၈၇ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံဘုရားသည် နှုတ်ကပတ်တော်အားဖြင့် လူကိုစုံလင်စေ၏
သူ၏ နှုတ်ကပတ်တော်ကို
ဟောကြားဖို့ ဘုရား လောကကို ဆင်းကြွလာ
သင် ထိတွေ့သည့်အရာ မြင်ရ၊ ကြားရသည့် အရာသည်
ဘုရား၏နှုတ်ကပတ်တော်ပါ
သင် လိုက်နာသည့် အရာသည် ဘုရား၏နှုတ်ကပတ်တော်ပါ
သင် ကြုံတွေ့သောအရာသည် ဘုရား၏နှုတ်ကပတ်တော်ပါ။
၁
ဘုရား၏ ဤလူ့ဇာတိခံယူခြင်းသည်
လူသားကို စုံလင်စေရန်
နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။
နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မပြသလို
ယေရှု၏ ယခင်အမှုကိုလည်း မပြုလုပ်ပေ
၎င်းတို့သည် ဘုရားသခင်ဖြစ်ပြီး
နှစ်ဦးလုံး လူ့ဇာတိဖြစ်သော်လည်း
သူတို့၏ အမှုများ မတူကြပေ။
နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြုသောအမှုသည်
လူတိုင်းကို လမ်းပြရန်နှင့် စုံလင်စေရန်
နှုတ်ကပတ်တော်ကို အဓိက အသုံးပြုခြင်းဖြစ်သည်
ပြစ်တင်ဆုံးမရန် အချက်အလက်တို့ကို သူ မသုံးပေ။
၂
နှုတ်ကပတ်တော်ဖြင့် လူသားကို စုံလင်စေရန်နှင့်
ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နှုတ်ကပတ်တော်၏
စစ်ဆေးခြင်းကို သူတို့အား လက်ခံစေရန်
“နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏”
ဆိုသည့် အမှုကို ပြည့်စုံစေရန်
ယနေ့ ဘုရား လူ့ဇာတိခံယူသည်။
သူ့နှုတ်ကပတ်တော်များ
သင့်အား ထောက်ပံ့မှုနှင့် အသက်ကို ရစေသည်
ဘုရား၏နှုတ်ကပတ်တော်၌
သူ၏ အမှုနှင့် လုပ်ဆောင်ချက်တို့ကို သင် တွေ့ရသည်။
ထိုနှုတ်ကပတ်တော်များက သင့်ကို ပြစ်တင်ဆုံးမကာ စစ်ဆေးပေ
ဒုက္ခခံရခြင်းလည်း ဘုရား၏နှုတ်ကပတ်တော်မှ လာသည်။
၃
ယခု နှုတ်ကပတ်တော်များနှင့် ဘုရား အမှုပြုသည်။
အချက်အလက်များနှင့်မဟုတ်။
သင့်အပေါ် သူ၏နှုတ်ကပတ်တော် ရောက်လာသည်နှင့်
သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုနိုင်ပြီး
သင် နာကျင်ရသလို ချိုမြိန်ခြင်းလည်း ခံစားရသည်။
ဘုရား၏နှုတ်ကပတ်တော်သာ
လက်တွေ့အရှိတရားကို ဆောင်ကြဉ်းသည်
ထိုအရာကသာ သင့်ကို စုံလင်စေနိုင်သည်။
နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြုသောအမှုသည်
လူတိုင်းကို လမ်းပြရန်နှင့် စုံလင်စေရန်
နှုတ်ကပတ်တော်ကို အဓိက အသုံးပြုခြင်းဖြစ်သည်
ပြစ်တင်ဆုံးမရန် အချက်အလက်တို့ကို သူ မသုံးပေ။
၎
လူတချို့ ဘုရားကို ခုခံသည့် အချိန်များ ရှိသည်
ဘုရားသခင်သည် ကြီးစွာသော စိတ်ပင်ပန်းခြင်း မဖြစ်စေပါ
သင့်ခန္ဓာသည် ပြစ်တင်ဆုံးမခြင်း မခံရသကဲ့သို့
ခက်ခဲမှုလည်း မခံစားရပေ
သို့သော် သင့်အပေါ် သူ့နှုတ်ကပတ်တော် ရောက်လာကာ
သင့်ကို စစ်ဆေးသည့်အခါ မခံမရပ်နိုင်စရာဖြစ်သည်။
နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြုသောအမှုသည်
လူတိုင်းကို လမ်းပြရန်နှင့် စုံလင်စေရန်
နှုတ်ကပတ်တော်ကို အဓိက အသုံးပြုခြင်းဖြစ်သည်
ပြစ်တင်ဆုံးမရန် အချက်အလက်တို့ကို သူ မသုံးပေ။
နောက်ဆုံးသော ကာလတွင် ဘုရားသခင် ပြုသောအမှုသည်
လူတိုင်းကို လမ်းပြရန်နှင့် စုံလင်စေရန်
နှုတ်ကပတ်တော်ကို အဓိက အသုံးပြုခြင်းဖြစ်သည်
ပြစ်တင်ဆုံးမရန် အချက်အလက်တို့ကို သူ မသုံးပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်