ထင်ရာမြင်ရာ ပြုမူခြင်းက ကျွန်မကို ထိခိုက်ခဲ့တယ်
ကျိုးရွမ် တရုတ်နိုင်ငံ ၂၀၁၂ အကုန်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး အစေခံတယ်။ အသင်းတော်က ပရောဂျက်တွေအားလုံးက တိုးတက်တာ နှေးနေပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက တသီးတသန့်နေတတ်သည့် ပင်ကိုစရိုက်မျိုးရှိခဲ့သောကြောင့် ဖြစ်သည်ဟု ကျွန်မ အမြဲ တွေးခဲ့သော်လည်း၊ အမှုအရာအချို့ကို ကျွန်မ ဖြတ်သန်းခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့် အရာကို မြင်ပြီးသည့်နောက်တွင်၊ ကျွန်မသည် မိမိဘာသာ အမြဲနေပြီး မိမိ၏ ထင်မြင်ချက်များကို လုံးဝ တစ်ချက်မျှ မဝေမျှဖူးသည်မှာ တသီးတသန့် နေတတ်ခြင်း မဟုတ်သကဲ့သို့၊ ဆင်ခြင်တုံတရားဖြင့် ပြုမူခြင်းလည်း မဟုတ်သည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ထိုအရာအတွင်း ကွယ်ဝှက်ထားသည်မှာ ဉာဏ်ဆင်သည့် ဆိုးယုတ်သော စိတ်သဘောထားသာ ဖြစ်လေသည်။
လွန်ခဲ့သည့် အချိန်အနည်းငယ်က၊ တည်းဖြတ်ခြင်းတာဝန်ကို ကျွန်မ စတင်ထမ်းဆောင်ခဲ့သည်။ ကျွန်မနှင့် အလုပ်အတူ လုပ်သည့် ညီအစ်ကိုမောင်နှမများသည် တည်းဖြတ်ခြင်း တာဝန်နှင့်ပတ်သက်ပါက အတော်အတန် အတွေ့အကြုံရှိကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ၎င်းတို့က အခြေခံသဘောတရားများကို နားလည်သဘောပေါက်ပြီး အစွမ်းအစ ကောင်းများ အတော်အတန် ရှိကြသည်။ မည်သူက သမ္မာတရားကို နားလည်ပြီး၊ မည်သူက စစ်မှန်သော ပါရမီနှင့် ခိုင်မာသော သင်ယူလေ့လာမှုရှိသည်နှင့် ပတ်သက်၍ လူတိုင်းတွင် ချင့်ချိန်စဉ်းစားနိုင်စွမ်း အချို့ ရှိကြသည်။ ဤအရာက ကျွန်မကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။ ကျွန်မက သာမန် အစွမ်းအစသာ ရှိပြီး၊ သမ္မာတရား စစ်မှန်မှု မရှိသောကြောင့်၊ ကျွန်မတို့၏ ဆွေးနွေးမှုများတွင် ကျွန်မ၏ ထင်မြင်ချက်များကို သာမန်ကာလျှံကာ ဖော်ပြပြောဆိုပါက၊ ယင်းမှာ ငါးကို ရေကူးသင်ပေးဖို့ ကြိုးစားနေသကဲ့သို့ ဖြစ်မည် မဟုတ်ပါလား။ ကျွန်မ မှန်သွားခဲ့မည်ဆိုပါက ပြဿနာရှိမည်မဟုတ်ပါ၊ သို့သော် ထိုသို့မဟုတ်ပါက သမ္မာတရားနှင့်ပတ်သက်ပါက ကျွန်မမှာ ပေါ့တန်သော နားလည်မှုသာ ရှိသော်ငြားလည်း၊ ကျွန်မက မိမိကိုယ်ကိုယ် ပြစားဝင့်ဝါနေသည်ဟု လူတိုင်းက တွေးကြမည် ဖြစ်သည်။ ယင်းမှာ အမှန်တကယ်ကို ရှက်ဖွယ်ကောင်းမည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မအနေဖြင့် သိုသိုသိပ်သိပ် နေမြဲနေဖို့၊ ကျွန်မ စကားပြောသည်ထက် ပိုနားထောင်ဖို့ မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် သတိပေးနေခဲ့သည်။ ထို့ကြောင့် ကျွန်မတို့က ပြဿနာများကို အားလုံး အတူတကွ စူးစမ်းလေ့လာ နေသည့်အချိန်တွင်၊ ကျွန်မ တွေးသည့်အရာကို ဝေမျှခဲလှသည်။ ကျွန်မ အကြံပေးခဲ့သည့် အချိန်တစ်ခု ရှိခဲ့ပြီး လူတိုင်းက ယင်းကို မှန်ကန်သည့် ချဉ်းကပ်နည်း မဟုတ်ကြောင်း သဘောတူခဲ့ကြသည်- ကျွန်မမှာ အလွန် အရှက်ရခဲ့ပြီး ကိုယ့်ဒုက္ခကိုယ် အလျင်စလို မရှာခဲ့သင့်ဟု ခံစားခဲ့ရသည်၊ သို့မဟုတ်ပါက မိမိကိုယ်ကိုယ် သိက္ခာကျအောင်လုပ်ရင်း၊ အိုးနင်းခွက်နင်းဖြစ်ရမည်သာ ဖြစ်သည်။ ကျွန်မက သတိဖြင့် ရှေ့ဆက်လုပ်ဆောင်ပြီး မိမိဘာသာနေဖို့ လိုအပ်သည်ဟု ခံစားခဲ့ရသည်။ ထို့နောက်ပိုင်း ဆွေးနွေးချက်များ၌ အခြားသူများ ပြောစရာ ရှိသည့်အရာများကို ဦးစွာပြောခွင့်ပြုလျက်၊ ကျွန်မ တွေးသည့်အရာကို ထင်မြင်ချက် ထုတ်မပေးမိဖို့ သေချာစေခဲ့သည်။
နောက်ပိုင်းတွင် အတော်အတန် အစွမ်းအစကောင်းရှိသည့် ညီအစ်မတစ်ဦးက ကျွန်မတို့အဖွဲ့တွင် ပါဝင်လာခဲ့ပြီး၊ သူသည် တကယ်ကို ထိုးထွင်းအမြင်ရှိကာ ကျွန်မနှင့်အလုပ်လုပ်ဖို့ တာဝန် ပေးခံရလေသည်။ တစ်ခါက အရေးကိစ္စတစ်ခုအကြောင်း ကျွန်မတို့ ပြောဆိုနေသည့်အချိန်တွင်၊ ကျွန်မ ဝေမျှလိုသည့် အကြံဉာဏ်အချို့ ရှိခဲ့သော်လည်း၊ ကျွန်မ၏အတွေးအခေါ်က လက်မခံနိုင်ဖွယ်ဖြစ်ပြီး၊ ကျွန်မ ပြောသည့်အရာက စိစစ်၍မရနိုင်ဘဲ ဖြစ်ကာ ကျွန်မက ရိုးရှင်းပြီး တုံးသည်ဟု ဤညီအစ်မအသစ်က ထင်သွားနိုင်ပြီး ကျွန်မ မည်သူ ဖြစ်ကြောင်း အရှိအတိုင်း အသိခံလိုက်ရမည်ကို စိုးရိမ်ခဲ့သည်။ ထို့နောက်တွင် သူမက ကျွန်မကို စ၍ အထင်သေးလာပါက၊ ကျွန်မ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ကျွန်မက ထိုအရာနှင့်ပတ်သက်၍ မေ့လိုက်ဖို့နှင့် သူမ ပြောစရာရှိသည့်အရာကို နားထောင်ဖို့သာ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ နောက်နှစ်ရက်အတွင်း ဤပြဿနာနှင့် ပတ်သက်၍ ကျွန်မတို့ အလုပ်လုပ်သည်နှင့်အမျှ၊ ကျွန်မ၏ကိုယ်ပိုင် အမြင်ရှုထောင့် တစ်ခုတစ်လေမျှ မဝေမျှဘဲ၊ စိတ်ကသိကအောက်ဖြစ်မည့် အလားအလာ အချို့ကို သက်သာစေပြီး အရေးကိစ္စများ လွယ်ကူ သွားမည်ဟု ကြံဆရင်း၊ သူမကို လိုက်လျောဖို့ ကျွန်မ ရွေးချယ်ခဲ့သည်။ ကျွန်မ စကားများများ မပြောခဲ့သည့်အတွက်၊ ကျွန်မတို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေမှာလည်း အတော်အတန် ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။ တစ်ခါတစ်ရံတွင် သူမက ပြဿနာတစ်ခုကို ကြုံတွေ့ရပြီး ကျွန်မ၏ ထင်မြင်ချက်ကို မဝေမျှသည့်အခါ၊ ကျွန်မတို့က ပိတ်မိနေတတ်သည်။ ကျွန်မတို့၏ ဖြစ်ထွန်းမှုက အလွန်နည်းပါးပြီး ကျွန်မတို့၏ ယေဘုယျ အလုပ် တိုးတက်မှုကလည်း ကြန့်ကြာခဲ့သည်။ အချိန်ကုန် လာသည်နှင့်အမျှ၊ ကျွန်မက ပို၍ ပို၍ စကားနည်းလာပြီး၊ ကျွန်မမှာ ထင်မြင်ချက်တစ်ခု ရှိလျှင်ပင်၊ နှုတ်မဟမီ သေသေချာချာ စဉ်းစားရင်း၊ ယင်းကို ကျွန်မ၏စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်ပြောင်းတွေးခဲ့သည်။ ကျွန်မက အမှန်တကယ် စိတ်ဓာတ်ကျပြီး ကျွန်မ၏တာဝန်တွင် မည်သည့်အရာမျှ စွမ်းဆောင်ရရှိခဲ့ခြင်း မရှိပါ။ ကျွန်မက ထူးထူးဆန်းဆန်း သုန်မှုန်ပြီး စိတ်ညစ်လျက်၊ ထိုအခြေအနေထဲတွင် ပိတ်မိနေသည်။ ကျွန်မ၊ “ဘုရားသခင်၊ ဒီရက်ပိုင်းမှာ ကျွန်မရဲ့တာဝန်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်း တစ်ခုမှ ကျွန်မ မခံစားခဲ့ရပါဘူး။ ကျွန်မ ဘယ်စိတ်သဘောထားတွေမှာ ရှင်သန်နေတာက ကိုယ်တော့်ကို ရွံရှာစေမှန်းလည်း မသိပါဘူး- ကိုယ်ကိုယ်ကိုယ် သိဖို့ ကျွန်မကို ကျေးဇူးပြု၍ လမ်းပြတော်မူပါ” ဟု ပြောလျက်၊ ဘုရားသခင် ရှေ့မှောက်သို့ ကျွန်မ သွားဆုတောင်းခဲ့သည်မှာ ဤအချိန်တွင် ဖြစ်သည်။ တစ်ရက်တွင် ကျွန်မ၏ ဝတ်ပြုခြင်း၌ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်မှု အချို့လုပ်နေချိန်တွင်၊ “မယုံကြည်ရသော” ဟူသည့် စကားလုံးက ကျွန်မ၏ခေါင်းထဲ ရုတ်တရက် ပေါ်လာခဲ့သည်။ ဘုရားသခင်ထံမှ ဆီလျော်သော နှုတ်ကပတ်တော်များအတွက် ကျွန်မ၏ ရှာဖွေမှုတွင် ဤအပိုဒ်ကို ကျွန်မ တွေ့ခဲ့ရသည်။ “တစ်စုံတစ်ယောက်က ၎င်းတို့တွေးသည့်အရာကို အခြားသူများအား မည်သည့်အခါမျှ ရင်မဖွင့်ဘဲ၊ ဆွေးနွေးပြောဆိုခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ၎င်းတို့ လုပ်သမျှတွင် ၎င်းတို့သည် အခြားသူများကို မည်သည့်အခါမျှ မတိုင်ပင်ဘဲ၊ ထိုအစား ၎င်းတို့က သီးသန့်နေပြီး အချိန်တိုင်း အခြားသူများကို သတိထားနေပုံရကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ကွယ်ဝှက်ထားသည်။ ဤသည်မှာ ကောက်ကျစ်သော လူတစ်ယောက် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က တီထွင်ဉာဏ် ကောင်းသည်ဟု ထင်ထားသည့် အကြံဉာဏ်တစ်ခု ရှိပြီး ‘အခု လောလောဆယ်တော့ ကိုယ့်စိတ်ထဲပဲ ထားလိုက်မယ်။ အဲဒါကို ဝေမျှလိုက်ရင်၊ ခင်ဗျားတို့က သုံးလိုက်ပြီး ငါချီးကျူးခံရမဲ့ဟာကို လုသွားနိုင်တယ်။ မပြောသေးဘူး။’ ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့ အပြည့်အဝ နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိပါက၊ ၎င်းတို့က ‘ငါအခု မပြောပြသေးဘူး။ ငါက ပြောလိုက်ပြီး၊ တစ်ယောက်ယောက်က ပိုကောင်းတဲ့အရာ တစ်ခုခုကို ပြောလာရင်၊ ငါက အရူးလိုဖြစ်မှာ မဟုတ်ဘူးလား။ လူတိုင်းက ငါ့ကို ရိပ်စားမိသွားမယ်၊ ဒီနေရာမှာ ငါ့အားနည်းချက်ကို မြင်ကြမယ်။ ငါ တစ်ခုမှ မပြောသင့်ဘူး။’ ဟု တွေးကြလိမ့်မည်။ ထို့ကြောင့် အမြင်ရှုထောင့် သို့မဟုတ် တွေးခေါ်မျှော်မြင်မှု မည်သို့ရှိပါစေ၊ တကယ့် ရည်ရွယ်ချက်က မည်သို့ရှိပါစေ၊ လူတိုင်းက သူတို့ကို ရိပ်စားမိမည်ကို စိုးရွံ့နေကြသည်။ ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင်တာဝန်၊ လူများ၊ အမှုကိစ္စများနှင့် ဖြစ်ရပ်များကို ဤအမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးတို့ဖြင့် အမြဲတစေ ချဉ်းကပ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဤအရာကို ဖတ်ခြင်းက ကျွန်မကို စိတ်လေးသွားစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အခြေအနေအမှန်ကို တိတိကျကျ ဖော်ထုတ်ထားပြီး၊ “ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်” ဟူသည့် စကားလုံးများက ကျွန်မအတွက် အမှန်တကယ်ကို စိတ်ထိခိုက်စေကာ အနေခက်စေသည်။ ကျွန်မ၏ ထင်မြင်ချက်ကို တိုက်ရိုက်ဖြစ်စေ၊ သာမန်ကာလျှံကာ ဖြစ်စေ ထုတ်မပြောခြင်းအားဖြင့်၊ ကျွန်မက အသိတရား ရှိသကဲ့သို့ ခံစားရသော်လည်း၊ တကယ်တမ်းတွင် ကျွန်မသည် မည်သို့ လျှို့ဝှက်ကြံစည်ခြင်းများဖြင့် ပြည့်ဝနေသည့်အကြောင်းကို ကျွန်မ တွေးမိသည်။ ကျွန်မတို့ ရင်ဆိုင်ရသည့် ပြဿနာများနှင့်ပတ်သက်၍ ကျွန်မ၏ ကိုယ်ပိုင် အမြင်ရှုထောင့်များနှင့် ထင်မြင်ချက်များ ရှိခဲ့သော်လည်း၊ အခြေအနေက ကျွန်မ၏ ထိန်းချုပ်မှု အောက်တွင် အပြည့်အဝ ရှိသည်ဟု မခံစားရသည့်အခါ၊ ကျွန်မပြောသည့်အရာ အငြင်းခံရမည်၊ သိက္ခာကျကာ အထင်သေးခံရမည်တို့ကို ကြောက်ခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် ထိန်းထားကာ၊ အခြားသူများ တွေးထင်သည့် အရာများကို ဦးစွာ နားလည်အောင် ကြိုးစားပြီး၊ ထို့နောက်တွင် စကားဆက် ပြောခဲ့သည်။ ယင်းမှာ မယုံကြည်ရခြင်းနှင့် လှည့်စားခြင်း မဟုတ်ပါလား။ ယင်းမှာ လူ့အဖွဲ့အစည်းထဲရှိ အစဉ် လျှို့ဝှက်ကြံစည်နေသည့်၊ သစ္စာဖောက်ပြီး စဉ်းလဲသည့် လူများနှင့်သာ သက်ဆိုင်သည်ဟု ကျွန်မ အမြဲ တွေးခဲ့သည်။ ပြင်ပလောကမှ ကျွန်မ၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးက ကျွန်မသည် မာယာကင်းသော လူတစ်ယောက်ဖြစ်ကြောင်း၊ ကျွန်မ၏ လုပ်ရပ်များတွင် မည်သည့် ဖုံးကွယ်ထားသော ကြံရွယ်ချက်များမျှ မသိုထားကြောင်း လက်ခံထားကြသည်။ ငါးရှဥ့်တစ်ကောင်ကဲ့သို့ မယုံကြည်ရသည့်သူများ၊ အခြားသူများကို သံယောင်လိုက်တတ်သည့်သူများကို ကျွန်မ အမြဲ မုန်းတီးခဲ့သည်။ ကျွန်မက မိမိကိုယ်ကိုယ် မည်သည့်အခါမျှ ထိုသို့ မတွေးခဲ့ဖူးပါ။ သို့ရာတွင် ကျွန်မက မုသားကို ဘွင်းဘွင်းရှင်းရှင်း မပြောခဲ့သကဲ့သို့၊ ထိုလူများကဲ့သို့ အမှုကိစ္စများကို တစ်ပုံစံတည်း မလုပ်ခဲ့သော်လည်း၊ ကျွန်မသည် မိမိ၏ လှည့်စားတတ်သော သဘာဝ၏ တွန်းအားပေးခြင်းကို ခံနေရဆဲ ဖြစ်သည်။ ကျွန်မက အရည်အချင်း မပြည့်မီပုံပေါက်ပြီး အခြားသူများက ရိပ်စားမိသွားမည်ကို စိုးရွံ့လျက်၊ မိမိပြောခဲ့သမျှနှင့် လုပ်ခဲ့သမျှတွင် သေချာစွာ လေ့လာပြီး၊ ရေလိုက်ငါးလိုက်သာ နေခဲ့သည်။ ကျွန်မက မိမိ၏ဂုဏ်သတင်းကို ကာကွယ်ဖို့ မိမိကိုယ်ကိုယ် အယောင်ဆောင်လျက်၊ အချိန်တိုင်း မရိုးမသား ဖြစ်ခဲ့သည်။ ကျွန်မ၏တာဝန်၌ အခက်အခဲ တစ်စုံတစ်ရာကို ရင်ဆိုင်ရသည့်အခါတွင်၊ ကျွန်မ တွေးသည့်အရာကို ကျွန်မက လုံးဝ တစ်ချက်မျှ မဝေမျှဘဲ၊ ကျွန်မ၏ ထင်မြင်ယူဆချက်များကို ဖုန်းကွယ်ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများအပေါ် မည်သည့် စဉ်းစားမှုမျှ မပြုဘဲ၊ ကျွန်မက ပါးနပ်ကာ လှည့်စားခဲ့သည်။ ကျွန်မသည် မယုံကြည်ရသည့် လူပါးတစ်ယောက် အမှန်တကယ် ဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်မ သတိပြုမိခဲ့သည်။ စကားများများ မပြောတတ်ခြင်းသည် ကျွန်မ ပင်ကိုယ်စရိုက်၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်ဟု ကျွန်မ အမြဲ တွေးထင်ခဲ့သည်- ယင်း၏နောက်ကွယ်မှ ဆိုးယုတ်သော စိတ်သဘောထားကို ကျွန်မ အမှန်တကယ် ဆန်းစစ်ခြင်း မရှိခဲ့ပါ။ ထို့နောက်မှသာ ကျွန်မသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်း မည်မျှ နည်းပါးသည်ကို ကျွန်မ တွေ့မြင်ခဲ့သည်။
ကျွန်မအတွက် အမှုကိစ္စများကို အမှန်တကယ် ရှင်းလင်းသွားစေခဲ့သည့်၊ နောက်ထပ် ဘုရားသခင့်နှုတ်ကပတ်တော်များ ကျမ်းပိုဒ် တစ်ခု ရှိသေးသည်။ ဘုရားသခင်က ပြောသည်မှာ- “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။...လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ စိတ်နှလုံး၏ အနက်ရှိုင်းဆုံး နေရာများကို အတိအကျ ပြောဆိုခဲ့သည်။ “မျက်စိဖွင့် နားစွင့်ထား၊” နှင့် “တိတ်တိတ်နေခြင်းသည်ရွှေ၊ စကားများပါက အမှားများတတ်သည်။” ဟူသည့် ဆိုးယုတ်သော အတွေးအခေါ်များကို ကျွန်မ တစ်ချိန်လုံး ထိန်းသိမ်းထားခဲ့သည်ကို ကျွန်မ တွေ့မြင်ခဲ့ရသည်။ အခြားသူများရှေ့တွင် “အော်လန်” ဖြစ်ရမည့်အစား “နားထောင်သူ” ဖြစ်ခြင်းအားဖြင့်၊ ကျွန်မ၏ အားနည်းချက်ကို ပြစရာလိုမည် မဟုတ်၊ သို့မဟုတ် မိုက်မဲသည့် အသွင်ပေါက်ဖို့ လိုမည် မဟုတ်ပေ။ ကျွန်မ ပြောလိုသည့်အရာကို မျိုသိပ်ထားခြင်းဖြင့် ကျွန်မ၏ မှားယွင်းသော စိတ်ကူးများကို လုံးဝ ပေါ်မလာသောကြောင့်၊ မည်သူကမျှ ကျွန်မ၏ အမှားများကို ထောက်မပြနိုင်ခဲ့၊ သို့မဟုတ် ကျွန်မနှင့် သဘောထားကွဲလွဲ၍ မရနိုင်သည်မှာ အမှန်ဖြစ်သည်။ ထိုနည်းအားဖြင့် ကျွန်မက သိက္ခာကျစရာ မလိုတော့ဘဲ၊ “တိတ်တိတ်နေခြင်းသည်ရွှေ၊” နှင့် “မျက်စိဖွင့် နားစွင့်ထား” ဟူသည့် စိတ်ကူးများအတိုင်း နေခြင်းက ဤကမ္ဘာကြီးတွင် အဆင်ပြေပြေ နေဖို့အတွက် အမြော်အမြင်အရှိဆုံး နည်းလမ်း ဖြစ်သည်ဟု ပို၍ ယုံကြည်လက်ခံခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက်၊ ကျွန်မက ဤအရာများအား ညီအစ်ကိုမောင်နှမများနှင့် ကျွန်မ၏ အပြန်အလှန် ဆက်ဆံရေးများကို ဆက်လက် လမ်းညွှန်စေစား ခွင့်မပြုဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မက စကားများများ မပြောသရွေ့၊ သို့မဟုတ် ကျွန်မ ပါးစပ်ပိတ်ထားသမျှ ကာလပတ်လုံး၊ မည်သူကမျှ ကျွန်မ၏ ကိုယ်ရေးကိုယ်တာ ကျရှုံးမှုများနှင့် အားနည်းချက်များနှင့်ပတ်သက်၍ သိမည်မဟုတ်ဘဲ၊ ကျွန်မ၏ နာမည်ကို ကာကွယ်နိုင်မည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မက ဤဆိုးယုတ်သော အတွေးအခေါ်များဖြင့် ရှင်သန်ခဲ့ပြီး ကျွန်မ၏ ကိုယ်ပိုင် အမြင်ရှုထောင့်ကို မဝေမျှချင်ခဲ့သည့် အချိန်တိုင်းတွင်၊ ကျွန်မ၏ ကိုယ်ပိုင်အရှုံး သို့မဟုတ် အမြတ်နှင့် အခြားသူများ မည်သည့်အရာတွေးထင်မည်ဆိုသည်ကို အမြဲတစေ တွက်ချက်နေခဲ့သည်။ မိမိကိုယ်ကိုယ် အရှက်ရစေနိုင်သည့် အလားအလာ ရှိသည်ဟု ကျွန်မ တွေးထင်ပါက၊ ကျွန်မက မည်သည့်အရာမျှ မပြော၊ သို့မဟုတ် မလုပ်ဘဲ၊ ဘေးကင်းသည့် လမ်းကို ရွေးမည် ဖြစ်သည်။ ဤဆိုးယုတ်သော အဆိပ်များက ကျွန်မကို ပို၍ ပို၍ မယုံကြည်ရသောသူနှင့် ကောက်ကျစ်တတ်သောသူ ဖြစ်လာစေပြီး၊ အခြားသူများကို တစ်ချိန်လုံး ပိုသတိထားနေခဲ့စေသည်။ ကျွန်မက ဆက်သွယ်ပြောဆိုဖို့နှင့် ရင်ဖွင့်ဖို့ စတင် လုပ်ဆောင်ခြင်း မရှိဘဲ၊ အခြားသူများနှင့်လုပ်သည့် ကျွန်မ၏ အလုပ်သည် အလွန် စိတ်ပျက်စရာ ကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းလာသည်။ ထိုနည်းအားဖြင့် ကျွန်မ၏တာဝန်၌ ကောင်းမွန်သော အလုပ်ကို လုပ်နိုင်ဖို့ မဖြစ်နိုင်ခဲ့ပါ။
ဤအရာကို သတိပြုမိလျက်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤရှုထောင့်ကို ဖြေရှင်းဖို့ လမ်းညွှန်ပေးပါရန် တောင်းလျှောက်လျက်၊ ဘုရားသခင်ရှေ့မှောက် ကျွန်မ ဆုတောင်းခြင်းဖြင့် လာခဲ့သည်။ ထို့နောက်တွင် ကျွန်မ၏ ကိုယ်ပိုင် ကြံရွယ်ချက်များကို ပြောင်းလဲဖို့ ညီအစ်ကိုမောင်နှမများနှင့် ဆွေးနွေးချက်များတွင် သတိရှိသော ကြိုးစားအားထုတ်မှုကို ပြုကာ၊ ကျွန်မ၏ ကိုယ်ပိုင် အတွေးအခေါ်များက ကျွန်မကို မည်သို့ဖြစ်စေမည်ကို စိတ်မပူဘဲ၊ ယင်းတို့ကို စတင် အကြံပေးခဲ့သည်။ ထိုမျှ မကောင်းသည့် စိတ်ကူးများအတွက်မူ၊ ကျွန်မက စကားရည်လုဖို့နှင့် ဆွေးနွေးဖို့ ညီအစ်ကိုမောင်နှမများထံ တင်ပြခဲ့သည်။ ကျွန်မတို့၏ တာဝန်၌ အခက်အခဲများကို ကျွန်မတို့ ကြုံတွေ့ရသည့်အခါ၊ အားလုံး တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုလျက်၊ လူတိုင်းက အတူတကွ ဆုတောင်းပြီး ရှာဖွေသည်။ ဤနည်းအားဖြင့် ရှေ့ဆက်ဖို့လမ်းတစ်ခု ကျွန်မတို့ ရှာနိုင်ခဲ့ကြသည်။ သို့ရာတွင် ကျွန်မက စာတန်အားဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည့်အတွက်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း မပြုမူဘဲ မနေနိုင်သည့်အချိန် များစွာလည်း ရှိနေဆဲ ဖြစ်သည်။ တစ်ချိန်တွင် ကျွန်မတို့၏ တာဝန်၌ ပြဿနာတစ်ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးမှု တစ်ခုတွင်၊ ကြီးကြပ်သူနှစ်ဦးလည်း ထိုနေရာတွင် ရောက်နေခဲ့ကြသည်။ ကျွန်မက “ညီအစ်ကိုမောင်နှမတွေနဲ့ အကြံဉာဏ်တွေကို ဆွေးနွေးရတာ အားလုံးကောင်းပါတယ်၊ ဒါပေမဲ့ ဒီမှာ ကြီးကြပ်သူတွေက ရောက်နေတော့၊ ငါ့အတွေးအခေါ်တွေက မှားနေရင်၊ ငါ့အတွေးအခေါ်က လက်မခံနိုင်စရာ ဖြစ်နေရင်၊ ငါ့အစွမ်းအစနဲ့ ပတ်သက်ပြီး သူတို့ ဘာတွေးမလဲ။ သူတို့က ငါ့ကို ဒီတာဝန်အတွက် မသင့်တော်ဘူးလို့ တွေးပြီး အဖွဲ့ထဲက ထုတ်လိုက်ရင် ဘယ်လို လုပ်မလဲ- တခြားလူတွေက ငါနဲ့ပတ်သက်ပြီး ဘာတွေးမလဲ။ ငါဘယ်တော့မှ ဂုဏ်ယူဝင့်ကြွားနိုင်တော့မှာ မဟုတ်ဘူး။” ဟု မိမိဘာသာ တွေးမိသည်။ ဤစိုးရိမ်ပူပန်စိတ်များဖြင့် ဖိစီးနှိပ်စက်ခံရလျက်၊ ဆွေးနွေးမှုတစ်ခုလုံးတွင် ကျွန်မ စကားတစ်လုံးမျှ မပြောခဲ့ပါ။ ကျွန်မတို့ လက်စသတ်သည့်အခါ၊ ကြီးကြပ်သူများထဲမှ တစ်ဦးက ကျွန်မ တစ်ခုမျှ မပြောရသည့်အကြောင်းအရင်းကို မေးခဲ့သည်။ ကျွန်မလည်း အမှန်တကယ် အနေခက်ပြီး အပြစ်ရှိသည်ဟု ခံစားခဲ့ရကာ၊ မည်သည့်အရာကို ပြန်ဖြေရမည်ကို မသိခဲ့ပါ။ နောက်ဆုံးတွင် ကျွန်မက “အဲဒါကတော့ ကျွန်မရဲ့ လည်တဲ့ စိတ်သဘောထားကို နောက်တစ်ခါ ပြမိတာပါ။ ကျွန်မက စကားများများ ပြောလိုက်ရင်၊ စကားမှားမှာ သေချာလို့၊ ပါးစပ်မဟရဲခဲ့တာပါ” ဟု ပြောလိုက်သည်။ သို့သော်လည်း အမှန်တရားကို ပြောပြီးသည့်နောက်တွင်ပင်၊ ကျွန်မက ဘဝင်မကျသေးပါ။ ကျွန်မ ပြနေသည့် ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ အသိအမှတ်ပြုခဲ့သော်လည်း၊ ထိုအခြေအနေမျိုး နောက်တစ်ခါ ကြုံရသည့်အခါ ထိုအရာကိုသာ ကျွန်မ လုပ်ဆောင်ဦးမည်လား။ ဤအရာကို ပြန်လည်ဆန်းစစ်ရင်း၊ ကျွန်မမှာ မိမိကိုယ်ကိုယ် သိကျွမ်းခြင်း အချို့ရှိခဲ့ပြီး ဤပြဿနာကို ဖော်ပြရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အစစ်ဆေးခံခဲ့သော်လည်း၊ အခက်အခဲ တစ်ခုကို ရင်ဆိုင်ရာတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း မရှင်သန်ဘဲ မနေနိုင်ဆဲ ဖြစ်လေသည်။ ကျွန်မက အမှန်တကယ် နောင်တရပြီး ပြောင်းလဲခဲ့ခြင်း မရှိပါ။ ကျွန်မ မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းဖို့ လမ်းညွှန်ပါရန် တောင်းလျှောက်လျက်၊ ဆုတောင်းဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်မ လာရောက်ခဲ့သည်။
နောက်ပိုင်းတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ ကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “အန္တိခရစ်များက အခြားသူများကို စကားပြောခြင်းနှင့် ရင်ဖွင့်ခြင်းများကို ၎င်းတို့ အမြဲနှစ်သက်ပါက၊ လူတိုင်းက ၎င်းတို့ကို ရိပ်စားမိကာ၊ ၎င်းတို့၌ နက်နက်နဲနဲ သိနားလည်နိုင်စွမ်း မရှိဘဲ၊ သာမန်လူများသာ ဖြစ်သည်ကို မြင်ပြီး၊ ထို့နောက်တွင် ၎င်းတို့အား မလေးစားတော့ဘဲ နေမည်ဟု ယုံကြည်ကြသည်။ အခြားသူများက ၎င်းတို့ကို မလေးစားကြသည့်အခါ၊ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲတွင် မြင့်မြတ်သောနေရာတစ်ခု မရှိတော့ဘဲ၊ ၎င်းတို့က အတော်အတန် သာမန်မျှသာ ဖြစ်ကာ၊ အတော်အတန် ရိုးရှင်းပြီး အတော်အတန် ပုံမှန်ဖြစ်သည်ကို ဆိုလိုသည်။ ဤသည်မှာ အန္တိခရစ်များ မမြင်လိုသည့် အရာဖြစ်သည်။ ထိုအကြောင်းကြောင့် ၎င်းတို့က မိမိတို့ကိုယ်ကိုယ် အမြဲ ချခင်းပြပြီး၊ ၎င်းတို့သည် အပျက်သဘောဆောင်နေခဲ့ကာ၊ ဘုရားသခင်ကို ပုန်ကန်နေခဲ့ကြောင်း၊ မနေ့က မည်သည့် အရေးကိစ္စများတွင်မူ ၎င်းတို့က အမှားပြုခဲ့ကြောင်းနှင့် ယနေ့ ၎င်းတို့သည် ရိုးသားသော လူတစ်ယောက် မဖြစ်ခဲ့ခြင်းအတွက် ဒုက္ခခံစားပြီး နာကျင်နေရကြောင်း အမြဲပြောသည့် နောက်ထပ်လူတစ်စုကို သူတို့တွေ့သည့်အခါ၊ ၎င်းတို့က မည်သည့်အရာကိုမျှ မပြောဘဲ၊ စိတ်ထဲတွင်သာ နက်ရှိုင်းစွာ ကွယ်ဝှက်ထားရခြင်း ဖြစ်သည်။ ညံ့ဖျင်းသော အစွမ်းအစရှိပြီး ရိုးရှင်းကာ၊ အတွေးအခေါ်များစွာ မရှိသောကြောင့်၊ ၎င်းတို့ပြောသည့် စကားများက အလွန်နည်းပါးသည့် သူအချို့လည်း ရှိသည်။ အန္တိခရစ်များ၏ အမျိုးအစားများကလည်း စကားနည်းနည်းသာ ပြောသော်လည်း၊ ဤအကြောင်းကြောင့် မဟုတ်ကြဘဲ၊ ယင်းထက် ၎င်းတို့၏ စိတ်သဘောထားတွင် ပြဿနာ ရှိနေသည်။ ၎င်းတို့က အခြားသူများကို တွေ့မြင်သည့်အခါ၊ စကားနည်းနည်းသာ ပြောပြီး အခြားသူများက အရေးကိစ္စတစ်ခုကို ပြောဆိုသည့်အခါ၊ ၎င်းတို့၏ ထင်မြင်ချက်ကို ပေါ့တန်စွာ ပေးခြင်း မရှိပေ။ ၎င်းတို့က ၎င်းတို့၏ ထင်မြင်ချက်များကို အဘယ့်ကြောင့် မပေးရသနည်း။ ဦးစွာ ၎င်းတို့၌ သမ္မာတရား သေချာပေါက် မရှိဘဲ၊ မည်သည့် အရေးကိစ္စ၏ အခရာကိုမျှ ၎င်းတို့ မရိပ်စားမိနိုင်ပါ။ ၎င်းတို့ စကားပြောသည်နှင့်တစ်ပြိုင်နက်၊ အမှားများ ပြုလုပ်ပြီး အခြားသူများက ၎င်းတို့မည်သူ ဖြစ်သည်ကို အရှိအတိုင်း တွေ့မြင်ကြလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က တိတ်ဆိတ်ပြီး နက်နက်နဲနဲ သိနားလည်နိုင်စွမ်း ရှိဟန်လုပ်ကြကာ၊ အခြားသူများက ၎င်းတို့ကို တိကျမှန်ကန်စွာ ချိန်ဆ၍ မရစေဘဲ၊ ၎င်းတို့သည် အလွန် ထက်မြက်ပြီး ထူးခြားသည်ဟုပင် တွေးထင်စေလာသည်။ ဤနည်းအားဖြင့် မည်သူကမျှ ၎င်းတို့အား အရေးမပါလှဟု မတွေးတော့ပေ။ ၎င်းတို့၏ တည်ငြိမ်ကာ၊ ဣနြေ္ဒရှိသော ပြောဆိုပြုမူပုံတို့ကို မြင်တွေ့လျက်၊ လူများက ၎င်းတို့ကို အထင်ကြီးပြီး၊ မစော်ကားရဲကြပေ။ ဤသည်မှာ အန္တိခရစ်များ၏ လှည့်ဖြားမှုနှင့် ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့က ထင်မြင်ချက်များကို အလွယ်တကူ မပေးခြင်းမှာ ၎င်းတို့၏ ဤစိတ်သဘောထားများ၏ အဓိက အချက်ဖြစ်သည်။ ၎င်းတို့က ထင်မြင်ချက်များကို အလွယ်တကူ မပေးသည်မှာ ၎င်းတို့မှာ ထင်မြင်ချက်များ မရှိသောကြောင့် မဟုတ်ပေ။ ၎င်းတို့၌ မှားယွင်းပြီး မူမမှန်သည့် ထင်မြင်ချက်အချို့ရှိသည်၊ သမ္မာတရားနှင့် လုံးဝ မကိုက်ညီသည့် ထင်မြင်ချက်များဖြစ်ပြီး လူသိရှင်ကြား ထုတ်ဖော်၍မရနိုင်သည့် ထင်မြင်ချက် အချို့ပင်ရှိသည်။ သို့ရာတွင် ၎င်းတို့၌ မည်သည့် ထင်မြင်ချက်မျိုးရှိပါစေ၊ ၎င်းတို့က ထိုထင်မြင်ချက်များကို ပွင့်ပွင့်လင်းလင်း မပေးကြပါ။ ထိုထင်မြင်ချက်များအတွက် အခြားသူများက ချီးကျူးခံရနိုင်သည်ကို ၎င်းတို့က ကြောက်သောကြောင့်၊ ယင်းတို့ကို ပွင့်ပွင့်လင်းလင်း မပေးခြင်း မဟုတ်ဘဲ၊ ယင်းတို့ကို ဖုံးကွယ်ထားလိုသောကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ သရုပ်မှန်ကို မြင်တွေ့သွားကြမည်စိုးသောကြောင့် ၎င်းတို့၏ ထင်မြင်ချက်များကို အရှိအတိုင်း ထုတ်မပြောကြခြင်း ဖြစ်သည်။...၎င်းတို့က မိမိတို့၏အတိုင်းအတာကို သိကြပြီး၊ ၎င်းတို့၌ ရှက်စရာအကောင်းဆုံးသော နောက်ထပ် ကြံရွယ်ချက် တစ်ခုရှိသည်။ ၎င်းတို့က အလွန် အထင်ကြီးလေးစားခြင်း ခံလိုကြသည်။ ယင်းမှာ မနှစ်မြို့စရာအကောင်းဆုံး မဟုတ်ပါလား။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၄)”) ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းက ကျွန်မက နက်နက်နဲနဲ ရိုက်ခတ်ခဲ့သည်။ “တိတ်တိတ်နေခြင်းသည်ရွှေ၊” နှင့် “စကားများပါက အမှားများတတ်သည်။” ဟူသည့် စိတ်ကူးများကို ကျွန်မ အမြဲ ဖက်တွယ်ထားခဲ့သည်။ ယင်းမှာ ကျွန်မက အမှားပြောမိပြီး လှောင်ရယ်ခံရကာ အရှက်ရမည်ကို စိုးရွံ့လျက်၊ မိမိ၏နာမည်ကို ကာကွယ်နေခြင်းမျှသာ ဖြစ်ပုံရသော်လည်း၊ ပြဿနာ၏ အခရာမှာ ကျွန်မသည် အခြားသူများ၏ အမြင်တွင် အဆင့်အတန်းရရှိလိုခြင်း ဖြစ်သည်။ ကျွန်မ ပြောခဲ့သမျှ၊ ကျွန်မ ဖော်ပြခဲ့သည့် ထင်မြင်ချက်များ အားလုံး၌ အခြားသူများ၏ လေးစားအားကျခြင်းနှင့် ထောက်ခံမှုတို့ကို ရဖို့၊ ၎င်းတို့ထံမှ “သဘောတူညီမှု” တစ်ခုကို ရဖို့ကိုသာ ကျွန်မ လိုချင်ခဲ့သည်။ ထိုရည်ရွယ်ချက်ကြောင့်၊ ကျွန်မက စဉ်းစားတတ်သော၊ ထိုးထွင်းအမြင် ရှိသော လူတစ်ယောက် အသွင်ပေါက်စေဖို့ အလို့ငှာ၊ ကျွန်မ ပြောသမျှနှင့် လုပ်သမျှ အားလုံးကို စိတ်စွဲရင်း၊ အမြဲ ဦးနှောက်ခြောက်ခံလျက်၊ မရိုးမသားဖြစ်ကာ မိမိကိုယ်ကိုယ် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ကြီးကြပ်သူများနှင့် ဆွေးနွေးရာတွင် ကျွန်မ၏ နာမည်နှင့် ဂုဏ်ဒြပ်တို့ကို အထူးတလည် ကာကွယ်ခြင်းဖြင့် ဖိစီးခံခဲ့ရသည်၊ ထို့ကြောင့် ကျွန်မ မှန်နေပါက၊ ပြဿနာမရှိသော်လည်း၊ ကျွန်မ မမှန်ပါက၊ ကျွန်မ၏ နားလည်မှု မရှိခြင်းကို ထုတ်ဖော်ပြမိမည်ကို တွေးမိရင်း၊ ကျွန်မ၏ ထင်မြင်ချက်များကို မဝေမျှရဲခဲ့ပေ။ ထိုအခါ ကြီးကြပ်သူများက အထင်မကြီးဘဲ၊ ကျွန်မ၏ တာဝန်ကို ကျွန်မ ဆုံးရှုံးခဲ့ပါက၊ အခြားသူများအလယ်တွင် ကျွန်မ၏ အဆင့်အတန်းသည် လုံးလုံး ပျက်စီးသွားမည် ဖြစ်သည်။ ဤမကောင်းသော ကြံရွယ်ချက်များကို သိုထားလျက်၊ “ဒါကို ကျွန်မ နားလည်လား မလည်လားဆိုတာ မသေချာဘူး” ဟူသည် ရိုးရှင်းသည့် စကားကို ပြောဖို့ကိုပင် မဝံ့ရဲဘဲ၊ ကျွန်မ၏ အတွေးအခေါ်များနှင့် ထင်မြင်ချက်များကို ဖွင့်ပြောဖို့ စိုးရွံ့ကာ၊ ကျွန်မက မိမိ၏ပါးစပ်ကိုသာ ပိတ်ထားခဲ့သည်။ ယင်းမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်၊ အလွန် ရှက်စရာဖြစ်ပါသည်။ ကျွန်မ၏တာဝန်၌ အခြားသူများနှင့် ကျွန်မ၏ ပူးပေါင်းမှုနှင့် ညီအစ်ကိုမောင်နှမများနှင့် နေ့စဉ် အပြန်အလှန် ဆက်ဆံရေးများတွင် ကျွန်မက အပြင်ပန်းတွင် နှုတ်ဆိတ်ပြီး ရိုးသားပုံ ပေါက်သော်လည်း၊ စိတ်ထဲတွင် ကျွန်မက ပါးနပ်မှုကို သိုထားခဲ့သည်။ ကျွန်မက မိမိကိုယ်ကိုယ် အယောင်ဆောင်ပြီး အခြားသူများကို လှည့်စားရင်း၊ မိမိ၏ အကျည်းတန်မှုကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြီးလျှင် ဝတ်ပြုစည်းဝေးပွဲများတွင် ကျွန်မတို့ သမ္မာတရားအပေါ် မိတ်သဟာယပြုပြီး ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုသည့်အခါတွင်ပင်၊ ကျွန်မက အခြားသူများ၏ အမြင်တွင် မိမိ၏ အဆင့်အတန်းနှင့် နာမည်တို့ကို ကာကွယ်ဖို့ မျှော်လင့်လျက်၊ ရေလိုက်ငါးလိုက်နေဖို့ ကြိုးစားဆဲဖြစ်သည်။ ကျွန်မက မိမိ၏နာမည်နှင့် ဂုဏ်သတင်းကို သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတို့ထက် များစွာ သာ၍ ချစ်မြတ်နိုးခဲ့သည်- ဤအရာမှာ ကျွန်မ ထုတ်ဖော်ပြနေသည့် အန္တိခရစ်တစ်ဦး၏ ပါးနပ်မှုနှင့် ဆိုးယုတ်သော စိတ်သဘောထား လုံးလုံး ဖြစ်လေသည်။ ဤအချိန် ကျွန်မ၏ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းတွင် ကျွန်မ၏ အခြေအနေ မည်မျှ အန္တရာယ် ကြီးမားသည်ကို ကျွန်မ မြင်ခဲ့ရသည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်က သူ၏အလိုတော်အတိုင်း မလုပ်ဆောင်နိုင်သည့် သူများကို မည်သို့ပြောခဲ့သည်ကို ကျွန်မ တွေးမိသည်။ “ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၃). ကျွန်မမှာ ယုံကြည်ခြင်း ရှိခဲ့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ လက်တွေ့ကျသော လုပ်ဆောင်ချက်ကိုလည်း ကျွန်မ မလုပ်ဆောင်ခဲ့ပါ။ မိတ်သဟာယတွင် ညီအစ်ကိုမောင်နှမများကို ကျွန်မ ရင်မဖွင့်နိုင်သကဲ့သို့၊ ရိုးသားခြင်းလည်း မရှိခဲ့ပါ။ ထိုအစား ၎င်းတို့က ကျွန်မကို အထင်ကြီးစေဖို့အလို့ငှာ၊ ကျွန်မက မိမိ၏နာမည်ကို ကာကွယ်ဖို့နှင့် အခြားသူများကို လှည့်စားဖို့ အစွမ်းကုန် ကြိုးစားလျက်၊ မိမိ၏စက်ဆုပ်ဖွယ် ရပ်တည်ချက်ကို အမြဲ ဖုံးကွယ်ထားခဲ့သည်။ ကျွန်မက အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေကာ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ နောင်တမရခဲ့ပါက၊ အဆုံး၌ ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းခံရမည် ဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ဤအရာကို နားလည်ခြင်းက ကျွန်မကို ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝအတွက် ရွံရှာမှုများဖြင့် ပြည့်နှက်စေပြီး၊ ထိုသို့သော အားထုတ်လိုက်စားမှုမျိုး၌ ရှေ့ဆက်ခြင်းသည် မည်မျှ အန္တရာယ်ကြီးမည်ကိုလည်း ကျွန်မအား မြင်တွေ့စေသည်။ ကျွန်မက ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး အမြန်ဆုံး နောင်တရကာ၊ ဇာတိပကတိကို စွန့်လွှတ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ခဲ့ပါသည်။
ကျွန်မ၏အခြေအနေနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများထံ ကျွန်မ ဖွင့်ပြောပြသည့်အခါ၊ အစ်မတစ်ယောက်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်မထံသို့ ပို့လာခဲ့သည်။ “လူများက ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့၏ တာဝန်ကိုဖြစ်စေ၊ အလုပ်တစ်စုံတစ်ခုကို ဖြစ်စေ လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ရေခွက်တစ်ခွက်ကဲ့သို့ ကြည်လင်ပြတ်သားနေရမည်။ ၎င်းတို့၏ သဘောထားသည် မှန်ကန်ရမည်။ မည်သည့် သဘောထားမျိုးသည် မှန်ကန်သနည်း။ သင်သည် မည်သည့်အရာကို လုပ်ဆောင်နေပါစေ၊ သင်၏စိတ်နှလုံးထဲတွင် ရှိသည့် မည်သည့်အရာကိုမဆို၊ မည်သည့် စိတ်ကူးများကိုမဆို အခြားသူများနှင့် သင် ဝေမျှနိုင်သည်။ သင်၏စိတ်ကူးသည် အလုပ် မဖြစ်ဟု ၎င်းတို့က ပြောပြီး ကွဲပြားခြားနားသည့် အကြံတစ်ခုကို ပေးပါက၊ သင်က နားထောင်ပြီး ‘ကောင်းလိုက်တဲ့အကြံ၊ အဲဒါကို လုပ်ကြရအောင်။ ကျွန်တော့်အကြံက ညံ့ဖျင်းပြီး ထိုးထွင်းအမြင်မရှိသလို၊ ကောင်းလည်း မကောင်းဘူး။’ ဟု ပြောသည်။ သင်၏ စကားများ၊ လုပ်ဆောင်ချက်များမှတစ်ဆင့် သင်ပြုမူဆောင်ရွက်ရာတွင် ကြည်လင်ပြတ်သားသော အခြေခံသဘောတရားများရှိသည်၊ သင့် စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု မဟုတ်ပါလား။ ဤအရာမှာ လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများအပေါ် ထားရှိသည့် ဤလူ၏ စိတ်သဘောထားကို ကိုယ်စားပြုသည့် သဘောထားတစ်ခု ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကိုလည်း ကျွန်မ ဖတ်ခဲ့ရပါသည်။ “လူများကို မလှည့်စားဘဲ၊ ရိုးသားဖို့၊ ရိုးသားစွာပြောဆိုဖို့နှင့် ရိုးသားသော အမှုအရာများကို လုပ်ဆောင်ဖို့ ဘုရားသခင်က ပြောသည်။ ဤအရာကို ဘုရားသခင် ပြောရခြင်း၏ အဓိပ္ပာယ်မှာ လူများကို မြေကြီးပေါ်တွင် လိမ်ကောက်တွားသွားသည့် မြွေကဲ့သို့ စကားပြောကာ အမှုကိစ္စတစ်ခု၏ အမှန်တရားကို အစဉ် အဓိပ္ပာယ် အမျိုးမျိုး ထွက်စေပြီး မရှုပ်ရှုပ်အောင် လုပ်တတ်သည့် စာတန်၏ ပုံသဏ္ဌာန်မရှိဘဲ၊ စစ်မှန်သော လူသားပုံသဏ္ဌာန် တစ်ခု ရှိစေဖို့ ဖြစ်သည်။ လူများသည် မှောင်မိုက်သော စိတ်ထား မရှိဘဲ၊ အရှက်ရစရာ တစ်ခုတစ်လေမျှ မရှိဘဲ၊ သန့်ရှင်းသော စိတ်နှလုံးဖြင့်၊ အပြင်ပန်းတွင် ရှိသောအရာသည် စိတ်အတွင်းရှိသော အရာနှင့် သဟဇာတဖြစ်လျက်၊ စကားရော၊ လုပ်ဆောင်ချက်တွင်ပါ သိက္ခာရှိပြီး တည်ကြည်သော အသက်တာဖြင့် ရှင်သန်နိုင်စေဖို့အလို့ငှာ ယင်းကို ပြောရခြင်း ဖြစ်သည်။ ၎င်းတို့က မည်သည့်အရာမျှ မထိမ်ချန်ထားဘဲ၊ ၎င်းတို့၏ စိတ်နှလုံးသည် သန့်စင်သောမြေတစ်ခုကဲ့သို့ ဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးထဲတွင် ရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး မည်သူ့ကိုမျှ မလှည့်စားသကဲ့သို့၊ ဘုရားသခင်ကိုလည်း မလှည့်စားကြပေ။ ဤသည်မှာ လူများကို ရိုးသားသောလူများဖြစ်ဖို့ တောင်းဆိုခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်လေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်”) ဘုရားသခင်က ရိုးသားသည့်လူများကို နှစ်သက်သည်ကို ဤကျမ်းပိုဒ်များတွင် ကျွန်မ တွေ့ခဲ့ရသည်။ ရိုးသားသည့် လူတစ်ယောက်သည် ဘုရားသခင်အပေါ် မည်သည့် လှည့်စားမှု သို့မဟုတ် ပါးနပ်မှုမျှ မရှိဘဲ၊ ရိုးရှင်းပြီး ပွင့်လင်းသကဲ့သို့ အခြားသူများနှင့်လည်း မာယာကင်းလေသည်။ ၎င်းတို့၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ရော၊ လူသားပါ တွေ့မြင်စေဖို့အလို့ငှာ၊ ၎င်းတို့၏စိတ်နှလုံးထဲ ရှိသည့်အရာကို မလိမ့်တပတ်မလုပ်ဘဲ ဖွင့်ပြောသည်။ ဤသည်မှာ လူတစ်ဦးက မိမိကိုယ်ကိုယ် တင်ဆက်သင့်သည့် ပုံစံဖြစ်သည်- တည်ကြည်ပြီး ရိုးရှင်းသည်။ ရိုးသားသည့် လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး အပြုသဘောဆောင်သည့် အရာများကို ချစ်မြတ်နိုးသောကြောင့်၊ သူသည် သမ္မာတရားကို ပို၍ အလွယ်တကူ ရရှိပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သည်။ သို့ရာတွင် ကျွန်မကမူ အခြားလူများနှင့် ကျွန်မ၏ အပြန်အလှန်ဆက်ဆံခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိတ်ထဲမှ စစ်မှန်သော စကားတစ်လုံးမျှ မပြောနိုင်ခဲ့ပါ။ ကျွန်မ၏ စကားနှင့် လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှု မရှိပါ- ကျွန်မက ကလိမ်ကကျစ်ဖြစ်ပြီး စဉ်းလဲသည်၊ ပြီးလျှင် ကျွန်မက သမ္မာတရားကို နားလည်ပြီး ရရှိဖို့ မဖြစ်နိုင်ပါ။ အမှန်တွင်၊ ကျွန်မ၏ အစွမ်းအစအပြင် သမ္မာတရားကို ကျွန်မ၏ နားလည်ခြင်းက မည်မျှနက်နဲသည်ကို ဘုရားသခင်က ခရေစေ့တွင်းကျ သိပေသည်။ မိမိကိုယ်ကိုယ် အယောင်ဆောင်ထားခြင်းက အခြားလူများကို အရူးလုပ်ကောင်း လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ အရူးလုပ်မည် မဟုတ်ပါ။ ကျွန်မက အမြဲတမ်း လှည့်စားဖို့ကြိုးစားပြီး မရိုးဖြောင့်သည်မှာ မည်မျှဆိုးယုတ်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်က မြင်နိုင်သောကြောင့်၊ ကျွန်မကို လမ်းညွှန်ဖို့ သူအလုပ်လုပ်မည်မှာ မဖြစ်နိုင်ချေ။ သို့ရာတွင် ဘုရားသခင် တောင်းဆိုထားသည့်အတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ကျွန်မ၏ အမြင်တွင် ကျွန်မ မှားသည်ဖြစ်စေ၊ အခြားသူများကို ဖွင့်ပြောခြင်းတို့က ကျွန်မအတွက် အလွန်ခြေကုန်လက်ပန်းကျစရာဖြစ်မည် မဟုတ်သကဲ့သို့၊ ယင်းက ဘုရားသခင်ကိုလည်း ဝမ်းမြောက်စေသည်။ ထို့အပြင် ကျွန်မ၏ နှုတ်ကိုဖွင့်ခြင်းအားဖြင့်သာ ကျွန်မ မှားနေသည့်နေရာကို သင်ယူနိုင်မည် ဖြစ်သည်။ ထိုအခါ အခြားလူများက ကျွန်မကို ထောက်ပြပြီး ကူညီနိုင်မည်ဖြစ်သည်၊ ယင်းသည် ကျွန်မ တိုးတက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကျွန်မ အနည်းငယ် သိက္ခာကျရမည်ဆိုလျှင်ပင်၊ ယင်းက သမ္မာတရားနှင့် ပတ်သက်သည့် ကျွန်မ၏နားလည်ခြင်းနှင့် အသက်တာ၌ ကျွန်မ၏ ကြီးထွားရင့်ကျက်ခြင်းတို့အတွက် အလွန် အကျိုးဖြစ်ထွန်းလေသည်။
ယခင်က၊ ကျွန်မက မိမိကိုယ်ကိုယ် မည်သို့ပြုမူရမည်ကို တကယ်ကို မသိခဲ့ပါ။ သို့သော်လည်း ကျွန်မတို့အား မည်သို့ စကားပြောဖို့နှင့် ပြုမူဖို့တို့ကို သင်ကြားပေးဖို့ ဘုရားသခင်က ကျွန်မတို့အား လက်တွဲ ခေါ်ခဲ့သည်နှင့်တစ်ပြိုင်နက်၊ ကျွန်မတို့က လူသားပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်နိုင်ခဲ့သည်။ ဘုရားသခင်၏ စိတ်ထက်သန်သော ရည်ရွယ်ချက်များကို ကျွန်မနားလည်လာပြီး ကျွန်မ အမှန်တကယ်ကို စိတ်အားတက်လာခဲ့ကာ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းလည်း ကျွန်မရရှိခဲ့သည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများနှင့် အလုပ်လုပ်သည့်အခါ သို့မဟုတ် ကျွန်မ၏ တာဝန်၌ ကြီးကြပ်သူများနှင့် ဆွေးနွေးပြောဆိုသည့်အခါ၊ ကျွန်မသည် ရင်ဖွင့်ဖို့နှင့် သိုဝှက်မနေဖို့၊ ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ကာကွယ်ခြင်းမှရပ်ဖို့ စတင် ကြိုးစားခဲ့သည်။ ကျွန်မ အမှန်တကယ် တွေးသည့်အရာကို ဝေမျှဖို့၊ ညီအစ်ကိုမောင်နှမများနှင့် ရိုးရိုးသားသားနေဖို့ ကြိုးစားခဲ့သည်။ ကျွန်မ၏ စိတ်ကူးများသည် သေသေချာချာ စဉ်းစားထားခြင်း မရှိကြောင်း၊ ကျွန်မ၏ နားလည်မှုက ပေါ့တန်ကြောင်း သို့မဟုတ် ကျွန်မ၏ အတွေးအခေါ်များက လွယ်သယောင်ပြုထားကြောင်း၊ ပြီးလျှင် လိုအပ်နေသည့်အရာကို အမှားပြင်ပေးဖို့ ၎င်းတို့ကို ကြိုဆိုကြောင်း ညီအစ်ကိုမောင်နှမများကို ကျွန်မ ပွင့်လင်းစွာ ပြောနိုင်ခဲ့သည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ခြင်းက ကျွန်မအတွက် အမှန်တကယ် လွတ်မြောက်စေခဲ့သည်။ ထို့အပြင် အမှားတစ်ခုခုကို ပြောမိခြင်းက ရှက်စရာမဟုတ်ပေ။ အမှန်တွင် ယင်းမှာ သူတော်ကောင်း ယောင်ဆောင်ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းတို့ဖြစ်သည့် အခြားသူများအား ကျွန်မကို လေးစားအားကျစေဖို့ မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် အယောင်ဆောင်နေခြင်းနှင့် အပြင်ပန်း ဟန်ဆောင်နေခြင်းတို့ ဖြစ်သည်။ မကြာမီ၊ အဖွဲ့ထဲတွင် ကျွန်မနှင့် အကြာဆုံးရှိခဲ့သည့် အစ်မနှင့် အတူတကွ စတင်အလုပ်လုပ်ခဲ့သည်။ သူမက ကျွန်မတို့၏ အလုပ်နှင့် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းတို့တွင် အတော်အတန် တော်သောကြောင့်၊ ကျွန်မ၏ အားနည်းချက်များကို မပြမိဖို့နှင့်၊ ကျွန်မက ပို၍အသိတရားရှိပုံပေါက်စေဖို့အလို့ငှာ၊ ကျွန်မ၏ အလုပ်တွင် သူမနှင့် မိမိ၏အမြင်များကို ဖော်ပြဖို့ ဝန်လေးခဲ့သည်။ ထိုစိတ်ကူးက ခေါင်းပြန်ပြူလာသည့်အခါ၊ ကျွန်မသည် နောက်တစ်ကြိမ် မိမိကိုယ်ကိုယ် အယောင်ဆောင်လိုပြန်သည်ကို ချက်ချင်း သတိထားမိသောကြောင့်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုအစ်မနှင့် ကျွန်မ၏ အလုပ်ဆွေးနွေးမှုများတွင် ကျွန်မက မိမိကိုယ်ကိုယ် မချုပ်တည်းထားတော့ဘဲ၊ ကျွန်မ၏အမြင်ရှုထောင့်ကို ဝေမျှ အကြံပေးခဲ့သည်။ ဤအပြန်အလှန်ဆွေးနွေးခြင်းက ကျွန်မ၏ အမြင်ရှုထောင့်သည် အမှန်တကယ် ခိုင်လုံခြင်းရှိမရှိနှင့် မည်သည့်နေရာတွင် အားနည်းချက်ရှိသည်ကို ကျွန်မမြင်ဖို့ ကူညီပေးခဲ့သည်။ သူမက ကျွန်မ၏ အားနည်းချက်ကို မြင်နိုင်ပြီး၊ သင့်တော်သလို အကြံပြုချက်များ ပေးခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုက ကျွန်မ၏ အလုပ်နှင့် အခြေခံသဘောတရားများကို နားလည်ခြင်းနယ်ပယ်တို့တွင် တိုးတက်မှုများ ဖြစ်စေခဲ့သည်။ အခြားသူများနှင့် ဆန္ဒအလျောက် ဆွေးနွေးပြောဆိုခြင်းနှင့် အကျယ်တဝင့် ပြောခြင်းတို့အားဖြင့်၊ ရိုးသားသူတစ်ဦး ဖြစ်ခြင်းနှင့် ဘုရားသခင်ကို တိုက်ရိုက်ရင်ဆိုင်လျက် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်မ၏စိတ်နှလုံးထဲရှိ အမှောင်သည် အတော်အတန် မှေးမှိန်သွားကာ၊ ကျွန်မ များစွာစိတ်သက်သာရာရခဲ့သည်။ ကျွန်မ၏ တာဝန်၌လည်း များစွာ ပို၍ကောင်းကောင်း ကျွန်မ စတင်လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ကျိုးရွမ် တရုတ်နိုင်ငံ ၂၀၁၂ အကုန်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး အစေခံတယ်။ အသင်းတော်က ပရောဂျက်တွေအားလုံးက တိုးတက်တာ နှေးနေပြီး...
ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...
ဘားနဒ် ကင်မာရွန်းနိုင်ငံ အရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းတော်တဲ့ လူလို့ အမြဲတွေးခဲ့တယ်။ တခြားလူတွေရဲ့ အကူအညီမပါဘဲ ဘာမဆို အမြဲ လုပ်နိုင်တယ်လို့...
ကျွေးချို တရုတ်နိုင်ငံ တစ်ခါတုန်းက အစ်ကိုတစ်ယောက်က ကျွန်မကို ပြောပြတယ်။ သူ့ရဲ့ညီမ လီပင်က ငယ်ငယ်ကတည်းက ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တယ်၊...