၁၇၉ ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်
၁ ဘုရားသခင်သည် မိမိကိုယ်ကိုယ် အဆင့်တစ်ခုအထိ နှိမ့်ချသောအခါမှသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူ သောအခါမှသာ၊ လူသားသည် သူ၏အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်တော်နှင့် စပ်ဆိုင်၏- လူများသည် အလွန်ကြီးမြင့်ပြီး ခက်ခဲနက်နဲလှသော ဤဝိညာဉ်တော်နှင့် အကျွမ်းဝင်သူများဖြစ်ရန် အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ ဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူများသည် သူ၏ အလိုတော်ကို နားလည်နိုင်ပြီး သူ၏ရယူခြင်းကို အမှန်တကယ် ခံရနိုင်မည်ဖြစ်သည်။
၂ သူသည် လူ့ဇာတိဖြင့် ပြောဆိုလုပ်ကိုင်ပြီး၊ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲများကို မျှဝေခံစားပေးသည်၊ လူသားမျိုးနွယ်နေသည့် ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားမျိုးနွယ်ကို အကာအကွယ်ပေးကာ ၎င်းတို့ကို လမ်းညွှန်ပေးသည်၊ ဤအရာမှတစ်ဆင့် သူသည် လူသားကို သန့်စင်စေကာ သူ၏ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီးနောက် လူများသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူများအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူများသည် သူနှင့် အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်