၁၉၅ ဘုရားသခင်သည် သင်ဆိုသကဲ့သို့ ရိုးရှင်းသလော
၁
ဤနှစ်ပေါင်းများစွာကြာ လူတွေ မြင်တွေ့ခဲ့တာ
ဝိညာဉ်တော်သာ မဟုတ်၊
လူယောက်ျား လူသားတစ်ဦးသာ မဟုတ်၊
လူ့အယူအဆများနဲ့ မကိုက်ညီသည့် အရာများစွာလည်း ဖြစ်သည်
ထို့သို့ဖြင့် လူသားက ဘုရားသခင်ကို
ဘယ်တော့မှ အပြည့်အဝ နားမလည်နိုင်ပေ
ဘုရားတည်ရှိပေမယ့် အရိပ်ပမာ အိပ်မက်တစ်ခုလို
ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကြသည်
ထို့ကြောင့် ယနေ့ထိ ဘုရား မည်သည့်အရာဖြစ်သည်ကို
လူတို့ သည် မသိကြသေး
ရိုးရှင်းသော ဝါကျတစ်ကြောင်းဖြင့် ဘုရားကို
သင် အမှန်တကယ် အကျဉ်းချုပ် ဖော်ပြနိုင်လား
“ယေရှုသည် ဘုရားမှလွဲ၍၊
ဘုရားသည် ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင် ဆိုရဲလား
“ဘုရားသည် ဝိညာဉ်တော်၊
ဝိညာဉ်တော်သည် ဘုရားမှလွဲ၍ အခြားမဟုတ်” ဟု သင် ပြောဝံ့လား
“ဘုရားသည် လူ့ဇာတိ ဆင်းမြန်းသည့်
လူသားတစ်ဦးသာဖြစ်သည်” ဟု ဆိုလျက် သင်
“ယေရှု၏ပုံသဏ္ဌာန်သည် ဘုရား၏ ကြီးမြတ်သော ပုံသဏ္ဌာန် ဖြစ်သည်” ဟု
အခိုင်အမာဆိုဖို့ သင် သတ္တိ တကယ်ရှိလား
ဘုရား၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို
စေ့စပ်စွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို အသုံးပြုနိုင်လားလေ
ဘုရား၏ စိတ်သဘောထားနှင့် ပုံသဏ္ဌာန်ကို
စေ့စပ်စွာ ရှင်းပြရန် သင်၏ စကားပြောကောင်းခြင်းကို အသုံးပြုနိုင်လားလေ
၂
ဘုရား မည်သည့်အရာဖြစ်သည်ကို အမှန်တကယ် သိပါရဲ့လား
ဘုရားသည် လူသားလား၊ ဝိညာဉ်တစ်ပါးလား။
ဘုရားသည် ယောက်ျားတစ်ဦးလား၊ တကယ်ပဲ ယောက်ျားတစ်ဦးလား။
ဘုရားပြုလိုသည့် အမှုကို ယေရှုကသာ ပြည့်စုံစေနိုင်လား
ဘုရား၏ အနှစ်သာရကို အချုပ်ဖော်ပြရန်
အထက်ပါအနက် တစ်ခုကိုသာ သင် ရွေးချယ်လျှင်
အလွန် မသိနားမလည်သော သစ္စာစောင့်သည့် ယုံကြည်သူ ဖြစ်ပေသည်
အလွန် မသိနားမလည်သော သစ္စာစောင့်သည့် ယုံကြည်သူ ဖြစ်ပေသည်
လူ့ဇာတိခံ ခန္ဓာအဖြစ် ဘုရားသခင် တစ်ကြိမ်တည်းသာ အမှုပြုခဲ့လျှင်
သင်တို့ သည်ဘုရားသခင်ကို ဘောင်ခတ်မှာလား
အကြည့်တစ်ချက်နဲ့ သူ့အား တကယ် အပြည့်အဝ နားလည်နိုင်လား
သင်တို့ အသက်တာအတွင်း တွေ့ကြုံခဲ့သည့် အရာများ အခြေခံ၍
သူ့အား ပြည့်စုံစွာ အကျဉ်းချုပ်ဖော်ပြနိုင်လား
သူ၏ လူ့ဇာတိခံခြင်းနှစ်ခုလုံး၌ ဘုရား တူညီသည့် အမှုကို ပြုခဲ့လျှင်
သင်တို့ သည် ဘုရားသခင်အား မည်သို့ သိမလဲလေ
ကားတိုင်ပေါ် သံမှိုရိုက်လျက် အမြဲ ထားရစ်လိုက်ကြမှာလား
သင်တို့ ဆိုသလို ဘုရားသခင်သည် ရိုးရှင်း ပါရဲ့ လား
သင်တို့ ဆိုသလို ဘုရားသခင်သည် ရိုးရှင်း ပါရဲ့ လား
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်