၆၃၀ လူတို့ကို စီမံခြင်းဆိုင်ရာ ဘုရားအမှုအကြောင်း သမ္မာတရားကျူး
၁ ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် အမှန်တရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည်။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလအလိုကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။
၂ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ လူသားက မနှစ်သက်သည့် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏သဘောကျခြင်း မခံရသော လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော သူ၏ စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်