အခန်း ၇၀

ငါ၏ နက်နဲမှုများ ထုတ်ဖော်ပြခံရပြီး ပွင့်ပွင့်လင်းလင်း ထင်ရှားကာ မကွယ်ဝှက်တော့သည်မှာ ငါ၏ ကျေးဇူးနှင့် ကရုဏာကြောင့် လုံးလုံးလျားလျား ဖြစ်၏။ ထို့အပြင်၊ လူသားတို့ကြား ငါ၏ နှုတ်ကပတ်တော် ပေါ်ထွန်းပြီး ဖုံးကွယ်မထားတော့သည်မှာလည်း ငါ၏ ကျေးဇူးနှင့် ကရုဏာတို့ကြောင့် ဖြစ်သည်။ ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံကြပြီး မိမိတို့ကိုယ်ကိုယ် ငါ့အဖို့ ဆက်ကပ်အပ်နှံသူ အားလုံးကို ငါ ချစ်၏။ ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့ကို မသိဘဲ အာခံခြင်းပင် ပြုသောသူအားလုံးကို ငါ မုန်း၏။ ငါ့အတွက် ရိုးသားစစ်မှန်သောသူ မည်သူကိုမဆို ငါ စွန့်လိမ့်မည်မဟုတ်။ ယင်းထက်၊ ထိုလူ၏ ကောင်းကြီးမင်္ဂလာများကို ငါ နှစ်ဆဖြစ်စေမည်။ ကျေးဇူးကန်းပြီး ငါ၏ ကြင်နာမှုကို စော်ကားသူများကို ငါသည် နှစ်ဆ ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို သက်ညှာမည် မဟုတ်။ ငါ၏ နိုင်ငံတော်တွင် ကောက်ကျစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မရှိသကဲ့သို့ လောကီဆန်ခြင်းမရှိ။ ယင်းမှာ လူသေအနံ့မရှိဟု ဆိုလိုသည်။ ယင်းထက်၊ အားလုံးသည် ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ရှိလေသည်။ မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မရှိဘဲနှင့် အရာအားလုံး ဖြူစင်ခြင်းနှင့် ပွင့်လင်းခြင်း ရှိလေသည်။ အရာရာသည် လတ်ဆတ်၏၊ အရာရာမှာ ပျော်မွေ့စရာဖြစ်ပြီး၊ အရာရာသည် တည်ဆောက်စရာ ဖြစ်လေသည်။ လူသေ အနံ့ထွက်နေသေးသူ မည်သူမဆိုသည် ငါ၏ နိုင်ငံတော်ထဲတွင် မကျန်ရှိနိုင်သကဲ့သို့၊ ယင်းအစား ငါ၏ သံမဏိတောင်ဝှေးဖြင့် အုပ်စိုးခြင်း ခံရမည်။ မမှတ်မိနိုင်သည့် အချိန်ကာလမှ မျက်မှောက်ခေတ်အထိ၊ မကုန်ဆုံးနိုင်သော နက်နဲမှုများအားလုံးသည် နောက်ဆုံးသောကာလတွင် ငါ့အားဖြင့် ရယူခြင်းခံရသည့် လူစု ဖြစ်သော သင်တို့အား အပြည့်အဝ ထုတ်ဖော်ပြလေပြီ။ သင်တို့ ကောင်းချီး ခံစားရသည်ဟု မထင်သလော။ ထို့အပြင်၊ အရာအားလုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြခံရသည့်‌ နေ့ရက်များသည်၊ ငါ၏ အုပ်စိုးခြင်းကို သင်တို့ မျှဝေခံစားရသည့် နေ့ရက်များ ဖြစ်သည်။

ရှင်ဘုရင်များကဲ့သို့ အမှန်တကယ် အုပ်စိုးသည့် လူစုသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်မှုတို့အပေါ် မှီခိုကြပြီး ထိုအတွင်းတွင် လူသားအလို လုံးဝ မရှိပေ။ ဤအရာတွင် ပါဝင်ဝံ့သူ မည်သူမဆိုသည် ငါ၏ လက်မှ ရိုက်နှက်မှုတစ်ခုကို ခံရမည်ဖြစ်ပြီး ထိုသို့သော လူတို့သည် ငါ၏ ပြင်းပြသောမီးကို ခံရမည့်သူများ ဖြစ်လိမ့်မည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၏ အခြားတစ်ဖက် ဖြစ်သည်။ အရာခပ်သိမ်းကို ငါ အုပ်စိုးသည်ဟု ငါ ပြောပြီးဖြစ်သည်၊ ငါသည် ဩဇာအာဏာ အပြည့်အဝကို ကိုင်စွဲသည့် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်ပြီး ငါသည် မည်သူ့ကိုမျှ သက်ညှာခြင်းမရှိ။ ငါသည် လုံးဝ ရက်စက်၏၊ ပုဂ္ဂိုလ်ရေး ခံစားချက်များ လုံးဝ ကင်းမဲ့၏။ ငါသည် မည်သူကိုမဆို (သူမည်မျှ အပြောကောင်းသည်ဖြစ်စေ၊ ငါသည် သူ့ကို သက်ညှာမည်မဟုတ်) ငါ၏ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်းနှင့် ဘုန်းအာနုဘော်တို့ဖြင့် ဆက်ဆံ၏၊ ထိုအတောအတွင်း ငါ့လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ရာအပြင် ငါ၏ လုပ်ဆောင်ချက်များ မည်သည့်အရာ ဆိုလိုသည်တို့ကို အယောက်တိုင်းအား ပိုမိုကောင်းမွန်စွာ မြင်နိုင်စေသည်။ ငါသည် ဆိုးယုတ်သောဝိညာဉ်များကို အနက်ဆုံးသော တွင်းထဲသို့ အသီးသီး ပစ်ချရင်း၊ ၎င်းတို့ ကျူးလွန်သည့် လုပ်ရပ်မျိုးစုံတို့အတွက် အပြစ်ပေးခဲ့သည်။ ၎င်းတို့ကို ရာထူးမရှိ ဖြစ်ကျန်ရစ်စေကာ၊ ၎င်းတို့အား အလုပ်လုပ်ရန် နေရာမရှိ ဖြစ်ကျန်ရစ်စေလျက်၊ အချိန်ကာလ မစတင်မီ ဤအမှုကို ငါ ပြီးစီးခဲ့သည်။ ငါ၏ကြိုတင်ပြဌာန်းခြင်း ခံရပြီး ရွေးချယ်ခံရသည့် သူများဖြစ်သော ငါ ရွေးချယ်ထားသောလူများထဲမှ မည်သူမျှ ဆိုးယုတ်သောဝိညာဉ်များ၏ ဝင်ပူးခြင်းကို မခံရနိုင်ဘဲ၊ ယင်းအစား အစဉ်အမြဲ သန့်ရှင်းကြပေလိမ့်မည်။ ငါ ကြိုတင်ပြဌာန်းထားခြင်း မရှိသကဲ့သို့ ရွေးချယ်မခံရသူတို့ အတွက်မူ၊ ငါသည် ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးမည် ဖြစ်ပြီး ၎င်းတို့ကို ဆက်လက်တည်ရှိရန် အခွင့်ပေးတော့မည် မဟုတ်။ အားလုံးကို ကြည့်လျှင်၊ ငါ၏ စီမံခန့်ခွဲမှုအမိန့်များသည် ငါ၏ ဖြောင့်မတ်ခြင်းနှင့် ငါ၏ ဘုန်းအာနုဘော်တို့ ပါဝင်သည်။ စာတန်အမှုပြုသည့်သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် ငါသည် သက်ညှာမည် မဟုတ်ဘဲ၊ စာတန်ကို ငါ မုန်းတီးသည့်အတွက် ၎င်းတို့ကို ၎င်းတို့၏ ခန္ဓာများနှင့်အတူ မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ယင်းကို ငါသည် လုံးဝ အလွယ်တကူ ချမ်းသာပေးမည် မဟုတ်ဘဲ သူ၏ အလုပ်ကို လုပ်ဆောင်ရန် နည်းနည်းမျှ အခွင့်အရေး မပေးဘဲလျက်၊ ငါလုံးဝ ဖျက်စီးမည်။ အတိုင်းအတာ တစ်ခုအထိ စာတန် ဖျက်ဆီးထားသည့် သူတို့သည် (ယင်းမှာ ကပ်ဘေးခံရမည့်သူများကို ဆိုလိုသည်) ငါကိုယ်တိုင်၏ လက်၏ အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုအောက်တွင် ရှိကြ၏။ ဤသည်မှာ စာတန်၏ ကြမ်းကြုတ်ရက်စက်ခြင်း ရလဒ်တစ်ခု အဖြစ် ဖြစ်ပျက်လေပြီဟု မထင်နှင့်။ ငါသည် စကြဝဠာနှင့် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်ကို သိလော့။ ငါ့အတွက်၊ ဖြေရှင်းမရသည့် ပြဿနာများ မရှိသကဲ့သို့၊ မပြီးမြောက်နိုင်သည့်အရာ တစ်ခုခု သို့မဟုတ် မိန့်မြွက်မရသည့် နှုတ်ကပတ်တော် တစ်ခွန်းတစ်လေမျှ သာ၍မရှိပေ။ လူသားများသည် ငါ၏ အကြံပေးပုဂ္ဂိုလ်များအဖြစ် ပြုမူရမည်မဟုတ်။ ငါ၏ လက်ဖြင့် ရိုက်ချခံရပြီး မရဏနိုင်ငံထဲသို့ ပစ်ချခံရမည့်အဖြစ်ကို သတိပြုလော့။ ဤအရာကို သင့်အား ငါ ပြော၏။ ယနေ့ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်သော သူများသည် အတော်ဆုံးသောသူများ ဖြစ်ပြီး ၎င်းတို့အားလုံး ဆုံးရှုံးမှုများကို ရှောင်ရှားကာ တရားစီရင်ခြင်း၏ နာကျင်မှုမှ လွတ်မြောက်ကြလေသည်။ ဤအရာအားလုံးသည် ငါ၏ အစီအစဉ်များဖြစ်ပြီး၊ ငါ၏ ကြိုတင်ပြဌာန်းထားခြင်း ဖြစ်သည်။ အဆင်ခြင်မဲ့သော မှတ်ချက်များကို မပြုနှင့်၊ ပြီးလျှင် သင် အလွန်ကြီးမြတ်သည်ဟု တွေးထင်လျက် စကားကြီး စကားကျယ်များ မပြောဆိုနှင့်။ ဤအရာအားလုံးသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းမှတစ်ဆင့် ဖြစ်သည် မဟုတ်လော။ ငါ၏ အကြံပေးများဖြစ်မည့် သင်တို့သည် အရှက် မရှိကြလေတကား။ သင်တို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာကို သင်တို့ မသိကြ။ ယင်းမှာ သနားစဖွယ် သေးနုပ်လိုက်ပါဘိ။ ထိုသို့ဖြစ်သော်လည်း၊ ဤအရာသည် ကြီးမားသော ကိစ္စရပ်တစ်ခုမဟုတ်ဟု သင်တို့ ထင်ပြီး မိမိတို့ကိုယ်ကိုယ် မိမိတို့မသိပေ။ တစ်ကြိမ်ပြီးတစ်ကြိမ်၊ ငါ၏ ဆင်းရဲဒုက္ခ ကြီးမားသော အားထုတ်မှုများကို အချည်းနှီးဖြစ်စေလျက်၊ ပြီးလျှင် ၎င်းတို့သည် ငါ၏ ကျေးဇူးတော်နှင့် ကရုဏာတော်တို့၏ သရုပ်သကန်များဖြစ်သည်ကို လုံးဝ နားလည်ခြင်းမရှိဘဲလျက် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဂရုမစိုက်ချေ။ ယင်းထက်၊ သင်၏ ကိုယ်ပိုင် လိမ္မာပါးနပ်မှုကို အကြိမ်ကြိမ် ကြွားဖို့ သင် ကြိုးစားလေသည်။ ဤအရာကို သင် မှတ်မိပါသလော။ ၎င်းတို့ အလွန်တော်သည်ဟု ထင်သော လူတို့သည် မည်သည့် ပြစ်တင်ဆုံးမမှုကို ရရှိရမည်နည်း။ ငါ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားသကဲ့သို့ သစ္စာမရှိဘဲလျက်၊ ပြီးလျှင် ၎င်းတို့ကို သင်တို့၏ စိတ်နှလုံးများထဲတွင် စွဲမြဲခြင်းမရှိဘဲလျက်၊ သင်တို့သည် ဤအရာ၊ ထိုအရာတို့ကို လုပ်ဆောင်ဖို့ ဟန်ဆောင်ရာတွင် ငါ့ကို အသုံးပြုကြသည်။ မကောင်းမှု ပြုသူတို့။ သင်တို့သည် မည်သည့်အချိန်တွင် ငါ၏ စိတ်နှလုံးကို အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်မည်နည်း။ သင်တို့သည် ထိုအရာကို အရေးထားခြင်းမရှိ၊ ထို့ကြောင့် သင်တို့ကို “မကောင်းမှုပြုသူများ” ဟု ခေါ်ဆိုခြင်းသည် သင်တို့ကို နှိပ်စက်ခြင်းတစ်ခု မဟုတ်ချေ။ ယင်းသည် သင်တို့နှင့် လုံးဝ သင့်တော်ပေသည်။

ယနေ့ တစ်ချိန်က ကွယ်ဝှက်ထားသည့် အရာများကို ငါသည် သင်တို့ကို တစ်ခုပြီးတစ်ခု ပြသနေ၏။ အဆင်းနီသော နဂါးကြီးသည် အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခံရပြီး လုံးဝ ဖျက်ဆီးခံရလေသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို ထိန်းသိမ်းထားခြင်းက လုံးဝ အသုံးဝင်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ ယင်းသည် ခရစ်တော်အတွက် အစေခံမှု မလုပ်ဆောင်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောက်နောင်တွင်၊ နီသောအရာများသည် တည်ရှိတော့မည် မဟုတ်။ တဖြည်းဖြည်း၊ ၎င်းတို့သည် ဘာမျှမရှိခြင်းသို့ လျော့ပါးလွင့်ပျောက်သွားရပေမည်။ ငါပြောသည့်အရာကို ငါ လုပ်၏။ ဤသည်မှာ ငါ့အမှု၏ စုံလင်ခြင်း ဖြစ်သည်။ လူသား အယူအဆများကို ဖယ်ရှားလော့။ ငါ ပြောပြီးသမျှအရာရာကို ငါ လုပ်ဆောင်ပြီးလေပြီ။ လိမ္မာပါးနပ်ဖို့ ကြိုးစားသူ မည်သူမဆိုသည် မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်စီးခြင်းနှင့် အထင်သေးခြင်းတို့ ဆောင်ယူလာနေခြင်းသာ ဖြစ်ပြီး၊ အသက်မရှင်ချင်ပေ။ ထို့ကြောင့်၊ ငါသည် သင့်ကို စိတ်ကျေနပ်စေမည်ဖြစ်ပြီး ထိုသို့သော လူတို့ကို ထိန်းသိမ်းမည်မဟုတ်သည်ကား သေချာပေသည်။ နောက်နောင်တွင်၊ လူ့အသိုင်းအဝိုင်းသည် ထူးချွန်မှု တိုးပွားလိမ့်မည်၊ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိသူအားလုံးမှာမူ ဘာမျှမရှိခြင်းသို့ ဖယ်ရှားခြင်းခံရကြလိမ့်မည်။ ငါ လက်ခံပြီးဖြစ်သည့် သူတို့သည် ငါ စုံလင်စေမည့်သူများဖြစ်ပြီး တစ်ဦးတစ်ယောက်ကိုမျှ ငါ စွန့်ပစ်မည်မဟုတ်။ ငါပြောသည့်အရာတွင် ရှေ့နောက် မညီခြင်းများ မရှိ။ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်း လုပ်ဆောင်ခြင်း မရှိသူများသည် ပြစ်တင်ဆုံးမခြင်းကို သာ၍ ခံစားရမည် ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့ကို ငါဧကန်မုချ ကယ်တင်မည်ဖြစ်သည်။ သို့သော်၊ ထိုအချိန်အရောက်တွင် ၎င်းတို့ အသက်တာများ၏ အတိုင်းအတာသည် အတော်အတန် ကွာခြားလိမ့်မည်။ သင်သည် ထိုသို့သော လူတစ်ဦး ဖြစ်ချင်သလော။ ထကာ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်လော့။ ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသူ မည်သူကိုမဆို ငါသည် ဧကန်မုချ တော်ရိလျော်ရိ ဆက်ဆံမည် မဟုတ်။ ငါ့ထံ မိမိတို့ကိုယ်ကိုယ် လေးလေးနက်နက် ဆက်ကပ်သောသူတို့အတွက်မူ၊ သင့်အပေါ် ငါ၏ ကောင်းချီးမင်္ဂလာများအားလုံးကို ငါ အပ်နှင်းမည်။ ငါ့ထံ သင်ကိုယ်သင် အပြည့်အဝ ဆက်ကပ်လော့။ သင် စားသည့်အရာ၊ ဝတ်သည့်အရာနှင့် သင်၏ အနာဂတ် အားလုံးသည် ငါ၏ လက်ထဲတွင် ရှိ၏။ ဘယ်သောအခါမျှ သုံးကုန်မည်မဟုတ်သည့် မဆုံးနိုင်သော ပျော်မွေ့မှုကို သင် ရရှိဖို့အလို့ငှာ အရာရာကို သင့်တင့်လျောက်ပတ်စွာ ငါ စီစဉ်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ငါက၊ “ငါ့အတွက် ရိုးသားစွာ အသုံးခံသော သူတို့အဖို့၊ ငါသည် သင့်ကို ဧကန်အမှန်ပင် ကြီးစွာသော ကောင်းချီးပေးမည်။” ဟု ဆိုလေပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းချီးမင်္ဂလာများ အားလုံးသည် ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသည့် လူတိုင်းထံ ရောက်လာလိမ့်မည်။

အရှေ့သို့- အခန်း ၆၉

နောက်တစ်ခုသို့- အခန်း ၇၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။