၈၅။ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရချိန်

ချန်းဟူးရီ တရုတ်နိုင်ငံ

ကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က သူ၏ ပုံသွင်းခံရပြီး သြဇာလွှမ်းမိုး ခံရသောကြောင့်၊ စစ်သားတစ်ယောက်၏ ဘဝပေးတာဝန်နှင့် ဝတ္တရားတို့သည် မိခင်နိုင်ငံကို အမှုထမ်းရန်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူတို့၏ ကိုယ်စား အမိန့်များနာခံပြီး၊ ကိုယ်ကျိုးမငဲ့စွာ အမှုထမ်းရန်တို့ ဖြစ်သည်ဟု ယုံကြည်လာခဲ့သည်။ ကျွန်မကိုယ်တိုင်လည်း စစ်သား တစ်ယောက် ဖြစ်လာရန်နှင့် ကျွန်မ အဖေ၏ ခြေလှမ်းအတိုင်း လိုက်လျှောက်ရန် သန္နိဌာန်ချလာခဲ့သည်။ သို့သော်လည်း အချိန်ကုန် လာပြီး၊ အချို့သော အဖြစ်အပျက်များ ဖြစ်ပျက်လာခဲ့သည်နှင့်အညီ ကျွန်မ၏ဘဝ လမ်းကြောင်းနှင့် ကျွန်မ၏ လိုက်စားမှုများနှင့် ပတ်သက်သည့် ခံယူချက်များ တဖြည်းဖြည်းချင်း ပြောင်းလဲ သွားခဲ့သည်။ ၁၉၈၃ခုနှစ်တွင် ကျွန်မသည် သခင်ယေရှု၏ ဧဝံဂေလိတရားကို ကြားခဲ့သည်။ ကျွန်မကဲ့သို့ ငယ်ရွယ်စဉ်က ဘုရားမဲ့ဝါဒနှင့် တရုတ်ကွန်မြူနစ်ဝါဒ အတွေးအမြင်စနစ်တို့အားဖြင့် အဆိပ်ခတ်ခံခဲ့ရသည့် လူတစ်ယောက်ကို သခင်ယေရှု၏ ချစ်ခြင်းမေတ္တာဖြင့် နက်ရှိုင်းစွာ တို့ထိခံရခွင့်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အထူးလမ်းပြမှု ဖြစ်ခဲ့ပါသည်။ ဧဝံဂေလိတရားကိုကြားလျက်၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဘဝတစ်ခုပေါ်တွင် ကျွန်မစတင်ခဲ့သည်- ကျွန်မ အသင်းတော်ကို စတင်တက်ရောက်ပြီး ဆုတောင်းခဲ့သည်၊ ပြီးလျှင် သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများ သီဆိုခဲ့သည်။ ဤဘဝအသစ်သည် ကျွန်မကို ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်း ပေးခဲ့သည်။ ၁၉၉၉ခုနှစ်တွင် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မ လက်ခံခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မနားမနေ ဖတ်ရှုခြင်းနှင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံခြင်းနှင့် မိတ်သဟာယ ပြုခြင်းတို့မှတစ်ဆင့် သမ္မာတရားများစွာကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးပေါ် ရည်ရွယ်ချက်ကိုလည်း သိခဲ့ရသည်။ ဘုရားသခင်သည် ကျွန်မတို့ တစ်ယောက်ချင်းစီကို ကြီးမားသော မွေးရာပါတာဝန်တစ်ခုနှင့် ဝတ္တရားတို့ကို ပေးအပ်ခဲ့သောကြောင့်၊ ကျွန်မသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း က ကျွန်မ၏တည်ငြိမ်ပြီး ပျော်ရွှင်သော ဘဝကို ဖြိုခွဲခဲ့သည်။ ၂၀၀၂ခုနှစ်၊ သြဂုတ်လတွင် သခင်၌ ကျွန်မတို့၏ လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကို ဧဝံဂေလိတရားဖြန့်ဝေရန် ကျွန်မ၏ ခင်ပွန်းနှင့် အနောက်မြောက်ပိုင်းသို့ ခရီးထွက်ခဲ့သည်။ တစ်ညတွင် ကျွန်မသည် နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုတော်ကို လတ်တလောလေးကမှ လက်ခံခဲ့သည့် ညီအစ်ကို မောင်နှမများဖြင့် တွေ့ဆုံနေစဉ်၊ ကျယ်လောင်သည့် ပြုတ်ကျသံတစ်ခုကို ကြားလိုက်ပြီး၊ တံခါးက ကြမ်းတမ်းစွာ ကန်ချခံရကာ၊ နံပါတ်တုတ်များ ကိုင်ဆောင်ထားသည့် ရက်စက်ကြမ်းကြုတ်ကာ သရဲမရဲစီးသည့် ပုံစံဖြင့် ရဲ ခြောက်ယောက် သို့မဟုတ် ခုနှစ်ယောက်ခန့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ရဲများထဲမှ တစ်ယောက်က ကျွန်မကို လက်ညှိုးထိုးပြီး၊ ရက်စက်သော ဟိန်းဟောက်ခြင်းဖြင့် “သူ့ကို လက်ထိပ်ခတ်လိုက်။” ဟု ပြောခဲ့သည်။ သူတို့က အိမ်ထဲမှ ဗူးများနှင့် သေတ္တာကြီးများကို ဓါးပြတစ်သိုက်ဝင်စီးသကဲ့သို့ စတင် မွှေနှောက်လှန်လှော ရှာဖွေစဉ်တွင်၊ ရဲသားနှစ်ယောက်က ကျွန်မတို့ကို နံရံနားတွင် မတ်တပ်ရပ်ပြီး မလှုပ်ဖို့ပြောသည်။ သူတို့က ပစ္စည်းများကို ဖုံးကွယ်ရန် အသုံးပြုထားခြင်းဖြစ်နိုင်သည်ဟု သံသယရှိသည့် အရာမှန်သမျှကို သေချာစွာ ရှာဖွေခဲ့သည်၊ အချိန်တိုအတွင်းမှာပင် သူတို့က တစ်နေရာလုံးကို မြေလှန်ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးတွင် ရဲများထဲမှ တစ်ယောက်က ဧဝံဂေလိ လက်ကမ်းစာစောင်တစ်ခုနှင့် ဘုရားသခင်၏နှုတ်ကပတ်တော် စာအုပ်တစ်အုပ်ကို ကျွန်မ၏ ညီမအိတ်ထဲတွင် ရှာတွေ့သွားပြီး၊ ကျွန်မကို ခက်ထန်သော အကြည့်ဖြင့် စိန်းစိန်းဝါးဝါးကြည့်ကာ “သေတော့မှာပဲ။ နင် အသတ်ခံချင်လို့ လုပ်နေတာလား။ ဒီကို လာပြီး၊ နင့်ရဲ့ဧဝံဂေလိတရားကို လာဖြန့်နေတယ်။ ဒါ ဘယ်က ရောက်လာတာလဲ။” ဟု အော်ပြောခဲ့သည်။ ကျွန်မက ပြန်မဖြေခဲ့သောကြောင့်၊ သူက ကျွန်မကို “မပြောဘူး၊ ဟုတ်လား။ ငါတို့ နင့်ပါးစပ်ဟအောင် လုပ်ရမှာပေါ့။ သွားကြ။ ငါတို့သွားမဲ့နေရာမှာ နင်စကားပြောရလိမ့်မယ်။” ဟု ပြောရင်း ဟောက်ခဲ့သည်။ ထိုသို့ပြောရင်း သူက ကျွန်မကို အိမ်ထဲမှ ဆွဲခေါ်သွားပြီး ရဲကားထဲသို့ တွန်းထည့်လိုက်သည်။ ထိုအချိန်တွင် သူတို့က ရဲခြောက်ယောက် သို့မဟုတ် ခုနှစ်ယောက်သာ လွှတ်လိုက်ခြင်းမဟုတ်ကြောင်း ကျွန်မ သဘောပေါက်ခဲ့သည်- အပြင်ရှိလမ်းမဘေးနှစ်ဖက်လုံးတွင် လက်နက်ကိုင် အထူးရဲများစွာ စီတန်းလျက် ရှိလေသည်။ ကျွန်မတို့ကို ဖမ်းဆီးရန် သူတို့ လူအင်အား မည်မျှ အသုံးချခဲ့သည်ကို တွေ့မြင်သည့်အချိန်တွင်၊ ကျွန်မ အလွန်ကြောက်လန့်လာပြီး၊ မတွေးဘဲနှင့် ဘုရားသခင်ကို သူ၏ လမ်းပြမှုနှင့် ကွယ်ကာမှုတို့အတွက် တောင်းလျှောက်ရင်း ဆုတောင်းခဲ့သည်။ ထို့နောက် များကြာမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ် တစ်ပိုဒ်က ကျွန်မ၏ စိတ်ထဲသို့ သိသာထင်ရှားစွာ ဝင်ရောက် လာခဲ့သည်။ “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မြင်ကာ ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “အဲဒါမှန်တယ်။” ဟု ကျွန်မ တွေးမိသည်။ “ဘုရားသခင်က ငါ့ရဲ့ မဏ္ဍိုင် ဖြစ်တယ်၊ ငါ ဘာအခြေအနေမျိုး ကြုံတွေ့ရပါစေ၊ ဘုရားသခင်က အရာအားလုံးရဲ့ အုပ်စိုးသူနဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး ငါ့ဘေးမှာ အမြဲတမ်း ရှိတယ်။ ငါရင်ဆိုင်ရနိုင်တဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို အောင်မြင် ကျော်လွှားနိုင်ဖို့ ဘုရားသခင်က ငါ့ကို ဦးဆောင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်က သစ္စာစောင့်သိသလို၊ သူက အရာအားလုံးကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။” ဤအရာများကို တွေးတောသည့်အခါ၊ ကျွန်မသည် မိမိ၏ တည်ငြိမ်သော အသိစိတ်ကို ပြန်လည်ရရှိခဲ့သည်။

ကျွန်မကို မှုခင်းပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ သို့ ခေါ်လာသည့်အချိန်တွင် ထိုညဆယ်နာရီခန့်ရှိပြီ ဖြစ်သည်။ ကျွန်မကို ဓါတ်ပုံရိုက်ပြီးနောက်၊ စစ်မေးသည့် အခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ အံ့အားသင့်ဖွယ်ရာပင်၊ ကျွန်မဝင်လာသည့်အခါတွင် ကျွန်မကို စူးစိုက်ကြည့်နေကြသည့် အရိုင်းအစိုင်းပုံပေါက်သည့် လူမိုက် လေးယောက်၊ ငါးယောက်က ထိုနေရာတွင် ရှိနှင့်ပြီးဖြစ်သည်။ အခန်းထဲသို့ ကျွန်မ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူတို့က သတ်ဖြတ်ရန် ခေါင်းထောင်နေပုံရသည့် ဆာလောင်နေသော ဝံပုလွေတစ်သိုက်ကဲ့သို့ ကျွန်မနားကို ဝိုင်းလာကြသည်။ ကျွန်မ အလွန်အမင်း ကြောက်လန့်ပြီး ဘုရားသခင်ထံသို့ အသည်းအသန် ဆုတောင်းခဲ့လေသည်။ ပထမတွင် ထိုရဲလူမိုက်များသည် ကျွန်မကို လက်ဖျားနှင့်ပင် မတို့သော်လည်း၊ သုံးနာရီ လေးနာရီကြာအောင် ဆက်ပြီး မတ်တပ်ရပ်ဖို့သာ အမိန့်ပေးခဲ့သည်။ ကျွန်မ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေသည်မှာ ကျွန်မ၏ ခြေထောက်များနှင့် ခြေရင်းများသည် စတင်နာကျင်ကိုက်ခဲပြီး၊ ထုံကျင်သွားခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်လာခဲ့သည်။ နံနက် တစ်နာရီ နှစ်နာရီ ခန့်တွင် မှုခင်းပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့၏ အကြီးအကဲသည် ကျွန်မကို စစ်ဆေးမေးမြန်းရန် ဝင်လာခဲ့သည်။ ကျွန်မ အလွန်မတုန်လှုပ်ဘဲ မနေနိုင်ပါ။ သူက ကျွန်မကို စိုက်ကြည့်ပြီး “ပြောစမ်း။ မင်းဘယ်ကလဲ။ ဒီမှာ မင်းရဲ့ အဆက်အသွယ်က ဘယ်သူလဲ။ မင်းရဲ့ အကြီးအကဲက ဘယ်သူလဲ။ မင်းတို့ဘယ်မှာ စည်းဝေးနေခဲ့တာလဲ။ မင်း လက်အောက်မှာ အလုပ်လုပ်နေတဲ့ လူ ဘယ်နှစ်ယောက်ရှိလဲ။” ဟု ပြောရင်း ကျွန်မကို စတင်ဖိ၍ စစ်ပါတော့သည်။ ကျွန်မ စကားမပြောသောအခါ၊ သူက ဒေါသပေါက်ကွဲပြီး ကျွန်မကို ဆံပင်မှဆွဲကာ အဆက်မပြတ် ထိုးနှက်ကန်ကျောက်ခဲ့သည်။ ကျွန်မ မြေပေါ်ပုံလျက်သား ရိုက်နှက်ခံရပြီး သူက ကျွန်မကို ပို၍ပင် ပြင်းထန်စွာ ဆက်လက်ကန်ကျောက်ခဲ့သည်။ ချက်ခြင်းပင် ကျွန်မ၏ နားများ စတင်အူသွားသောကြောင့်၊ ကျွန်မ တစ်ခုမျှ မကြားနိုင်ပါ၊ ပြီးလျှင် ကျွန်မ၏ခေါင်းသည် တဒိန်းဒိန်းနာကျင်မှုဖြင့် ပေါက်ကွဲ ထွက်တော့မည့်အလား ခံစားခဲ့ရပါသည်။ ကျွန်မသည် နာကျင်စွာ မအော်ဘဲ မနေနိုင်ခဲ့ပါ။ နောက်ထပ် ရုန်းကန်လှုပ်ရှားမှု အနည်းငယ် အပြီးတွင်၊ ကြမ်းပြင်ပေါ်တွင် ကျွန်မ မလှုပ်ရှားနိုင်ဘဲ လှဲလျောင်းနေပါသည်။ ဌာနအကြီးအကဲက ကျွန်မကို ဆံပင်မှ တစ်ဖန်ဆွဲကိုင်ကာ၊ မတ်တပ်ရပ်သည့် အနေအထားအဖြစ်သို့ ဒရွတ်တိုက်ဆွဲခေါ်သည်၊ ထိုအချိန်တွင် အရိုင်းအစိုင်းလူမိုက် လေး ငါးယောက်သည် ကျွန်မ၏ အနီးတွင် စုပြုံတိုးဝှေ့ပြီး၊ ကျွန်မကို စတင်ကန်ကျောက် ထိုးနှက်ကြပြန်သည်။ လက်များကို ခေါင်းပေါ်တွင် အုပ်ရင်း ကျွန်မ မြေပေါ်သို့ ကျသွားကာ၊ နာကျင်မှုဖြင့် ဟိုဟိုသည်သည် ပုတ်ခတ် လူးလှိမ့်နေပါသည်။ ဤရဲလူမိုက်များသည် တစ်စက်မျှ မချုပ်တည်းထားခဲ့ပါ- ကန်ချက်တိုင်းနှင့် ထိုးချက်တိုင်းက သေလောက်သည့် အင်အားရှိခဲ့သည်။ သူတို့က ကျွန်မကို ထိုးရင်း “မင်းစကားပြောမလား၊ မပြောဘူးလား။ မင်းစကားမပြောဖို့ ငါ စိန်ခေါ်တယ်။ ပြောရင်ပြော၊ မပြောရင် မင်းသေပြီပဲ။” ဟု အော်ပြောခဲ့သည်။ ဌာနအကြီးအကဲက ကျွန်မ စကား မပြောသေးသည်ကို မြင်သည့်အချိန်တွင်၊ ကျွန်မကို ခြေမျက်စိကို ရက်စက်ကြမ်းကြုတ်စွာ ကန်ကျောက်ခဲ့သည်။ ကျွန်မကို သူကန်လိုက်တိုင်း၊ တစ်စုံတစ်ယောက်က ကျွန်မအရိုးကို သံနှင့်ရိုက်လိုက်သကဲ့သို့ ခံစားခဲ့ရပြီး၊ ယင်းမှာ မချိမဆံ့နာကျင်မှုတစ်ခု ဖြစ်လေသည်။ ထို့နောက် ကျွန်မ၏ ခန္ဓာကိုယ်ထဲက အရိုးအားလုံး ကျိုးကြေသွားသကဲ့သို့ ခံစားရသည်အထိ သူတို့ ကျွန်မကို တစ်ကိုယ်လုံး ကန်ကျောက်ခဲ့ကြပြီး၊ ကျွန်မ၏ ကလီစာများကို ဖိစီးနှိပ်စက်သည့် ပြင်းထန်သော အကြောဆွဲမှုများသည် ကျွန်မကို အလွန်နာကျင်စေခဲ့သည်မှာ ကျွန်မ အသက်ပင် မရှုနိုင်ခဲ့ပါ။ ကျွန်မသည် မြေပြင်ပေါ်တွင်လှဲကာ ဟောဟဲလိုက်ပြီး၊ မချိတင်ကဲ ဝေဒနာစစ်စစ်ကြောင့်၊ မျက်ရည်များကျလာခဲ့သည်။ ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မ ရှေ့မဆက်နိုင်တော့ပါဘူး။ ဒီညကို ကျွန်မ အောင်အောင်မြင်မြင် မဖြတ်ကျော်နိုင်မှာကို စိုးမိလို့ ကျွန်မကို ကျေးဇူးပြုပြီး ကွယ်ကာတော်မူပါ။ ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မကို ခွန်အားပေးသနားတော်မူပါ...” ဟု ပြောရင်း အော်ခေါ်ခဲ့ပါသည်။ နှိပ်စက်မှု မည်မျှ ဆက်ကြာခဲ့သည်ကို ကျွန်မ မသိပါ။ ကျွန်မအလွန်အမင်း မူးဝေပြီး၊ ကြီးစွာ မချိတင်ကဲနာကျင်ကာ ခြေလက်အင်္ဂါတစ်ခုချင်း စုတ်ပြတ်သွားသကဲ့သို့ ခံစားခဲ့ရပါသည်။ နာကျင်မှုသည် ပြင်းထန်လွန်းလှပြီး ကျွန်မတစ်ကိုယ်လုံး အမှန်တကယ် ထုံကျင်လာကြသည်။ ရဲလူမိုက်များထဲမှ တစ်ယောက်က “မင်းကို ကြည့်ရတာ မလုံလောက်သေးသလိုပဲ။ အေးပါ...မင်းစကား ပြောမှာပါ။” ဟု ပြောခဲ့သည်။ သူစကားပြောနေရင်း၊ လျှပ်စစ်တူတစ်ခုနှင့် တူသည့်အရာကို သူက ကောက်ကိုင်လိုက်ပြီး၊ ကျွန်မ၏နဖူးကို ဆောင့်ချလိုက်သည်။ ရိုက်ချက်တိုင်းကို ကျွန်မ၏ ရိုးတွင်ခြင်ဆီ အတွင်းထဲမှ ခံစားရပြီး၊ သူရိုက်လိုက်သည့်အခါတိုင်း၊ ကျွန်မ၏ တစ်ကိုယ်လုံး ထုံကျင်သွားကာ၊ ထို့နောက် ကျွန်မ ပျော့ခွေသွားပြီး၊ မရပ်မနား တုန်ယင် နေပါတော့သည်။ ၎င်းတို့က ကျွန်မ မည်မျှ ဒုက္ခ ခံစားနေသည်ကို တွေ့မြင်သည့်အချိန်တွင်၊ ၎င်းတို့၏ အလုပ်နှင့် ပတ်သက်ပြီး ၎င်းတို့က ကျေနပ်အားရနေပုံပေါက်ကာ၊ စတင် အော်ဟစ်ရယ်မောခဲ့သည်။ ကျွန်မ၏ ဆင်းရဲဒုက္ခအလယ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မကို လမ်းပြမှုနှင့် ဉာဏ်အလင်းပေးခြင်းတို့ကို ပေးခဲ့သည်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမို ရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို မယုံကြည်နိုင်လောက်သော ခွန်အားပေးခဲ့ပြီး၊ ကျွန်မ၏ စိတ်ထဲတွင် ထိုကျမ်းပိုဒ်ကို ထပ်ခါထပ်ခါ ရွတ်ဆိုခဲ့သည်။ ကျွန်မက “ငါ စာတန်ကို အလျှော့ပေးပြီး၊ ဘုရားသခင်ကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး။ သမ္မာတရား ရဖို့၊ ဘယ်ဆင်းရဲဒုက္ခကိုမဆို သည်းခံဖို့ ငါသစ္စာဆိုတယ်၊ ပြီးတော့ ငါသေရမယ်ဆိုရင်တောင်၊ အဲဒါက တန်သေးတယ်၊ ငါအချည်းအနှီး ရှင်သန်ရမှာမဟုတ်ဘူး။” ဟု တွေးမိသည်။ ဤနတ်ဆိုးများ တစ်အုပ်သည် ကျွန်မကို နောက်တစ်နေ့ နံနက်အထိ တစ်ညလုံး စစ်ဆေးမေးမြန်းကြသော်လည်း၊ ကျွန်မကို အားပေးရန် ဘုရားသခင်၏နှုတ်ကပတ်တော် ကျွန်မမှာ ရှိသောကြောင့်၊ သူတို့၏ နှိပ်စက်မှုကို ကျွန်မ တောင့်ခံနိုင်ခဲ့သည်။ အဆုံးသတ်တွင် သူတို့တွေးနိုင်သမျှ နည်းဗျူဟာအားလုံး ကုန်စင်သွားခဲ့ပြီး၊ “မင်းကိုကြည့်ရတာ ဘာစွမ်းရည်မှမရှိတဲ့ သာမန် အိမ်ထောင်ရှင်မ တစ်ယောက်လိုပဲ၊ ဒီတော့ဘုရားသခင်က မင်းကို ဒီလောက် ကြီးမားတဲ့ ခွန်အား ဘယ်လိုများပေးထားလဲ။” ဟု မဟန်နိုင်ဘဲ ပြောခဲ့ကြသည်။ ဤရဲလူမိုက်များက ကျွန်မကို အလျှော့ပေးနေခြင်း မဟုတ်ဘဲ၊ ကျွန်မအစား ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့လက်အောက်တွင် အရှုံးပေးနေခြင်း ဖြစ်ကြောင်း ကျွန်မသိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ကြောင်း၊ ၎င်းသည် လူများကို အလွန့်အလွန်ကြီးမားသော ခွန်အားဖြင့် ပြည့်ဝစေနိုင်ကြောင်းနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ယောက်သည် သေခြင်းတရားကို ကြောက်ရွံ့မှုအား အောင်မြင်ကျော်လွှားနိုင်ကာ၊ စာတန်ကို နှိမ်နင်းနိုင်ကြောင်းတို့ကို ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပါသည်။ ဤအရာအားလုံး၏ ရလဒ်တစ်ခုအနေဖြင့် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းက တိုး၍ပင် ခိုင်မြဲလာခဲ့သည်။

ဒုတိယမြောက်နေ့ နံနက် ခုနှစ်နာရီခန့်တွင်၊ ဌာနအကြီးအကဲသည် ကျွန်မကို ထပ်မံ စစ်မေးဖို့ ရောက်လာခဲ့သည်။ ကျွန်မ စကားပြောလိုသည့် ဆန္ဒမရှိသေးသည်ကို သူတွေ့မြင်သည့် အချိန်တွင်၊ နောက်ထပ် ပို၍စဉ်းလဲသော လှည့်ကွက်ဖြင့် ကျွန်မကို သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားခဲ့သည်။ ထိပ်ပြောင် အရပ်ဝတ် ရဲတစ်ယောက် ဝင်လာကာ၊ ကျွန်မကို ကူထူပေးပြီး၊ ဆိုဖာဆီကျွန်မကို လိုက်ပို့သည်။ သူက ကျွန်မ၏ အဝတ်အစားများကို ဖြန့်ပေးသည်၊ ဟန်ဆောင်စိုးရိမ်ပြပြီး ကျွန်မ၏ ပခုံးကိုပုတ်ကာ၊ ဟန်ဆောင်ပြုံး တစ်ခုဖြင့် “မင်းကိုကြည့်ပါဦး။ ဒီလိုနည်းနဲ့ ဒုက္ခခံနေလို့ ဘာအကျိုးမှ မရှိပါဘူး။ ငါတို့ကိုသာ စကားပြောစမ်းပါ၊ ပြီးရင် မင်းအိမ်ပြန်နိုင်ပြီ။ ဘာဖြစ်လို့ ဒီမှာနေပြီး၊ ဒီနှိပ်စက်မှုတွေအားလုံးကို သည်းခံနေမှာလဲ။ မင်းကလေးတွေက အိမ်မှာ မင်းကို စောင့်နေကြတယ်။ မင်းဒီလို ခံစားနေရတာကို မြင်ရတာ ငါ့ကို ဘယ်လောက်နာကျင်စေလဲ မင်းသိရဲ့လား။” ဟု ပြောခဲ့သည်။ သူ့မုသားများအားလုံးကို နားထောင်ပြီး၊ ထိုရွံရှာဖွယ် အရှက်မဲ့သော မျက်နှာကို ကြည့်ရင်းဖြင့် ကျွန်မ ဒေါသဖြင့် အံ့ကြိတ်ပြီး၊ “နင်က ငါ့ကို လှည့်စားဖို့ မုသားအမျိုးမျိုးကို ခရားရေလွှတ်ပြောတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ ငါက ဘုရားသခင်ကို သစ္စာဖောက်လိမ့်မယ်လို့ နင်တစ်မိနစ်လေးတောင် မတွေးနဲ့။ အသင်းတော်အကြောင်း ငါစကားတစ်ခွန်း ပြောလိမ့်မယ်လို့ အိပ်မက်တောင် မက်မနေနဲ့” ဟု မိမိဘာသာတွေးမိသည်။ ကျွန်မ မလှုပ်မယှက် ရှိနေဆဲဖြစ်ကြောင်းကို ထိုရဲက တွေ့သည့်အခါ၊ သူက ကျွန်မကို ကာမရာဂစိတ်ပြင်းသော အကြည့်ဖြင့် ကြည့်ကာ၊ သူ့လက်ဖြင့် ကျွန်မကို တဏှာစိတ်နှင့် စကိုင်လေသည်။ ကျွန်မက သူ့အနားမှ အလိုအလျောက် ရွှေ့လိုက်သော်လည်း၊ ထိုလူယုတ်မာက ကျွန်မကို မလှုပ်နိုင်အောင် လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ ထို့နောက် ကျွန်မ၏ ရင်ဘတ်ကို နောက်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လေသည်။ ကျွန်မက နာကျင်စွာ အော်ဟစ်ငိုကြွေးပြီး၊ ဤလူအတွက် ကြီးစွာသော အမုန်းတရားကို ခံစားခဲ့ရသည်။ ကျွန်မ ဒေါသအလွန်ထွက်သည်မှာ ကျွန်မ၏ တစ်ကိုယ်လုံး တုန်ခါနေပြီး၊ မျက်ရည်များ ကျွန်မ ပါးတစ်လျှောက် ကျလာခဲ့သည်။ ဒေါသအပြည့်ဖြင့် သူ့ကို ကျွန်မကြည့်လိုက်သည်၊ ကျွန်မ၏ မျက်လုံးများထဲမှအကြည့်ကို တွေ့သည့်အခါ၊ သူက ကျွန်မကို လွှတ်ပေးလိုက်သည်။ ဤကိုယ်ပိုင် အတွေ့အကြုံမှတစ်ဆင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဆိုးယုတ်သော၊ ဖောက်ပြန်ရေးဝါဒီဖြစ်ကာ ရက်စက်သော သဘာဝတို့ကို ကျွန်မ အမှန်တကယ် မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အဖွဲ့အစည်းအတွက် အလုပ်လုပ်နေသည့် “ပြည်သူ့ရဲ” သည် မည်မျှ အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ် ကောင်းပြီး၊ အရှက်မရှိသည့် လူမိုက်များနှင့် မည်သည့် အသိစိတ်မျှ လုံးဝ မရှိသည့် အောက်တန်းစားများဖြစ်သည်ကို ကျွန်မ မြင်တွေ့ခဲ့ရသည်။ ၂၄ နာရီအတွင်း ရေတစ်ပေါက်မျှ မသောက်ခဲ့ရသောကြောင့်၊ ကျွန်မ၏ ခန္ဓာကိုယ်သည် ကြောက်ဖွယ်လိလိ ခြေကုန်လက်ပမ်းကျကာ အားအင် ကုန်ခမ်းနေခဲ့သည်၊ ပြီးလျှင် ကျွန်မ နောက်ထပ်ရှေ့ဆက်နိုင်ခြင်း ရှိမရှိကို အမှန်တကယ် မသေချာခဲ့ပါ။ နက်နဲသော ဝေဒနာနှင့် မျှော်လင့်ချက်မဲ့ခြင်း ခံစားချက်တစ်ခုဖြင့် ကျွန်မ ရုတ်တရက် ထိုးနှက်ခံခဲ့ရသည်။ ထိုအခိုက်အတန့်တွင် အသင်းတော် ဓမ္မသီချင်း တစ်ပုဒ်ကို ကျွန်မ တွေးမိလေသည်။ “အဆင်းနီသောနဂါးကြီးအားဖြင့် ဖိနှိပ်ခြင်းနှင့် ဖမ်းဆီးခြင်းခံရသော်လည်း၊ ဘုရားသခင်နောက်လိုက်ဖို့ ကျွန်ုပ် သာ၍ပင် စိတ်ပိုင်းဖြတ်ချက်ချပေ။ အဆင်းနီသော နဂါးကြီး မည်မျှ ဆိုးယုတ်သည်ကို ကျွန်ုပ် မြင်တွေ့ရပေ၊ ယင်းက ဘုရားသခင်ကို မည်သို့ သည်းခံမည်နည်း။ ဘုရားသခင်သည် လူ့ဇာတိခံယူသည်- ကျွန်ုပ်သည် သူ့နောက် မည်သို့ဖြစ်၍များ မလိုက်နိုင်သနည်း။ စာတန်ကို ကျောခိုင်းလို့ ဘုရားနောက် လိုက်မည် နတ်ဆိုးများ အုပ်စိုးသောပြည်တွင် ဘုရားကို ယုံကြည်ဖို့ အလွန်ပင် ခက်ခဲ စာတန်သည် ကျွန်ုပ်ကို အသေအကြေ တိုက်ခိုက်သည်။ နေထိုင်ရာ လုံခြုံသည့်နေရာ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းက ကောင်းကင်၏ပညတ်ချက်၊ လောက၏နည်းဥပဒေ ဘုရားသခင်ကို ချစ်ဖို့ ဆုံးဖြတ်ပြီးသည့်နောက်၊ အဆုံးတိုင် ကျွန်ုပ် သစ္စာရှိမည်။ ၎င်း၏ကြံစည်မှုများ ယုတ်မာရက်စက်ကာ စက်ဆုပ်ဖွယ် ဖြစ်သည် စာတန်၏မျက်နှာကို ရှင်းလင်းသော အမြင်ရှုထောင့်တစ်ခု ရရှိပြီးသည့်နောက်၊ ခရစ်တော်ကို ကျွန်ုပ် သာ၍ပင် ချစ်လာ။ ကျွန်ုပ်သည် စာတနကိုဲ့ ဘယ်တော့မှ အရှုံးပေးမည်မဟုတ်၊ အချည်းအနှီး အသက်မည်မဟုတ် နာကျင်မှုရှိသမျှကို ခံစားပြီး မှောင်မိုက်သော ညများကို ကျော်ဖြတ်မည် ဘုရားသခင်ကို နှစ်သိမ့်မှုပေးဖို့၊ ကျွန်ုပ်သည် အောင်မြင်သော သက်သေခံပြီး စာတန်ကို အရှက်ရစေလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “မှောင်မိုက်နှင့်ဖိနှိပ်မှုကြားထဲ၌ ရုန်းထခြင်း”) ဤထည်ဝါပြီး အားမာန်ပါသော ဓမ္မသီချင်းက ကျွန်မအတွက် ကြီးစွာသော လှုံ့ဆော်ခြင်းဖြစ်ခဲ့သည်။ ဤနတ်ဆိုးများသည် ဘုရားသခင်ကို မုန်းတီးသောကြောင့်၊ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သူများအား ညှဉ်းပန်းနှိပ်စက်နေခဲ့ကြသည်။ သူတို့၏ သူရဲဘောနည်းပြီး ဆိုးယုတ်သော ပန်းတိုင်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်းတို့မှ ကျွန်မတို့ကို တားဆီးရန် ဖြစ်ပြီး၊ ဤနည်းအတိုင်း ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်စီးကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခံရမည့် အခွင့်အရေးကို ပျက်စီးစေသည်။ ဤဝိညာဉ်ရေးရာတိုက်ပွဲ၏ ဤအဓိကကျသည့် အချိန်တွင် ကျွန်မသည် မိမိကိုယ်ကို ချခင်းပေးပြီး၊ စာတန်၏ လှောင်ပြောင်မှု ပစ်မှတ် အဖြစ်မခံနိုင်ပါ။ စာတန်က ကျွန်မကို ပို၍နှိပ်စက်လေ၊ သူ၏ ဘီလူးသရဲစီးသော စရိုက်ကို ကျွန်မက ပို၍ သိသာရှင်းလင်းစွာ မြင်လေဖြစ်ပြီး၊ ၎င်းကို ပို၍ စွန့်လွှတ်ပြီး၊ ဘုရားသခင်ဘက်တွင် ပို၍ရပ်လိုလေဖြစ်ပါသည်။ ဘုရားသခင်သည် အောင်နိုင်မည် ဖြစ်ကြောင်း၊ စာတန်သည် ရှုံးနှိမ့်မှုဖြင့် ကျရှုံးကိန်းရှိကြောင်းတို့ကို ကျွန်မ ယုံကြည်ပါသည်။ ကျွန်မ အလျှော့မပေးနိုင်ပါ၊ ပြီးလျှင် ကျွန်မသည် ဘုရားသခင်ကို အားကိုးပြီး၊ သူ့အတွက် ခိုင်မာသော၊ ထူးကဲလှသော သက်သေတစ်ခု ခံလိုပါသည်။

ရဲများက ကျွန်မထံမှ မည်သည့်တန်ဖိုးရှိသည့် သတင်းအချက်အလက် တစ်ခုမျှ ရမည်မဟုတ်ကြောင်း၊ နားလည်သဘောပေါက်သည့်အချိန်တွင်၊ စစ်ဆေးမေးမြန်းခြင်းကို သူတို့ လက်လျှော့လိုက်ပြီး၊ ထိုညနေတွင် ကျွန်မကို ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုအချိန်တွင် ကျွန်မသည် မမှတ်မိနိုင်လောက်အောင် ရိုက်နှက်ခံခဲ့ရပြီး၊ ကျွန်မ၏မျက်နှာမှာ ယောင်ယမ်းနေကာ၊ ကျွန်မ၏မျက်လုံးများကို မဖွင့်နိုင်ဘဲ၊ ကျွန်မ၏ နှုတ်ခမ်းများကလည်း အနာများဖြင့် ဖုံးနေခဲ့သည်။ ထိန်းသိမ်းရေး စခန်းမှ ထောင်စောင့်များက ကျွန်မကို တစ်ချက်ကြည့်လိုက်ပြီး၊ ကျွန်မ သေလုမျောပါး အရိုက်ခံထား ရသည်ကို မြင်သည့်အခါ၊ ဖြစ်ပျက်ခဲ့သည့်အရာအတွက် သူတို့ မည်သည့်တာဝန်မျှ မယူလိုဘဲ၊ ကျွန်မကို လက်ခံဖို့ ငြင်းဆိုကြလေသည်။ သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှု အနည်းငယ်နောက်တွင်၊ ထိုညနေ ခုနှစ်နာရီခန့်၌ ကျွန်မကို နောက်ဆုံးတွင် ပေးဝင်ခဲ့ပြီး၊ အကျဉ်းခန်းတစ်ခုသို့ လိုက်ပို့ခဲ့သည်။

အဖမ်းခံရပြီးကတည်းက ကျွန်မ၏ ပထမဆုံးဟင်းလျာကို ထိုညတွင် ကျွန်မစားခဲ့သည်။ မာကျော၊ မည်းနက်နေပြီး ဝါးမြိုဖို့ခက်သည့် သဲတရှပ်ရှပ်နှင့် ပေါက်စီတစ်လုံးနှင့် ပိုးကောင်သေများ ပေါလောပေါ်နေပြီး၊ ခွက်အောက်ခြေတွင် အညစ်အကြေး တစ်ထပ်ရှိသော နွမ်းနေသည့် ဟင်းသီးဟင်းရွက် ဟင်းချိုတစ်ခွက် တို့ဖြစ်ပါသည်။ ထိုအရာတစ်ခုမျှက ထိုဟင်းလျာကို အငမ်းမရစားခြင်းမှ ကျွန်မကို မတားနိုင်ခဲ့ပါ။ ကျွန်မသည် ယုံကြည်သူ တစ်ယောက်ဖြစ်သောကြောင့်၊ နောက်နေ့များတွင် ကျွန်မကို ဒုက္ခပေးရန် အခြားထောင်သားများကို ထောင်စောင့်က မကြာခဏ ဆွပေးခဲ့သည်။ တစ်ကြိမ်တွင် ကျွန်မတို့ အကျဉ်းခန်း၏ အကျဉ်းသားခေါင်းဆောင်သည် အမိန့်တစ်ခုပေးခဲ့ပြီး၊ သူမ၏ လက်အောက် ငယ်သားများက ကျွန်မကို ဆံပင်မှ ဆွဲကိုင်ကာ ကျွန်မဦးခေါင်းကို နံရံနှင့် ဆောင့်လိုက်သည်။ ကျွန်မ၏ ဦးခေါင်းကို သူတို့အလွန်ပြင်းထန်စွာ ဆောင့်လိုက်သည့်အတွက် ကျွန်မ မူးဝေပြီး ကောင်းစွာ မမြင်နိုင်တော့ပါ။ ညတွင်လည်း ကျွန်မကို အိပ်ရာပေါ်တွင် ပေးမအိပ်သောကြောင့်၊ ကျွန်မမှာ အိမ်သာအနီးရှိ အေးစက်သော သံမံတလင်းပေါ်တွင် အိပ်စက်ခဲ့ရသည်။ ထို့ထက်ပိုပြီးလျှင် ထောင်အစောင့်တို့က ထိန်းသိမ်းရေးစခန်း၏ စည်းမျဉ်းများ ကျွန်မကို ရွတ်ဆိုစေသည်၊ ကျွန်မ မှားဆိုမိသည်ဖြစ်စေ၊ မေ့သွားသည်ဖြစ်စေ၊ ကျွန်မကို သားရေခါးပတ်ဖြင့် ရိုက်ကြသည်။ ဤအတောမသတ်သော လူမဆန်လုနီးပါး နှိပ်စက်ခြင်းနှင့် အရှက်ရစေခြင်းတို့ကို ရင်ဆိုင်ရပြီး၊ ကျွန်မ အားနည်းလာခဲ့သည်၊ ပြီးလျှင် လှောင်အိမ်ထဲမှ တိရစ္ဆာန်ကဲ့သို့ ပုံမှန် ဒုက္ခခံစားနေရသည်ထက် သေသည်ကမှ ပိုကောင်းဦးမည်ဟု တွေးမိခဲ့သည်။ မကြာခဏဆိုသကဲ့သို့၊ ကျွန်မ၏ ဦးခေါင်းကို နံရံနှင့်ဆောင့်ပြီး၊ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့စဉ်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က- “ဤနောက်ဆုံးသော ကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင် ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဟု ပြောလျက် ကျွန်မကို လမ်းပြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အားပေးမှုဖြင့် ထောက်ပံ့ခဲ့ပြီး၊ ကျွန်မ၏ စိတ်နှလုံးကို နွေးထွေးစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တစိမ့်စိမ့်တွေးတောသည့်အခါ၊ ကျွန်မ၏ မျက်လုံးများမှ မျက်ရည်များ ကျလာခဲ့သည်။ ကျွန်မသည် ရဲလူမိုက်များ၏ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခံနေရသည့်အချိန်တွင်၊ ကျွန်မကို တစ်ချိန်လုံး ဂရုစိုက်ခဲ့သည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပုံ၊ သူ၏ နှုတ်ကပတ်တော်များဖြင့် သူက ကျွန်မကို လမ်းပြခဲ့ပုံနှင့်၊ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ ပေးခဲ့ပြီး၊ ထိုစိတ်မသက်သာဖွယ်ဖြစ်သော နှိပ်စက်မှုကို ခေါင်းမာမာဖြင့် ရှင်သန်ကျော်ဖြတ်ခွင့်ပေးခဲ့ပုံတို့ကို ကျွန်မ တွေးမိခဲ့သည်။ ကျွန်မတို့ အကျဉ်းခန်း အကျဉ်းသား ခေါင်းဆောင်၏ နှိပ်စက်ပြီး အနိုင်ကျင့်သည်ကို ခံရသည့်အပြင်၊ စိတ်ပင်ပန်းလွန်ဝေဒနာ ရပြီး၊ မိမိ၏ အသက်ကို အဆုံးသတ်ဖို့ စဉ်းစားလုနီးပါးဖြစ်သည်အထိ အခြား အကျဉ်းသားတစ်ဦး၏ ညှင်းပန်းမှုကိုလည်း ခံရပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အသစ်ပြန်ဖြစ်ပေါ် လာစေရန် ယုံကြည်မှုနှင့် သတ္တိတို့ နောက်တစ်ကြိမ်ပေးခဲ့သည်။ ဘုရားသခင်သည် ကျွန်မ၏ နံဘေးတွင် မရှိခဲ့ဘဲ၊ ကျွန်မကို မစောင့်ကြည့်ခဲ့ပါက၊ ကျွန်မသည် ထိုယုတ်ကန်းသော မိစ္ဆာကောင်များ၏ သေသည်အထိ နှိပ်စက်ခြင်းကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်၏ ကြီးစွာသော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့ကို ရင်ဆိုင်ရင်း၊ ကျွန်မသည် မတုန်မလှုပ် ခုခံပြီး ဘုရားသခင်၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲစေခြင်း နောက်ထပ် မပြုနိုင်တော့ပါ။ ကျွန်မသည် ဘုရားသခင်နှင့် ခိုင်မာစွာ ရပ်တည်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သစ္စာစောင့်သိခြင်းဖြင့် ပြန်လည် ပေးဆပ်ရမည်။ မမျှော်လင့်ဘဲ၊ ကျွန်မ၏ စိတ်အခြေအနေကို ကုစားခဲ့ပြီးလျှင်ပြီးချင်း၊ နောက်ထပ် အကျဉ်းသားတစ်ဦးက ထပြီး၊ ကျွန်မကိုယ်စား ကန့်ကွက်ကာ၊ သူမနှင့်အကျဉ်းသားခေါင်းဆောင် အကြီးအကျယ် ရန်ဖြစ်စေအောင် ဘုရားသခင်က ပြုခဲ့သည်။ နောက်ဆုံးတွင် အကျဉ်းသားခေါင်းဆောင်က အလျှော့ပေးလိုက်ရပြီး ကျွန်မကို အိပ်ရာပေါ်တွင် အိပ်စေခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ဘုရားသခင်၏ သနားကရုဏာကြောင့်သာ မဟုတ်ပါက၊ ကျွန်မ၏ အားနည်းသော အခံဖြင့် စိုပြီး အေးနေသည့် သံမံတလင်းပေါ်တွင် ရေရှည် အိပ်စက်ရခြင်းက ကျွန်မကို သေစေမည် သို့မဟုတ် အကြောသေစေမည် ဖြစ်သည်။ ဤနည်းဖြင့် ထိန်းသိမ်းရေးစခန်းတွင် အားအင်ကုန်ခမ်းစေလောက်သည့် နှစ်လတာကို ရှင်သန် ကျော်ဖြတ်နိုင်ခဲ့သည်။ ထိုအချိန်အတွင်းတွင် ရဲလူမိုက်များက ချော့တစ်ခါ ခြောက်တစ်လှည့် နည်းဗျူဟာသုံးပြီး နှစ်ကြိမ် ထပ်မံ မေးမြန်းခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ကွယ်ကာမှုဖြင့် စာတန်၏စဉ်းလဲသော ကြံစည်မှုကို ကျွန်မ ရိပ်စားမိနိုင်နိုင်ခဲ့ပြီး၊ သူတို့၏ ကောက်ကျစ်သော အကြံအစည်ကို ဖျက်ဆီးနိုင်ခဲ့သည်။ အဆုံးသတ်တွင် သူတို့ နည်းဗျူဟာများ ယတိပြတ်ကုန်သွားပြီး၊ သူတို့၏ မအောင်မြင်သော စစ်ဆေးမေးမြန်းခြင်းများနောက်ပိုင်းတွင်၊ သူတို့က ကျွန်မကို သုံးနှစ် ပြစ်ဒဏ်စီရင်ချက်ချခဲ့ပြီး၊ ဒုတိယ အမျိုးသမီးအကျဉ်းထောင်သို့ ကျွန်မ အပြစ်ဒဏ်အတွက် ကျခံရန်ပို့ခဲ့သည်။

ကျွန်မ အကျဉ်းထောင်သို့ရောက်သည့် ပထမနေ့မှစကာ၊ ခြေကုန်လက်ပန်းကျသည့် အလုပ်ကြမ်းကိုလုပ်ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ တစ်ရက်လျှင် ဆယ်နာရီကျော် ကျွန်မ အလုပ်လုပ်ခဲ့ရပြီး၊ နေ့တိုင်း အနွေးထည်တစ်ထည်ကို သိုးမွှေးထိုး ရသည် သို့မဟုတ် အဝတ်အစား အစုံသုံးဆယ်မှ လေးဆယ်အထိ ပြုလုပ်ရသည် သို့မဟုတ် တူအချောင်း တစ်သောင်းကို ထုတ်ပိုးရသည်။ ထိုအလုပ်တာဝန်များကို ကျွန်မ မပြီးဆုံးနိုင်ပါက၊ ကျွန်မ၏ ထောင်ဒဏ်က ပိုတိုးသွားလိမ့်မည်။ အစွန်းရောက်သည့် အလုပ်ကြမ်းအလုပ်က ခြေကုန်လက်ပန်းကျဖို့ မလုံလောက်သည့်အလား၊ ညဖက်တွင် ကျွန်မတို့၏ စိတ်ဓါတ်များကို ချိုးဖျက်ရန် ရည်ရွယ်သည့် နိုင်ငံရေးဆိုင်ရာ ဦးနှောက်ကျင်းခြင်း တစ်မျိုးကို အတင်းအကျပ် ပါဝင်ဆင်နွှဲခိုင်းသည်၊ ၎င်းတွင် ကျွန်မတို့ကို အကျဉ်းထောင်၏ စည်းမျဉ်းများ၊ ဥပဒေသများ၊ မတ်ခ်စ်လီနင်ဝါဒ နှင့် မော်စီတုန်းအတွေးများကို လေ့လာစေသည်။ ထောင်အရာရှိများက သူတို့၏ဘုရားမဲ့ဝါဒ ရယ်ဖွယ်ကောင်းမှုများ စဉ်းစားရန်တင်ပြသည်ကို ကြားတိုင်း၊ ကျွန်မ အော်ဂလီဆန်ကာ၊ သူတို့၏ စက်ဆုပ်ဖွယ်ကောင်းသော အရှက်မဲ့သည့် နည်းလမ်းများကို မုန်းတီးခြင်းသက်သက်ကို ခံစားရသည်။ ကျွန်မ ထောင်ထဲတွင်ရှိသည့် တစ်ချိန်လုံး၊ နှစ်ခြိုက်စွာ အိပ်ပျော်သည့်ည တစ်ညမျှ မရှိခဲ့ပါ- ကျွန်မတို့သည် ထောင်စောင့်များ၏ လေချွန်သံကြောင့် ညလယ်ခေါင် အိပ်စက်နေရာမှ မကြာခဏ အထိတ်တလန့် နိုးထရလေသည်။ သူတို့က ကျွန်မတို့ကို ထခိုင်းပြီး၊ လူသွားစင်္ကြန်တွင် အကြောင်းမရှိ မတ်တပ်ရပ်ခိုင်းသည် သို့မဟုတ် အာလူးများ၊ ပြောင်းဖူးနှင့် တိရစ္ဆာန်အစာများကို တရွတ်တိုက်ဆွဲသည့် အလုပ်များကို ခိုင်းလေသည်။ အိတ်တစ်အိတ်ချင်းစီသည် ၅၀ ကီလိုဂရမ်ကျော် လေးသည်။ ဆောင်းညများအလယ်တွင် ကျွန်မတို့က တဝေါဝေါ တိုက်နေသည့် အရိုးထဲအထိ ချမ်းစိမ့်သည့် လေများကို ရင်ဆိုင်တွန်းလှန်ခဲ့ရသည်။ ကျွန်မတို့ လမ်းတစ်လျှောက်လုံး ခြေတစ်လှမ်းချင်း တဖြည်းဖြည်းရွေ့ပြီး ထော့နင်းထော့နင်းဖြင့် သွားခဲ့သည်၊ တစ်ခါတစ်ရံတွင် ကျွန်မတို့ ဝန်ထုပ်၏ အလေးချိန် အောက်တွင်ပင် ပြိုကျခဲ့ကြသည်။ မကြာခဏဆိုသကဲ့သို့၊ နံနက် နှစ်နာရီ သို့မဟုတ် သုံးနာရီတွင် ခြေကုန်လက်ပန်းကျပြီး မျက်ရည်လည်ရွှဲဖြင့် ကျွန်မ၏ ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို ကျွန်မ၏အကျဉ်းခန်းသို့ တရွတ်တိုက် ဆွဲလာခဲ့ရသည်။ ထိုသို့သော ညမျိုးတွင် ပင်ပန်းနွမ်းလျမှု၊ ချမ်းအေးခြင်းနှင့် ဒေါသတို့ ပေါင်းစပ်မှု တစ်ခုက ကျွန်မ ပြန်အိပ်ဖို့ကို ဟန့်တားခဲ့လေသည်။ ထောင်ဒဏ် သုံးနှစ်ကို သည်းခံဖို့ ရှိသေးကြောင်း ကျွန်မ တွေးမိသည့်အချိန်တိုင်း၊ လုံးလုံး မျှော်လင့်ချက် ပျက်သုဉ်းခြင်း အခြေအနေကိုပင် ကျရောက်ကာ၊ ကျွန်မ၏ တစ်ကိုယ်လုံးသည် ခြေကုန်လက်ပမ်းကျခြင်းဖြင့် အကြောသေခဲ့သည်ဟု ခံစားရသည်။ ဘုရားသခင်သည် ကျွန်မ၏ ဆင်းရဲဒုက္ခကို ကောင်းစွာ သတိပြုမိလေသည်၊ ပြီးလျှင် ကျွန်မ၏ အားအနည်းဆုံးအချိန်တွင်၊ သူက သူ့နှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ကျွန်မ သတိရစေရန် လမ်းပြတော်မူခဲ့သည်၊ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏ နာကျင်ထိခိုက်ပြီး ဒုက္ခ ခံစားနေသည့် နှလုံးသားကို နက်ရှိုင်းသော နှစ်သိမ့်မှုတစ်ခု ဖြစ်ခဲ့ပြီး၊ သူ၏ အလိုတော်အား နားလည်သဘောပေါက်စေခဲ့သည်။ ကျွန်မ ယခုရောက်ရှိနေသည့် အခြေအနေမှာ စစ်မှန်သည့် စစ်ဆေးခြင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခအလယ်တွင် ကျွန်မက သူ့ကို ဆက်ပြီး သစ္စာရှိမရှိနှင့် ကျွန်မက သူ့ကို အမှန်တကယ် ချစ်မချစ်တို့ကို ဘုရားသခင်က တွေ့မြင်လိုခဲ့သည်။ ထောင်ထဲတွင် သုံးနှစ်တာသည် အလွန်ကြာမြင့်သည့် အချိန်တစ်ခုဖြစ်သော်လည်း၊ ကျွန်မကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကျွန်မကို အားပေးဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတကြောင့်၊ ကျွန်မ တစ်ယောက်တည်း မဟုတ်ကြောင်း သိခဲ့ရသည်။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခအားလုံးတို့ကို သည်းခံဖို့နှင့် စာတန်ကို အောင်မြင်ကျော်လွှားဖို့ ဘုရားသခင်ကို ကျွန်မ အားကိုးမည်။ ကျွန်မ ကြောက်ရွံ့တတ်လာဖို့ မိမိကိုယ်ကို ခွင့်မပြုနိုင်ပါ။

တရုတ်ကွန်မြူနစ်ပါတီ၏ အမှောင်နှင့် ဆိုးယုတ်မှုတို့သည် သူတို့ကြီးကြပ်သည့် ဤအကျဉ်းထောင်၏ ရှုထောင့်တိုင်းတွင် သိသာထင်ရှားသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မနှင့် အမြဲတမ်းရှိခဲ့သည်။ တစ်ခါတွင် ထောင်စောင့် တစ်ယောက်က တူအိတ်ကြီးတစ်အိတ်ကို ငါးလွှာသို့ သယ်ယူသွားရန် ကျွန်မကို အမိန့်ပေးခဲ့သည်။ လှေကားထစ်များသည် ရေခဲများ ဖုံးနေသဖြင့် အိတ်၏ အလေးချိန်ကြောင့် ကျွန်မ အလွန်ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ရသည်။ သို့သော်လည်း အစောင့်က ကျွန်မကို မြန်မြန်လုပ်ရန် ဆက်တိုက်ပြောနေပြီး၊ ကျွန်မ၏ တာဝန်ကို မပြီးဆုံးပါက၊ ကျွန်မ ဆိုးရွားစွာ အရိုက်ခံရမည်ကို ကြောက်လျက်၊ ကျွန်မသည် စိုးရိမ်ကြောင့်ကြလာပြီး အလျင်စလိုလုပ်ရာတွင် ချော်လဲသွားခဲ့သည်၊ လှေကားထစ်များမှ ကျွန်မပြုတ်ကျပြီး၊ ကျွန်မ၏ ခြေဖနောင့် အရိုးကျိုးသွားခဲ့သည်။ ကျွန်မ၏ ခြေထောက်ကို မလှုပ်နိုင်ဘဲ၊ အရိုးကျိုးခြင်းမှ ထိုးကျင့်နေသည့် နာကျင်မှုကြောင့် ချွေးစေးများ ထွက်ကာ၊ ကျွန်မက ကြမ်းပြင်ပေါ်တွင် ကို့ရိုးကားယား လဲနေသည်။ သို့သော်လည်း အစောင့်က ကျွန်မကို တစ်စက်မျှ စိတ်ဝင်စားမှု မပြခဲ့ဘဲ၊ သူက ကျွန်မ ဟန်ဆောင်နေသည်ဟု ပြောပြီး၊ ကျွန်မကို မတ်တပ်ထကာ၊ အလုပ်ဆက်လုပ်ရန် အမိန့် ပေးခဲ့သော်လည်း၊ ကျွန်မမှာ ခန္ဓာကိုယ်က မရပ်နိုင်ခဲ့ပါ။ ကျွန်မကဲ့သို့ပင် ထိုအကျဉ်းထောင် တစ်ခုတည်းတွင် ထောင်ကျနေခဲ့သည့် အသင်းတော်မှ ညီအစ်မတစ်ယောက်က ဖြစ်ပျက်သည့်အရာကို မြင်ခဲ့ပြီး၊ ကျွန်မကို ချက်ခြင်း အကျဉ်းထောင်ဆေးခန်းသို့ သယ်ဆောင်သွားခဲ့သည်။ ဆေးခန်းတွင် တာဝန်ကျဆရာဝန်က ကျွန်မ၏ ခြေထောက်ကို အလွယ်တကူသာ ပတ်တီးစီးပေးပြီး၊ စျေးပေါသည့် ဆေးလုံးအနည်းငယ် ပေးခဲ့ကာ၊ ကျွန်မကို ပြန်လွှတ်လိုက်သည်။ ကျွန်မ၏ အလုပ် ခွဲတမ်းပမာဏကို မလုပ်နိုင်မည်ကို စိုးပြီး၊ ထောင်စောင့်က ကျွန်မကို မည်သည့်ကုသမှုမျှ ခွင့်မပြုခဲ့သောကြောင့် ကျွန်မမှာ ကျွန်မ၏ ခြေကျိုးဖြင့်ပင် အလုပ်ဆက်လုပ်ခဲ့ရသည်။ ကျွန်မတို့ အလုပ်လုပ်သည့်အခါတိုင်း၊ ထိုညီအစ်မက ထိုနေရာသို့ ကျွန်မကို သူမ၏ကျောပေါ် ချီသွားသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်မတို့ စိတ်နှလုံးများကို နှောင်ဖွဲ့ခဲ့သောကြောင့်၊ သူမက အခွင့်အရေးရတိုင်း၊ ကျွန်မကို အားပေးရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မနှင့် မိတ်သဟာယပြုခဲ့သည်။ ဤသည်မှာ ကျွန်မ၏ အနိမ့်ကျဆုံးနှင့် အခက်ခဲဆုံးအချိန်တွင် ကျွန်မအတွက် ကြီးစွာသောနှစ်သိမ့်မှုတစ်ခု ဖြစ်ခဲ့သည်။ ထိုကာလအတွင်းတွင် ကျွန်မ အလွန်နာကျင်ပြီး အားနည်းလွန်း၍ မထနိုင်သည့်အပြင်၊ အသက်ရှုဖို့ပင် အင်အားမရှိသည့် အကြိမ်မည်မျှ ရှိမှန်းပင် ကျွန်မ မသိပါ၊ ပြီးလျှင် ကျွန်မသည် အကြိမ်ပေါင်းများစွာ စောင်ထဲတွင် ပုန်းပြီး၊ ဘုရားသခင်ထံသို့ မျက်ရည်စက်လက်ဖြင့် ဆုတောင်းခဲ့သည်၊ သို့သော်လည်း ဤဓမ္မသီချင်းနှစ်ပုဒ်က ကျွန်မကို အမြဲတမ်း အားပေးမှုနှင့် ဖြေသိမ့်မှုတို့ ပေးခဲ့ပါသည်။ “သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို လက်ခံနိုင်ပြီး၊ ထို့အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံနိုင်သည်၊ ခေတ်ကာလများမတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ရပြီး၊ ထို့ကြောင့် သင်သည် ပြစ်တင်ဆုံးမခံရသည့်အခါ လွန်စွာစိတ်သောကမရောက်ရ။ သင်တို့အထဲ၌ ပြုပြီးသော အမှုနှင့် သင်တို့အပေါ် အပ်နှင်းပြီးသည့် ကောင်းချီးမင်္ဂလာများကို မည်သူမျှ ယူဆောင်မသွားနိုင်သကဲ့သို့၊ သင်တို့အား ပေးထားပြီးဖြစ်သော အရာအားလုံးကို မည်သူမျှ ယူဆောင်မသွားနိုင်ပေ။ ဘာသာတရားနှင့်ဆိုင်သည့် လူများသည် သင်တို့နှင့် ယှဉ်ခွင့်မရှိကြပေ။ သင်တို့သည် သမ္မာကျမ်းစာ အလွန် နှံ့စပ်ကျွမ်းကျင်မှုကို မပိုင်ဆိုင်ကြသကဲ့သို့၊ ဘာသာရေး အယူအဆဖြင့် မပြင်ဆင်ထားကြသော်လည်း၊ ဘုရားသခင်သည် သင်တို့အတွင်း၌ အမှုပြုပြီးဖြစ်သောကြောင့်၊ သင်တို့သည် ခေတ်ကာလတစ်လျှောက် မည်သူမဆိုထက် သာ၍ ရရှိကြပြီးဖြစ်သည်- ထို့ကြောင့် ဤသည်မှာ သင်တို့၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရား၏အလိုတော်ကို သင်မပျက်ပြားစေနိုင်ကျူး”) “နိုင်ငံတော်သို့ သွားရာလမ်း အနိမ့်အမြင့်များလှတယ် သေခြင်းနှင့် အသက်ရှင်ခြင်း မျက်ရည်များနှင့် ညှင်းပန်းခြင်းကြား ကျွန်ုပ် မျောနေ ဘုရားရဲ့ ကွယ်ကာခြင်းမပါဘဲ ယနေ့အထိ ဘယ်သူ အသက်ရှင်နိုင်သလဲ။ နောက်ဆုံးသောကာလတွင် ငါတို့ အသက်ရှင်ရန် သူစီမံခဲ့ ခရစ်တော်နောက်လိုက်တာ မင်္ဂလာပါ ဘုရား လူအဖြစ်ခံယူရန် မိမိကိုယ်ကို နှိမ့်ချ အရှက်ကွဲခံခဲ့သည်။ ကျွန်ုပ်သည် ဘုရားကိုမချစ်လျှင် ဘယ်လိုလူသားလဲ။...ဘုရားအား ကျွန်ုပ်ချစ်သောကြောင့် သူ့နောက်လိုက်ခြင်း၊ သူ့အတွက် သက်သေခံခြင်းကို နောင်တရမည် မဟုတ်။ ကျွန်ုပ်အားနည်းပြီး အဆိုးမြင် သော်လည်း ဘုရားကိုချစ်မြဲ ကျွန်ုပ်ဒုက္ခခံလျက်၊ သူ့ကို ချစ်မြတ်နိုး သူ့ကို ဘယ်တော့မှ စိတ်မပျက်စေရပါ စမ်းသပ်မှုများ၌ ခံစားရမှုများသည် မီးတွင် ရွှေစစ်သကဲ့သို့ဖြစ်ပေ ကျွန်ုပ်နှလုံးသား ရွှေလို စစ်ကြောခံရ ဘာကြောင့် ကျွန်ုပ်နှလုံး သားကို သူ့အား မပေးနိုင်လဲ ကောင်းကင်သို့ သွားရာလမ်းသည် ကြမ်းတမ်းပြီး မျက်ရည်များစွာ ရှိမည်ဖြစ်လည်း ကျွန်ုပ် နောင်တစိတ်တွေ မရှိဘဲ ဘုရားကိုချစ်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နောင်တ မရှိဘဲ ဘုရားကိုချစ်ခြင်း သီချင်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့က ကျွန်မကို မျှော်လင့်ချက်ကင်းမဲ့ခြင်း ဇောက်ထဲမှ ကယ်တင်ခဲ့ပြီး၊ မကြာခဏဆိုသကဲ့သို့ပင် ဆက်ပြီး အသက်ရှင်နေဖို့ သတ္တိပေးခဲ့သည်။ ဤအေးစက်၊ မှောင်မိုက်သော၊ ကမ္ဘာမြေပေါ်မှ ငရဲတွင် ဘုရားသခင့် ချစ်ခြင်းမေတ္တာ၏ နွေးထွေးမှုနှင့် ကွယ်ကာမှုတို့ကို ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်၊ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ ပြန်လည်ပေးဆပ်နိုင်ဖို့ အသက်ဆက်ရှင်သန်နေရန် သန္နိဌာန်ချခဲ့သည်။ ကျွန်မ မည်မျှ ကြီးမားစွာ ဒုက္ခခံစားရပါစေ၊ ကျွန်မ ရှေ့ဆက်ရမည်၊ ကျွန်မမှာ ထွက်သက်တစ်ခုသာ ကျန်လျှင်ပင်၊ ကျွန်မသည် ဘုရားသခင်ကို ဆက်သစ္စာရှိရပါမည်။ ထောင်ထဲတွင် နေခဲ့ရသည့် ကျွန်မ၏ သုံးနှစ်တာတွင် ကျွန်မ၏ ညီအစ်မက လက်ရေးဖြင့် ရေးသားထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာမျက်နှာအချို့ကို ပေးသည့်အချိန်တွင် ကျွန်မ အနက်ရှိုင်းဆုံး တို့ထိခံခဲ့ရသည်။ ၎င်းမှာ ဖော့တ်နော့စ်ဆိုသည့် ရွှေထားသိုရာ အဆောက်အဦးထက် ပို၍ တင်းကျပ်သည့် ဥပဒေသတ်မှတ်ထားသည့် နတ်ဆိုးတို့ ဦးစီးသော အကျဉ်းထောင်တစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နိုင်ခြင်းသည် ဘုရားသခင်က ကျွန်မကို ပြနေသည့် ကြီးမားသည့် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့၏ သက်သေအထောက်အထား အစစ်အမှန် ဖြစ်ပါသည်။ ထိုအခက်ခဲဆုံး ကာလများတွင် သည်းခံနိုင်ရန် ခွင့်ပေးလျက်၊ ကျွန်မကို အားပေးပြီး လမ်းပြခဲ့သည်မှာ ဤဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည်။

၂၀၀၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျွန်မ၏ ထောင်ဒဏ် အဆုံးသတ်ခဲ့ပြီး၊ နောက်ဆုံးတွင် ထောင်၏ အမှောင်ရက်များကို ကျွန်မ နောက်ချန်ထားခဲ့နိုင်ပြီ။ ကျွန်မ ထောင်ထဲမှ ထွက်လာရင်း အသက်ပြင်းပြင်းတစ်ချက်ကို ရှုလိုက်ပြီး၊ ကျွန်မ၏ ထောင်ဒဏ် သက်တမ်းတစ်လျှောက် ရှင်သန်စေခဲ့သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုတို့အတွက် ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် အတွေ့အကြုံဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အဖမ်းခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုခံရခြင်းတို့ကြောင့်၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးယုတ်မှုတို့သည် မည်သည့်အရာဖြစ်ကြောင်း၊ ကောင်းမြတ်ခြင်းနှင့် စဉ်းလဲခြင်းတို့က မည်သည့်အရာ ဖြစ်ကြောင်းနှင့် အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့သည် မည်သည့်အရာဖြစ်ကြောင်းတို့ကို ယခု ကျွန်မ သိခဲ့ရသည်။ ရှာဖွေလိုက်စားဖို့ မည်သည့်အရာအတွက် အရာအားလုံးကို စွန့်လွှတ်ရမည်ဆိုသည်နှင့်၊ မည်သည့်အရာကို အမုန်းတရားနှင့် ကျိန်ဆဲခြင်းတို့ဖြင့် ငြင်းပယ်ရမည်ဆိုသည်တို့ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့သည်။ ဤအတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ ကိုယ်ပိုင် အသက်ဖြစ်ပြီး၊ လူသား၏ အသက်တာနောက်ကွယ်တွင် တွန်းအားပေးသော လှုံ့ဆော်မှုဖြစ်နိုင်သည့် သဘာဝလွန် တန်ခိုးများဖြင့် ရင်းနှီးမြုပ်နှံထားကြောင်းတို့ကို ကျွန်မ အမှန်တကယ် သိလာရသည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သမျှ ကာလပတ်လုံး၊ သူသည် စာတန်၏ စွမ်းအားများအားလုံးကို အောင်မြင်ကျော်လွှားနိုင်စွမ်းရှိပြီး၊ ဘေးဖြစ်စေတတ်သော အခြေအနေများအားလုံးတွင်ပင် အောင်မြင်နိုင်ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အရှေ့သို့- ၈၄။ မချိုးနှိမ်နိုင်သော ယုံကြည်ခြင်း

နောက်တစ်ခုသို့- ၈၆။ စီစီပီထောင်ထဲ၌ ရှိသော နေ့စဥ်ရက်ဆက်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်