အခန်း ၇၂

ချို့ယွင်းချက် သို့မဟုတ် အားနည်းချက် တစ်ခုတစ်လေကို သင်ရှာဖွေတွေ့ရှိပါက၊ ယင်းကို သင့်အား ဖယ်ရှားစေရန် သင်သည် ငါ့အပေါ်တွင် မှီခိုရမည်။ အချိန်မဆွဲနှင့်။ သို့မဟုတ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် သင်နှင့် အလွန်ဝေးကွာလိမ့်မည်ဖြစ်ပြီး၊ သင်သည် အလွန်နောက်ကျကျန်ရစ်လိမ့်မည်။ သင့်ကို ငါ ပေးအပ်ထားပြီးဖြစ်သည့် အလုပ်ကို ငါ၏ မျက်မှောက်တွင် မကြာခဏ တိုးချဉ်းကပ်ခြင်း၊ ဆုတောင်းခြင်းနှင့် မိတ်သဟာယပြုခြင်းတို့ဖြင့်သာ ပြီးမြောက်နိုင်သည်။ ဤအရာများကို သင် မလုပ်ဆောင်ပါက၊ မည်သည့်ရလဒ်မျှ စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ အားလုံးသည် အချည်းနှီး လုပ်ဆောင်ပြီးဖြစ်လိမ့်မည်။ ယနေ့ ငါ၏အမှုသည် အတိတ်ကကဲ့သို့ မဟုတ်။ ငါချစ်သောလူတို့ထဲက အသက်၏ အတိုင်းအတာသည် ယခင်က ဖြစ်ခဲ့သည့်အရာနှင့် အလွန် ကွာခြား၏။ ၎င်းတို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုအပြင်၊ ယင်းတို့ထဲသို့ ထိုးထွင်းသော အမြင်တစ်ခုလည်း ရှိကြ၏။ ဤအရာသည် အသိသာအထင်ရှားဆုံးသော ရှုထောင့်ဖြစ်ပြီး၊ ယင်းသည် ငါ့အမှု၏အံ့သြဖွယ်ရာကို သုံးသပ်ဆင်ခြင်နိုင်စွမ်း အရှိဆုံး ဖြစ်သည်။ ငါ့အမှု၏ အရှိန်အဟုန်သည် အရှိန်မြင့်ပြီးဖြစ်ကာ၊ ဤအမှုသည် အတိတ်ကနှင့် သေချာပေါက် ကွဲပြား၏။ ယင်းသည် လူတို့အတွက် စိတ်ကူးကြည့်ရန် ခက်ခဲပြီး၊ ထို့အပြင် ၎င်းတို့ နားလည်ဖို့ မဖြစ်နိုင်ပေ။ သင်တို့အဖို့ အဘယ်အရာမျှ နက်နဲမှုတစ်ခု မဟုတ်တော့ပေ။ ထိုအစား၊ အားလုံးကို သိရှိစေပြီးဖြစ်ကာ သိသာထင်ရှားစေပြီးဖြစ်သည်။ ယင်းသည် ရှင်းလင်း၏၊ ယင်းသည် လွှတ်ခြင်းခံရပြီး၊ ထို့အပြင် လုံးဝ လွတ်လပ်သည်။ ငါချစ်သောသူတို့သည် မည်သည့်လူမျှ၊ မည်သည့် အဖြစ်အပျက်မျှ၊ သို့မဟုတ် မည်သည့် အမှုအရာမျှ၏ တကယ်ကို ကန့်သတ်ခြင်းခံရလိမ့်မည်မဟုတ်သကဲ့သို့ မည်သည့် နေရာ သို့မဟုတ် ပထဝီဝင် အနေအထားမျှ၏ ကန့်သတ်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ပတ်ဝန်းကျင်အားလုံးက ချမှတ်သော ထိန်းချုပ်မှုကို ကျော်လွန်ကြလိမ့်မည်ဖြစ်ပြီး၊ ဇာတိပကတိမှ လွတ်လာကြလိမ့်မည်။ ဤအရာသည် ငါ၏ ကြီးမြတ်သော အမှု ပြီးစီးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လုပ်ဆောင်ဖို့ နောက်ထပ် မည်သည့်အရာမျှ ရှိလိမ့်မည် မဟုတ်။ ယင်းသည် လုံးဝ ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။

ကြီးမြတ်သော အမှု ပြီးစီးခြင်းကို သားဦးများအားလုံးနှင့် ငါချစ်သော သူတအားလုံးကို ရည်ညွှန်းရာတွင် ဖော်ပြထားခြင်း ဖြစ်သည်။ နောင်တွင် သင်သည် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာမျှ၏ ထိန်းချုပ်မှုကို ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် စကြဝဠာတစ်ခုလုံးကို ဖြတ်သန်းရင်းနှင့် နေရာတိုင်းတွင် သင်၏ ခြေရာကို ချန်ထားရင်း၊ စကြဝဠာ၏ အမျိုးမျိုးသော တိုင်းနိုင်ငံများတစ်လျှောက် ခရီးနှင်လိမ့်မည်။ ဤအရာကို အလွန်ရှည်ကြာလွန်းလှသည်ဟု မစဉ်စားနှင့်။ ဤသည်မှာ သင့်မျက်စိရှေ့တည့်တည့်တွင် များမကြာမီ အမှန်တကယ် ဖြစ်လာမည့် တစ်စုံတစ်ခု ဖြစ်သည်။ ငါပြုသောအရာကို သင်တို့အား အပ်နှံလိမ့်မည်ဖြစ်ပြီး၊ ငါ၏နင်းလျှောက်သွားသော နေရာများသည် သင်တို့၏ခြေရာများ ရှိလိမ့်မည်။ ထို့အပြင် ဤသည်မှာ ငါတို့-သင်တို့နှင့် ငါသည်- ရှင်ဘုရင်များကဲ့သို့ အတူစိုးစံခြင်း၏ စစ်မှန်သော အဓိပ္ပာယ် ဖြစ်ပေသည်။ ငါပေးသည့် ထုတ်ဖော်ပြချက်များသည် အနည်းငယ်မျှ ကွယ်ဝှက်ခြင်းမရှိဘဲ၊ အဘယ့်ကြောင့် တိုး၍ ယခင်ထက် ရှင်းလင်းလာကာ သာ၍ သာ၍ ထင်ရှားပေါ်လွင်လာသည်ကို သင်တို့ တွေးဆဖူးပါသလော။ အဘယ်ကြောင့် ငါသည် အမြင့်ဆုံးသက်သေခံပြီးဖြစ်ကာ ဤနက်နဲမှုများအားလုံးနှင့် ဤနှုတ်ကပတ်တော်အားလုံးကို သင်တို့ထံ ပြောပြီးပြီနည်း။ အကြောင်းရင်းမှာ အထက်ဖော်ပြပါ အမှုမှလွဲ၍ အခြားမရှိပေ။ သို့သော်၊ လက်ရှိတွင် သင်တို့၏ အလုပ် တိုးတက်မှုသည် နှေးကွေးလွန်းလှ၏။ ငါ၏ ခြေလှမ်းများကို သင်သည် အမှီမလိုက်နိုင်ပေ၊ သင်တို့သည် ငါနှင့်အတူ အလွန်ကောင်းစွာ မပူးပေါင်းမဆောင်ရွက်နိုင်သကဲ့သို့၊ ယခုတွင် ငါ၏အလိုကို သင်တို့ စွမ်းဆောင်ရရှိနိုင်စွမ်း မရှိကြသေးပေ။ သင်တို့သည် ငါ၏ စိတ်နှလုံးကို ဖြစ်နိုင်သမျှ မြန်မြန် စိတ်ကျေနပ်မှု ဆောင်ကြဉ်းနိုင်ဖို့အလို့ငှာ၊ ငါသည် သင်တို့ကို ပိုမိုပြင်းထန်စွာ လေ့ကျင့်ပေးရမည်ဖြစ်ပြီး သင်တို့အား ငါ၏စုံလင်စေခြင်းကို အရှိန်မြှင့်ရပေမည်။

လတ်တလောတွင်၊ အသိသာအထင်ရှားဆုံးသောအရာမှာ သားဦးများအဖွဲ့သည် လုံးဝ ဖွဲ့စည်းပြီးသွားပြီဖြစ်သည်။ အားလုံးသည် ငါ၏ အတည်ပြုခြင်းခံရကာ၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါ၏ခွဲခန့်မှတ်သားထားခြင်းနှင့် ရွေးချယ်ခြင်းကိုပင် ခံရပြီး ဖြစ်သည်။ အသီးသီးကို ငါ၏ကိုယ်ပိုင်လက်ဖြင့် အထောက်အကူပြုထားသည်။ ဤအရာတွင် လူသား သုံးသပ်ခြင်းတစ်ခုတစ်လေမျှအတွက် အခွင့်အရေး မရှိပေ။ ယင်းသည် သင်၏ ထိန်းချုပ်မှုကို ကျော်လွန်သည်။ မာနမကြီးနှင့်။ ယင်းသည် ငါ၏ ကြင်နာခြင်းနှင့် သနားကရုဏာ ဖြစ်သည်။ ငါ၏ရှုထောင့်အမြင်မှ၊ အရာရာတိုင်းသည် ပြီးမြောက်နှင့်ပြီး ဖြစ်သည်။ ယင်းမှာ သင်တို့၏ မျက်စိများသည် အလွန် မှုန်ဝါးနေသောကြောင့်သာဖြစ်ပြီး ယခုတွင်ပင် သင်တို့သည် ငါ၏ လုပ်ဆောင်ချက်များ၏ ရှင်းလင်းသည့် အံ့သြဖွယ် မြင်ကွင်းတစ်ခုကို ရရှိနိုင်ချေ။ သင်တို့ မည်သူမျှ ငါ၏အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ငါ၏ ဉာဏ်ပညာ၊ ငါ၏ လုပ်ရပ်တိုင်း သို့မဟုတ် ငါ၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်း၏ လုံးဝ ရှင်းလင်းသည့် သို့မဟုတ် မှန်ကန်သည့် သိနားလည်မှုတစ်ခုကို မပိုင်ဆိုင်ကြပေ။ ဤအကြောင်းရင်းကြောင့်၊ ရှင်းလင်းစွာ ငါပြောဆို၏။ ငါ့သားများအတွက်၊ ငါ၏ ချစ်ရသူများအတွက်၊ ငါသည် ဖြစ်သည့်နည်းဖြင့် ပေးဆပ်ရန်၊ ပင်ပင်ပန်းပန်း လုပ်ရန်နှင့် ငါ့ကိုယ်ငါ အသုံးခံရန် ဆန္ဒရှိသည်။ ငါ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သင်သည် ငါ့ကို သိသလော။ ယင်းတို့ကို သာ၍ ရှင်းလင်းစွာ ဖွင့်ဟဖို့ ငါ့ကို သင် လိုအပ်သလော။ နောက်ထပ် အကျင့်မပျက်တော့နှင့်။ ငါ၏ စိတ်နှလုံးကို စာနာထောက်ထားလော့။ ယခုတွင် ထိုသို့သော ကြီးမြတ်သည့် နက်နဲမှုကို သင်တို့အား ပြောပြပြီးဖြစ်သောကြောင့်၊ သင်တို့ အဘယ်အရာကို ပြောရန် ရှိသနည်း။ သင်တို့သည် စောဒကတက်ခြင်းများ တစ်ခုတစ်လေ ရှိသေးသလော။ အကယ်၍ သင်သည် အဖိုးအခကို မပေးသကဲ့သို့ ကြိုးစားမလုပ်ဆောင်ပါက၊ ငါ ဖြတ်သန်းပြီးသော အပင်ပန်းခံသည့် အားထုတ်မှုအားလုံးနှင့် သင် ထိုက်တန်နိုင်မည်လော။

ယနေ့ခေတ်လူတို့သည် ၎င်းတို့ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ ၎င်းတို့ အလိုရှိကြလျှင်ပင် ငါ မျက်နာသာမပေးသော သူတို့တွင် ငါ့ကို ချစ်ခြင်း မထွက်ပေါ်နိုင်ပေ။ သို့သော် ငါခွဲခန့်မှတ်သားထားပြီး ရွေးချယ်ထားပြီးဖြစ်သော လူတို့သည် ၎င်းတို့ အလိုရှိကြလျှင်ပင် လွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်။ ၎င်းတို့ မည်သည့်နေရာသို့ သွားကြသည်ဖြစ်စေ၊ ငါ၏ လက်ကို မရှောင်လွှဲနိုင်ကြ။ ယင်းမှာ ငါ၏ဘုန်းအာနုဘော် ဖြစ်ပြီး၊ ထို့ထက်ပင် သာ၍ ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ လူအားလုံးသည် ငါ၏အစီအစဉ်၊ ငါ၏အလိုနှင့်အညီ၊ ၎င်းတို့၏ အရေးကိစ္စများကို လုပ်ရမည်။ ဤနေ့မှစ၍ အရာရာသည် ငါ၏လက်သို့ လုံးဝ ပြန်ရောက်ရှိလာပြီး၊ ၎င်းတို့ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သည်။ အရာရာတိုင်းကို ငါ ထိန်းချုပ်ပြီး စီစဉ်ထားခြင်း ဖြစ်သည်။ အကယ်၍ လူတို့သည် အသေးအဖွဲနည်းလမ်းဖြင့် ပါဝင်ကြပါက၊ ငါသည် ၎င်းတို့ကို ပေါ့တန်စွာ အလွှတ်ပေးလိမ့်မည် မဟုတ်။ ယနေ့မှစလျက်၊ ငါသည် လူအားလုံးအား- အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်၊ လူသားများအလယ် ကြွလာခဲ့ပြီး ၎င်းတို့၏ ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံခဲ့ရသကဲ့သို့၊ အရာရာတိုင်းကို အလုံးစုံ ထိန်းချုပ်ကာ စီစဉ်သော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်၊ နိုင်ငံတော်ကို ကွပ်ကဲအုပ်ချုပ်သည့် ရှင်ဘုရင်၊ စကြဝဠာကို စီမံခန့်ခွဲသော ဘုရားသခင်ကိုယ်တိုင်၊ ထို့အပြင် လူသားတို့၏ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်ပြီး၊ မရဏာနိုင်ငံသော့ကို ကိုင်စွဲထားသော ဘုရားသခင်- ငါ့ကို သိခွင့်ပေးမည်။ ငါသည် လူသား အားလုံးတို့အား (၎င်းတို့ ဝိညာဉ်များ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့ မိုက်မဲသည်ဖြစ်စေ သို့မဟုတ် မသန်မစွမ်းဖြစ်ခြင်းများ ရှိသည်ဖြစ်စေ၊ စသဖြင့် လူကြီးများနှင့် ကလေးသူငယ်များအား) ငါ့အကြောင်းကို သိစေမည်။ ငါသည် ဤအလုပ်မှ မည်သူကိုမျှ လွတ်ငြိမ်းခွင့်ပေးမည်မဟုတ်။ ယင်းသည် အကြီးလေးဆုံးသော အလုပ်၊ ငါကောင်းမွန်စွာ ပြင်ဆင်ထားသော အလုပ်နှင့် ယခု စတင်လျက်၊ ဆောင်ရွက်လျက်ရှိနေသည့် အလုပ်တစ်ခု ဖြစ်သည်။ ငါပြောသောအရာ လုပ်ဆောင်ပြီးဖြစ်ရမည်။ သင်၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်လော့၊ သင်၏ ကိုယ်ပိုင် အယူအဆများကို ချထားပြီး၊ ငါသည် စကြဝဠာကို စီမံအုပ်ချုပ်သော စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သိမှတ်လော့။ ငါသည် မည်သူမျှထံမှ မကွယ်ဝှက်သကဲ့သို့၊ ငါသည် အယောက်တိုင်းအပေါ် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဆောင်ရွက်သည်။

သင်တို့၏ ကိုယ်ပိုင် အမှုအရာများ အားလုံးကို ဘေးဖယ်ထားလော့။ ငါ့ထံမှ သင်တို့ ရရှိသော အရာများသည် ပို၍တန်ဖိုးကြီးပြီး၊ များစွာ ပို၍ အရေးပါသည် မဟုတ်သလော။ ယင်းတို့နှင့် သင်၏အမှိုက် ကြားတွင် ကမ္ဘာတစ်ခုခြားသကဲ့သို့ ကွာခြားခြင်းရှိသည် မဟုတ်သလော။ မြန်မြန်လုပ်ကာ အသုံးမဝင်သော အရာများကို စွန့်ပစ်လော့။ သင်သည် ကောင်းချီးမင်္ဂလာများကို ရရှိမည် သို့မဟုတ် ကံအကြောင်းမလှသည့် ဖြစ်ရပ် ကြုံရမည်ဆိုသည်ကို ယခု ဆုံးဖြတ်ထားလျက် ရှိသည်။ ဤသည်မှာ အရေးပါလှသော အခိုက်အတန့်တစ်ခု ဖြစ်၏။ ယင်းသည် အရေးပါဆုံးသော အခိုက်အတန့်တစ်ခုပင် ဖြစ်၏။ သင်သည် ဤအရာကို အမှန်တကယ် မြင်နိုင်သလော။

အရှေ့သို့- အခန်း ၇၁

နောက်တစ်ခုသို့- အခန်း ၇၃

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။