၂၀ နိုင်ငံတော်ဘုရင်၏မျက်နှာတော် အနှိုင်းမဲ့ ဘုန်းကျက်သရေရှိတော်မူ
၁
ဘုရားကမ္ဘာမြေပေါ် အသစ်သောစတင်ခြင်းပြု၊
မြေကြီးပေါ်သူ့ဘုန်းတော် ထင်ရှား။
နောက်ဆုံးလှပတဲ့ မြင်ကွင်းကြောင့်
ဘုရားရဲ့ နှလုံးသား ထဲစိတ်လှုပ်ရှားမှုဖြစ်။
သူ့နှလုံးသားစည်းချက်ကိုလိုက်ကာ
ရေထုသည်ကခုန်၍ တောင်တန်းများခုန်ပေါက်ကြ။
လှိုင်းတံပိုးများကျောက်ဆောင် ကိုရိုက်ခတ်။
သူ့နှလုံးသားကိုမိန့်ကြားဘို့ ဘုရားအတွက်ခက်ခဲ
သူပြုခဲ့သောအရာသည် ဘုရားစီမံထားသောအရာဖြစ်
ထိုအရာကိုဘုရားသခင် ကြိုစီမံခဲ့တာ။
ထိုအရာဟာလူတို့ကိုဘုရားသခင် မြင်စေ၊ တွေ့ကြုံစေလိုသောအရာပါ
နိုင်ငံတော်ရဲ့မြင်ကွင်းဟာအလွန်ကိုဘဲ လှပ
နိုင်ငံတော်ဘုရင်ဟာအနိုင်ရသူပါ။
ဦးခေါင်းမှ ခြေမထိ အသွေးအသားအစအနမရှိ၊
သူ့တစ်ကိုယ်လုံးသန့်ရှင်း၊ သန့်ရှင်းမြင့်မြတ်။
၂
ရှောလမုန်သီချင်းထဲကချစ်ရသူပမာ
သူဟာသူတော်စင် များထက်လှပတယ်
ရှေးသူတော်စင်များထက် မြင့်မြတ်
သူဟာလူသားမျိုးနွယ်ကြားစံနမူနာ၊
လူသားနှင့် နှိုင်းလို့မရသူဖြစ်။
လူဟာသူ့အားငေးမော ကြည့်ရန် မထိုက်တန်။
သူ့ မျက် နှာ တော် ကိုအထင်းသားမမြင်နိုင်၊
သူ့အဆင်းသဏ္ဍာန်၊ သူ့ရုပ်ပုံကိုလည်းမတွေ့ရ။
သူ့ခန္ဓာဟာ မြင့်မြတ်သောဘုန်းအသရေနှင့်တောက်ပ၊
လူ့အတွေးများနှင့် မစွန်းထင်းပါ။
ဦးခေါင်းမှ ခြေမထိသူ့ခန္ဓာဟာ ဖြောင့်မတ်ခြင်းနှင့် ပြည့်လျှံ။
နှစ်လိုဖွယ် မွှေးရနံ့ စီးဆင်းထွက်ပေါ်
နိုင်ငံတော်ရဲ့မြင်ကွင်းဟာအလွန်ကိုဘဲ လှပ
နိုင်ငံတော်ဘုရင်ဟာအနိုင်ရသူပါ။
ဦးခေါင်းမှ ခြေမထိအသွေးအသားအစအနမရှိ၊
သူ့တစ်ကိုယ်လုံးသန့်ရှင်း။
နိုင်ငံတော်ရဲ့မြင်ကွင်းဟာအလွန်ကိုဘဲ လှပ
နိုင်ငံတော်ဘုရင်ဟာအနိုင်ရသူပါ။
ဦးခေါင်းမှ ခြေမထိအသွေးအသားအစအနမရှိ၊
သူ့တစ်ကိုယ်လုံးသန့်ရှင်း၊ သန့်ရှင်းမြင့်မြတ်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်