ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်ုပ် ရရှိခဲ့သည့်အရာ

30.09.2022

ဝေရံ အီတလီနိုင်ငံ

၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ဗီဒီယိုအလုပ်ကို ကျွန်မ စကြီးကြပ်တယ်။ အလုပ်ပမာဏများလို့ နေ့တိုင်း တုန်လှုပ်နေခဲ့ရတယ်။ ပြဿနာမျိုးစုံကို ဖြေရှင်းပြီး တခြားလူတွေရဲ့ အလုပ်ကို လိုက်လုပ်ပေးရင်း အလုပ်များခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေလျှော့လို့မရဘူး။ အချိန်နည်းနည်းကြာတော့ အစ်မလျူက ကျွန်မတို့ ဗီဒီယိုတွေကို မကြာခဏ အကြံပေးပြီး၊ ဒီပြဿနာတွေက ကျွန်မတို့ အားထုတ်မှု မရှိလို့ဖြစ်တာလို့ ပြောတယ်။ သူ့ဆီက ဒီစာတွေကို တွေ့တော့ ကျွန်မ အရမ်းအတိုက်အခံဖြစ်မိတယ်။ အမှားနည်းအောင် အကောင်းဆုံး ကျွန်မတို့ လုပ်ခဲ့ပြီးသားဖြစ်သလို အလုပ်မှာ အဲဒီလောက်ရတာက သိပ်ဆိုးတာမှ မဟုတ်တာပဲလေ။ အသေးအမွှား ကိစ္စတွေကို ချစ်တီးခေါင်း သန်းရှာလုပ်ပြီး လုပ်ငန်းစဉ်ကို သူက အချိန်ဆွဲနေတာပဲ မဟုတ်လား။ သူ့အကြံပြုချက်တွေကို ကျွန်မ လုံးဝ နှလုံးမသွင်းခဲ့ဘူး။ သူက ဘာမှမဟုတ်တာကို ရေးကြီးခွင့်ကျယ်လုပ်ပြီး အလုပ်ကို နှောင့်နှေးစေတယ်လို့ တွေးပြီးပေါ့။ တစ်နေ့မှာ၊ စကားပြောဖို့ အစ်မလျူနဲ့ ချိန်းလိုက်တယ်။ သူ့ရဲ့ ချစ်တီးခေါင်းသန်းရှာလုပ်တာက အလုပ်တိုးတက်မှု ထိခိုက်နေပုံနဲ့ ပတ်သက်လို့ မိတ်သဟာယပြုဖို့ စည်းမျဉ်းတချို့ကို ကျွန်မ ပေါင်းစပ်လိုက်တယ်။ မိတ်သဟာပြုပြီးတဲ့နောက်မှာပဲ သူက ပြင်းထန်တဲ့လေသံနဲ့၊ “အဲဒါ ပြဿနာရဲ့ စည်းမျဉ်းရှုထောင့်တစ်ခုပဲ။ ဒါပေမဲ့ သတိပေးလိုက်မယ်နော်။ စည်းမျဉ်းတွေက ကိုယ့်တာဝန်မှာ ဖြစ်ကတတ်ဆန်းနိုင်ပြီး တာဝန်မဲ့အပြုအမူအတွက် ဆင်ခြေတစ်ခု ဖြစ်တယ်လို့ မထင်လိုက်နဲ့။ ဒါတွေက မတူတဲ့အရာနှစ်ခုပဲ။ အဲဒါတွေကို မရောလိုက်နဲ့”လို့ပြောတော့ ကျွန်မ အံ့ဩသွားတယ်။ သူပြောတာကို ကြားတော့ ကျွန်မ ဘာမှမပြောပေမဲ့၊ စိတ်ထဲမှာတော့ တွေးမိတယ်။ “ကိုယ့်တာဝန်မှာ ကျွန်မ ပေါ့တန်ပြီး တာဝန်မဲ့တယ်လို့ ရှင်ဆိုလိုတာ မဟုတ်လား။ ရှင်က အပြစ်မရှိအပြစ်ရှာပြီး ကိစ္စတွေကို နှေးကွေးစေတာတောင် ကျွန်မကို ဝေဖန်နေတယ်။ ပြဿနာသေးသေးလေးတွေက ဘာအရေးကြီးလို့လဲ။ အဲဒါတွေက ဗီဒီယိုရဲ့ အရည်အသွေးကို လုံးဝ မထိခိုက်သလို၊ ကျွန်မတို့ စွမ်းဆောင်ရရှိတာက တော်တော်ကို ကောင်းနှင့်ပြီးသားပဲလေ။ ကျွန်မတို့ အလုပ်ပမာဏ ဘယ်လောက်များတယ်ဆိုတာ ရှင်မသိဘဲ၊ ပြဿနာသေးလေးတွေကို ရွေးပြီးတော့ ကျွန်မကို ဒီလိုပြောလာတယ်ပေါ့။ အရမ်းမာနထောင်လွှားတာပဲ”လို့ပေါ့။ အဲဒီနောက်မှာ အစ်မလျူကို ကျွန်မ မဆက်ဆံချင်တော့ဘူး။ သူ ထောက်ပြတဲ့ ကိစ္စတစ်ခုဖြစ်သရွေ့၊ ကျွန်မ ဆန့်ကျင်ပြခဲ့ပြီး၊ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ ကျွန်မ စိတ်ခံစားချက်တွေ ပါခဲ့တယ်။

အဲဒီနောက် လဝက်တိုင်းနီးပါး၊ အလုပ်ပြဿနာတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက် အကျဉ်းချုပ်ကို အစ်မလျူက ကျွန်မတို့အတွက် ပြင်ဆင်တယ်။ တစ်ခါ၊ ဒီတုံ့ပြန်ချက်ကို ခေါင်းဆောင်နဲ့တောင် သူ ဝေမျှခဲ့တယ်။ ဒါကို ကြားတော့၊ ကျွန်မ ဒေါသထွက်သွားတယ်။ ကျွန်မတို့ အမှားတချို့လုပ်မိပေမဲ့၊ လတိုင်း အဲဒီလောက် အလုပ်ပမာဏမျိုးနဲ့ အသေးအမွှားကိစ္စတွေ မှန်မှန်ကန်ကန် လုပ်မထားမိတာက သာမန်ပဲ မဟုတ်လား။ ခေါင်းဆောင်ကို ပြောဖို့ တကယ်ပဲ လိုလို့လား။ ရှင်က အသေးအမွှားကိစ္စတွေကို စွဲလမ်းတယ်၊ ရှင့်စံနှုန်းတွေက မြင့်လွန်းတယ်။ ကျွန်မတို့ကို ရှင်က စက်တွေလို သဘောထားနေတာလား။ ကျွန်မတို့ တစ်ခါမှ အမှားလုပ်လို့မရဘူးလားပေါ့။ တွေးလေ၊ ကျွဲမြီးတိုလာလေပဲ။ ခေါင်းဆောင်က ကျွန်မဆီ စကားပြောဖို့လာတော့၊ အစ်မလျူက အရမ်းကို မာနထောင်လွှားတယ်လို့ ပြောပြီး သူ့ကို တိုက်ရိုက် လက်ညိုးထိုးလိုက်တယ်။ သူ့ကိုယ်သူမသိဘဲ ကျွန်မတို့ပြဿနာတွေကိုပဲ ထောက်ပြတယ်လို့ပေါ့။ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ်မရှိတာ ခေါင်းဆောင်ကမြင်ပြီး၊ အစ်မလျူကို ကျွန်မ ကောင်းကောင်း ဆက်ဆံဖို့ လိုတယ်လို့ မိတ်သဟာယပြုတယ်။ ကိုယ့်ကိုယ် သုံးသပ်ပြီး သင်ခန်းစာယူဖို့ ပြောတယ်။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ စကားတွေက လျစ်လျူရှုခံရတယ်။ အစ်မလျူက သူ့တုံ့ပြန်ချက်မှာ ဖော်ပြတဲ့ ပြဿနာတွေ ဖြေရှင်းတာကို ကျွန်မ အချိန်ဆွဲလိုက်ပြီး၊ နောင်မှာ အလားတူ ပြဿနာမျိုးကို ဘယ်လို ရှောင်ရှားရမယ်ဆိုတာကို တွေးဖို့ အားမထုတ်ခဲ့ဘူး။ အဲဒီတုန်းက အစ်မက ကောင်းတဲ့ အခြေအနေမှာ မရှိတာ သိခဲလား။ ရေးတေးတေး သိလိုက်ပြီး သင်ခန်းစာယူပြီး ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိရဖို့ တောင်းလျှောက်ရင်း ဆုတောင်းခြင်းနဲ့ ဘုရားကို ရှာခဲ့တယ်။

တစ်နေ့ ဝတ်ပြုနေချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တချို့ ဖတ်ရတယ်။ အဲဒါက ကျွန်မရဲ့ အခြေညအနေအပေါ် အသိတချို့ ရစေခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူများသည် အမှန်နှင့် အမှားအကြောင်း စကားကြောရှည်သည့်အခါ၊ ကိစ္စတစ်ခုချင်းစီသည် မှန်သည၊ မှားသည်ကို ရှင်းလင်းစေဖို့ ၎င်းတို့ ကြိုးစားကြသည်။ ထိုကိစ္စသည် ရှင်းလင်းသွားပြီးဖြစ်ကာ၊ မည်သူက မှန်ပြီး မည်သူက မှားသည်ကို နားလည်သည်အထိ ၎င်းတို့ မရပ်နားကြချေ။ ၎င်းတို့သည် ထိုသို့သောအရာများကို အစွဲအလမ်းကြီးနေကြသည်၊ အဖြေမရှိသည့် အရာများအတွက် အစွဲအလမ်းကြီးနေကြသည်။ ဤကဲ့သို့ ပြုမူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ နောက်ဆုံးတွင် အမှန်နှင့် အမှားအကြောင်းကို ပြောဖို့ဖြစ်သလော။ (မဟုတ်ပါ။) အမှားက အဘယ်မှာနည်း။ ဤအရာနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကြားတွင် ဆက်သွယ်မှု တစ်ခုတလေ ရှိသလော။ (ဆက်သွယ်မှု မရှိပါ။) ဆက်သွယ်မှု မရှိပါဟု သင် အဘယ်ကြေင့် ပြောသနည်း။ အမှန်နှင့် အမှားအကြောင်း ပြောခြင်းသည် သမ္မာတရား၏ စည်းမျဉ်းများကို လိုက်နာခြင်း မဟုတ်ပေ။ ယင်းက သမ္မာတရား၏ စည်းမျဉ်းများအကြောင်း ဆွေးနွေးခြင်း၊ သို့မဟုတ် မိတ်သဟာယပြုခြင်း မဟုတ်ချေ။ ထိုအစား လူများသည် မည်သူကမှန်ပြီး မည်သူက မှားသည်ကိုလည်းကောင်း၊ မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းခဲ့သည်ကိုလည်းကောင်း၊ မည်သူက အကျိုးအကြောင်းဆီလျော်ပြီး မည်သူက အကျိုးအကြောင်း မဆီလျော်ခဲ့သည်ကိုလည်းကောင်း၊ မည်သူ၌ အကြောင်းပြချက်ကောင်းရှိပြီး မည်သူ၌ မရှိသည်ကိုလည်းကောင်း၊ မည်သူက ပို၍အဓိပ္ပာယ်ရှိသည်ကိုလည်းကောင်း အစဉ်သဖြင့် ပြောဆိုကြသည်။ ဤသည်မှာ ၎င်းတို့ ဆန်းစစ်သည့်အရာဖြစ်သည်။ ဘုရားသခင်က လူများကို စမ်းသပ်သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုဖို့ အစဉ်သဖြင့် ကြိုးစားကြသည်။ ၎င်းတို့သည် အကြောင်းပြချက်အချို့၊ သို့မဟုတ် အခြားအရာများကို အစဉ်သဖြင့် ပြောဆိုကြသည်။ ဘုရားသခင်သည် ထိုသို့သော အရာများကို သင်နှင့် ဆွေးနွေးသလော။ ဘုရားသခင်သည် ဖြစ်ခဲ့သည့်အခြေအနေကို မေးမြန်းသလော။ ဘုရားသခင်သည် သင်ထောက်ပြခဲ့သည့် အကြောင်းပြချက်များနှင့် အကြောင်းတရားများအကြောင်း မေးမြန်းသလော။ မမေးမြန်းပေ။ သင့်ကို ဘုရားသခင် စမ်းသပ်သည့်အခါ၊ သင်၌ နာခံသည့်သဘောထား၊ သို့မဟုတ် ခုခံသည့်သဘောထား ရှိသလားဆိုသည်ကို မေးမြန်းသည်။ သမ္မာတရားကို သင်နားလည်ခဲ့ခြင်း ရှိမရှိ၊ သင်သည် နာခံခဲ့ခြင်း ရှိမရှိကိုသာ ဘုရားသခင်က မေးမြန်းသည်။ ဤသည်မှာ ဘုရားသခင် မေးမြန်းသည့်အရာသာ ဖြစ်သည်၊ အခြားတစ်ခုမျှ မရှိပါ။ သင် နာခံမှုမရှိခြင်းအတွက် အကြောင်းပြချက်က အဘယ်အရာဖြစ်သည်ကို ဘုရားသခင်က သင့်အား မမေးမြန်းပါ။ သင်၌ ကောင်းမွန်သော အကြောင်းပြချက် ရှိခဲ့ခြင်း ရှိမရှိကို ဘုရားသခင်က မကြည့်ပါ။ ထိုသို့သော အရာများကို သူ လုံးဝ အလေးမထားပါ။ ဘုရားသခင်သည် သင် နာခံခဲ့ခြင်း ရှိမရှိကိုသာ ကြည့်သည်။ သင် အသက်ရှင်သည် ပတ်ဝန်းကျင်နှင့် ဆက်စပ်အခြေအနေတို့က မည်သည့်အရာဖြစ်ခဲ့ပါစေ၊ သင်၏စိတ်နှလုံးထဲ၌ နာခံခဲ့ခြင်း ရှိမရှိ၊ သင်၌ နာခံသည့် သဘောထား ရှိမရှိတို့ကိုသာ ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က သင်နှင့် အမှားအမှန်အကြောင်း စကားရည်မလုပေ။ သင်၏ အကြောင်းပြချက်များက မည်သည့်အရာဖြစ်ခဲ့သည်ကို ဘုရားသခင် ဂရုမစိုက်ပေ။ သင်သည် အမှန်တကယ် နာခံခဲ့ခြင်း ရှိမရှိကိုသာ ဘုရားသခင်က ဂရုစိုက်သည်။ ဤသည်မှာ ဘုရားသခင် သင့်အား တောင်းဆိုသမျှအရာ ဖြစ်သည်။ အမှန်နှင့် အမှားအကြောင်း လေကြောရှည်နေသည့် လူစားမျိုး၊ စကားစစ်ထိုးရသည်ကို နှစ်သက်သည့် လူစားမျိုးတို့သည် ၎င်းတို့၏စိတ်နှလုံးထဲ၌ သမ္မာတရား စည်းမျဉ်းများ ရှိကြသလော။ (မရှိပါ) အဘယ်ကြောင့် မရှိရသနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအပေါ် အာရုံစိုက်မှု တစ်ခုတလေ ရှိဖူးသလော။ ယင်းတို့အတွက် ၎င်းတို့ ကြိုးပမ်းဖူးသလော။ ယင်းတို့ကို ၎င်းတို့ ရှာဖူးသလော။ ၎င်းတို့သည် ယင်းတို့ကို မည်သည့်အခါမျှ အာရုံမစိုက်ဖူးချေ၊ သို့မဟုတ် ယင်းတို့အတွက် မကြိုးစားဖူးပေ၊ သို့မဟုတ် ယင်းတို့ကို မရှာဖွေဖူးပေ။ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လုံးလုံး မရှိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မှန်သည့်အရာနှင့် မှားသည့်အရာတို့ကြားတွင်သာ အသက်ရှင်နိုင်သည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ရှိသည့်အရာများမှာ အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ ယိုးမယ်ဖွဲ့ခြင်းများ၊ အကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ငြင်းခုံချက်များသာဖြစ်သည်။ ထို့နောက် မကြာမီတွင် ၎င်းတို့ အချင်းချင်း တိုက်ခိုက်ကာ၊ စွပ်စွဲပြီး ရှုတ်ချကြလေသည်။ ဤကဲ့သို့ လူများ၏ စိတ်သဘောထားမှာ ၎င်းတို့သည် အမှန်နှင့် အမှားအား စကားရည်လုရသည်ကို နှစ်သက်သည်၊ လူများကို စွပ်စွဲရခြင်းနှင့် ရှုတ်ချရခြင်းတို့ကို ၎င်းတို့က နှစ်သက်ကြသည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ချစ်ခြင်း၊ သို့မဟုတ် လက်ခံခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ကာ ကျိုးကြောင်းပြ ငြင်းခုံနိုင်ဖွယ်ရှိသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ ခိုင်ခိုင်မာမာ ပြုမူပြောဆိုခြင်းနှင့် ဘုရားသခင်ကို ခုခံခြင်းတို့ပင် ပြုကြသည်။ အဆုံး၌ ၎င်းတို့သည် အပြစ်ဒဏ်ပေးခံရခြင်းဖြင့် အဆုံးသတ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားရဲ့ ထုတ်ဖော်ပြချက်ကနေ၊ တွေ့ရတာက အခြေအနေတစ်ခုမှာ အမှား၊ အမှန်အကြောင်း အမြဲပြောသူတွေဟာ ပထမဆုံး အဲဒါကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကြလိမ့်မယ်။ ဘယ်သူမှန်တယ်၊ မှားတယ်၊ ဘယ်သူက ဆင်ခြင်တုံတရားရှိတယ် ဆိုတာတွေပေါ့။ တခြားလူတွေကို ဝေ့လည်ကြောင်ပတ် ပြောနိုင်ရင်၊ ကိုယ့်ကိစ္စနဲ့ကိုယ် စငြင်းခုံကြတော့တာပဲ၊ တခြားလူတွေပေါ် အာရုံစိုက်ကြတယ်၊ သမ္မာတရားကို မရှာ၊ ကိုယ့်ကိစ္စကိုယ် မဆင်ခြင်မသုံးသပ်ဘဲ၊ မလိုက်မနာဖြစ်လာတယ်၊ ဆန့်ကျင်တတ်လာပြီး တခြားလူတွေကို တိုက်တောင်တိုက်ခိုက်ကြတယ်။ သူတို့အတွက် ဘုရားချခင်းပေးတဲ့ အခြေအနေတွေကို ကျိုးနွံနာခံခြင်း မရှိကြဘူး။ ဒီလိုကျွန်မ ပြုမူခဲ့ပုံကို တွေးမိတယ်။ ကျွန်မတို့အလုပ်မှာရှိတဲ့ ပြဿနာတချို့ကို အစ်မလျူက ထောက်ပြတော့၊ ဒီပြဿနာတွေ ရှိတာ ကျွန်မသိပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြဖို့ အကြောင်းပြချက်နဲ့ ဆင်ခြေတွေ ရှာခဲ့တယ်။ ကျွန်မတို့ အလုပ်ပမဏာကို စဉ်းစားကြည့်ရင်း အလုပ်ရဲ့ စံနှုန်းက အဆင်ပြေနှင့်ပြီးသားဖြစ်သလို အသေးအမွှား ပြဿနာတွေကို ရှောင်လို့ရတယ်လို့ တွေးရင်းနဲ့ပေါ့။ ပြဿနာတွေကို သူ မထောက်ပြအောင်လို့ သူ့ကို စည်းမျဉ်းတွေနဲ့ ချေပဖို့တောင် ကြိုးစားခဲ့တယ်။ သူ့ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်လွန်းပြီး၊ ပြဿနာတွေက အရေးမပါသလို၊ မဖြေရှင်းရင်တောင် ကိစ္စရှိမှာ မဟုတ်ဘူးလို့ တွေးရင်းနဲ့ပေါ့။ ပေါ့ဆပြီး တာဝန်မဲ့တဲ့အတွက် အစ်မလျူက ကျွန်မကို ဝေဖန်တော့၊ အဲဒါကို ဘုရားဆီက ကျွန်မ လက်မခံခဲ့ရုံမက၊ သူ့ကို အမြင်စောင်းခဲ့ပြီး၊ အပြစ်မရှိအပြစ်ရှာတယ်လို့ တွေးခဲ့တယ်။ သူက ပြင်းပြင်းထန်ထန် ပြောပြီး သူ့စကားတွေက ကျွန်မမာနကို ထိခိုက်တော့၊ သူ့စိတ်သဘောထားက မာနထောင်လွှားတယ်လို့ တံဆိပ်ကပ်လိုက်ပြီး ခေါင်းဆောင်ရှေ့မှာတောင် ဝေဖန်ခဲ့တယ်။ ခေါင်းဆောင်ကို ကိုယ်ဘက်ပါအောင်နဲ့ သူ့ကို မကောင်းမြင်အောင် ကြံစည်နေခဲ့တာ။ ခေါင်းဆောင်က ကျွန်မကို ကူညီတဲ့အခါ၊ နားမထောင်ချင်ခဲ့ဘူး။ ဘုရားဆီက အခြေအနေတွေကို ကျွန်မ လက်ခံမနေခဲ့ဘူး၊ ကိုယ့်ပြဿနာတွေကို သုံးသပ်မနေခဲ့ဘူး။ အဲဒါထက် ကိုယ်မှန်ကြောင်းပြတာတွေ၊ ဆင်ခြေတွေလုပ်ပြီး ဘယ်သူမှားတယ်၊ မှန်တယ် ငြင်းခုံခဲ့တယ်။ ကျွန်မပြသမျှက နာခံတဲ့ သဘောထား တစ်စက်မှမရှိဘဲ တဇောက်ကန်းလုပ်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူလို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။ မယုံကြည်သူလို ပြုမူနေခဲ့တာ။

နောက်ပိုင်းမှာ ဘုရားအလိုတော်ကို ထပ်နားလည်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “မည်သည့်အရာကိုမဆို လုပ်ဆောင်ရာတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပါဝင်သည်။ တစ်စုံတစ်ခုသည် သမ္မာတရားပါဝင်သရွေ့ လူတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ သဘောထားပါဝင်သည်။ အချိန်တော်တော်များများတွင် လူတို့သည် အမှုအရာများကို စည်းမျဉ်းမရှိဘဲ လုပ်ဆောင်သောအခါ ဤသည်မှာ ထိုအရာများနောက်ကွယ်ရှိ စည်းမျဉ်းများကို ၎င်းတို့နားမလည်သောကြောင့်ဖြစ်သည်။ သို့သော် အချိန်တော်တော်များများတွင် လူတို့သည် စည်းမျဉ်းများကို နားမလည်ရုံတင်မကဘဲ နားလည်ချင်စိတ်လည်းမရှိပေ။ ၎င်းတို့သည် ထိုအရာများကို အနည်းငယ်သိနိုင်သော်လည်း ၎င်းတို့၏ တာဝန်ကို ကောင်းကောင်းလုပ်လိုခြင်းမရှိသေးပေ။ ဤစံနှုန်းသည် ၎င်းတို့၏ စိတ်နှလုံးတွင်မရှိသကဲ့သို့ ဤသတ်မှတ်ချက်သည်လည်း မရှိပေ။ ထို့ကြောင့် အမှုအရာများကို ကောင်းစွာလုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ သမ္မာတရားနှင့်ကိုက်ညီပြီး ဘုရားသခင်ကို ကျေနပ်စေသောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို လက်သင့်ခံနိုင်စွာ ထမ်းဆောင်နိုင်ခြင်းရှိမရှိ၏ အဓိကအချက်သည် ၎င်းတို့ရှာဖွေသည့်အရာနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်လျှင် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ အလွန်ပင် ဒုက္ခပေးသည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း ၎င်းတို့သည် အစေခံနေခြင်းသာဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ စည်းမျဉ်းကို သဘောပေါက်နိုင်သည်ဖြစ်စေ၊ သဘောမပေါက်နိုင်သည်ဖြစ်စေ သင်၏တာဝန်ကို အသိတရားနှင့်ထမ်းဆောင်လျှင် သင်သည် အနည်းဆုံးအနေဖြင့် ပျမ်းမျှရလဒ်ကို ရရှိလိမ့်မည်။ ဤသည်ကသာ အလုပ်ဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး အမှုအရာများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် သင်သည် ဘုရားသခင်တောင်းဆိုသည့်အတိုင်း အပြည့်အဝလုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေလိမ့်မည်။ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ (ကျွန်ုပ်တို့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် စိတ်နှလုံးနှင့် ခွန်အားရှိသမျှ ပေးဆပ်ရန်ဖြစ်သည်။) ‘သင်၏ စိတ်နှလုံးနှင့် ခွန်အားရှိသမျှ ပေးဆပ်ခြင်း’ ကို မည်သို့ အနက်အဓိပ္ပာယ်ပြန်သနည်း။ လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ၎င်းတို့၏ စိတ်တစ်ခုလုံးကို နှစ်မြုပ်လုပ်ကိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးရှိသမျှကို ပေးဆပ်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ရှိသမျှ ခွန်အား အားလုံးကို အသုံးပြုလျှင် ၎င်းတို့၏ ခွန်အားရှိသမျှကို ပေးဆပ်နေခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးနှင့် ခွန်အားရှိသမျှကို ပေးဆပ်ရန် လွယ်ကူသလော။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိဘဲ မလွယ်ကူပေ။ လူတို့သည် စိတ်နှလုံးမရှိလျှင်၊ အသိဉာဏ်ကင်းမဲ့ပြီး ဆင်ခြင်သုံးသပ်ရန် မစွမ်းဆောင်နိုင်လျှင်၊ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ၊ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ နည်းလမ်းများ၊ နည်းစနစ်များမရှိလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးရှိသမျှကို ပေးဆပ်နိုင်သလော။ သေချာပေါက် မပေးဆပ်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို တွေးဆပြီးတော့၊ သူ့အလိုတော်ကို ကျွန်မ နားလည်သွားတယ်။ လူတွေက သူတို့တာဝန်တွေမှာ ပြီးပြည့်စုံနေဖို့ ဘုရားမတောင်းဆိုဘူး။ ဒါပေမဲ့ သူတို့ အကောင်းဆုံး ကြိုးစားခြင်း ရှိမရှိဆိုတာနဲ့ သူတို့သဘောထားက တာဝန်မှာ တိုးတက်ဖို့ ကြိုးစားတဲ့ သဘောထားလားဆိုတာ ကြည့်တယ်။ လူတွေရဲ့ စိတ်နှလုံးကို ဘုရားက ဆန်းစစ်တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ နှိုင်းယှဉ်ပြီး တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို သုံးသပ်ခဲ့တယ်။ စဉ်းစားပြီး အာရုံစိုက်စရာ အများကြီးနဲ့ ကျွန်မမှာ အလုပ်ပမာဏများပြီး၊ အလုပ်မှာ ပြဿနာအသေးအမွှားတွေ ဖြစ်တာ ပုံမှန်ပဲလို့ အမြဲ ကျွန်မ ခံစားခဲ့တယ်။ တစ်ခါတလေ အဲဒီပြဿနာတွေကို ရှောင်ရှားလို့ရတာ သိရင်တောင် ကိစ္စတွေ တိုးတက်ဖို့ အားမထုတ်ချင်ခဲ့ဘူး၊ အဲဒါက ပြဿနာတွေ ရှည်ကြာပြီး မပြေမလည် ဖြစ်သွားစေခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ ကိုယ့်တာဝန်မှာ အမှားတစ်ခု လုံးဝ မလုပ်ဖို့ ဘုရားက မတောင်းဆိုပါဘူး။ ကျွန်မရဲ့ ပေါ့ဆပြီး တာဝန်မဲ့တဲ့ သဘောထားကိုပဲ သူ စက်ဆုပ်တာပါ။ အစ်မလျူက ပြဿနာကို ထောက်ပြပြီး ကျွန်မအာရုံစိုက်အောင် ဆွဲဆောင်ခဲ့တာပဲ။ အချိန်မီ ပြုပြင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ ကူညီနေခဲ့တာ။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မအခြေအနေက အတော်အတန် တိုးတက်သွားတယ်။ အဲဒီနောက်မှာ၊ တခြားလူတွေနဲ့ မိတ်သဟာယပြုပြီး ပေါင်းရုံးခဲ့သလို၊ ဘယ်လို ပြောင်းလဲရမယ်ဆိုတာ ကျွန်မ တွေးခဲ့တယ်။ နောက်တစ်ခါ တစ်ယောက်ယောက်က ပြဿနာကို ထောက်ပြတဲ့အခါ၊ ကျွန်မ အာမခံတော့သလို၊ ဝတ်ကျေတမ်းကျေ မလုပ်ဘဲ၊ အဲဒါကို လူတိုင်းနဲ့ ဖြေရှင်းခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်မိတယ်။ အစ်မလျူရဲ့ အကြံပြုချက်တွေကို ကျွန်မ ဘာလို့ အရမ်းဆန့်ကျင်ခဲ့တာလဲပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ်တချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် အန္တိခရစ်များ၏ သမားရိုးကျ သဘောထားမှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှု ကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ မကောင်းမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေသည်ကို ညွှန်ပြနေခြင်းမဟုတ်သလေ။ အန္တိခရစ်များသည် ဤအတိုင်းအတာအထိ သမ္မာတရားကို စိတ်ကုန်ကြသည်။ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်မှုများကို မည်မျှ ကျူးလွန်ပါစေ ၎င်းတို့သည် ဝန်ခံရန် ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကိုသက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ရသေးပေ။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ‘သေသည်အထိ ငြင်းပါ’ ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က မည်သည့် ထုတ်ဖော်ပြခြင်း၊ ဆန်းစစ်ခြင်းကို ပြုလုပ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤသည်မှာ အန္တိခရစ်များ၏ သမ္မာတရားကို မုန်းတီးခြင်း၊ စိတ်ကုန်ခြင်းသဘာဝ၊ အနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်ယူဖို့ ငြင်းဆန်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသလော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည့် အနှစ်သာရနှင့် သဘာဝကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား၏ တစ်စိတ်တစ်ပိုင်းကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များ၏ အနှစ်သာရသည် မာရ်နတ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်နဲ့ နှိုင်းပြီးတော့ သုံးသပ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ သိသိသာသာ ပေါ့ဆပြီး သတိမမူတာတွေ၊ ပြဿနာတွေ ရှိပေမဲ့၊ အပြစ်ရှိတဲ့စိတ်၊ နောင်တ မခံစားခဲ့ဘူး။ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာတွေ ရင်ဆိုင်ရပြီး သတိပေးခံရတော့၊ လက်မခံခဲ့ဘူး။ ကိုယ်မှန်ကြောင်းပြပြီး အရေးမစိုက်ဖို့ အကြောင်းပြချက်တွေ အမြဲရှာခဲ့တယ်။ ကိုယ့်အမှားတွေကို ဝန်ခံဖို့ လိုလားမနေခဲ့တာ။ အမှားကို ဝန်ခံတာက ကျွန်မကို မြင်မကောင်း ဖြစ်စေမယ်၊ တခြားလူတွေကို ကျွန်မအပေါ် အထင်သေးစေပြီး ကျွန်မရဲ့ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိခိုက်မယ်လို့ တွေးခဲ့တယ်။ လုံးဝက ကြောင်းကျိုးမဆီလျော်ခဲ့တာပဲ။ သမ္မာတရားကို စိတ်ကုန်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့တာ။ ပြဿနာတွေကို အချိန်မီ ပြုပြင်ပြီး ကိုယ့်တာဝန်ကို ပိုပြီး ကောင်းကောင်း လုပ်နိုင်အောင်လို့ တခြားလူတွေက ကိုယ့်တာဝန်မှာ ကျွန်မချို့တဲ့နေပုံကို မြင်စေဖို့ အကြံတွေ ပေးခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားဆီက ဒါကို ကျွန်မ လုံးဝ လက်မခံခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ဒါကြောင့် တာဝန်မှာ ပေါ့ဆတဲ့ ပြဿနာက လုံးဝ ပြေလည်မသွားခဲ့သလို၊ တခြားလူတွေကိုလည်း သူတို့တာဝန်မှာ ပေါ့ဆစေပြီး အမှားတွေ လုပ်စေရင်းနဲ့ ကြီးကြပ်သူအဖြစ် ကျွန်မကဏ္ဍကို ကျွန်မ လုံးဝ မဖြည့်ဆည်းခဲ့ဘူး။ ဒီအချိန်၊ နောက်ဆုံး တွေ့လိုက်ရတာက သမ္မာတရားကို စိတ်ကုန်တဲ့ ဒီဆိုးယုတ်တဲ့ စိတ်သဘောထားကို မဖြေရှင်းတာက ကျွန်မအတွက် သမ္မာတရားနဲ့ တခြားလူတွေရဲ့ အကြံပြုချက်တွေကို လက်ခံရခက်စေတယ်။ ဆက်ပြီး နောင်တမရ၊ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းရင်၊ ကျွန်မတာဝန်မှာရှိတဲ့ ပြဿနာတွေ၊ အားနည်းချက်တွေ တိုးပွားပြီး နောက်ဆုံးမှာ ကျွန်မ မကောင်းမှု လုပ်မိမယ်၊ ဘုရားကို ဆန့်ကျင်ပြီး ဘုရားရဲ့ စက်ဆုပ်၊ ထုတ်ပယ်တာ ခံရမှာပဲ။ ဒါကို သဘောပေါက်တာက ကျွန်မအတွက် တကယ်ကို စိတ်မချမ်းသာစရာဖြစ်ပြီး အခုကစလို့ တာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဖောက်ပြန်ပျက်စီးခြင်းမှာ အသက်မရှင်ဖို့ လိုလားနေရင်း နောင်တနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ သမ္မာတရားကို စိတ်ကုန်တဲ့ စိတ်သဘောထားကို ဖြေရှင်းလို့ လမ်းကြောင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် သမ္မာတရားကို နားမလည်သောအခါ တစ်စုံတစ်ယောက်က သင့်ကို အကြံတစ်ခုပေးလျှင်၊ သမ္မာတရားနှင့်အညီ မည်သို့လုပ်ဆောင်ရမည်ကို သင့်အား ပြောပြလျှင်၊ ပထမဆုံး သင်လုပ်ဆောင်သင့်သည်မှာ လက်ခံပြီး လူတိုင်းကို အတူတကွမိတ်သဟာယဖွဲ့ရန် တောင်းဆိုဖို့ဖြစ်သည်။ ဤသည်မှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်သလော၊ သမ္မာတရားစည်းမျဉ်းများနှင့်ညီသလောဆိုသည်ကို ကြည့်ရန်ဖြစ်သည်။ သမ္မာတရားနှင့်ညီသည်ဟု သင်သေချာသိရှိလျှင် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့်မညီဟု သင်သေချာသိရှိလျှင် လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းသည်။ သင်သည် လူများစွာထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ လူတိုင်းကပြောသည့်အရာကို နားထောင်ပြီး အားလုံးကို အလေးအနက် ခံယူသင့်သည်။ နားမထောင်ခြင်း၊ သို့မဟုတ် လူတို့ကို ပစ်ပယ်ခြင်း မလုပ်ဆောင်နှင့်။ ဤသည်မှာ သင်၏တာဝန်တွင် ပါဝင်သည်။ ထို့ကြောင့် လေးနက်စွာ မှတ်ယူသင့်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားနှင့် အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေရှိသောအခါ သမ္မာတရားအပေါ် စိတ်ကုန်ပြီး ရန်လိုသော စိတ်သဘောထားကို ပြတော့မည်မဟုတ်ပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ နေရာကို ယူပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ (သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုရှိသည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုရှိခြင်းသည် တစ်ချက်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုကိစ္စသည် အလွန်ရိုးရှင်းပြီး သင်၏ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ လူတို့က သင့်အား အကြံများပေးပြီး သင်က နားလည်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် သင်သည် အမှုအရာများကို ကောင်းစွာပြင်ဆင်ပြီး ရိုးရှင်းစွာဖြင့် စည်းမျဉ်းနှင့်အညီ ရှေ့ဆက်သည်။ လူသားများအတွက်မူ ဤအရာသည် အသေးအဖွဲဖြစ်သည့်ပုံစံရှိသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အရေးကြီးသည်။ အဘယ်ကြောင့် ကျွန်ုပ် ဤသို့ပြောသနည်း။ သင်သည် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်သောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြောင်း၊ သမ္မာတရားကို စိတ်ကုန်သောသူမဟုတ်ဘဲ၊ သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ကြောင်းကို ဘုရားသခင်က မြင်ပြီး တစ်ချိန်တည်းတွင် သင်၏ စိတ်နှလုံးကို မြင်သည့်အခါ၊ ဘုရားသခင်သည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ အရေးကြီးသည်။ သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ဘုရားသခင်ရှေ့တွင် အမှုအရာများကို လုပ်ဆောင်သောအခါ သင် အသက်ရှင်နေထိုင်သည့်အရာနှင့် ဖွင့်ပြသောအရာတို့သည် လူတို့တွင်တွေ့ရှိသင့်သော သမ္မာတရား၏ စစ်မှန်မှုဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် သင်လုပ်ဆောင်သမျှရှိ သင်၏ သဘောထား၊ အတွေးများနှင့် အခြေအနေတို့သည် အရေးကြီးဆုံးဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်က စိစစ်သောအရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ထောက်ပြတယ်။ ညီအစ်ကို မောင်နှမတွေက အကြံတွေပေးပြီး ပြဿနာတွေ ထောက်ပြတဲ့အခါ၊ ပထမဆုံး လက်ခံပြီး နာခံတဲ့ သဘောထားရှိသင့်တယ်။ ဘယ်လိုဆောင်ရွက်ရမယ် မသိတဲ့အခါ၊ အထင်သေး၊ မဆန့်ကျင်သင့်ဘဲ၊ ပထမဆုံး လက်ခံပြီးတော့ သမ္မာတရားကို နားလည်တဲ့သူတစ်ယောက်ဆီက မိတ်သဟာယကို ကျွန်မ ရှာသင့်တယ်၊ ပြီးတော့ စည်းမျဉ်းတွေကို ကောင်းကောင်း နားလည်တာနဲ့ လက်တွေ့လုပ်သင့်တယ်။ ဒါက ကိုယ့်တာဝန်ကို ဘုရားအလိုတော်အတိုင်း ဆောင်ရွက်တာပဲ။ ပြဿနာတွေ၊ ကျွန်မအလုပ်မှာရှိတဲ့ အားနည်းချက်တွေကို တခြားလူတွေက သတိထားမိပြီး ထောက်ပြတဲ့အခါ ကျွန်မကို အကြံတွေပေးပြီး ကိုင်တွယ်ဖြေရှင်းတဲ့အခါ အဲဒါဟာ သူတို့က ဘုရားအိမ်တော်အလုပ်အတွက် တာဝန်ယူတာ သက်သက်ဖြစ်တယ်၊ ကျွန်မကို ရွေးပြောတာ၊ အခက်တွေ့အောင် လုပ်တာ မဟုတ်ဘူး။ အဲဒါကို ဘုရားဆီက ကျွန်မ အသိအမှတ်ပြုပြီး နာခံ၊ လက်ခံသင့်တယ်။ ကိုယ့်ပြဿနာတွေကို သုံးသပ်ပြီး အချိန်မီ ပြောင်းလဲ ပြုပြင်သင့်တယ်။ အဲဒါက ကျွန်မအလုပ်အတွက် တဖြည်းဖြည်း တိုးတက်ဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အသင်းတော်အလုပ်ကို နှောင့်ယှက်တာ ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။

တစ်နေ့မှာ၊ အစ်မလျူက ကျွန်မတို့ ဗီဒီယိုနဲ့ ပတ်သက်လို့ ပြဿနာတချို့ကို ထောက်ပြတဲ့ စာပို့တယ်။ အဲဒါကို မြင်တော့၊ ကျွန်မ ဆန့်ကျင်သလို ခဏ ခံစားရတယ်။ တခြားလူတွေနဲ့ ဒီပြဿနာတွေကို ကျွန်မ ဆွေးနွေးပြီး ကိုင်တွယ်ပြီးသားလေ။ အဲဒါတွေကို သူ ဘာလို့ထပ်တင်ပြနေတာလဲပေါ့။ ခုခံတဲ့အနေနဲ့ တစ်ခုခု ပြောလိုက်ချင်ခဲ့ပေမဲ့၊ အဲဒီအကြောင်းကို တွေးကြည့်တော့၊ သူထောက်ပြတယ်ဆိုရင်၊ အလုပ်နဲ့ ပတ်သက်ပြီး သတိမမူမိတာတွေ၊ အားနည်းချက်တွေ ရှိတာ ဖြစ်ရမယ်။ ဒါကြောင့် အဲဒီအကြောင်းကို ကျွန်မ အစ်လျူကို အရင်မေးလိုက်တယ်။ ခြေခြေမြစ်မြစ် သိနားလည်မှု ရပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ပဲ ဒီပြဿနာတွေကို ဆွေးနွေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့အလုပ်ကို အချိန်မီ လိုက်မကြည့်ခဲ့မှန်း နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မအလုပ်အပေါ် ကျွန်မ အလိုက်တသိမလုပ်ခဲ့သလို တာဝန်မယူခဲ့မှန်းဘဲ ပြဿနာတွေကို မဖြေရှင်းခင် တခြားလူတွေ ထောက်ပြတာကိုပဲ စောင့်ဆိုင်းနေခဲ့မှန်းလည်း သဘောပေါက်သွားတယ်။ ဒါကြောင့် ကျွန်မတို့ ဗီဒီယိုမှာ ဘာပြဿနာတွေ ရှိနေသေးလဲဆိုတာကို တခြားလူတွေကို အရင်မေးပြီး အဲဒါတွေကို အချိန်မီ ကျွန်မ မိတ်သဟာယပြု ဖြေရှင်းခဲ့တယ်။ အချိန်ကာလတစ်ခုကြားပြီးတဲ့နောက်မှာ၊ ပြဿနာတွေ နည်းသထက်နည်းသွားတာ သိသာတယ်။ ကျွန်မ စိတ်အေးသွားပြီး တာဝန်မှာ စိတ်သက်သာရာရသွားတယ်။ တခြားလူတွေရဲ့ အကြံပြုချက်တွေကို လက်ခံခြင်း၊ သမ္မာတရားကို ရှာဖွေပြီး ပြဿနာတွေကို ဖြေရှင်းခြင်းအားဖြင့်ပဲ ကျွန်မတာဝန်ကို ကျွန်မ ကောင်းကောင်း လုပ်နိုင်မှန်းလည်း စိတ်နှလုံးမှာ ခံစားရတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တစ်ခြားလူများကို ဆုံးမသွန်သင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ

ရှောင်ယန်၊ ဟီနန်စီရင်စု အသင်းတော်က စီစဉ်ပေးခဲ့သည့်အတွက် ကျွန်မသည် အထွေထွေအရေးကိစ္စများတွင် အစ်မကြီးတစ်ယောက်နှင့် နီးကပ်စွာ အလုပ်လုပ်ရပါသည်။...

ကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း

လီဖန်း ကိုးရီးယားနိုင်ငံ အရင် သုံးလေးလတုန်းက ကျွန်တော်လည်း ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ဇာတိမြို့အသင်းတော်ကနေ...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။