အခန်း ၁၁၅

သင့်ကြောင့်၊ ငါ၏စိတ်နှလုံးသည် အလွန်ဝမ်းမြောက်လိမ့်မည်။ သင့်ကြောင့်၊ ငါ၏ လက်သည် ပျော်ရွှင်ခြင်းဖြင့် ကခုန်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းခြင်း အချိန်ကာလမတိုင်မီက သင်သည် ငါထံမှ လာခဲ့သောကြောင့်၊ ငါသည် သင့်ကို အဆုံးမရှိသော ကောင်းချီးများ ပေးမည်။ ယနေ့တွင် သင်သည် လောက သို့မဟုတ် ကမ္ဘာမြေနှင့် သက်ဆိုင်ခြင်းမရှိဘဲ၊ ငါနှင့် သက်ဆိုင်သည့်အတွက်၊ ငါ့ထံပါးသို့ သင် ပြန်လာရမည်။ ငါသည် သင့် ကို ထာဝရ ချစ်မည်၊ ငါသည် သင့် ကို ထာဝရ ကောင်းချီးပေးမည်ဖြစ်ပြီး၊ ငါသည် သင့်ကို ထာဝရ ကာကွယ်ပေးမည်။ ငါ့ထံမှ လာသောသူများသာ ငါ၏ အလိုကို သိကြပြီး၊ ၎င်းတို့သာ ငါ၏ဝန်ထုပ်ဝန်ပိုးကို စာနာထောက်ထားမှုပြကြလိမ့်မည်ဖြစ်ကာ ငါ လုပ်ချင်သောအရာကို ၎င်းတို့သာ လုပ်ဆောင်ကြလိမ့်မည်။ ယနေ့တွင်၊ အရာရာ ပြီးမြောက်ပြီး ဖြစ်သည်။ ငါ၏စိတ်နှလုံးသည် မကြာမီ ငါ ချစ်မြတ်နိုးသော သားများက ငါနှင့်အတူ ပြန်လည် ပေါင်းစည်းဖို့နှင့် ငါ၏ ဇာတိအဖြစ်တော်သည် ဇိအုန်သို့ မကြာမီ လုံးဝ ပြန်သွားဖို့ရန်အတွက် တမ်းတရင်း၊ မီးစက်ကဲ့သို့ ဖြစ်၏။ သင်သည် ဤအရာနှင့်သက်ဆိုင်၍ အသိပညာအချို့ရှိ၏။ ငါတို့သည် စိတ်နှလုံးအားဖြင့် အချင်းချင်းနောက် မကြာခဏ မလိုက်နိုင်ကြသော်လည်း၊ ငါတို့သည် တစ်ဦးနှင့် တစ်ဦး စိတ်နှလုံးအားဖြင့် မကြာခဏ အတူပါရှိပြီး ဇာတိပကတိဖြင့် တွေ့ဆုံနိုင်ကြသည်။ အဖနှင့် သားများသည် ထာဝရ ခွဲခွာ၍ မရပေ။ ၎င်းတို့သည် အတွင်းကျကျ ဆက်စပ်ကြသည်။ ဇိအုန်တောင်သို့ ပြန်သောနေ့မတိုင်မီအထိ အဘယ်သူမျှ ငါ့ထံပါးမှ သင့်ကို ခေါ်ဆောင်သွား၍ မရနိုင်ပေ။ ငါ့ထံမှ လာသော သားဦးအားလုံးကို ငါ ချစ်မြတ်နိုးပြီး ငါ့ကို ဆန့်ကျင်သော ရန်သူအားလုံးကို ငါ မုန်းတီးသည်။ ငါ ချစ်မြတ်နိုးသော သူများကို ဇိအုန်သို့ ငါပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ပြီး ငါ မုန်းတီးသောသူများကို မရဏာနိုင်ငံ၊ ငရဲထဲသို့ ပစ်ချမည်ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ အားလုံး၏ အဓိက အခြေခံသဘောတရား ဖြစ်သည်။ ငါ့သားဦးများ ပြောသည့် သို့မဟုတ် လုပ်ဆောင်သည့် အရာတိုင်းသည် ငါ့ဝိညာဉ်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ အယောက်တိုင်းသည် ငါ၏ သားဦးများကို သက်သေခံကြရမည်မှာ ဤအရာနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်ခြင်းဖြင့် ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ နောက်တစ်ဆင့် ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်က ခုခံပါက၊ ငါ၏ သားဦးများကို ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းစေမည်။ ယခုအချိန်သည် ယခင်နှင့် ကွာခြားပေသည်။ ငါ ချစ်မြတ်နိုးသောသူများသည် တရားစီရင်ခြင်း စကားတစ်ခွန်း ပြောဆိုပါက၊ ငါသည် ငါ၏သားဦးများကို သြဇာအာဏာပေးအပ်နှင့်ပြီး ဖြစ်သောကြောင့် စာတန်သည် မရဏာနိုင်ငံတွင် ချက်ချင်းသေဆုံးသွား၏။ ဆိုလိုသည်မှာ ယခုအချိန်မှ စ၍ ငါ၏သားဦးများနှင့် ငါ့အတွက် အတူတကွ အုပ်စိုးရန် အချိန်ဖြစ်သည်။ (ဤသည်မှာ ကိုယ်ခန္ဓာဖြင့် အတူတကွ အုပ်စိုးခြင်းနှင့် အနည်းငယ် ကွာခြားသည့် ဇာတိပကတိ၏ အဆင့်တွင် ရှိပေသည်)။ အတွေးဖြင့် မနာခံသောသူ မည်သူမဆိုသည် ငါ၏ ဖြစ်ခြင်းဖြစ်သည့် ဇာတိအဖြစ်တော်ကို ခုခံသောသူများကဲ့သို့ပင် တူညီသော ကံကြမ္မာကို ခံစားကြရလိမ့်မည် ဖြစ်သည်။ ငါတို့သည် ကိုယ်တစ်ကိုယ်တည်းမှ ဖြစ်ကာ ဘယ်သောအခါမျှ ခွဲခြား၍ မရနိုင်သည့်အတွက်၊ ငါဆက်ဆံခံရသကဲ့သို့ ငါ့သားဦးများ ဆက်ဆံခံကြရသင့်ပေသည်။ အတိတ်တွင် ငါ့အတွက် သက်သေခံခဲ့ကြသည်နှင့်အညီ၊ ယနေ့တွင် ငါ၏သားဦးများအတွက် ထိုနည်းတူ သက်သေခံသင့်ပေသည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ တစ်ခုဖြစ်သည်။ အယောက်တိုင်း ထကာ သက်သေခံကြရမည်။

ငါ၏နိုင်ငံသည် ကမ္ဘာ၏ အစွန်းနေရာများထိ ကျယ်ပြန့်ပြီး၊ ငါ၏သားဦးများသည် ကမ္ဘာ၏ အစွန်းများထိ ငါနှင့်အတူ ခရီးသွားကြသည်။ သင်၏ ဇာတိပကတိ အဟန့်အတားများကြောင့်၊ ငါ ပြောဆိုပြီးဖြစ်သော်လည်း သင်တို့ နားမလည်သော နှုတ်ကပတ်တော်များစွာ ရှိ၏၊ ထို့ကြောင့် အမှုအများစုကို ဇိအုန်သို့ ပြန်သွားပြီးနောက်တွင် ပြီးစီးရမည် ဖြစ်သည်။ ဤပြန်သွားခြင်းသည် အလှမ်းမဝေးသည်ကို ငါ၏နှုတ်ကပတ်တော်များမှ မြင်နိုင်၏- အမှန်တွင်၊ အခိုက်အတန့်သည် ရောက်လုနီးပါး ဖြစ်သည်။ ယင်းမှာ ငါသည် ဇိအုန်အကြောင်းနှင့် ဇိအုန်ရှိ ကိစ္စများကို စဉ်ဆက်မပြတ် ပြောဆိုနေသည့် အကြောင်းရင်း ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ ငါ၏ စိတ်နှလုံးထဲတွင် မည်သည့် အရာရှိသည်ကို သင်တို့ သိကြသလော။ ငါ၏စိတ်နှလုံးသည် မကြာမီ ဇိအုန်သို့ ပြန်သွားရန်၊ ခေတ်ဟောင်းကို အလုံးစုံ အဆုံးသတ်ရန်၊ ကမ္ဘာမြေပေါ်ရှိ ငါတို့၏ ဘဝကို အဆုံးသတ်ရန်၊ (အဘယ်ကြောင့်ဆိုသော် ငါသည် လောကီလူများ၊ ကိစ္စများနှင့် အမှုအရာများကို စက်ဆုပ်ပြီး၊ ဇာတိပကတိထဲရှိ ဘဝကို သာ၍ပင် မုန်းတီးကာ ဇာတိပကတိ၏ အဟန့်အတားများက ကြီးမားသောကြောင့်ဖြစ်သည်။ အရာရာတိုင်း ကြီးပွားမည်မှာ ဇိအုန်သို့ ပြန်ရောက်သောအခါမှသာလျှင် ဖြစ်သည်)နှင့် နိုင်ငံတော်ရှိ ငါတို့၏ အသက်တာကို ပြန်လည်ရရှိရန်တို့ကို တောင့်တနေသည်။ ငါ၏ ပထမအကြိမ် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ငါ၏ ဒုတိယ လူ့ဇာတိခံယူခြင်းအတွက် အုတ်မြစ်ချရန် ဖြစ်သည်။ ဤသည်မှာ ခရီးနှင်ရမည့် လမ်းကြောင်းဖြစ်သည်။ သင်တို့သည် ငါ၏ကိုယ်ခန္ဓာထဲသို့ နောက်ဆုံး အဆင့်အတွင်းတွင် ပြန်လာနိုင်ဖို့အလို့ငှာ၊ ငါ့ကိုယ်ငါ စာတန်မာရ်နတ်ထံ လုံးဝပုံအပ်လိုက်ခြင်းဖြင့်သာ သင်တို့ကို ရွေးနုတ်နိုင်မည်ဖြစ်သည်။ (ငါ၏ပထမအကြိမ် လူ့ဇာတိခံယူခြင်းအတွက် မဟုတ်ပါက၊ ငါသည် ဘုန်းအသရေ ရရှိနိုင်ပြီး ဖြစ်မည်မဟုတ်သကဲ့သို့ ငါသည် အပြစ်ဖြေရာယဇ်ကို ပြန်လည်ယူဆောင်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်တို့သည် လောကထဲသို့ အပြစ်သားများအဖြစ် ရောက်လာကြပြီး ဖြစ်ပေမည်)။ ငါသည် အနန္တဉာဏ်ပညာရှိသောကြောင့်၊ သင်တို့ကို ဇိအုန်မှ ငါ ဦးဆောင်လမ်းပြသည်ဆိုသည့်အချက်မှာ ငါသည် သင်တို့ကို ဇိအုန်သို့ ဧကန် ပြန်လည်ခေါ်ဆောင်သွားမည်ဟု ဆိုလိုပေသည်။ ငါ၏ကြီးမြတ်သော အမှုသည် အချိန်ကြာမြင့်စွာက ပြီးမြောက်ခဲ့သောကြောင့်၊ လမ်းကို ပိတ်ပင်ရန် စာတန်၏ ကြိုးပမ်းမှုများသည် အောင်မြင်မည် မဟုတ်ပေ။ ငါ၏သားဦးများသည် ငါနှင့် ထပ်တူ ဖြစ်သည်- ၎င်းတို့သည် သန့်ရှင်းကြပြီး အပြစ်ဆိုစရာမရှိကြပေ၊ ထို့ကြောင့် ငါသည် ဇိအုန်သို့ ငါ၏သားဦးများနှင့်အတူ ပြန်သွားလိမ့်ဦးမည်ဖြစ်ပြီး၊ ငါတို့ မည်သည့်အခါတွင်မျှ ဝေးကွာကြလိမ့်မည် မဟုတ်ပေ။

ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို သင်တို့ထံ တဖြည်းဖြည်း ထုတ်ဖော်ပြလျက် ရှိသည်။ ငါသည် ငါ၏အမှုကို တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အလယ် စတင်ပြီး ဖြစ်သည်။ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပါင်းတို့အလယ် ငါ၏အမှုကို ဆောင်ရွက်ခြင်းသည် ဇိအုန်သို့ ပြန်သွားပြီးနောက်တွင်သာ လုပ်ဆောင်ရမည့် တစ်စုံတစ်ရာ ဖြစ်သောကြောင့်၊ ဤအရာက ဇိအုန်သို့ ငါ၏ ပြန်သွားခြင်းသည် အလွန်အလှမ်းမဝေးသည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ ငါ၏ အရှိန်အဟုန်သည် တိုး၍ မြန်လာနေသည်။ (ဇိအုန်သို့ ငါပြန်သွားခြင်း နေ့ရက် နီးကပ်လာနေသောကြောင့်၊ ငါ မပြန်မီတွင် ကမ္ဘာပေါ်ရှိ ငါ၏အမှုကို ငါ အပြီးသတ်ချင်သည်)။ ငါသည် ငါ၏အမှုနှင့်ပတ်သက်၍ ယခင်ထက် သာ၍ အလုပ်များလာနေသော်လည်း၊ ကမ္ဘာပေါ်တွင် ငါ့အတွက် လုပ်ဆောင်ရမည့်အလုပ် နည်းသထက်နည်းလာနေ၏- လုံးဝ မရှိသလောက် ဖြစ်သည်။ (ငါ၏ အလုပ်များမှုသည် ဝိညာဉ်တော်၏အမှုကို ဦးတည်သည်၊ ယင်းကို လူသားက ပကတိမျက်စိဖြင့် မမြင်နိုင်ဘဲ ငါ၏ နှုတ်ကပတ်တော်များမှသာ ကောက်နုတ်နိုင်သည်။ ငါ၏ အလုပ်များခြင်းသည် ဇာတိပကတိ၌ အလုပ်များသကဲ့သို့ မဟုတ်ဘဲ၊ ငါ အလုပ်များစွာနှင့်သက်ဆိုင်သည့် ငါ၏ စီစဉ်ထားခြင်းကို ရည်ညွှန်းပေသည်)။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ငါ ပြောပြီးသည့်အတိုင်း၊ ကမ္ဘာမြေပေါ်ရှိ ငါ၏အမှုသည် အကုန်အစင် ပြီးစီးနှင့်ပြီဖြစ်ကာ၊ ကျန်သော ငါ၏အမှုသည် ငါ ဇိအုန်သို့ ပြန်သည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည် ( အမှုပြုဖို့ ဇိအုန်သို့ ငါ ပြန်သွားရမည့် အကြောင်းရင်းမှာ အနာဂတ်အမှုသည် ဇာတိပကတိဖြင့် ပြီးမြောက်၍မရနိုင်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ဤအမှုကို ဇာတိပကတိဖြင့် လုပ်ဆောင်ခဲ့မည်ဆိုပါက၊ ယင်းသည် ငါ၏နာမကို ဂုဏ်သရေညှိုးစေမည် ဖြစ်သည်)။ ငါ၏ရန်သူများကို ငါ အနိုင်ယူပြီး၊ ဇိအုန်သို့ ပြန်သောအခါတွင်၊ ဘဝသည် ခေတ်များမတိုင်မီ ဘဝထက် ပိုမိုလှပကာ အေးချမ်းလိမ့်မည်ဖြစ်သည် (ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါသည် လောကကို လုံးဝ အောင်နိုင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ငါ၏ ပထမနှင့် ဒုတိယ လူ့ဇာတိခံယူခြင်းများကြောင့်၊ ငါသည် ဘုန်းအသရေ အပြည့်အဝ ရရှိပြီးဖြစ်သည်။ ငါ၏ ပထမလူ့ဇာတိခံယူခြင်းတွင်၊ ငါသည် ငါ့ဘုန်းအသရေ၏ တစ်စိတ်တစ်ပိုင်းသာ ရရှိခဲ့သော်လည်း၊ ငါ၏ ဒုတိယ လူ့ဇာတိခံယူခြင်းတွင်၊ ငါ၏ ဇာတိအဖြစ်တော်သည် ဘုန်းအသရေ အပြည့်အဝ ရရှိပြီးဖြစ်သည်၊ ထို့ကြောင့် စာတန်အတွက် အမြတ်ထုတ်ရန် အခွင့်အရေးများ ဆက်မရှိတော့ပေ။ ထို့ကြောင့် ဇိအုန်ရှိ အနာဂတ်အသက်တာသည် ပို၍ပင် လှပကာ အေးချမ်းလိမ့်မည်ဖြစ်သည်)။ ငါ၏ ဇာတိအဖြစ်တော်သည် အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အလို့ငှာ၊ ငါသည် လောကနှင့် စာတန် အရှေ့တွင် ပို၍ပင် တင့်တယ်ခမ်းနားစွာ ပေါ်ထွန်းလိမ့်မည်။ ဤသည်မှာ ငါ့ဉာဏ်ပညာအားလုံး၏ အဓိက အချက်ဖြစ်သည်။ အပြင်ပန်းအရာများအား ငါ သာ၍ပြောလေလေ၊ သင်တို့ သာ၍နားလည်နိုင်လေလေဖြစ်သည်။ လူသားတို့ မမြင်နိုင်သော ဇိအုန်၏အမှုအရာများကို ငါသာ၍ပြောလေလေ ဤအရာများက သာ၍ အနှစ်သာရမဲ့သည်ဟု သင်တို့ တွေးလေလေဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းတို့ကို စိတ်ကူးကြည့်ရန် သင်တို့အတွက် သာ၍ခက်ခဲလေလေ ဖြစ်လိမ့်မည်။ ငါသည် နတ်သမီးပုံပြင်များပြောနေသည်ဟု သင်တို့ ထင်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဂရုစိုက်ကြည့်ရမည်။ ငါ့ နှုတ်တွင် အနှစ်သာရမဲ့သော စကားများ မရှိပေ။ ငါ့နှုတ်မှလာသော စကားများသည် ယုံကြည်စိတ်ချရ၏။ ယင်းသည် သင်တို့၏ တွေးပုံတွေးနည်းဖြင့် နားလည်ဖို့ ခက်ခဲသော်လည်း ဤသည်မှာ လုံးဝ မှန်ကန်သည်။ (ဇာတိပကတိ၏ ကန့်သတ်မှုများကြောင့် လူသားများသည် ငါ ပြောသောအရာကို လုံးဝနှင့် စေ့စေ့စပ်စပ် နားမလည်နိုင်ကြသကဲ့သို့၊ ငါ ပြောပြီးသည့် အရာများစွာကို ငါသည် လုံးဝ မထုတ်ဖော်ပြရသေးပေ။ သို့သော်၊ ဇိအုန်သို့ ငါတို့ ပြန်ကြသောအခါတွင်၊ ငါသည် ရှင်းပြရန် လိုအပ်မည် မဟုတ်။ သင်တို့ အလိုအလျောက် နားလည်ကြလိမ့်မည်)။ ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားရ။

လူသား ဇာတိပကတိနှင့် အယူအဆတို့သည် ကန့်သတ်ချက်များရှိသော်လည်း၊ ငါသည် သင်တို့၏ သွေးသား တွေးခေါ်မှုကို တိုးတက်စေချင်ဆဲဖြစ်သကဲ့သို့ သင်တို့၏ အယူအဆများကို ထုတ်ဖော်ပြခဲ့သော နက်နဲမှုများမှ တဆင့် ပြန်တွန်းလှန်ချင်ဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ကြိမ်ဖန်များစွာ ပြောထားပြီးသည့်အတိုင်း ဤသည်မှာ ငါ့အမှု၏ အဆင့်တစ်ဆင့် ဖြစ်သောကြောင့်ဖြစ်သည် (ပြီးလျှင် ဇိအုန်ထဲသို့ ဝင်ရောက်ခြင်းမတိုင်မီ ဤအမှု ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ)။ လူတိုင်း၏စိတ်ထဲတွင် “ဇိအုန်တောင်”တစ်ခု ရှိပြီး ယင်းသည် အယောက်တိုင်းအတွက် ကွဲပြားခြားနား၏။ ငါသည် ဇိအုန်တောင်ကို ဖော်ပြမြဲဖော်ပြသည့်အတွက်၊ ယင်းနှင့်သက်ဆိုင်၍ သင်တို့ အနည်းငယ် သိနိုင်ကြဖို့အလို့ငှာ၊ သင်တို့အား ယင်းနှင့်ပတ်သက်သည့် ယေဘုယျ သတင်းအချက်အလက်အချို့ကို ငါ ပေးမည်။ ဇိအုန်တောင်ပေါ်တွင်ရှိဖို့ဆိုသည်မှာ ဝိညာဉ်နယ်ပယ်သို့ ပြန်သွားဖို့ ဖြစ်သည်။ ယင်းသည် ဝိညာဉ်လောကကို ရည်ညွှန်းသော်လည်း၊ လူသားတို့ မမြင်နိုင်၊ မထိတွေ့နိုင်သော နေရာမဟုတ်ပေ။ ဤအရာက ရုပ်ခန္ဓာနှင့် သက်ဆိုင်သည်။ ယင်းသည် လုံးဝမမြင်နိုင် သို့မဟုတ် လက်ဆုပ်လက်ကိုင်မပြနိုင်သည် မဟုတ်ပေ။ ရုပ်ခန္ဓာပေါ်ထွန်းသောအခါ၊ ယင်းသည် အသွင်အပြင်နှင့် ပုံသဏ္ဍာန်ရှိသော်လည်း၊ ရုပ်ခန္ဓာမပေါ်ထွန်းသောအခါ ယင်းမှာ အသွင်အပြင်နှင့် ပုံသဏ္ဍာန်မရှိပေ။ ဇိအုန်တောင်ပေါ်တွင်၊ အစားအစာ၊ အဝတ်အစားများ၊ နေ့စဉ်လိုအပ်ချက်များ၊ သို့မဟုတ် နားခိုစရာနှင့်ပတ်သက်၍ ပူပန်မှုများရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အိမ်ထောင်ပြုခြင်း သို့မဟုတ် မိသားစုလည်း ရှိမည်မဟုတ်ပေ။ ပြီးလျှင် လိင်အမျိုးအစားခွဲခြားမှု ရှိလိမ့်မည် မဟုတ်သကဲ့သို့ (ဇိအုန်တောင်ပေါ်တွင်ရှိသော သူအားလုံးသည် ခန္ဓာတစ်ခုတည်းဖြင့် ငါ၏ ဇာတိအဖြစ်တော် ဖြစ်ကြ၏၊ ထို့ကြောင့် အိမ်ထောင်ပြုခြင်း၊ မိသားစု သို့မဟုတ် လိင်အမျိုးအစား ခွဲခြားမှု ရှိလိမ့်မည် မဟုတ်ပေ)၊ ငါ၏ ဇာတိအဖြစ်တော် ပြောဆိုသော အရာရာတိုင်းကို စွမ်းဆောင်ရရှိလိမ့်မည်။ လူတို့သည် သတိမထားကြသည့်အချိန်တွင်၊ ငါ၏ ဇာတိအဖြစ်တော်သည် ၎င်းတို့အလယ် ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ လူတို့ အာရုံစိုက်မနေသည့်အချိန်တွင်၊ ငါ၏ ဇာတိအဖြစ်တော် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ (ဤသည်မှာ အသွေးအသားရှိသည့် လူတို့ မပြီးမြောက်နိုင်သည့် အရာတစ်ခု ဖြစ်သည်၊ ထို့ကြောင့် သင်တို့အတွက် ယခု စိတ်ကူးဖို့ ခက်ခဲပေသည်)။ အနာဂတ်တွင်၊ နေတစ်စင်း၊ လတစ်စင်း၊ သဘာဝတရား ကောင်းကင်နှင့် မြေကြီးတို့ ရှိလိမ့်ဦးမည် ဖြစ်သော်လည်း၊ ငါ၏ ဇာတိအဖြစ်တော်သည် ဇိအုန်တွင် ရှိလိမ့်မည်ဖြစ်သောကြောင့်၊ နေ၏ ချစ်ချစ်တောက်အမူ ရှိလိမ့်မည်မဟုတ်၊ နေ့အချိန် ရှိလိမ့်မည်မဟုတ်သကဲ့သို့ သဘာဝဘေးအန္တရာယ်များမှ ဆင်းရဲဒုက္ခခံစားရခြင်း ရှိလိမ့်မည် မဟုတ်ပေ။ “ဘုရားသခင်သည် ငါတို့ကို အလင်းပေးလိမ့်မည်ဖြစ်သောကြောင့်၊ ငါတို့သည် ဆီမီးအလင်းရောင် သို့မဟုတ် နေရောင်ကို လိုအပ်လိမ့်မည် မဟုတ်” ဟု ငါပြောခဲ့ချိန်တွင်၊ ငါသည် ဇိအုန်တွင်ရှိခြင်းအကြောင်းကို ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ လူသားများ၏ အယူအဆများအရ၊ စကြဝဠာထဲက အရာရာတိုင်းသည် ဖယ်ရှားသုတ်သင်ခံရမည်ဖြစ်ပြီး၊ လူအားလုံးသည် ငါ၏အလင်းထဲတွင် အသက်ရှင်ကြရပေမည်။ ဤသည်မှာ “ဘုရားသခင်သည် ငါတို့ကို အလင်းပေးလိမ့်မည်ဖြစ်သောကြောင့်၊ ငါတို့သည် ဆီမီးအလင်းရောင် သို့မဟုတ် နေရောင်ကို လိုအပ်လိမ့်မည် မဟုတ်” ဟူသည့်အရာ၏ စစ်မှန်သော အဓိပ္ပါယ်ဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်၊ သို့သော် အမှန်တွင်၊ ဤသည်မှာ အဓိပ္ပါယ်ကောက်လွဲခြင်း ဖြစ်သည်။ “လတိုင်း ထိုအသက်အပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးတတ်၏” ဟု ငါဆိုသောအခါ၊ ဇိအုန်ထဲက ကိစ္စရပ်များကို ငါ ရည်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။ ဤစာကြောင်းသည် ဇိအုန်ထဲက အသက်တာ၏ အခြေအနေများကို အလုံးစုံ ကိုယ်စားပြု၏။ ဇိအုန်တွင်၊ အချိန်သည် အကန့်အသတ်ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ပထဝီမြေနှင့် နေရာ၏ အကန့်အသတ်များလည်း ရှိလိမ့်မည်မဟုတ်ပေ။ ယင်းမှာ “လတိုင်း”ဟု ငါ ဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ “အသီးတစ်ဆယ့်နှစ်မျိုး”သည် ယနေ့ လူတို့ အသက်ရှင်နေထိုင်နေကြသည့် အပြုအမူများကို ကိုယ်စားမပြုပေ။ ထို့ထက်၊ ယင်းသည် ဇိအုန်ရှိ လွတ်လပ်မှုနှင့်သက်ဆိုင်သော အသက်တာကို ရည်ညွှန်းပေသည်။ ဤစကားများသည် ဇိအုန်ထဲက ဘဝ၏ ယေဘုယျ ကောက်ချက်ချခြင်းတစ်ခု ဖြစ်သည်။ ဇိအုန်ထက ဘဝသည် ကြွယ်ဝကာ အမျိုးအစားစုံလင်လိမ့်မည်ဖြစ်သည်ကို ဤအရာမှ တွေ့နိုင်သည် (အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် “ဆယ့်နှစ်မျိုး” ဆိုသည်မှာ ပြည့်ဝခြင်းကို ရည်ညွှန်းသည်)။ ယင်းသည် ပူဆွေးမှုနှင့် မျက်ရည်များ၊ မရှိသည့် အသက်တာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ခေါင်းပုံဖြတ်ခြင်း သို့မဟုတ် ဖိနှိပ်ချုပ်ချယ်ခြင်းများ လိမ့်မည်မဟုတ်ပေ၊ ထို့ကြောင့် အားလုံးကို လွတ်မြောက်စေကာ လွတ်လပ်စေမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ငါ၏ ဇာတိအဖြစ်တော်အတွင်းတွင် တည်ရှိနေသောကြောင့်၊ မည်သည့်လူကမျှ ခွဲခြားမရနိုင်သောကြောင့်ဖြစ်ပြီး၊ အရာရာတိုင်းသည် လှပခြင်းနှင့် ထာဝစဉ် သစ်လွင်မှု မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။ ယင်းသည် အရာရာတိုင်း အသင့်ဖြစ်သော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငါတို့၏ ဇိအုန်သို့ ပြန်လာခြင်းနောက် ငါတို့၏ဘဝအစ ဖြစ်လိမ့်မည်။

ကမ္ဘာပေါ်ရှိ ငါ၏အမှုသည် အကုန်အစင် ပြီးစီးပြီဖြစ်သော်လည်း ငါ၏သားဦးများအနေဖြင့် ကမ္ဘာပေါ်တွင် အလုပ်လုပ်ဖို့ ငါ လိုအပ်ဆဲဖြစ်သည်၊ ထို့ကြောင့် ဇိအုန်သို့ ငါ မပြန်နိုင်သေးပေ။ ငါသည် ဇိအုန်သို့ တစ်ဦးတည် မပြန်နိုင်ပေ။ ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အလုပ် ပြီးစီးပြီးနောက်တွင် ငါ၏ သားဦးများနှင့်အတူတကွ ငါသည် ဇိအုန်သို့ ပြန်သွားလိမ့်မည်ဖြစ်သည်။ ထိုသို့ဖြင့်၊ ငါတို့သည် ဘုန်းအသရေကို အတူတကွ ရယူနေကြသည်ဟု တရားသဖြင့် ပြောနိုင်ပေသည်။ ဤသည်မှာ ငါ့ ဇာတိအဖြစ်တော်၏ ပြီးပြည့်စုံသော သရုပ်သကန် ဖြစ်သည်။ (ငါ၏ သားဦးများသည် ထင်ရှားပေါ်လွင်စေခြင်း မခံရသေးသောကြောင့်၊ ကမ္ဘာမြေပေါ်ရှိ ငါ၏သားဦးများ၏အလုပ်သည် မပြီးစီးသေးဟု ငါဆိုသည်။ ဤအမှုကို သစ္စာစောင့်သိကာ ရိုးသားသော အစေခံသူများက လုပ်ဆောင်ရဦးမည်ဖြစ်သည်)။

အရှေ့သို့- အခန်း ၁၁၄

နောက်တစ်ခုသို့- အခန်း ၁၁၆

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။