ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

08.02.2023

လျန်ရှင်း တရုတ်နိုင်ငံ

၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊ သူတို့ ဘာပြဿနာပဲ ရင်ဆိုင်ရပါစေ သူတို့ ကျွန်မကို လာပြောသရွေ့ အဲဒါတွေကို အစွမ်းကုန် ကူရှင်းပေးခဲ့တယ်။ တစ်ခုခုကို ကျွန်မ တကယ်ကို မရှင်းနိုင်တဲ့အခါ ခေါင်းဆောင်ကို ရှာတယ်။ ယုံကြည်သူသစ်တွေကို ရေကောင်းကောင်းမလောင်းရင် ခိုင်ခိုင်မာမာ မရပ်တည်မှာ ကျွန်မ စိတ်ပူခဲ့တယ်။ နောက်ပိုင်းမှာ အသင်းသားအသစ်တွေ ဆက်တိုးတိုးလာခဲ့လို့၊ ခေါင်းဆောင်က ကျွန်မနဲ့ အလုပ်လုပ်ဖို့ ညီအစ်မနှစ်ယောက်ကို တာဝန်ချပေးတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီက ယုံကြည်သူအသစ်တစ်ယောက်စီကို ရေလောင်းဖို့ တာဝန်ကျတယ်။ လူသစ်တချို့က ပြဿနာတချို့အကြောင်း ကျွန်မကို သုံးလေးခေါက် လာပြောကြတယ်။ သူတို့က တခြားအစ်မတွေရဲ့ တာဝန်နယ်ပယ်မှာရှိမှန်း ကျွန်မ တွေ့ခဲ့ရပြီး တွေးမိတယ်။ ငါ့အချိန်ကနည်းတော့ သူတို့ကို ကူရင် ကိုယ်တာဝန်ရှိတဲ့ ယုံကြည်သူသစ်တွေကို ရေလောင်းဖို့ နှောင့်နှေးကုန်မှာ မဟုတ်ဘူးလားပေါ့။ အဲဒီအစ်မတွေက သူတို့အတွက် တာဝန်ရှိတော့၊ သူတို့ ကိုယ့်ကိစ္စကိုယ် တာဝန်ယူသင့်တယ်။ ဒါ ကျွန်မပြဿနာမဟုတ်ဘူးပေါ့။ ဒါနဲ့ အဲဒီလူသစ်တွေကို ကျွန်မ မိတ်သဟာယ မဝေမျှခဲ့ဘူး။ မိတ်သဟာယ ဝေမျှပြန်တော့လည်း ဝတ်ကျေတမ်းကျေပဲ၊ ဖြစ်သလိုလုပ်ခဲ့တယ်။ သုံးလေးရက်နေတော့ သူတို့ထဲကတချို့က အုပ်စုထဲမပါရလို့ တစ်ပတ်လုံး စုဝေးပွဲမတက်ကြသလို၊ တချို့ကတော့ မိတ်သဟာယကတစ်ဆင့် သူတို့ အယူအဆတွေ မရှင်းသေးလို့ စုဝေးပွဲတွေ မတက်ကြဘူးလို့ သိရတယ်။ အဲဒါကြားတော့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒါဟာ ကျွန်မ တာဝန်မယူသလို၊ သူတို့အတွက် ဂရုမစိုက်မိလို့ပဲဆိုတာ သဘောပေါက်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘူး၊ ကိုယ့်ပြဿနာကို နားလည်ဖို့ မကြိုးစားခဲ့ဘူး။ မကြာခင်မှာပဲ အဲဒီအစ်မနှစ်ယောက် တာဝန်ရှိတဲ့ လူသစ်တချို့က သူတို့ဘဝထဲက ပြဿနာတချို့ကြောင့် စိတ်ညစ်နေပြီး စုဝေးပွဲတွေ မတက်ကြတော့ဘူး။ သူတို့ကို ကျွန်မက နည်းနည်း ပိုသိတော့ ခေါင်းဆောင်က ကျွန်မကို သူတို့ကို ကူခိုင်းတယ်။ ကျွန်မက မကူညီချင်ဘူး။ အခု အဲဒီလူသစ်တွေအတွက် တခြားအစ်မတွေက တာဝန်ရှိတာလေ။ သူတို့ကို ပံ့ပိုးဖို့ ကိုယ့်အချိန်ကို သုံးလိုက်ရင်၊ ကိုယ့်အလုပ် ရလဒ်တွေ ထိခိုက်မှာပေါ့။ အဲဒီအကြောင်းတွေးလေ၊ ကျွန်မ နစ်နာတယ်လို့ ခံစားလေဖြစ်ပြီး ငြင်းဖို့ ဆင်ခြေတွေ ရှာခဲ့တယ်။ အလုပ်ရှုပ်လွန်းလို့ နောက်တိုးလူသစ်တစ်ယောက်တလေကို ရေလောင်းတဲ့တာဝန် မယူအားဘူးလို့ ပြောခဲ့တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မတို့ အလုပ်အခြေအနေကို စစ်ဆေးပြီး မေးလာတယ်။ လူသစ်တချို့ကို အုပ်စုတွေထဲ ဘာလို့မထည့်တာလဲ၊ သူတို့အများကြီး ဘာလို့ စုဝေးပွဲမတက်တာလဲတဲ့။ သူက အကြောင်းရင်းကို သိချင်တယ်။ ယုံကြည်အပြည့်နဲ့ ပြောလိုက်တယ်။ “ဒီအကြောင်း တခြားအစ်မတွေကို ပြောပြီးပေမဲ့၊ သူတို့က အချိန်မီ မကိုင်တွယ်သေးဘူး။” ပေါ့။ အဲဒီမှာ ခေါင်းဆောင်ကမေးတယ်။ “ဒါက လုံးလုံး သူတို့တာဝန်ပဲလား။ ညီမနဲ့ လုံးဝ မဆိုင်ဘူးလား။” တဲ့။ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်တုန်းပဲ။ ငါ ဘာအမှားမှ မလုပ်ဘူး။ ကိုယ့်တာဝန်တွေအကုန်လုံး ကိုင်တွယ်ခဲ့သလို၊ ဒီယုံကြည်သူအသစ်တွေကို အစ်မနှစ်ယောက်ဆီ လွှဲပေးပြီးပြီ။ ဒါက ငါ့တာဝန်နယ်ပယ်ထဲက မဟုတ်ဘူး။ သူတို့ကို တစ်စက်မှ ဂရုမစိုက်တာက ကျွန်မအတွက်တော့ လုံးလုံး ယုတ္တိရှိတာပဲ။ အတ္တကြီးပြီး ကိုယ့်တာဝန်မှာ ကိုယ့်အလုပ်ပဲ လုပ်လို့ဆိုပြီး ခေါင်းဆောင်က ကျွန်မကို ဝေဖန်တယ်။ တခြားအစ်မတွေရဲ့ အလုပ်မှာ ပြဿနာတွေ ရှိပေမဲ့၊ ကျွန်မ သတိထားမိတဲ့အချိန်မှာ မဖြေရှင်းခဲ့ဘူး။ အဲဒါကြောင့် ယုံကြည်သူသစ် တော်တော်များများက စုဝေးပွဲမတက်တော့ဘူး။ အဲဒါဟာ တာဝန်နဲ့တာပဲ။ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေကို ဆင်ခြင်ဖို့ ကျွန်မတာဝန်ကို သူက ခဏနားခိုင်းထားလိုက်တယ်။ အဲဒီတုန်းက ကျွန်မက ကြက်သေသေနေတာပဲ။ အဲဒီအချိန်မှာ အဲဒီအမှန်တရားကို လက်ကိုမခံနိုင်တာ။ လူသစ်တချို့ စုဝေးပွဲမတက်နိုင်တဲ့အတွက် တကယ်ကို ကျွန်မ တစ်ယောက်တည်းပဲ တာဝန်ရှိတာလား။ တခြားညီအစ်မတွေက အဲဒီအချိန်မှာ သူတို့ကို ရေလောင်းဖို့ တာဝန်ရှိတာလေ။ ကျွန်မက အဲဒီအတွက် တာဝန်ခံရတဲ့သူ မဖြစ်သင့်ဘူး။ လုပ်စရာတာဝန်မရှိတော့ ကျွန်မ စိတ်မချမ်းသာခဲ့ဘူး။ မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး။ နှစ်ရက်သုံးရက်လောက် စိတ်မချမ်းသာတာဟာ နှလုံးသားထဲ ဓားနဲ့ထိုးနေသလိုပဲ။ ဘုရားကို အော်ခေါ်ရင်း၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရင်း မပြတ်ဆုတောင်းခဲ့တယ်။

ရှာဖွေရင်း ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ဖတ်ခဲ့တယ်။ “သင် အဘယ်အရာကို တွေးနေပါစေ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပါက၊ သင်၌ သစ္စာစောင့်သိခြင်း မရှိဘဲ၊ သင်၏ကိုယ်ပိုင် ဆင်ခြင်စဉ်းစားမှုများက အစဉ် ပါဝင်ပတ်သက်နေပြီး သင်၌ သင်၏ကိုယ်ပိုင် အတွေးများနှင့် အကြံဉာဏ်များ အစဉ်ရှိနေသည်။ ဘုရားသခင်က ဤအရာတို့ကို စောင့်ကြည့်သည်။ ဘုရားသခင်က သိသည်။ ဘုရားသခင် မသိဟု သင်ထင်သလော။ ဤအရာကို စဉ်းစားသည်မှာ မိုက်မဲသည်။ သင်သည် ချက်ချင်းနောင်တမရလျှင် ဘုရား၏ အမှုတော်ကို ဆုံးရှုံးရလိမ့်မည်။ ယင်းကို သင်အဘယ်ကြောင့် ဆုံးရှုံးမည်နည်း။ အကြောင်းမှာ ဘုရားသခင်သည် လူတို့၏အတွင်းအကျဆုံး ဖြစ်တည်မှုကို ဆန်းစစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ ရှိသည့် အကြံအစည်များနှင့် လိမ်လည်လှည့်စားမှုများအားလုံးကို လုံးဝ ရှင်းလင်းစွာ သူမြင်တွေ့သည်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ခြားထားကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် တစ်စိတ်တည်းတစ်ဝမ်းတည်း မဖြစ်ကြောင်း သူသိသည်။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဝေးကွာစေသည့် အဓိကအရာများမှာ အဘယ်နည်း။ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့၏ အကျိုးစီးပွားများနှင့် မာန၊ ပြီးလျှင် ၎င်းတို့၏ကိုယ်ပိုင် အကြံအစည်ငယ်လေးများ ဖြစ်ပေသည်။ လူများ၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံမှ ၎င်းတို့ကို ကွဲကွာစေသည့်အရာများ ရှိနေပြီး ၎င်းတို့သည် အစဉ်သဖြင့် ကြံစည်လျက် ဤအရာများဖြင့် အစဉ် အလုပ်ရှုပ်နေသည့်အခါ၊ ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၌ ညံ့ဖျင်းသော အစွမ်းအစနှင့် မစို့မပို့ အတွေ့အကြုံသာ ရှိသော်လည်း၊ သမ္မာတရားကို လိုက်စားလိုပြီး ဘုရားသခင်နှင့်အမြဲ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပါက၊ သေးသိမ်သော လှည့်ကွက်များ မလုပ်ဆောင်ဘဲ သင့်ကို ဘုရားပေးအပ်ထားသည့် အရာကို သင်အစွမ်းကုန် ဆောင်ရွက်နိုင်ပါက ဤအရာကို ဘုရားသခင် မြင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ် ပိုင်းကန့်ထားပါက၊ သင်သည် သေးသိမ်သော အကြံအစည်များ အစဉ်သိုထားပါက၊ သင်၏ကိုယ်ပိုင်အကျိုးစီးပွားနှင့် မာန်မာနတို့အတွက် အစဉ် အသက်ရှင်ပါက၊ ဤအရာများကို သင်၏စိတ်နှလုံးထဲတွင် အစဉ်တွက်ချက်နေပါက၊ ယင်းတို့ကို စိတ်စွဲနေပါက ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ကျေနပ်အားရမည် မဟုတ်သကဲ့သို့ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြပေးခြင်း၊ အလင်းပေးခြင်း၊ သို့မဟုတ် အသိအမှတ်ပြုခြင်းရှိမည်မဟုတ်ပေ။ သင်၏ နှလုံးသားသည် ပို၍ အစဉ်မှောင်မိုက်လိမ့်မည်။ ဤသည်မှာ သင်သည် တာဝန်ထမ်းဆောင်သောအခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အမှားပြုလုပ်မိလိမ့်မည်ဖြစ်ပြီး အသုံးမဝင်လုနီးနီး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောကြောင့်၊ သင့်အကျိုးအတွက် အစဉ်ကြံစည်နေပြီး ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှုမရှိသောကြောင့်ဖြစ်သည်။ သင်သည် ကောက်ကျစ်ပြီး ဘုရားသခင်ကို လှည့်စားရန် ကြိုးစားရဲသောကြောင့်၊ သမ္မာတရားကို လက်မခံရုံမကဘဲ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် မယုံကြည်ရသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံခြင်း မဟုတ်ပေ။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်နှစ်လုပ်ကိုင်ခြင်းမရှိသောအခါ၊ အပေါ်ယံအားစိုက်မှုအချို့သာ လုပ်ဆောင်သောအခါ၊ ပို၍ အကျိုးအမြတ်ရရန်၊ သင့်ကိုယ်သင်အတွက် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိမ်လည်ရယူရန် ဤအရာကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုသောအခါ၊ ပြီးလျှင် သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသည့်အခါတွင် လက်ခံပြီး နာခံခြင်းမရှိလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမည်မှာ ဖြစ်နိုင်ခြေအလွန်များသည်။ ဘုရားသခင်သည် လူသား၏ အတွင်းအကျဆုံး ဖြစ်တည်မှုကို ကြည့်သည်။ သင်သည် နောင်တမရလျှင် အန္တရာယ်ကျရောက်လိမ့်မည်။ ဘုရားသခင်၏ ထုတ်ပယ်ခြင်းကို ခံရနိုင်ခြေရှိလိမ့်မည်။ ဤသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် အခွင့်အရေးအား မည်သည့်အခါမျှ တစ်ဖန် ရရှိမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးဖြစ်သည့်အရာမှာသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်က ကိုယ့်အခြေအနေမှန်ကို ထုတ်ဖော်ခဲ့တယ်။ ကိုယ့်တာဝန်မှာ ဘုရားကို တွက်ချက်နေတာ၊ ကိုယ်ကျိုးအတွက် လုံးလုံး ကြံစည်နေတာ။ ကိုယ်အကျိုးရှိမယ့်အရာ ဘာကိုမဆို ကြိုးစားဖို့ လုံးလုံး လိုလားပေမဲ့၊ မဟုတ်ရင်တော့ ဂရုကိုမစိုက်ဘူး။ ကျွန်မ ရေလောင်းဖို့ တာဝန်ရှိတဲ့ လူသစ်တွေအပေါ် တကယ်ကို အာရုံစိုက်ခဲ့တယ်။ ကိုယ်ကောင်းကောင်း ရေမလောင်းရင် သူတို့ထွက်သွားမှာစိုးလို့လေ။ ဒါပေမဲ့ ကိုယ်တာဝန်မရှိတဲ့သူတွေကိုတော့ ဂရုမစိုက်ခဲ့မိဘူး။ သူတို့ကို တခြားညီအစ်မတွေဆီ လွှဲပေးလိုက်တဲ့အတွက် သူတို့ ကောင်းကောင်း ရေ‌လောင်းမခံရဘဲ ပြဿနာတွေရှိရင်၊ ကိုယ်နဲ့ဘာမှမဆိုင်လို့ အဲဒီအတွက် တာဝန်ယူစရာမလိုဘူး၊ ကိုယ့်အကျိုးလည်း ထိခိုက်မှာ မဟုတ်ဘူးလို့ တွေးတာပေါ့။ ဒါနဲ့ ယုံကြည်သူအသစ်တွေက သူတို့ပြဿနာတွေအကြောင်းပြောဖို့ ကိုယ့်ကိုရှာတော့၊ သူတို့က ကိုယ့်ကြီးကြပ်မှုအောက်မှာ မရှိတာမြင်ပြီး သူတို့ကို မိတ်သဟာယမပြုပေးချင်ခဲ့ဘူး။ သူတို့ကို အကူအညီ နည်းနည်းပေးတော့လည်း၊ ဟန်ပြလုပ်ခဲ့တယ်။ သူတို့က စုဝေးပွဲပုံမှန်မတက်တာကို ခေါင်းဆောင်တွေ့ပြီး သူတို့ကို ပံ့ပိုးဖို့ ခိုင်းပေမဲ့၊ အဲဒါကို မလုပ်ဖို့ ဆင်ခြေတွေရှာခဲ့တယ်။ လူသစ်တွေ လမ်းခရီးမှန်မှာ အမြန်ဆုံး ခြေချနိုင်ဖို့ သူတို့ကို ဘယ်လိုကောင်းကောင်း ရေလောင်းမယ်ဆိုတာ တွေးမနေခဲ့ဘူး။ ကိုယ်ကျိုးပဲ တွေးခဲ့တာ၊ ဘုရားအလိုတော်ကို လုံးဝ ထည့်တွက်ခဲ့ဘူး။ ကျွန်မက အတ္တကြီးပြီး ယုတ်တယ်။ ကျွန်မက ကိုယ့်အလုပ်၊ ကိုယ့်တာဝန်တွေရဲ့ စည်းကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြခဲ့တာ။ ကိုယ့်တာဝန်တွေရဲ့ ပြင်ပကအရာ၊ ကိုယ်နဲ့မသက်ဆိုင်တဲ့ ပြဿနာတစ်ခုတလေကို အလေးမထားတာက ကိုယ့်အတွက် လုံးလုံး ယုတ္တိရှိတယ်လို့ ထင်ခဲ့တယ်။ အလုပ်ရှင်အတွက် အလုပ်လုပ်နေတဲ့ မယုံကြည်သူတစ်ယောက်လိုပါပဲ။ ကိုယ်လုပ်တဲ့အလုပ်အပေါ်မူတည်ပြီး ပိုက်ဆံရသလိုပဲ။ ကိုယ်ကျိုးပဲကြည့်ပြီး ဘာမှကို ထပ်မလုပ်ချင်ဘူး။ အပိုအားထုတ်မှု တစ်စက်မှ မထည့်ချင်ဘူး။ အဲဒါ ဘယ်လိုလုပ်ပြီး ကိုယ့်တာဝန်ကို လုပ်နေတာလဲ။ ကျွန်မက အစေခံသူတစ်ယောက်ပါပဲ။ ကျွန်မရဲ့ အဲဒီသဘောထားက ဘုရားအတွက် တကယ်ကို ရွံစရာပဲ။ တချို့လူသစ်တွေက စုဝေးပွဲအုပ်စုတွေ မရှာနိုင်ဘဲ အရမ်း စိုးရိမ်ပုံရတယ်။ လမ်းပျောက်သွားတဲ့ ကလေးလေးတွေလိုပဲ။ သူတို့က ကျွန်မကို ရှာကြတာ။ သူတို့ပါဝင်ဖို့ အုပ်စုတွေ့အောင် ကူညီပြီး သူတို့ပြဿနာအတွက် သူတို့ကို မိတ်သဟာယပြုပေးခဲ့သင့်တာ။ အဲဒီအစား ကိုယ့်အလုပ်တာဝန်တွေနဲ့ တစ်ကိုယ်ကောင်းဆန်ဆန် အလုပ်ရှုပ်နေခဲ့တယ်။ သူတို့ကို လျစ်လျူရှုခဲ့တယ်။ ဒီတော့ လူသစ်တွေက စုဝေးပွဲတွေ မတက်ကြတော့ဘူး။ ဒီအတွေးကြောင့် ကျွန်မ နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ပြည့်သွားသလို၊ လူ့သဘာဝ မရှိဘူးလို့ ခံစားခဲ့ရတယ်။ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာ ခံရပြီး ကိုယ့်တာဝန်အရပ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းပါ။

နောက်တော့ သက်သေခံချက် ဗီဒီယိုတစ်ခုတွေ့တယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို အဲဒီမှာ ကိုးကားထားတယ်။ “အန္တိခရစ်များသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် အရှက်လုံးဝ ကင်းမဲ့ရုံမကဘဲ အခြားလက္ခဏာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် သာမန်ထက်ပို၍ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့၏ ‘တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်း’၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်သဘောပေါက်ရန် မခက်ပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏အကျိုးစီးပွားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ၎င်းတို့၏အာရုံစိုက်ခြင်းကို အပြည့်အဝ ရလေသည်။ ၎င်းတို့သည် ယင်းအတွက် ဒုက္ခခံလိမ့်မည်၊ အဖိုးအခပေးဆပ်လိမ့်မည်၊ ယင်း၌ အာရုံနစ်မွန်းနေလိမ့်မည်၊ ယင်း၌ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံထားလိမ့်မည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားတို့နှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က လျစ်လျူရှုပြီး သတိပြုမိမည် မဟုတ်ချေ။ အခြားသူများက မိမိတို့သဘောရှိ လုပ်ဆောင်နိုင်သည်— တစ်စုံတစ်ဦးက သဘောထားကွဲစေခြင်း၊ သို့မဟုတ် အနှောင့်အယှက် ဖြစ်စေခြင်းကို ၎င်းတို့ ဂရုမစိုက်ကြဘဲ၊ ၎င်းတို့အဖို့မူ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေပေ။ ပါးနပ်စွာဆိုရလျှင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ကိစ္စကိုသာ စိတ်ဝင်စားသည်။ သို့ရာတွင် ဤလူစားမျိုးသည် ယုတ်မာသည်၊ ရွံစရာကောင်းပြီး စိတ်ပျက်စရာကောင်းသည်ဟုဆိုလျှင် သာ၍ မှန်ကန်တိကျပေသည်။ ၎င်းတို့ကို ‘တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်’ဟု ငါတို့ သတ်မှတ်ကြသည်။...၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ဝတ်ကျေတန်းကျေ အားစိုက်ထုတ်မှုတစ်ခုသာ လုပ်ကြသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးနှင့် အာဏာကို ထိန်းသိမ်းသည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင်ကြီးအောင့်ကြီး လုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် သင့်ကို ရှင်းထုတ်ပစ်ရန်အတွက် ဝတ်ကျေတန်းကျေ အဖြေများကိုပေးသည်၊ သို့မဟုတ် သူတို့၏ စကားများကို အသုံးပြုကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်က ကျွန်မအတွက် စိတ်နှလုံးကို တည့်တည့်ထိတာပဲ။ ကျွန်မက အရမ်းအတ္တကြီးသလို၊ ယုတ်ပြီး အန္တိခရစ်လို ပြုမူခဲ့တယ်။ ကိုယ်လုပ်သမျှမှာ ကိုယ်ကျိုးပဲ တွေးခဲ့တယ်။ လူသစ်တစ်ယောက် စုဝေးပွဲတွေမလာတဲ့အခါ၊ ကိုယ့်ရလဒ်တွေကို ထိခိုက်ခဲ့ရင်၊ ဘယ်လိုအဖိုးအခကို ပေးဆပ်ရပါစေ၊ ဘယ်လိုအလုပ်ကြိုးစားရပါစေ၊ သူတို့ကို ရေလောင်းပံ့ပိုးဖို့ လိုလားတယ်၊ ကျွန်မ ဘယ်တော့မှ မပင်ပန်းဘူး။ ဒါပေမဲ့ တခြားအစ်မတွေ တာဝန်ရှိတဲ့ ယုံကြည်သူအသစ်တွေ စုဝေးပွဲအုပ်စု မရှာနိုင်တာကို တွေ့တော့၊ နည်းနည်းလေးကြိုးစားလိုက်ရုံနဲ့ အဲဒါကို ဖြေရှင်းနိုင်ပေမဲ့၊ ကျွန်မ မလုပ်ခဲ့ဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို အရမ်းခံခဲ့ရပြီး၊ “မိမိကိုယ်သာ ကိုးကွယ်ရာ”၊ “ကိုယ်ထူးကိုယ်ချွန်”နဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဆိုတာတွေက ကျွန်မ အသက်ရှင်တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေမှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်၊ ယုတ်ပြီး တကယ်ကို တွက်ချက်နေခဲ့တယ်။ အဲဒီယုံကြည်သူအသစ်တွေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးခါစဖြစ်သလို၊ စုံစမ်းသွေးဆောင်မှုမျိုးစုံ ရင်ဆိုင်နေရတာ။ သူတို့ကို ပံ့ပိုးပေးဖို့ လူတစ်ယောက်မှ မရှိသလို၊ တက်ဖို့ စုဝေးပွဲလည်း မရှိဘူး။ သူတို့က အချိန်မရွေး စာတန်ခေါ်တာကို ခံရနိုင်တယ်။ ဒီတော့ လူသစ်တွေကို ကောင်းကောင်း ရေလောင်းတာက ဘုရားအိမ်တော်အတွက် အရေးကြီးတဲ့ အလုပ်ပဲ။ ဘုရားရှေ့မှောက်ကို လာဖို့ ဘယ်သူ့အတွက်မှ မလွယ်ဘူး။ လူတစ်ယောက်ကို ကယ်ဖို့ ဘုရားဘယ်လောက် အသုံးခံတယ်ဆိုတာ ကျွန်မတို့ မသိဘူး။ အသိစိတ်နဲ့ လူ့သဘာဝ ရှိတဲ့သူတစ်ယောက်က လူသစ်တွေ စုဝေးပွဲတွေ မတက်တာမြင်တဲ့အခါ စိုးရိမ်တယ်။ သူတို့ကို သူများတွေနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း ဘယ်လိုရေလောင်းရမယ်ဆိုတာ တွေးကြတယ်။ ဒါမှ သူတို့ သမ္မာတရားကို နားလည်ပြီး လမ်းမှန်မှာ အမြန်ဆုံး အခြေချနိုင်အောင်ပေါ့။ ဒါပေမဲ့ ကျွန်မက ကိုယ်ကျိုးပဲ ရှေ့တန်းတင်ပြီး လူသစ်တွေ စုဝေးပွဲတွေ ပုံမှန်မတက်တာကို ဂရုမစိုက်ခဲ့ဘူး။ သူတို့ကို ကူဖို့ အချိန်တစ်စက်မျှ မပေးချင်ဘူး။ ကျွန်မက ဘုရားအလိုတော်အတွက် အလေးထားမှု ဘယ်လို ပြနေတာလဲ။ ကျွန်မ ဝေဖန်ခံရပေမဲ့ ကိုယ့်ကိုယ်ကိုယ် မသိသေးဘဲ၊ ကိုယ့်တာဝန်ကို ပမာမခန့် ခေါင်းရှောင်တယ်။ အဲဒီနောက် ကိုယ်က အသိစိတ်မရှိ၊ အေးစက်ပြီး အကြင်နာမဲ့မှန်း သဘောပေါက်ခဲ့တယ်။ ကိုယ့်တာဝန်နဲ့ဆိုင်တဲ့ ကဏ္ဍကို စီမံပြီး၊ ကိုယ့်ရလဒ်ကို သေချာအောင်လုပ်ရင်းနဲ့ ကျွန်မက ပါးနပ်တယ်၊ အထုတ်ခံရမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက တော်တော် အဓိပ္ပာယ်မဲ့တာပဲ။ ဘုရားက လူတစ်ယောက်ရဲ့ လုပ်ရပ်တွေက ရည်ရွယ်ချက်တွေကို ကြည့်တယ်။ သူတို့က ဘုရားအတွက် အမှန်တကယ် အသုံးခံနေတာလား၊ သူတို့ရဲ့ အပေါ်ယံ ရလဒ်တွေကို မကြည့်ဘဲ၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး ဘုရားအလိုတော်ကို စဉ်းစားနေတာလားပေါ့။ ကိုယ့်တာဝန်မှာ ဒုက္ခခံပြီး အဖိုးအခပေးနိုင်ရင်တောင် ကိုယ်ကျိုးပဲ အမြဲ ထိန်းသိမ်းရင် အစ်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းရင်၊ အဆုံးမှာ ဘုရားရဲ့ ထုတ်ဖော်ပြီး ထုတ်ပယ်တာ ခံရမယ်။ ဘုရားအလိုတော်၊ ဘုရားရဲ့စိတ်သဘောထားကို ကျွန်မ နားမလည်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လှည့်ကွက်တွေသုံးပြီး ကိုယ့်အလုပ်အတွက်ပဲ ဂရုစိုက်ခဲ့တယ်။ ဒီယုံကြည်သူအသစ်တွေကို ဟန့်တားပြီး ထိခိုက်စေခဲ့တယ်။ ကျွန်မရဲ့ တွက်ချက်မှုလေးတွေနဲ့ ယုတ်တဲ့ရည်ရွယ်ချက်တွေက ဘုရားရဲ့စိစစ်မှုကနေ မလွတ်မြောက်နိုင်ဘူး။ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ခဲ့ပေမဲ့ ဖော်ထုတ်ပြီး အထုတ်ခံရတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ကျွန်မပေါ် ရောက်လာတာ။ ကျွန်မက ကိုယ်ပြုခဲ့တဲ့ ကံ ကိုယ်ပြန်ခံရတာပဲ။ နောင်တတွေပြည့်ပြီး အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ဘုရားကို ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်မဟာ ကိုယ့်လုပ်ရပ်တွေမှာ ကိုယ်ကျိုးပဲ ကြည့်ခဲ့မိပါတယ်။ အဲဒါကြောင့် ယုံကြည်သူအသစ်တွေ စုဝေးပွဲတွေ မတက်ကြတော့ပါဘူး။ ကျွန်မမှာ လူ့သဘာဝ လုံးဝ မရှိပါဘူး။ အပြစ်ဒဏ် ခံထိုက်ပါတယ်။ အထုတ်ခံရတာက ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းပါ။ ကိုယ်တော်ရဲ့ မေတ္တာ ပိုလို့တောင်ဖြစ်ပါတယ်။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်။ ဒီယုံကြည်သူအသစ်တွေကို သူတို့ အသင်းတော်အသက်တာ အသက်ရှင်နေထိုင်နိုင်အောင် အမြန်ဆုံး ပံ့ပိုးကူညီချင်ပါတယ်။” ပေါ့။

အဲဒီနောက်မှာ စုဝေးပွဲမတက်တဲ့ လူသစ်တွေကို ပံ့ပိုးဖို့ အစ်မနှစ်ယောက်နဲ့ အလုပ်လုပ်ခဲ့တယ်။ ယုံကြည်သူအသစ်တချို့ သူတို့ဘဝတွေမှာ အခက်အခဲတွေရှိနေတာကို ကျွန်မတို့ သိရပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုပေးရင်း ကူညီခဲ့တယ်။ သူတို့ တော်တော်အဆင်ပြေစပြုလာပြီး အသင်းတော်အသက်တာမှာ ပါဝင်ချင်တယ်။ မိတ်သဟာယပြုရင်းနဲ့ ကူညီပံ့ပိုးပေးတော့ လူသစ်တချို့က စုဝေးပွဲတွေ ပြန်တက်ချင်လာကြတယ်။ ကျွန်မ တကယ်ကို ပျော်ခဲ့ရတယ်။ ကိုယ်နဲ့ အလုပ်အတူလုပ်တဲ့ အစ်မတွေကိုလည်း ပြောခဲ့တယ်။ ယုံကြည်သူအသစ်တစ်ယောက် စုဝေးပွဲပုံမှန် မတက်တိုင်း၊ မဆက်သွယ်တိုင်း၊ ကျွန်မကို ချက်ချင်းပြောပါ။ ဒါမှ သူတို့ကို ရေလောင်းပံ့ပိုးနိုင်မယ်ပေါ့။ ဒါကို လက်တွေ့လုပ်ဆောင်တာက ကျွန်မကို ပိုငြိမ်းချမ်းသွားစေတယ်။ နှစ်ရက်သုံးရက်ကြာတော့၊ ခေါင်းဆောင်က ကျွန်မ ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့တာဝန်ကို ပြန်ယူလို့ရပြီတဲ့။ သတင်းကြားတော့ ကျွန်မမှာ မျက်ရည်မဆည်နိုင်ဘူး။ ညီအစ်ကိုမောင်နှမတွေအပေါ် ကျွန်မ တော်တော် တာဝန်မဲ့ခဲ့၊ တစ်ကိုယ်ကောင်းဆန်ခဲ့ပေမဲ့၊ အသင်းတော်က အဲဒီတာဝန်ကို ထပ်ယူဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ဘုရားရဲ့ သနားကရုဏာအတွက် သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်ရတယ်။ “သင်သည် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသောအခါ သင့်ဘာသာ ဖြေရှင်းနိုင်ခြင်းရှိမရှိဆိုသည်ကို ဦးစွာကြည့်လော့။ ဖြေရှင်းနိုင်လျှင် ထိုအရာကို တာဝန်ယူပြီး အဆုံးတိုင် ပြီးမြောက်သည်အထိ လုပ်ဆောင်လော့။ ပြီးဆုံးအောင် လုပ်ဆောင်လော့။ သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းသည်မှာ ဘုရားသခင်ရှေ့တွင် သင် ရှင်းလင်းပြနိုင်သည်အထိ လုပ်ဆောင်လော့။ ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်ထားဖြင့် ပြုမူကျင့်ကြံခြင်းဖြစ်သည်။ သင်သည် ပြဿနာကို မဖြေရှင်းနိုင်လျှင် ခေါင်းဆောင်တစ်ယောက်ထံ သတင်းပို့ပြီး ဖြေရှင်းပေးဖို့ မည်သူက သင့်တော်မည်ကို ကြည့်ပါ။ ရှေးဦးစွာ သင်၏ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင်၏တာဝန်ကို လိုက်နာဆောင်ရွက်ပြီး မှန်ကန်သောရပ်တည်ချက်တွင် ရှိလိမ့်မည်။ ပြဿနာတစ်ခုကို တွေ့ရှိပြီး သင်က မဖြေရှင်းနိုင်သော်လည်း ခေါင်းဆောင်တစ်ယောက်ထံ သတင်းပို့လျှင် သင်၏ပထမတာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ဤကိစ္စသည် သင်ထမ်းဆောင်သင့်သည့်တာဝန်ဖြစ်သည်၊ သင်လုပ်နိုင်သည်ဟု ခံစားရလျှင် သင်၏ညီအစ်ကိုမောင်နှမများ၏ အကူအညီကို တောင်းခံသင့်သည်။ စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းချက်ကို သတ်မှတ်ဆုံးဖြတ်ခြင်းဖြင့် စတင်လုပ်ဆောင်လော့။ ထို့နောက် ကိစ္စကို ပြီးမြောက်ရန်အတွက် ၎င်းတို့နှင့် လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်လော့။ ဤသည်မှာ သင်၏ ဒုတိယတာဝန်ဖြစ်သည်။ သင်သည် ဤတာဝန်နှစ်လုံးကို တာဝန်ယူဆောင်ရွက်နိုင်လျှင် သင်သည် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် လက်သင့်ခံနိုင်ဖွယ်ဖြစ်ပြီး သင်သည် သင်၏တာဝန်ကို ကောင်းစွာလုပ်ဆောင်လိမ့်မည်။ လူသား၏တာဝန်သည် ဤအရာနှစ်ခုထက်မပိုပေ။ သင်သည် သင်မြင်သမျှကို တာဝန်ယူဆောင်ရွက်နိုင်ပြီး ကိုင်တွယ်နိုင်လျှင်၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်လျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဘုရားအိမ်တော်မှာ လူတိုင်းမှာ တာဝန်အမျိုးမျိုးရှိပြီး ကိုယ့်တာဝန်တွေ ကွဲနေသလို၊ အလုပ်အမျိုးမျိုး ရှိပေမဲ့၊ တစ်မိသားစုတည်းပဲ။ တစ်ခုခုက ကိုယ့်တာဝန်နယ်ပယ်ထဲမှာ ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ ပြဿနာတွေ့ရင်၊ လုပ်သင့်တာ လုပ်ပေါ့။ အသင်းတော်အလုပ်မထိခိုက်အောင် ညီအစ်ကိုမောင်နှမတွေနဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာကို တွေးလိုက်။ တစ်ခုခုကို ကိုယ့်ဘာသာမရှင်းနိုင်ရင် တခြားညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်း၊ အဲဒီအကြောင်း ခေါင်းဆောင်ကိုပြောပြ။ အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ပေါ့။ ပြဿနာတွေ့ပေမဲ့ ဂရုမစိုက်ဘဲ လက်ပိုက်ကြည့်နေရင် ကိုယ်ဟာ ဝန်ထမ်း၊ အစေခံသူတစ်ယောက်ပဲ။ ဘုရားမိသားစုဝင် မဟုတ်ဘူး။ အဲဒါကို ကျွန်မ သဘောပေါက်တော့ ဘုရားသတ်မှတ်ချက်တွေနဲ့အညီ ကိုယ့်တာဝန်ကို မပြတ် လုပ်ဖို့ အဆင်သင့်ဖြစ်ရင်း ကိုယ့်စိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းခဲ့တယ်။

တစ်ခါမှာ အရင်က စုဝေးပွဲကို ကျကျနန တက်ခဲ့တဲ့ ယုံကြည်သူတစ်ယောက်ရှိတာကို သတိရတယ်။ နောက်တော့ မလာတော့ဘူး။ ကျွန်မတို့လည်း ဘာဖြစ်လို့မှန်း မသိဘူး။ သူ့ကို ဆက်သွယ်လို့ကို မရတာ။ အဲဒီနောက် တစ်ညနေမှာ သူက ကျွန်မ နေကောင်းလာဆိုပြီး ရုတ်တရက် စာပို့လာတယ်။ ကျွန်မ တွေးမိတယ်။ သူ့ကို ဆက်သွယ်ရတာ အရမ်းခက်တာ။ သူနဲ့စကားပြောဖို့၊ သူ ဒုက္ခရောက်နေလား သိဖို့၊ ဒီအခွင့်အရေးကို သုံးရမယ်ပေါ့။ ဒါပေမဲ့လည်း တွေးမိတာက၊ စုဝေးပွဲအတွက် အကြောင်းအရာပြင်ဆင်ရင်း အလုပ်ရှုပ်နေသလို၊ အချိန်ကလည်း နည်းနေတယ်။ သူ့ကို ပံ့ပိုးဖို့ အချိန်သုံးလိုက်ရင်၊ ကိုယ့်အလုပ် နှောင့်နှေးသွားနိုင်တယ်ပေါ့။ တခြားတစ်ယောက်ယောက်ကို သူနဲ့ စကားပြောခိုင်းဖို့ တွေးလိုက်တယ်။ ပြီးတော့လည်း သူ့အတွက် ကျွန်မက တာဝန်မရှိဘူးလေ။ ဒီတော့ ကိုယ်လုပ်ဖို့လိုတာကို အေးအေးဆေးဆေး လုပ်နိုင်မှာပေါ့။ အဲဒီလိုတွေးရင် သဘောပေါက်လိုက်တယ်။ ခေါင်းရှောင်တာက တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့ပြန်တာပဲ။ ဒီညီအစ်မက ငါ့ကို ဆက်သွယ်ဖို့ ကြိုးစားရှာတယ်။ ဒီတော့ သူ့ကို ကူညီပံ့ပိုးဖို့ အခွင့်အရေးကို ငါသုံးသင့်တယ်ပေါ့။ ဒါနဲ့ သူ့ကို ဗီဒီယိုနဲ့ခေါ်လိုက်တယ်။ စကားပြောရင်း၊ သူစုဝေးပွဲတွေ တက်တာကို သူ့ယောက်ျားက ဆန့်ကျင်တယ်ဆိုတာ သိလိုက်ရတယ်။ သူက စိတ်ကျဉ်းကျပ်ပြီး သူ့အခြေအနေက ထိခိုက်လာလို့ စုဝေးပွဲတွေ မသွားတော့ဘူး။ သူ့အခြေအနေကို ကိုင်တွယ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သူ့ကို ရှာပို့ပေးပြီး ဘုရားအလိုတော်နဲ့ပတ်သက်ပြီး သူ့ကို မိတ်သဟာယပြုပေးခဲ့တယ်။ အခြေအနေကို ကျော်ဖြတ်ဖို့ ဘုရားကို အမှီပြုအောင်လည်း သူ့ကို အားပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတာ သူ့မျက်နှာက ပြုံးလာပြီး ဒါကို ကျော်ဖြတ်ဖို့ ယုံကြည်စိတ်ချမှုကို သူပြခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေက သူလိုတဲ့အရာပဲလို့လည်း ပြောတယ်။ အဆုံးမှာ စုဝေးပွဲတွေ ပြန်တက်ချင်တဲ့ ဆန္ဒကို ထုတ်ပြခဲ့တယ်။ သူအဲဒါကိုပြောတော့၊ ကျွန်မ ပျော်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်လည်း ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က ကိုယ်ကျိုးပဲကြည့်ခဲ့လို့လေ။ ကိုယ့်တာဝန်ကို ခေါင်းရှောင်ပြီး သူ့ကို လျစ်လျူရှုမိတော့မလို့။ ပျော်တာကတော့ သူ့ကို ဘုရားနှုတ်ကပတ်တော် မျှဝေပေးရင်း ကိုယ်လုပ်သင့်တာကို အနည်းဆုံးလုပ်ခဲ့လို့ပါ။ အဲဒီညီအစ်မကို သူ့ယောက်ျားရဲ့ တင်းကျပ်မှုတွေကနေ လွတ်မြောက်ဖို့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပေးရင်း၊ ယုံကြည်စိတ်ချမှုပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်ပါ။ နောက်ဆုံးမှာ သမ္မာတရား လက်တွေ့လုပ်ဆောင်ခဲ့တယ်။ စိတ်ထဲမှာ ငြိမ်းချမ်းမှုတချို့ ခံစားခဲ့ရတယ်။ နောက်ပိုင်း အဲဒီလိုအခြေအနေမျိုးကြုံရင် အများကြီး ပိုကောင်းတဲ့ သဘောထားရှိလာတယ်။ ကိုယ့်အကျိုးအမြတ်တွေနဲ့ ဆုံးရှုံးမှုတွေကို မတွက်ချက်တော့ဘူး။ ကိုယ်တတ်နိုင်စွမ်းသရွေ့ အစွမ်းကုန် လုပ်ခဲ့တယ်။ ကိုင်တွယ်ဖြေရှင်းခံရတာက အသက်ထဲ ဝင်ရောက်ဖို့ အခွင့်ကောင်းတစ်ခုပါ။ ကိုင်တွယ်ဖြေရှင်းခံရပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်လို့ ကိုယ့်အကြောင်း နည်းနည်း သိလာရပြီး ကိုယ့်တာဝန်တွေကို စဖြည့်ဆည်းလာခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူကောင်းတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်း

ရဲရင်း မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့...

ဘုရားသခင်ကို အစေခံနေစဉ် အဘယ်ကြောင့်လိမ်လည်လှည့်စားမှု၌ ပါဝင်ပတ်သက်ရပါသနည်း

ဟူကျိန်၊ မြို့တော် အန်ဟွီစီရင်စု “ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့်...

ဘုရားကို မကြောက်ရွံ့ခြင်းသည် အန္တရာယ်ရှိသော လမ်းတည်း

ရှောင်မော့ စပိန်နိုင်ငံ မနှစ်က စပြီး လူသစ်အသင်းတော်တစ်ပါးမှာ ရေလောင်းအလုပ်ကို ကျွန်မတာဝန်ယူခဲ့တယ်။ တစ်ကြိမ် အစည်းအဝေးမှာ ဧဝံဂေလိအသင်းကို...

ကျွန်ုပ်၏ စိတ်နှလုံးကို ခံစားချက်က လွှမ်းမိုးထားသည်

၂၀၁၇ ခုနှစ် မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုဆော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။