အလုပ်ကို ကျွန်မ မကြီးကြပ်ရဲတဲ့ အကြောင်းရင်း

08.02.2023

ဆွန်ယု နယ်သာလန်နိုင်ငံ

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ စပြီး အစေခံတဲ့အချိန်မှာ ကျွန်မ တွဲဖက်တချို့က ဘုရားကိုယုံကြည်တာ ကျွန်မထက်ပိုကြာနေပြီ။ သူတို့က သမ္မာတရားကို ကျွန်မထက်ပိုပြီး နားလည်တယ်၊ ကျွန်မထက်ပိုပြီး အတွေ့အကြုံရှိတယ်လို့ ကျွန်မ ထင်တယ်။ အဲဒါနဲ့ ကျွန်မက အသင်းတော်အလုပ်တချို့ကို အရမ်းကြီး မမေးရဲဘူး။ ကျွန်မက ခေါင်းဆောင်ဖြစ်တာ မကြာသေးဘူး။ ဒါကြောင့် အလုပ်တွေအားလုံးကို ဝင်စွက်ဖက်နေတယ်၊ ဘာမှမသိဘဲနဲ့ ဝင်ပါဖို့ ကြိုးစားနေတယ်လို့ သူတို့ကပြောမှာကို ကျွန်မ ကြောက်တယ်။ စည်းမျဉ်းနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေမှာ ကျွန်မက ကိုယ့်အမြင်နဲ့ ထင်မြင်ချက်တွေအတွက် မရပ်တည်ရဲဘူး။ ကျွန်မက အရမ်းမာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိဘူးလို့ သူများတွေကပြောမှာကို ကျွန်မ ကြောက်တယ်။ အဲဒါနဲ့ ကျွန်မက ကိုယ့်တာဝန်မှာ အမြဲတမ်း တွန့်ဆုတ်နေတယ်။

အဲဒီအချိန်တုန်းက တချို့အသင်းတော်အလုပ်တွေက တိုးတက်တာ အရမ်းနှေးနေတာကို ကျွန်မ တွေ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက စည်းမျဉ်းတွေကို နားမလည်ဘဲ သူတို့တာဝန်တွေကို ထမ်းဆောင်တယ်။ သူတို့တွေက အသေးအဖွဲကိစ္စတွေမှာ ခဏခဏ ပိတ်မိနေတော့ တိုးတက်မှုက နှောင့်နှေးနေတယ်။ အဘီဂေးလ်က ဒီအလုပ်ကို ကြီးကြပ်တာ နှစ်နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ သူက ဒီအလုပ်ကို နားမလည်သေးဘဲ လက်တွေ့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ သူက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး။ အဘီဂေးလ် စင်ဒီရဲ့တာဝန်အောက်မှာရှိနေတော့ ကျွန်မက ဒီကိစ္စကို စင်ဒီဆီ တင်ပြပြီး အဘီဂေးလ်ကို ထုတ်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ သူက အဘီဂေးလ်က လောလောဆယ်မှာ အလုပ်တချို့ကို လုပ်နိုင်သေးတယ်၊ အဘီဂေးလ်တွက် အစားထိုးမဲ့သူ မရှာနိုင်ဘူး၊ ဒီတော့ သူ့ကို ထားချင်သေးတယ် တဲ့။ စင်ဒီပြောတာကို ကြားရတော့ ကျွန်မစိတ်ထဲမှာ သဘောမတူဘူး။ “အဘီဂေးလ်က ခေါင်းဆောင်ဖြစ်တာ နှစ်နှစ်နီးပါးရှိပြီ။ ဒါပေမဲ့ သူက တချို့အခြေခံပြဿနာတွေကိုတောင် မဖြေရှင်းခဲ့ဘူး။ ဒါကြောင့် အလုပ်တိုးတက်မှုကို ထိခိုက်ခဲ့တယ်။ ဘယ်လိုလုပ် သူ့ကို နေခွင့်ပေးနိုင်ရတာလဲ။ သူက အလုပ်အတွက် မသင့်တော်ဘူးဆိုတာ သိတာကြောင့် သူ့ကို သုံးနေတာကို ရပ်သင့်တယ်။ အစွမ်းအစကောင်းရှိတဲ့သူတစ်ယောက်ကို ပျိုးထောင်ပေးသင့်တယ်” ပေါ့။ ကျွန်မတို့က စည်းမျဉ်းနဲ့အညီ လုပ်သင့်တယ်လို့ စင်ဒီကို ကျွန်မ ပြောချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “သူက လောလောဆယ်မှာ အစားထိုးဖို့ သင့်တော်သူမရှာနိုင်ဘူးလို့ ပြောပြီးပြီပဲ။ ငါက အဘီဂေးလ်ကို ပြောင်းရွှေ့ဖို့ သူ့ကို ဆက်ပြောနေရင် ငါက အရမ်းလိုက်ပါနေပြီး သူ့အလုပ်ကို စွက်ဖက်နေတယ်လို့ သူ ခံစားရမှာလား။ ငါက အသင်းတော်မှာ စလုပ်တာ မကြာသေးဘူး၊ စင်ဒီက ဒီလိုမျိုးမြင်သွားရင်၊ ဒီနောက်မှာ ငါတို့က ဘယ်လိုလုပ် တွဲဖက်တွေဖြစ်နိုင်မလဲ။ တော်ပြီ။ ဒီတိုင်းထားလိုက်တာ ကောင်းတယ်” ပေါ့။

နောက်ကျတော့ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတဲ့ ဒီနာက လက်တွေ့အလုပ် မလုပ်တာကို ကျွန်မ တွေ့တယ်။ သူ ဦးဆောင်ရတဲ့ ဗီဒီယိုပရောဂျက်က စံသတ်မှတ်ချက်နဲ့ ကိုက်တဲ့ဗီဒီယိုတွေကို မထုတ်လုပ်တာ သုံးလရှိပြီ။ သူက သူ့အဖွဲ့ထဲက လူတွေရဲ့ အခြေအနေကို မသိဘူး။ ဗီဒီယိုတွေလုပ်တဲ့နေရာမှာ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို မသိဘူး။ အဲဒီအချိန်အတွင်းမှာ သူတို့ဗီဒီယိုတွေကို ခဏခဏ ပြန်ပြန်လုပ်ရပြီး တိုးတက်မှုက နှောင့်နှေးသွားတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို ကျွန်မ တွဲဖက်အမှုဆောင်တွေနဲ့ ဆွေးနွေးတယ်။ သူတို့အားလုံးက ဒီနာက သင့်တင်တဲ့ လူ့သဘာဝရှိတယ်၊ သူက ဗီဒီယိုအလုပ်ကို ဦးဆောင်တာ နည်းနည်းကြာနေပြီး ဒီအလုပ်နဲ့ ရင်းနှီးတယ်၊ ဒါကြောင့် လောလောဆယ်မှာ သင့်တော်တဲ့သူမရှိတာကြောင့် သူက ဆက်ပြီး ဦးဆောင်နေလို့ရတယ်လို့ ထင်ကြတယ်။ ကျွန်မက ဒါကိုကြားတော့ သဘောမတူဘဲ တွေးမိတယ်။ “သူ့လူ့သဘာဝက မဆိုးဘူး၊ အလုပ်နဲ့ ရင်းနှီးတယ်ဆိုတာနဲ့ပဲ သူ့ကို ထားထားလို့မရဘူးလေ။ အရေးကြီးတာက သူက လက်တွေ့အလုပ်လုပ်ပြီး လက်တွေ့ပြဿနာတွေကို ဖြေရှင်းသလားဆိုတာပဲ။ ဒီနာက ဗီဒီယိုအလုပ်ထဲက ပြဿနာတွေကို လုံးဝ မဖြေရှင်းနိုင်ဘူး။ သူ့ကို ဒီရာထူးမှာ ဆက်ထားထားလို့ မသင့်တော်ဘူး။ သူ့ကို လူစားလဲဖို့လိုတယ်” ပေါ့။ ကျွန်မ ပူပန်မိတယ်။ “ဂျက်ကီရဲ့ အဓိကတာဝန်က ဗီဒီယိုအလုပ်ပဲ။ ဒီနာက သင့်တော်တယ်လို့ အားလုံး ခံစားရတယ်၊ ဒီတော့ ငါ သဘောမတူရင် ငါက အရမ်းထိန်းချုပ်လွန်းနေတယ်လို့ သူတို့က ထင်ကြမှာလား။ အရင်က ငါက အဘီဂေးလ်ကို ပြောင်းရွှေ့ချင်တယ်။ အခုကျတော့ ဒီနာကို ထုတ်ချင်တယ်။ ငါက အရမ်းမာနကြီးတယ်၊ နောင်တရဖို့ အခွင့်အရေးမပေးဘဲနဲ့ မသင့်တော်ဘူးလို့ ငါမြင်တဲ့သူတိုင်းကို လူစားထိုးချင်နေတယ်၊ ငါက တော်တော်ရက်စက်တယ်ဆိုပြီး တွဲဖက်အမှုဆောင်တွေက ထင်ကြမှာလား” ပေါ့။ အဲဒါနဲ့ စကားတွေက လျှာဖြားထိပ်ရောက်နေတုန်းမှာပဲ ပြန်မျိုချလိုက်တယ်။

တစ်လကြာပြီးတဲ့နောက်မှာ အဘီဂေးလ်နဲ့ ဒီနာနှစ်ယောက်လုံးက လက်တွေ့အလုပ် မလုပ်တဲ့အတွက် အထုတ်ခံရတယ်။ တစ်ချိန်တည်းမှာပဲ အထက်ပိုင်းခေါင်းဆောင်တွေက ကျွန်မကို တာဝန်မသိတဲ့ခေါင်းဆောင်အဖြစ် မြင်တယ်။ မသင့်တော်ဘူးလို့ ကျွန်မ သိထားတဲ့ခေါင်းဆောင်တွေကို အချိန်မီ လူစားမလဲဘဲ အသင်းတော်အလုပ် နှောင့်နှေးသွားတာကြောင့်ပေါ့။ သူတို့က ကျွန်မကို လက်တွေ့အလုပ်မလုပ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းတယ်။ ပြီးတော့ စစ်ဆေးတယ်။ ကျွန်မက လူ့အကြိုက်လိုက်သူဖြစ်တဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်တယ်၊ သမ္မာတရားကို လက်တွေ့မလုပ်ဘူး၊ အသင်းတော်အလုပ်ကို မထိန်းသိမ်းဘူးဆိုပြီး ပြောတယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ပြောပြီး အထုတ်ခံလိုက်ရတယ်။ ခေါင်းဆောင်တွေက ဒီလိုပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတာက ခေါင်းကို ရိုက်လိုက်သလိုပဲ။ ကျွန်မပြဿနာက အရမ်းကြီးလေးပြီး ထုတ်ခံရတာနဲ့ တန်တယ်လို့ ကျွန်မ မတွေးမိခဲ့ဘူး။ ကျွန်မ တော်တော်ဝမ်းနည်းသွားတယ်။ ကျွန်မတာဝန်မှာ ကျွန်မ ချန်ခဲ့သမျှက နောင်တနဲ့ ဘုရားအပေါ် အကြွေးတင်ခြင်းပဲလို့ ခံစားမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းမိတယ်။ ဘာလို့ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ပြီး အသင်းတော်အလုပ်ကို မထိန်းသိမ်းနိုင်တာလဲ။ ဘာလို့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ပဲ အမြဲတမ်း ရှင်သန်နေတာလဲ။ ကျွန်မ ဘုရားကိုဆုတောင်းတယ်။ ကျွန်မပြဿနာတွေကို နားလည်တဲ့နေရာမှာ ကျွန်မကိုဦးဆောင်ပေးဖို့ဆုတောင်းတယ်။

ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ပါတယ်။ “လူတို့သည် ၎င်းတို့်တာဝန်အပေါ် တာဝန်ယူမှုမရှိသောအခါ၊ ပေါ့ဆပြီး ဝတ်ကျေတန်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ မည်သူနှင့်မဆို သဘောတူသူ အဖြစ်ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ဉာဏ်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် စိတ်မကျေမနပ်မဖြစ်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ မယုံကြည်သူများအားလုံးက စာတန်၏ အတွေးအခေါ်ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် မှန်ပါ့သမားများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သည်။ ဘုရားအိမ်တော်၏ တရားဒေသနာများကို နားထောင်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် မှန်ပါ့သမား လုပ်နေရသနည်း။ မှန်ပါ့သမားများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် မှန်ပါ့သမားများ ဖြစ်လိုကြသည်။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့၏ နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့သည် ထိုသို့သော ကောင်းမွန်သည့် ရည်ရွယ်ချက်များ မထားရှိကြပေ။ ထိုရည်ရွယ်ချက်များက လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်အရာကိုမဆို ဒုက္ခခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်၊ အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်အရာကိုမဆို ဒုက္ခခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ လှည့်စားမှုများကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မှန်ကန်သင့်လျော်သောအရာကို မလုပ်ဆောင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏)သင်သည် ပြဿနာတစ်ခုကို တွေ့ပြီး ကြားဝင်ဆီးတားဖို့ မည်သည့်အရာမျှ မလုပ်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုသလို၊ ယင်းကို ကန့်သတ်ရန် မကြိုးစားသည့်အခါ၊ ထို့အပြင် သင့်အထက်မှ လူများကို မတိုင်ကြားဘဲ ‘သဘောကောင်းသောလူ’ တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သည့်အခါ၊ ယင်းမှာ သစ္စာမဲ့ခြင်း၏ လက္ခဏာဖြစ်သလော။ သဘောကောင်းသော လူများသည် ဘုရားသခင်ကို သစ္စာရှိသလော။ အနည်းငယ်မျှပင် သစ္စာမရှိပေ။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်ကို သစ္စာမရှိရုံသာမက၊ စာတန်၏ ကြံရာပါ၊ ၎င်း၏ အခြွေအရံနှင့် နောက်လိုက်အဖြစ် ပြုမူဆောင်ရွက်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်နှင့် ဝတ္တရားတို့တွင် သစ္စာမဲ့ကြသော်လည်း စာတန်အပေါ်မူ အတော်အတန် သစ္စာရှိကြသည်။ ဤနေရာ၌ ပြဿနာ၏ အနှစ်သာရ တည်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဉာဏ်များတဲ့လူတွေက ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် အရာရာကိုလုပ်ကြတယ်လို့ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် သူတို့တွေက လူတွေနဲ့ အဆင်ပြေတဲ့အခါမှာ လောကီ အတွေးအခေါ်တွေကို ကျင့်သုံးပြီး ဘယ်သူကိုမှ စိတ်ဆိုးအောင်မလုပ်ဘူး။ အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဖို့လိုအပ်ရင် သူတို့က ရှောင်ကြတယ်။ ကျွန်မက အရမ်းကို ဉာဏ်များတဲ့သူတစ်ယောက်ပါ။ ကျွန်မက ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်မှာ ဘုရားကို ယုံကြည်တာ ကျွန်မထက်ပိုကြာပြီး အလုပ်တွေ့အကြုံပိုရှိတဲ့ တွဲဖက်အမှုဆောင်တွေကို တွေ့တယ်။ အဲဒါနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုရှိရမယ်လို့ ခံစားမိတယ်။ ကျွန်မတာဝန်ယူရတဲ့အလုပ်မဟုတ်ဘူးဆိုရင် ကျွန်မက မစိုးရိမ်တော့ဘူး၊ မမေးတော့ဘူး။ ကျွန်မက သူများကိစ္စထဲဝင်ပါတဲ့သူလို့ထင်ပြီး မကောင်းမြင်ခံရမှာကို ရှောင်ဖို့အတွက်ပေါ့။ တွဲဖက်အမှုဆောင်တွေနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းဖို့ သူတို့ကြားထဲမှာ ခိုင်မာတဲ့ ခြေကုပ်ရှိထားဖို့အတွက် ကျွန်မက ဉာဏ်များပြီး လှည့်စားလာတယ်။ လူ့အကြိုက်လိုက်သူအဖြစ် အမြဲတမ်းပြုမူလာတယ်။ အသင်းတော်မှာ အယောင်ဆောင်ခေါင်းဆောင်တွေကိုမြင်တဲ့အခါ သူတို့ကို အချိန်မီ မထုတ်ခဲ့ဘူး။ ကျွန်မတာဝန်ယူရမယ့်အပိုင်းထဲမှာ ရှိနေတာတောင်မှ အရမ်းကြီး မမေးရဲဘူး။ အများကြီးလုပ်ရင် ကျွန်မက ကိုယ့်အပိုင်းထက်ကျော်ပြီး လုပ်နေတယ်လို့ သူများတွေပြောမှာကို ကြောက်ခဲ့တယ်။ ကျွန်မက “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ နည်းနည်းပြောသည်က ပိုကောင်း၏။” “တိတ်တိတ်နေခြင်းသည် ရွှေ၊ စကားများပါက အမှားများတတ်သည်။” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”ဆိုတာတွေနဲ့ တခြားဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့တယ်။ နေရာတိုင်းမှာ ကျွန်မက လူတွေနဲ့ ဆက်ဆံရေးကို၊ တွဲဖက်အမှုဆောင်တွေက ကျွန်မအပေါ်မြင်တဲ့အမြင်တွေကို ထိန်းသိမ်းခဲ့တယ်။ အသင်းတော်အလုပ်ကို ထိခိုက်မလားဆိုတာကို ထည့်မစဉ်းစားဘဲ သူတို့အမြင်တွေနောက်ကို လိုက်ပြီး သံယောင်လိုက်ပြောခဲ့တယ်။ ပြဿနာတွေကို မြင်ပေမဲ့ ထုတ်မပြောရဲခဲ့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်သင့်တယ်ဆိုတာကိုသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး လူအုပ်စုနောက်လိုက်ခဲ့တယ်။ ကျွန်မက ဉာဏ်များပြီး လှည့်စားရုံတင်မကဘူး သမ္မာတရားကိုပါ စိတ်ကုန်နေတာပဲ။ ကျွန်မက သူများတွေရဲ့အမှားတွေကို ရေငုံနှုတ်ပိတ်နေတာက ပါးနပ်တယ်လို့ ထင်ခဲ့တယ်။ ဒီနည်းနဲ့ ကျွန်မက တွဲဖက်အမှုဆောင်တွေနဲ့ ကျွန်မကြားက ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပြီး ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကြားမှာ ခိုင်မာတဲ့ခြေကုပ်ရနိုင်တယ်ပေါ့။ အမြန်ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ကျွန်မက မသင့်တော်တဲ့ ခေါင်းဆောင်တွေကို မြင်တယ်။ ဒါပေမဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး သူတို့ကို အချိန်မီထုတ်ပစ်ဖို့ မလုပ်ရဲဘူး။ အဲဒီအစား သူတို့ကို ဆက်ပြီးတော့ နှောင့်နှေးပြီး အသင်းတော်ထဲက အလုပ်ကို ထိခိုက်ခွင့်ပြုတယ်။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်တွေကို ကာကွယ်နေတာပါ။ အနှစ်သာရအရဆိုရင် စာတန်ရဲ့ ကြံရာပါအဖြစ် ပြုမူနေတာ။ မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနေတာပါ။ ဒါကို စဉ်းစားမိတော့ ကျွန်မ အရမ်းနောင်တရတယ်။ ကျွန်မ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အယောင်ဆောင်ခေါင်းဆောင်နှစ်ယောက်ကို စောစောစီးစီးထုတ်လိုက်ရင် အသင်းတော်အလုပ်က အကြာကြီးနှောင့်နှေးသွားမှာမဟုတ်ဘူး။

ကိုယ့်ကိုယ်ကိုယ်လည်းသုံးသပ်ကြည့်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်တွေကို ပိုပြီးတော့ ဖော်ပြပြီး အလုပ်ပိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် အရမ်းဝင်ပါနေတာလို့ ဘာလို့ အမြဲတမ်းခံစားရတာလဲပေါ့။ တာဝန်က ဘာလဲဆိုတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ဒီအမြင်က လုံးဝကို အဓိပ္ပာယ်မရှိဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်းယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် အားထုတ်ကြိုးပမ်းမှုမျိုးတစ်ခုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့်၊ သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။ လူအချို့က ‘ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်းခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက၊ ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက၊ ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော’ ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရား အလုပ်ကိစ္စဖြစ်သည်၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဘုရားသခင်ကို နာခံခြင်း စိတ်နှလုံးဖြင့် တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ သင်သည် စံနှုန်းနှင့် ကိုက်ညီနိုင်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့်အညီ တာဝန်ကို အစဉ် ထမ်းဆောင်လျှင် သင်သည် စံနှုန်းနှင့် မည်သည့်အခါမျှ ကိုက်ညီမည်မဟုတ်ပေ။ သင်ဆန္ဒရှိသည့်အတိုင်း တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်သည် တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်မဟုတ်ပေ။ ယင်းအစား သင်သည် သင်၏ ကိုယ်ပိုင် လုပ်ငန်းကို စီမံကွပ်ကဲနေခြင်းဖြစ်ပြီး သင်၏ကိုယ်ပိုင်လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် ဤသည်ကို ဘုရားသခင်က အမှတ်မထားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်က တာဝန်ရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ရှင်းပြတယ်။ တာဝဆိုတာ လူတွေအပေါ် ဘုရားရဲ့ အပ်နှံမှုနဲ့ စေခိုင်းမှုပဲ။ ကျွန်မတို့က တာဝန်တစ်ခုကို လက်ခံတဲ့အခါမှာ တာဝန်ယူမှုနဲ့ ဝတ္တရားကို လက်ခံတယ်။ တာဝန်တွေကို ထမ်းဆောင်တဲ့ဖြစ်စဉ်မှာ ဘုရားအလိုတော်ကို ရှာဖွေပြီး တာဝန်တွေကို သမ္မာတရားစည်းမျဉ်းနဲ့အညီ ထမ်းဆောင်သင့်တယ်။ ဒီနည်းအားဖြင့်သာ ကျွန်မတို့က ဘုရားအလိုတော်နဲ့အညီ လက်တွေ့လုပ်ဆောင်တာဖြစ်ပါတယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်အလုပ်ရဲ့ ကဏ္ဍအားလုံး၊ စီစဉ်တာတွေ၊ အမှုထမ်းကို ပြောင်းရွှေ့တာတွေ အပါအဝင်၊ အလုပ်မှာ နောက်ဆက်တွဲလုပ်ပြီး ပြဿနာအမျိုးမျိုးကို ဖြေရှင်းတာတွေ၊ တခြားတွဲဖက်အမှုဆောင်တွေရဲ့ အလုပ်ကို ကြီးကြပ်တာတွေက ကျွန်မတာဝန်ယူရမယ့်အပိုင်းထဲမှာရှိပြီး ကျွန်မ လုပ်သင့်တာတွေပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်တာကို ကျော်လုပ်နေသလိုမျိုး အနက်အဓိပ္ပာယ်ပြန်ခဲ့တယ်။ ကျွန်မက ကိုယ့်အလုပ်ကိုဂရုစိုက်ပြီး ပိုပြီးတော့တာဝန်ယူရတာက အရမ်းအလုပ်လုပ်လွန်းတာဖြစ်တယ်၊ လူတွေကို စိတ်ဆိုးစေမယ်၊ တွဲဖက်အမှုဆောင်တွေနဲ့ ကျွန်မ ဆက်ဆံရေးကို ထိခိုက်မယ်လို့ ထင်ခဲ့တယ်။ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကိုလက်တွေ့လုပ်တာကို အပြုသဘောဆောင်တဲ့အရာအဖြစ် မမှတ်ယူခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်တာက ကိုယ့်အကျိုးစီးပွားကို ထိခိုက်မယ်လို့ ခံစားမိတယ်။ ကျွန်မ စိတ်ကူးက တော်တော်အဓိပ္ပာယ်မရှိတာပါ။ ကျွန်မက ဒီမှားနေတဲ့အမြင်ရဲ့ ချုပ်ကိုင်မှုအောက်ရောက်နေတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူး၊ ဘုရားအလိုတော်ကို လုံးဝ မထောက်ထားဘူး။ အသင်းတော်မှာ အယောင်ဆောင်ခေါင်းဆောင်တွေကို ကျွန်မမြင်တဲ့အခါမှာ ဒါကို မပြောရဲဘူး၊ ထုတ်မပြောရဲဘူး။ ကျွန်မလုပ်သင့်တဲ့အလုပ်ကို နောက်ဆက်တွဲလိုက်မလုပ်ရဲဘူး။ ကျွန်မက တွဲဖက်အမှုဆောင်တွေနဲ့ ဆက်ဆံရေးနဲ့ ကျွန်မရဲ့ ခေါင်းဆောင်ရာထူးကို ထိန်းသိမ်းနေတာပဲ။ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်မတာဝန်အပေါ် ကျွန်မရည်ရွယ်ချက်တွေက မှားနေတာကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက ကျွန်မစိတ်ထဲမှာ အလွန်အကျွံလုပ်နေသလိုမျိုးဖြစ်လာတာပါ။ လက်တွေ့အလုပ်ကိုမလုပ်ဖို့ ဒါကို ဆင်ခြေအဖြစ် အသုံးပြုခဲ့တယ်။ ကျွန်မက အရမ်း ဉာဏ်များခဲ့တာပဲ။

ဒီနာက ကြီးကြပ်ရေးမှူးအဖြစ် သင့်တော်သလားဆိုတာကို အကဲဖြတ်တော့ ကျွန်မက သူ့ကို ထုတ်ဖို့ အဆိုပြုရင် ကျွန်မက မာနကြီးလွန်းတယ်၊ ကိုယ်မသင့်တော်ဘူးလို့ မြင်တဲ့ ဘယ်သူကိုမဆို နောင်တရဖို့ အခွင့်အရေးမပေးဘဲ လူစားလဲချင်တယ်လို့ တွဲဖက်အမှုဆောင်တွေက ထင်မှာကို ကျွန်မစိုးရိမ်တယ်၊ ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ရုံမကဘဲ မာနထောင်လွှားတာနဲ့ သမ္မာတရားစည်းမျဉ်းတွေကို လိုက်နာတာကိုလည်း ခွဲခြားမသိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်မှာ ကျွန်မ ဖတ်ရတယ်။ “သင်သည် စိတ်ကူးတစ်ခု၊ သို့မဟုတ် ထင်မြင်ချက်တစ်ခုရှိသည့်အခါတိုင်းတွင် ယင်းသည် မှန်ကန်ပြီး၊ လုပ်ဆောင်ရမည့်အရာဖြစ်သည်ဟု သင်က ကြောင်းကျိုးမမြင်ဘဲ အခိုင်အမာဆိုလျှင် သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် အမှန်ထင်နေခြင်းဖြစ်သည်။ သင်သည် မှန်ကန်သည်ဟု ခံစားရသော စိတ်ကူး၊ သို့မဟုတ် ထင်မြင်ချက်တစ်ခုရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝယုံကြည်မှုမရှိသကဲ့သို့၊ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် သေချာစေနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်ထင်ခြင်းမဟုတ်ပေ။ ယင်းကို မဆောင်ရွက်မီတွင် လူတိုင်း၏ သဘောတူညီချက်နှင့် လက်ခံမှုကို ရယူခြင်းသည် လုပ်ဆောင်ရန် ဆင်ခြင်တုံတရားရှိသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်)သင်တွေ့ရှိသောအရာတစ်ခုသည် ပြဿနာတစ်ခုဖြစ်ကြောင်း၊ ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းသည် အလုပ်အတွက် အကျိုးဖြစ်မည်ဖြစ်ကြောင်းကို သင်သေချာသည့်တိုင် သင်သည် စည်းမျဉ်းများကို မလိုက်နာရဲလျှင် မည့်သည့်ပြဿနာရှိနေသနည်း။ တစ်စုံတစ်ခုသည် ပြဿနာတစ်ခုဖြစ်သည်ကို သင်နားလည်လျှင် စည်းမျဉ်းများကို လိုက်နာရန် အဘယ်ကြောင့် သင်ကြောက်ရွံ့မည်နည်း။ ဤသည်မှာ အရေးကြီးသော စရိုက်လက္ခဏာတစ်ခု၏ ပြဿနာတစ်ခုဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို သင် ချစ်မချစ်၊ သင့်တွင် ဖြောင့်မတ်ခြင်း အသိစိတ်ရှိမရှိတို့နှင့် သက်ဆိုင်သည်။ သင်၏ ထင်မြင်ချက်သည် မှန်ကန်ခြင်းရှိမရှိကို သင်မသိလျှင်ပင် သင်၏ ထင်မြင်ချက်ကို ထုတ်ပြောသင့်သည်။ သင့်တွင် ထင်မြင်ချက်၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် ပြောဆိုသင့်သည်။ အခြားလူတို့အား အကဲဖြတ်ခွင့်ပေးသင့်သည်။ ဤသို့လုပ်ဆောင်ရာတွင် သင့်အတွက် အကျိုးများရှိလိမ့်မည်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်လိမ့်မည်။ သင်သည် ‘ငါ ဝင်မပါတော့ဘူး။ ငါပြောတာ မှန်ရင် နာမည်ရမှာမဟုတ်ဘူး။ မှားရင် ကိုင်တွယ်ဖြေရှင်းခံရမယ်။ မတန်ဘူး။’ ဟု သင့်ဘာသာ စဉ်းစားလျှင် သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်မဟုတ်သလော။ လူသားသည် သူ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ်စဉ်းစားနေပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ လူတို့နှင့်ပတ်သက်ပြီး အခက်ခဲဆုံးအရာဖြစ်သည်။ သင်တို့အားလုံး၏ အထဲတွင် အသက်ရှင်ခြင်းအတွက် ထိုသို့အလွန်များပြားသော အတွေးအခေါ်များနှင့် အကြံအစည်များစွာမရှိသလော။ သင်တို့အားလုံးတွင် စာတန်၏ အတွေးအခေါ်အချက်အလက်များ များစွာရှိသည်။ သင်တို့သည် ထိုအရာများ၏ ဝင်ရောက်စီးနင်းခြင်းကို ခံရသည်မှာ ကြာပြီဖြစ်သည်။ သို့ဖြစ်၍ လူတို့သည် သမ္မာတရားကို နားမလည်ဘဲ တရားဒေသနာများကို နှစ်များစွာ နားထောင်သည်မှာ၊ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုက နှေးကွေးသည်မှာ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အစဉ်သဖြင့် အလွန်သေးငယ်သည်မှာ မဆန်းပေ။ အကြောင်းမှာ ဤသို့သော ဖောက်ပြန်ပျက်စီးသည့်အရာများသည် ၎င်းတို့အား နှောင့်နှေးစေပြီး နှောင့်ယှက်နေခြင်းဖြစ်သည်။ လူသားသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်လိုသောအခါ မည်သည့်အရာဖြင့် အသက်ရှင်သနည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အယူအဆများ၊ စိတ်ကူးများ၊ အသက်ရှင်သန်ခြင်းအတွက် အတွေးအခေါ်များအပြင် ဆုကျေးဇူးများဖြင့်ပါ အသက်ရှင်ကြသည်။ ဤအရာများဖြင့် ရှင်သန်လျက်ဖြင့် လူသားသည် ဘုရားရှေ့မှောက်သို့ လာရန် အလွန်ခက်သည်။ ၎င်းတို့၏ ဝန်ထုပ်သည် ကြီးမားလွန်းပြီး ၎င်းတို့၏ ထမ်းပိုးက လေးလံလွန်းသောကြောင့်ဖြစ်သည်။ လူသားက ဤအရာများဖြင့် အသက်ရှင်ခြင်းသည် သမ္မာတရားနှင့် အလွန်ဝေးကွာစွာ ခွဲခြားခံရသည်။ ဤအရာများသည် သင့်အား သမ္မာတရားကို နားမလည်ရန်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန် တားဆီးသည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဘုရားသခင်အပေါ် သင်၏ သိမြင်မှုကို မဆိုထားနှင့်၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည်ပင် သေချာပေါက် တိုးပွားမည်မဟုတ်ပေ။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ အရာတစ်ခုဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ကိုယ်က စိတ်ကူး၊ အမြင်တစ်ခုရှိပေမဲ့ သမ္မာတရားကို မရှာဖွေရင် ဒါကို လူတိုင်းနဲ့ မိတ်သဟာယဖွဲ့ပြီး မဆွေးနွေးဘူးဆိုရင် ကိုယ့်စိတ်ကူးက မှန်တယ်လို့ မစဉ်းမစားဆုံးဖြတ်ပြီး သူများတွေကို နားထောင်စေချင်တယ်ဆိုရင် ဒါ မာနထောင်လွှားတာပဲ။ ကိုယ်စွဲကိုင်ထားတဲ့အမြင်တွေက မှားတယ်၊ အဓိပ္ပာယ်မရှိဘူး၊ သမ္မာတရားစည်းမျဉ်းတွေနဲ့ မညီဘူးဆိုပေမဲ့ ကိုယ်က မှန်တယ်လို့ အမြဲတမ်းထင်နေရင်၊ ဘယ်သူမဆိုရဲ့ ထင်မြင်ချက်ကိုမှ နားမထောင်ရင် ဒါကလည်း မာနထောင်လွှားမှုပဲ။ ဒါပေမဲ့ ကိုယ်က သမ္မာတရားကို ရှာဖွေပြီးတော့ ကိုယ့်အမြင်တွေ၊ လုပ်ရပ်တွေက သမ္မာတရားနဲ့ညီတယ်၊ အသင်းတော်အလုပ်ကို အကာအကွယ်ပေးနေတယ်လို့ သတ်မှတ်ရင်၊ သူများတွေချုပ်ချယ်တာကို မခံဘဲနဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ရင် ဒါက တရားမျှတမှှုရှိခြင်း၊ ဘုရားသခင်အပေါ်သစ္စာရှိခြင်းကို ဖော်ပြတာပဲ။ ပြီးတော့လည်း ကိုယ့်စဉ်းစားပုံက မှန်သလားဆိုတာ မသေချာရင် လက်တွေ့လုပ်ဖို့ စည်းမျဉ်းတစ်ခုလည်းရှိပါတယ်။ အဲဒါက ကိုယ်ထင်တာကိုပြောဖို့ပဲ။ ဒါဆိုရင် လူတိုင်းက မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်နိုင်တယ်။ ဘယ်လို မှန်မှန်ကန်ကန်လုပ်ရမယ်ဆိုတာ အဖြေရှာနိုင်တယ်။ အဘီဂေးလ်နဲ့ ဒီနာက ခေါင်းဆောင်အသစ်တွေမဟုတ်ဘူး။ အခွင့်အရေးနဲ့ အကူအညီ၊ အထောက်အပံ့ပေးဖို့ထိုက်တန်တဲ့၊ တာဝန်တွေမှာ အသေးစားလွဲမှားမှုတွေရှိတဲ့သူတွေမဟုတ်ဘူး။ သူတို့က ခေါင်းဆောင်ဖြစ်တာ ကြာပြီ။ ပြီးတော့လည်း သူတို့အစွမ်းအစက ညံ့တယ်။ လက်တွေ့အလုပ်မလုပ်ဘူး။ အလုပ်မှာ ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး။ ဒီလိုလူတွေက အယောင်ဆောင်ခေါင်းဆောင်တွေပဲ။ အယောင်ဆောင်ခေါင်းဆောင်တွေကို ခွဲခြားဖော်ထုတ်ပြီး သူတို့ကို အချိန်မီ လူစားထိုးတာက အသင်းတော်အလုပ်ကို ထိန်းသိမ်းပြီး စည်းမျဉ်းနဲ့အညီ ပြုမူနေတာပဲ။ ဒါက မာနထောင်လွှားတာမဟုတ်သလို သူတို့ကို အခွင့်အရေးပေးဖို့ အကြင်နာမဲ့စွာနဲ့ ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဒီခေါင်းဆောင်နှစ်ယောက်မှာ ပြဿနာတွေရှိနေတာကို ကျွန်မက ရှင်းရှင်းလင်းလင်း မြင်တယ်။ ဒါပေမဲ့ ကျွန်မက မာနကြီးတယ်ဆိုပြီး တွဲဖက်အမှုဆောင်တွေက ပြောမှာကြောက်လို့ ကိုယ့်အမြင်ကို မပြောရဲဘူး။ ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ပြီး လူ့အကြိုက်လိုက်သူဖြစ်ခဲ့ပါတယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဘူး။ အလုပ်က နှောင့်နှေးနေတာကို အကူအညီမဲ့စွာနဲ့ ကြည့်နေခဲ့ပြီး ဘာမှမလုပ်ခဲ့ဘူး။ ကျွန်မက ခေါင်းဆောင်ရာထူးကို ကိုင်ထားပြီး တကယ့်အလုပ်ကို မလုပ်ခဲ့ပါဘူး။ ကျွန်မက အယောင်ဆောင်ခေါင်းဆောင်စစ်စစ်ပဲ။ ကျွန်မလုပ်ခဲ့တာကို ဘုရားက မုန်းတီးပြီး စက်ဆုပ်ပါတယ်။ ကျွန်မ ထုတ်ခံရတာက လုံးဝကို ဘုရားရဲ့ ဖြောင့်မတ်ခြင်းပါပဲ။ ပြီးတော့ ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းလည်းဖြစ်တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မလုပ်ခဲ့တာကို အရမ်းနောင်တရမိတယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့ပါတယ်။ သမ္မာတရားကို ထပ်ခါထပ်ခါ သစ္စာဖောက်ခဲ့ပြိး ကိုယ်တော့်အလိုတော်အတိုင်း အသက်မရှင်ခဲ့ပါဘူး။ သမီး နောင်တရချင်ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တဲ့နေရာမှာ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ မျှော်လင့်မထားဘဲနဲ့ ကျွန်မ သဘောထားပြောင်းသွားတာနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အဖြစ် ထပ်ပြီး ရွေးကြတယ်။ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အားပေးကြတယ်။ ကျွန်မ အရမ်းစိတ်ခံစားရပြီး ဘုရားက ကျွန်မကို နောက်ထပ်အခွင့်အရေးပေးတာကို အရမ်းကျေးဇူးတင်မိတယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေအတွက် လက်တွေ့လုပ်ဖို့ လမ်းကြောင်းကိုရှာတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “‘သဘောကောင်းသော လူတစ်ဦး’ ၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကယ်တင်ခြင်းအတွက် အသနားခံရင်း၊ ဘုရားသခင်က သင့်ကို ခွန်အားပေး၍ သင့်အား အခြေခံသဘောတရားကို လိုက်နာနိုင်စေရန်၊ သင် လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်၊ အခြေခံ သဘောတရား အတိုင်း အမှုအရာများကို ကိုင်တွယ်နိုင်စေရန်၊ သင်၏အနေအထားအတိုင်း ရပ်တည်ခွင့်ပေးရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ဆီသို့ အန္တရာယ် ရောက်လာခွင့် မပေးရန်အတွက် တောင်းလျှောက်ရင်း ဆုတောင်းခြင်း၌ ဘုရားသခင်ကို သင် အော်ခေါ်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ ဂုဏ်သတင်း နှင့် ‘သဘောကောင်းသော လူတစ်ဦး’ နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် စွန့်လွှတ်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ အခြေခံသဘောတရားအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ မည်သည့်ခွန်အားမျှ ရှိမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရား လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတာက လူ့အကြိုက်လိုက်သူလုပ်ပြီး သူများတွေနဲ့ ကျွန်မ ဆက်ဆံရေးကို ထိန်းသိမ်းတာ သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်ပေးတာကို မလုပ်ရဲတာတွေမှာ ကျွန်မလုပ်ရပ်တွေရဲ့ အနှစ်သာရက အသင်းတော်အကျိုးစီးပွားတွေကို အထိခိုက်ခံပြီး ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ပေးနေတာပဲ။ ဒါက ဘုရားကို ပုန်ကန်ပြစ်မှားတာဖြစ်ပြီး ဘုရားကို သစ္စာဖောက်တာပဲ။ ကျွန်မက နောင်တရပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတာမလုပ်ရင် နောက်ဆုံးမှာ သေချာပေါက် ဘုရားရဲ့ ငြင်းပယ်တာကိုခံရပြီး ဘုရားက စွန့်ပစ်တာ ခံရမှာပဲ။ တစ်ချိန်တည်းမှာပဲ လက်တွေ့လုပ်ဖို့ လမ်းကြောင်းကိုလည်း ကျွန်မ တွေ့ခဲ့တယ်။ အကြောင်းအရာတွေဖြစ်ပျက်ပြီး ကျွန်မတို့က ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ချင်တဲ့အချိန်မှာ ဘုရားကို ဆုတောင်းပြီး အားကိုးသင့်ပါတယ်။ ခွန်အားပေးဖို့ ဘုရားကို ဆုတောင်းသင့်တယ်။ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရား စည်းမျဉ်းတွေကို ထိန်းသိမ်းသင့်တယ်။ အသင်းတော်အကျိုးစီးပွားကို အာရုံစိုက်သင့်တယ်။ ဒီလို လက်တွေ့လုပ်တဲ့ဖြစ်စဉ်မှာ သနှ့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ သမ္မာတရားကို ကျွန်မတို့ ပိုပြီး နားလည်ကြတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ကျွန်မတို့ စိတ်ခိုင်မာမှုက ကြီးထွားလာတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ကျွန်မတို့ကို မချည်နှောင်နိုင်ဘူး။ ဒါကြောင့် ကျွန်မတို့က နည်းနည်းပိုပြီးတော့ လွတ်လပ်စွာ အသက်ရှင်နိုင်ကြတယ်။ ကျွန်မ စိတ်ဆုံးဖြတ်လိုက်တယ်။ အခုကစပြီး ကျွန်မတာဝန်မှာ သူများတွေနဲ့ ကျွန်မဆက်ဆံရေးကို မထိန်းသိမ်းတော့ဘူး၊ စည်းမျဉ်းနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ရမယ် ဆိုပြီးတော့ပေါ့။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ရိုဘတ်တာ ကြီးကြပ်တဲ့အသင်းတော်မှာ ရေလောင်းတဲ့ရလဒ်တွေ မကောင်းဘဲ လူသစ်စုဝေးပွဲတွေမှာ လူသစ်စုဝေးပွဲတော်တော်များများမှာ လာတက်တဲ့သူက ပုံမှန်မရှိတာကို ကျွန်မ တွေ့ရတယ်။ ရိုဘတ်တာက လက်တွေ့အလုပ်မလုပ်ဘူးဆိုတာ ကျွန်မ သိရတယ်။ သူက လူသစ်တွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို သိပ်မဖြေရှင်းဘူး။ ပြီးတော့ သူက ရေလောင်းအမှုထမ်းတွေရဲ့အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပြီး သိအောင်လုပ်တာ သိပ်မရှိဘူး။ မကောင်းတဲ့လူ့သဘာဝရှိတဲ့ ရေလောင်းဝန်ထမ်းတချို့လည်းရှိတယ်။ သူတို့တွေက သူတို့တာဝန်မှာ ဖြစ်သလိုလုပ်တယ်။ လှည့်ကွက်တွေ သုံးတယ်။ ဉာဏ်များတယ်။ သူက အဲဒီလူတွေကို အချိန်မီ ထုတ်မပစ်ဘူး။ ရိုဘတ်တာက ကြီးကြပ်ရေးမှူးမဖြစ်နိုင်တော့ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “ရိုဘတ်တာက ငါ့ရဲ့ တွဲဖက်ဖြစ်ခဲ့ဖူးတယ်။ ငါက သူ့အကြောင်းစုံစမ်းပြီး ထုတ်ပစ်ချင်တယ်ဆိုတာ သူသိသွားရင် ငါ့ကို သူ ဘယ်လိုထင်မလဲ။ ငါက အရမ်းကို ရက်စက်တယ်လို့ သူထင်မှာလား” ပေါ့။ ကျွန်မက လူတွေနဲ့ ကျွန်မ ဆက်ဆံရေးကို ထပ်ပြီး ထိန်းသိမ်းချင်နေတယ်ဆိုတာ ကျွန်မ သတိထားမိသွားတယ်။ ကျွန်မ ဘုရားကို ဆုတောင်းလိုက်တယ်။ သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်အောင်လို့ ခွန်အားပေးဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။ အဲဒီနောက် ရိုဘတ်တာကိုထုတ်ဖို့ ကျွန်မစိတ်ကူးကို တွဲဖက်အမှုဆောင်တွေကို ပြောလိုက်တယ်။ ဂျက်ကီက ပြောတယ်။ “ရိုဘတ်တာက ရေလောင်းအလုပ်ကို ကြီးကြပ်တာကြာနေပြီ၊ အတွေ့အကြုံလည်းရှိတယ်။ သူ့ကို ထုတ်လိုက်ရင် အစားထိုးဖို့ သင့်တော်တဲ့သူကို ချက်ချင်းရှာဖို့ ခက်လိမ့်မယ်” တဲ့။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မအမြင်ကို စွဲကိုင်ထားပြီး အလျှော့မပေးခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ဒီကိစ္စကို အထက်ခေါင်းဆောင်တွေဆီ တင်ပြခဲ့တယ်။ သူတို့က မိတ်သဟာယဖွဲ့၊ စိစစ်ပြီးတော့ ရိုဘတ်တာကို ရာထူးကနေ ထုတ်လိုက်တယ်။ ကျွန်မ အတွေ့အကြုံကတစ်ဆင့် ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်သူတွေက စက်ဆုပ်ဆရာကောင်းပြီး ခက်ထန်တာတွေပဲဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူတို့က အသင်းတော်အလုပ်ကို ထိခိုက်ရုံတင်မကဘဲ ဘုရားသခင်ကို သူတို့ကို မုန်းတီးစက်ဆုပ်အောင်လည်းလုပ်တယ်။ သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ခြင်းက စစ်မှန်တဲ့ ဝိညာဉ်ရေးရာ လွတ်မြောက်မှုနဲ့ လွတ်လပ်မှုကို ပေးပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ကြွယ်ဝသော ဂုဏ်ပြုညစာစားပွဲတစ်ပွဲကို ကျွန်မ မွေ့လျော်ခဲ့သည်

ချင်ဝေ၊ ဇီကျင်းစီရင်စု ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေနှင့် ၂၆ ရက်နေ့များသည် ကျွန်မအတွက် မမေ့နိုင်သော နေ့ များဖြစ်သည်။ ကျွန်မတို့၏ နယ်မှာ...

ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

အသင်းတော်ခေါင်းဆောင်သည် အရာရှိမဟုတ်ပါ

မက်ချူး ပြင်သစ်နိုင်ငံ ကျွန်တော့်နာမည်က မက်သယူးပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။