၆၂၉ သင်၏ဘာသာရေးအယူအဆများကို စွန့်လွှတ်ပြီးပြီလောကျူး

၁ လက်ရှိအချိန်တွင် စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ယုံကြည်သောလူ များစွာ ရှိသည်။ သင်တို့သည် စူးစမ်းလိုစိတ် များလွန်းကြသည်၊ ကောင်းချီး မင်္ဂလာများအတွက် လိုအင်ဆန္ဒ များလွန်းကြပြီး၊ အသက်ကို ရှာဖွေဖို့ ပြင်းပြသောဆန္ဒမှာ နည်းပါးလွန်းလှသည်။ သင်တို့သည် ဘုရားသခင်နောက် ဝတ်ကျေတမ်းကျေသာ လိုက်ကြ၏၊ သင်တို့သည် စစ်မှန်သောလမ်းကို ရှာဖွေရန် လုံးဝ မလာကြသကဲ့သို့၊ အသက်ကို ရရှိခြင်း ရည်ရွယ်ချက်ဖြင့် မလာကြပေ။ သင်တို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်ပျက်မည်ကို မြင်ချင်ရုံသက်သက်သာ ဖြစ်သည်။ သင်တို့သည် သင်တို့၏ အယူအဆဟောင်းများကို လက်လွှတ်ခြင်းမရှိကြသောကြောင့်၊ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်သောသူတစ်ဦး သင်တို့ထဲတွင် မရှိပေ။ ဤအခြေအနေသို့ ရောက်ရှိပြီးဖြစ်သဖြင့်၊ နေ့နေ့ ညည အပြင်းအထန် လှုပ်ရှားနေသည့် သင်တို့၏ အတွေးများဖြင့်၊ သင်တို့သည် သင်တို့၏ကံကြမ္မာနှင့်ပတ်သက်၍ ဘယ်သောအခါမျှ လက်မလွှတ်နိုင်ဘဲ ဆက်လက် စိုးရိမ်ပူပန်နေကြပေသည်။

၂ ငါသည် ဖါရိရှဲတို့အကြောင်းကို ပြောဆိုသည့်အခါ ဘာသာရေးထဲက “အဖိုးအိုများ” ကို ရည်ညွှန်းနေသည်ဟု သင်တို့ ထင်ကြသလော။ သင်တို့ကိုယ်တိုင်သည် မျက်မှောက်ခေတ်၏ အဆန်းသစ်ဆုံးသော ဖာရိရှဲများကို ကိုယ်စားပြုသောသူများ ဖြစ်ကြသည် မဟုတ်လော။ သမ္မာကျမ်းစာနှင့်ယှဉ်၍ ငါ့ကို အကဲဖြတ်သောသူများကို ငါဖော်ပြသည့်အခါ၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ သမ္မာကျမ်းစာ ကျွမ်းကျင်သူများကို ငါသီးသန့်ရည်ညွှန်းသည်ဟု သင်ထင်သလော။ ဘုရားသခင်ကို နောက်တစ်ဖန် ကားတိုင်တွင် သံမှိုရိုက်နှက်နေသူများ အကြောင်း ငါပြောဆိုသည့်အခါ၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များအကြောင်းကို ငါပြောဆိုနေသည်ဟု သင်ထင်မြင်သလော။ သင်တို့သည် ဤအခန်းကဏ္ဍကို ကပြဖို့ရန် တကယ့်အတော်ဆုံးသော သရုပ်ဆောင်များ ဖြစ်ကြသည် မဟုတ်လော။ လူတို့၏ အယူအဆများကို တုံ့ပြန်ဖို့ ငါ မိန့်မြွက်သည့် နှုတ်ကပတ်တော်များအားလုံးသည် ဘာသာတရား၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ကို လှောင်ပြောင်ခြင်းတစ်ခုမျှသာ ဖြစ်သည်ဟု သင် ထင်သလော။ သင်တို့သည်လည်း ဤအရာများအားလုံးတွင် သင်တို့၏ အပိုင်းကို ဆောင်ရွက်ခဲ့ကြသည် မဟုတ်လော။

၃ အယူအဆအနည်းငယ် သိုထားသည်ဟု သင် လက်ခံယုံကြည်သလော။ ယင်းမှာ သင်တို့သည် ယခု အလွန်ပါးနပ်ဖို့ရန် အရာအားလုံးကို သင်ယူကြခြင်းသာ ဖြစ်သည်။ သင်တို့ နားမလည်သည့် အရာများအကြောင်းကို သင်တို့ မပြောဆိုကြသကဲ့သို့၊ ထိုအရာများနှင့်ပတ်သက်၍ သင်တို့၏ ခံစားချက်များကို ထုတ်ပြောခြင်း မရှိသော်လည်း၊ ကြောက်ရွံ့ပြီး နာခံသည့် စိတ်နှလုံးသည် သင်တို့ အတွင်းတွင် လုံးဝ မရှိပေ။ သင်တို့ မြင်ကြသည့်အတိုင်း၊ လေ့လာခြင်း၊ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် ယနေ့ လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်တို့၏ အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ သင်တို့သည် လိမ္မာပါးနပ်လွန်းဖို့ရန် သင်ယူကြပြီး ဖြစ်သည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ကလိမ်ကကျစ်တစ်မျိုး ဖြစ်သည်ကို သင်တို့ နားလည်ကြသလော။ သင်တို့အပိုင်းမှ လိမ္မာပါးနပ်ခြင်း အခိုက်အတန့်သည် ထာဝရပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်အောင် သင်တို့ကို ကူညီပေးလိမ့်မည်ဟု သင်တို့ထင်ကြသလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

နောက်တစ်ခုသို့- ၆၃၀ လူတို့ကို စီမံခြင်းဆိုင်ရာ ဘုရားအမှုအကြောင်း သမ္မာတရားကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။