၄၆၉ နှုတ်ကပတ်တော်၏ အရေးပါမှု
၁
ဘုရားကိုယုံရင် အနည်းဆုံးတော့ လိမ္မာရမယ်
နှုတ်ကပတ်တော်ကို ရဖို့ အဓိကပါ
ဘာပဲဖြစ်ဖြစ် နှုတ်ကပတ်တော်ကို လျစ်လျူမရှုနဲ့
နှုတ်ကပတ်တော်မှ ဘုရားကို သိနိုင်၊ ကျေနပ်စေနိုင်တယ်
ဂိုဏ်းခွဲတွေ၊ တိုင်းပြည်တွေ၊ ဘာသာတွေအားလုံး
နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်ခံရမယ်
လူတွေကိုဘုရားက တိုက်ရိုက်ပြောပြီး
လူတို့လက်ထဲမှာ နှုတ်ကပတ်တော်ကို ဆောင်လိမ့်မယ်
နှုတ်ကပတ်တော်အားဖြင့် လူတို့ဟာ ပြည့်စုံသွားပြီး
နှုတ်ကပတ်တော်ဟာ ပျံ့ နှံ့ သွားမယ်
လူတို့ဟာ နှုတ်ကပတ်တော် အတိုင်းကျင့်ကြံ
နှုတ်ကပတ်တော်ကို နှလုံးသွင်းထားတယ်
ဘုရားအသုံးပြုသူအားလုံးတို့ ၌ နှုတ်ကပတ်တော်ရဲ့ စစ်မှန်မှု ရှိ၏
သင် ၌ မရှိခဲ့သော် ဒါဟာ ဝိညာဉ်တော် သင့်လက်ထဲမှာ အလုပ်မလုပ်လို့
စုံလင်ခြင်းကို မရရှိသေးလို့ပါ
ဒါဟာနှုတ်ကပတ်တော်ရဲ့ တန်ဖိုး နှုတ်ကပတ်တော်ရဲ့ တန်ဖိုးပါ
၂
နေရာတိုင်းတွင် နှုတ်ကပတ်တော်ကို
လက်တွေ့ကျင့်ကြံသူတွေဟာ စုံလင်ခြင်းကို ရကြ၏
ဘုရားအတွက်သက်သေခံ၊ ဆန္ဒတော်ကိုဖြည့်ဆည်းပေးသူများသည်
နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးကြသည်
နှုတ်ကပတ်တော်ခေတ် အနှစ်တစ်ထောင် နိုင်ငံတော်ကိုဝင်ကာ
ယခုပြီးမြောက်တော့မယ့် အမှုတော်ပါ။
နှုတ်ကပတ်တော်နှင့် အကျွမ်းဝင်အောင်လုပ်ပါ။
နှုတ်ကပတ်တော်ကို စားသုံးသိနားလည်မှသာ
နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်မယ်
လက်တွေ့ မကြုံဖူးဘဲ နှုတ်ကပတ်တော်၏ အဖြစ်မှန်တိုင်း လက်တွေ့ အသက်မရှင်ဘဲ
ဘယ်သူ့ကိုမှ မသိမ်းသွင်းနိုင်ပါ
ဘုရားအသုံးပြုသူအားလုံးတို့ ၌ နှုတ်ကပတ်တော်ရဲ့ စစ်မှန်မှု ရှိတယ်
သင့် ၌ မရှိခဲ့သော် ဒါဟာ ဝိညာဉ်တော်သင့်လက်ထဲမှာ အလုပ်မလုပ်လို့
စုံလင်ခြင်းကို မရရှိသေးလို့ပါ
ဒါဟာနှုတ်ကပတ်တော်ရဲ့ တန်ဖိုး နှုတ်ကပတ်တော်ရဲ့ တန်ဖိုးပါ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်