၃၂၄ ဘုရားကို လူယုံကြည်မှု၏ နောက်ကွယ်မှ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကျူး
၁
ဘုရား၏အမှုတော်ဟာ
ကမ်းခြေသဲလုံးများထက် ပင်အရေအတွက်ဟာ များပြီး
သူ့ဉာဏ်ပညာ ရှောလမုန်၏သားအားလုံးထက် သာလွန်ပေမဲ့
သူ့ကို အရေးမပါသည့် သမားတစ်ဦး၊
မထင်ရှားသည့် ဆရာတစ်ဦးအဖြစ်သာ လူတို့ ထင်မှတ်ကြတာ
များစွာသောသူတို့သည် ဘုရားကို အနာငြိမ်းစေနိုင်၍သာ
ခန္ဓာကိုယ်ထဲမှ နတ်ဆိုးများ နှင်ထုတ်နိုင်၍သာ
သူ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရရှိနိုင်၍သာ
သူ့ထံမှ သာ၍များသော ကြွယ်ဝမှု
တောင်းခံနိုင်၍သာ ယုံကြည်ကြသည်
များစွာသောသူတို့ ဒီဘဝကို အေးချမ်းစွာ ကုန်ဆုံးဖို့သာ
နောင်ဘဝ၌ လုံခြုံဖို့သာ ဘုရားကို ယုံကြည်ကြသည်
ကျေးဇူးတော်များစွာကို ပေးသောကြောင့်
သူ့ကို လူတို့ ယုံကြည်သည်ဟု ဘုရားဆို
ထို့အပြင် ကောင်းချီးများစွာ ရရန် ရှိသည်မို့
ယုံကြည်ကြသည်ဟု ဘုရားဆို
၂
များစွာသောသူတို့ ဘုရားကို ယုံကြည်သည်
ငရဲ၏ဒုက္ခကို ရှောင်၍
ကောင်းကင်၏ကောင်းချီးများ ရရှိဖို့သာ
ခဏတာသာယာမှုအတွက်သာ
များစွာသောသူတို့ ယုံကြည်ကြကာ
နောင်ဘဝ၌ အဘယ်အရာမှ ရရှိရန် မကြိုးစားကြ
ကျေးဇူးတော်များစွာကို ပေးသောကြောင့်
သူ့ကို လူတို့ယုံကြည်သည်ဟု ဘုရားဆို
ထို့အပြင် ကောင်းချီးများစွာ ရရန် ရှိသည်မို့
ယုံကြည်ကြသည်ဟု ဘုရားဆို
၃
လူတို့အပေါ် ဘုရား၏ အမျက်တော်ထွက်၍
ဝမ်းမြောက်ငြိမ်သက်ခြင်းအားလုံး ရုတ်သိမ်းခဲ့ချိန်မှာ
လူတို့ သံသယရှိလာခဲ့
ဘုရားသခင်သည် လူကို ငရဲ၏ဒုက္ခ ပေး၍
ကောင်းကင်ကောင်းချီးများ ပြန်သိမ်းခဲ့ချိန်မှာ
လူ၏အရှက် ဒေါသအဖြစ်သို့ ပြောင်းသွား
ကျေးဇူးတော်များစွာကို ပေးသောကြောင့်
သူ့ကို လူတို့ယုံကြည်သည်ဟု ဘုရားဆို
ထို့အပြင် ကောင်းချီးများစွာ ရရန် ရှိသည်မို့
ယုံကြည်ကြသည်ဟု ဘုရားဆို
၎
အနာငြိမ်းစေဖို့ လူတို့ ဘုရားထံ တောင်းဆို၊
ဘုရား ရွံမုန်းပြီး အရေးမပေးခဲ့၍
အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့ကို ရှာဖို့
လူတို့ သူထံမှ ထွက်ခွာခဲ့
သူ့ထံမှ လူတို့ တောင်းဆိုခဲ့သမျှ
ဘုရား ပြန်သိမ်းလိုက်ချိန်မှာ
သူတို့ အစအနမရှိအောင် ကွယ်ပျောက်ခဲ့ကြ
ကျေးဇူးတော်များစွာကို ပေးသောကြောင့်
သူ့ကို လူတို့ ယုံကြည်သည်ဟု ဘုရားဆို
ထို့အပြင် ကောင်းချီးများစွာ ရရန် ရှိသည်မို့
ယုံကြည်ကြသည်ဟု ဘုရားဆို
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်