၂၁ လူတို့အထဲ၌ ဘုရားသခင်၏ နိုင်ငံတော် တည်သည်
၁
စကြဝဠာနှင့် လောကမြေမှာ ဘုရား၏ ဉာဏ်ပညာ မြင်တွေ့နိုင်။
အရာအားလုံး နှင့် လူတွေအားလုံး၌လည်း
သူ၏ ဉာဏ်ပညာအသီး ဖြစ်ထွန်းလေသည်။
အရာအားလုံး ဘုရားနိုင်ငံတွင်ရှိသော အရာကဲ့သို့။
လူသည် ဘုရား၏ စားကျက်ထဲက သိုးကဲ့သို့
ဘုရား၏ ကောင်းကင်အောက်ခိုနား။
ဘုရားရှင် ဇိအုန် တွင်ပြန် အနားယူနိုင်သည်
လူသည် ဘုရား၏လမ်းပြမှုအောက်တွင် အသက်ရှင်နိုင်သည်။
လူသည် ဘုရားလက်ထဲ၌ရှိ အရာများကိုစီမံ
လူတို့ ဉာဏ်ပညာနှင့်မူလသွင်ပြင် တဖန်ပြန်ရရှိ ကြသည်
နောက်တစ်ဖန် အညစ်အကြေး မရှိ၊ ကျောက်မျက်လိုဖြူစင်။
သူတော်စင်အလား သူတို့ရဲ့ မျက်နှာ။
လူတို့ထဲ၌ ဘုရား၏နိုင်ငံ တည်ထောင်ပြီးသောကြောင့် ဖြစ်သည်။
၂
ဘုရားသည် လူသားအားလုံးအပေါ်မှ နေရာအနှံ့ ကြည့်ရှု
မည်သည့် အရာတစ်ခုမျှ ဟောင်းနွမ်းခြင်းမရှိ၊
လူသည်လည်း ဟောင်းနွမ်းခြင်းမရှိ။
ဘုရားသည် သူ့ပလ္လင် ပေါ်၌ထိုင်၍
စကြာဝဠာ တစ်လျှောက် လဲလျောင်းသည်။
အရာအားလုံးသူတို့၏ မွန်မြတ်သန့်စင်မှု ပြန်လည်ရရှိလို့
ဘုရားစိတ်ကျေနပ်။
ဘုရားရှင် ဇိအုန် တွင်ပြန် အနားယူနိုင်သည်
လူသည် ဘုရား၏လမ်းပြမှုအောက်တွင် အသက်ရှင်နိုင်သည်။
လူသည် ဘုရားလက်ထဲ၌ ရှိ အရာများကိုစီမံ
လူတို့ ဉာဏ်ပညာနှင့်မူလသွင်ပြင် တဖန်ပြန်ရရှိ ကြသည်
နောက်တစ်ဖန် အညစ်အကြေး မရှိ၊ ကျောက်မျက်လိုဖြူစင်။
သူတော်စင်အလား သူတို့ရဲ့ မျက်နှာ။
လူတို့ထဲ၌ ဘုရား၏နိုင်ငံ တည်ထောင်ပြီးသောကြောင့် ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၆)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်