အခန်း (၁၁၄)

ငါသည် စကြဝဠာလောကကို ဖန်ဆင်းခဲ့သည်။ ငါသည် တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းကို ပြုလုပ်ခဲ့သည်။ ငါသည် စကြဝဠာနှင့် ကမ္ဘာမြေ၏အစွန်းများကို ပုံဖော်ခဲ့သည်။ ငါသည် ငါ၏ သားများနှင့် ငါ၏ လူတို့ကို ဦးဆောင်ခဲ့သည်။ ငါသည် အရာခပ်သိမ်းနှင့် ကိစ္စရပ်များအားလုံးကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်။ ယခုတွင် ငါသည် ငါ၏ သားဦးများအား ငါ နေထိုင်ရာ နေရာသို့ ပြန်သွားရန်၊ ငါ၏ ဇိအုန်တောင်သို့ ပြန်ခေါ်ဆောင်သွားမည်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏အမှုတွင် နောက်ဆုံးအဆင့် ဖြစ်လိမ့်မည်။ ငါ လုပ်ဆောင်ပြီးသမျှ အရာအားလုံးသည် (ဖန်ဆင်းခြင်း အချိန်မှ ယခုထိတိုင် လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းသည်) ငါ့အမှု၏ ယနေ့အဆင့်အတွက်ဖြစ်ပြီး၊ ထို့ထက်ပင် သာ၍ ယင်းသည် မနက်ဖြန်၏ အုပ်စိုးမှု၊ မနက်ဖြန်၏ နိုင်ငံတော်အတွက် ဖြစ်သကဲ့သို့၊ ငါနှင့် ငါ၏ သားဦးတို့ ထာဝရ မွေ့လျော်မှုရှိရန်အတွက် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ဖန်ဆင်းရာ၌ ငါ၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်ကာ၊ ယင်းသည် ဖန်ဆင်းခြင်းမှတစ်ဆင့် နောက်ဆုံးတွင် ငါ စွမ်းဆောင်ရရှိမည့်အရာ ဖြစ်သည်။ ငါ ပြောဆိုကာ လုပ်ဆောင်သည့်အရာအဖို့ ရည်ရွယ်ချက်နှင့် အစီအစဉ်ရှိ၏။ မည်သည့်အရာကိုမျှ ဖြစ်ကတတ်ဆန်း လုပ်ဆောင်ခြင်း မဟုတ်။ ငါနှင့်အတူ အရာခပ်သိမ်းသည် လွတ်လပ်မှုနှင့် လွတ်မြောက်မှု ဖြစ်သည်ဟု ငါက ဆိုသော်လည်း၊ မည်သို့ပင်ဆိုစေ ငါ လုပ်ဆောင်သမျှ အရာရာသည် မူအရဖြစ်၏၊ ငါ လုပ်ဆောင်သမျှ အရာခပ်သိမ်းသည် ငါ၏ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့အပေါ် အခြေခံသည်။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေ ရှိကြသလော။ ဖန်ဆင်းခြင်းအချိန်မှ ယနေ့တိုင်၊ ငါ၏ သားဦးများမှအပ၊ မည်သူမျှ ငါ့ကို သိရှိမလာသေးသကဲ့သို့၊ ငါ၏ စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်တွေ့ကြသေးပေ။ ငါ၏ သားဦးများအတွက် ငါ ပြုသော ခြွင်းချက်မှာ ၎င်းတို့သည် အခြေခံအားဖြင့် ငါ့ဇာတိအဖြစ်တော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြသောကြောင့် ဖြစ်သည်။

ငါသည် ကမ္ဘာလောကအား ဖန်ဆင်းခဲ့ချိန်တွင်၊ ငါ၏ သတ်မှတ်ချက်များနှင့်အညီ လူသားအား အဆင့်အတန်းသတ်မှတ်ထားသည့် အမျိုးအစားလေးမျိုးအဖြစ်သို့ ခွဲခြားခဲ့သည်၊ ယင်းတို့မှာ ငါ၏ သားများ၊ ငါ၏ လူများ၊ အစေခံခြင်းကို ပေးသူများနှင့် ဖျက်ဆီးခံရမည့်သူများ ဖြစ်ကြသည်။ ငါ၏ သားဦးများသည် အဘယ့်ကြောင့် ဤစာရင်းထဲ၌ ပါဝင်ခြင်းမရှိသနည်း။ အကြောင်းမူကား ငါ၏ သားဦးများသည် ဖန်ဆင်းခံများ မဟုတ်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ငါ့ထံမှ လာပြီး၊ လူသားမျိုးနွယ်နှင့် မသက်ဆိုင်ပေ။ ငါသည် လူ့ဇာတိမခံယူမီ၌၊ ငါ၏ သားဦးများအတွက် အစီအစဉ်များ ပြုလုပ်ခဲ့၏။ ၎င်းတို့အနေဖြင့် မည်သည့် အိမ်ထောင်စုတွင် မွေးဖွားမည်၊ ပြီးလျှင် ၎င်းတို့အတွက် အစေခံမှုလုပ်ဆောင်ရန် အဘယ်သူရှိမည်ဟူသည့် ဤအရာအားလုံးကို ငါစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အဘယ်သူသည် မည်သည့်အချိန်တွင် ငါ၏ ပြန်လည်ရယူခြင်းခံရမည်ဆိုသည်ကိုလည်း ငါစီစဉ်ထားခဲ့သည်။ အဆုံးတွင်၊ ငါတို့သည် ဇိအုန်သို့ အတူတကွ ပြန်သွားကြလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးကို ဖန်ဆင်းခြင်းမတိုင်မီတွင် စီစဉ်ထားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် မည်သည့်လူသားမျှ ထိုအရာကို မသိသကဲ့သို့၊ ယင်းတို့သည် ဇိအုန်၏ ကိစ္စရေးရာများ ဖြစ်သောကြောင့် မည်သည့်စာအုပ်တွင်မျှ ရေးမှတ်ထားခြင်းလည်း မရှိပေ။ ထို့အပြင်၊ ငါ လူ့ဇာတိခံယူခဲ့ချိန်၌၊ ငါသည် လူသားအား ဤစွမ်းရည်ကို မပေးခဲ့ပေ။ ထို့ကြောင့် ထိုအရာများကို မည်သူမျှ မသိခဲ့ကြချေ။ ဇိအုန်သို့ သင် ပြန်သွားချိန်တွင်၊ သင်တို့သည် ယခင်က မည်သည့်အရာကဲ့သို့ ဖြစ်ခဲ့ကြသည်၊ ယခုတွင် မည်သည့်အရာကဲ့သို့ ဖြစ်သည်ဆိုသည်နှင့် ဤဘဝတွင် အဘယ်အရာကို သင်တို့ လုပ်ဆောင်ပြီးဖြစ်သည်ဆိုသည်တို့ကို သင်တို့ သိကြလိမ့်မည်။ ယခု သင်တို့အား ငါသည် ဤအရာများကို ရိုးရှင်းစွာဖြင့် နည်းနည်းချင်း ပြောနေခြင်းသာ ဖြစ်သည်၊ သို့မဟုတ်လျှင် သင်တို့အနေဖြင့် မည်မျှ အားထုတ်သည်ဖြစ်စေ နားလည်မည် မဟုတ်သကဲ့သို့၊ ငါ၏ စီမံခန့်ခွဲမှုကို သင်တို့ နှောင့်ယှက်မိမည် ဖြစ်သည်။ ယနေ့တွင် ငါသည် ဇာတိပကတိအရ ငါ၏သားဦးအများစုမှ ခွဲထွက်နေသော်လည်း၊ ငါတို့သည် ဝိညာဉ်တစ်ခုတည်းနှင့် သက်ဆိုင်ကြ၏၊ ငါတို့၏ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်သည် ကွဲပြားကောင်းကွဲပြားနိုင်သော်လည်း၊ ငါတို့သည် အစအဦးမှ အဆုံးတိုင်အောင် တစ်ခုတည်းသော ဝိညာဉ် ဖြစ်သည်။ သို့ရာတွင်၊ စာတန်၏ သားစဉ်မြေးဆက်များသည် ဤအရာအား အမြတ်ထုတ်ရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးမပြုရ။ သင်သည် သင့်ကိုယ်သင် မည်မျှ ပုံဖျက်ထားသည်ဖြစ်စေ၊ ယင်းသည် အပေါ်ယံ ဖြစ်နေဆဲဖြစ်ပြီး ငါသည် လက်ခံမည် မဟုတ်။ ထို့ကြောင့် အပေါ်ယံနှင့်ပတ်သက်၍ အာရုံစိုက်ကာ၊ ငါ့အား အပြင်ပန်းအားဖြင့် တုပရန် ကြိုးစားသော သူတို့သည် စာတန်ဖြစ်ရန် တစ်ရာရာခိုင်နှုန်း သေချာသည်ကို ဤအရာမှ မြင်နိုင်ပေသည်။ ၎င်းတို့၏ ဝိညာဉ်သည် ကွဲပြားခြားနားကာ ၎င်းတို့သည် ငါ၏ ချစ်လှစွာသောသူများ မဟုတ်ကြသောကြောင့်၊ ၎င်းတို့သည် ငါ့ကို မည်မျှ အတုခိုးသည်ဖြစ်စေ၊ ငါနှင့် ဆင်တူခြင်း မရှိပေ။ ထို့အပြင်၊ ငါ၏ သားဦးများသည် အခြေခံအားဖြင့် ငါနှင့်အတူ ဝိညာဉ်တစ်ခုတည်းနှင့်သက်ဆိုင်ကြသောကြောင့်၊ ၎င်းတို့အနေဖြင့် ငါ့အား အတုမခိုးလျှင်ပင်၊ ၎င်းတို့သည် ငါ့ကဲ့သို့ အလားတူနည်းလမ်းဖြင့် ပြောဆိုကာ ပြုမူကြပြီး၊ ၎င်းတို့အားလုံးသည် ရိုးသားကြသည်၊ ဖြူစင်ကြပြီး ပွင့်လင်းကြသည် (ထိုလူတို့သည် လောကထဲတွင် ၎င်းတို့၏ နည်းပါးသော အတွေ့အကြုံကြောင့် ဉာဏ်ပညာအရာ၌ ချို့တဲ့နေကြ၏၊ ထို့ကြောင့် ဉာဏ်ပညာ ချို့တဲ့ခြင်းသည် ငါ့သားဦးများထဲရှိ အပြစ်အနာအဆာတစ်ခု မဟုတ်။ ၎င်းတို့သည် ကိုယ်ခန္ဓာသို့ ပြန်သွားချိန်၌ အားလုံးသည် မှန်ကန်သွားလိမ့်မည်)။ ထို့ကြောင့် ငါသည် ၎င်းတို့ကို မည်မျှ ပြုပြင်သည်ဖြစ်စေ၊ လူအများစုက ၎င်းတို့၏ သဘာဝဟောင်းကို ပြောင်းလဲခြင်း မရှိသေးသည်မှာ အထက်ဖော်ပြပါ အကြောင်းရင်းကြောင့် ဖြစ်၏။ သို့သော် ငါ၏ သားဦးများသည် ၎င်းတို့အား ငါ ပြုပြင်ခြင်းမရှိဘဲ၊ ၎င်းတို့သည် ငါ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဝိညာဉ်တစ်ခုတည်းနှင့် သက်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ့အတွက် လုံးလုံးလျားလျား အသုံးခံဖို့ရန် လိုလားမှုကို ၎င်းတို့၏ စိတ်ဝိညာဉ်ထဲ၌ ခံစားမိကြ၏။ ထို့ကြောင့် ငါ၏ သားဦးများမှလွဲ၍၊ ငါ၏ ရည်ရွယ်ချက်များကို အမှန်တကယ်နှင့် စစ်မှန်စွာ အရေးထားသောသူ မည်သူမျှမရှိပေ။ ၎င်းတို့သည် ငါ့အတွက် အစေခံမှု လုပ်ဆောင်ဖို့ လိုလားနေကြသည်မှာ ငါသည် စာတန်အား အနိုင်ယူပြီးနောက်တွင်သာ ဖြစ်သည်။

ငါ၏ ဉာဏ်ပညာနှင့် ငါ၏ သားဦးများသည် အားလုံးအပေါ်တွင် ရပ်တည်ပြီး၊ အားလုံးအပေါ်တွင် လွှမ်းမိုးကာ၊ မည်သည့်အရာ သို့မဟုတ် မည်သည့်လူ သို့မဟုတ် မည်သည့်ကိစ္စကမျှ မတားဆီးဝံ့ပေ။ ထို့အပြင်၊ ယင်းတို့အပေါ် လွှမ်းမိုးနိုင်သည့် မည်သည့်လူသား၊ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်အမှုအရာမျှ မရှိသကဲ့သို့၊ ထိုအစား အားလုံးသည် ငါ၏ ဇာတိအဖြစ်တော်ရှေ့၌ နာခံမှုရှိစွာ အလျှော့ပေးကြသည်။ ဤသည်မှာ တစ်ဦးတစ်ယောက်၏ တကယ့်မျက်လုံးများရှေ့တွင် ဖြစ်ပေါ်သော အမှန်တရားတစ်ခု ဖြစ်ပြီး၊ ငါ စွမ်းဆောင်ရရှိပြီးဖြစ်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ မနာခံမှုတွင် ရှိမြဲရှိသည့် မည်သူမဆို၊ (မနာခံသော သူတို့သည် စာတန်အား ရည်ညွှန်းဆဲဖြစ်ပြီး၊ စာတန်၏ သိမ်းပိုက်ခံရသော သူတို့သည် သေချာပေါက် စာတန်သာဖြစ်သည်) ငါသည် အနာဂတ် ပြဿနာမရှိဖို့အလို့ငှာ ၎င်းတို့အား အမြစ်ပါမကျန် မုချ ဖျက်ဆီးလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ ပြစ်တင်ဆုံးမခြင်းမှ ချက်ချင်း သေဆုံးကြရလိမ့်မည်။ ဤစာတန်အမျိုးအစားများသည် ငါ့အား အစေခံခြင်းကို ပေးရန် လိုလားနေခြင်း မရှိသောသူများဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခြင်းကတည်းက ငါ့အား ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် အစဉ်အမြဲ ရပ်တည်ကြပြီးဖြစ်ကာ၊ ယနေ့တွင် ၎င်းတို့သည် ငါ့အား မနာခံခြင်းတွင် ရှိမြဲရှိကြသည် (ယင်းသည် စိတ်ဝိညာဉ်နှင့်ဆိုင်သော ကိစ္စသက်သက်ဖြစ်သောကြောင့်၊ လူတို့သည် ဤအရာကို မမြင်နိုင်ကြချေ။ ဤလူစားမျိုးသည် ဤစာတန်အမျိုးအစားကို ကိုယ်စားပြုသည်)။ ငါသည် အခြားအရာရာတိုင်း အဆင်သင့် မဖြစ်မီတွင် ၎င်းတို့အား ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သည့် ဆုံးမပဲ့ပြင်ခြင်းကို ထာဝရ ရရှိစေလျက်၊ ၎င်းတို့ကို ဦးဆုံး ဖျက်ဆီးမည်ဖြစ်သည်။ (ဤနေရာတွင် “ဖျက်ဆီးသည်”ဟူသည်မှာ “၎င်းတို့ကို မတည်ရှိစေတော့ရန်” ဟု အဆိုလိုဘဲ၊ ယင်းအစား ၎င်းတို့ ခံစားရမည့် ရက်စက်ခြင်းအတိုင်းအတာကို ရည်ညွှန်းသည်။ ဤနေရာ၌ “ဖျက်ဆီးသည်” ဟူသောစကားလုံးသည် ဖျက်ဆီးခံရမည့်သူတို့အတွက် အသုံးပြုသော “ဖျက်ဆီးသည်” ဟူသည့် စကားလုံးနှင့် ကွဲပြား၏)။ ၎င်းတို့သည် ကမ္ဘာအဆက်ဆက် အဆုံးမရှိ ငိုကြွေးကာ အံကြိတ်ကြလိမ့်မည်။ လူသား၏ စိတ်ကူးစိတ်သန်းသည် ထိုမြင်ကွင်းကို လုံးဝ မှန်းကြည့်နိုင်စွမ်း မရှိပေ။ လူသားမျိုးနွယ်၏ သေမျိုးဖြစ်သော အတွေးအခေါ်ဖြင့်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အမှုအရာများကို စိတ်ကူကြံစည်၍ မရနိုင်ပေ။ ထို့ကြောင့် သင်တို့သည် ဇိအုန်သို့ ပြန်သွားပြီးနောက်မှသာ နားလည်ကြမည့် အရာများ သာ၍ ရှိပေသည်။

ငါ၏အနာဂတ်အိမ်တွင်၊ ငါ၏ သားဦးများနှင့် ငါမှလွဲ၍ မည်သူမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အားလုံးသည် ၎င်းတို့၏ နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဖြစ်ကာ အားလုံးသည် မိမိ၏ အမျိုးအစားနှင့်အညီ ရွေးထုတ်ခံရလိမ့်မည် ဖြစ်သည့်အတွက်၊ ထိုအချိန်တွင်သာ ငါ၏ရည်မှန်းချက် ရောက်ရှိလိမ့်မည် ဖြစ်ပြီး၊ ငါ၏အစီအစဉ်သည် ပြည့်ဝသော အကျိုးဖြစ်ထွန်းခြင်းသို့ ရောက်လိမ့်မည်။ ငါ၏သားဦးများသည် ငါနှင့် သက်ဆိုင်လိမ့်မည်ဖြစ်ပြီး၊ ငါ၏သားများနှင့် လူတို့သည် ဖန်ဆင်းခံ သတ္တဝါများထဲတွင် ပါဝင်ပြီး၊ အစေခံသူများနှင့် ဖျက်ဆီးခြင်းခံရသူများသည် စာတန်နှင့် သက်ဆိုင်သည်။ ကမ္ဘာလောကအား တရားစီရင်ပြီးနောက်တွင်၊ ငါနှင့် ငါ၏ သားဦးများသည် ဘုရားဖြစ်ခြင်း အသက်တာကို နောက်တစ်ဖန် စတင်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ငါ့အား ဘယ်သောအခါမျှ စွန့်ခွာမည်မဟုတ်သကဲ့သို့ ငါနှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။ လူသား၏ စိတ်ဖြင့် နားလည်နိုင်သော နက်နဲမှုများအားလုံးကို သင်တို့ထံ ဖြည်းဖြည်းချင်း ထုတ်ဖော်ပြလိမ့်မည်။ သမိုင်းကြောင်းတစ်လျှောက်၌၊ ငါ့အဖို့ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်လျက်၊ ငါ့ကြောင့် မာတုရဖြစ်ပြီးကြသည့် မရေမတွက်နိုင်သော လူတို့ ရှိကြပြီး ဖြစ်သော်လည်း၊ လူတို့သည် နောက်ဆုံးတွင်တော့ ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကာ ၎င်းတို့အနေဖြင့် မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့အား ဘုရားသခင်အဖြစ် သတ်မှတ်၍မရနိုင်ပေ။ ဤသည်မှာ မလွဲသော ဖြစ်ရပ်များနှင့်သက်ဆိုင်သော လမ်းကြောင်းတစ်ခုဖြစ်ပြီး ယင်းကို မည်သူမျှက ပြောင်းလဲ၍ မရနိုင်ပေ။ အမှန်တွင်တော့၊ အရာခပ်သိမ်းကို ဖန်ဆင်းသူမှာ ဘုရားသခင်ဖြစ်စဉ်တွင်၊ လူတို့သည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြ၏၊ နောက်ဆုံးတွင်တော့ စာတန်သည် ငါ၏ ဖျက်ဆီးခြင်း ပစ်မှတ်နှင့် ငါ၏ မုန်းတီးသော ရန်သူဖြစ်သည်- ဤသည်မှာ “တောတောင်နှင့် မြစ်များ ပြောင်းလဲကာ အသွင်ပြောင်းသော်လည်း၊ တစ်ဦးတစ်ယောက်၏ သဘာဝသည် ပြောင်းလဲမည်မဟုတ်” ဟူသည့် စကားများ၏ အမှန်ကန်ဆုံးသော အဓိပ္ပါယ်ဖြစ်သည်။ ဤအခြေအနေနှင့် ဤအဆင့်တွင် ရှိဖို့မှာ ငါနှင့် ငါ၏သားဦးများ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့် နိမိတ်တစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာလောကထဲတွင် ငါ၏ အမှုသည် လုံးလုံးလျားလျား ပြီးစီးကာ ငါ့အမှု၏ နောက်အဆင့်သည် ယင်းကို ပြည့်စုံစေဖို့ ခန္ဓာသို့ ငါပြန်သွားသည်ကို လိုအပ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ အချိန်ကြာမြင့်စွာကတည်းက ငါ စီစဉ်ခဲ့သည့် ငါ့အမှု၏ အဆင့်များ ဖြစ်၏။ ဤအချက်ကို ရှင်းလင်းစွာ မြင်ရမည်၊ သို့မဟုတ်လျှင် လူအများစုသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိလိမ့်မည်။

အရှေ့သို့- အခန်း (၁၁၃)

နောက်တစ်ခုသို့- အခန်း (၁၁၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ