၂၄၈ လူတို့ကို စီရင်ခြင်းအတွက် ဘုရား၏ အခြေခံအကြောင်းရင်း
ဘုရား လူ့ဇာတိမခံယူသေးသည့်အချိန်တွင်
လူသည် ဘုရားကိုဆန့်ကျင်ခြင်းရှိမရှိကို
ကောင်းကင်ဘုံရှိ မမြင်ရသောဘုရားသခင်ကို ကိုးကွယ်၊
မျှော်ကြည့်ခြင်းရှိမရှိပေါ် အခြေခံ
ထိုအချိန်က ဘုရားကို ဆန့်ကျင်ခြင်းအား အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ
အားလုံး လက်တွေ့မကျပေ
ထိုအချိန်တွင် ဘုရားကိုဆန့်ကျင်သည့်အဓိပ္ပါယ်ဖွင့်ဆိုမှုသည်
အားလုံးလက်တွေ့မကျ ပေ
လူသည် ဘုရားကို မမြင်နိုင်ဘဲ
ဘုရား၏ပုံသဏ္ဌာန်မည်သို့ဖြစ်သည်ကိုမသိ၊
မည်သို့အမှုပြုသည်၊ စကားပြောခဲ့သည်ကို မသိသောကြောင့်
လူသည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများမရှိ၊
ဝေဝါးစွာ ယုံကြည်ခဲ့ကြသည်။
ဘုရားသခင်က လူသားတို့ထံ မပေါ်ထွန်းသေးသော ကြောင့် ဖြစ်ပေ
ထို့ကြောင့်လူသည် သူ၏စိတ်ကူး၊
စိတ်သန်း၌ ဘုရားသခင်ကို မည်သို့ယုံကြည်သည်ဖြစ်စေ၊
ဘုရားသခင်သည် လူကို မရှုတ်ချ၊ များစွာလည်း မတောင်းဆိုတာ
လူသည်ဘုရားသခင်ကို လုံးဝမမြင်နိုင်သောကြောင့်ဖြစ်သည်
ဘုရားလူ့ဇာတိခံယူပြီး လူတို့အကြား၌အမှုပြုသည့်အချိန်
အားလုံးသည် သူ့ကိုမြင်ကြရပြီး
သူ့နှုတ်ကပတ်တော်များကို ကြားရကာ
သူ့ဇာတိခန္ဓာတွင်းမှ ပြုသည့် လုပ်ဆောင်ချက်များကို မြင်ကြရပေ
ထိုအခိုက်တန့်တွင် လူတို့၏အယူအဆများ ပျံလွင့် နေ
လူ့ဇာတိ၌ ဘုရားပေါ်ထွန်းခြင်းကို
မြင်တွေ့ခဲ့ပြီးသောသူများအတွက်မူ
သူ့ကိုနာခံလိုစိတ်ရှိကြလျှင် သူတို့သည်
ရှုတ်ချခြင်းခံရမည်မဟုတ်
သူ့ကိုရည်ရွယ်ချက်ရှိရှိဆန့်ကျင်သောသူတို့မူကား
ဘုရား၏ ရန်ဘက်အဖြစ် မှတ်ယူခံရမည်
ထိုသူများသည် အန္တိခရစ်များ၊
ဘုရားသခင်ကို ဆန္ဒရှိရှိဆန့်ကျင်သောရန်ဘက်များ
ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ သိုထားလည်း
ဘုရားသခင်ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားသောသူများသည်
ပြစ်တင်ရှုတ်ချခြင်းခံရမည်မဟုတ်
ဘုရားသခင်သည် လူသားတို့ကို သူ၏အတွေးများ၊ စိတ်ကူးများအတွက်
ဘယ်တော့မှ ပြစ်တင်ရှုတ်ချခြင်းပြုမည်မဟုတ်ဘဲ
သူ၏ရည်ရွယ်ချက်၊ လုပ်ရပ်များအပေါ်အခြေခံ၍ ပြစ်တင်ခြင်းပြု၏
အကယ်၍ သူ၏အတွေး စိတ်ကူးများအပေါ်အခြေခံ၍
ပြစ်တင်ရှုတ်ချမည်ဆိုလျှင်
မည်သည့်လူတစ်ဦး မျှ ဘုရားသခင်၏
အမျက်ဒေါသလက်တော်မှ လွတ်မြောက်နိုင်မည်မဟုတ်
လူ့ဇာတိခံဘုရားသခင်ကို လိုလိုလားလား ဆန့်ကျင်သောသူတို့သည်
သူတို့၏မနာခံသောအမှုကြောင့် အပြစ်စီရင်ခြင်းခံကြမည်
ဘုရားအပေါ် လိုလိုလားလားဆန့်ကျင်သောသူတို့နှင့်ပတ်သက်၍
ထိုဆန့်ကျင်မှုက ဘုရားအပေါ်
သူတို့၏ သိုမှီးထားသော အယူအဆများမှဖြစ်ပေါ်လာပြီး
ထိုအရာက ဘုရားအလုပ်ကို ဖျက်ဆီးသော
လုပ်ရပ်များသို့ ဆိုက်ရောက်စေသည်
ဤလူများသည်ဘုရားသခင်၏အလုပ်ကို
တမင်ခုခံကာ ဖျက်ဆီးသည်။
သူတို့သည်ဘုရားနှင့် ပတ်သက်သော အယူအဆများသာ
ရှိကြသည်မဟုတ်ပါ၊
ဘုရား၏အလုပ်ကိုနှောင့်ယှက်သည့်
လှုပ်ရှားမှုများတွင်ပါ ဝင်ကြသောကြောင့်
ဤလူများသည် ပြစ်တင်ခြင်းခံရမည်
ဘုရား၏အလုပ်ကို ဖျက်ဆီးရန် မလိုလားသောသူတို့သည်
အပြစ်သားများဖြစ် သည်ဟု စီရင်ခြင်းခံရမည်မဟုတ်
ဒါဟာ သူတို့သည် လိုလားစွာ နာခံနိုင်ကြပြီး
ဘုရားအလုပ်ကို နှောင့်ယှက်မှုနှင့် အနှောင့်အယှက်များ၌
မပါဝင်သောကြောင့်
ဤသို့သောလူများသည် အပြစ်စီရင်ခြင်းမခံရ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်