အခန်း ၆၉

ငါ၏အလိုတော် ထွက်သောအခါ ခုခံဝံ့သူ မည်သူကိုမဆို၊ တရားစီရင်ဝံ့သူ သို့မဟုတ် သံသယရှိဝံ့သူ မည်သူကိုမဆို ငါသည် ချက်ချင်း နုတ်ပယ်သန့်စင်အံ့။ ယနေ့ ငါ့အလိုတော်အတိုင်း မလုပ်ဆောင်သော မည်သူမဆို သို့မဟုတ် ငါ့အလိုတော်ကို မှားယွင်းစွာယူဆသော မည်သူမဆိုသူကို ငါ၏နိုင်ငံတော်မှ ပယ်ထုတ်ကာ စွန့်ပစ်ခြင်း ခံရမည်။ ငါ၏နိုင်ငံတော်တွင် ငါချစ်သောသူများ၊ ငါ့ကိုစာနာထောက်ထားသောသူများ ဖြစ်ကြသည့် ငါ၏သားများမှတစ်ပါး အခြားမည်သူမှ မရှိပေ။ ထို့အပြင် သူတို့သည် ငါ၏ နှုတ်ကပတ်တော်အတိုင်း ပြုမူကြသူများ ဖြစ်ကြပြီး တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးတို့ကို ငါ့ကိုယ်စား တရားစီရင်ရန် တန်ခိုးဖြင့် အုပ်စိုးနိုင်သော သူများဖြစ်သည်။ ထိုမျှမက သူတို့သည် အပြစ်ကင်း၍ သွက်လက်သော သားဦးများဖြစ်ကြပြီး ရိုးရှင်း၍ ပွင့်လင်းကြကာ ရိုးသားဖြောင့်မတ်၍ ဉာဏ်ပညာရှိကြသည်။ သင်တို့တွင် ငါ၏အလိုတော်သည် ပြည့်ဝပြီး ငါလုပ်လိုသော အရာသည်လည်း သင်တို့တွင် ဖြည့်ဆည်းပြီး ဖြစ်ကာ အမှားအယွင်းမရှိ၊ လုံးလုံးလျားလျား ပွင့်လင်းပြီး၊ ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။ မှားယွင်းသောအကြံများနှင့် ရည်ရွယ်ချက်များ ရှိသောသူတို့ကို စွန့်ပစ်ရန် ငါအစပြုပြီဖြစ်၍ ငါသည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် လဲကျစေမည်။ သူတို့ အသက်ရှင် မကျန်ရစ်နိုင်ရန် တစ်ယောက်ပြီးတစ်ယောက် ငါဖျက်ဆီးမည်၊ ဤအရာအားလုံးသည် သူတို့၏ စိတ်များ၊ သူတို့၏ ဝိညာဉ်များနှင့် သူတို့၏ ခန္ဓာကိုယ်များကို ရည်ညွှန်းသည်။

သူဆင်းရဲများအား ပံ့ပိုးခြင်း၊ ငါ့ကိုချစ်သောသူများအား ဂရုစိုက်ခြင်း၊ ကာကွယ်ခြင်း၊ ငါ၏စီမံခန့်ခွဲမှုတွင် ဝင်မစွက်သည့် အသိပညာမဲ့ကာ စိတ်အားထက်သန်သောသူများအား ကယ်တင်ခြင်း၊ ငါ့ကိုခုခံသူများ၊ ငါနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား ပြစ်ဒဏ်ပေးခြင်း တို့သည် ငါ့လက်၏ အမှုအရာများ ဖြစ်ကြပြီး ဤအရာများအားလုံးကို ငါ၏မြွက်ဟချက်များအတိုင်း တစ်ခုပြီးတစ်ခု အတည်ပြုမည်ကို နားလည်ကြလော့။ သင်သည် ငါ့ကို စစ်မှန်စွာ ချစ်သူတစ်ဦးလော။ သင်သည် ငါ့အတွက် သစ္စာရှိစွာ မိမိကိုယ်ကို အသုံးပြုသူတစ်ဦးလော။ သင်သည် ငါ၏နှုတ်ကပတ်တော်ကို နားထောင်၍ ၎င်းနှင့်အညီ ပြုမူသူလော။ သင်သည် ငါ့ကိုဆန့်ကျင်သူ တစ်ဦးလော သို့မဟုတ် ငါနှင့် သဟဇာတဖြစ်သူတစ်ဦးလော။ တကယ်ဆိုလျှင် ဤအရာများနှင့်ပတ်သက်၍ သင့်တွင် ရှင်းလင်းသော အကြံဉာဏ်တစ်ခု ရှိသလော။ ငါပြောပြီးသောအရာ တစ်ခုချင်းစီကို သင်တုံ့ပြန်နိုင်သလော။ အကယ်၍ သင်မတုံ့ပြန်နိုင်လျှင် သင်သည် စိတ်အားထက်သန်မှုဖြင့် ရှာဖွေသော်လည်း ငါ၏အလိုတော်ကို သဘောမပေါက်သူ ဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်တို့သည် ငါ၏စီမံခန့်ခွဲမှုကို အလွယ်ကူဆုံး နှောင့်ယှက်၍ ငါ၏အလိုတော်ကိုလည်း တလွဲထင်ကြလိမ့်မည်။ အကယ်၍ သူတို့၌ တဒင်္ဂမျှ မှားယွင်းသော ရည်ရွယ်ချက်ရှိလျှင်ပင် ငါ၏နုတ်ပယ်သန့်စင်ခြင်းနှင့် ဖျက်ဆီးခြင်းကို သူတို့ ခံကြရလိမ့်မည်။

မတွေးတတ်အောင် ခက်ခဲနက်နဲသော အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများ ငါ့ထဲတွင် ရှိသည်။ ၎င်းတို့အား ငါ၏အစီအစဉ်နှင့်အညီ တစ်ခုပြီးတစ်ခု လူတို့ထံသို့ ငါထုတ်ဖော်မည်။ ဆိုလိုရင်းမှာ ၎င်းတို့ကို ငါ၏သားဦးများထံသို့ ငါထုတ်ဖော်မည်။ မယုံကြည်ကြသူများနှင့် ငါ့ကိုခုခံသောသူတို့မူကား သူ့သဘောသူဆောင်အောင် ယတိပြတ် ငါခွင့်ပြုထားမည် ဖြစ်သော်လည်း ငါသည် ဘုန်းအာနုဘော်ဖြစ်ပြီး တရားစီရင်ခြင်းဖြစ်ကြောင်းကို နောက်ဆုံးတွင် သူတို့အား ငါသဘောပေါက်စေရမည်။ ယနေ့ မယုံကြည်ကြသူများသည် သူတို့၏မျက်စိရှေ့၌ ဖြစ်ပျက်သော အရာကိုသာ သိကြပြီး ငါ၏အလိုတော်ကိုမူ မသိကြပေ။ ငါချစ်သောသူများ ဖြစ်ကြသော ငါ၏သားများသာလျှင် ငါ၏အလိုတော်ကို သိ၍ သဘောပေါက်ကြသည်။ ငါသည် ငါ့သားများထံသို့ ပွင့်လင်းစွာ ထုတ်ဖော်ပြီး စာတန်ထံမူ ငါသည် ဘုန်းအာနုဘော်ဖြစ်ပြီး တရားစီရင်ခြင်းဖြစ်၏။ ဖုံးကွယ်ခြင်း လုံးဝမရှိပေ။ လက်ရှိတွင် ငါ၏သားဦးများသာလျှင် ငါ၏အလိုတော်ကိုသိရှိရန် ထိုက်တန်သူများ ဖြစ်ကြသည်။ အခြား မည်သူမှ အရည်အချင်းမပြည့်မီကြပေ။ ဤအရာအလုံးစုံသည် ဖန်ဆင်းခြင်းမတိုင်မီ ငါကြိုတင်စီစဉ်သောအရာဖြစ်သည်။ အဘယ်သူသည် ကောင်းချီးပေးခံရ၍ အဘယ်သူသည် နှိပ်ကွပ်ခံရမည့်အကြောင်းကို ငါသည်အစောပိုင်းကတည်းက စနစ်တကျ စီစဉ်ခဲ့သည်။ ဤအရာ၌ ငါသည် ရှင်းလင်း၍ ယနေ့တွင် ၎င်းသည် အပြည့်အဝ ပေါ်လွင်စေခြင်း ခံခဲ့ရပြီးဖြစ်သည်။ ကောင်းချီးပေးခံရသူတို့သည် ၎င်းတို့၏ ကောင်းချီးမင်္ဂလာများကို စ၍ခံစားကြပြီး နှိပ်ကွပ်ခံရသူတို့သည်လည်း ဘေးဒုက္ခကို စ၍ခံစားကြရပြီ ဖြစ်သည်။ နှိပ်ကွပ်ခြင်းကို မခံလိုကြသူတို့သည် မခံလိုသော်လည်း ၎င်းကိုခံရကြသည်။ အကြောင်းမူကား ဤအရာသည် ငါချမှတ်ဆုံးဖြတ်ခဲ့သော အရာဖြစ်ပြီး ဤအရာသည် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ လက်များဖြင့် စီစဉ်ခဲ့သော အရာဖြစ်သည်။ အတိအကျဆိုလျှင် မည်သို့သော ပုဂ္ဂိုလ်သည် ကောင်းချီးပေးခံရ၍ မည်သို့သောပုဂ္ဂိုလ်သည် နှိပ်ကွပ်ခံရသနည်း။ ဤအရာများကို ငါထုတ်ဖော်ပြီး ဖြစ်သည်။ ဤအရာသည် သင်တို့အတွက် လျှို့ဝှက်ဆန်းကြယ်မှုမဟုတ်ဘဲ ယင်းအစား ၎င်းသည် ဘွင်းဘွင်းရှိနေ၏။ ငါ့ကိုလက်ခံသော်လည်း မှားယွင်းသော ရည်ရွယ်ချက်များ ရှိသူများ၊ ငါ့ကိုလက်ခံသော်လည်း ငါ့ကို မရှာဖွေသူ၊ ငါ့ကိုသိသော်လည်း ငါ့ထံ ကျိုးနွံနာခံခြင်း မရှိသူများ၊ မရိုးဖြောင့်ခြင်းနှင့် သစ္စာဖောက်ခြင်းအားဖြင့် ငါ့ကိုလှည့်ဖြားရာတွင် ပါဝင်သူများ၊ ငါ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသော်လည်း အပျက်သဘောကို အန်ထုတ်သူများ၊ မိမိကိုယ်ကိုမသိ၊ မိမိသည် မည်သည့်အရာဖြစ်သည်ကို မသိဘဲ မိမိကိုယ်ကို ကြီးမြတ်သည်ဟု အထင်ရှိ၍ မိမိတို့ ရင့်ကျက်ပြီဟု ယူဆသူများ (စာတန်၏ ဥပမာ)၊ ထိုသို့သော ပုဂ္ဂိုလ်များအားလုံးသည် နှိပ်ကွပ်ခံရမည့် အရာများဖြစ်ကြသည်။ ငါ့ကိုလက်ခံကြသူများနှင့် ၎င်းတို့၏ ကြံရွယ်ချက်များသည် ငါ့အတွက် ဖြစ်သူများ (အကယ်၍ သူတို့သည် အနှောင့်အယှက်များကို ဖြစ်စေပါက သူတို့၏ ဖောက်ဖျက်မှုများကို ငါမှတ်မိလိမ့်မည် မဟုတ်ပေ။ သို့သော် သူတို့၏ ကြံရွယ်ချက်များသည် မှန်ကန်၍ သူတို့သည် အမြဲသတိရှိ၊ ဂရုစိုက်ရမည်ဖြစ်ပြီး အသောက်အစား၊ အပျော်အပါး၌ မမွေ့လျော်ရ။ ထို့အပြင် သူတို့သည် ငါ့ကို နားထောင်လိုစိတ်နှင့် ငါ့ထံ ကျိုးနွံနာခံလိုစိတ်တို့ကို အမြဲမွေးမြူထားရမည်)၊ သန့်စင်သောသူများ၊ ပွင့်လင်းသောသူများ၊ ရိုးသားသူများ၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်ဝတ္ထုပစ္စည်း၊ မည်သည့်အရာတို့၏ ထိန်းချုပ်ခြင်းကိုမှ မခံရသူများ၊ အသက်တာတွင် ရင့်ကျက်သော်လည်း သူငယ်ကဲ့သို့သော ပုံပန်းရှိသူများ၊ ဤသူတို့သည် ငါချစ်သောသူများဖြစ်၍ ငါ့ကောင်းချီးများ ဦးတည်ရည်မှန်းသောသူများလည်း ဖြစ်ကြသည်။ ယခု သင်တို့ အယောက်တိုင်းသည် သင်တို့၏ အခြေအနေနှင့်အညီ သင်တို့၏ အပ်စပ်သော နေရာကို ယူကြရမည်။ ထို့အပြင် သင်သည် ကောင်းချီးပေးခံရသူ သို့မဟုတ် နှိပ်ကွပ်ခံရသူ ဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ ၎င်းကို ငါ ထင်ရှားစွာ ပြောပြရန် မလိုအပ်ပေ။ ကောင်းချီးပေးခံရသူတို့သည် ဝမ်းမြောက်၍ ပျော်ရွှင်အပ်သော်လည်း နှိပ်ကွပ်ခြင်းကို ခံစားရသောသူတို့သည် စိတ်ဒုက္ခမရောက်အပ်။ ဤကိစ္စနှစ်ရပ်လုံးကို ငါ့လက်အားဖြင့် စီစဉ်ပြီးဖြစ်သော်လည်း ငါ့ကိုအပြစ်မတင်အပ်ပေ။ ဤအရာသည် သင်ကိုယ်တိုင် ငါနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းခြင်း မရှိသောကြောင့်နှင့် ငါသည် လူသား၏ အနက်ရှိုင်းဆုံး စိတ်နှလုံးကို ရှာဖွေသော ဘုရားသခင် ဖြစ်တော်မူကြောင်း သင် နားမလည်သောကြောင့် ဖြစ်သည်။ ဤအရာသည် ကြိုတင်လျက် ငါဆုံးဖြတ်ပြီးသည့် အရာဖြစ်ကာ သင်သည် သင်၏ သေးနုပ်သော ကိုယ်ပိုင်လှည့်စားမှုအားဖြင့် သင့်ကိုယ်သင် ထိခိုက်စေခြင်း ဖြစ်၏။ သင်သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်ခြင်းဖြစ်၏။ မရဏနိုင်ငံထဲသို့ သင်ကျသွားသင့်သည်မှာ သင့်ကို နှိပ်စက်ခြင်း မဟုတ်ပေ။ ၎င်းသည် သင်၏ အဆုံးသတ်ဖြစ်၏။ ၎င်းသည် သင်၏ အကျိုးတရားဖြစ်၏။

ကောင်းချီးပေးခံရသော သားဦးတို့၊ လျင်မြန်စွာ ထပြီး ကောင်းချီးသြဘာ ပေးကြလော့။ လျင်မြန်စွာ ထပြီး ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ယခုမှစ၍ ခါးသီးမှုများ၊ ဒုက္ခခံစားရခြင်းများ နောက်ထပ်မရှိတော့ဘဲ အရာရာသည် ငါတို့၏ လက်များထဲ၌ ရှိကြကုန်၏။ ငါ၏ အတွေးများနှင့် သူတို့၏ အတွေးများ ညီညွတ်ကြသောသူ မည်သူမဆိုသည် ငါချစ်သောသူဖြစ်၍ ဘေးဒုက္ခကို ခံစားရလိမ့်မည် မဟုတ်ပေ။ သင့်နှလုံးသား၏ အလိုဆန္ဒသည် မည်သည့်အရာဖြစ်စေ ၎င်းကို ငါဖြည့်ဆည်းပေးမည်။ (သို့သော် ၎င်းသည် ထင်ရာမြင်ရာ မဖြစ်ရ)။ ဤအရာသည် ငါ၏အလုပ်ဖြစ်လေသည်။

အရှေ့သို့- အခန်း ၆၈

နောက်တစ်ခုသို့- အခန်း ၇၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။