ဘုရား၏ကြီးစိုးမှုကို သိသူသည် ဘုရား၏အုပ်စိုးမှုကို နာခံလိမ့်မည်ကျူး
၁ ဘဝတွင် ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိမြင်မှုကို ရရှိခဲ့သည့် လူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအပေါ်မှာ မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် အမှန်တကယ် အတွေ့ကြုံရှိ၊ နားလည်မှုရှိပြီး ဘဝအပေါ် လေးနက်သည့်အသိပညာရှိသည့် လူတစ်ယောက် ဖြစ်ပါသည်။ ထို့နောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကို လိုက်လျှောက်နိုင်သည့်သူ ဖြစ်ပါသည်။ ဤလိုလူမျိုးသည် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်နေ့တစ်နေ့မှာ သူ့ဆီကို ပြန်သွားလိမ့်မည်ဆိုတာကို နားလည်သည်။
၂ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာအာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အခွင့်အာဏာအားဖြင့် ကြိုတင်သတ်မှတ် ထားသည်ကို နားလည်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဤ အရာများကို အမှန်တကယ် နားလည်သိမြင်လာသည့်အခါ သေခြင်းကို မျက်စိ စုံမှိတ်ပြီး စိုးရိမ်ပူပန်ပြီး ဆန့်ကျင်ရုန်းကန်နေမည့်အစား သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှုတွေကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်။ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာ နာခံနိုင်သည်။ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်သည်။
၃ ဘဝသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့၏ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်လျှင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်ရေးအနေနှင့် သူ့ဘဝကို မြင်လျှင် သူသည် ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်သည့်အမြင် ရှိပါသည်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်သည့် ဘဝကို နေထိုင်ပါလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မည်။ သူ့၏ ထူးခြားသည့်လုပ်ဆောင်မှုနှင့် သူ့၏ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။