၁၄။ လူသား၏ရလဒ်နှင့် လူအမျိုးအစားတိုင်းအတွက် နိဂုံးအပေါ် သတ်မှတ်ခြင်းအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၆၇၅) လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို သမ္မာတရားကို ၎င်းတို့ ရှာဖွေခြင်း ရှိမရှိ၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဆိုသည်တို့နှင့်အညီ ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ မြင်တွေ့နိုင်သော ဘုရားသခင်ကို အစေခံပြီးဖြစ်သော်လည်း၊ သူ့ကို မသိသကဲ့သို့ ကျိုးနွံမနာခံသောသူတို့သည် သမ္မာတရား ကင်းမဲ့ကြသည်။ ထိုသို့သော လူများသည် မကောင်းမှုပြုသူများ ဖြစ်ပြီး၊ မကောင်းမှုပြုသူများသည် ဧကန်အမှန် အပြစ်ပေးခံကြရလိမ့်မည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော လုပ်ရပ်အတိုင်း အပြစ်ဒဏ် ပေးခံကြရလိမ့်မည်။ လူသားအတွက် ဘုရားသခင်သည် ယုံကြည်ရမည့်သူ ဖြစ်ပြီး၊ သူသည် ၎င်းတို့၏ နာခံမှုနှင့်လည်း ထိုက်တန်သည်။ မရေရာသကဲ့သို့ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုသာ ယုံကြည်သူတို့သည် ဘုရားသခင်ကို မယုံကြည်သူများ ဖြစ်ကြပြီး၊ ဘုရားသခင်ကို ကျိုးနွံမနာခံနိုင်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအမှု ပြီးဆုံးသွားသည့် အချိန်တွင် ဤလူတို့သည် မြင်တွေ့နိုင်သော ဘုရားသခင်ကို မယုံကြည်နိုင်သေးသကဲ့သို့၊ လူ့ဇာတိ၌ မြင်တွေ့နိုင်သော ဘုရားသခင်ကို ဆက်လက်၍ မနာခံဘဲ ခုခံနေပါက၊ ဤ “မရေရာသောသူများ” သည် ယုံမှားဖွယ်ရာ မရှိ၊ ဖျက်ဆီးခြင်းခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ယင်းမှာ သင်တို့ထဲမှ အချို့သော သူများကဲ့သို့သာ ဖြစ်သည်- လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ် ပြုသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောသူ မည်သူမဆိုသည် နောက်ဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရမည့် အရာများ ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူဖော်ပြသည့် သမ္မာတရားကို စားသောက်သော်လည်း၊ မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကိုလည်း ရှာဖွေရင်း၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသူ မည်သူမဆိုသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခံရဖို့ အလားအလာ ရှိလိမ့်မည်။ ဤလူများထဲမှ မည်သူမျှသည် ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် လာမည့် အနားယူခြင်း အချိန်ကာလရောက်သည်အထိ ကျန်ရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့သော လူများနှင့်အလားတူသည့် သူတစ်ဦးတစ်ယောက်မျှသည် ထိုအနားယူခြင်း အချိန်ကာလတွင် မကျန်ရှိနိုင်ပေ။ မကောင်းဆိုးဝါးဆန်သော လူတို့မှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်း အနှစ်သာရတစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် သူ့ကို ကျိုးနွံနာခံခြင်း ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၇၆) လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ မကောင်းမှုပြုသူ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံလိမ့်ရမည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် မနာခံခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်းမဟုတ်ပေ။ ထို့သို့ အမျိုးအစားခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားတို့အလယ်တွင် သူ၏အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် မကောင်းသောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၇၇) လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၇၈) တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် မနာခံကြသကဲ့သို့၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဆိုးယုတ်သော အပြုအမူကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကံကြမ္မာကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကံကြမ္မာရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများဖြစ်ကြသည်။ ဖြောင့်မတ်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည်ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင်- ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် မယုံကြည်သော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် မယုံကြည်သော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင်၊ တစ်ဦးတစ်ယောက်သည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများရှိသော်လည်း၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြောဆိုစရာ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဆွေမျိုးများ ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို လုပ်ဆောင်သူများသည် မလုပ်ဆောင်သူများ၏ ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံသတ္တဝါအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံသတ္တဝါတို့သည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၇၉) မကောင်းမှုပြုသူများနှင့် ဖြောင့်မတ်သောသူများအားလုံးသည် နောက်ဆုံးတွင် ဖန်ဆင်းခံသတ္တဝါများပင်ဖြစ်သည်...။ မကောင်းမှုကို ကျူးလွန်သည့် ဖန်ဆင်းခံသတ္တဝါများသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်သည့် ဖန်ဆင်းခံသတ္တဝါများသည် ရှင်သန်ကြလိမ့်မည်။ ဤသည်မှာ ထိုဖန်ဆင်းခံ သတ္တဝါနှစ်မျိုးအတွက် အသင့်တော်ဆုံးသော အစီအစဉ်ပင်တည်း။ မကောင်းမှုပြုသူများသည် ၎င်းတို့၏နာမခံမှုကြောင့် ၎င်းတို့မှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်ကြသော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံကြရပြီးဖြစ်သောကြောင့် ကယ်တင်မခံရနိုင်ကြသည်ကို ငြင်းပယ်၍ မရနိုင်ပေ။ ဖြောင့်မတ်စွာ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ ရှင်သန်ကြလိမ့်မည် ဆိုသည့်အချက်ကို အခြေခံ၍၊ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရပြီးဖြစ်သော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံခဲ့ရပြီးနောက်၊ ကယ်တင်ခြင်း ရရှိကြပြီး ဖြစ်သည်ကို ငြင်းပယ်၍ မရနိုင်ပေ။ မကောင်းမှုပြုသူများသည် ဘုရားသခင်အပေါ် မနာခံသည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သည့် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြပြီး စာတန်၏ လုံးလုံးလျားလျား ဖမ်းဆီးခံထားရနှင့်ပြီး ဖြစ်ကြသည်။ မကောင်းမှု ကျူးလွန်သည့် လူများသည်လည်း လူများဖြစ်ကြသည်။ ၎င်းတို့သည် အဆုံးစွန် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သည့် သူများနှင့် ကယ်တင်မခံရနိုင်သည့် လူသားများဖြစ်ကြသည်။ ၎င်းတို့သည်လည်း ဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်သည်နှင့်အမျှ၊ ဖြောင့်မတ်သော အပြုအမူရှိသည့် လူများသည်လည်း ဖောက်ပြန်ပျက်စီးခြင်းခံခဲ့ရပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ချိုးဖျက်လွတ်မြောက်ရန် လိုလားနေပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း ရှိလာကြပြီးသည့် လူသားများ ဖြစ်သည်။ ဖြောင့်မတ်သော အပြုအမူရှိသည့် လူတို့သည် ဖြောင့်မတ်ခြင်းနှင့် မပြည့်လျှမ်းကြပေ။ ယင်းထက် ၎င်းတို့သည် ကယ်တင်ခြင်း ရရှိကြပြီးဖြစ်ကာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ချိုးဖျက် လွတ်မြောက်ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသည်။ ယင်းမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း မခံရဖူးကြဟု ဆိုရမည် မဟုတ်သော်လည်း၊ အဆုံးတွင် ခိုင်မာစွာ ၎င်းတို့ ရပ်တည်ကြလိမ့်မည်။ ဘုရားသခင်၏အမှု အဆုံးသတ်ပြီးနောက်၊ သူ၏ဖန်ဆင်းခံ သတ္တဝါအားလုံးအလယ်တွင်၊ ဖျက်ဆီးခံရမည့်သူများ ရှိလိမ့်မည် ဖြစ်သကဲ့သို့၊ ရှင်သန်မည့် သူများ ရှိလိမ့်မည်။ ဤကား သူ၏ စီမံခန့်ခွဲခြင်း အမှု၏ မလွဲမသွေဖြစ်သည့် ဦးတည်ရာတစ်ခု ဖြစ်သည်။ မည်သူမျှ ယင်းကို မငြင်းနိုင်ပေ။ မကောင်းမှု ပြုသူများသည် ရှင်သန်ခွင့်ရကြလိမ့်မည် မဟုတ်ချေ။ ဘုရားသခင်ကို အဆုံးထိ ကျိုးနွံနာခံပြီး နောက်လိုက်သောသူတို့သည် ရှင်သန်ဖို့ သေချာသည်။ ဤအမှုသည် လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည်နှင့်အမျှ၊ ကျန်ရှိမည့် သူများနှင့် ပယ်ရှားခြင်းခံရမည့်သူများ ရှိလိမ့်မည်။ ဤသည်တို့မှာ မတူညီသော လူအမျိုးအစားတို့အတွက် မတူညီသည့် ရလဒ်များဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများအတွက် အသင့်တော်ဆုံးသော စီစဉ်မှုများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၈၀) ကမ္ဘာမြေပေါ်၌ များစွာသောသူတို့ကို ငါ၏နောက်လိုက်များဖြစ်ဖို့ ငါ ရှာဖွေပြီးဖြစ်သည်။ ဤနောက်လိုက်အားလုံးထဲတွင် ယဇ်ပရောဟိတ်များအဖြစ် အစေခံသူများ၊ ဦးဆောင်သူများ၊ ဘုရားသခင်၏သားများ၊ ဘုရားသခင်၏လူမျိုးများနှင့် အစေခံမှုကို ပြုသောသူများ ရှိကြ၏။ ငါ့ကို ၎င်းတို့ ပြသသော သစ္စာစောင့်သိမှုအပေါ် အခြေခံ၍ ၎င်းတို့ကို ငါအတန်းအစားခွဲခြား၏။ အားလုံးသည် အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခံရပြီးဖြစ်သည့်အခါ၊ ဆိုလိုသည်မှာ၊ လူအမျိုးအစား အသီးသီး၏ သဘာဝကို သိသာထင်ရှားစေပြီးသည့်အခါတွင်၊ လူသားမျိုးနွယ်အား ငါ၏ကယ်တင်ခြင်း ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့အလို့ငှါ၊ ငါသည် ၎င်းတို့အသီးသီးကို ၎င်းတို့ရှိထိုက်သော အတန်းအစားထဲတွင် ရေတွက်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သင့်တော်သည့်နေရာထဲတွင် အမျိုးအစားအသီးသီးကို ထားရှိမည်ဖြစ်သည်။ ငါကယ်တင်လိုသောသူများကို ငါ၏အိမ်တော်သို့ အစုလိုက် ငါဆင့်ခေါ်ပြီးနောက်၊ နောက်ဆုံးသောကာလ ငါ၏ အမှုကို ၎င်းတို့အားလုံးအား လက်ခံစေသည်။ တစ်ချိန်တည်းတွင်၊ ငါသည် ၎င်းတို့ကို အတန်းအစားအလိုက် အမျိုးအစားသတ်မှတ်ပြီး အသီးသီးကို ၎င်းတို့၏ လုပ်ရပ်များပေါ် အခြေခံ၍ ဆုလာဘ်ပေးသည်၊ သို့မဟုတ် အပြစ်ပေးသည်။ ယင်းတို့မှာ ငါ၏အမှု၌ ဖွဲ့စည်းပါဝင်သော အဆင့်များ ဖြစ်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

(၆၈၁) ယခုတွင် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ် သိပါသလော။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့ကို သင်အမှန်တကယ်သိပါသလော။ သင်၏ တာဝန်ကို သင် အမှန်တကယ် သိပါသလော။ ငါ၏ သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလော။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက သုတ်သင်ဖယ်ရှားပြီးဖြစ်သည်။ အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်၊ ၎င်းတို့သည် အသုံးမဝင်ကြ၊ အသုံးမကျကြသကဲ့သို့၊ ငါသည် ၎င်းတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။ ယနေ့တွင် ငါသည် ငါ လုပ်ရမည့် တာဝန်ဖြစ်သည့် အမှုကိုသာ ငါ လုပ်ဆောင်၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူတကွ စည်းနှောင်မည်။ ဤသည်မှာ ယနေ့ ငါ၏အမှုဖြစ်၏။ ငါ၏ စပါးလှေ့ခြင်း အချိန်ကာလတွင် ထိုတောပင်တို့သည် လှေ့ထုတ်ခံရလိမ့်မည်၊ ထိုနောက် စပါးစေ့တို့ကို ကျီတွင် စုသိမ်းပြီး လှေ့ထားသည့် တောပင်တို့ကို ပြာကျစေရန် မီးထဲသို့ချမည်။ ယခုတွင် ငါ၏ အလုပ်မှာ လူသားအားလုံးကို အစည်းများအဖြစ်သို့ စည်းနှောင်ရန်မျှ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသား အားလုံး၏အဆုံးကို ထုတ်ဖော်ပြရန် စတင် စပါးလှေ့မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

(၆၈၂) ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၆၈၃) ဘုရားသခင်သည် ပြစ်မှားစော်ကားသောသူ၊ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကို မကောင်းပြောသောသူများကိုပင်- သူ့ကို တမင်သက်သက် တိုက်ခိုက်ပြီး မကောင်းပြောကာ ကျိန်ဆဲသော လူများကို သူသည် မသိကျိုးကျွန်မပြုဘဲ၊ ယင်းထက် ၎င်းတို့အပေါ် ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာပြီး၊ သူ၏ စိတ်နှလုံး၌ ၎င်းတို့ကို ရှုတ်ချသည်။ သူ့ကို ပြစ်မှားစော်ကားသောသူတို့အပေါ် သူသည် ရှင်းလင်းသော သဘောထားတစ်ခု ရှိကြောင်းနှင့် ၎င်းတို့၏ရလဒ်များကို သူမည်ကဲ့သို့ သတ်မှတ်မည်ဖြစ်ကြောင်းတို့ကို ၎င်းတို့သိရန် အလို့ငှာ၊ ၎င်းတို့၏ ရလဒ်များ မည်သည့်အရာဖြစ်မည်ကို ပွင့်ပွင့်လင်းလင်းပင် သူကြေညာလေသည်။ သို့သော် ဘုရားသခင်က ဤအရာများကို ပြောပြီးနောက်တွင်၊ ထိုလူများအား ဘုရားသခင် မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့် ပတ်သက်ပြီး အမှန်တရားကို မမြင်နိုင်ကြသေးသကဲ့သို့၊ ၎င်းတို့ထံ ဘုရားသခင် ထုတ်ပြန်သည့် ရလဒ်နှင့် ဆုံးဖြတ်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် ဘုရားသခင် ရှိသည့် သီးသန့် နည်းလမ်းနှင့် နည်းစနစ်တို့ကို မမြင်နိုင်ကြပေ။ ဤသည်မှာ အမှုအရာတို့ကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် ပတ်သက်ရပေမည်။ ဘုရားသခင်သည် အချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ဖြေရှင်းရန် အချက်အလက်များ ဖြစ်ပွားမှုကို အသုံးပြုသည်။ ယင်းမှာ သူသည် ၎င်းတို့၏ အပြစ်တရားကို မကြေညာသကဲ့သို့၊ ၎င်းတို့၏ ရလဒ်ကို မသတ်မှတ်ဘဲ၊ ယင်းထက် သူတို့၏ ပြစ်ဒဏ်နှင့် ဒဏ်ခတ်ခံရခြင်းတို့ကို ခွဲဝေပေးရန်အတွက် အချက်အလက်များ၏ ဖြစ်ပွားမှုကို တိုက်ရိုက်အသုံးပြုသည်။ ဤအချက်အလက်တို့ ဖြစ်ပျက်သောအခါ၊ အပြစ်ဒဏ်ကို ခံစားရသည်မှာ လူတို့၏ ခန္ဓာဖြစ်သည်၊ ဆိုလိုသည်မှာ အပြစ်ပေးခြင်းသည် လူ့မျက်စိနှင့် မြင်နိုင်သော အရာတစ်ခု ဖြစ်ပေသည်။ လူအချို့၏ ဆိုးယုတ်သော အပြုအမူများကို ကိုင်တွယ်ဖြေရှင်း သောအခါတွင်၊ ဘုရားသခင်က ၎င်းတို့ကို စကားများဖြင့်သာ ကျိန်ဆဲပြီး၊ သူ့ အမျက်ဒေါသသည်လည်း ၎င်းတို့အပေါ် ကျရောက်လာသော်လည်း၊ သူတို့ရရှိသော အပြစ်ဒဏ်သည် လူတို့မမြင်နိုင်သော အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော်လည်း ဤရလဒ်မျိုးသည် လူတို့မြင်နိုင်သော အပြစ်ပေးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းကဲ့သို့သော ရလဒ်များထက် ပို၍ပင် ပြင်းထန်ကောင်းပြင်းထန်နိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က ဤလူစားမျိုးကို မကယ်တင်ရန်၊ ၎င်းတို့ကို သနားကရုဏာ မပြသတော့ရန်၊ သို့မဟုတ် ၎င်းတို့အတွက် သည်းမခံတော့ရန်နှင့် ၎င်းတို့ကို အခွင့်အရေးထပ်မပေးတော့ရန် သတ်မှတ်ထားပြီး ဖြစ်သော အခြေအနေများအောက်၌ ၎င်းတို့အပေါ် သူထားရှိသော သဘောထားသည် ၎င်းတို့ကို ဘေးဖယ်ထားခြင်းငှာဖြစ်သည့် သဘောထားဖြစ်သောကြောင့် ဖြစ်၏။ ဤတွင် “ဘေးဖယ်ထားခြင်း” ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤဝေါဟာရ၏ အခြေခံကျသော အဓိပ္ပာယ်မှာ “တစ်စုံတစ်ခုကို တစ်ဖက်သို့ ထားရှိရန်၊ အာရုံမစိုက်တော့ရန်” ဖြစ်သည်။ သို့သော် ဤနေရာတွင်၊ ဘုရားသခင်က “တစ်စုံတစ်ယောက်ကို ဘေးဖယ်” သည့်အခါတွင်၊ ယင်း၏ အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် မတူညီသော ရှင်းပြချက်နှစ်ခု ရှိလေသည်။ ပထမရှင်းပြချက်က သူသည် ထိုလူ၏ အသက်နှင့် ထိုလူနှင့်ပတ်သက်သည့် အရာရာတိုင်းကို စာတန်ထံ ကိုင်တွယ်ဖြေရှင်းရန် ပေးအပ်လိုက်ပြီးဖြစ်ကာ ဘုရားသခင်က ထိုလူကို တာဝန်ယူတော့မည်မဟုတ်သကဲ့သို့ စီမံခန့်ခွဲမည် မဟုတ်တော့ချေ။ ဤလူက ရူးသည်ဖြစ်စေ မိုက်မဲသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့သည် သေသည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အပြစ်ပေးခြင်းအတွက် ငရဲကို သက်ဆင်းပြီးသည်ဖြစ်စေ၊ ဤရာများထဲမှ မည်သည့်အရာမျှ ဘုရားသခင်နှင့် ပတ်သက်မည် မဟုတ်ပေ။ ယင်းမှာ ထိုသို့သော ဖန်ဆင်းခံ တစ်ဦးသည် ဖန်ဆင်းရှင်နှင့် ဆက်နွှယ်မှုရှိမည် မဟုတ်ဟု ဆိုလိုပေမည်။ ဒုတိယ ရှင်းပြချက်မှာ ဘုရားသခင်သည် သူကိုယ်တိုင် သူ၏လက်ဖြင့် ဤလူကို တစ်စုံတစ်ရာ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ ယင်းမှာ သူသည် ဤလူမျိုး အစေခံခြင်းကို အသုံးချရန် သို့မဟုတ် ၎င်းတို့ကို အဖြည့်ခံတစ်ခုအဖြစ် အသုံးချရန် ဖြစ်နိုင်သည်။ သူသည် ဤလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ဆိုင်သည့် အထူးနည်းလမ်းတစ်ခု၊ ဥပမာအားဖြင့် ပေါလုကဲ့သို့ပင် ၎င်းတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သည့် အထူးနည်းလမ်းတစ်ခုရှိမည်မှာ ဖြစ်နိုင်သည်။ ဤသည်မှာ ဤလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းရန် သူသတ်မှတ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ စိတ်နှလုံးထဲရှိ အခြေခံသဘောတရားနှင့် သဘောထားဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကောင်း ပြောကာ ပြစ်မှားစော်ကားသောအခါ၊ သူ၏ စိတ်သဘောထားကို ၎င်းတို့ နှောင့်ယှက်ပါက၊ သို့မဟုတ် သူ၏ သည်းခံနိုင်ခြင်း အကန့်အသတ်ကို ကျော်လွန်ရန် တွန်းအားပေးပါက၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်မှာ ဘုရားသခင်သည် ၎င်းတို့၏ဘဝများနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အရာရာတိုင်းကို စာတန်ထံ အပြီးတိုင် လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ထာဝရကာလပတ်လုံး ခွင့်လွှတ်ခံရမည် မဟုတ်ပေ။ ဤသည်မှာ ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲ၌ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစ၍ ဘုရားသခင်သည် ၎င်းတို့နှင့် နောက်ထပ် ဘာမျှ မသက်ဆိုင်တော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၆၈၄) ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး လူသားကို ငါ စတင် အမှုပြုသည့် အဆင့် မဟုတ်ပေ။ လူတစ်ဦးစီ၏ စကားများနှင့် လုပ်ဆောင်ချက်များ၊ ငါ့နောက်သို့ လိုက်ရာတွင် ထိုသူတို့၏လမ်းကြောင်းများ၊ အရင်းခံ ထူးခြားသော လက္ခဏာများနှင့် သူတို့နောက်ဆုံးတွင် မည်သို့ကျင့်ကြံပြုမူသည် ဆိုသည်တို့ကို ငါ၏မှတ်တမ်းစာအုပ်ထဲတွင် တစ်ခုပြီးတစ်ခု ငါချရေးသည်။ ဤနည်းအားဖြင့် ထိုသူတို့သည် မည်သို့သောလူစားမျိုး ဖြစ်နေပါစေ၊ မည်သူမျှ ငါ၏လက်မှ မလွတ်မြောက်နိုင်။ ထို့အပြင် ခပ်သိမ်းသောလူတို့သည် ငါချမှတ်ပေးသည့်အတိုင်း ၎င်းကဲ့သို့သော လူစားများနှင့် ရှိနေရမည်။ ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

(၆၈၅) မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယုတ်မာသူတို့နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် စံနှုန်းမပြည့်မီသော အစေခံမှု ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အရှေ့သို့- (ဂ) လူသားအတွက် ဘုရားသခင်၏ သတိပေးချက်များ

နောက်တစ်ခုသို့- ၁၅။ နိုင်ငံတော်၏ လှပမှု၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းချီးမင်္ဂလာများကို ပရောဖက်ပြုခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။