အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၁၀၃

မိုးချုန်းသံ တစ်သံ ထွက်ပေါ်လာသည်၊ စကြဝဠာ တစ်လုံးကို လှုပ်ခါစေသည်၊ လူတို့အား နားပင်းစေသည်၊ လမ်းကြောင်းမှ ၎င်းတို့ တိမ်းရှောင်ရန် အလွန် နောက်ကျစေသည်၊ ထို့အပြင် အချို့တို့သည် အသတ်ခံကြရသည်၊ အချို့တို့သည် ဖျက်ဆီးခြင်းကို ခံကြရပြီး အချို့တို့သည် တရားစီရင်ခြင်းကို ခံကြရသည်။ အကယ်စင်စစ် ၎င်းသည် ယခင်က မည်သူမျှ မမြင်ဖူးသော မြင်ကွင်း တစ်ခု ဖြစ်သည်။ အာရုံစိုက်ကာ နားထောင်လော့၊ မိုးခြိမ်းသံများ နှင့်အတူ ငိုကြွေးသံများ ပါလာပြီး ဤ အသံသည် မရဏာနိုင်ငံမှ လာခြင်း ဖြစ်သည်၊ ဤ အသံသည် ငရဲမှ လာခြင်း ဖြစ်သည်။ ၎င်းမှာ ငါ၏ တရားစီရင်ခြင်းကို ခံရသော ဆန့်ကျင်ပုန်ကန်တတ်သော သားများ၏ ခါးသီးသော အသံ ဖြစ်သည်။ ငါပြောသော အရာကို မပြောသော သူများ နှင့် ငါပြုသော အရာကို မပြုသော သူများသည် ပြင်းထန်စွာ တရားစီရင်ခြင်းကို ခံကြရပြီး ငါ၏ ကျိန်ခြင်း အမျက်ဒေါသကို ခံကြရသည်။ ငါ၏ အသံသည် တရားစီရင်ခြင်း နှင့် အမျက်ဒေါသ ဖြစ်ပြီး ငါသည် မည်သူ့ကိုမျှ သက်ညှာမည် မဟုတ်သည့်အပြင် မည်သူ့ကိုမျှ သနားခြင်းကရုဏာကို ပြမည် မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ငါသည် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တိုင် ဖြစ်၍ ငါသည် အမျက်ဒေါသနှင့်ပြည့်သော၊ တောက်လောင်သော၊ စင်ကြယ်စေတတ်ပြီး ဖျက်ဆီးတတ်သော သူ ဖြစ်သည်။ ငါ့အထဲ၌ မည်သည့် အရာမျှ ကွယ်ဝှက်ထားခြင်း မရှိ၊ စိတ်ခံစားမှုနှင့်ဆိုင်သော အရာ တစ်စုံတစ်ခုမျှ မရှိဘဲ အရာခပ်သိမ်း ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး သမာသမတ်ကျသည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ သားဦးများသည် ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး တိုင်းနိုင်ငံအပေါင်း နှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးနေခြင်းကြောင့် မတရားသော သူများအပြင် မဖြောင့်မတ်သော အရာများ နှင့် လူများသည် တရားစီရင်ခြင်းကို စတင်၍ ခံနေကြရပြီ ဖြစ်သည်။ ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် စစ်ကြောကာ တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့အား အလျှင်း ထုတ်ဖော်မည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ခဲ့ခြင်း နှင့် ဖွင့်ပြခဲ့ခြင်းကြောင့် ဖြစ်၍ မည်သည့် အရာကိုမျှ လုံးဝ ထိန်းထားခြင်း မရှိပေ၊ ငါ၏ အလိုနှင့် မကိုက်ညီသော မည်သည့် အရာကိုမဆို ပစ်ပယ်ကာ ၎င်းအား အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ပျက်စီးခြင်းသို့ ရောက်စေမည်၊ ၎င်းအား အနက်ဆုံးသော တွင်းထဲတွင်ငါထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်သည်၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ ၎င်းသည် ငါ၏ အမိန့်ကို နာခံရမည်။

လူ အများစုသည် ငါ၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး နှုတ်ကပတ်တော်များသည် နှုတ်ကပတ်တော်များသာ ဖြစ်ကြပြီး အမှန်တရားများသည် အမှန်တရားများသာ ဖြစ်ကြသည်ဟု ထင်တတ်ကြသည်။ ၎င်းတို့သည် မျက်ကန်းများ ဖြစ်ကြ၏။ ငါသည် သစ္စာရှိသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ ငါ၏ နှုတ်ကပတ်တော်များ နှင့် အမှန်တရားများသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ကြသည်၊ ဤသည်မှာ အမှန်တကယ် ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တကယ်ပင် နားမလည်ကြဘဲ ဉာဏ်အလင်းရသောသူများသာ စစ်မှန်စွာ နားလည်နိုင်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ငါ၏ တရားစီရင်ခြင်း ကျရောက်ချိန်ကို မဆိုနှင့်၊ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို မြင်လျှင်မြင်ချင်း အလွန် တုန်လှုပ်ခြောက်ခြားကြပြီး နေရာတကာတွင် ပုန်းရှောင်ကြသည်။ အရာခပ်သိမ်းကို ငါဖန်ဆင်းခဲ့သည့် အချိန်၊ ကမ္ဘာမြေကြီးကို ငါဖျက်ဆီးသည့် အချိန်နှင့် သားဦးများကို စုံလင်ခြင်းသို့ ငါရောက်စေသော အချိန်တွင်၊ ထိုအရာ အားလုံးသည် ငါ၏ နှုတ်မှ နှုတ်ကပတ်တော်တစ်လုံးအားဖြင့် ဖြစ်မြောက်ခြင်း ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏ နှုတ်ကပတ်တော် သက်သက်သည် သြဇာအာဏာ ဖြစ်သည်၊ တရားစီရင်ခြင်း ဖြစ်သည်။ ငါကိုယ်တိုင်သည် တရားစီရင်ခြင်း၊ ဘုန်းအာနုဘော် ဖြစ်သည်ဟု ဆိုနိုင်ပြီး ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ တစ်ဖက်ခြမ်းဖြစ်သည်၊ လူတို့အား ငါတရားစီရင်ရန် နည်းလမ်း တစ်ခု ဖြစ်သည်။ ငါ၏ အမြင်တွင် လူ အားလုံး၊ အရေးကိစ္စ အားလုံး နှင့် အရာ အားလုံး၊ ခပ်သိမ်းသော အရာ အလုံးစုံသည် ငါ၏ လက်ထဲ နှင့် ငါ၏ တရားစီရင်မှု အောက်တွင် ရှိကြသည်၊ မည်သူ တစ်ဦးတစ်ယောက် နှင့် မည်သည့် အရာမျှ အထိန်းအကွပ်မဲ့စွာ နှင့် တမင်တကာ မပြုမူဝံ့ဘဲ အရာခပ်သိမ်းသည် ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များ နှင့်အညီ ဖြစ်မြောက်ရမည် ဖြစ်သည်။ လူသား၏ အယူအဆများထဲ၌ လူတိုင်းက ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကြသည်။ ငါ၏ ဝိညာဉ်တော် အသံပေးသည့်အခါ လူတို့ သံသယ ရှိကြသည်။ ၎င်းတို့သည် ငါ၏ အနန္တတန်ခိုးကို အလျှင်း မသိကြဘဲ ငါ့ကို ဆန့်ကျင်စွပ်စွဲတတ်ကြသည်။ သင့်ကို ငါပြောနေခြင်း ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိသောသူ မည်သူမဆို၊ ငါ၏ နှုတ်ကပတ်တော်များကို စော်ကားသော သူမည်သူမဆို၊ ထို သူများသည် ဖျက်ဆီးခံရမည့် သူများ ဖြစ်သည်၊ ၎င်းတို့သည် ပျက်စီးခြင်း၏ ရာသက်ပန်သားများ ဖြစ်ကြသည်။ သားဦးများမှာ အလွန် အနည်းငယ်သာ ဖြစ်ကြောင်းကို ဤ အရာအားဖြင့် မြင်နိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ငါအမှုပြုသည့် နည်းလမ်း ဖြစ်သည်။ ငါဆိုခဲ့သည့်အတိုင်း၊ ငါသည် လက်ချောင်းတစ်ချောင်းကို မရွေ့ဘဲ ငါ၏ နှုတ်ကပတ်တော်များကိုသာ ငါအသုံးပြုကာ အရာခပ်သိမ်းကို ဖြစ်မြောက်စေသည်။ ထို့ကြောင့် ဤသည်မှာ ငါ၏ အနန္တတန်ခိုး တည်သော နေရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မည်သူမျှ ငါ့ စကား၏ အရင်းအမြစ် နှင့် ရည်ရွယ်ချက်ကို ရှာတွေ့နိုင်ခြင်း မရှိပေ။ လူတို့သည် ဤ အရာကို စွမ်းဆောင်နိုင်ကြခြင်း မရှိဘဲ ၎င်းတို့သည် ငါ၏ ဦးဆောင်မှု နှင့်အညီသာ လုပ်ဆောင်နိုင်ကြပြီး ငါ၏ ဖြောင့်မတ်ခြင်းအတိုင်း ငါ၏ အလို နှင့်အညီသာ အရာခပ်သိမ်းကို လုပ်နိုင်ကြသည်၊ သို့ဖြစ်၍ ငါ၏ မိသားစု၌ ဖြောင့်မတ်ခြင်း နှင့် ငြိမ်သက်ခြင်း ရှိမည်၊ အစဉ် အသက်ရှင်မည်၊ အစဉ် တည်တံ့ ခိုင်မြဲမည် ဖြစ်သည်။

ငါ၏ တရားစီရင်ခြင်းသည် အယောက်တိုင်းထံသို့ လာသည်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် အယောက်တိုင်းကို တို့ထိပြီး ငါ၏ နှုတ်ကပတ်တော်များ နှင့် ငါ၏ ပုဂ္ဂိုလ်သည် အယောက်တိုင်းကို ထုတ်ဖော်ပြထားသည်။ ဤအချိန်သည် ငါ၏ ဝိညာဉ်တော် ကြီးသောအမှု ပြုသောအချိန် ဖြစ်သည် (ဤအချိန်တွင် ကောင်းချီးခံစားရမည့်သူများ နှင့် ဘေးဥပဒ်ကြုံရမည့်သူများကို ခွဲခြားမည် ဖြစ်သည်)။ ငါ၏ နှုတ်ကပတ်တော်ကို ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းချီးခံစားရမည့် သူများ နှင့် ဘေးဥပဒ် ကြုံရမည့်သူများကို ငါခွဲခြားပြီး ဖြစ်သည်။ ၎င်းမှာ အလုံးစုံ ရှင်းလင်းပြတ်သားပြီး တစ်ချက် ကြည့်ရုံဖြင့် မြင်နိုင်ပါသည်။ (၎င်းသည် ငါ၏ လူသားဖြစ်ခြင်း နှင့်စပ်လျဉ်း၍ ဆိုခြင်း ဖြစ်သောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းတို့ဖြင့် ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။) ငါသည် တောင်များ၊ မြစ်များ နှင့် စကြဝဠာ အာကာသဟင်းလင်းပြင် ရှိရာ အရပ်ရပ်သို့ လှည့်လည်သွားလာကာ နေရာတိုင်းကို စောင့်ကြည့်၍ နေရာတိုင်းကို စင်ကြယ်စေသောကြောင့် မသန့်ရှင်းသော ထိုနေရာများ နှင့် အဓမ္မအမှုနှင့် ပြည့်သော ထိုတိုင်းပြည်များ အားလုံး တည်ရှိမှု ရပ်စဲသွားကာ ငါ၏ နှုတ်ကပတ်တော်များကြောင့် ဗလာနတ္ထိအဖြစ်သို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ငါ့အတွက် အရာခပ်သိမ်း လွယ်ကူသည်။ အကယ်၍ ယခုအချိန်သည် ကမ္ဘာမြေကြီးကို ဖျက်ဆီးရန် ငါကြိုတင်ခွဲခန့်မှတ်သားထားသော အချိန်ဖြစ်ခဲ့ပါက နှုတ်ကပတ်တော် တစ်လုံးဖြင့် ကမ္ဘာမြေကြီးကို ငါဝါးမြိုနိုင်သော်လည်း ယခုအချိန်မှာ ဖျက်ဆီးရန် အချိန် မဟုတ်ပါ။ ငါ၏ အစီအစဉ်ကို အနှောင့်အယှက် မဖြစ်စေရန် နှင့် ငါ၏ စီမံခန့်ခွဲမှုကို မကာဆီးစေရန် ဤ အမှုကို ငါမပြုမီ အရာခပ်သိမ်းသည် အဆင့်သင့် ရှိရမည် ဖြစ်သည်။ မည်ကဲ့သို့ အကျိုးသင့်အကြောင်းသင့် ပြုရမည်ကို ငါသိသည်၊ ငါ၌ ငါ၏ ဉာဏ်ပညာ ရှိပြီး ငါ၌ ငါ၏ ကိုယ်ပိုင် စီမံခန့်ခွဲမှု ရှိသည်။ လူတို့သည် လက်ချောင်း တစ်ချောင်းကို မရွေ့ရ၊ ငါ၏ လက်၌ အသေသတ်ခြင်းကို မခံရရန် သတိပြုလော့၊ ဤ အရာသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကိုထိနှင့်ပြီး ဖြစ်သည်။ ဤ အရာအားဖြင့် ငါသည် တစ်ဖက်တွင် ငါ၏ အလိုနှင့် မကိုက်ညီသော သူ နှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ဖောက်ဖျက်သော သူအားလုံးကို အသေသတ်ပြီး၊ အခြား တစ်ဖက်တွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ဖောက်ဖျက်သော သူအားလုံးကို ငါ၏ အမျက်ဒေါသဖြင့် ကျိန်ဆဲသော ရှုထောင့်နှစ်ခု အပါအဝင် တစ်ယောက်သော သူသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ပြင်းထန်မှုကို မြင်နိုင်ပြီး တစ်ယောက်သော သူသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ နိယာမများကို မြင်နိုင်သည်။ ယင်း ရှုထောင့် နှစ်ခုမှာ မရှိမဖြစ်သော ရှုထောင့်များ ဖြစ်ပြီး ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ စီမံခန့်ခွဲရေး နိယာမများ ဖြစ်ကြသည်။ လူတို့ မည်ကဲ့သို့ သစ္စာရှိသည် ဖြစ်ပါစေ၊ စိတ်ခံစားချက် မပါဘဲ၊ ယင်း ရှုထောင့် နှစ်ခု နှင့်အညီ အယောက်တိုင်းကို ဆက်ဆံခြင်း ဖြစ်သည်။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်းကို ပြသရန်အတွက် လုံလောက်ပြီး၊ မြေကြီး နှင့်သက်ဆိုင်သော အရာအားလုံး၊ လောက နှင့်သက်ဆိုင်သော အရာအားလုံး နှင့် ငါ၏ အလို နှင့်မညီသော အရာအားလုံးကို မီးရှို့ဖျက်ဆီးမည် ဖြစ်သော ငါ၏ဘုန်းအာနုဘော် နှင့် ငါ၏ အမျက်ဒေါသကို ပြသရန်အတွက် လုံလောက်သည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဝှက်ထားသော နက်နဲမှုများရှိပြီး ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဖွင့်ပြထားသော နက်နဲမှုများလည်း ရှိသဖြင့် လူ့ အတွေးအမြင်ထဲ၊ လူ့ စိတ်ထဲတွင် ငါ၏ နှုတ်ကပတ်တော်များမှာ အစဉ် နားမလည်နိုင်စရာဖြစ်ပြီး ငါ၏ စိတ်နှလုံးမှာ အစဉ် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် လူတို့၏ အတွေးအမြင် နှင့် အတွေးအခေါ်တို့ကို ငါဖြတ်တောက်မည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည်။ ငါ၏ သားဦးများကို ရရန် နှင့် ငါ ပြုလိုသော အရာများ ဖြစ်မြောက်စေရန် ဤ နည်းဖြင့် ငါ လုပ်ဆောင်ရမည်။

ကမ္ဘာမြေကြီး၏ ဘေးဒုက္ခများသည် တစ်နေ့ထက် တစ်နေ့ ပို၍ ကြီးမားလာပြီး ငါ၏ မိသားစုအကြားတွင် ကြီးမားသော ဘေးဒုက္ခများသည် ပို၍ပင် ပြင်းထန်လာသည်။ လူတို့သည် ပုန်းရန် နေရာ တစ်နေရာမျှ အမှန်တကယ် မရှိကြဘဲ အရှက်ရကြပြီး ၎င်းတို့၏ မျက်နှာများကို မပြနိုင်ကြပေ။ ယခုအချိန်သည် အကူးအပြောင်း ဖြစ်သောကြောင့် မည်သူမျှ မိမိတို့၏ နောက် တစ်ဆင့်ကို မည်သည့် နေရာ၌ ဖြတ်သန်းရလိမ့်မည်ကို မသိကြပေ။ ငါ၏ တရားစီရင်ခြင်း နောက်ပိုင်းမှသာ ၎င်းသည် သိသာထင်ရှားလာမည် ဖြစ်သည်။ မှတ်ထားလော့။ ဤသည်မှာ ငါ၏ အမှု၏အဆင့်တစ်ခု ဖြစ်ပြီး ငါ အမှု ပြုသောနည်းလမ်း ဖြစ်သည်။ ငါ၏ သားဦးများ အားလုံးအတွက် ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် နှစ်သိမ့်မည်၊ ၎င်းတို့အား တစ်ဆင့်ပြီး တစ်ဆင့် ငါချီးမြှောက်မည်၊ အစေခံသူများ အားလုံးအတွက်မူကား ငါသည် ၎င်းတို့အား တစ်ယောက်ပြီး တစ်ယောက် သုတ်သင်ဖယ်ရှင်း၍ စွန့်ပစ်မည်။ ဤသည်မှာ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အစေခံများ အားလုံးကို ထုတ်ဖော်ပြီးသည့်အခါ ငါ၏ သားဦးများကိုလည်း ထုတ်ဖော်မည်။ (ဤအရာသည် ငါ့အတွက် အလွန် လွယ်ကူသည်။ ငါ၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့် နောက်တွင် အစေခံသောသူ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း နှင့် ခြိမ်းခြောက်မှုအောက်တွင်တဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြမည် ဖြစ်ပြီး ကျန်ကြွင်းသော သူများမှာ ငါ၏သားဦးများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ဆန္ဒအလျောက်ဖြစ်သောအရာ တစ်စုံတစ်ခု မဟုတ်သည့်အပြင် လူသားတို့၏အလိုဆန္ဒက ပြောင်းလဲနိုင်သောအရာ တစ်စုံတစ်ခု မဟုတ်ပေ၊ ယင်းထက် ၎င်းသည် ငါ၏ ဝိညာဉ်တော် ကိုယ်တိုင်ကိုယ်ကျ အမှုပြုနေခြင်း ဖြစ်သည်။) ဤသည်မှာ အလှမ်းဝေးသောဖြစ်ရပ်တစ်ခု မဟုတ်ဘဲ သင်သည် ငါ၏ အမှု နှင့် ငါ၏ နှုတ်ကပတ်တော်များ၏ ဤအဆင့်အတွင်းမှ ၎င်းကို အထိုက်အလျောက် မြင်နိုင်စွမ်း ရှိသင့်သည်။ ငါသည် အဘယ်ကြောင့် မခန့်မှန်းနိုင်သော အရာ မြောက်မြားစွာကို ပြောကြောင်း လူတို့အဖို့ ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ ငါ၏ သားဦးများအား နှစ်သိမ့်သော၊ သနားကရုဏာထားပြီး ချစ်ခြင်းမေတ္တာနှင့်ပြည့်သော အသံဖြင့် ငါ ပြောသော်လည်း (အဘယ်ကြောင့်ဆိုသော် ထိုလူတို့အား ငါ အမြဲတစေ ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို ငါကြိုတင်ခွဲခန့်မှတ်သားထားခြင်းကြောင့် ၎င်းတို့ကို ငါစွန့်ခွာမည် မဟုတ်)၊ ငါ၏ သားဦးများ မဟုတ်သော လူများကို ၎င်းတို့၏ အာရုံကြောများ အမြဲတစေ အလုပ်လုပ်နေသည့် အနေအထား တစ်ခု၌ ရှိစေရန်အလို့ငှာ ပြင်းထန်သော တရားစီရင်ခြင်း၊ ကြိမ်းဝါးခြင်းများ နှင့် ခြိမ်းခြောက်ခြင်းဖြင့် ငါ ဆက်ဆံကာ ၎င်းတို့အား အမြဲတမ်း ကြောက်ရွံ့စေမည်။ အခြေအနေ အထိုက်အလျောက် တိုးတက်သောအခါ ၎င်းတို့သည် ဤအခြေအနေမှ လွတ်မြောက်ကြလိမ့်မည် (ကမ္ဘာမြေကြီးကို ငါဖျက်ဆီးသည့်အခါ ထိုလူများသည် အနက်ဆုံးသောတွင်းထဲ၌ ရှိကြလိမ့်မည်) ဖြစ်သော်လည်း ၎င်းတို့သည် ငါ၏ တရားစီရင်ခြင်း လက်မှ မည်သည့်အခါမျှ လွတ်မြောက်ကြလိမ့်မည် မဟုတ်ဘဲ ၎င်းတို့သည် ဤ အခြေအနေမှ မည်သည့်အခါမျှ ထွက်ပြေးလွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့၏ တရားစီရင်ခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်။ ထိုလူများကို တိုင်းတစ်ပါးသားများ ရောက်လာသော နေ့တွင် တစ်ယောက်ပြီး တစ်ယောက် ငါ ထုတ်ဖော်မည်။ ဤသည်မှာ ငါ၏အမှုထဲမှ အဆင့် တစ်ခု ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ယင်း နှုတ်ကပတ်တော်များကို ယခင်က ပြောခဲ့ခြင်းအကြောင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သင်တို့ ယခုနားလည်ပြီလော။ ငါ၏ ခံယူချက်အရ၊ မပြည့်မီသောအရာ တစ်စုံတစ်ခုသည် ပြည့်မီခဲ့ပြီးသောအရာ တစ်စုံတစ်ခုဖြစ်သော်လည်း ပြည့်မီသောအရာ တစ်စုံတစ်ခုသည် သေချာပေါက် ဖြစ်မြောက်သောအရာ တစ်စုံတစ်ခု မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ငါ၌ ငါ၏ဉာဏ်ပညာရှိပြီး ငါ၌ ငါ၏ အမှုပြုနည်းရှိ၏၊ ၎င်းတို့အား လူသားတို့ အလွယ်တကူ နားလည်နိုင်ခြင်း မရှိပေ။ ဤ အဆင့်တွင် ရလဒ်များကို ငါရရှိပြီးသည့်အခါ (ငါ့ကို အတိုက်အခံ လုပ်သည့် ဆိုးယုတ်သော သူများ အားလုံးကို ငါ ထုတ်ဖော်ပြီးသည့်အခါ) ငါသည် နောက်တစ်ဆင့်ကို အစပြုမည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏ အလိုသည် ကာဆီး၍မရဘဲ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သူမျှ မဟန့်တားဝံ့သည့်အပြင် မည်သည့်အရာမျှ အတားအဆီးများအဖြစ် ရှိဝံ့မည်မဟုတ်၊ ၎င်းတို့ ငါ့ ရှေ့မှ ထွက်သွားကြရမည်။ အဆင်းနီသော နဂါးကြီး၏ သားသမီးများ နားထောင်လော့။ ငါ၏ သားဦးများကို ရယူရန် ဤလောကထဲ၌ လူ့ဇာတိခံယူကာ သင်တို့၏ (ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ သားစဉ်မြေးဆက်များကို ရည်ရွယ်သည်) အဖကို အရှက်ရစေရန်၊ ငါ၏ သားဦးများကို ထောက်မရန် နှင့် ငါ၏ သားဦးများအပေါ် ပြုခဲ့သောအမှားများကို အမှန်ပြင်ရန် ဇိအုန်မှ ငါ ကြွလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နောက်တဖန် ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြနှင့်၊ သင်တို့ကို ငါ၏ သားဦးများအား ခွဲခြားစေမည်။ အတိတ်တွင် ငါ၏ သားများသည် အနိုင်ကျင့်ခြင်း နှင့် ဖိနှိပ်ခြင်းကို ခံခဲ့ကြရပြီး ခမည်းတော်သည် သားများအဖို့အလို့ငှာ တန်ခိုးကို ကိုင်စွဲသောကြောင့် ငါ၏သားများသည် ငါ၏အမြတ်တနိုး ပွေ့ဖက်မှုထံသို့ ပြန်လာကြကာ အနိုင်ကျင့်ခံရခြင်း နှင့် ဖိနှိပ်ခံရခြင်း ရှိတော့မည် မဟုတ်ပေ။ ငါသည် မဖြောင့်မတ်သည် မဟုတ်၊ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်းကို ပြသခြင်းဖြစ်ပြီး အကယ်စင်စစ် ၎င်းသည် “ငါ ချစ်သော သူကို ချစ်ခြင်း နှင့် ငါ မုန်းသော သူကို မုန်းခြင်း” ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါမဖြောင့်မတ်ဟု ဆိုပါက၊ သင်တို့သည် မြန်မြန် ထွက်သွားသင့်သည်။ငါ၏ မိသားစုထဲတွင် အရှက်မရှိဘဲ ကပ်ပါးရပ်ပါး မလုပ်နှင့်။ သင်တို့အား ငါဆက်၍ မမြင်ရတော့ရန်အလို့ငှာ သင်တို့၏ အိမ်သို့ သင်တို့ အလျင်အမြန် သွားသင့်သည်၊ အနက်ဆုံးသောတွင်းသည် သင်တို့၏ ခရီးပန်းတိုင်ဖြစ်ပြီး ၎င်းသည် သင်တို့ နားခိုသော နေရာ ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါ၏ မိသားစုထဲ၌ ရှိပါက သင်တို့သည် ဝန်ထုပ်ဝန်ပိုး သားရဲများ ဖြစ်ခြင်း၊ သင်တို့သည် ငါ အသုံးပြုသော တန်ဆာပလာများ ဖြစ်ခြင်းကြောင့် သင်တို့အတွက် နေရာရှိလိမ့်မည် မဟုတ်။ သင်တို့အား ငါ အသုံးမပြုသည့်အခါ သင်တို့အား မီးထဲသို့ ပစ်ချကာ လောင်ကျွမ်းပျက်စီးစေမည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်ဖြစ်သည်၊ ဤ နည်းလမ်းဖြင့် ငါ အမှု ပြုရမည် ဖြစ်ပြီး ဤသည်သာလျှင် ငါ အမှု ပြုနည်းကို ပြသပြီး ငါ၏ ဖြောင့်မတ်ခြင်း နှင့် ငါ၏ ဘုန်းအာနုဘော်ကို ပြသသည်။ ပို၍ အရေးကြီးသည်မှာ ဤ နည်းလမ်းအားဖြင့်သာလျှင် ငါ၏ သားဦးများအားငါ နှင့်အတူ တန်ခိုးဖြင့် စိုးစံစေနိုင်မည် ဖြစ်သည်။

ယခင်က:တစ်ရာ့နှစ်ခုမြောက်သော မိန့်မြွက်ချက်

နောက်တစ်ခုသို့:တစ်ရာ့လေးခုမြောက်သော မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ