို့ ကျွန်မ အလွန် မိုက်မဲပြီး ကျိုးကြောင်းမမြင်နိုင်ခဲ့ပါသနည်း။ အစ်မဝမ်က ချစ်ခင်သော အားပေးမှုကို ကျွန်မအား အမြဲပေးခဲ့ပုံနှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ရရှိဖို့ အခွင့်အရေး ကျွန်မ ရရှိဖို့အလို့ငှာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မအတွက် သက်သေခံခဲ့သည်ကိုလည်း ကျွန်မ တွေးမိခဲ့သည်။ သို့သော် ကျွန်မက အစ်မဝမ်အပေါ် ထိုသို့ လုံးဝမကောင်းခဲ့ပါ၊ ပြီးလျှင် အချိန်အခါများစွာတွင် သူ့ကို တွေ့ဆုံဖို့ ကျွန်မ ရှောင်ပင်ရှောင်ခဲ့သည်။ သူ့ကို ရန်သူတစ်ဦးကဲ့သို့ ကျွန်မ မဆက်ဆံခဲ့သင့်ပါ။ ဤအရာကို ကျွန်မ စဉ်းစားသည့်အခါ၊ ကျွန်မ အလွန်အမင်း ဝမ်းနည်းခဲ့ရသည်။ ထို့ကြောင့် သခင့်ရှေ့မှောက်သို့ ကျွန်မ လာပြီး နောင်တနှင့်ဆိုင်သော ဆုတောင်းချက်တစ်ခုကို မျက်ရည်စက်လက်ဖြင့် ကျွန်မ တောင်းခဲ့သည်- “သခင်၊ ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော်များ စာအုပ် ယူလာပေးတဲ့ အစ်မကို ရန်သူတစ်ယောက်လို ကျွန်မ ဆက်ဆံမိခဲ့ပြီး သူ့ကို ဥပက္ခာပြုမိခဲ့ပါတယ်။ ဒါက လူတစ်ယောက်ကို ကျွန်မက ဥပက္ခာပြုနေတာ မဟုတ်ဘဲ တကယ်တော့ ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ငြင်းပယ်နေခဲ့တာပါ။ သခင်၊ အခု အဲဒီ သင်းအုပ်ဆရာတွေကို နာခံပြီး နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာဆန်းစစ်တာကို လက်မလျှော့ခဲ့သင့်ဘူးဆိုတာ ကျွန်မ သိပါပြီ။ ကိုယ်တော့်ထံ ကျွန်မ နောင်တရဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမယ့် အစ်မဝမ်ကို ဘယ်မှာရှာရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီတော်မူပါ…” ဆုတောင်းပြီးနောက်၊ စာအုပ်ကို ကျွန်မ တစ်ဖန်ကောက်ကိုင်လိုက်ပြီး ညည့်နက်သည်အထိ ကျွန်မ ဖတ်ရှုခဲ့သည်။ ကျွန်မ ပိုဖတ်လေလေ၊ အကြောင်းအရာက ကောင်းသည်ကို ကျွန်မ ခံစားရလေလေဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ကျွန်မကို တားဆီးခဲ့သည့်အတွက် သင်းအုပ်ဆရာများကို ကျွန်မ ပိုမိုစက်ဆုပ်လာလေဖြစ်ခဲ့သည်။

ကျွန်မ၏ ဆုတောင်းချက်ကို နားညောင်းသည့်အတွက် သခင့်ကို ကျွန်မ အလွန်ကျေးဇူးတင်ပါသည်။ နောက်နေ့ နေ့လည်ခင်းတွင်၊ နေ့လည်စာ ကျွန်မ စားနေချိန်၊ ကျွန်မ၏ အိမ်ကို အစ်မဝမ် လာခဲ့လေသည်။ သူ့ကို နောက်ဆုံး တွေ့ခဲ့သည့်အချိန်ကတည်းက ဖြစ်ပျက်ခဲ့သည့် အရာအားလုံးအကြောင်းကို သူ့ကို ကျွန်မ ပြောပြခဲ့သည်။ ဘာသာတရားအတွင်းတွင် အာဟာရကို ကျွန်မ ရရှိနိုင်ခြင်းမရှိသည်ကို သူ ကြားသည့်အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မအတွက် သူ ဖတ်ရှုခဲ့သည်- “ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) ထို့နောက် အစ်မက ကျွန်မနှင့်အတူ ဤအရာကို မိတ်သဟာယပြုခဲ့သည်- “ဘုရားသခင်က သက်စမ်းရေရဲ့ စမ်းရေတွင်း ဖြစ်ပြီး လူတွေရဲ့ အသက်တာတွေကို ဘုရားသခင်ကပဲ ထောက်ပံ့ပေးနိုင်တယ်။ ဘုရားသခင်ကို လူတွေက စွန့်ခွာတဲ့အခါ၊ သစ်ပင်ရဲ့ ပင်စည်ကနေ ကျွတ်ထွက်တဲ့ သစ်ကိုင်းတစ်ကိုင်းလိုပဲ အရာအားလုံးက မှောင်မိုက်လာပြီး ညိုးခြောက်လာခဲ့တယ်။ ကျွန်မတို့ ဘုရားသခင်ကို ယုံကြည်ရာမှာ၊ သိုးသူငယ်ရဲ့ ခြေလှမ်းတွေကို ကျွန်မတို့ နီးနီးကပ်ကပ် လိုက်လျှောက်ကြရမယ်၊ ဘုရားသခင်ရဲ့ လက်ရှိအမှုတော်ကို လက်ခံရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို လာရမယ်၊ အဲဒီနောက်မှပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ ဘုရားအသက်ရဲ့ သက်စမ်းရေရဲ့ အာဟာရနဲ့ အထောက်အပံ့ကို ကျွန်မတို့ ရနိုင်မှာဖြစ်တယ်။ ဘာသာတရားထဲက အဲဒီ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို နားထောင်ခြင်းကနေ ဘာလို့ ကျွန်မတို့ အာဟာရ မရနိုင်ရတာလဲ။ ဒီအတွက် အကြောင်းရင်းနှစ်ခု ရှိပါတယ်။ တစ်ခုက အဲဒီသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်ရဲ့ ပညတ်ချက်တွေကို မလိုက်နာသလို သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ကြပါဘူး။ သူတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ နှလုံးသားရှိဖို့မပြောနဲ့၊ တကယ့် ဘဝအတွေ့အကြုံမရှိကြသလို ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းမှုမရှိကြဘူး။ ဘုရားသခင်ကို သူတို့ လုံးဝ မချီးမြှောက်ကြဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်နဲ့ တရားဟောရာမှာ ကိုယ်တော့်ကို သက်သေမခံကြဘူးလေ။ သူတို့က ကိုယ့်ဂုဏ်ကိုယ် ဖော်ကြပြီး သူတို့ကိုယ်သူတို့ သက်သေခံကြတယ်။ သခင့်ရဲ့ လမ်းကနေ လုံးဝ သွေဖည်ခြင်းအားဖြင့်၊ သူတို့က လူတွေကို လှည့်ဖြားတဲ့ တကယ့် သိုးထိန်းရဲ့ အယောင်ကိုဆောင်တဲ့သူတွေအဖြစ်ကို ပြောင်းသွားကြတယ်။ ဒါဟာ သူတို့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ စက်ဆုပ်၊ ငြင်းပယ်တာကို ခံရကြပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတွေကို ဘယ်တော့မှ မရကြတဲ့အကြောင်းရင်း ဖြစ်တယ်။ ပြီးတော့ ဒါက ဘာသာရေး အဖွဲ့အစည်းက အရမ်း ခြောက်ကပ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ တခြားအကြောင်းရင်းကတော့ သခင်ယေရှုက ခေတ်သစ်ရဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ ပြန်ကြွနှင့်ပြီးပြီဆိုတာပါ။ လူတွေအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ကျေးဇူးတော်ခေတ် အမှုတော်က ရုပ်သိမ်းသွားပြီဖြစ်သလို အခု ဘုရားသခင်ရဲ့ အမှုတော်ကို အမှီလိုက်ကြတဲ့ လူတစ်စုအပေါ် လုပ်ဆောင်နေပြီဖြစ်တယ်။ ဒါပေမယ့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်၏ အမှုတော်သစ်ကို လုံးဝ မလေ့လာမဆန်းစစ်ကြသလို၊ ဘုရားသခင်ရဲ့ ခြေလှမ်းတွေနောက် မလိုက်ကြဘူး၊ ဒါမှမဟုတ် သူ့ရဲ့ ဦးဆောင်မှုကို လက်မခံကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ သူတို့ လုပ်သမျှက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို အရူးအမူး ဆန့်ကျင်၊ ရှုတ်ချပြီး နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေဖျက်ပြီး ပြစ်မှားစော်ကားကြတာပါပဲ။ လူတွေကို မှန်တဲ့လမ်းခရီးကို လေ့လာဆန်းစစ်ပြီး ဘုရားသခင်ဆီ ပြန်သွားရာကနေ တားဆီးဖို့ သူတို့တတ်နိုင်တဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်ကြတယ်၊ ဒီလိုနဲ့ သူတို့က သခင့်ကို ကားတိုင်မှာ သံမှိုရိုက်ခဲ့ကြတဲ့ ဖာရိရှဲတွေလိုပဲ ဖြစ်လာခဲ့ကြတယ်။ သူတို့က ဘုရားသခင်ရဲ့ ရှုတ်ချခြင်းနဲ့ သုတ်သင်ဖယ်ရှားပစ်ခြင်းကို ခံကြရနှင့်ပြီးဖြစ်တယ်၊ ဒါကြောင့် သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုနိုင်ဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် အသက်ရဲ့အာဟာရကို ကျွန်မတို့ရချင်တယ်ဆိုရင်၊ သန်ရှင်းသော ဝိညာဉ်တော်ရဲ့ လတ်တလော အမှုတော်ကို ကျွန်မတို့ အမှီလိုက်ရမယ်၊ လတ်တလော ဘုရားသခင် ဖော်ပြနေတဲ့ နှုတ်ကပတ်တော်တွေကို လက်ခံရမှာဖြစ်ပြီး နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဦးဆောင်မှု၊ ထောက်ပံ့မှုနဲ့ ထိန်းကျောင်းမှုတွေကို လက်ခံရမှာဖြစ်တယ်။ ဒါက သမ္မာတရားနဲ့ အသက်ကိုရဖို့ ကျွန်မတို့အတွက် တစ်ခုတည်းသော လမ်းဖြစ်တယ်။ ဒါ သခင်ယေရှု ပြောခဲ့တဲ့၊ ‘ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆)ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဆိုတဲ့အရာကို ပြည့်စုံစေပါတယ်။”

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် အစ်မဝမ်၏ မိတ်သဟာယကို နားထောင်ပြီးနောက်၊ အဘယ်ကြောင့် သင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် ဓမ္မပညာ ကျောင်းသူများက ဟောပြောဖို့ ဘာမျှထိုက်တန်မှုမရှိသည်ကို ကျွန်မ ရုတ်တရက် နားလည်သွားခဲ့သည်။ သူတို့က သမ္မာတရား မရှိကြပါ။ ဘုရားသခင်ကို သူတို့ ဆန့်ကျင်ကြပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို စွန့်ခွာခဲ့သည်မှာ အချိန်ကြာပြီဖြစ်သည်။ သူတို့ တရားဟောသည့်အခါ၊ အားကိုးစရာ သူတို့မှာ ဉာဏ်ပညာပိုင်းဆိုင်ရာ အသိပညာသာရှိသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမရှိပါ၊ ပြီးလျှင် ဤသည်မှာ သူတို့၏ တရားဟောချက်က မည်သူကိုမျှ အကျိုးမပြုရသည့်အကြောင်းရင်း ဖြစ်သည်။ သို့သော် ကျွန်မ နားမလည်သည့် အရာတစ်ခု ရှိနေသေးသောကြောင့် အစ်မဝမ်ကို ကျွန်မက၊ “အဲဒီ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအားလုံးက သူတို့ဟာ ကျမ်းစာနဲ့ အရမ်းအကျွမ်းဝင်ကြတယ်၊ သူတို့က ကျမ်းစာကျောင်း တက်ခဲ့ကြပြီး အသက်များစွာရရှိကြတယ်လို့ ပြောကြတယ်။ ကျွန်မက ကျမ်းစာကို အဲဒီလောက် နားမလည်ဘူး၊ ပြီးတော့ အသက်တာမှာ သူတို့က ကျွန်မထက် တကယ် ပိုပြီးရင့်ကျက်တယ်လို့ ကျွန်မ ယုံလို့၊ သူတို့ပြောတာကို ကျွန်မ နားထောင်ခဲ့တယ်။ ဒီတော့ အခု သူတို့မှာ တကယ်ပဲ အသက်ရရှိသလား မရရှိဘူးလားဆိုတာ ကျွန်မ မဆုံးဖြတ်နိုင်ဘူး အစ်မ၊ သူတို့မှာ အသက် များစွာရရှိတယ်လို့ အစ်မထင်လား” ဟု မေးခဲ့သည်။ အစ်မဝမ်က၊ “ဘယ်သူကမှ ကိုယ့်မှာ အသက်ကိုရရှိတယ်လို့ သက်သေခံလို့မရဘူး။ ဒီအရာအားလုံးကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဆုံးဖြတ်ရတာပါ။ အသက်ကိုရရှိတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘယ်အရာတွေက တိတိကျကျ ထင်ရှားသင့်သလဲ။ သခင်ယေရှုက၊ “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) လို့ပြောခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောထားတယ်- ‘စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်)များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ သမ္မာတရားက လူတွေရဲ့ အသက်အဖြစ် ဆောင်ရွက်နိုင်တယ်၊ သမ္မာတရားကို ရရှိတာက အသက်ကို ရရှိတာနဲ့ အတူတူဖြစ်သလို၊ အသက်ရှိခြင်းက တစ်စုံတစ်ယောက်ဟာ သမ္မာတရားကို ရရှိပြီးပြီဖြစ်ပြီး ဘုရားသခင်ကို သိတယ်ဆိုတာကို ညွှန်ပြပါတယ်။ သမ္မာတရားကို နားမလည်သလို ဘုရားသခင်ကို မသိတဲ့ သူတစ်ယောက်ဟာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ နှလုံးသားတစ်ခု ရှိမှာ မဟုတ်သလို၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက သူတို့မှာ အသက်မရရှိဘူးလို့ ဆိုလိုတာပါ။ တစ်ယောက်ယောက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အသက်အဖြစ် မရရှိထားရင်၊ သူတို့အထဲမှာ ရှိရင်းစွဲရှိထားတဲ့ စာတန်ရဲ့ အဆိပ်တွေနဲ့ အသက်ရှင်တုန်းပဲ ဖြစ်လိမ့်မယ်။ သူတို့က မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မရိုးဖြောင့်မှု၊ ကောက်ကျစ်မှု၊ စသဖြင့် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မကြာခဏ ထုတ်ဖော်ပြတယ်။ ပြီးတော့ ဘုရားသခင်ကို သူတို့ ယုံကြည်ရင်တောင်မှ၊ ဘုရားသခင်ကို မကြောက်ရွံ့နိုင်ဘဲ မကောင်းမှုရဲ့ အဝေးမှာ မနေနိုင်ကြသေးပါဘူး။ သူတို့ မကြာခဏ လိမ်ညာတယ်၊ လှည့်စားတယ်၊ အပြစ်တွေ ကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကြတယ်။ သူတို့ကို အသက်ကိုရရှိတဲ့ လူတွေလို့ ဘယ်လိုဖြစ်ပြီး ခေါ်လို့ရဦးမှာလဲ။ သူတို့က အသက်ကိုရရှိတယ်လို့ သူတို့ပြောရင်၊ အဲဒါက ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘေားထားတွေနဲ့ ပြည့်နေတဲ့ ဆိုးယုတ်တဲ့ အသက်၊ အသွေးအသားဆန်တဲ့ အသက်ဖြစ်ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေ့ကြုံခြင်းနဲ့ သမ္မာတရားကို ရရှိခြင်းကနေလာတဲ့ အသစ်သော အသက်မဟုတ်ပါဘူး။ ဒါကြောင့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ကျမ်းစာနဲ့ အကျွမ်းဝင်ကောင်း ဝင်နိုင်ပြီး ကျမ်းစာ အသိပညာနဲ့ ဓမ္မပညာဆိုင်ရာ သဘောတရားတွေကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပေမယ့်၊ အဲဒါက သူတို့ဟာ ဘုရားသခင်ကို သိပြီး ကြောက်ရွံ့ကြတယ်၊ ပြီးတော့ သမ္မာတရားကို နားလည်ကြပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရှိကြတယ်လို့ မဆိုလိုပါဘူး။ ပြီးတော့ အဲဒါက သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို သူတို့ လက်တွေ့လုပ်ဆောင်တယ်၊ ဒါမှမဟုတ် ကိုယ်တော့်ကို နာခံကြတယ်လို့ သေချာပေါက် မဆိုလိုပါဘူး။ အဲဒီအစား၊ ကျွန်မတို့ မြင်ရတာက သူတို့ဟာ သူတို့ကိုယ်သူတို့ ချီးမြှောက်ကြပြီး သက်သေခံလေ့ရှိကြတယ်၊ ပြီးတော့ ယေဘုယျအားဖြင့် သူတို့ကို ယုံကြည်သူတွေ ကိုးကွယ်စေဖို့ ကြိုးစားကြတယ်ဆိုတာပါပဲ။ သူတို့ ထုတ်ဖော်ပြပြီး အသက်ရှင်နေထိုင်တာက- မာနထောင်လွှားပြီး စိတ်ကြီးဝင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှု ကင်းမဲ့ခြင်း နဲ့ လူတွေကို အရူးလုပ်ဖို့ သူတော်ကောင်းယောင်ဆောင်ခြင်းဖြစ်တဲ့ စာတန်ရဲ့ ပုံသဏ္ဍာန်ဖြစ်တယ်။ သူတို့ရဲ့ အလုပ်မှာသာမက သူတို့ရဲ့ တရားဟောချက်မှာပါ သခင့်နှုတ်ကပတ်တော်တွေရဲ့ စစ်မှန်တဲ့ အသိပညာ တစ်ခုတစ်လေ ဒါမှမဟုတ် အခြားလူတွေကို အကျိုးဖြစ်စေတဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတစ်ခုတစ်လေကို သူတို့ မပြောနိုင်ကြဘူး။ သူတို့ပြောတာကို နှစ်ဘယ်လောက်ကြာကြာ ရှင် နားထောင်ပေမယ့် သမ္မာတရား တစ်ခုတစ်လေမှ ရှင် လုံးဝနားလည်မှာမဟုတ်သလို ရှင့်ရဲ့ အသက်တာက လုံးဝ ကြီးထွားမှာ မဟုတ်ပါဘူး။ သူတို့က ဘုရားသခင်ကို ဒါမှမဟုတ် သူ့ရဲ့ အမှုတော်ကို သိကျွမ်းခြင်း မရှိသလို သမ္မာတရားကို ဖော်ပြဖို့နဲ့ နောက်ဆုံးသောကာလ သူ့ရဲ့ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်က လူ့ဇာတိခံ ပြန်ကြွလာတဲ့အခါ၊ သူတို့ စိတ်နှလုံးတွေထဲမှာ ဘုရားသခင်အတွက် ကြောက်ရွံ့စိတ် တစ်စိုးတစ်စိမှ မရှိဘဲ ဘုရားသခင်ကို သွေးရူးသွေးတန်း သူတို့ အာခံကြတယ်၊ ရှုတ်ချပြီး ပြစ်မှားစော်ကားကြတယ်။ သူတို့မှာ ဘယ်လိုအသက်မျိုး ရှိလို့လဲ။ သူတို့မှာ စာတန်ရဲ့ အသက် လုံးဝ ရှိကြတာဖြစ်တယ်။ သူတို့က ကျမ်းစာကို ကောင်းကောင်းသိခဲ့ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်မှုရှိပြီး အသက်ရှိတယ်လို့ ထင်ခဲ့ကြပေမယ့် ဘုရားသခင်ကို မသိခဲ့ကြသလို သခင့်ကို အာခံခြင်းတောင်ံပြုလုပ်ပြီး ရှုတ်ချကြသလို ကားတိုင်မှာ သံမှိုရိုက်ခဲ့ကြတဲ့ ဖာရိရှဲတွေလိုပဲဖြစ်တယ်။ သမ္မာကျမ်းစာကို တစ်ယောက်ယောက်က ကောင်းကောင်းသိတာနဲ့ပဲ သူတို့မှာ သမ္မာတရားနဲ့ အသက်ရရှိတယ်လို့ မဆိုလိုဘူးဆိုတာကို ဒါက ပြောပါတယ်။ အသက်ရရှိတဲ့ တစ်ဦးတည်းသော လူတွေက သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ကြသူတွေ၊ ပြီးတော့ ဘုရားသခင်ကို သိပြီး သူ့ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိသလို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအားဖြင့် အသက်ရှင်နိုင်သူတွေဖြစ်ပါတယ်။ အဲဒီသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သူတို့မှာ အသက်များစွာရရှိကြတယ်လို့ပြောပြီး၊ ဒါဟာ ယုံကြည်သူတွေကို အရူးလုပ်နေတာပဲဖြစ်သလို သူတို့ကိုယ်သူတို့ လှည့်ဖြားနေကြတာပဲဖြစ်တယ်။” ဟူ၍ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်မဝမ်၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ အရာရာက ကျွန်မ စိတ်ထဲ အပြည့်အဝ ရှင်းလင်းသွားခဲ့သည်။ တစ်စုံတစ်ဦးက ကျမ်းစာကို ကောင်းကောင်းသိပြီး ကျမ်းစာအပေါ် အသေးစိတ်ရှင်းပြနိုင်ရုံမျှဖြင့် သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်ကို သိသည်၊ သို့မဟုတ် အသက်ရှိသည်ဟု မဆိုလိုပါ။ မြင့်မားသည့် ရာထူးများရှိသည့်လူများ သို့မဟုတ် ဓမ္မပညာ ဆည်းပူးခဲ့ကြသူများ သို့မဟုတ် သမ္မာကျမ်းစာ အသိပညာရှိကြသူများအားလုံး အသက်များစွာရရှိကြသည်ဟု ကျွန်မ ထင်လေ့ရှိခဲ့သည်။ သို့သော် ယခုတွင် ကျွန်မ၏ ရှုထောင့်အမြင်က လုံးဝ အဓိပ္ပါယ်မရှိသည်ကို ကျွန်မ မြင်ရသည်။ သမ္မာတရားမရှိသည့် လူများက ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသောကြောင့် အလွယ်တကူ အရူးလုပ်ခံရပုံရလေသည်။ ထို့နောက် ကျွန်မက အစ်မဝမ်ကို မေးခွန်းတစ်ခု မေးခဲ့ပါသည်- “အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာ သိပ်ကောင်းတယ်။ ကျွန်မတို့ လုပ်ရ မှာက သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဂရုတစိုက်ဖတ်ဖို့ပဲ။ ပြီးရင် ဒါတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်သလို ဘုရားသခင်ရဲ့ အသံတော်တွေဖြစ်တယ်ဆိုတာ ကျွန်မတို့ နားလည်ကြလိမ့်မယ်။ ဒါဆိုရင် သင်းအုပ်ဆရာတွေက ဘယ်လိုကဘယ်လို ဒါကို လက်မခံကြဘဲ ကိုယ်တော့်ကို ဆန့်ကျင်ပြီး ရှုတ်ချဖို့တောင် အစွမ်းကုန်လုပ်ကြတာလဲ။” အစ်မဝမ်က၊ “အခု နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာပြီးပြီဖြစ်ပြီး သန့်စင်ခံရပြီး ကယ်တင်ခံရဖို့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြပြီးဖြစ်တယ်။ ဒီသမ္မာတရားတွေက ကျွန်မတို့အပေါ် ဘုရားသခင် အပ်နှင်းတဲ့ ထာဝရ အသက်လမ်း ဖြစ်တယ်။ လူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အလေးအနက် ဖတ်သမျှကာလပတ်လုံး၊ ဒီနှုတ်ကပတ်တော်တွေက သမ္မာတရား၊ အသက်နဲ့ လမ်းခရီးဖြစ်သလို၊ လူသားမျိုးနွယ်ရဲ့ ရှင်သန်မှုအတွက် အခြေခံအုတ်မြစ်နဲ့ လမ်းညွှန်ဖြစ်တယ်ဆိုတာ သူတို့ ဝန်ခံလိမ့်မယ်။ ဒါက အမှန်တရားတစ်ခုပဲ။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲအများစုက ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်၊ ရှုတ်ချကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်အောင် လူတွေကို တားဆီးဖို့ ကြိုးစားကြပေမယ့်၊ ဒါက အဲဒီ နှုတ်ကပတ်တော်တွေထဲက သြဇာအာဏာနဲ့ တန်ခိုးတွေကို သူတို့ မကြားနိုင်ဘူးလို့ မဆိုလိုပါဘူး။ တစ်ချို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အသုံးကျတဲ့အရာတစ်ခုတစ်လေမှ မဟောနိုင်ကြလို့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ခိုးယူကြပြီး သူတို့ရဲ့ အသင်းသားတွေဆီကို ဟောကြတယ်။ အဲဒါတွေက သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က ပေးတဲ့ ဉာဏ်အလင်းပေးခြင်းတွေဖြစ်တယ်လို့ အခိုင်အမာဆိုကြတယ်။ ဒါပေမယ့် ဘာဖြစ်လို့ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို သွေးရူးသွေးတန်း အာခံပြီး ရှုတ်ချနေကြသေးတာလဲ။ ဒါက သမ္မာတရားကို မုန်းတီးတဲ့ သူတို့ရဲ့ သဘာဝနဲ့ အနှစ်သာရတွေနဲ့ ပတ်သက်ပါတယ်။ သခင်ယေရှုက သူ့ရဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ ပထမဆုံး စတင်ခဲ့ချိန်ကို ပြန်တွေးကြည့်ရင်၊ သူက နိမိတ်လက္ခဏာတွေအများကြီးကို ထင်ရှားစေခဲ့တယ်၊ အထူးသဖြင့် လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်း နဲ့ မုန့်ငါးလုံး ငါးနှစ်ကောင်နဲ့ လူငါးထောင်ကို ကျွေးမွေးခဲ့တာတွေပေါ့၊ အဲဒါတွေက ယုဒပြည်တစ်လျှောက်လုံးက လူတွေအတွက် ပိုပြီး အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ ဒါကြောင့်၊ အဲဒီခေတ်အခါက သာမန်လူတွေအများကြီးက သခင့်နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကနေ သူဟာ ကြွလာတဲ့ မေရှိယဖြစ်တယ်ဆိုတာကို သတိပြုမိခဲ့ကြတယ်။ ဒါပေမယ့် ဂျူးလူမျိုးတွေရဲ့ခေါင်းဆောင်တွေက သခင်ယေရှုကို လက်မခံခဲ့ကြဘူး၊ အဲဒီအစား သူ့ကို အာခံပြီး ရှုတ်ချခဲ့ကြတယ်၊ ပြီးတော့ နောက်ဆုံးမှာ သခင့်ကို ကားစင်တင်ဖို့ ရောမအစိုးရနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြတယ်။ ဒါဘာလို့ ဖြစ်ခဲ့တာလဲ။ အဲဒါဟာ သူတို့က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေထဲက သြဇာအာဏာနဲ့ တန်ခိုးကို မကြားနိုင်ခဲ့ကြလို့လား။ မဟုတ်ပါဘူး။ အဲဒါဟာ သခင်ယေရှုရဲ့ လမ်းကို လက်ခံနေကြတဲ့လူတွေ ပိုပိုပြီးများလာတာကို သူတို့တွေ့ခဲ့ကြလို့ဖြစ်တယ်။ သာမန်လူစုအားလုံးက သခင်ယေရှုကို ယုံကြည်ကြမယ်ဆိုရင် ဘယ်သူကမှ သူတို့နောက်လိုက်မှာ မဟုတ်ဘူး ဒါမှမဟုတ် သူတို့ကို ကိုးကွယ်မှာ မဟုတ်သလို သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကျောင်းတွေ ဆုံးရှုံးမှာကို သူတို့ ကြောက်ခဲ့ကြတယ်။ သခင်ယေရှုက ဘုရားသခင်ဖြစ်တယ်ဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း သိခဲ့ကြတယ်၊ ဒါပေမယ့် ကိုယ်တော့်ကို သူတို့ တမင်တကာ ဆန့်ကျင်ခဲ့တာဖြစ်တယ်။ ဒါက ဘုရားသခင်ကို အာခံတတ်ပြီး သမ္မာတရားကို မုန်းတီးတဲ့ သူတို့ရဲ့ အန္တိခရစ် အနှစ်သာရကို ထုတ်ဖော်ပြပါတယ်။ သခင်ယေရှုက၊ ‘ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၀)အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။(ရှင်ယောဟန်ခရစ်ဝင် ၈:၄၃-၄၄) လို့ပြောပြီး သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲခဲ့တယ်။ ပစ္စုပ္ပန်ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာသာရေး အဖွဲ့အစည်းရဲ့ လက်ရှိ ခေါင်းဆောင်တွေရဲ့ သဘာဝနဲ့ အနှစ်သာကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောခဲ့ပါတယ်- ‘ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဒီနေ့ ဘာသာရေး အဖွဲ့အစည်းရဲ့ ဒီခေါင်းဆောင်တွေက ရှေးကာလရဲ့ ဖာရိရှဲတွေလိုပါပဲ။ သူတို့က သမ္မာကျမ်းစာကို ကောင်းကောင်း သိကြပေမယ့်၊ ဘုရားသခင်ရဲ့ အမှုတော်နဲ့ပတ်သက်ပြီး သူတို့ လုံးဝ ဘာမှမသိကြဘူး။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တပြီး ရှာဖွေကြတဲ့ လူတွေက ပိုပိုပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်ခံနေကြတာ သူတို့ မြင်ကြပြီး ယုံကြည်သူအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြမယ်ဆိုရင် သူတို့နောက်ကို ဘယ်သူမှ နောက်ထပ် မလိုက်ကြတော့မှာကို ဒါမှမဟုတ် သူတို့ကို ဘယ်သူမှ ငွေမလှူကြတော့မှာကို စိုးရိမ်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်ဖို့၊ သခင့်ကို သစ္စာရှိခြင်းနဲ့ သူ့ရဲ့ သိုးစုကို ကာကွယ်ခြင်းဆိုတဲ့ ခေါင်းစီးစာတန်းအောက်မှာ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို သွေးရူးသွေးတန်း ဆန့်ကျင်ပြီး ရှုတ်ချဖို့ ကြမ်းတမ်းတဲ့ ကောလာဟလ မျိုးစုံကို သူတို့ လုပ်ကြံခဲ့ကြသလို၊ မှန်တဲ့ လမ်းခရီးကို ရှာဖွေခြင်းနဲ့ လေ့လာဆန်းစစ်ခြင်းကနေ ယုံကြည်သူတွေကို တားဆီးဖို့ သူတို့အကောင်းဆုံး လုပ်ကြတယ်။ ဒါကြောင့် ဘာသာရေး ခေါင်းဆောင်တွေက အမှန်တော့ သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးတဲ့ ဖာရိရှဲတွေဖြစ်တယ်ဆိုတာ ကျွန်မတို့ မြင်နိုင်ပါတယ်။ သူတို့က လူတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုတဲ့ အသက်ရှင်နေတဲ့ မကောင်းဆိုးဝါးတွေဖြစ်ပြီး၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်အားဖြင့် ထုတ်ဖော်ပြခံရတဲ့ အန္တိခရစ်တွေပဲဖြစ်ပါတယ်” ဟု ပြန်ပြောလေသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစ်မ၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ အလင်းကို ကျွန်မ ရုတ်တရက် မြင်လိုက်ရသည်။ ကျွန်မ သုံးလေးကြိမ်ခန့် ခေါင်းညိတ်ပြီး “အခု ဒီသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘုရားသခင်ရဲ့ ကြွလာခြင်းကို သက်သေခံနေကြတဲ့ လူတွေရှိတယ်ဆိုတာကို ကြားသိကြတဲ့အပေါ်၊ မရှာဖွေကြ၊ မဆန်းစစ်ကြဘဲ၊ အဲဒီအစား ဘာကြောင့် ကိုယ်တော့်ကို ထပ်တလဲလဲ ရှုတ်ချကြလဲဆိုတာ နောက်ဆုံးတော့ ကျွန်မ နားလည်သွားပြီ။ အခု အဲဒီသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အမှန်မှာတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းနဲ့ ဘုရားသခင်ဆီက အသက် အဟာရကို ရရှိခြင်းကနေ ကျွန်မကို ဆွဲထားပြီး တားဆီးဖို့ အစွမ်းကုန် လုပ်နေတဲ့အချိန်မှာ သူတို့က ကျွန်မကို ကာကွယ်ပေးနေတယ်၊ ပြီးတော့ ကျွန်မရဲ့ အသက်တာနဲ့ပတ်သက်ပြီး ပူပန်ပေးနေတယ်လို့ ဘာကြောင့် ကျယ်ကျယ်လောင်လောင် အခိုင်အမာဆိုကြလဲဆိုတာ ကျွန်မနားလည်သွားပြီ။ အဲဒါတွေအားလုံးက ဘာကြောင့်လဲဆိုရင် သူတို့ လုပ်သမျှက သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်တွေကို ကာကွယ်ဖို့ဖြစ်လို့ပဲ။ လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်နောက် စတင်လိုက်ကြမယ်ဆိုရင် သူတို့ရဲ့ ဒေသနာတွေကို နားမထောင်ကြမှာ ဒါမှမဟုတ် သူတို့ကို ငွေတွေ မလှူကြမှာကို သူတို့ ကြောက်ကြတယ်၊ ပြီးတော့ အဲဒါဟာ မှန်တဲ့ လမ်းခရီးကို လေ့လာဆန်းစစ်ရာကနေ လူတွေကို သူတို့ တားဆီးရတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ သူတို့က တကယ်ကို စက်ဆုပ်စရာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ကျွန်မရဲ့ အခွင့်အရေးကို သူတို့ ဖျက်ဆီးခါနီးနီးပဲ။ အခု ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာ ကျွန်မ ပိုပြီးကောင်းကောင်းသိပြီဆိုတော့ သူတို့နဲ့ တစ်ခုတစ်လေ ပတ်သက်ဖို့ကို ကျွန်မ လက်ခံတော့မှာ မဟုတ်ဘူး။ ကျွန်မကို နှောင့်ယှက်ဖို့ သူတို့ ဘာပဲလုပ်လုပ်၊ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်တော့မယ်” ဟု ပြောလိုက်သည်။ ထို့နောက်တွင် ကျွန်မ၏ အရင်အသင်းတော် ဝတ်ပြုအစည်းအဝေးများသို့ နောက်တဖန် မည်သည့်အခါမျှ မသွားတော့ပါ။

နောက်မကြာမီတွင်၊ ကျွန်မ၏ အသင်းတော်ဟောင်းမှ တရားဟောဆရာနှစ်ပါး ကျွန်မ၏ အိမ်သို့ လာကြလေသည်။ သူတို့ထဲမှ တစ်ဦးဖြစ်သည့် တရားဟောဆရာ ကျန်းက ကျွန်မကို၊ “အန်တီ၊ ဘာလို့ ဝတ်ပြုအစည်းအဝေးတွေကို မလာတော့တာလဲ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက လူတွေနဲ့ အန်တီ ထပ်ပြီး အဆက်အသွယ် ရှိနေသေးတာလား။ အန်တီ ဘာပဲလုပ်လုပ်၊ သူတို့ရဲ့ ယုံကြည်ခြင်းဆီကို မပြောင်းလိုက်နဲ့။ သူတို့ရဲ့ ယုံကြည်မှုနောက်ကို အန်တီလိုက်ရင်၊ အန်တီတော့ သွားပြီပဲ” ဟု ပြောလေသည်။ ခိုင်မာသော အသံဖြင့် ကျွန်မက၊ “လတ်တလော နင်တို့နဲ့ ဝတ်ပြုအစည်းအဝေး တက်ရာကနေ ငါ ဘာမှ မရခဲ့ဘူး၊ ငါ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ ပိုလို့တောင် မှောင်မိုက်လာတယ်၊ ပြီးတော့ သခင့်ရဲ့ မျက်မှောက်တော်ကို ငါ မခံစားနိုင်ခဲ့ဘူး။ ဒါပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ငါ စဖတ်ကတည်းက၊ ငါ့ စိတ်ဝိညာဉ်က အားတက်လာခဲ့ပြီး၊ အခု သမ္မာတရားတွေကို ငါ စနားလည်လာနေသလို ငါ့အသက်တာ အားဖြစ်လာတယ်။ ဘုရားသခင်က ငါနဲ့အတူရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်က ငါ့အပေါ် အမှုပြုနေတယ်လို့ ငါ ခံစားရတယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက ရှင်သန်တဲ့ သက်စမ်းရေဖြစ်တယ်ဆိုတာ ငါ သေချာသွားပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကပဲ ငါ့ကို အာဟာရပေးနိုင်တယ်၊ ပြီးတော့ ငါ အသက်ရနိုင်တဲ့ ဘယ်နေရာမဆိုက ငါသွားမယ့်နေရာပဲ” ဟု ပြောလိုက်သည်။ ထို့နောက် သူတို့ထဲမှ တစ်ခြားတစ်ယောက်ဖြစ်သူ တရားဟောဆရာမ ဆောင်က၊ “အန်တီ့အတွက် ကျွန်မတို့ စိတ်ပူတယ်။ အန်တီက မှန်ကန်တဲ့လမ်းကြောင်းကနေ သွေဖည်သွားမှာကို ကျွန်မတို့ စိတ်ပူတယ်။ အန်တီက အသက်တာမှာ မရင့်ကျက်ဘူးလေ...” ဟု ပြောလေသည်။ သူ့ကို ကျွန်မက၊ “ငါ့အနေနဲ့ အသက်တာ မရင့်ကျက်ကောင်း မရင့်ကျက်နိုင်ပေမယ့်၊ ဘုရားသခင်က ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ဦးဆောင်မှာပါ၊ နင်တို့ရဲ့ ပူပန်မှုအတွက် ကျေးဇူးတင်တယ်၊ ဒါပေမယ့် နင်တို့အနေနဲ့ နင်တို့ရဲ့ ကိုယ်ပိုင် အသက်တာတွေကို စိတ်ပူသင့်တယ်။ ငါ့ ဘဝကတော့ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်...” ဟု ပြောခဲ့သည်။ ကျွန်မ ပြောဖို့ရှိသည့်အရာကို သူတို့ ကြားပြီးနောက်တွင်၊ ကျွဲမြီးတိုလျက် သူတို့ ပြန်သွားကြလေသည်။ အဝေးတွင် သူတို့ ပျောက်ကွယ်သွားကြသည်ကို ကျွန်မ စောင့်ကြည့်စဉ်၊ အရင်တုန်းက ကျွန်မ လုံးဝ မခံစားခဲ့ရသကဲ့သို့ဖြစ်သော ကြီးမားသည့် စိတ်အေးသက်သာခြင်း အသိစိတ်တစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ ထိုနောက်ပိုင်းတွင်၊ နောက်ထပ် နှစ်ကြိမ် သူတို့ ပြန်လာခဲ့ကြသော်လည်း၊ သူတို့၏ တိုက်တွန်းမှုများဖြင့် ကျွန်မ တုတ်တုတ်မျှမလှုပ်သည်ကို တွေ့ရသည့်အခါ၊ သူတို့ ဘယ်သောအခါမျှ တဖန်ပြန်မလာကြတော့ပါ။ ကျွန်မကို ဘုရားသခင်၏ လမ်းပြခြင်း ကျေးဇူးကြောင့်၊ ထိုဘာသာရေး ခေါင်းဆောင်များ၏ စစ်မှန်သော မျက်နှာများ နှင့် ဆိုးယုတ်သော ရည်ရွယ်ချက်များကို ကျွန်မ ထွင်းဖောက်မြင်ခဲ့ပြီး၊ စာတန်၏ လှည့်ကွက်များကို ကျွန်မ ထွင်းဖောက်မြင်ခဲ့ကာ စိတ်ရှုပ်ထွေးမှုထဲမှ ကျွန်မ၏ ထွက်ပေါက်နှင့် ဘုရားသခင်ထံသို့ ပြန်သည့်လမ်းကို ကျွန်မ မြင်ခဲ့သည်။ ယခုတွင် ရှင်သန်သော သက်စမ်းရေဖြင့် ကျွန်မ အထောက်အပံ့ခံရလျက်ရှိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက်တော်သို့ ကျွန်မ အမြဲလိုက်ကာ ကိုးကွယ်ပါမည်။

အရှေ့သို့- ၆။ နားထောင်ပါ။ စကားပြောသည့်သူမှာ မည်သူနည်း။

နောက်တစ်ခုသို့- ၈။ သန့်စင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်သို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို ဦးဆောင်ခဲ့သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅။ စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို သဘောပေါက်ပြီးနောက်၊ ကျိုးကြောင်းမမြင်ဘဲ ကျွန်မ သတိထားခြင်း မပြုတော့ပါ။

ရှန်းဝမ်၊ မလေးရှား ငယ်သည့် အရွယ်ကတည်းက သခင့်ကို ယုံကြည်ရာတွင် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေ ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ)...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၃။ တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည်ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။