၆၄၈ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်းမှ စိတ်သဘောထား ပြောင်းလဲတတ်ပေသည်

၁ ပြဿနာတစ်ခု သို့မဟုတ် အခြေအနေ တစ်ခုသည် မည်သို့သော ပြဿနာမျိုး သို့မဟုတ် အခြေအနေမျိုးဖြစ်ပါစေ သမ္မာတရားဖြင့် အစဉ် ဖြေရှင်း၍ ရနိုင်သည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သဘောတရားအဖြစ်မှနေ သင်၏စစ်မှန်မှုအဖြစ် ပြောင်းလဲပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သမျှ ကာလပတ်လုံး၊ သင်သည် မည်သည့် လူမျိုးဖြစ်ပါစေ၊ ပြောင်းလဲခြင်းနှင့် ကြီးထွားတိုးတက်ခြင်းတို့ကို ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ အလေးထားမှုက လူများ၏ စိတ်နှလုံးများနှင့် ၎င်းတို့၏ရွေးချယ်မှုတို့တွင် တည်ရှိပြီး၊ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ကို ကျောခိုင်းစွန့်ခွာခြင်းရှိမရှိ သို့မဟုတ် သူ့ကို နာခံပြီး သူ့နှုတ်ကပတ်တော်များကို ကျိုးနွံခြင်းရှိမရှိတို့ပေါ်တွင် တည်လေသည်။ ယင်းက လူများသည် တစ်စုံတစ်ခုကို ရင်ဆိုင်သည့်အခါ၊ ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းခြင်း ရှိမရှိ သို့မဟုတ် ထိုအစား ၎င်းတို့သည် ၎င်းတို့၏ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူခြင်းရှိမရှိနှင့်လည်း သက်ဆိုင်သည်။

၂ မိမိတို့၏ ဇာတိပကတိကို စိတ်ကျေနပ်စေဖို့၊ မိမိတို့၏ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းဖို့နှင့် ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အကြိုက်များနှင့် လိုအင်ဆန္ဒများ နောက်ကိုလိုက်ဖို့ အစဉ်သဖြင့် ရွေးချယ်သည့် သူများအတွက်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို မည်သည့်အခါမျှ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဇာတိပကတိကို စွန့်ပယ်နိုင်ကာ၊ ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်နိုင်သည့်လူများ၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့် သူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို ဖြည်းဖြည်းချင်း တွေ့ကြုံနိုင်ကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ကို နားလည်သဘောပေါက်လာနိုင်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏အရေးပါမှုနှင့် လူသားများ ဤနည်းဖြင့် ပြုမူဖို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ရှိ အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အရာများဖြစ်သည်တို့နှင့် သက်ဆိုင်သည့် အသိစိတ်တစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိပေသည်။

၃ ၎င်းတို့သည် ဤကဲ့သို့ မကြာခဏ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်မှုနှင့် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ခုခံခြင်းတို့ကို ရွံရှာလိမ့်မည်ဖြစ်ပြီး၊ အမုန်းတရား၊ ရွံရှာခြင်းနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအတွက် ရွံမုန်းမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအတောအတွင်းတွင် ၎င်းတို့သည် ထိတွေ့ဆက်ဆံ လာရသည့် ၎င်းတို့အနီးရှိ အပျက်သဘောဆောင်သည့် မည်သည့်အရာမဆိုအတွက် မနှစ်သက်ခြင်းကိုလည်း ခံစားရလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဝိညာဉ်ရင့်ကျက်မှု ရှိနိုင်ရန်နှင့် လုံလောက်သော စိတ်ဆန္ဒတို့ရှိနိုင်ရန် စတင်တမ်းတကြသည်၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့နှင့် အသိစိတ်ဖြင့်၊ ဆင်ခြင်တုံတရားဖြင့်၊ သမ္မာတရား စစ်မှန်မှုဖြင့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ဖို့ ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ဖို့၊ ဘုရားသခင် စီစဉ်ပေးသော ပတ်ဝန်းကျင်များအားလုံးကို ကျိုးနွံနာခံနိုင်ဖို့နှင့် သူ့ကို ဆန့်ကျင် ပုန်ကန်ခြင်းမှ ရှောင်ကြဉ်နိုင်ဖို့တို့ကိုလည်း ဆာငတ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ဖို့ ဆန္ဒရှိကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄၇ ဘုရား ရွေးကောက်ခဲ့သောကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရသည်

နောက်တစ်ခုသို့- ၆၄၉ ဘုရား၏အလိုတော်ကို သင်မပျက်ပြားစေနိုင်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။