ကျွန်တော့်ရဲ့ လိမ်ညာခြင်းကို ကျွန်တော် ဖြေရှင်းခဲ့ပုံ

18.03.2026

ရှောင်ချုံး၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကျွန်တော်က အသင်းတော် တချို့ရဲ့ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်တာဝန်မှာ တော်တော် တက်တက်ကြွကြွရှိခဲ့ပြီး လူသစ်တွေရဲ့ အခြေအနေတွေကို အကြမ်းဖျင်းတော့ သိထားပါတယ်။ ၂၀၂၄ ခုနှစ်၊ မတ်လရောက်တော့ ကျန်းလင်အသင်းတော်မှာ လူသစ် အရေအတွက်က တဖြည်းဖြည်း တိုးလာပြီး ကြီးကြပ်ရေးမှူးက ဒီအသင်းတော်ရဲ့ ရေလောင်းခြင်းအလုပ်ကို ကျွန်တော့်ကို တာဝန်ယူဖို့ စီစဉ်ပေးခဲ့တယ်။ ဒီအသင်းတော်က ကျွန်တော်တာဝန်ယူထားတဲ့ တခြားအသင်းတော်တွေနဲ့ နည်းနည်းလှမ်းပြီးတော့ ရဲတွေကလည်း ခဏခဏ ဖမ်းနေတော့ အခြေအနေက မကောင်းဘူးလေ၊ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို သတိပေးတယ်၊ လူသစ်တွေနဲ့ အချိန်မီ မတွေ့နိုင်ဘူးဆိုရင် လူသစ်တွေ အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိရအောင် ရေလောင်းသူတွေဆီကို စာများများရေးသင့်တယ် တဲ့။ အဲဒီတုန်းက ကျွန်တော်လည်း မဆိုင်းမတွ သဘောတူလိုက်တယ်။

သိပ်မကြာဘူး၊ ကြီးကြပ်ရေးမှူးက လူသစ်တွေရဲ့ လတ်တလောအခြေအနေတွေနဲ့ အခက်အခဲတွေက ဘာတွေလဲ၊ ဒီလူသစ်တွေက ဘယ်တာဝန်တွေ ထမ်းဆောင်ဖို့ သင့်တော်သလဲ စတာတွေကို မေးဖို့ စာရေးလာတယ်။ ဒီမေးခွန်းတွေကို မြင်တော့ စိတ်ထဲမှာ တွေးလိုက်တယ်၊ “ငါက ကျန်းလင်အသင်းတော်ရဲ့ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူခါစပဲရှိသေးတာ၊ လူသစ်တွေရဲ့ အခြေအနေကို အကြမ်းဖျဉ်းလောက်ပဲ သိသေးတယ်၊ အသေးစိတ်တော့ သိပ်မသိသေးဘူး။ လူသစ်တွေ အခြေအနေဘယ်လိုရှိသလဲဆိုတာကို ဆက်စစ်ဆေးဖို့ကို အာရုံစိုက်ပါ့မယ်လို့ ကြီးကြပ်ရေးမှူးကို ကတိပေးခဲ့ပေမဲ့ အခုထိ သူတို့ကို တကယ်ကောင်းကောင်းမွန်မွန် ဆက်ပြီးမစစ်ကြည့်ရသေးဘူး။ အမှန်အတိုင်းသာ ဖြေလိုက်ရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုထင်သွားမလဲ။ သူက ငါ့ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်ကို အဟုတ်အမှန်မလုပ်ဘူးလို့ ထင်သွားမလား။ ငါ ရေလောင်းတဲ့တာဝန် ထမ်းဆောင်နေတာ အချိန်အတိုင်းအတာတစ်ခုရှိနေပြီဖြစ်ပေမဲ့ ဒီအလုပ်တာဝန်တွေကို မရင်းနှီးသေးဘူး၊ ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက ညံ့တယ်လို့ သူထင်သွားမလား။ ဒါကြောင့် ငါ့ကို အထင်သေးသွားမလား” ပေါ့။ ဒီလိုတွေးမိတော့ သူ့ကို စာမပြန်ချင်ဘူး။ ဒါပေမဲ့ သူ့ကို စာမပြန်ဘဲနဲ့တော့လည်း မဖြစ်ပြန်ဘူး။ ကျွန်တော် တကယ်ကို ခွကျတဲ့အခြေအနေထဲ ရောက်နေခဲ့တာ။ ပြောရင်လည်း ပြဿနာ၊ မပြောရင်လည်း ပြဿနာပဲ။ အဲဒီအချိန်မှာ အတွေးတစ်ခု ရလိုက်တယ်၊ “အခုချက်ချင်း ကျန်းလင်အသင်းတော်က ရေလောင်းသူတွေဆီ စာရေးပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိရအောင်လုပ်ပြီးမှ ကြီးကြပ်ရေးမှူးကို စာပြန်လိုက်ရင် ကြီးကြပ်ရေးမှူးက ငါ့မှာ အလုပ်လုပ်နိုင်စွမ်း သိပ်မရှိဘူး၊ ငါ့ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်ကို အဟုတ်အမှန်မလုပ်ဘူးလို့ ထင်တော့မှာမဟုတ်ဘူး” ပေါ့။ ဒါနဲ့ ကျွန်တော် ကျန်းလင်အသင်းတော်က ရေလောင်းသူတွေဆီကို အမြန်စာရေးလိုက်တယ်။ စာရေးပြီးသွားတော့လည်း စိတ်မအေးနိုင်သေးဘူး။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ရေလောင်းသူတွေက စာပြန်နောက်ကျပြီး ငါက စောင့်နေရလို့ ကြီးကြပ်ရေးမှူးကို အချိန်မီ စာမပြန်နိုင်ခဲ့ရင် ကြီးကြပ်ရေးမှူးက ငါ့ကို မကောင်းမြင်သွားမလား။ အဲဒီလိုဆိုရင် ငါ အလုပ်ကို သေချာဆက်ပြီး မစစ်ကြည့်ထားတာ ပေါ်သွားနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော့်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို မထိန်းနိုင်ရုံတင်မကဘူး၊ ကျွန်တော့်ကိုလည်း အကျပ်ရိုက်သွားစေမှာပဲ၊ ကြီးကြပ်ရေးမှူးက အကြောင်းရင်းမေးလာရင်လည်း ငါ့မှာ ကောင်းကောင်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။ ကြီးကြပ်ရေးမှူးကို အရင်ဆုံး စာပြန်ထားမှ ဖြစ်မယ်။ ဒါပေမဲ့ ငါစာပြန်နောက်ကျတာက ခိုင်လုံတဲ့အကြောင်းရင်းရှိတယ်လို့ ကြီးကြပ်ရေးမှူးထင်အောင် ဘယ်လိုပြောရမလဲ။ ကြီးကြပ်ရေးမှူးက မေးခွန်းတွေ အများကြီးမေးထားတော့ ဒီအမှုကိစ္စတွေအားလုံးကို ဆက်ပြီးစစ်ဆေးပြီးပြီလို့ ပြောရင်လည်း လက်တွေ့မကျဘူး။ ငါ ပြဿနာတစ်ခုကို သတိမမူမိလိုက်လို့၊ အဲဒါကို ဆက်စစ်ဆေးဖို့ စာရေးနေတုန်းပဲ၊ အကြောင်းပြန်စာရမှ အားလုံးကို တစ်ခါတည်း ပြန်ပြောပြမယ်လို့ပဲ ပြောလိုက်မယ်။ ဒီလိုဆိုရင် ကြီးကြပ်ရေးမှူးက ငါနဲ့ပတ်သက်ပြီး ပြောစရာဘာမှ ရှိမှာမဟုတ်ဘူး။ တကယ်တော့ လူဆိုတာကလည်း ပြဿနာတိုင်းကို ပြည့်ပြည့်စုံစုံစဉ်းစားမိတာမှ မဟုတ်တာ၊ တစ်ခုနှစ်ခုလောက် လွတ်သွားတာကတော့ ဖြစ်တတ်တာပဲလေ” ပေါ့။ ဒီလိုနဲ့ ကြီးကြပ်ရေးမှူးကို ကျွန်တော် အဲဒီပုံစံအတိုင်း စာပြန်လိုက်တယ်။ နှစ်ရက်လောက်ကြာတော့ ကျန်းလင်အသင်းတော်က ရေလောင်းသူတွေက လူသစ်တွေရဲ့ အခြေအနေအသေးစိတ်ကို စာပြန်လာတယ်၊ ကျွန်တော်လည်း ဒီအကြောင်းအရာတွေကို ကြီးကြပ်ရေးမှူးဆီ တစ်ခုချင်း ပြန်ပြောပြလိုက်တယ်။ ကြီးကြပ်ရေးမှူးက ဘာမှမပြောဘူး၊ ကျွန်တော်လည်း စိတ်သက်သာရာရသွားပြီး တွေးလိုက်တယ်၊ “တော်သေးတာပေါ့ အခြေအနေမှန်အတိုင်း မတင်ပြမိလို့၊ မဟုတ်ရင် ကြီးကြပ်ရေးမှူးက ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မေးခွန်းထုတ်မှာ သေချာတယ်၊ ဒါမှမဟုတ် ငါ့ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်ကို အဟုတ်အမှန်မလုပ်ဘူးလို့ ထင်သွားမှာပဲ။ အဲဒီလိုသာဖြစ်ခဲ့ရင် သူ ငါ့ကို အကောင်းမြင်မှာမဟုတ်တော့ဘူး” ပေါ့။

တစ်နေ့၊ စုဝေးပွဲတစ်ခုမှာ ဘုရားသခင်ရဲ့ နောက်ဆုံးနှုတ်ကပတ်တော်ထဲမှာ နတ်ဆိုးအမျိုးအစားထဲမှာ ပါဝင်တဲ့သူတွေက လိမ်ပြောတာ အကျင့်ပါနေတဲ့သူတွေပဲလို့ ကျွန်တော် ဖတ်လိုက်ရတယ်။ ကြီးကြပ်ရေးမှူးရဲ့စာကို ကျွန်တော် ဘယ်လိုပြန်ခဲ့လဲဆိုတာ သတိရသွားတယ်။ ကျွန်တော်က လူသစ်တွေရဲ့ အခြေအနေကို ဆက်မစစ်ဆေးခဲ့တာ ရှင်းနေပေမဲ့ ပြဿနာတစ်ခုပဲ လွတ်သွားတယ်လို့ ပြောခဲ့တာ။ ကျွန်တော် လိမ်ညာနေတာ၊ လှည့်ဖြားနေတာပဲ။ ကိုယ့်ရဲ့ လှည့်ဖြားတတ်တဲ့ အခြေအနေအကြောင်းကို ဖွင့်ဟပြောချင်ပေမဲ့ နောက်တော့ ပြန်စဉ်းစားလိုက်တယ်၊ “အရင်က ငါ အပင်ပန်းခံပြီး လိမ်ခဲ့တာ။ ဒါက ကြီးကြပ်ရေးမှူးအနေနဲ့ ငါ့ကို အကောင်းမြင်နေအောင်ပဲ မဟုတ်ဘူးလား။ အခုသာ ဖွင့်ဟလိုက်ရင် အရင်က ‘ကြိုးစားခဲ့သမျှတွေ’ အလဟဿ ဖြစ်သွားမှာမဟုတ်ဘူးလား။ သိက္ခာနဲ့ အဆင့်အတန်း ဆုံးရှုံးရုံတင်မကဘူး၊ ကြီးကြပ်ရေးမှူးကလည်း ကျွန်တော့်ကို အင်မတန် အကြံအစည်များပြီး လှည့်ဖြားတတ်တဲ့သူလို့ ထင်သွားလိမ့်မယ်။ ထားလိုက်ပါတော့။ ငါဘာမှမပြောရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။” ပေါ့။ ဒီလိုနဲ့ ကျွန်တော် ဖွင့်မပြောခဲ့ဘူး။ ဒါပေမဲ့ စုဝေးပွဲပြီးတော့ ဘုရားသခင်ပြောခဲ့တာကို ကျွန်တော် ပြန်စဉ်းစားမိတယ်၊ လိမ်ပြောတာ အကျင့်ပါနေတဲ့သူတွေက ကိုယ့်အကျိုးစီးပွားကို အရမ်းတန်ဖိုးထားတယ်၊ ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်း ပါဝင်ပတ်သက်လာပြီဆိုရင် လိမ်ညာဖို့၊ လှည့်ဖြားဖို့ ဘာမဆိုလုပ်ကြတယ်တဲ့။ ကျွန်တော်က ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ လိမ်ခဲ့တာ။ ဒါက နတ်ဆိုးတစ်ကောင်ရဲ့ အပြုအမူနဲ့ တစ်ထပ်တည်း မကျနေဘူးလား။ ကျွန်တော့်စိတ်ထဲမှာ အရမ်းကို မသက်မသာဖြစ်ပြီး ကြောက်လာတယ်။ ဒါနဲ့ ဒီကိစ္စကို ကြီးကြပ်ရေးမှူးဆီ ကျွန်တော် ဖွင့်ဟပြောပြလိုက်တယ်။

အဲဒီနောက်မှာတော့ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ဝင်ရောက်ဖို့ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လှည့်စားသူများ၏ ရည်ရွယ်ချက်များသည် ရိုးသားသူများထက်ပို၍ များစွာရှုပ်ထွေးသည်။ ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများသည် ရှုထောင့်များစွာပါဝင်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ သိက္ခာ၊ ၎င်းတို့၏ ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ထည့်သွင်းစဉ်းစားရသည်။ ပြီးလျှင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်သည်။ ဤအရာအားလုံးပါဝင်ပြီး အခြားလူများအား မည်သည့်အားနည်းချက်ကိုမျှ မြင်ခွင့်မပေးရပေ၊ သို့မဟုတ် လှည့်ကွက်က မပေါ်လွင်သွားရပေ။ ထို့ကြောင့် မုသားများ အကြံထုတ်ရန်အတွက် ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ ထို့အပြင် လှည့်စားသောသူများသည် ကြီးမားသော၊ လွန်ကဲသော ဆန္ဒများနှင့် များစွာသော တောင်းဆိုမှုများရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် နည်းလမ်းများကို ဖန်တီးရသည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်ပြီး လိမ်ညာကာ လှည့်စားရသည်။ ပြီးလျှင် ၎င်းတို့သည် မုသားများကို ပို၍ပြောသည်နှင့်အမျှ မုသားများကို ပို၍ ဖုံးဖိဖို့ လိုလာသည်။ ထို့အတွက်ကြောင့် လှည့်စားသူ၏ အသက်တာသည် ရိုးသားသူတစ်ယောက်၏ အသက်တာထက် အလွန်ပို၍ ပင်ပန်းဖွယ်၊ နာကျင်ဖွယ်ဖြစ်ခြင်းဖြစ်သည်။ လူအချို့သည် အတော်အတန် ရိုးသားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်လျှင်၊ မည်သည့်မုသားများကို ၎င်းတို့ ပြောခဲ့သည်ဖြစ်စေ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် လှည့်စားမှုက မည်သည့်အရာဖြစ်စေ ထိုအရာကို အသိအမှတ်ပြုလျှင်၊ ထိုလှည့်စားမှုကို စိစစ်ပြီး နားလည်ဖို့ရန်အတွက် ဘုရားနှုတ်ကပတ်တော်အရ ကြည့်လျှင်၊ ဆက်လက်၍ ပြောင်းလဲဖို့ လုပ်ဆောင်လျှင် ၎င်းတို့သည် နှစ်အနည်းငယ်ထက်ပို၍ မကြာဘဲ ၎င်းတို့၏ လိမ်ညာမှု၊ လှည့်စားမှုများစွာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောသူများဖြစ်လာလိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် ၎င်းတို့အား နာကျင်မှု၊ ပင်ပန်းမှုမှ လွတ်မြောက်စေရုံမကဘဲ ၎င်းတို့ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကိုလည်း ယူဆောင်ပေးသည်။ ကိစ္စရပ်များစွာတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဘဝင်မြင့်ခြင်း၊ မာနတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်မည်ဖြစ်ပြီး လွတ်လပ်ကာ ချုပ်ချယ်မှုကင်းသော ဘဝကို အလိုအလျောက် အသက်ရှင်နေထိုင်ရလိမ့်မည်။ သို့ရာတွင် လှည့်စားသူများသည် ၎င်းတို့၏ ပြောဆို၊ ပြုမူမှုများနောက်ကွယ်တွင် အစဉ်သဖြင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို အထင်အမြင်မှားစေကာ လှည့်ဖြားရန်အတွက် မုသားမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ မုသားများကို ဖုံးဖိဖို့ နည်းလမ်းများ စဉ်းစားကြသည်။ ဤသို့၊ ထိုသို့ အလွန်အမင်းစိတ်ဆင်းရဲလျက်၊ ၎င်းတို့သည်လည်း ၎င်းတို့၏ ဘဝများက ပင်ပန်းဖွယ်ရာဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့ ကြုံတွေ့သည့် အခြေအနေတိုင်းတွင် မုသားများစွာကို ပြောရခြင်းမှာ ပင်ပန်းဖွယ်ရာဖြစ်နေပြီ ဖြစ်သည်။ ထို့နောက်တွင် ထိုမုသားများကို ဖုံးဖိရသည်မှာ ပို၍ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းသည် ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရရှိရန် ရည်ရွယ်သည်။ ထို့ကြောင့် ၎င်းတို့ပြောသည့် စကားတိုင်းတွင် စိတ်ပိုင်းဆိုင်ရာ အားအင်များစွာ အသုံးပြုရသည်။ ပြီးလျှင် ၎င်းတို့ စကားပြောပြီးသွားသောအခါ သင်က ၎င်းတို့အား ရိပ်စားမိမည်ကို ၎င်းတို့ ကြောက်သောကြောင့် ၎င်းတို့၏ မုသားများကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ သင့်အား အလျှော့မပေးဘဲ ရှင်းလင်းပြရသည်။ ၎င်းတို့သည် သင့်အား လိမ်ညာနေခြင်း၊ လှည့်စားနေခြင်းမဟုတ်၊ ၎င်းတို့သည် လူကောင်းများဖြစ်သည် ဆိုသည်ကို သင် လက်ခံယုံကြည်အောင် ကြိုးစားရသည်။ လှည့်စားသောသူများသည် ဤအရာများကို လုပ်ဆောင်တတ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက လှည့်ဖြားတတ်တဲ့သူတွေဟာ ပြဿနာတွေကို အင်မတန် ရှုပ်ထွေးတဲ့နည်းနဲ့ စဉ်းစားကြတယ် ဆိုတာပါပဲ။ သူတို့က ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကြိုးစားကြပေမဲ့ ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကိုတော့ သူများတွေ မမြင်စေချင်ကြဘူး။ သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို တစ်ခုခုက ခြိမ်းခြောက်လာရင် လိမ်ညာဖို့နဲ့ ကိုယ့်ရဲ့လိမ်ညာမှုကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားကြတော့တာပဲ။ ကြီးကြပ်ရေးမှူးက လူသစ်တွေရဲ့ အခြေအနေကို သိရအောင် စာရေးလာတဲ့အခါ ကျွန်တော်က ဘယ်အပိုင်းတွေကို ဆက်စစ်ကြည့်ပြီးပြီ၊ ဘယ်အပိုင်းတွေကို မစစ်ကြည့်ရသေးဘူးဆိုတာကိုပဲ ပြန်ဖြေဖို့ လိုတာပါ။ ကျွန်တော် လုံလုံလောက်လောက် မလုပ်ခဲ့တဲ့ အရာတွေအတွက်ဆိုရင် နောက်ပိုင်းမှာ ချက်ချင်း ပြန်ပြင်လိုက်ရင် ပြီးသွားမှာပဲ။ ဒါက အရမ်းကို ရိုးရှင်းတဲ့ကိစ္စလေးတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်ကပဲ အဲဒါကို ရှုပ်ထွေးအောင် လုပ်လိုက်တာ။ အမှန်အတိုင်းသာ တုံ့ပြန်လိုက်ရင် ကိုယ့်တာဝန်ထဲက ချို့တဲ့မှုတွေကို ပေါ်သွားမှာကို၊ ကြီးကြပ်ရေးမှူးက ကျွန်တော့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို သံသယဝင်ပြီး အထင်သေးသွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် လူသစ်တွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် အရင်လုပ်ပြီးမှ ပြန်ဖြေဖို့ စဉ်းစားခဲ့တာ။ ဒီနည်းနဲ့ဆိုရင် ကျွန်တော်လုပ်နေတဲ့ ဆက်စစ်ဆေးတဲ့အလုပ်က မလုံလောက်ဘူးဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ထားနိုင်မှာပေါ့။ ဒါပေမဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်တဲ့အထိ စောင့်ပြီးမှ စာပြန်ရင် ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို စာပြန်တာ အချိန်ဆွဲနေတယ်လို့ ထင်သွားမှာကိုလည်း စိုးရိမ်မိပြန်ရော၊ အဲဒီလိုဆိုရင် ကျွန်တော့်ပြဿနာတွေ ပေါ်သွားနိုင်ပြီး လုံ့လဝီရိယရှိပြီး တာဝန်သိတဲ့သူတစ်ယောက်ဆိုတဲ့ ကျွန်တော့်ရဲ့ ပုံရိပ်က ပျက်စီးသွားမှာပေါ့။ ဒါကြောင့် ကျွန်တော် ဆက်စစ်ဆေးမကြည့်ရသေးတဲ့ ပြဿနာတစ်ခုပဲရှိတယ်လို့ ကြီးကြပ်ရေးမှူးကို လိမ်ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ လူသစ်တွေအကြောင်း အချက်အလက်ရဖို့ ရေလောင်းသူတွေဆီ အမြန်စာရေးလိုက်ပြီး ရလာတဲ့ အချက်အလက်တွေကို ကြီးကြပ်ရေးမှူးဆီ တင်ပြခဲ့တယ်၊ ကျွန်တော် တကယ်အလုပ်လုပ်နေတယ်လို့ သူထင်အောင် သူ့ကို ဟန်ဆောင်မျက်နှာဖုံးတစ်ခု ပြလိုက်တာပဲ။ ကျွန်တော်က ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ပရိယာယ်တွေ၊ အကြံအစည်တွေသုံးရင်းနဲ့ တကယ်ကို အပင်ပန်းခံခဲ့တာပဲ။ ကျွန်တော်ဟာ လုံးဝကို လှည့်ဖြားတတ်တဲ့သူပဲ။ ဘုရားသခင်က လူ့စိတ်နှလုံးရဲ့ အနက်ရှိုင်းဆုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်။ ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးကို သူသိတယ်။ လူတွေကိုတော့ ကျွန်တော် လှည့်ဖြားလို့ရပေမဲ့ ဘုရားသခင်ကိုတော့ လှည့်ဖြားလို့ မရနိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူအကုန်မြင်တယ်လေ။ အခုသာ ကျွန်တော် နောင်တမရဘဲ မပြောင်းလဲဘူးဆိုရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာ သေချာတယ်။ ကျွန်တော် သမ္မာတရားကို အရေးတကြီး လိုက်စားပြီး ကိုယ့်ရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို ပြောင်းလဲရမယ်။

နောက်ပိုင်းမှာ ကျွန်တော်က ရိုးသားသူဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုကို ကျွန်တော် တွေ့ကြုံခံစားခဲ့ရ လို့ခေါင်းစဉ်တပ်ထားတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်ခဲ့တယ်။ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်တော် လျှောက်နေတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီး နားလည်မှုတချို့ကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ အားနည်းချက်များနှင့် လမ်းလွဲခြင်းများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်အရင်းခံ အကြောင်းများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ခြေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။ သင်၏ စိတ်နှလုံးတွင် သင်၏အလုပ်ကို ကြီးကြပ်နေသော ဘုရားအိမ်တော်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ အထက်မှ မေးခွန်းများ၊ စုံစမ်းမှုများအပေါ် စစ်မှန်သော အဖြေများကို ပံ့ပိုးပေးနိုင်လျှင်၊ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ သင်သိသမျှပြောနိုင်လျှင်၊ သင်ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ဖြစ်စေ၊ သင်က အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဆိုလျှင်ပင် သင်က အန္တိခရစ်တစ်ယောက်အဖြစ် လုံးဝ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း ခံရမည် မဟုတ်ပေ။ အဓိကအချက်သည် သင်က သင်ကိုယ်တိုင်၏ အန္တိခရစ်စိတ်သဘောထားကို သိနိုင်ခြင်းရှိမရှိ၊ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်လျှင် သင်၏ အန္တိခရစ်စိတ်သဘောထားကို ပြင်နိုင်သည်။ သင်က အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို ကောင်းစွာသိသည့်တိုင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင်၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖုံးကွယ်ဖို့ပင်ဖြစ်စေ၊ လိမ်ညာဖို့ပင်ဖြစ်စေ၊ တာဝန်ကို ခေါင်းရှောင်ဖို့ပင်ဖြစ်စေ ကြိုးစားလျှင်၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားကို လက်မခံလျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ သင်က အန္တိခရစ်နှင့် မခြားနားပေ။ သင်က အန္တိခရစ် စိတ်သဘောထားရှိသည်ကို သိလျက် အဘယ်ကြောင့် ယင်းကို ရင်မဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ ‘အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်းပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ ၎င်းတို့သိသွားသည်နှင့် တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်’ဟု မပြောနိုင်ရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပို၍ တန်ဖိုးထားကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လာတာက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အလုပ်ကို မေးမြန်းပြီး ကြီးကြပ်တဲ့အခါ ကိစ္စတွေကို အမှန်အတိုင်း မတင်ပြရဲတာ၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အမှန်တရားကိုတောင် ဖုံးကွယ်တာမျိုးတွေက သင်ဟာ အန္တိခရစ်တွေရဲ့ စိတ်သဘောထားရှိတဲ့သူ၊ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်တဲ့သူဖြစ်တယ်လို့ ဆိုလိုတယ်။ ဒါကို ကိုယ့်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်တော့ ကြီးကြပ်ရေးမှူးက ကျွန်တော်တာဝန်ယူထားတဲ့ လူသစ်တွေအကြောင်း မေးတဲ့အခါ ကျွန်တော် ရှင်းရှင်းလင်းလင်း နားမလည်တဲ့ ပြဿနာတွေ အများကြီးရှိပေမဲ့ အမှန်အတိုင်းသာ တင်ပြလိုက်ရင် ကြီးကြပ်ရေးမှူးက ကျွန်တော် အလုပ်တွေကို ကောင်းကောင်း ဆက်မစစ်ဆေးထားတာကို မြင်သွားပြီး ကျွန်တော့်ကို ဝတ်ကျေတမ်းကျေလုပ်တယ်လို့ ထင်သွားမှာ၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုတောင် မေးခွန်းထုတ်ပြီး သူ့စိတ်ထဲက ကျွန်တော့်ရဲ့ ပုံရိပ်ကောင်းကို ထိခိုက်သွားမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် လိမ်ညာပြီး လှည့်ဖြားမှုကို သုံးခဲ့တာ။ ကျွန်တော့်ရဲ့ ဆိုးညစ်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ တစ်ပုံစံတည်း မဖြစ်နေဘူးလား။ တကယ်တော့ ကြီးကြပ်ရေးမှူးက အလုပ်ကို ဆက်စစ်ဆေးတာက တစ်ဖက်မှာ အလုပ်တွေကို ကောင်းကောင်း ဆက်စစ်ဆေးပြီး အကောင်အထည်ဖော်ပြီးပြီလားဆိုတာ ကျွန်တော့်ကို သတိပေးတာပဲ၊ ကောင်းကောင်း အကောင်အထည် မဖော်ရသေးရင် ချက်ချင်းလုပ်ဆောင်နိုင်ဖို့၊ ဒီလိုနဲ့ ခဏတာ သတိမမူမိတာကြောင့် ရေလောင်းခြင်းအလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးတာမျိုး ရှောင်ရှားနိုင်ဖို့ပေါ့။ ဒါက ကျွန်တော့်အတွက် သတိပေးချက်နဲ့ အကူအညီတစ်ခုပဲ။ ပြီးတော့ ကြီးကြပ်ရေးမှူးက လူသစ်တွေရဲ့ အခြေအနေကို မေးမြန်းရင်းနဲ့ ရေလောင်းခြင်းအလုပ်မှာ သွေဖည်မှုတွေကို တွေ့ရှိခဲ့ရင် အဲဒါတွေကို ချက်ချင်း မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းနိုင်မှာလေ။ သူက ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတာ။ ကျွန်တော်က ကိုယ်သိသလောက် ပြောပြီး ရိုးရိုးသားသား တင်ပြခဲ့သင့်တာ။ ကောင်းကောင်း ဆက်မစစ်ဆေးရသေးတဲ့ အပိုင်းတွေအတွက်ဆိုရင်လည်း အကောင်အထည်ဖော်ပြီး ဆက်စစ်ဆေးဖို့ အမြန်လုပ်လိုက်ရင် ပြီးသွားမှာပဲ။ ဒါပေမဲ့ အဲဒီအစား ကျွန်တော်က ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းတန်ဖိုးထားပြီး ကြီးကြပ်ရေးမှူးရဲ့ ကြီးကြပ်မှုကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုတာ ဝန်မခံရဲခဲ့ဘူး။ ကြီးကြပ်ရေးမှူးကိုတောင် လိမ်ညာပြီး လှည့်ဖြားခဲ့တယ်။ ဒါက သွေဖည်မှုတွေကို အချိန်မီ မပြင်ဆင်နိုင်တာမျိုး ဖြစ်စေနိုင်ပြီး လူသစ်တွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေလိမ့်မယ်။ ကျွန်တော်က နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရာအားလုံးထက် ပိုအလေးထားခဲ့တယ်။ ကိုယ့်တာဝန်မှာ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲကြိုးစားရင်း အကြံအစည်တွေ၊ ပရိယာယ်တွေ သုံးနေခဲ့တယ်။ ဘုရားသခင်အတွက် ကျွန်တော်ဟာ တကယ်ကို စက်ဆုပ်စရာကောင်းလိုက်တာ။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရပြီး ဘုရားသခင်က ဘယ်လိုလူမျိုးကို အသိအမှတ်ပြုပြီး ဘယ်လိုလူမျိုးကို စက်ဆုပ်ရွံရှာတယ်ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာကြောင်းနှင့်၊ ၎င်းတို့ကို မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောသူများကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို သူတို့၏ ပြုမူပုံများ၊ သူတို့၏ စိတ်သဘောထားများ၊ ပြီးလျှင် သူတို့၏ ရည်ရွယ်ချက်များနှင့် လှည့်ဖြားခြင်းနည်းလမ်းများကိုလည်း မနှစ်သက်ခြင်းပင် ဖြစ်၏။ ဘုရားသခင်သည် ဤအရာအားလုံးကို နှစ်သက်ခြင်း မရှိချေ။ လှည့်ဖြားတတ်သောသူများသည် သမ္မာတရားကို လက်ခံနိုင်၍ မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုလားပါက ထိုသူတို့၌လည်း ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် မည်သူ့ကိုမျှ ဘက်မလိုက်သကဲ့သို့ သမ္မာတရားသည်လည်း ဘက်လိုက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေသောသူများ ဖြစ်လိုသည်ရှိသော် ရှေးဦးစွာ မိမိတို့၏ ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြောင်းလဲရမည်၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်နေထိုင်ခြင်းကို ရပ်တန့်ရမည်၊ မိမိတို့၏ ဘဝများကို အသက်ရှင်နေထိုင်ရန် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်းကို အမှီပြုခြင်းအား ရပ်တန့်ပြီး မိမိတို့၏ လိမ်လည်မှုအားလုံးကို စွန့်ပယ်ကာ ရိုးသားသောသူများ ဖြစ်လာရန် ကြိုးစားရမည်။ ထိုအခါ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်ဖြားခြင်းတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာတရားမရှိသောသူများကြားတွင် သင်က အမှန်တရားကို ပြောလျှင်၊ ရိုးသားသော သူတစ်ယောက်ဖြစ်ရန် ကြိုးစားလျှင် သင်သည် အသရေဖျက်ခံရမည်၊ ဝေဖန်အပြစ်တင်ခံရပြီး ငြင်းပယ်ခြင်းခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး ထိုသို့ဖြင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ကောက်ကျစ်စဉ်းလဲသော နည်းများကိုလည်း အသုံးပြုသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် အပြစ်ထဲသို့ ပို၍ပို၍ ကျဆင်းကာ မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့ပေ။ ဘုရားသခင်၏ အိမ်တော်၌မူ အခြေအနေများသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်၏။ သင်တို့သည် လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၌ ပို၍ ကျွမ်းကျင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်တို့ကို ပို၍ အလွန်အမင်း မနှစ်မြို့ဘဲ ပစ်ပယ်ကြလေလေ ဖြစ်လိမ့်မည်။ သင်တို့သည် နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ကျိုးကြောင်းဆင်ခြင်မှုများကို ဆက်လက်ဖက်တွယ်ထားကာ မိမိကိုယ်ကို ဖုံးကွယ်ရန်နှင့် ဟန်ဆောင်ရန်အလို့ငှာ အကြံအစည်များ၊ ပရိယာယ်များနှင့် ပါးနပ်သော နည်းဗျူဟာများကိုလည်း အသုံးပြုပါက သင်တို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်ချေ အလွန်ရှိ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်ပြီး လှည့်ဖြားသောသူအားလုံးတို့သည် နောက်ဆုံးတွင် ငြင်းပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားသည်မှာ ကြာပြီဖြစ်၏။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး မိမိကိုယ်ကို အရှိအရှိအတိုင်း မဖွင့်ချလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားသခင်က ရိုးသားတဲ့သူတွေကို သဘောကျပြီး လှည့်ဖြားတတ်တဲ့သူတွေကို စက်ဆုပ်ရွံရှာတယ်၊ ဘာလို့လဲဆိုတော့ လှည့်ဖြားတတ်တဲ့သူတွေက ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရပါစေ အမြဲတမ်း လိမ်ညာပြီး လှည့်ဖြားကြတယ်၊ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို သူတို့ရဲ့ ရှင်သန်မှုအခြေခံအဖြစ် မှတ်ယူပြီး သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ကြလို့ပဲ။ ကိုယ့်ရဲ့ လှည့်ဖြားတတ်ခြင်းရဲ့ အရင်းအမြစ်ကို ပြန်သုံးသပ်ကြည့်တော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်ာ”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စကားတွေအတိုင်း ကျွန်တော် အသက်ရှင်နေခဲ့တာကို တွေ့ရတယ်။ ကျွန်တော်က ဒီစာတန်ဆန်တဲ့အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ပြီး ကိုယ့်ရဲ့ဂုဏ်၊ အဆင့်အတန်းနဲ့ ကိုယ်ကျိုးစီးပွားတွေကို သိပ်အလေးထားခဲ့တယ်။ ဘာနဲ့ပဲ ကြုံရပါစေ၊ ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်း ပါဝင်ပတ်သက်လာပြီဆိုရင် အမှန်တရားကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားပြီး ဘာပဲဖြစ်ဖြစ်လုပ်တော့တာပဲ။ ဒီလိုလုပ်ပြီးသွားရင်တောင် ဒါက လူတော်တွေ လုပ်တဲ့ပုံစံပဲ၊ အရူးတွေနဲ့ လူအတွေကပဲ အမှန်အတိုင်း ပြောကြတာလို့တောင် ထင်နေတုန်းပဲ။ ကျွန်တော် ကျောင်းတက်တုန်းက တစ်ခါက အိမ်စာကို မှားမှတ်မိပြီး အိမ်စာတစ်ပိုင်း မပြီးခဲ့တာကို သတိရတယ်။ ဆရာမအမြင်မှာ ကျောင်းသားကောင်းတစ်ယောက်ဆိုတဲ့ ကျွန်တော့်ပုံရိပ်က ပျက်စီးသွားမှာစိုးလို့ အိမ်စာစာအုပ် အိမ်မှာမေ့ကျန်ခဲ့တယ်လို့ ဆရာမကို လိမ်ပြောလိုက်တယ်၊ ပြီးတော့ နေ့လယ်ထမင်းစားချိန် အိမ်ပြန်ပြီး အမြန်ပြီးအောင်လုပ်လိုက်ပြီး ညနေကျမှ ဆရာမကို သွားပေးခဲ့တယ်။ သိက္ခာကို ထိန်းသိမ်းဖို့နဲ့ ကျွန်တော့်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်တော်က ပိုပိုပြီး လိမ်ညာလာတယ်၊ ပရိယာယ်တွေ သုံးလာတယ်၊ အဲဒါက တဖြည်းဖြည်းနဲ့ အကျင့်တစ်ခုလို ဖြစ်လာခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာတောင် ကျွန်တော်က စာတန်ဆန်တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ပဲ အသက်ရှင်နေခဲ့တုန်းပဲ။ ကြီးကြပ်ရေးမှူးရဲ့ မျက်စိထဲမှာ ကိုယ့်ပုံရိပ်ကို ထိန်းသိမ်းဖို့၊ ကိုယ့်ရဲ့ပြဿနာတွေနဲ့ ချို့တဲ့မှုတွေကို ဖုံးကွယ်ဖို့ ကျွန်တော်က အမှန်တရားကို ဖုံးကွယ်ဖို့ ပရိယာယ်နဲ့ လှည့်ဖြားမှုကို သုံးခဲ့တယ်။ နောက်ပိုင်းမှာ ရိုးသားတဲ့သူတစ်ယောက်ဖြစ်သင့်ပြီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့သင့်တယ်လို့ သိလာတဲ့အခါမှာတောင် ကျွန်တော်သာ ဖွင့်ဟလိုက်ရင် အရင်ကြိုးစားခဲ့သမျှတွေ အလဟဿဖြစ်သွားမှာကို၊ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို လုံးဝ အကြံအစည်များပြီး လှည့်ဖြားတတ်တဲ့သူလို့ ထင်သွားမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ရိုးရိုးသားသား မပြောချင်ခဲ့ဘူး။ ဘုရားသခင်က ရိုးသားတဲ့သူတွေကို သဘောကျတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တာဝန်ယူရဲတဲ့ သတ္တိရှိတယ်၊ ကိုယ့်ရဲ့ချို့တဲ့မှုတွေ ပေါ်လာတဲ့အခါ ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်၊ ပြီးတော့ နောက်ပိုင်းမှာ သမ္မာတရားကို ရှာဖွေပြီး ဒီအရာတွေကို ဖြေရှင်းနိုင်လို့ပဲ။ ဒီလိုလူတွေက သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်တဲ့အခါ စည်းမျဉ်းတွေကို ပိုပိုပြီး နားလည်လာတယ်၊ သူတို့ရဲ့ရလဒ်တွေကလည်း ပိုပိုပြီး ကောင်းလာတယ်။ ဒါပေမဲ့ ကျွန်တော့်မှာတော့ ဒီအပြုအမူတွေ တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော်က ကိုယ့်ရဲ့အပြစ်အနာအဆာတွေကို အမြဲတမ်း ဖုံးကွယ်ဖုံးဖိဖို့ ကြိုးစားခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေကိုတောင် လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော် အသက်ရှင်နေထိုင်ခဲ့တဲ့အရာက ဘယ်လိုများ ရိုးသားတဲ့သူတစ်ယောက်ရဲ့ ပုံသဏ္ဌာန်တစ်ခုတလေ ရှိခဲ့လို့လဲ။ အဲဒါက စာတန်ရဲ့ ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ ပုံရိပ်ပဲ။ ကျွန်တော်သာ နောင်တမရဘဲ နေနေရင် ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးရမှာ သေချာတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏)ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။...အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက သင်သည် ဘုရားသခင်ရှေ့၌ဖြစ်စေ၊ အခြားသူတို့၏ရှေ့၌ဖြစ်စေ သင့်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ဖို့လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ လှည့်ဖြားတတ်တဲ့ အခြေအနေတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ရမယ်၊ ကိုယ့်ရဲ့ဂုဏ် ဒါမှမဟုတ် အဆင့်အတန်းကို မစဉ်းစားရဘူး၊ အရာအားလုံးမှာ ဘုရားသခင်ကို ဖွင့်ဟပြရမယ်။ ကိုယ့်တာဝန်တွေမှာ ဘာပြဿနာ၊ ဘာကိုယ်ရေးကိုယ်တာ ချို့တဲ့မှုပဲရှိရှိ ချက်ချင်း တင်ပြသင့်တယ်၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးသင့်တယ်။ အမှန်တရားကို ပြောလိုက်လို့ ညီအစ်ကိုမောင်နှမတွေက ကိုယ့်တာဝန်ထဲက ပြဿနာတွေနဲ့ ချို့တဲ့မှုတွေကို မြင်သွားပြီး ကျွန်တော့်ကို အထင်သေးရင်တောင်မှ အဲဒါကို ကျွန်တော် မှန်မှန်ကန်ကန် ချဉ်းကပ်ရဦးမှာပဲ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုပဲမြင်မြင် သူတို့ကို ဖွင့်ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဖွင့်ချပြရမယ်။ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တစ်ခုကို ကျွန်တော် ခိုင်ခိုင်မာမာ ချလိုက်တယ်။

စုဝေးပွဲတစ်ခုမှာ ကျွန်တော်တာဝန်ယူထားတဲ့ လူသစ် ရှောင်ယာက ကျွန်တော့်ကို ဧဝံဂေလိတရားဟောတာနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးတယ်၊ အဲဒီအချိန်က ကျွန်တော် အကျဉ်းချုံးပြီး နည်းနည်း မိတ်သဟာယဖွဲ့ပေးလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော့်ရဲ့ မိတ်သဟာယမှာ လမ်းလွဲတာတွေ ပါနေပြီး ရှောင်ယာရဲ့ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ဘူးဆိုတာ တွေ့လိုက်ရတယ်။ နောက်တော့ ကြီးကြပ်ရေးမှူးက ရှောင်ယာရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကျွန်တော် ဘယ်လိုဖြေရှင်းပေးခဲ့လဲဆိုတာ စာရေးမေးတယ်၊ ကျွန်တော် စိတ်ထဲမှာ တွေးလိုက်တယ်၊ “အမှန်အတိုင်းသာ ရေးလိုက်ရင် ကြီးကြပ်ရေးမှူးက ရေလောင်းသူတစ်ယောက်အနေနဲ့ ဒီလောက်သေးတဲ့ပြဿနာလေးတောင် ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့နိုင်ဘူး၊ တကယ်အလုပ်မလုပ်နိုင်ဘူးလို့ ထင်သွားမှာ သေချာတယ်။ အပေါ်ယံပဲရေးပြီး အဖြစ်မှန်အတိုင်း မရေးဘဲ နေလိုက်ရင်ကောင်းမလား” ပေါ့။ ဒီလိုစဉ်းစားနေရင်းနဲ့ ကျွန်တော်ဟာ လှည့်ဖြားနေတုန်းပဲဆိုတာ သဘောပေါက်လိုက်တယ်။ ဘုရားသခင်က ရိုးသားတဲ့သူတွေကို ချစ်တယ်၊ ဒါကြောင့် ကျွန်တော်လည်း ရိုးသားတဲ့သူတစ်ယောက်ဖြစ်သင့်ပြီး အမှန်တရားကို ပြောသင့်တယ်။ နောက်ဆုံးမှာတော့ ကျွန်တော် အမှန်အတိုင်း ရေးလိုက်တယ်။ ဒီလိုလုပ်လိုက်တော့ ကျွန်တော့်ရင်ဘတ်ထဲမှာ လေးလံနေတာက နောက်ဆုံးမှာ ပေါ့သွားပြီး အရမ်းကို ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ အဲဒီနောက်မှာ ရှောင်ယာနဲ့ အချိန်မီ မိတ်သဟာယဖွဲ့ပြီး ကိုယ့်ရဲ့ လမ်းလွဲတာတွေကို ပြင်ဆင်ခဲ့တယ်။ နောက်ပိုင်းမှာ အသက်တာမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အတူ အပြန်အလှန်ဆက်ဆံရင်း၊ တာဝန်ထမ်းဆောင်ရင်းနဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခဲ့တယ်၊ တစ်ခါတလေ ကိုယ့်အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ကိစ္စတွေ ကြုံလာရင် လှည့်ဖြားချင်စိတ် ပေါ်လာပေမဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာ ညီအစ်ကိုမောင်နှမတွေကို အမှန်အတိုင်းပြောဖို့ပဲ ရွေးချယ်ခဲ့တယ်။ ကျွန်တော်နဲ့အတူ လက်တွဲလုပ်ဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးကို အမှန်အတိုင်း ပြောပြတဲ့အခါတိုင်း သူတို့က ကျွန်တော် ကောင်းကောင်းမလုပ်နိုင်လို့ဆိုပြီး ကျွန်တော့်ကို ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး။ အဲဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူတို့က ကျွန်တော့်ကို သတိပေးပြီး ကူညီခဲ့ကြတယ်၊ ကျွန်တော်နဲ့အတူ သမ္မာတရားစည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ပေးခဲ့ကြတယ်။ စိတ်ထဲမှာ ပေါ့ပါးပြီး လွတ်မြောက်သလို ခံစားရတယ်၊ အရင်တုန်းကလို မပင်ပန်းတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကြောင့်သာ ကျွန်တော် ကိုယ့်ရဲ့လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကို သိလာခဲ့တာပါ၊ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး အမှန်တရားကို ပြောရဲတာ၊ ဖွင့်ဟရဲတာက ရှက်စရာကိစ္စမဟုတ်ဘူးဆိုတာကိုလည်း နားလည်လာတယ်။ ပိုပြီး ဖွင့်ဟလေ၊ စိတ်ထဲမှာ ပိုပြီး သက်သာလွတ်မြောက်လေဆိုတာကို ကျွန်တော် တွေ့ကြုံခံစားခဲ့ရတယ်။ ဒီအကျိုးအမြတ်တွေကို ရခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ဦးဆောင်လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ့်ရှင်သန်မှုအတွက် ကြိုးပမ်းခြင်း၏ အကျိုးဆက်များ

ရှောင်ဝေ တရုတ်နိုင်ငံ ၂၀၁၉မှာ အစ်မကွမ်စင်းကို ကျွန်မတို့ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပြောင်းရွှေ့လိုက်တယ်။ ကျွန်မက သူနဲ့...

ရိုးသားစွာပြောဆိုခြင်းမှ ကျွန်မ ရရှိခဲ့သည့်အရာ

ချူးဂို အမေရိကန်နိုင်ငံ သိပ်မကြာခင်တုန်းက ဘုရားရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ညီမ ကြားခဲ့ရတယ်။ အဲဒီမှာပြောတာက “မျက်နှာလိုမျက်နှာရလုပ်ခြင်း၊...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံအလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။