အခန်း ၆၈

ငါ၏နှုတ်ကပတ်တော်ကို နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၌ အကောင်အထည် ဖော်လျက်ရှိပြီး၊ ထိုနှုတ်ကပတ်တော်သည် သတ်မှတ် ထားသည့် မည်သည့်အချိန်တွင်မဆို အရပ်တိုင်း၌ ပြည့်စုံလျက်ရှိ၏။ နေရာတိုင်းတွင် ဖြစ်ပွားသော ကပ်ဘေးများသည် လူများကြားက တိုက်ပွဲများ မဟုတ် သကဲ့သို့၊ လက်နက်များဖြင့် တိုက်ခိုက်ကြသည်လည်း မဟုတ်ပေ။ နောက်ပိုင်းတွင် စစ်ပွဲများ ရှိတော့မည် မဟုတ်။ အားလုံးသည် ငါ၏ လက်တွင်း၌ ရှိသည်။ အားလုံးသည် ငါ၏တရားစီရင်ခြင်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ကပ်ဘေး အလယ်တွင် ဆင်းရဲဒုက္ခခံရလိမ့်မည်။ ငါ့ကိုခုခံသောသူများ အပြင် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ အစမပြုသော သူတို့သည် အမျိုးမျိုးသော ကပ်ဘေးများ၏ နာကျင်မှုကို ခံစားကြစေ။ ၎င်းတို့ ငိုကြွေးပြီး အမှောင်ထဲတွင် ထာဝရ ကျန်ရှိလျက်၊ အသင်္ချေ အံသွားခဲကြိတ်ကြစေ။ ၎င်းတို့ ရှင်ကျန်လိမ့်မည် မဟုတ်။ ငါသည် ရိုးရိုးစင်းစင်းနှင့် ပေါ့ပါးဖျတ်လတ်မှုဖြင့် လုပ်ဆောင်ပြီး၊ အတိတ်တွင် သင် ငါ့အပေါ် မည်မျှ သစ္စာစောင့်သိခဲ့သည်ကို ငါသည် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သင်သည် ငါ့ကို ခုခံနေသမျှ ကာလပတ်လုံး၊ တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်း မရှိသကဲ့သို့ ကရုဏာ တစ်စက်မျှလည်းမရှိဘဲ ငါ၏ တရားစီရင်ခြင်း လက်သည် သင့်အပေါ် မြန်ဆန်သော အမျက်ဒေါသကို ထုတ်လွှတ်လိမ့်မည်။ ငါသည် မိမိစကားကို တည်စေသော ဘုရားသခင်ဖြစ်သည်ကို တစ်လျှောက်လုံး ငါပြောနေခဲ့ပြီး ဖြစ်သည်။ ငါမိန့်မြွက်သမျှ နှုတ်ကပတ်တော်တိုင်းသည် ပြည့်စုံလိမ့်မည်ဖြစ်ပြီး ၎င်းတို့တစ်ခုစီကို သင်တို့အား ငါမြင်စေမည်။ ဤသည်မှာ အရာရာ၌ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းဟု ဆိုလိုသော အရာ ဧကန်အမှန် ဖြစ်ပေသည်။

ငါချစ်သော ငါ့သားများအပေါ် ကြီးမားသော ကပ်ဘေးများ သေချာပေါက် ကျရောက်လိမ့်မည်မဟုတ်။ ငါ၏သားများကို အချိန်တိုင်းနှင့် စက္ကန့်တိုင်း ငါ စောင့်ရှောက်မည်။ ထိုသို့သော နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို သင်တို့ လုံးဝ ခံရပ်စရာ လိုလိမ့်မည်မဟုတ်။ ယင်းအစား၊ ထိုအရာ၏ ဆိုလိုချက်မှာ ငါ့သားများကို စုံလင်စေဖို့နှင့် ၎င်းတို့အထဲ၌ ငါ၏နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်တို့သည် ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းကို အသိအမှတ် ပြုနိုင်သည်၊ အသက်၌ တိုး၍ကြီးထွားနိုင်သည်၊ ငါ့အတွက် ဝန်ကို သာ၍စောစော ထမ်းရွက်ပေးနိုင်ပြီး ငါ၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးမြောက်ခြင်းအတွက် သင်တို့သည် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်နိုင်ပေသည်။ ဤအရာကြောင့် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုဖြင့် သင်တို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေသည်။ ငါသည် သင်တို့ကို ထိန်းချုပ်ခွင့်ပေးလျက်၊ အရာရာကို သင်တို့ထံ လွှဲအပ်မည် ဖြစ်သည်။ ယင်းကို သင်တို့လက်ထဲ၌ ငါထားမည်။ သားသည် ဖခင်၏ အမွေဥစ္စာတစ်ခုလုံးကို အမွေဆက်ခံ ရသည် မှန်လျှင်၊ ဤအရာသည် ငါ၏ သားဦးများဖြစ်သော သင်တို့အတွက် မည်မျှ သာ၍ပင် မှန်ကန်လိမ့်မည်နည်း။ သင်တို့သည် အမှန်တကယ် မင်္ဂလာရှိကြ၏။ ကြီးမားသော ကပ်ဘေးများမှ ဆင်းရဲဒုက္ခခံရသည်ထက်၊ ထာဝရ ကောင်းချီးမင်္ဂလာများကို သင်တို့ခံစားရလိမ့်မည်။ ဘုန်းအသရေရှိပေစွ။ ဘုန်းအသရေရှိပေစွ။

သင်၏ အရှိန်ကို မြှင့်ပြီး ငါ၏ခြေရာများနောက်သို့ နေရာတိုင်းနှင့် အချိန်တိုင်း လိုက်လျှောက်ကြလော့။ နောက်ကျ မကျန်ရစ်လေနှင့်။ သင်၏စိတ်နှလုံးအား ငါ၏စိတ်နှလုံးနောက်သို့ လိုက်စေလော့၊ ပြီးလျှင် သင်၏စိတ်အား ငါ၏စိတ်နောက်သို့ လိုက်စေလော့။ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိလော့။ ငါနှင့်အတူစားလော့၊ ငါနင့်အတူ အသက်ရှင်ပြီး အတူမွေ့လျော်လော့။ သင်တို့အတွက် မွေ့လျော်ဖို့နှင့် လက်ခံဖို့ အံ့ဩဖွယ်သော ကောင်းချီး မင်္ဂလာများ စောင့်ဆိုင်းလျက်ရှိသည်။ ထိုသို့သော မယှဉ်သာသော အလျှံပယ်ရှိခြင်းသည် ငါ့အတွင်းတွင် ရှိ၏။ ယင်း၏ အနည်းငယ်မျှပင် အခြားမည်သူ တစ်ဦး တစ်ယောက်အတွက်မျှ ပြင်ဆင်မထားလေပြီ။ ဤအရာကို ငါ၏သားများအတွက်သာ ငါ လုံးဝ လုပ်ဆောင်ပေသည်။

ယခုတွင်၊ ငါ၏ စိတ်၌ရှိသည့်အရာမှာ ပြည့်စုံလာမည့် အရာ ဖြစ်သည်။ သင်တို့ကို ငါစကားပြောပြီးသော အချိန်တွင်၊ ထိုကိစ္စများ ပြည့်စုံနှင့်ပြီး ဖြစ်လိမ့်မည်။ အမှုတော်သည် အမှန်တကယ် ထိုမျှ မြန်မြန်ဆန်ဆန် ရှေ့ဆက်ပြီး အချိန်တိုင်း ပြောင်းလဲလျက်ရှိသည်။ သင်တို့၏ အာရုံစိုက်ခြင်းသည် တစ်ခဏအတွက်ပင် ဟိုဟိုသည်သည် ပျံ့လွင့်ပါက၊ “ခွဲထွက်ရေး” ဖြစ်ရပ်မျိုး ဖြစ်ပွားလိမ့်မည် ဖြစ်ပြီး၊ သင်သည် အတော်ဝေးဝေးတွင် သောင်တင် ကျန်ရစ်လိမ့်မည် ဖြစ်ကာ ထိုသို့ဖြင့် ဤစီးကြောင်းမှ ခွဲခွာသွားရလိမ့်မည်။ သင်တို့သည် လေးလေးနက်နက် မကြိုးစားပါက၊ ငါ၏ အပင်ပန်းခံသော အားထုတ်မှုများကို သင်တို့ အချည်နှီး ဖြစ်စေကြလိမ့်မည်။ အနာဂတ်တွင်၊ အမျိုးမျိုးသော တိုင်းနိုင်ငံများမှ လူတို့သည် အချိန်မရွေး စုရုံးကြလိမ့်မည်- သင်တို့၏လက်ရှိ အဆင့်တွင်၊ ၎င်းတို့ကို သင်တို့ ဦးဆောင်နိုင်မည်လော။ ငါ၏ စေခိုင်းချက်ကို ပြည့်စုံစေဖို့အလို့ငှာ ငါသည် သင်တို့ကို ဤတိုတောင်းသည့် အချိန်ကာလအတွင်း စစ်သားကောင်းများ ဖြစ်လာဖို့ စေ့စေ့စပ်စပ် လေ့ကျင့်ပေးမည်။ အရာအားလုံးတွင် ငါ၏ နာမကို ဘုန်းထင်ရှားစေဖို့နှင့် ငါ့အတွက် အံ့ဩဖွယ် သက်သေများ ခံကြဖို့ရန် သင်တို့ကို ငါအလိုရှိ၏။ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသူများသည် ၎င်းတို့ကို ဦးဆောင်ပြီး အုပ်စိုးဖို့ ယနေ့ ၎င်းတို့အထက်တွင် ရပ်တည်ကြစေ။ ငါ၏ရည်ရွယ်ချက်များကို သင်တို့ သဘောပေါက်သလော။ ငါပြုပြီးဖြစ်သည့် အပင်ပန်းခံသော အားထုတ်မှုများကို သင်တို့ နားလည်ကြပြီလော။ ဤအရာအားလုံးကို သင်တို့အတွက် ငါပြုပေသည်။ ယင်းသည် ငါ၏ ကောင်းချီးမင်္ဂလာများကို သင်တို့ မွေ့လျော်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်သာ မူတည်ပေသည်။

လူသားမျိုးနွယ်၏ စိတ်နှင့်နှလုံးကို စိစစ်သော ဘုရားသခင်ဖြစ်သည့် ငါသည် ကမ္ဘာမြေ၏ အစွန်ဆုံး နေရာများထိတိုင် ခရီးနှင်၏။ အဘယ်သူသည် ငါ့ကို အစေခံမှု မပေးဝံ့သနည်း။ တိုင်းနိုင်ငံများ အားလုံး အလယ်တွင် တင်းမာမှုများ မြင့်တက်ပြီး ၎င်းတို့ အသည်းအသန် ရုန်းကန်ကြ၏။ သို့သော်၊ နောက်ဆုံးတွင် ငါ့လက်မှ ၎င်းတို့ လွတ်မြောက်ကြလိမ့်မည် မဟုတ်။ ငါသည် ၎င်းတို့ကို ဧကန်မုချ အလွယ်တကူ လွှတ်လိုက်မည် မဟုတ်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ လောကီအဆင့်အတန်းများနှင့် လောကီ ကာမဂုဏ်များ နှင့်အညီ ၎င်းတို့ကို တစ်ယောက်ပြီး တစ်ယောက် တရားစီရင်ခြင်းသို့ ငါ ခေါ်ဆောင်မည် ဖြစ်သည်။ တစ်ဦးတစ်ယောက်ကိုမျှ ငါချမ်းသာပေးမည် မဟုတ်။ ငါ၏အမျက်ဒေါသကို စတင်ထုတ်ဖော်ပြီ ဖြစ်ပြီး၊ ၎င်းတို့အပေါ် အားလုံး သွန်ဆင်းလာလိမ့်မည်။ ၎င်းတို့တွင် တစ်ခုပြီးတစ်ခု အားလုံး ပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ ဤအရာအားလုံးကို မိမိတို့ကိုယ်ကိုယ်အပေါ် မိမိတို့ ကျရောက်စေခဲ့လိမ့်မည် ဖြစ်သည်။ အတိတ်က ငါ့ကို မသိကျွမ်းခဲ့ကြသူများ သို့မဟုတ် ငါ့ကို အထင်အမြင်သေး ခဲ့ကြသူများသည် ငါ၏တရားစီရင်ခြင်းကို ယခု ရင်ဆိုင်ကြ ရလိမ့်မည်။ ငါ၏သားများကို ညှဉ်းပန်းနှိပ်စက်ဖူးကြသူများ အတွက်မူ၊ ငါသည် ၎င်းတို့၏ ယခင်ကစကားများ၊ လုပ်ရပ်များနှင့်အညီ ၎င်းတို့ကို အထူးပြစ်တင်ဆုံးမမည်။ ကလေးများကိုပင် ငါသည် အလွတ်ပေးမည် မဟုတ်။ ဤလူအားလုံးသည် စာတန်၏အတန်းအစားများ ဖြစ်ကြသည်။ ၎င်းတို့ မည်သည့်အရာကိုမျှ မပြော၊ မလုပ်ဆောင်လျှင်ပင်၊ စိတ်ထဲတွင် ငါ့သားများကို မုန်းတီးမှု သိုထားပါက၊ သူတို့ထဲမှ တစ်ယောက်ကိုမျှ ငါသည် ချမ်းသာပေးမည် မဟုတ်။ ဤလူစုဖြစ်သည့် ငါတို့သည် ယနေ့ စိုးစံကာ တန်ခိုးအာဏာ ကိုင်စွဲသည်ကို ၎င်းတို့အားလုံးအား ငါ မြင်စေမည်။ ယင်းမှာ သေချာပေါက် ၎င်းတို့ မဟုတ်ကြပေ။ ဤအကြောင်းကြောင့်၊ သင်တို့သည် နေရာတိုင်း၊ ထောင့်တိုင်း၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၌ ငါ၏နာမကို ဘုန်းထင်ရှားစေပြီး သက်သေခံနိုင်ဖို့၊ ပြီးလျှင် စကြဝဠာတစ်ခွင်လုံးနှင့် ကမ္ဘာမြေ၏ အစွန်ဆုံးနေရာများထိ ထိုနာမကို ပျံ့နှံ့စေဖို့ရန်အလို့ငှာ သင်၏ အဆုံးစွန် ခွန်အားကို ဆက်ကပ်ပြီး၊ မိမိကိုယ်ကိုယ် ငါ့အတွက် လေးနက်စွာ အသုံးခံဖို့မှာ သာ၍ပင် အရေးပါလှပေသည်။

အရှေ့သို့- အခန်း ၆၇

နောက်တစ်ခုသို့- အခန်း ၆၉

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။