တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

13.12.2022

မုရီ အမေရိကန်နိုင်ငံ

ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက တချို့က စုဝေးပွဲတွေမှာ သိပ်စကားမပြောကြဘဲ ပုံမှန်မလာကြတာကို ကျွန်မ တွေ့ရတယ်။ သူတို့လာချင်စိတ်ရှိမှပဲ လာကြတာ။ တစ်ဦးချင်း မိတ်သဟာယဖွဲ့ဖို့အတွက် ကျွန်မ ဆက်သွယ်တော့ သူတို့က ပိုက်ဆံဘယ်လိုရှာရမယ်၊ မိသားစုအတွက် ပိုက်ဆံတွေကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာတွေပြောရတာကြိုက်ကြတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းအကြောင်းရောက်လာတာနဲ့ သူတို့က စကားပြောတာ ချက်ချင်းရပ်ပြီး ဖုန်းချဖို့အတွက် ဆင်ခြေတွေရှာကြတယ်။ သူတို့က သမ္မာတရားကို စိတ်မဝင်စားဘူး၊ တကယ့်ယုံကြည်သူတွေဖြစ်ပုံမရဘူးလို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ သူတို့က ယုံကြည်ခြင်းမှာ လူသစ်တွေဖြစ်နေတော့ ကျွန်မက လုံးဝ သေချာမနေဘူး။ အဲဒါနဲ့ သူတို့ကို ဆက်ပြီး ပံ့ပိုးနေခဲ့တယ်။ အချိန်နည်းနည်းကြာသွားပြီးတော့ သူတို့က ဒီလိုဖြစ်နေတုန်းပဲ။ ပြီးတော့ စုဝေးပွဲတွေတက်တာ တဖြည်းဖြည်းချင်း ရပ်သွားတယ်။ အဲဒီအခါကျမှ ကျွန်မက ခေါင်းဆောင်ကို သူတို့အခြေအနေကို ပြောပြတယ်။ သူက ကျွန်မကို မေးတယ်။ “အစ်မက သူတို့ကို ဘယ်လိုရေလောင်းနေခဲ့တာလဲ။ အရင်က သူများတွေ ရေလောင်းနေတုန်းက သူတို့က စုဝေးပွဲတွေကို ပုံမှန်တက်တယ်။ အစ်မရဲ့လက်ထဲရောက်လာမှ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အစ်မတာဝန်တွေကို တကယ်ထမ်းဆောင်ပြီး ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ရဲ့လား။ ကျွန်မတို့က ကိုယ့်တာဝန်မှာ ပေါ့လျော့လာတာကြောင့် တာဝန်တွေကို မထမ်းဆောင်ဘဲ ဒါကြောင့်မို့ လူသစ်တွေက ကောင်းကောင်း မစုဝေးကြဘူးဆိုရင် ဒါက လုံးဝ ကျွန်မတို့တာဝန်ပဲ” တဲ့။ သူက အလုပ်အတွက် တာဝန်ခံဖို့ ပြောနေတာကို ကျွန်မသိပေမဲ့ ကျွန်မ ကိုယ့်ဘာသာစဉ်းစားနေမိတယ်။ လူတိုင်းက ပြောင်းလဲနိုင်တယ်။ အရင်က ကောင်းကောင်းစုဝေးတာနဲ့ သူတို့က ဒီလိုဆက်လုပ်နေမယ်လို့ အဓိပ္ပာယ်မရဘူး ပေါ့။ ပြီးတော့လည်း သူတို့ကို ကျွန်မ စတွေ့တော့ သူတို့က ပုံမှန်စုဝေးမနေဘူး။ ဒီတော့ ဒါက ရုတ်တရက်ပြောင်းလဲတာမဟုတ်ဘူး။ ကျွန်မက သူတို့ကို အချိန်နည်းနည်းလောက်ရေလောင်းပြီး ကြည့်ကြည့်ချင်တာပါပဲ။ ဒါကြောင့် ကျွန်မက သူ့ကို ချက်ချင်းပြောမပြတာပေါ့။ ဒီအတွက် သူက ကျွန်မကို တာဝန်ခံခိုင်းရင် ကျွန်မက အကျိုးဆက်တွေကို ခံရမယ်။ ကျွန်မက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရနိုင်တယ်။ အထုတ်တောင်ခံရနိုင်တယ်။ ဒါကိုသာ အရင်ကသိခဲ့ရင် ဒီအကြောင်းကို သူ့ကို စောစောပြောမိမှာပဲ။ ဒါဆို နောက်ဆုံးကျရင် ကျွန်မက အပြည့်အဝ တာဝန်ခံရမှာမဟုတ်ဘူး။ အဲဒီနောက်မှာ လူသစ်တွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးမှာ ကျွန်မက သတိမထားဘဲ မနေနိုင်ဘူး။ လူတစ်ယောက်က ပြဿနာတစ်ခုရှိတာ၊ စုဝေးပွဲတွေကို မလာတာကို မြင်ရင် ကျွန်မက ခေါင်းဆောင်ကို အမြန်သွားပြောတယ်။ တစ်ခါတလေမှာ ခေါင်းဆောင်က ကျွန်မ ဘာပြောချင်တာလဲဆိုတာ မေးတယ်။ သူတို့ကို ရေလောင်းတာ ရပ်ဖို့ ရည်ရွယ်သလားပေါ့။ ကျွန်မက ပြောတယ်။ “မဟုတ်ဘူး။ အစ်မက ခေါင်းဆောင်ဆိုတော့ သူတို့မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အစ်မကို သိစေချင်တာပါ” ပေါ့။ ကျွန်မ အဲဒီလိုပြောပြီးတော့ သူက ဘာမှဆက်မပြောတော့ဘူး။ တစ်ခါတလေမှာ ကျွန်မက သူ့ကို ပြောပြီးတဲ့နောက်မှာ သူတို့ကို နည်းနည်း ရေဆက်လောင်းနေဖို့ ကျွန်မကို ပြောတယ်။ ပြီးတော့ သူတို့က တကယ်မစုဝေးချင်ဘူးဆိုရင် သူတို့ကို အတင်းလုပ်ခိုင်းလို့မရဘူး၊ သူတို့ကို လက်လျှော့ရမယ်လို့ ပြောတယ်။ ကျွန်မက လုံးဝ သဘောတူပြီး စဉ်းစားမိတယ်။ ခေါင်းဆောင်က ယုံကြည်သူအသစ်တွေရဲ့ အခြေအနေကို သိတယ်။ ဒီတော့ ကျွန်မက ပံ့ပိုးပေးဖို့ပဲလိုတယ်။ သူတို့ကို ပံ့ပိုးပေးခြင်းကတစ်ဆင့် ပြန်ခေါ်တာ ပိုကောင်းတယ်။ ကျွန်မက ဒီလိုမလုပ်နိုင်ရင်၊ လူသစ်က မစုဝေးချင်တော့ရင် ခေါင်းဆောင်က ဒါက အရမ်းမြန်လွန်းတယ်လို့ထင်ပြီး ကျွန်မက ကိုယ့်တာဝန်ကို မသိတတ်ဘူးလို့ ပြောမှာမဟုတ်တော့ဘူး ပေါ့။ စိတ်ထဲမှာ အဲဒီလိုတွေးပြီး ကိုယ့်တာဝန်ကို ကျွန်မ အရမ်းအာရုံမစိုက်တော့ဘူး။ နေ့တိုင်း လူသစ်တွေကို လုပ်နေကျအတိုင်းပဲ ရေလောင်းခဲ့တယ်။ ကျွန်မ သူတို့ကို ခေါ်တဲ့အခါမှာ သူတို့က ပြန်ဖြေရင် ကျွန်မက နည်းနည်း မိတ်သဟာယဖွဲ့လိုက်တယ်။ ဒါပေမဲ့ မဖြေရင် လက်လျှော့လိုက်တယ်။ သူတို့က ပြန်မဖြေရင် ကျွန်မလုပ်နိုင်တာဘာမှမရှိဘူးလို့ ထင်မိတယ်။ ပြီးတော့ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို မစဉ်းစားဘူး။ နောက်ပိုင်းမှာ အလုပ်အစည်းအဝေးတစ်ခုမှာ ခေါင်းဆောင်ကပြောတယ်။ အခုကစပြီးတော့ ရေလောင်းအလုပ်အကြောင်းမေးတဲ့အခါမှာ လူသစ်တွေရဲ့ အခြေအနေတွေအကြောင်းကို ရေလောင်းသူတွေကပြောတာကိုပဲ သူနားမထောင်တော့ဘူး၊ ရေလောင်းသူတွေက သူတို့ကို ဘယ်သမ္မာတရားရှုထောင့်တွေကို မိတ်သဟာယဖွဲ့သလဲဆိုတာ၊ သူတို့ကို အသေးစိတ် ဘယ်လိုပံ့ပိုးသလဲဆိုတာ သိအောင်လုပ်မယ်၊ ပြီးတော့ ရေလောင်းသူက တကယ့်အလုပ်ကိုလုပ်နေသလားဆိုတာ စဉ်းစားဖို့ ဒါကို အသုံးပြုမယ်တဲ့။ သူတို့က ယုံကြည်သူအသစ်တွေနဲ့ မိတ်သဟာယဖွဲ့တာမှာ စိတ်နှစ်ပြီးမလုပ်ဘူးဆိုရင် ယုံကြည်သူအသစ်တွေက စုဝေးပွဲတွေကို ပုံမှန်မတက်တော့တာ၊ ထွက်သွားတာတွေဖြစ်စေရင် ဒါက ရေလောင်းသူရဲ့ တာဝန်ပဲ။ သူက ဒီလိုပြောတဲ့အခါမှာ ကျွန်မက လူသစ်တွေနဲ့ မိတ်သဟာယဖွဲ့တဲ့အခါ ဘယ်ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်တယ်၊ ဘယ်သမ္မာတရားကို ကျွန်မ မိတ်သဟာယဖွဲ့တယ်ဆိုတာကို မှတ်မထားဘူးဆိုတာ ကျွန်မ သတိထားမိတယ်။ ယုံကြည်သူအသစ်တစ်ယောက်က စုဝေးပွဲတွေ တက်တာရပ်သွားရင် ကျွန်မမှာ ဘာသက်သေမှမရှိဘူး။ ကျွန်မက လက်တွေ့အလုပ်မလုပ်ဘူး၊ ရေလောင်းတဲ့နေရာမှာ ကျွန်မက တာဝန်မသိတတ်ဘူးလို့ ခေါင်းဆောင်ကထင်ပြီး ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းမှာလား တွေးမိတယ်။ အဲဒါနဲ့ ယုံကြည်သူအသစ်တွေဆီကို ကျွန်မပို့တဲ့ စာတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို စပြီးတော့ အာရုံစိုက်ပြီး ကျွန်မတို့ မိတ်သဟာယက ဘာအကြောင်းလဲဆိုတာကို မှတ်သားထားတယ်။ တစ်ခါတလေမှာ သူတို့က မတုံ့ပြန်တဲ့စာတွေကို ကျွန်မ ပို့တယ်။ ဒါပေမဲ့ ဒါကို သိပ်မစဉ်းစားခဲ့ဘူး။ ကျွန်မက ကျွန်မပို့သင့်တဲ့ ဘုရားနှုတ်ကပတ်တော်တွေအားလုံးကို သူတို့ဆီကို ပို့ပြီးပြီ၊ ကျွန်မ ဖွဲ့ဖို့ လိုတဲ့ မိတ်သဟာယတွေဖွဲ့ပြီးပြီလို့ တွက်မိတယ်။ ယုံကြည်သူအသစ်တစ်ယောက်က စုဝေးပွဲတွေကို မလာတော့ရင် ခေါင်းဆောင်က ကျွန်မလုပ်ခဲ့တာတွေရဲ့ မှတ်စုတွေကို မြင်နိုင်တယ်၊ ကျွန်မကို တာဝန်မသိတတ်ဘူးလို့ မပြောလောက်ဘူး ပေါ့။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ ယုံကြည်သူအသစ်တချို့က မစုဝေးချင်သေးဘူးဆိုတာ ခေါင်းဆောင်က သတိထားမိပြီး သူတို့ကို ကျွန်မ ဘယ်လိုရေလောင်းခဲ့လဲဆိုတာ မေးတယ်။ ကျွန်မက သူ့ကိုပြဖို့အတွက် ကျွန်မမှတ်စုတွေအားလုံးကို အဆင်သင့်ထုတ်ပြလိုက်တယ်။ ကျွန်မက ကြိုတင်ပြင်ဆင်ပြီး ဒီမှတ်တမ်းတွေကို သိမ်းထားတာ ကံကောင်းတယ်လို့ စဉ်းစားပြီးတော့ပေါ့။ မဟုတ်ရင် ကျွန်မက ဘာမှ လက်ဆုပ်လက်ကိုင်ပြစရာရှိမှာမဟုတ်ဘူး။ သူက ကျွန်မကို ဘယ်လိုအပြစ်တင်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ ကျွန်မက တော်တော်ကျေနပ်နေတုန်းမှာပဲ ခေါင်းဆောင်ကပြောတယ်။ “ဒီမှတ်စုတွေကနေ ကျွန်မ ဘာပြဿနာမှ မမြင်နိုင်ဘူး။ ဒါပေမဲ့ လူတချို့က တစ်ခါတည်း လာမတက်ကြတော့ဘူး။ ဒါကြောင့် အစ်မအလုပ်မှာ ပြဿနာတစ်ခုရှိရမယ်။ အခုတော့ ဘာဖြစ်နိုင်သလဲဆိုတာ ကျွန်မ မသိနိုင်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကျွန်မတို့ တွေ့ကြတဲ့အခါမှာ အစ်မက ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို ဆက်တိုက်ပြောနေတယ်။ ဒါက တကယ်တမ်း သာမန်မဟုတ်ဘူး။ ပြဿနာက ဘယ်မှာရှိနေတယ်ဆိုတာကို အစ်မ နည်းနည်းသုံးသပ်ကြည့်ဖို့ လိုတယ်။ အစ်မက ပေါ့ဆပြီး သူတို့ကို ကောင်းကောင်းရေမလောင်းနေဘဲ ဒီယုံကြည်သူအသစ်တွေက ယုံကြည်ခြင်းကို စွန့်တာတွေဖြစ်နေရင် ဒါက တာဝန်မသိတတ်တာပဲ။ ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်တာပဲ” တဲ့။ သူပြောတာက ကျွန်မအတွက် တကယ့်ထိုးနှက်ချက်ပဲ။ ကျွန်မ ဆွံ့အသွားတယ်။ သူ ကျွန်မကို ဆူမှာမဟုတ်ဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ ကျွန်မအလုပ်မှာပြဿနာရှိတယ်လို့ ပြောပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ပြောတယ်။ ကျွန်မ အံ့အားသင့်သွားတယ်။ ဒါဟာ ဘုရားသခင်က ခေါင်းဆောင်ကတစ်ဆင့် ကျွန်မကို သတိပေးနေတာလား တွေးမိတယ်။ ဒါက ကျွန်မအတွက် စိတ်ညစ်စရာအတွေးပဲ။ ကျွန်မပြဿနာကြောင့် လူသစ်တွေက ထွက်ကြတာဆိုရင် ဒါက မကောင်းမှုလုပ်နေတာဖြစ်နေမှာကို ကျွန်မ ကြောက်မိတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ခေါင်းဆောင်က မျှော်လင့်မထားဘဲ သမီးကို ဒီနေ့ ဒီလိုပြောတာဟာ ကိုယ်တော့်ရဲ့ ခွင့်ပြုချက်ပါပါတယ်။ ဒါကြောင့် သမီးသင်ယူရမယ့် သင်ခန်းစာရှိမှာပဲ။ သမီးရဲ့ ပြဿနာကြောင့် ဒီယုံကြည်သူအသစ်တွေကို မနစ်နာစေချင်ဘူး။ ဒါပေမဲ့ သမီး အရမ်းနုံအနေသလို ခံစားရတယ်။ သမီးပြဿနာက ဘယ်မှာရှိတယ်ဆိုတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုယ်သိပြီး ပြောင်းလဲဖို့အတွက် လမ်းပြတော်မူပါ” ဆိုပြီးတော့။

နောက်သုံးလေးရက်မှာ ဒါနဲ့ပတ်သက်ပြီး ဘုရားကို တော်တော်လေးဆုတောင်းတယ်။ နောက်တော့ တစ်နေ့မှာ ကျွန်မကို လှုံ့ဆော်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပါတဲ့ သက်သေခံစာတစ်ပုဒ်ကို ဖတ်ရတယ်။ “သင်သည် မှန်ကန်သော လူ ဟုတ်သည် မဟုတ်သည်ကို သိရန် သင့်ကိုယ်သင် သေချာစွာ ဆန်းစစ်သင့်သည်။ သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် ဖောက်ပြန်မှုသည် ကိန်းဝပ်နေလေတကား။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) လူတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ကာကွယ်ပြီး မကောင်းမှုတွေကို ဖုံးကွယ်ဖို့အတွက် တာဝန်ကို သူများတွေအပေါ် ပြောင်းပေးဖို့ လိမ်ညာပြီး ဟန်လုပ်ပြတယ်၊ ဒါဟာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့အတွက်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ပြတယ်။ ဒါက ကောက်ကျစ်မှုကို ဖော်ပြချက်တစ်ခုပဲ။ ဒါက ကျွန်မအခြေအနေကို အတိအကျကို ဖော်ထုတ်ပြတယ်လို့ ခံစားမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်စပြီး သုံးသပ်ခဲ့တယ်။ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို ခေါင်းဆောင်ကို ကျွန်မ ဘာလို့အမြဲတမ်းပြောနေခဲ့တာလဲ။ တစ်ယောက်ယောက်က ပြဿနာတွေရှိတာ၊ စုဝေးပွဲတွေကို မလာတာကို မြင်တိုင်း ကျွန်မက ခေါင်းဆောင်ကို အမြန်သွားပြောတယ်။ ကျွန်မက အချက်အလက်တွေကိုပဲ မျှဝေနေတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ တကယ်တော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေရည်ရွယ်ချက်တွေရှိနေတာ။ တစ်ယောက်ယောက်က လာမတက်တော့ရင် ခေါင်းဆောင်က ကျွန်မကို တာဝန်ခံခိုင်းမှာ၊ ထုတ်တောင်ထုတ်ပစ်မှာကို ကျွန်မ ကြောက်နေတာ။ ဒါကြောင့် ကျွန်မက လက်ဦးမှုရယူဖို့ အမြန်ကြိုးစားနေတာ။ ယုံကြည်သူအသစ်က မကောင်းဘူး၊ ကျွန်မမှာ တာဝန်မရှိဘူးဆိုတဲ့ မှားနေတဲ့အမြင်ကို ခေါင်းဆောင်ကိုပေးဖို့အတွက် သူတို့ပြဿနာတွေကို အရင်မျှဝေဖို့ပေါ့။ ကျွန်မက သူတို့ကို လုံလုံလောက်လောက် မပံ့ပိုးနိုင်ဘဲ သူတို့က လာမတက်တော့ရင် ဒါ သူတို့ပြဿနာပဲ။ ဒါဆိုရင် ကျွန်မနဲ့ လုံးဝ လွတ်သွားပြီပေါ့။ နောက်ပိုင်းမှာ သူတို့က စုဝေးပွဲတွေကို ထပ်ပြီးသွားချင်ရင် ကျွန်မက နာမည်ရသင့်တယ်လို့ လူတွေက ထင်ကြမယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်းကတစ်ဆင့် ဒါကို မြင်ရတော့ ကျွန်မ အရမ်းအံ့သြသွားတယ်။ ကျွန်မစကားတွေရဲ့ နောက်ကွယ်မှာ ပုံးကွယ်နေတဲ့ ဒီလိုယုတ်မာပြီး စက်ဆုပ်စရာဖြစ်တဲ့ ရည်ရွယ်ချက်တွေရှိတယ်လို့ ကျွန်မ လုံးဝ မထင်ခဲ့ဘူး။ ကျွန်မက အရမ်းကောက်ကျစ်ခဲ့တာပဲ။

သတိတောင်မထားမိဘဲနဲ့ ဒီလောက်မရိုးသားပြီး လှည့်စားတဲ့အရာတစ်ခုကို ကျွန်မ ဘယ်လိုလုပ်နိုင်သလဲ တွေးမိတယ်။ ဒါကို ဆင်ခြင်သုံးသပ်ရင်းနဲ့ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားသခင်ဆီက နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် နည်းနည်း နားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်များ၏ဆိုးယုတ်မှုတွင် အဓိက ထူးခြားသော လက္ခဏာ တစ်ခုရှိသည်— ယင်းကို မည်သို့ပိုင်းခြားသိမြင်ပုံနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်ကို သင့်တို့အား ငါဝေမျှမည်။ လျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်— ပထမဦးစွာ ၎င်းတို့၏ အပြောအဆိုတွင်ဖြစ်စေ၊ ၎င်းတို့၏အပြုအမူတွင်ဖြစ်စေ ၎င်းတို့သည် သင့်အတွက် ဉာဏ်မမီနိုင်ပေ။ ၎င်းတို့ကို သင်အဓိပ္ပာယ်မကောက်နိုင်ပေ။ သင့်ကို ၎င်းတို့ စကားပြောနေသည့်အခါတွင် ၎င်းတို့၏မျက်လုံးများက အမြဲပင် ကစားနေပြီး ၎င်းတို့အနေဖြင့် မည်သည့်အကြံအစည်မျိုး လျှို့ဝှက်ကြံစည်နေသည်ကို သင်မသိနိုင်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့က ‘သစ္စာရှိသည်’၊ သို့မဟုတ် အထူးသဖြင့် ‘ရိုးသားသည်’ ဟု သင့်အား ခံစားစေသော်လည်း၊ ဤသည်မှာ အမှန်မဟုတ်ပေ၊ သင်သည် ၎င်းတို့အား မည်သည့်အခါမျှ ရိပ်စားမိနိုင်မည် မဟုတ်ချေ။ သင်၏စိတ်နှလုံးထဲ၌ အထူး ခံစားချက်တစ်ခု ရှိသည်၊ ၎င်းတို့၏ အတွေးများအတွင်း နက်ရှိုင်းသော သိမ်မွေ့နက်နဲမှု၊ ဉာဏ်မမီသော နက်ရှိုင်းမှု ရှိသည်ဆိုသည့် ခံစားမှုတစ်ခုဖြစ်သည်။ ၎င်းတို့က ဆန်းကြယ်ပြီး ပဟေဠိဆန်ပုံရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) “အန္တိခရစ်များသည် ၎င်းတို့၏ အပြုအမူတွင် မရိုးဖြောင့်ကြပေ။ မည်သို့ မရိုးဖြောင့်ကြသနည်း။ ၎င်းတို့သည် လှည့်စားမှုကို မှီခိုသော နည်းလမ်းတစ်ခုဖြင့် အစဉ် ပြုမူကြသည်။ ၎င်းတို့၏ စကားများသည် မည်သည့်အရာကိုမျှ မထုတ်ဖော်ပေ။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို နားလည်သဘောပေါက်ရန် လူတို့အတွက် ခက်ခဲသည်။ ဤသည်မှာ မရိုးဖြောင့်ခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သမျှတွင် အလွယ်တကူ ကောက်ချက်မချပေ။ ၎င်းတို့က ထိုသို့လုပ်ဆောင်သည်မှာ ၎င်းတို့၏ လက်အောင်ငယ်သားများနှင့် နားထောင်သူများက ၎င်းတို့၏ ရည်ရွယ်ချက်ကို သိရှိခံစားနိုင်ရန်ဖြစ်သည်။ ထိုသူများသည် အန္တိခရစ်ကို နားလည်ကြလျက် ၎င်းတို့၏ လုပ်ငန်းစဉ်နှင့် အရင်းခံအကြောင်းရင်းများအတိုင်း လုပ်ဆောင်ကြကာ ၎င်းတို့၏ အမိန့်များကို ဆောင်ရွက်ကြသည်။ လုပ်ငန်းတာဝန်တစ်ခု ပြီးစီးပါက၊ အန္တိခရစ်သည် ပျော်ရွှင်သည်။ မပြီးဆုံးလျှင် မည်သူကမျှ ၎င်းတို့ကို ဆန့်ကျင်လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ မတွေ့ရှိနိုင်ပေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာ၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် ပန်းတိုင်များကို နားလည်သဘောပေါက်ခြင်းမရှိနိုင်ကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာ၏ မရိုးဖြောင့်မှုသည် ကွယ်ဝှက်ထားသော လှည့်ကွက်များ၊ လျှို့ဝှက်ပန်းတိုင်များတွင် တည်ရှိသည်။ ထိုအရာအားလုံးက အခြားလူတိုင်းကို လှည့်စားရန်၊ ဆော့ကစားရန်၊ ထိန်းချုပ်ရန် ရည်ရွယ်သည်။ ဤသည်မှာ မရိုးဖြောင့်သော အပြုအမူ၏ အနှစ်သာရဖြစ်သည်။ မရိုးဖြောင့်ခြင်းသည် လိမ်ညာခြင်းသက်သက်မဟုတ်ပေ။ ထိုအစား ယင်းသည် သာမန်လူတို့အဖို့ ဉာဏ်မမီနိုင်သောအရာတစ်ခုဖြစ်သည်။ ယင်းသည် တွေ့ရလေ့ရှိသော လိမ်ညာမှု၊ သို့မဟုတ် ဆိုးယုတ်သော လုပ်ဆောင်ချက်တို့နှင့် အမျိုးအစားမတူညီပေ။ သင်သည် မည်သူကိုမျှမသိစေလိုသောအရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင်၊ သို့မဟုတ် လိမ်ညာမှုတစ်ခုကို ပြောလျှင် ယင်းမှာ မရိုးဖြောင့်ခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ယင်းမှာ လှည့်စားခြင်းသာဖြစ်ပြီး မရိုးဖြောင့်ခြင်းအဆင့်သို့ မရောက်ရှိပေ။ အဘယ်အရာက မရိုးဖြောင့်ခြင်းကို လှည့်စားခြင်းထက်ပို၍ နက်နဲစေသနည်း။ (လူတို့က ထိုအရာကို မရိပ်စားမိနိုင်ပါ။) ယင်းကို ရိပ်စားမိရန် ခက်ခဲသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အခြားမည်သည့်အရာရှိသနည်း။ (လူတို့က မရိုးဖြောင့်သောသူကို ဆန့်ကျင်ရန် မည်သည့်အရာမျှ မရှိပါ။) မှန်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို ဆန့်ကျင့်သည့်အရာတစ်ခုခုကို တွေ့ရှိရန် လူတို့အတွက် ခက်ခဲသည်။ ထိုသူသည် မကောင်းမှုကျူးလွန်ခဲ့သည်ဟု လူအချို့က သိလျှင်ပင် ထိုသူ လူကောင်းဖြစ်သလော၊ လူဆိုးဖြစ်သလော၊ သို့မဟုတ် အန္တိခရစ်ဖြစ်သလောဆိုသည်ကို မဆုံးဖြတ်နိုင်ကြပေ။ လူတို့သည် ထိုသူကို မရိပ်စားမိနိုင်ဘဲ ထိုသူသည် ကောင်းသည်ဟု ထင်မြင်ပြီး ထိုသူ၏ လှည့်စားခြင်းကို ခံရနိုင်သည်။ ဤသည်မှာ မရိုးဖြောင့်ခြင်းဖြစ်သည်။ လူတို့သည် ယေဘူယျအားဖြင့် လိမ်ညာတတ်ပြီး၊ လျှို့ဝှက်ကြံစည်တတ်ကြသည်။ ဤသည်မှာ လှည့်စားခြင်းသာဖြစ်သည်။ သို့သော် အန္တိခရစ်များသည် အတွေ့ရများသော လှည့်စားသူများထက်ပို၍ အန္တရာယ်ရှိသည်။ ၎င်းတို့သည် နတ်ဆိုးမင်းများကဲ့သို့ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာကို မည်သူကမျှ နားလည်သဘောမပေါက်နိုင်ပေ။ ၎င်းတို့သည် တရားမျှတမှုအမည်ခံပြီး မကောင်းမှုများစွာကို လုပ်ဆောင်နိုင်ကြကာ လူတို့က ၎င်းတို့ကို ချီးမွမ်းကြသည်။ အမှန်တွင်မူ ၎င်းတို့သည် လူတို့ကို ထောင်ချောက်ဆင်ပြီး ထိခိုက်နစ်နာစေကြသည်။ ဤသည်မှာ မရိုးဖြောင့်ခြင်းဟု ခေါ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆- သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏) အန္တိခရစ်တွေဟာ မကောင်းတဲ့ စိတ်သဘောထားတစ်ခုရှိပြီး ကိစ္စတွေကို မရိုးသားတဲ့နည်းတွေနဲ့လုပ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့တယ်။ ဒါက ကောက်ကျစ်မှုရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပြတာနဲ့ မတူဘူး။ ကောက်ကျစ်တာက မုသားတွေကို သေချာပြောတာ၊ လှည့်စားတာဖြစ်ပြီးတော့ တွေ့ဖို့ လွယ်တယ်။ ကိစ္စတွေကို မရိုးမသားလုပ်တာက လူတစ်ယောက်က သူပြောတာ၊ လုပ်တာတွေနဲ့ပတ်သက်ပြီး ဘာပြဿနာကိုမှ မမြင်နိုင်အောင် သူ့အကြောင်းပြချက်တွေ၊ ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေကို အရမ်းကို ဖုံးကွယ်ပြီး သူများတွေ အမြင်မှားအောင် လုပ်တာပဲ။ ပြဿနာရှိတယ်လို့ လူတွေက ခံစားမိရင်တောင် သူနဲ့ဆန့်ကျင်တာ တစ်ခုမှ ရှာမတွေ့နိုင်ဘူး။ အဖြေမရှာနိုင်ဘူး။ ဒါက သူများတွေကို လှည့်စားပြီး သူ့ရဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေကို ရအောင်လုပ်တဲ့နည်းပဲ။ ဘုရားနှုတ်ကပတ်တော်ကပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်လိုက်တယ်။ ကျွန်မက ယုံကြည်သူအသစ်တွေအကြောင်းကို ခေါင်းဆောင်နဲ့ အမြန်၊ တက်တက်ကြွကြွပြောတဲ့ပုံစံရှိပြီး ကျွန်မက တာဝန်ခံယူမှရှိတယ်ဆိုတဲ့ အမြင်မှားကို သူ့ကိုပေးပြီး သူကြီးကြပ်တာကို လက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ခေါင်းဆောင်ကို ကြိုတင်ကာကွယ်တဲ့ စီမံချက်အနေနဲ့ ဒါကို အသုံးပြုနေတာပါ။ ဒီလိုနဲ့ ပုံမှန်မတက်တဲ့ ယုံကြည်သူအသစ်တွေအပေါ် သူက မကောင်းမြင်အောင်ပေါ့။ ဒီလိုဆိုရင် တစ်နေ့နေ့မှာ သူတို့က မလာတော့ရင် ကျွန်မကို တာဝန်ခံခိုင်းမှာမဟုတ်ဘူး။ ပြီးတော့လည်း ကျွန်မအလုပ်ရဲ့ အသေးစိတ်အချက်တွေကို ခေါင်းဆောင်က မေးတော့ အပေါ်ယံမှာ ကျွန်မ သူတို့ကိုပေးတဲ့ မိတ်သဟာယက ပြဿနာမရှိတဲ့ပုံစံရှိတယ်။ ကျွန်မက မိတ်သဟာယအတွက် အချိန်ကို တက်တက်ကြွကြွပြင်ဆင်ပြီး သူတို့ကို ဘုရားနှုတ်ကပတ်တော်တွေပို့နေတဲ့ပုံစံရှိတယ်။ ဒီတော့ ကျွန်မက ဝီရိယရှိပြီး သူတို့အပေါ် ချစ်ခင်တယ်လို့ ခေါင်းဆောင်ကထင်မယ်။ တကယ်တမ်းတော့ ကျွန်မက ယုံကြည်သူအသစ်တွေရဲ့ ကျွန်မရဲ့ မိတ်သဟာယမှာ လုံးဝ မရိုးသားပါဘူး။ ခေါင်းဆောင်က အလုပ်မှတ်တမ်းတွေကို စစ်ဆေးပြီး သူတို့ကို ကျွန်မ ဘယ်လိုပံ့ပိုးခဲ့တယ်ဆိုတာကို သူကမေးရင် ကျွန်မက အသေးစိတ်ရှင်းမပြနိုင်မှာကိုကြောက်တာကြောင့် ကျွန်မ သူ့ကို အစီရင်ခံနိုင်ဖို့အတွက် ဝတ်ကျေတန်းကျေလုပ်ဖို့ကလွဲပြီး ရွေးစရာမရှိခဲ့ဘူး။ ဒါတွေအားလုံးကို ပြန်စဉ်းစားကြည့်တော့ ကျွန်မအပေါ် ခေါင်းဆောင်ရဲ့အမြင်ကို ကာကွယ်ဖို့ တာဝန်မခံရဖို့၊ ကျွန်မရဲ့ အဆင့်အတန်းနဲ့ အနာဂတ်ကို ထိန်းသိမ်းဖို့ လှည့်ကွက်မျိုးစုံကို ကျွန်မ တကယ်ကစားခဲ့တာပဲ။ ကျွန်မ စကားပြောတဲ့အခါ ကိုယ့်ရည်ရွယ်ချက်တွေကို ဖုံးကွယ်ပြီး ဂရုစိုက်ပြီး နည်းလမ်းတစ်ခုနဲ့လုပ်ခဲ့တယ်။ ကျွန်မစိတ်နှလုံးက ကျွန်မတာဝန်အပေါ်မှာ ရှိမနေတာကြောင့် လူသစ်တချို့က စုဝေးပွဲကို ပုံမှန်မလာတာတွေဖြစ်သွားတာ ရှင်းပါတယ်။ ကျွန်မတာဝန်မှာ ပြဿနာတွေရှိတယ်လို့ ခေါင်းဆောင်ကလည်း ခံစားရတယ်။ ဒါပေမဲ့ ဘာတွေမှန်းမသိဘူး။ ပြီးတော့ ကျွန်မကို တာဝန်ခံခိုင်းဖို့အတွက် ဘာသက်သေမှ မရှာနိုင်ဘူး။ ကျွန်မက အရမ်းကို လှည့်စားခဲ့တာပါ။ ကျွန်မ ဒီဟာမတိုင်ခင်က ကျွန်မအပြုအမူနဲ့ ကိစ္စတွေကို မရိုးသားတဲ့နည်းနဲ့လုပ်ခြင်းကို လုံးဝ ဆက်စပ်မကြည့်ခဲ့ဘူး။ လိမ္မာပါးနပ်တဲ့၊ တွက်ချက်ပြီး မရိုးသားတဲ့လူတွေက အများအားဖြင့် အတွေ့အကြုံတွေအများကြီးရှိတဲ့ အသက်ကြီးသူတွေလို့ ကျွန်မ အမြဲတမ်း ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက အတွေ့အကြုံတွေ၊ ရှုပ်ထွေးတဲ့ စဉ်းစားပုံတွေအများကြီးမရှိဘဲ ငယ်သေးတယ်။ ကျွန်မအပြုအမူကို မရိုးသားဘူးလို့ပြောတာက မမှန်တဲ့ပုံစံရှိတယ်။ ဒါပေမဲ့ ကျွန်မက မကောင်းတဲ့ အန္တိခရစ်စိတ်သဘောထားရှိတယ်၊ မရိုးသားတာက အသက်နဲ့ဘာမှမဆိုင်ဘူးဆိုတာ အချက်အလက်တွေက ကျွန်မကို ဖွင့်ပြခဲ့တယ်။ ဒါက လုံးဝ ဆိုးယုတ်တဲ့ သဘာဝကနေ လာတာပါ။ နောက်တော့ ကျွန်မစိတ်ထဲမှာ ရုတ်တရက် တစ်ခုပေါ်လာတယ်။ မေးခွန်းတွေအများကြီးမေးပြီး အရမ်းပွင့်ပွင့်လင်းလင်းပြောတဲ့ ယုံကြည်သူအသစ်တစ်ယောက်ရှိတယ်။ ကျွန်မမိတ်သဟာယကို သူနားမလည်ရင် သူက ကျွန်မကို စုဝေးပွဲတွေမှာ တိုက်ရိုက် ပြန်ပြောတယ်။ ဒါက ကျွန်မအတွက် အနေရခက်စေတယ်။ ကျွန်မရဲ့ ဂုဏ်သတင်းကို ကာကွယ်နိုင်ဖို့အတွက် သူနဲ့ စုဝေးပွဲတွေမလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ဒီလို တဲ့တိုးမပြောရဲဘူး။ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းမှာ ကြောက်တယ်လေ။ သူ့ကိုတခြားရေလောင်းသူတစ်ယောက်ဆီ လွဲပေးဖို့ နည်းလမ်းရှာတယ်။ တစ်ခါတော့ အဲဒီယုံကြည်သူအသစ်က သူ့ရဲ့ လက်ရှိအဖွဲ့က အရင်အဖွဲ့ထက်တော်တော်ပိုပြီး သေးတယ်လို့ သာမန်ကာလျှံကာပြောတယ်။ ကျွန်မက ခေါင်းဆောင်ကိုပြောဖို့ ဆင်ခြေတစ်ခုအနေနဲ့ ဒါကို အသုံးပြုလိုက်တယ်။ သူက ကျွန်မတို့စုဝေးပွဲက သေးတာကို မကြိုက်ဘူး၊ ပိုကြီးတဲ့ အဖွဲ့တွေကို ကြိုက်တယ်ပေါ့။ ပြီးတော့ သူ့ကို တခြားအဖွဲ့မှာထားဖို့ ခေါင်းဆောင်ကို ပြောလိုက်တယ်။ ခေါင်းဆောင်က သူ့ကို တခြားအဖွဲ့တစ်ခုကို တက်ဖို့ ချက်ချင်းစီစဉ်လိုက်တယ်။ ဒါက ကျွန်မရဲ့ ရှက်စရာ၊ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို အောင်မြင်စွာဖုံးကွယ်ပြီး ဒီယုံကြည်သူအသစ်ကို ကျွန်မအဖွဲ့ထဲကနေ တွန်းထုတ်လိုက်တဲ့နည်းပဲ။ ကျွန်မက ကိုယ့်တာဝန်ကို ခံယူပြီး လူသစ်အတွက် စဉ်းစားပေးတယ်လို့တောင် ခေါင်းဆောင်က မှားပြီး ထင်ခဲ့တယ်။ ကျွန်မက တော်တော်ဆိုးယုတ်ပြီး လှည့်စားတတ်ခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်မအခြေအနေနဲ့ပတ်သက်တဲ့ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။ “ငါသင်တို့ကို ပြောသည်။ ဘုရားသခင်က စက်ဆုပ်ရွံရှာမှုအရှိဆုံးဖြစ်ပြီး စွန့်ပစ်ချင်သည့်အရာမှာ မိမိ၏အမှားများကို ကောင်းစွာသိသော်လည်း နောင်တမရသည့် ဤခေါင်းမာသောလူစားမျိုးဖြစ်သည်။ ၎င်းတို့သည် မိမိ၏ အမှားများကို မည်သည့်အခါမျှ ဝန်မခံသကဲ့သို့ မိမိကိုယ်ကိုယ် အပြစ်ဖြေပြီး ခုခံကာကွယ်ရန်အတွက် ဆင်ခြေများ၊ ကျိုးကြောင်းပြချက်များကို အစဉ်သဖြင့် ရှာဖွေကြသည်။ သာ၍ ကွေ့လည်ကြောင်ပတ်လုပ်ပြီး လှည့်စားသောလူများ ဖြစ်လာဖို့ရန် အခြားနည်းလမ်းများကို အသုံးပြုချင်သည်။ ထိုသူသည် အမှားတစ်ခုပြီးတစ်ခု လုပ်ဆောင်ချင်ပြီး၊ နောင်တရရန်၊ သို့မဟုတ် မိမိအမှားများကို ဝန်ခံရန် မစဉ်းစားပေ။ ဤသို့သောသူမျိုးသည် အလွန်ပင် ဒုက္ခပေးတတ်ပြီး၊ ထိုသူအတွက် ကယ်တင်ခြင်းခံရရန် ခက်ခဲသည်။ ဘုရားသခင် စွန့်ပစ်လိုသည့်အရာပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဒါကို သေချာစဉ်းစားရင်းနဲ့ ဘာပဲဖြစ်ပါစေ အဓိကက သမ္မာတရားကို လက်ခံဖို့ပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ တစ်ယောက်ယောက်က သူ့တာဝန်မှာ သူဝန်ခံတဲ့ အမှားတစ်ခုကိုလုပ်ခဲ့ပြီး ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို လက်မခံဘဲ သူ့အမှုကို ငြင်းခုံဖို့အတွက် ဆင်ခြေတွေပေးပြီး အကြောင်းပြချက်တွေရှာရင် သူ့အမှားတွေကို ဖုံးကွယ်ဖို့ လှည့်ကွက်တွေတောင်လုပ်ရင် ဒါက သမ္မာတရားကို သူလက်မခံဘူးဆိုတဲ့သဘောပဲ။ သူက ဘုရားအတွက် ရွံရှာဖွယ်ဖြစ်ပြီး ဘုရားက သူ့ကို စွန့်ပစ်ပြီး ဖယ်ရှားလိမ့်မယ်။ ယုံကြည်သူအသစ်တွေကို ကျွန်မက ချစ်ခင်၊ စိတ်ရှည်ခြင်းနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ဘုရားက မျှော်လင့်တာကြောင့် ကျွန်မက သူတို့ကို ရေလောင်းရတာမျိုး အရေးကြီးတဲ့အလုပ်ကို လုပ်နိုင်တာပါ။ ဘုရားက ကျွန်မကို အမျှော်အမြင်သမ္မာတရားတွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့စေချင်ပြီး သူတို့ကို စစ်မှန်တဲ့လမ်းပေါ်မှာ အခြေခံအုတ်မြစ်ကို အမြန်တည်ဆောက်အောင် ကူညီပေးစေချင်တာပါ။ တချို့ ယုံကြည်သူအသစ်တွေက စုဝေးပွဲတွေကို ပုံမှန်မတက်ကြဘဲ ကျွန်မမှာ ကျွန်မ မငြင်းဆန်နိုင်တဲ့တာဝန်ရှိတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မကို မေးခွန်းတွေမေးပြီး ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန်မက ယုံကြည်သူအသစ်တွေကို ချက်ချင်းပံ့ပိုးဖို့ နည်းလမ်းတစ်ခုစဉ်းစားပြီး ဘုရားသခင်ဆီက ဒီအရာကို နားမလည်ဘဲ၊ ခေါင်းဆောင်ရဲ့ ဝေဖန်မှုကိုလက်မခံရုံတင်မကဘဲ လှည့်ကွက်တွေလုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်တဲ့အချက်ကို ဖုံးကွယ်ဖို့အတွက် နောက်ထပ် မယုံကြည်ရတဲ့၊ မရိုးသားတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ဆန့်ကျင်တဲ့ ဘယ်အရာကိုမှ ရှာမတွေ့ဖို့အတွက် သူ့ကို ကျွန်မ အမှောင်ထဲမှာထားခဲ့တယ်။ ကျွန်မက လှည့်ကွက်တွေသုံးပြီး လွတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ကိုယ့်ရဲ့ပါးနပ်မှုမှာ တိတ်တဆိတ်ပျော်မွေ့နေခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ ယုတ်ညံ့တဲ့နည်းလမ်းတွေနဲ့ သေးနုပ်တဲ့လှည့်ကွက်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်ဆိုတာ ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ဒါတွေကို ကျွန်မ မဖုံးကွယ်နိုင်ပါဘူး။ ကျွန်မတာဝန်က ပြဿနာတွေက သေချာပေါက် မြင်သာလာမှာပဲ။ ခေါင်းဆောင်က ကျွန်မကို သတိမပေးခဲ့ရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ သိမှာမဟုတ်ဘူး။ နောင်တရဖို့ ဆန္ဒရှိဖို့ဆိုတာ ပိုမဖြစ်နိုင်ဘူး။ ကျွန်မက တော်တော်ကို ထုံထိုင်းခဲ့တာပါ။ သမ္မာတရားကို လက်မခံဘူး။ ကိုယ့်အလုပ်ကို အနှစ်ချုပ်ကြည့်ပြီး အမှားတွေကို မပြောင်းလဲခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ သိက္ခာ၊ အဆင့်အတန်းနဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် ခေါင်းဆောင်ကို ဘယ်လိုလှည့်စားရမယ်ဆိုတာပဲ တွေးခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ဘူးဆိုတဲ့ အရှိတရားကို ဖုံးကွယ်ဖို့ မယုံရဖြစ်ပြီး မရိုးမသားဖြစ်ခဲ့တယ်။ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့၊ သူတို့အခက်အခဲတွေကို ကူညီပေးဖို့ စိတ်မနှစ်ခဲ့ဘူး။ ဒါကြောင့် လူသစ်တချို့ရဲ့ ပြဿနာတွေက တော်တော်ကြာတဲ့အထိ မပြေလည်ဘူး။ အခုထိတောင် တချို့က စုဝေးပွဲတွေကို ပုံမှန်မတက်ဘူး။ ကျွန်မကို တကယ်ကြောက်သွားစေတာက တခြားအဖွဲ့ထဲကို ကျွန်မတွန်းပို့လိုက်တဲ့ လူသစ်က သူ့ကိုရေလောင်းပေးတဲ့သူက ရုတ်တရက်ပြောင်းသွားတာကြောင့် မစုဝေးချင်တော့ဘူးဆိုတာပဲ။ စုဝေးပွဲတွေကို ပြန်လာဖို့ သူသဘောမတူခင်မှာ သူများတွေက သူနဲ့ အကြာကြီး စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ကျွန်မလုပ်ခဲ့တာကို စဉ်းစားကြည့်တော့ အရမ်းစိတ်ညစ်ဖို့ကောင်းပါတယ်။ သူများတွေက လူတွေကိုပြောင်းလဲဖို့ အစွမ်းကုန်လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်မက ချဉ်းကပ်တဲ့နေရာမှာ လျော့ရဲနေခဲ့တယ်။ ကျွန်မက မကောင်းမှုလုပ်နေခဲ့တာပါ။ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ဖို့၊ ကျွန်မရဲ့ ထုံထိုင်းတဲ့နှလုံးသားကို နိုးထစေဖို့ ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်မပေးခဲ့ရင် ကျွန်မက အန္တရာယ်ကျရောက်လုနီးနီးဖြစ်နေတာကို သဘောပေါက်မှာမဟုတ်ဘူး။ ကျွန်မရဲ့ မကောင်းတဲ့ အန္တိခရစ်စိတ်သဘောထားအတိုင်း ဆက်ပြီး အသက်မရှင်ချင်တော့ဘဲ မကောင်းတဲ့လမ်းကြောင်းကနေ ဆင်းပြီး ဘုရားဆီမှာ နောင်တရချင်ခဲ့တယ်။

ကျွန်မ နည်းနည်း သတိထားမိလာတဲ့အချိန်မှာပဲ ခေါင်းဆောင်က ကျွန်မ အခုရက်ပိုင်းမှာ ဘယ်လိုအခြေအနေရှိလဲ မေးတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာ၊ သဘောပေါက်တာတွေကို သူ့ကို ပြောပြလိုက်တယ်။ သူက ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဆီ ပို့လိုက်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းက ရှုထောင့်များစွာ ခြုံငုံသည်။ တစ်နည်းအားဖြင့် ရိုးသားခြင်းအတွက် စံနှုန်းသည် အကြောင်းအရာတစ်ခုတည်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပေ။ သင်သည် မရိုးသားနိုင်ခင်တွင် အကြောင်းအရာများစွာ၌ စံနှုန်းဖြင့် ကိုက်ညီရမည်။ လူအချို့က ရိုးသားဖို့ရန်အတွက် မလိမ်ညာမိဖို့သာလိုသည်ဟု အစဉ် ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ရိုးသားခြင်းသည် မလိမ်ညာခြင်းသာ ပါဝင်သလော။ မဟုတ်ပေ။ အခြားရှုထောင့်အချို့နှင့်လည်း ဆက်နွှယ်နေသည်။ ရှေးဉီးစွာ သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ မျက်စိဖြင့် မြင်ပြီးသောအရာ၊ သို့မဟုတ် တခြားတစ်ယောက်ယောက်က သင့်အား ပြောပြသည့်အရာတစ်ခုဖြစ်စေ၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာဖြစ်စေ သင်သည် ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အစဉ် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အမှုအရာများကို ချဉ်းကပ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိထင်သည့်အရာကို ပြောပြီး ရိုးသားစွာ စကားပြောလော့။ အနှစ်မရှိသောစကားများ၊ တရားဝင် ဗန်းစကားများ၊ သို့မဟုတ် ကြားကောင်းသောစကားများကို မပြောနှင့်။ မြှောက်ပင့်သော၊ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သော မှားယွင်းသည့်အရာများကို မပြောဘဲ၊ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုလော့။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော မှန်ကန်သော အတွေးအမြင်များကို ဖော်ပြခြင်း- ဤသည်မှာ ရိုးသားသောသူများ လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သင်ထင်သည့်အရာနှင့် သင့်စိတ်နှလုံးထဲတွင် မျိုးသိပ်ထားသည့် စကားများကို မည်သည့်အခါမျှ မပြောသကဲ့သို့၊ သင်ပြောဆိုသည့်အရာသည် သင်ထင်သည့်အရာနှင့် အစဉ် ကွဲလွဲနေလျှင်၊ ဤသည်မှာ ရိုးသားသူတစ်ယောက် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။ ဉပမာ သင်သည် သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်သကဲ့သို့၊ လူတို့က မည်သို့ဖြစ်သည်ကို မေးကြပြီး၊ သင်က ‘ငါ့တာဝန်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ရသေးဘူး’ ဟု ပြောသည့်အခါ၊ အမှန်တကယ်တွင် သင်က လုံ့လမရှိသည်ကို သင်၏ စိတ်နှလုံးထဲတွင် သိပေသည်။ သို့တိုင်အောင် သင်က အမှန်အတိုင်း မပြောခဲ့ပေ။ သင်သည် အမှန်တရားများကို ဖုံးဖိပြီး တာဝန်ကို ရှောင်ရှားရန်အတွက် အကြောင်းပြချက်များ၊ မှန်ကန်ကြောင်းပြဆိုချက်များ၊ ဆင်ခြေများမျိုးစုံ ရှာဖွေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်က လုပ်ဆောင်သောအရာ ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဤအရာများကိုပြောပြီး လူတို့ကို အရူးလုပ်ကာ ဖြစ်သလိုလုပ်ဆောင်သည်။ သို့သော် သင့်အတွင်းတွင်ရှိသည့်အရာ၊ သင့်အတွင်းရှိ ရည်ရွယ်ချက်၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ သင်သည် ယင်းအား ဖွင့်ပြပြီး စိတ်ဖြာလေ့လာခြင်းမပြုနိုင်လျှင်၊ ယင်းကို သန့်စင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်ပေ။ သင်သည် မှန်ကန်စွာ ပြောဆိုရမည်။ ‘ငါ့တာဝန်ကို လုပ်တဲ့နေရာမှာ ငါ နည်းနည်းအချိန်ဆွဲနေတယ်။ ဂရုမစိုက်ဘဲ ဝတ်ကျေတန်းကျေလုပ်ပြီး အာရုံမစိုက်ဘူး။ စိတ်ရွှင်နေတဲ့အခါမှာ နည်းနည်းအားစိုက်နိုင်တယ်။ စိတ်မကြည်တဲ့အခါမှာ အားလျော့ပြီး အားမစိုက်ချင်သလို၊ အသွေးအသား သက်သာမှုကို တပ်မက်တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ ငါ ကြိုးစားတာတွေက မထိရောက်ဘူး။ ပြီးခဲ့တဲ့သုံးလေးရက်မှာ အခြေအနေက ပြောင်းလဲနေတယ်။ ငါ အစွမ်းကုန်လုပ်ဖို့၊ ထိရောက်မှု တိုးတက်စေဖို့၊ ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ငါ ကြိုးစားနေပါတယ်။’ ဤသည်မှာ စိတ်နှလုံးအတွင်းမှ ပြောဆိုခြင်းဖြစ်သည်။ အခြားသော စကားပြောဆိုသည့်နည်းလမ်းမှာ စိတ်နှလုံးအတွင်းမှ မဟုတ်ပေ။ ကိုင်တွယ်ဖြေရှင်းခံရမည်ကိုလည်းကောင်း၊ သင်၏ပြဿနာများကို လူများ ရှာဖွေတွေ့ရှိမည်ကိုလည်းကောင်း၊ လူများက သင့်ကို တာဝန်ခံခိုင်းမည်ကိုလည်းကောင်း သင်ကြောက်ရွံ့သောကြောင့် သင်သည် အမှန်တရားများကို ဖုံးဖိရန် အကြောင်းပြချက်၊ မှန်ကန်ကြောင်းပြဆိုချက်နှင့် ဆင်ခြေမျိုးစုံကို ရှာဖွေသည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ ရှေးဉီးစွာ အခြားလူများကို အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုခြင်းအား ရပ်တန့်စေပြီးနောက်တွင်၊ တာဝန်ကို သင် လွှဲပြောင်းပေးသည်။ ဤသည်မှာ သင့် အလိမ်အညာများ၏ အရင်းအမြစ်ဖြစ်သည်။ လိမ်ညာသူများက မည်မျှစကားပြောဆိုသည်ဖြစ်စေ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများက မှန်ကန်ပြီး အဖြစ်မှန်ဖြစ်ဖို့ သေချာသည်။ သို့သော် ၎င်းတို့ပြောဆိုသည့် အဓိကကျသောအရာအချို့က မမှန်ကန်မှုအနည်းငယ်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်အနည်းငယ် ပါဝင်လိမ့်မည်။ ထို့ကြောင့် မည်သည်က မှန်ကန်ပြီး မည်သည်က မှားယွင်းသည်ကို ပိုင်းခြားသိမြင်ပြီး ခွဲခြားရန် အလွန်အရေးကြီးသည်။ သို့ရာတွင် ဤသည်မှာ လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများသည် အစွန်းအထင်းရှိပြီး တန်ဆာဆင်ထားခြင်းရှိလိမ့်မည်။ ၎င်းတို့ပြောဆိုသည့် အချို့အရာများသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး၊ အချို့အရာများသည် အမှန်တရားများနှင့် ဆန့်ကျင်လိမ့်မည်။ ထိုသို့ဖြင့် အမှန်တရားများ၊ လုပ်ကြံထားသောအရာများက ရောထွေးလျက်၊ အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရန် ခက်ခဲသည်။ ဤသည်မှာ အလှည့်စားဆုံးသောသူဖြစ်ပြီး၊ ခွဲခြားဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင်၊ သို့မဟုတ် ရိုးသားမှုကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သေချာပေါက် ထုတ်ပယ်ခြင်းခံရမည်။ ဤသို့ဆိုလျှင် လူတို့ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ မည်သည့်လမ်းကြောင်းဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို ပြောဆိုပြီး သင်တို့၏ တကယ့်အခြေအနေနှင့် ပြဿနာများကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ ရိုးသားသောသူများ လက်တွေ့လုပ်ဆောင်ပုံဖြစ်ပြီး၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုက မှန်ကန်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဒီအပိုဒ်ကို ဖတ်ရတာ ကျွန်မအတွက် အရမ်းတို့ထိစရာဖြစ်တယ်။ ဘုရားက ကျွန်မတို့ကို ကောင်းကောင်းသိတယ်။ ကျွန်မတို့အားလုံးက ပြဿနာတွေရှိမယ်၊ တာဝန်တွေမှာ အမှားလုပ်မယ်ဆိုတာ သူသိတယ်။ ဒါ မလွှဲမရှောင်နိုင်ဘူးလေ။ ဒါပေမဲ့ အဓိကက ပြဿနာတွေဖြစ်လာတဲ့အခါမှာ လူတစ်ယောက်က ဘယ်လိုသဘောထားမျိုးရှိတယ်၊ သူက လက်တွေ့ဆန်ပြီး သူ့အမှားတွေကို ရိုးရိုးသားသား ဝန်ခံပြီး ပြုပြင်သလား သူ့အမှုကို ငြင်းခုံမလား၊ ပြဿနာကို ဖုံးကွယ်ပြီး လှည့်စားတတ်သလားဆိုတာပဲ။ အရင်က ကျွန်မက ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်တယ်။ ကောက်ကျစ်ပြီး လှည့်စားတယ်။ လမ်းမှားပေါ်ရောက်နေတာပါ။ ကျွန်မ ဒီလိုဆက်သွားလို့မဖြစ်ဘူး။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး ဘုရားရဲ့ စိစစ်မှုကို ကျွန်မ လက်ခံချင်ခဲ့တယ်။ ကျွန်မတာဝန်မှာ ဘာအမှားတွေ၊ ပြဿနာတွေ ပေါ်လာပါစေ ခေါင်းဆောင်က ကျွန်မအလုပ်ကို လာစစ်ဆေးပါစေ ကျွန်မက တည်တည်ကြည်ကြည်နဲ့၊ ရိုးသားတဲ့ နှလုံးသားနဲ့ ချဉ်းကပ်ရမယ်။ အချက်အလက်တွေကနေ သမ္မာတရားကိုရှာပြီး ကျွန်မစိတ်နှလုံးထဲမှာရှိသမျှကို ပြောရမယ်။ အရှိကို အရှိအတိုင်းပြောသင့်တယ်။ တစ်ခုခုလုပ်မထားဘူးဆိုရင် ဝန်ခံသင့်တယ်။ မဟုတ်တဲ့ဟာ တစ်ခုခုကိုမပြောသင့်ဘူး။ ကိုယ့်ကိုယ်ကိုယ် မခုခံသင့်ဘူး။ ပြီးတော့လည်း ရိုးရိုးသားသားပြောတာအပြင် ကျွန်မစကားတွေ၊ လုပ်ရပ်တွေနောက်ကွယ်က ရည်ရွယ်ချက်တွေအပေါ် သုံးသပ်တာကို လက်တွေ့လုပ်ချင်ပြီး အဲဒါတွေက မမှန်ရင် ချက်ချင်းပြောင်းလဲချင်တယ်။ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ပြီး လူတွေကို လှည့်စားဖို့ လှည့်ကွက်တွေ မကစားချင်ဘူး။ အဲဒီအချိန်ကစပြီး ဒီလမ်းကိုလျှောက်မယ်လို့ ကျွန်မ တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်တယ်။

တစ်နေ့မှာ ယုံကြည်သူအသစ်တစ်ယောက်က စုဝေးပွဲတချို့ကို ဆက်တိုက်ပျက်နေတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မ သူ့ကို သုံးလေးခါလောက်ဖုန်းခေါ်တယ်။ သူက မကိုင်ဘူး။ စာတွေလည်း မပြန်ဘူး။ ဘာဖြစ်နေတာလဲဆိုတာ ကျွန်မ မသိဘူး။ စုဝေးပွဲတွေကို သူမလာတော့မှာကို ကျွန်မ စိတ်မပူဘဲ မနေနိုင်ဖြစ်ပြီး ဒါကို ခေါင်းဆောင်ကို ပြောပြသင့်လား တွေးမိတယ်။ တစ်နေ့နေ့မှာ သူ လာမတက်တော့ရင် ခေါင်းဆောင်က ကျွန်မကို တာဝန်မခံခိုင်းအောင်ပေါ့။ ကျွန်မ ဒီလိုစဉ်းစားမိတော့ ကျွန်မရဲ့ အရင်က လှည့်ကွက်တွေ ကစားတဲ့ပြဿနာက ပြန်ပေါ်လာတာဆိုတာကို သဘောပေါက်လိုက်တယ်။ အဲဒီမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ သတိရတယ်။ “သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာဖြစ်လိမ့်မည်။ သင်သည် ချည်နှောင်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) မှန်တယ်။ ဘုရားက ကျွန်မစိတ်နှလုံးထဲကို မြင်တယ်။ ကျွန်မရဲ့ မရိုးသားတဲ့ နည်းလမ်းတွေနဲ့ လူတွေကို အရူးလုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဘုရားသခင်က အရာရာကို ရှင်းရှင်းလင်းလင်းမြင်တယ်။ နောက်ဆုံးမှာ အရာရာတိုင်းကို ဖော်ထုတ်တယ်။ ကျွန်မက ဘုရားရှေ့မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာပါ။ ဘယ်တစ်ဦးတစ်ယောက်အတွက်မှ လုပ်နေတာမဟုတ်ဘူး။ လှည့်ကွက်တွေ ကစားပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ မလိုဘူး။ အရင်ကလိုပဲ ကျွန်မက လူသစ်တွေကို ပံ့ပိုးဖို့ အကောင်းဆုံးလုပ်တဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် သူတို့က စုဝေးပွဲတွေကို မတက်ကြဘူး။ ယုံကြည်ခြင်းနဲ့သမ္မာတရားကို စိတ်မဝင်စားကြဘူး။ ခေါင်းဆောင်က တကယ့်အခြေအနေကို သိတဲ့အခါမှာ သူတို့က တကယ့်ယုံကြည်သူတွေမဟုတ်ဘူးလို့ သူက ဆုံးဖြတ်တယ်။ ဒီတော့ သူက ကျွန်မကို တာဝန်မခံခိုင်းတော့ဘူး။ အသင်းတော်က လူတွေကို ဆက်ဆံပုံမှာ စည်းမျဉ်းတွေရှိပြီး လူတိုင်းအပေါ် မျှတတယ်ဆိုတာ ကျွန်မ မြင်နိုင်ခဲ့တယ်။ ကျွန်မတာဝန်ကို လွှဲချဖို့ လှည့်ကွက်တွေကစားဖို့၊ လွတ်ဖို့အတွက် ကြံစည်ဖို့ မလိုပါဘူး။ ကျွန်မက အရင်က ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ ဒီတစ်ခါတော့ ကျွန်မ ဖြစ်ကတတ်ဆန်းလုပ်လို့မဖြစ်ဘူး။ ကျွန်မစိတ်နှလုံးကို နေရာမှန်မှာထားပြီး ကျွန်မတာဝန်တွေကို ဖြည့်ဆည်းရမယ်။ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ်ဆုတောင်းခဲ့တယ်။ ပြောင်းလဲပြီး လူသစ်တွေကို ကူညီပံ့ပိုးဖို့ ကျွန်မတတ်နိုင်သမျှကိုလုပ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ ကျွန်မက သူတို့တွေကို ကူညီပံ့ပိုးဖို့ အကောင်းဆုံးလုပ်ပြီး ကျွန်မဖွဲသင့်တဲ့ သမ္မာတရားတွေအားလုံးကို မိတ်သဟာယဖွဲ့ပေမဲ့ လူသစ်တစ်ယောက်က မစုဝေးချင်သေးရင် ကျွန်မက ဒါကို တဲ့တိုးရင်ဆိုင်ပြီး ခေါင်းဆောင်ကို ရိုးရိုးသားသားပြောနိုင်တယ်။ ကျွန်မသဘောထားကိုပြောင်းလဲပြီး အဲဒီယုံကြည်သူအသစ်ကို နောက်တစ်ခါ ဆက်သွယ်လိုက်တာနဲ့ အံ့သြစရာကောင်းတာက သူက အမြန်တုံ့ပြန်တယ်။ သူက အခုနောက်ပိုင်းမှာ အလုပ်ရှုပ်နေပြီး အရမ်းပင်ပန်းတယ်၊ ဒါကြောင့် သူမလာတာလို့ ပြောတယ်။ ကျွန်မက မိတ်သဟာယမျှဝေဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုတယ်။ အဲဒီကနေ သူက ဘုရားအလိုတော်ကို နားလည်သွားပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုရတယ်။ စပြီးတော့ ပုံမှန်ပြန်တက်လာတယ်။ အဲဒီအချိန်ကစပြီး စုဝေးပွဲတွေကို အမြဲတမ်းမလာတဲ့ ယုံကြည်သူအသစ်တွေရှိတဲ့အခါမှာ ကျွန်မက ကူညီပံ့ပိုးဖို့ အစွမ်းကုန်လုပ်တယ်။ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တယ်။ သူတို့ကို ရိုးရိုးသားသား ပံ့ပိုးပေးတယ်။ ကျွန်မ ဒီလိုလုပ်ပြီးတဲ့နောက်မှာ ယုံကြည်သူအသစ်တွေအများကြီးက စုဝေးပွဲတွေကို စပြီးလာကြတယ်။ ဒီလိုလုပ်ရင်းနဲ့ ကျွန်မ အရမ်းငြိမ်းချမ်းပြီး စိတ်အေးရတယ်။ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံမနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။