ဝတ္တရားရှိသော တာဝန်တစ်ခု

30.09.2022

ဂလတာ ဖိလစ်ပိုင်နိုင်ငံ

၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက စုဝေးပွဲတွေ ခဏခဏ တက်ပြီး ကျွန်မ နားမလည်တဲ့ ဘယ်ဟာကိုမဆို ညီအစ်ကိုမောင်နှမတွေကို မေးတယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မနားလည်မှုကိုလည်း တက်တက်ကြွကြွ မိတ်သဟာယဖွဲ့ပြီး သူများတွေကိုလည်း မိတ်သဟာယဖွဲ့ဖို့ အားပေးတယ်။ တစ်ခါတော့ အဖွဲ့ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ “အစ်မက စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တာ အရမ်းကောင်းတယ်။ ကောင်းကောင်းနားလည်တယ်။ စုဝေးပွဲတွေကို အစ်မ ဦးဆောင်ပေးချင်စိတ်ရှိလား” တဲ့။ ကျွန်မ မယုံနိုင်ဘူး။ သူက ကျွန်မကို စုဝေးပွဲတွေကို ဦးဆောင်ပေးစေချင်တယ်တဲ့လား။ ကျွန်မက ဒါကို မျှော်လင့်နေတာ တော်တော်ကြာပြီ။ သခင့်ကို ကျွန်မယုံကြည်တဲ့အချိန်မှာ လှည့်လည်တရားဟောရတဲ့သူတွေကို ကျွန်မ အမြဲတမ်း အားကျခဲ့တယ်။ သင်းအုပ်ဆရာတောင် ဖြစ်ချင်တာ။ ဒါဆိုရင် တစ်နေ့မှာ သူတို့လိုမျိုး စင်ပေါ်မှာရပ်ပြီး တရားဒေသနာတွေ ဟောကြားနိုင်တယ်။ သူများတွေက လေးစားတာ၊ ချီးကျူးတာတွေကို ရနိုင်တယ်ပေါ့။ ကျွန်မအိပ်မက်က နောက်ဆုံးမှာ တကယ်ဖြစ်လာတာကို မယုံနိုင်ဘူး။ ကျွန်မနဲ့အတူ စုဝေးကြတဲ့သူတွေထဲမှာ ဦးဆောင်သူအဖြစ် အရွေးခံရတာက ကျွန်မပဲရှိတယ်။ ဒါ ကျွန်မက လူတိုင်းထက်သာတယ်ဆိုတဲ့သဘောပဲလို့ ခံစားမိခဲ့တယ်။ ကျွန်မ အရမ်းကံကောင်းတယ်လို့ ခံစားမိပြီး နည်းနည်းလေးမှ မတွန့်ဆုတ်ဘဲ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို ကြိုပြီး စီစဉ်ဖို့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ပေါ်လာတာနဲ့ ဖြေရှင်းပေးဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ မဖြေရှင်းပေးနိုင်ရင် အဖွဲ့ခေါင်းဆောင်ကို ကျွန်မ အကူအညီတောင်းတယ်။ အဲဒီနောက် အချိန်နည်းနည်းကြာတော့ အဖွဲ့ခေါင်းဆောင်က ကျွန်မက ဦးဆောင်တာ ကောင်းတယ်၊ ကျွန်မအပေါ် ယုံကြည်မှုပိုရှိလာတယ်ဆိုပြီး ပြောတယ်။ ကျွန်မ အရမ်းကို ဂုဏ်ယူမိတယ်။ နောက်ပိုင်းမှာ အလုပ်က တောင်းဆိုလာတာတွေကြောင့် အသင်းတော်ခေါင်းဆောင် အစ်မအိုင်ဗီက ကျွန်မကို ဧဝံဂေလိမျှဝေတာကို လေ့ကျင့်ဖို့ တာဝန်ချပေးတယ်။ ကျွန်မရဲ့ အဓိကတာဝန်က လူတွေကို တရားဒေသနာနားထောင်အောင် ဖိတ်ပေးဖို့ပဲ။ ဧဝံဂေလိမျှဝေသူရဲ့ အဆင့်အတန်းက ဦးဆောင်သူထက် ပိုနိမ့်တယ်လို့ ကျွန်မ ခံစားရလို့ ဒါကို လက်မခံနိုင်ဘူး။ ဦးဆောင်သူတွေက ခေါင်းဆောင်တွေအဖြစ် အထင်ခံရတယ်။ ဒီရာထူးကြောင့် ကျွန်မက သူများတွေကို ဦးဆောင်ရပြီး လူအလေးစားခံရတယ်။ လူတွေကို တရားဒေသနာနားထောင်အောင် ဖိတ်တာကျတော့ နောက်ကွယ်က အလုပ်ဖြစ်ပြီး သူများတွေက သတိထားမိမှာမဟုတ်ဘူး။ ကျွန်မ ကိုယ့်ဘာသာ စောဒကတက်လိုက်တယ်။ “ငါက ဘာလို့ ဒီအလုပ်ကို တာဝန်ပေးခံရတာလဲ။ ငါ့အရည်အချင်းက မလုံလောက်ဘူးလား” ပေါ့။ ကျွန်မက နားကိုမလည်ဘူး။ ခေါင်းဆောင်က ကျွန်မကို အထင်သေးတယ်လို့ယုံကြည်ပြီး သူ့ကိုတောင် ကျွန်မ အမြင်စောင်းလာတယ်။ ဧဝံဂေလိမျှဝေတာက ဘုရားသခင်ရဲ့ စေခိုင်းချက်ဖြစ်ပြီး လူတိုင်းထမ်းဆောင်သင့်တဲ့တာဝန်ဖြစ်ကြောင်းကို သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ အဲဒီအခါကျမှ ကျွန်မက မကျေမနပ်နဲ့ နာခံလိုက်တယ်။ ဒါပေမဲ့ ကျွန်မက ဧဝံဂေလိမျှဝေနေတုန်းမှာ စိတ်မပါဘဲ စုဝေးပွဲတွေကို ဦးဆောင်ရတာကိုပဲ အမြဲတမ်း ပြန်လုပ်ချင်နေတယ်။ ဧဝံဂေလိမျှဝေတာက ကျွန်မအတွက် သင့်တော်တဲ့အလုပ်မဟုတ်ဘူး၊ စုဝေးပွဲဦးဆောင်သူအဖြစ် ပိုပြီးတော့ ကောင်းကောင်းလုပ်နိုင်တယ်လို့တောင် ထင်ခဲ့တယ်။

ဒါပေမဲ့ ကျွန်မ အံ့သြသွားရတာက တစ်နေ့မှာ အထက်ပိုင်းအဆင့်ရှိတဲ့ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ “ကျွန်မမှာ သတင်းကောင်းရှိတယ်။ အစ်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရတယ်” တဲ့။ ကျွန်မ အရမ်း အံ့အားသင့်သွားတယ်။ ကျွန်မက သမ္မာတရားကို နားမလည်သေးဘူး။ ဒီလိုအရေးကြီးတဲ့တာဝန်ကို ဘယ်လိုယူနိုင်မှာလဲ။ ဒါပေမဲ့ ဒါ ဘုရားသခင်ရဲ့ ချီးမြှောက်မှုဆိုတာ ကျွန်မသိတယ်။ အဲဒါနဲ့ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ ကျွန်မက ဧဝံဂေလိအလုပ်အတွက် အဓိကတာဝန်ယူရမယ်တဲ့။ “ဧဝံဂေလိအလုပ်”လို့ ကျွန်မကြားလိုက်တာနဲ့ ကျွန်မ ပထမဆုံး တွေးမိတာက ဒါက သိပ်အရေးမကြီးတဲ့တာဝန်ပဲ ပေါ့။ ဒါက သမ္မာတရားကို ရှာဖွေသူတွေကို မိတ်သဟာယဖွဲ့တာပဲ ပါတယ်။ ကျွန်မကို လူသိများလာအောင် ကူညီပေးမှာမဟုတ်ဘူး။ ကျွန်မ စိတ်ထဲကနေ နောက်တစ်ခါ စောဒကတက်ပြီး အတိုက်အခံဖြစ်လာပြန်တယ်။ ဧဝံဂေလိအလုပ်ကို ဦးမဆောင်ချင်ဘူးလေ။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတုန်းမှာ ကျွန်မက စုဝေးပွဲတွေကို ဦးဆောင်တာကိုပဲ အာရုံစိုက်ပြီး ဧဝံဂေလိအလုပ်ကို သိပ်အရေးမစိုက်ဘူး။ အထက်ခေါင်းဆောင်က ဧဝံဂေလိအလုပ်အကြောင်းမေးတဲ့အခါ ကျွန်မက ကောင်းကောင်းနားမလည်ဘူး။ ဘာမှမပြောစရာမရှိဘူး။ ဧဝံဂေလိအလုပ်မှာ အသင်းတော်က ရလဒ်ကောင်းတွေမရနေတာ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိအလုပ်ကို ဘယ်လိုမျှဝေရမှန်းမသိတာတွေရဲ့ အကြောင်းပြချက်က ကျွန်မရဲ့ လျစ်လျူရှုမှုကြောင့်ဆိုတာ ကျွန်မသိတယ်။ ကျွန်မ တော်တော်စိတ်ညစ်မိတယ်။ နောက်ပိုင်းမှာ ကျွန်မအခြေအနေအကြောင်းကို ခေါင်းဆောင်တွေကို ဖွင့်ပြောပြီး သူတို့က မိတ်သဟာယဖွဲ့တယ်။ အခြေအနေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်မနဲ့ ဆွေးနွေးတယ်။ ဧဝံဂေလိအလုပ်ကို ရှေ့ဆက်ဖို့ ပိုပြီးအာရုံစိုက်ဖို့ကိုလည်း သူတို့က ကျွန်မကို ပြောတယ်။ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားရတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဧဝံဂေလိအလုပ်မှာ ကျွန်မ တာဝန်ခံယူသင့်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်ကိုယူဖို့ ပျက်ကွက်ခဲ့ပြီး ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်မှာ မကောင်းတဲ့ရလဒ်တွေရလာတယ်။ ဒါတွေအားလုံးကို ကျွန်မ သဘောပေါက်တော့ စိတ်ညစ်မိတယ်။

စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်သွားစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်၏တာဝန်အပေါ်တွင် သင်ရှိသင့်သည့်၊ မှန်ကန်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီသည်ဟုဆိုနိုင်သည့် သဘောထားသည် အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မရချေ— သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤအရာကို သင်ပိုင်းခြားစိစစ်ခြင်း ပြုလုပ်၍မရပေ။ ဘုရားသခင်ထံမှ ဤအရာကို လက်ခံသင့်သည်။ ဤသည်မှာ သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ သင်သည် ‘ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ဤတာဝန်ကို ငါ့အားပေးသည်။ ဤတာဝန်သည် ငါ့ကိုမထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရစေသည်။ ဤသည်မှာ မျှတခြင်းမရှိပေ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာ၀န်ကို ငြင်းပယ်ခြင်းဖြစ်သည်။ သင့်ပုန်ကန်တတ်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် ယင်းကို သင်မဆန်းစစ်ရသကဲ့သို့ သင့်ကိုမည်သူက အလုပ်ပေးသည်ကို မစဉ်းစားရ။ ယင်းအစား ဘုရားသခင်ထံမှလာသော တာဝန်တစ်ခုအနေဖြင့်၊ ဘုရားသခင်က သင့်အား အပ်နှံသည့်အနေဖြင့် လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ နာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ ပိုအရေးကြီးတဲ့၊ ဒါမှမဟုတ် သိပ်အရေးမကြီးတဲ့တာဝန်တွေမရှိဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ ဘုရားအိမ်တော်မှာ ဘာအလုပ်ကိုပဲလုပ်ပါစေ ကျွန်မတို့အားလုံးက ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်နေကြတာပဲ။ ပိုအရေးကြီးတဲ့၊ ဒါမှမဟုတ် သိပ်အရေးမကြီးတဲ့တာဝန်တွေကြားကို မခွဲခြားသင့်ဘူး။ ဒါတွေက လူတစ်ယောက်ယောက်ဆီက လာတယ်လို့ မမြင်သင့်ဘူး။ ဘာကြောင့်လဲဆိုရင် ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကနေ လာပြီး ကျွန်မတို့ထမ်းဆောင်သင့်တဲ့ တာဝန်တွေပဲ။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင်းနဲ့ ကျွန်မက ကိုယ်ကြိုက်နှစ်သက်တာတွေကို အမြဲတမ်း ဦးစားပေးတာ၊ ထင်ပေါ်စေတဲ့အလုပ်တွေကိုပဲ ရွေးပြီး အသင်းတော်ရဲ့ အစီအစဉ်တွေကို မနာခံတာကို မြင်ခဲ့ပါတယ်။ တာဝန်တစ်ခုက ကျွန်မအကြိုက်နဲ့မညီဘဲ ထင်ပေါ်အောင် လုပ်မပေးတဲ့အခါတိုင်းမှာ ကျွန်မက လက်မခံဘူး။ စိတ်ထဲကနေ အတိုက်အခံလုပ်ပြီး စောဒကတက်တယ်။ ခေါင်းဆောင်က ကျွန်မကို စုဝေးပွဲတွေကို ဦးဆောင်ဖို့ တာဝန်ပေးတော့ ကျွန်မက ဒီအလုပ်ကို ကြိုက်တော့ ကျွန်မဆန္ဒကို ဖြည့်ဆည်းပေးပြီး လူအလေးစားခံရအောင်လုပ်ပေးတော့ ကျွန်မက ပျော်ပြီး ဒီတာဝန်မှာ အလုပ်ကြိုးစားတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မကို ဧဝံဂေလိမျှဝေဖို့ တာဝန်ပေးတဲ့အခါမှာ ဒီတာဝန်က ကျွန်မကို မထင်ပေါ်စေတာကြောင့် ကျွန်မက သူ့ကို မနာလိုဖြစ်ခဲ့တယ်။ သူက ကျွန်မကို အထင်သေးတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မက စိတ်ပျက်ပြီး ဝမ်းနည်းတယ်။ သူ့ကိုတောင် အမြင်စောင်းခဲ့တယ်။ ကျွန်မက ကိုယ်ယူရတဲ့တာဝန်တွေကို ကြေးများတယ်။ ဘုရားသခင်ဆီကလာတယ်လို့ လက်မခံခဲ့ဘူး။ အမှန်တကယ် မနာခံခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်မှာ မှားနေတဲ့အယူအဆရှိတာကြောင့် ဧဝံဂေလိအလုပ်မှာ ဝတ်ကျေတန်းကျေလုပ်ပြီး သိပ်အာရုံမစိုက်ခဲ့ဘူး။ ရလဒ်အနေနဲ့ မကောင်းတဲ့ရလဒ်တွေရပြီး ဧဝံဂေလိအလုပ်က တိုက်ရိုက်နှောင့်နှေးသွားတယ်။ ကျွန်မနည်းလမ်းတွေရဲ့အမှားကို ကျွန်မ သဘောပေါက်သွားတယ်။ ဘယ်တာဝန်ကိုပဲ ကျွန်မကို ချပေးပါစေ၊ ကျွန်မက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အသင်းတော်အလုပ်အတွက် လိုအပ်သရွေ့ ကျွန်မက နာခံပြီး အစွမ်းကုန်လုပ်သင့်တယ်။ ဒါကို ကျွန်မ အရင်ဆုံး စဉ်းစားသင့်တာ။ ဒါပေမဲ့ ကျွန်မက တာဝန်တွေကို ကိုယ်ကြိုက်နှစ်သက်တာတွေနဲ့ပဲယှဉ်ပြီး စဉ်းစားခဲ့တယ်။ ကျွန်မက တကယ်ကို မနာခံဖြစ်ပြီး သစ္စာမရှိခဲ့တာပဲ။ ကျေးဇူးတော်ပဲ။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခြင်းကတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို သတိထားမိသွားတာ ကျွန်မ တော်တော်ပျောတယ်။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ကျွန်မကို ဘယ်တာဝန်ပဲ ချပေးပါစေ နာခံမယ်ပေါ့။

ကျွန်မ အတွေးတွေကို လျှော့ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မေးတယ်။ တာဝန်တစ်ခုက ကျွန်မ ကြိုက်နှစ်သက်တာတွေ၊ ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီး ကျွန်မကို ထင်ပေါ်စေရင် ကျွန်မက ဘုရားကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျွန်မက တာဝန်ကို မကြိုက်ရင် လုပ်ချင်စိတ်မရှိဘူး၊ စောဒကတက်ပြီး နာခံဖို့တောင်ပျက်ကွက်တာက ဘာလို့လဲ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ အဖြေကို တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းတပ်မက်တာကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ တွေ့ခဲ့တယ်။ သူတို့တွေက သူများတွေထက် အမြဲတမ်းသာချင်ပြီး လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာရချင်တယ်။ အခြေအနေက ဘယ်လိုပဲဖြစ်စေ သူတို့အမြဲတမ်း အရင်ဆုံး စဉ်းစားတာက သူများတွေက လေးစားတာ၊ ချီးကျူးတာကို သူတို့ရနိုင်၊ မရနိုင်ဆိုတာပဲ။ သာမန်လူတွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မရတဲ့အခါမှာ နည်းနည်း စိတ်ဓာတ်ကျနိုင်တယ်။ ဒါပေမဲ့ အန္တိခရစ်တွေအတွက်ကျတော့ တကယ်ကို အလုပ်မလုပ်နိုင်တော့ဘဲ အရမ်းကို ညှင်းပန်းခံရတယ်လို့ မြင်ကြတယ်။ ဆက်ပြီး အသက်မရှိနိုင်လောက်တော့တဲ့အထိပေါ့။ အန္တိခရစ်တွေအတွက်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းက သူတို့ရဲ့ အသက်သွေးကြောပဲ။ ကျွန်မလည်း ဒီလို စိတ်သဘောထားရှိတာပဲ။ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ သူများတွေ ချီးမွမ်းတာကို အမြဲတမ်းရချင်တယ်။ ညီအစ်ကိုမောင်နှမတွေကြားမှာ ကျွန်မက ကျွန်မမိဘတွေရဲ့ အချစ်ဆုံးဖြစ်ချင်ခဲ့တယ်။ သူငယ်ချင်းတွေကြားမှာ လူသိအများဆုံး ဖြစ်ချင်တယ်။ ကျောင်းမှာ ဆရာ၊ ဆရာမတွေက ထောက်ခံတာကို ရချင်တယ်။ သခင့်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ တရားဟောဆရာတွေလို ဖြစ်ချင်တယ်။ လူအုပ်စုရှေ့မှာ တရားဟောပြီး လူတိုင်းက လေးစားတာကို ရချင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မက ဒါကိုပဲ လိုက်စားနေတုန်းပဲ။ ကျွန်မက စုဝေးပွဲတွေကို ဦးဆောင်တာကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်တယ်၊ သူများတွေ ချီးမွမ်းတာခံရနိုင်တယ်၊ ခေါင်းဆောင်တွေက အထင်ကြီးတာခံရနိုင်တယ်လို့ ထင်တာ။ ဒီတော့ ကျွန်မက စုဝေးပွဲတွေကို ဦးဆောင်ဖို့ တာဝန်ပေးခံရတော့ အရမ်းပျော်သွားတယ်။ လူတိုင်းက လေးစားတာ၊ ချီးမွမ်းတာခံရတဲ့ ခံစားချက်ကို ကြိုက်တယ်။ ဒါပေမဲ့ ဧဝံဂေလိမျှဝေတာက ဘယ်သူမှ သတိထားမိမှာမဟုတ်တဲ့ နောက်ကွယ်က တာဝန်တစ်ခုပဲ။ ကျွန်မကို “ခေါင်းဆောင်” ရာထူးပေးရင်တောင် ကျွန်မက လက်ခံမှာမဟုတ်သေးဘူး။ ဒါက အရေးမကြီးတဲ့အလုပ်လို့ ထင်ပြီးတော့ပေါ့။ ဘယ်အချိန်မှာ စုဝေးပွဲတွေကို ဦးဆောင်တာ ပြန်လုပ်နိုင်မလဲဆိုတာပဲ စဉ်းစားနေတယ်။ ကျွန်မဆန္ဒတွေ မပြည့်တဲ့အခါမှာ ကျွန်မအလုပ်မှာ ဝတ်ကျေတန်းကျေ လုပ်လာတယ်။ ဒါကြောင့်မို့ ဧဝံဂေလိအလုပ်မှာ မကောင်းတဲ့ရလဒ်တွေ ရလာတယ်။ အရင်တုန်းက ကျွန်မတာဝန်မှာ အကောင်းဆုံးလုပ်ချင်တယ်ဆိုတဲ့ ကျွန်မဆုတောင်းချက်တွေအားလုံးက မှန်ကန်ပြီး ရိုးသားတဲ့စကားတွေ မဟုတ်ဘူး။ ကျွန်မက ဘုရားကို လှည့်စားနေခဲ့တာပဲ။ ကျွန်မက ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကို ရဖို့ပဲ တာဝန်ထမ်းဆောင်နေတာပါ။ ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘူး။ ကျွန်မက ကိုယ့်ရဲ့ အန္တိခရစ်စိတ်သဘောထားကို ဖော်ပြနေပြီး ဘုရားသခင်ကို အာခံတဲ့လမ်းကြောင်းကို လျှောက်နေတာ။ ဒါတွေအားလုံးကို သဘောပေါက်သွားပြီးတော့ ကျွန်မ တော်တော် ကြောက်သွားတယ်။ ကျွန်မက ဒီလိုပြင်းထန်တဲ့ အန္တိခရစ်စိတ်သဘောထားနဲ့ ဆက်ပြီး ပြုမူနေရင် ကျွန်မက အန္တိခရစ်လိုပဲ အဆုံးသတ်ပြီး ဘုရားသခင်က ကျိန်ဆဲတာ၊ အပြစ်ဒဏ်ပေးတာကို သေချာပေါက်ခံရမှာပဲ။ ဘယ်လောက်အန္တရာယ်ကြီးလိုက်သလဲ။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင် အရမ်းအန္တရာယ်များတဲ့နေရာကို သမီးရောက်နေပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းနောက်ကိုလိုက်နေပြီး လမ်းမှားကို လိုက်နေပါတယ်။ နောင်တရပြီးတော့ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းအတွက် ဆုတောင်းဖို့ အသင့်ဖြစ်နေပါပြီ” ဆိုပြီးတော့။

ဧဝံဂေလိအလုပ်အပေါ် ကျွန်မရဲ့ အားနည်းချက်ရှိတဲ့ သိနားလည်မှုကို ကူညီပြုပြင်ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို စုဝေးပွဲတစ်ခုမှာ ကျွန်မ ဖတ်လိုက်ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် လူအမျိုးအစားတစ်ခု သို့မဟုတ် လူတစ်စု၏ မွေးရာပါတာဝန် မဟုတ်သည်ကို လူများအားလုံးကို ငါသတိပေးပြီး၊ ၎င်းတို့အားလုံးကို ငါ အသိပေး ထားသည်။ ယင်းက ဘုရားသခင်၏နောက်ကို လိုက်သည့် လူတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ ဤသမ္မာတရားရှုထောင့်ကို လူများ နားလည်အောင် ငါ အဘယ့်ကြောင့် ပြုသင့်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို အဘယ့်ကြောင့် သိဖို့ လိုအပ်သနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဖန်ဆင်းခံ သတ္တဝါတိုင်းနှင့် ဘုရားသခင်၏ နောက်လိုက်တိုင်း လက်ခံရမည့် သာသနာနှင့် မွေးရာပါတာဝန် ဖြစ်သောကြောင့် ဖြစ်သည်။ ဤတာဝန်သည် သင့်ထံရောက်လာပြီး သင့်အား သင့်ကိုယ်သင် အသုံးခံရန်၊ အဖိုးအခပေးဆပ်ရန်၊ သင်၏အသက်ကိုပင် ပေးဆပ်ရန် လိုအပ်လာလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် လုပ်ဆောင်ရန် ဝတ္တရားရှိသောကြောင့် ယင်းကို လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး၊ ယင်းသည် သင်နားလည်သင့်သည့် အရာဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော အယူဝါဒအနည်းငယ်မဟုတ်ပေ။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် ယင်းကို မည်သည့်အရာက သမ္မာတရား ဖြစ်စေသနည်း။ အကြောင်းမှာ အချိန်ကုန်လွန်ခြင်း သို့မဟုတ် ခေတ်ပြောင်းလဲပုံ သို့မဟုတ် ပထဝီအနေအထားနှင့် နေရာပြောင်းလဲပုံတို့ မည်သို့ပင်ဖြစ်ပါစေ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့သည် ထာဝရ အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်လေသည်။ ယင်း၏ အဓိပ္ပာယ်နှင့် ယင်း၏ တန်ဖိုးတို့သည် မပြောင်းလဲပေ။ ယင်းသည် အချိန်ကုန်လွန်ခြင်း သို့မဟုတ် ပထဝီအနေအထားတို့နှင့် မပြောင်းလဲပေ။ ယင်းသည် ထာဝရ တည်ရှိနေပြီး၊ ယင်းသည် ဖန်ဆင်းခံတိုင်း လက်ခံသင်သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤသည်မှာ ထာဝရ သမ္မာတရားဖြစ်သည်။ လူအချို့က ‘ဧဝံဂေလိဖြန့်ဝေခြင်းတာဝန်ကို ငါမထမ်းဆောင်ပါ။’ ဟု ပြောသည်။ ဤသို့ဖြစ်လျှင်ပင် ဧဝံဂေလိဖြန့်ဝေခြင်းသမ္မာတရားသည် လူတို့နားလည်သင့်သည့်အရာတစ်ခုဖြစ်သည်။ ယင်းသည် ရူပါရုံနယ်ပယ်တွင် သမ္မာတရားတစ်ခုဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည်သူအားလုံးက နားလည်ရမည်။ ယင်းသည် ဘုရားသခင်အပေါ် မိမိ၏ယုံကြည်မှုတွင် အရင်းအမြစ်ဖြစ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏အသက်ဝင်ရောက်မှုအတွက် အကျိုးအမြတ်ဖြစ်စေသည်။ ထို့အပြင် သင်၏တာဝန်က မည်သည့်အရာဖြစ်စေ မယုံကြည်သူများနှင့် သင်ရင်ဆိုင်ရခြင်းများရှိမည်။ ထို့ကြောင့် သင့်တွင် ဧဝံဂေလိဖြန့်ဝေရန် တာဝန်တစ်ခုရှိသည်။ ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ပတ်သက်သော သမ္မာတရားကို သင်နားလည်ပြီးသည်နှင့် သင်၏ စိတ်နှလုံးထဲတွင်၊ ‘လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော် အသစ်ကို ဟောကြားခြင်းနှင့် သူ၏အမှုတော်နှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဟောကြားခြင်းသည် ကျွန်ုပ်၏ မွေးရာပါတာဝန် ဖြစ်သည်။ နေရာသို့မဟုတ် အချိန် မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်၏ ရာထူးအဆင့်အတန်း သို့မဟုတ် ကျွန်ုပ်၏ အခန်းကဏ္ဍ သို့မဟုတ် လက်ရှိတွင် ကျွန်ုပ် ထမ်းဆောင်နေသည့် တာဝန် မည်သို့ပင်ရှိပါစေ၊ ဘုရားသခင်၏ အမှုတော်အသစ်နှင့် သက်ဆိုင်သည့် သတင်းကောင်းကို သွားပြီး ဖြန့်ဝေဖို့ ကျွန်ုပ်တွင် တာဝန်တစ်ခုရှိသည်။ ယင်းသည် ကျွန်ုပ်တွင် အခွင့်အရေးရတိုင်း သို့မဟုတ် အချိန်ပေးနိုင်တိုင်း လက်ဆင့်ကမ်းပြောပြရမည့် ကျွန်ုပ် ဆောင်ရွက်ရန် ရှိသည့်တာဝန်ဖြစ်သည်။’ ဟု သင် သိလိမ့်မည်။ ဤအတွေးများသည် လူအများစု၏ လက်ရှိ အတွေးများ ဖြစ်သလော။ (မဟုတ်ပါ။) လူအများစုက မည်သို့ တွေးထင်ကြသနည်း။ ‘ကျွန်ုပ်၌ လက်ရှိအချိန်တွင် ပုံသေတာဝန် တစ်ခုရှိသည်။ ကျွန်ုပ်သည် ပုံသေ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု နယ်ပယ်တစ်ခုကို လေ့လာခြင်းနှင့် အသေအချာ ဆန်းစစ်ခြင်းတို့တွင် အာရုံစိုက်နေသောကြောင့်၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် ကျွန်ုပ်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မိမိဝတ္တရားနှင့် မိမိတာဝန်ကို ရှောင်သည့် သဘောထား၊ အပျက်သဘောဆောင်သော သဘောထားတစ်ခုဖြစ်သည်။ ဤသို့သောသူသည် ဘုရားအလိုတော်ကို မထောက်ထားဘဲ ဘုရားသခင်ကို မနာခံပေ။ သင်သည် မည်သူဖြစ်စေ ဧဝံဂေလိဖြန့်ဝေခြင်းကို တာဝန်ခံယူလုပ်ဆောင်ခြင်းမရှိလျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ခြင်းကို ပြသနေခြင်းမဟုတ်လော။ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ယူခြင်း၊ နာခံခြင်းတို့တွင် အားမာန်မပါသလို တက်ကြွခြင်းလည်း မရှိပါက၊ သင်သည် အပျက်သဘောဆောင်ပြီး မလှုပ်မယှက် တုံ့ပြန်နေရုံမျှသာ ဖြစ်လေသည်။ ဤသည်မှာ သင်မခံယူရမည့် သဘောထား တစ်ခု ဖြစ်သည်။ သင်သည် မည်သည့်တာဝန်တွင် ပါဝင်ဆောင်ရွက်နေပါစေ၊ ပြီးလျှင် သင်၏တာဝန်တွင် မည်သည့် အလုပ်အကိုင် သို့မဟုတ် မည်သည့် ကျွမ်းကျင်မှု ပါဝင်နေပါစေ၊ သင့်အလုပ်၏ အကျိုးများ အားလုံး၏ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာများထဲမှ တစ်ခုမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်ခြင်းနှင့် သက်သေခံနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် အနေဖြင့် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စပြီး ငိုမိတယ်။ အရမ်း အပြစ်ရှိသလို ခံစားရတယ်။ ဧဝံဂေလိမျှဝေတာက ဘုရားသခင်ရဲ့ စေခိုင်းချက်ဖြစ်ပြီး လူတိုင်းရဲ့ ရှောင်လို့မရနိုင်တဲ့ တာဝန်နဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ အသင်းတော်မှာ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ ကျွန်မတို့ရဲ့ အဆုံးစွန်ပန်းတိုင်က အတူတူပဲ။ ဘုရားသခင်ရဲ့ ဧဝံဂေလိကို ဖြန့်ဖို့ပဲ။ ကျွန်မကကျတော့ ဧဝံဂေလိမျှဝေတာကို မကြိုက်ဘူး။ ဧဝံဂေလိအလုပ်ကို ဝင်ပါစရာမရှိဘူးလို့တောင် မှားပြီးထင်ခဲ့တယ်။ ကျွန်မက စုဝေးပွဲတွေကို ဦးဆောင်ပြီး ညီအစ်ကိုမောင်နှမတွေကို ရေလောင်းနေသရွေ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ဘုရားသခင်ကို ကျေနပ်စေတာပဲလို့ ထင်ခဲ့တယ်။ ဧဝံဂေလိအလုပ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ကျွန်မ နားမလည်ခဲ့ဘူး။ အဲဒီအခါကျမှပဲ ဧဝံဂေလိဖြန့်ဝေတာက ဘုရားသခင်ရဲ့ အရေးတကြီးရည်ရွယ်ချက်ပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဧဝံဂေလိအလုပ်က လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ဖြစ်တယ်။ ဘုရားသခင်ကို တိုက်ရိုက် သက်သေခံပေးတယ်။ လူတွေကို ဘုရားသခင်ရဲ့ အမှုတော်ကို နားလည်စေပြီး ကယ်တင်ခြင်းခံရဖို့ ဘုရားရှေ့ကို ပြန်လာစေတယ်။ ဒါက တကယ်ကို အဓိပ္ပာယ်ရှိတဲ့အလုပ်ပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို သက်သေခံဖို့ စိတ်မရှိဘူး။ ကျွန်မတာဝန်မှာ နည်းနည်းလေးမှ တာဝန်ခံယူမှုမရှိဘူး။ ခေါင်းဆောင်က ကျွန်မကို ဧဝံဂေလိမျှဝေဖို့ တာဝန်ပေးတော့ ကျွန်မက အာခံတာ၊ ငြင်းပယ်တာ၊ ကိုယ့်တာဝန်ကို ရှောင်တာတောင် လုပ်ခဲ့တယ်။ ကျွန်မက အသိစိတ်နဲ့ ဆင်ခြင်တုံတရား အရမ်း ကင်းမဲ့ခဲ့တာပဲ။ ဘယ်သူကမှ ကျွန်မကို တရားဒေသနာ နားထောင်ဖို့ မဖိတ်ခဲ့ရင်၊ ကျွန်မနဲ့ ဧဝံဂေလိမျှဝေပြီး ဘုရားသခင်ကို သက်သေခံတာ မလုပ်ခဲ့ရင် ဘုရားသခင်ရဲ့ အသံကို ကျွန်မလုံးဝ ကြားမှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ ကျွန်မက ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကိုယ့်အပိုင်းကိုယ်မလုပ်နိုင်ဘဲ ဖြစ်သလိုပဲလုပ်နေရင် ဘုရားသခင်က ကျွန်မကို သူ့ရဲ့ယုံကြည်သူအဖြစ်၊ နောက်လိုက်အဖြစ် သတ်မှတ်မှာမဟုတ်ဘူး။ ကျွန်မက အသိစိတ်နဲ့ လူ့သဘာဝကင်းမဲ့တယ်လို့ ထင်မှာပဲ။ ကျွန်မက ဧဝံဂေလိမျှဝေတဲ့တာဝန်တွေကို ရှောင်ပြီး ငြင်းပယ်ခဲ့တယ်။ စုဝေးပွဲတွေကို ဦးဆောင်တာကို အာရုံစိုက်ဖို့ ဧဝံဂေလိအလုပ်ကိုတောင် စွန့်ပစ်ချင်ခဲ့တယ်။ ပြန်စဉ်းစားကြည့်တော့ ဒါက အမှားကြီးတစ်ခုပဲ။ နောဧရဲ့ ဇာတ်လမ်းကို ကျွန်မ စဉ်းစားမိတယ်။ နောဧက ဘုရားရဲ့စကားတွေကို ကြားတဲ့အခါမှာ သံသယမရှိဘူး။ သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ထည့်မစဉ်းစားဘူး။ သူက ဘုရားသခင်ကို ကျေနပ်စေချင်တာ၊ ဘုရားအလိုတော်ကို အလေးထားပြီး ဘုရားသခင်ရဲ့ အမိန့်တွေနဲ့အညီ သင်္ဘောကြီးကို ဆောက်ချင်တာ သက်သက်ပဲ။ သူက ဧဝံဂေလိမျှဝေဖို့ကိုလည်း အကောင်းဆုံးလုပ်ခဲ့တယ်။ နောဧအတွေ့အကြုံက အရမ်း စိတ်အားတက်စေတယ်လို့ ကျွန်မ မြင်မိတယ်။ နောဧလိုပဲ ဘုရားသခင်ရဲ့ အစီအအစဉ်တွေကို နာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ခဲ့တယ်။ ဒီသမ္မာတရားရှုထောင့်ကို ကျွန်မကို နားလည်စေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို သိမြင်ဖို့ ကူညီပေးတဲ့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ခဲ့တယ်။ ကျွန်မက နောင်တရဖို့ အသင့်ဖြစ်နေခဲ့တယ်။ ဘယ်တာဝန်ကိုပဲ ကျွန်မ ပေးခံရပါစေ ကျွန်မ ဧဝံဂေလိမျှဝေမယ်။

အဲဒီနောက်မှာ ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကျွန်မ အာရုံစိုက်လာတယ်။ ကျွန်မက အတွေ့အကြုံသိပ်မရှိဘူး။ မတူတဲ့ လူအမျိုးအစားတွေကို မိတ်သဟာယဖွဲ့ဖို့က ကျွန်မအတွက် ခက်ခဲတယ်။ သူတို့က ကျွန်မကို ငြင်းပယ်နိုင်တယ်။ ဒါမှမဟုတ် ကျွန်မက ရာသီဥတုဆိုးတာနဲ့ ကြုံပြီး အခက်အခဲမျိုးစုံ ကြုံရနိုင်တယ်။ ဒါပေမဲ့ ကျွန်မက လက်မလျှော့ဘူး။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “သင်သည် မည်သည့်တာဝန်တွင် ပါဝင်ဆောင်ရွက်နေပါစေ၊ ပြီးလျှင် သင်၏တာဝန်တွင် မည်သည့် အလုပ်အကိုင် သို့မဟုတ် မည်သည့် ကျွမ်းကျင်မှု ပါဝင်နေပါစေ၊ သင့်အလုပ်၏ အကျိုးများ အားလုံး၏ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာများထဲမှ တစ်ခုမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်ခြင်းနှင့် သက်သေခံနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် အနေဖြင့် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဒီအပိုဒ်က ကျွန်မကို တကယ်ကို တွန်းအားပေးတယ်။ ကျွန်မကို ချပေးတဲ့တာဝန်က ဘုရားသခင်က ကျွန်မကိုပေးတဲ့ တာဝန်ခံယူမှုတစ်ခုပဲ။ ကျွန်မ နာခံဖို့ အသင့်ဖြစ်နေခဲ့တယ်။ အခက်အခဲတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ရိုးရိုးသားသားဆုတောင်းသရွေ့ ကျွန်မကို သူလမ်းပြလိမ့်မယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးပဲ။

နောက်တစ်ခုသို့- တွဲဖက်သည် ပြိုင်ဖက်မဟုတ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

ကျိုးဟုန် တရုတ်နိုင်ငံ ကျွန်မ ၂၀၁၈ခုနှစ်မှာ အသင်းတော်ခေါင်းဆောင် ဖြစ်လာခဲ့သည့် အချိန်က၊ အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားကို အားထုတ်သည့်...

မှားယွင်းသော ခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဆင်ခြင်စဉ်းစားခြင်း

ရှန့်ရွှင် တရုတ်နိုင်ငံ အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို...

စည်းမျဉ်းမပါဘဲနှင့် တာဝန်တစ်ခု အကျိုးမဖြစ်ထွန်းနိုင်

ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...

ကျွန်မသည် ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်နေခဲ့ကြောင်း သတိပြုမိခြင်း

ရှန်ဇီနယ်မှ၊ ဝူဇင်ရေးသားသည်။ ယခင်တွေ့ဆုံစဉ်များက ကျွန်မတို့အမြဲတမ်းဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာမှာ ပေတရုနှင့်ပေါလုတို့ လျှောက်ခဲ့ကြသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။