တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ
မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်နေတုန်း ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးကို ကျွန်မ ကြီးကြပ်ပေးခဲ့တယ်၊ ဒါပေမဲ့ တစ်ခါတလေ အလုပ်များလာတဲ့အခါ ကျွန်မက အဲဒါကို ရွှေ့ဆိုင်းလိုက်တော့ လေ့လာရမယ့် ကျွမ်းကျင်မှုတွေကို မလေ့လာဖြစ်ခဲ့ဘူး။ ကြီးကြပ်ရေးမှူးက ဒီလမ်းလွဲခြင်းကို သတိထားမိပြီး ကျွန်မကို တိုက်တွန်းတယ်။ “ကျွမ်းကျင်မှုဆိုင်ရာ သင်ယူလေ့လာခြင်းတွေကို ဇွဲရှိရှိ ဆက်လုပ်ရမယ်၊ ဒါက လက်ရှိမှာ ကျွန်တော်တို့ အလိုအပ်ဆုံးအရာပဲ” တဲ့၊ ပြီးတော့ ကျွမ်းကျင်မှုတွေ လေ့လာခြင်းရဲ့ အရေးကြီးပုံအကြောင်းကိုလည်း သူက မိတ်သဟာယပြုခဲ့တယ်။ အဲဒီနောက် ကြီးကြပ်ရေးမှူးက ကျွန်မကို မေးတယ်။ “ခေါင်းဆောင်တွေက ကျွန်တော်တို့ကို ထောက်ပြခဲ့တဲ့ လမ်းလွဲခြင်းတွေနဲ့ ပြဿနာတစ်ခုချင်းစီကို အစ်မ စုစည်းပြီးပြီလား” တဲ့။ ကျွန်မ လန့်သွားပြီး တွေးလိုက်မိတယ်။ “ငါက အစပိုင်းမှာ နည်းနည်းပဲ စုစည်းလိုက်ပြီးတော့ နောက်ပိုင်းမှာ ရပ်လိုက်တာ။ ဒါပေမဲ့ အမှန်အတိုင်းပြောလိုက်ရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုထင်သွားမလဲ။ သူက၊ ‘ခင်ဗျားက ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးအတွက် တာဝန်ယူထားပြီးတော့ ကိုယ်တိုင်တောင် မလေ့လာချင်ဘူးပဲ’ လို့ ပြောမလား။ ပုံမှန်ဆို ကြီးကြပ်ရေးမှူးက ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ပြောပြီးတာနဲ့ ငါက သဘောတူပြီး ချက်ချင်းပဲ အလုပ်ကို တစိုက်မတ်မတ်လုပ်တော့ ငါက အလုပ်မှာ ယုံကြည်အားကိုးရတယ်၊ တည်ကြည်တယ်ဆိုပြီး အားလုံးက ထင်နေကြတာ။ ဒါပေမဲ့ ဒီအချက်အလက်တွေကို စုစည်းဖို့ မေ့သွားတယ်လို့ ငါပြောလိုက်ရင် ငါက တာဝန်မကျေပွန်ဆိုပြီး ကြီးကြပ်ရေးမှူးကို ထင်သွားစေမှာမဟုတ်ဘူးလား” လို့ပေါ့။ ဒါနဲ့ ကျွန်မ လိမ်လိုက်ပြီး “ဟုတ်ကဲ့၊ စုစည်းပြီးပါပြီ” လို့ ပြောလိုက်တယ်။ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရပြီး ကြီးကြပ်ရေးမှူးကို မော့တောင် မကြည့်ရဲဘူး။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရုတ်တရက် သတိရလိုက်တယ်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာစောင့်သိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ဤအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊ မည်သည့်အရာ၌မဆို ဘုရားသခင်အပေါ် လှည့်ဖြားခြင်းမရှိဘဲ အရာခပ်သိမ်း၌ ကိုယ်တော့် ထံ ပွင့်လင်းခြင်း၊ အဖြစ်မှန်များကို မည်သည့်အခါမျှ မဖုံးကွယ်ခြင်း၊ သင့်အထက်ရှိသူများကို လှည့်ဖြားရန် မကြိုးစားခြင်းနှင့် သင့်အောက်ရှိသူများထံမှ အမှုအရာများကို မဖုံးကွယ်ခြင်း၊ ဘုရားသခင်၏ မျက်နှာလိုမျက်နှာရလုပ်ရန်သာ ကြိုးပမ်းသည့်အရာများကို မလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ရိုးသားတဲ့လူတွေဟာ သူတို့ရဲ့ စကားတွေ၊ အပြုအမူတွေမှာ အမှန်တရားကို မုသားတွေနဲ့ မရောနှောဘူးဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားရှိပြီး သူတို့ရဲ့ အတွေးတွေကို ဘုရားသခင်နဲ့ တခြားသူတွေကို ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်ကြတယ်။ အဲဒီနောက် ကိုယ့်ရဲ့ အပြုအမူကို ပြန်စဉ်းစားမိတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မတို့ရဲ့ နည်းစနစ်ပိုင်းမှာရှိတဲ့ လမ်းလွဲခြင်းတွေနဲ့ ပြဿနာတွေကို စုစည်းပြီးပြီလားလို့ မေးတဲ့အခါ အမှန်တကယ်တော့ ကျွန်မက ဒီအရာတွေကို စုစည်းခါစပဲ ရှိသေးပြီး ကျန်တာတွေကို လုံးဝမစုစည်းရသေးပေမဲ့ အမှန်အတိုင်းပြောရင် ကိုယ့်ပုံရိပ်ကို ထိခိုက်မှာစိုးလို့ စုစည်းရမယ့်အချက်အလက်တွေကို စုစည်းပြီးပြီလို့ ကြီးကြပ်ရေးမှူးကို ပြောလိုက်တယ်။ ကျွန်မဟာ မရိုးသားဘဲ လိမ်နေခဲ့တာပဲ။ ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို စက်ဆုပ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ကြီးကြပ်ရေးမှူးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောလိုက်သင့်လား။ ဒါပေမဲ့ ဘယ်လို စပြောရမှာလဲ။ ငါသာ ဖွင့်ပြောလိုက်ရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုမြင်သွားမလဲ။ ဒီလို ဘာမဟုတ်တဲ့ကိစ္စလေးကိုတောင် လိမ်ရသလားလို့ သူပြောမလား။ မဟုတ်ဘူး၊ မဖြစ်ဘူး။ ငါ မပြောနိုင်ဘူး။ ပြောလိုက်ရင် ကိုယ့်ဘာသာကိုယ် အရှက်ခွဲသလို ဖြစ်သွားမှာပဲ” လို့ပေါ့။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ရုတ်တရက် ပြောတယ်၊ “ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ခင်ဗျား စုစည်းပြီးပြီ မဟုတ်လား။ ဒါဆို ဒီနေ့လယ် အဖွဲ့လိုက် လေ့လာတဲ့အစည်းအဝေး လုပ်ကြစို့” တဲ့။ ဒီလိုပြောပြီးတာနဲ့ သူထွက်သွားတယ်။ အမှန်တရား ပေါ်သွားပြီး ကိုယ့်ဟာနဲ့ကိုယ် အရှက်မကွဲရအောင် ကျွန်မ နေ့လယ်စာစားချိန်အတွင်းမှာ ဒီအချက်အလက်တွေကို တိတ်တိတ်လေး စုစည်းခဲ့ရပေမဲ့ ဒါက ကျွန်မ့စိတ်ထဲမှာ နေလို့မကောင်းဘူး ဖြစ်နေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေးမိတယ်။ “လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးတွင် ထိုသို့လုပ်ဆောင်လိုစိတ်မရှိဘဲ သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ဤသို့သောသူသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိပေမဲ့ ကျွန်မက ဆက်ပြီးလိမ်ညာလှည့်ဖြားနေခဲ့တော့ ကျွန်မ အရမ်းကို စိတ်သောကရောက်ခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်ချင်တယ်၊ ပြီးတော့ ကြီးကြပ်ရေးမှူးကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြချင်ပါတယ်” လို့ပေါ့။ ဒါနဲ့ ကျွန်မ ကြီးကြပ်ရေးမှူးကို အမှန်အတိုင်း ပြောပြလိုက်တယ်၊ ကျွန်မ အံ့ဩသွားတာကတော့ ကြီးကြပ်ရေးမှူးက ကျွန်မကို အပြစ်ဖော်မဆုံးမခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သဘောပေါက်လာတာက ကျွန်မရဲ့ နေ့စဉ်စကားပြောဆိုမှုတွေမှာ အမှန်တရားနဲ့ မုသားတွေကို ခဏခဏ ရောခဲ့တယ်ဆိုတာပါပဲ။ အကြိမ်တော်တော်များများမှာ ကြီးကြပ်ရေးမှူးက ကျွန်မ့အလုပ်အကြောင်း မေးမြန်းတဲ့အခါ ကျွန်မက အခြေအနေကို မလေ့လာရသေးတာ ဒါမှမဟုတ် မကြည့်ရသေးတာမျိုးတွေ ရှိပေမဲ့ အမှန်အတိုင်းပြောရင် ကြီးကြပ်ရေးမှူးက ကျွန်မကို အထင်သေးမှာစိုးလို့ လေ့လာနေတယ် ဒါမှမဟုတ် လုပ်ပြီးသွားပြီလို့ လိမ်ပြောဖြစ်တယ်။ ကျွန်မ ပိုပြီး စဉ်းစားလေလေ၊ ကိုယ်ဘယ်လောက်တောင် မုသားတွေ ပြောခဲ့မိလဲဆိုတာ ပိုပြီး သဘောပေါက်လာလေလေပဲ။
နောက်ပိုင်းမှာ ကျွန်မကို ပြင်းပြင်းထန်ထန် တို့ထိစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာထဲတွင် အဓိပ္ပာယ်မဲ့သော စကားကို မကြာခဏပြောပြီး မုသားဆိုသည့်အပြင် ပညာမဲ့သော၊ မိုက်မဲသော၊ ခုခံကာကွယ်သော အရာများကို ပြောတတ်ကြသည်။ ဤအရာအများစုကို မိမိတို့၏ ကိုယ်ပိုင်အတ္တကို ဖြည့်ဆည်းဖို့ရန် ဝင့်ဝါမှုနှင့် မာန်မာနအဖို့အလို့ငှာ ပြောခြင်းဖြစ်သည်။ ထိုကဲ့သို့သော ထွက်ဆိုချက်အမှားများက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်။ အကယ်၍ သင်သည် ဤဖောက်ပြန်ပျက်စီးသော လက္ခဏာများကို ဖြေရှင်းမည်ဆိုပါက သင်၏ စိတ်နှလုံးသည် သန့်စင်စေခြင်းခံရမည်ဖြစ်ပြီး သင်သည် တဖြည်းဖြည်းနှင့် ပို၍ စင်ကြယ်လာကာ ပို၍ ရိုးသားလာမည်ဖြစ်သည်။ အမှန်မှာမူ လူတို့အားလုံးက အဘယ့်ကြောင့် ၎င်းတို့လိမ်ပြောကြောင်းကို သိကြသည်။ တစ်ကိုယ်ရေ အကျိုးအမြတ်နှင့် မာန်မာနအလို့ငှာ၊ သို့မဟုတ် ဝင့်ဝါမှုနှင့် အဆင့်အတန်းအတွက် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ကြိုးစားပြီး သူတို့မဟုတ်သည့် အရာတစ်ခုအဖြစ် သူတို့ကိုယ်သူတို့ ပုံမှားရိုက်ကြသည်။ သို့ရာတွင် သူတို့၏ မုသားများမှာ နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရပြီး အခြားသူများ၏ ဖော်ထုတ်ခြင်းကို ခံရသည့်အပြင် သူတို့သည် မျက်နှာပျက်ခြင်းအပြင် ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ ဆုံးရှုံးခြင်းဖြင့် အဆုံးသတ်ရသည်။ ဤအရာအားလုံးကို လွန်ကဲသော မုသားပမာဏက ဖြစ်ပွားစေခြင်း ဖြစ်သည်။ သင်၏မုသားများက အလွန်များပြားလာပြီဖြစ်၏။ သင်ပြောသည့် စကားလုံးတိုင်းသည် ရောနှောခြင်းနှင့် ရိုးသားမှန်ကန်မှု မရှိသည့်အပြင် တစ်လုံးတစ်ပါဒကိုမျှ မှန်ကန်သည် သို့မဟုတ် ရိုးသားသည်ဟု ယူဆ၍မရပေ။ သင်သည် မုသားဆိုသောအခါ သိက္ခာကျသည်ဟု မခံစားရလင့်ကစား စိတ်ထဲ၌ သင်သည် အရှက်ရသွားလေသည်။ သင်၏ အသိတရားက သင့်ကို အပြစ်တင်ပြီး သင်သည် မိမိကိုယ်မိမိ အထင်သေးလျက် ‘ငါ အဘယ့်ကြောင့် ထိုမျှနုံချာသော ဘဝတစ်ခုကို အသက်ရှင်နေရသနည်း။ အမှန်တရားပြောရန် အလွန်ခက်ခဲသလော။ ငါ၏မာန်မာနအတွက် မုသားပြောခြင်းကို အားကိုးရမည်လော။ ငါ၏ဘဝသည် အဘယ့်ကြောင့် အလွန်ပင်ပန်းရသနည်း’ ဟု စဉ်းစားလေသည်။ သင်သည် ပင်ပန်းရသော ဘဝတစ်ခုကို အသက်ရှင်စရာ မလိုပေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်လျှင် စိတ်သက်သာရာရသော၊ လွတ်လပ်သော၊ ထို့ပြင် လွတ်မြောက်သော ဘဝဖြင့် အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို မုသားဆိုခြင်းဖြင့် ထိန်းသိမ်းရန် ရွေးချယ်မိပြီ ဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် မည်သူမပြု မိမိမှုဖြစ်သည့် အလွန်ပင်ပန်းပြီး အလွန်နာကျင်ရသော အသက်ရှင်ခြင်းဖြင့် နေထိုင်ရလေသည်။ မိမိသည် မုသားဆိုခြင်းဖြင့် မာန်မာနအသိကို ရကောင်းရနိုင်သော်လည်း ထိုမာန်မာနအသိမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနှစ်သာရကင်းမဲ့သော အရာတစ်ခုသာဖြစ်ပြီး လုံးလုံးလျားလျား အသုံးမကျချေ။ မုသားဆိုခြင်းဟူသည်မှာ လူတစ်ဦး၏ အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာတို့နှင့်သက်ဆိုင်သော ဇာတိရုပ်ပြခြင်းကို ဆိုလိုသည်။ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏ အကျင့်စာရိတ္တကို ပြောင်တလင်းခါစေကာ ယင်းက ဘုရားသခင်ကို သဘောမကျ ဖြစ်စေပြီး သူက ယင်းကို ရွံမုန်း၏။ ဤသည်မှာ လုပ်ရကျိုးနပ်သလော။ လုပ်ကျိုးမနပ်ချေ။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသော လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် စာတန်၏တန်ခိုးအောက်၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် အလင်းထဲ၌ အသက်မရှင်သည်သာမက ဘုရားသခင်၏ မျက်မှောက်တော်၌လည်း အသက်မရှင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) လူတစ်ယောက် လိမ်ညာတဲ့အခါ စိတ်ဆင်းရဲပြီး စိတ်နှလုံးထဲမှာ မလုံမလဲနဲ့ အပြစ်ရှိသလို ခံစားရပေမဲ့ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားကို ဘေးဖယ်မထားနိုင်တဲ့အတွက် စာတန်ရဲ့ကျော့ကွင်းမှာ သက်ဆင်းပြီး လိမ်ညာလှည့်ဖြားရင်း အသက်ရှင်နေကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်း နှစ်သက်တွယ်တာခဲ့တာကိုး။ ကြီးကြပ်ရေးမှူးက နည်းစနစ်ပိုင်းဆိုင်ရာ လမ်းလွဲခြင်းတွေကို အကျဉ်းချုံးပြီး စုစည်းခဲ့လားလို့ မေးတဲ့အခါ ကျွန်မ မလုပ်ထားတာ ရှင်းနေပေမဲ့၊ မလုပ်ထားဘူး ပြောလိုက်ရင် ကြီးကြပ်ရေးမှူးရဲ့ စိတ်ထဲမှာရှိတဲ့ ကျွန်မအပေါ်ထားတဲ့ အမြင်ကောင်းကို ထိခိုက်သွားမှာစိုးလို့ လုပ်ပြီးပြီလို့ လိမ်ပြောခဲ့တယ်။ ကျွန်မ လိမ်ညာလှည့်ဖြားနေခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ရိုးသားတဲ့လူတစ်ယောက်ဖြစ်အောင်၊ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြတတ်အောင် လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာလည်း ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ကျွန်မ ဘေးဖယ်မထားနိုင်ခဲ့သေးဘူး။ အမှန်တရားကို ထုတ်ဖော်လိုက်ရင် ကြီးကြပ်ရေးမှူးက ကျွန်မကို ပိုပြီး အထင်သေးသွားမှာကို ကြောက်တဲ့စိတ်နဲ့ ကိုယ့်ရဲ့ အသိစိတ်ထဲက အပြစ်တင်တဲ့ ခံစားချက်ကို လျစ်လျူရှုပြီး အဖြစ်မှန်တွေကို ဆက်ပြီး ဖုံးကွယ်ခဲ့တယ်။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် မျက်နှာပြောင်တိုက်ပြီး မုသားတွေ ပြောခဲ့တယ်၊ သမ္မာတရားကို ကောင်းကောင်းသိရက်နဲ့ လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ကျွန်မရဲ့ အပြုအမူကို ဘုရားသခင်က တကယ်ကို စက်ဆုပ်ရွံရှာပြီး မုန်းတီးခဲ့တာပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အန္တိခရစ်၏ လူ့သဘာဝသည် မရိုးသားပေ။ ယင်းမှာ ၎င်းတို့သည် အနည်းငယ်မျှပင် ရိုးသားဖြောင့်မတ်ခြင်းမရှိဟု ဆိုလိုသည်။ ၎င်းတို့ပြောဆိုသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် မသန့်စင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ ပန်းတိုင်များ ပါဝင်ပြီး ယင်း၌ ဖုံးကွယ်ထားသမျှမှာ ပြောမကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော လှည့်ကွက်များနှင့် အကြံအစည်များတို့ ဖြစ်လေသည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စကားများနှင့် လုပ်ရပ်များသည် ညစ်ညမ်းနေပြီး လိမ်ညာမှုများဖြင့် ပြည့်လွန်းနေသည်။ ၎င်းတို့ မည်မျှစကားပြောပါစေ ၎င်းတို့၏ မည်သည့်စကားက မှန်ပြီး မည်သည့်စကားကမှားသည်၊ မည်သည့်အရာက ဟုတ်သည်၊ မဟုတ်သည်ကိုသိရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မရိုးသားသည့်အပြင် ၎င်းတို့စိတ်များက အလွန်အမင်း ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ သစ္စာဖောက်သော အကြံအစည်များ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာကမျှ တည်ကြည်ခြင်း မရှိပေ။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်၊ နှစ်သည် နှစ်ဖြစ်သည်၊ ဟုတ်လျှင်ဟုတ်သည်။ မဟုတ်လျှင်မဟုတ်ဟု မပြောပေ။ ယင်းအစား အမှုကိစ္စအားလုံးတွင် အကျိုးဆက်တို့ကို တွက်ချက်လျက်၊ ရှုထောင့်တိုင်းမှနေ၍ ကောင်းသည့်အချက်များနှင့် ချွတ်ယွင်းချက်များကို ချိန်ဆလျက် ၎င်းတို့သည် ဝေ့ဝိုက်နေပြီး ၎င်းတို့စိတ်ထဲတွင် အမှုကိစ္စများကို အကြိမ်ရေအနည်းငယ် စဥ်းစားသည်။ ထို့နောက်တွင် ၎င်းတို့သည် အသုံးအနှုန်းများကို ပြုပြင်ပြောဆိုသဖြင့် ပြောသည့်အရာတိုင်းက အတော်လေး ကိုးရိုးကားယားဖြစ်ပုံပေါ်စေသည်။ ရိုးသားသောသူတို့သည် ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမလည်သကဲ့သို့၊ ၎င်းတို့ လိမ်လည်လှည့်စားသည်ကို အလွယ်တကူခံရသည်။ ပြီးလျှင် ဤသို့သောလူများနှင့်စကားပြောဆက်ဆံသော မည်သူမဆိုသည် အလွန်ပင် ပင်ပန်းမောပန်းသည့် အတွေ့အကြုံကိုရကြသည်။ ၎င်းတို့က တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်ဟု မည်သည့်အခါမျှ မပြောဆိုကြပေ။ ၎င်းတို့စဉ်းစားနေသည့်အရာကို မည်သည့်အခါမျှမပြောပေ။ အမှုအရာများကို မည်သည့်အခါမျှ အရှိအတိုင်း မဖော်ပြပေ။ ၎င်းတို့ပြောသမျှတိုင်းသည် နားလည်၍မရနိုင်သကဲ့သို့၊ ၎င်းတို့လုပ်ရပ်များ၏ ပန်းတိုင်နှင့် ရည်ရွယ်ချက်များသည် အလွန်ပင် ရှုပ်ထွေးသည်။ အမှန်တရားက ပေါက်ကြားသွားလျှင်၊ အခြားလူတို့က ၎င်းတို့ကို ရိပ်စားမိပြီး နားလည်လျှင် ဖြေရှင်းဖို့ရန်အတွက် အခြားမုသားတစ်ခုကို အမြန် လုပ်ကြံဖန်တီးကြသည်။ ဤသို့သောသူမျိုးသည် မကြာခဏ လိမ်ညာကြသည်။ လိမ်ညာပြီးနောက်တွင် ထိုလိမ်ညာမှုကို တည်တံ့စေရန်အတွက် ထပ်၍ လိမ်ညာပြောဆိုရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်အတွက် သူတစ်ပါးတို့ကို လှည့်စားပြီး ၎င်းတို့၏ မုသားများကို ပံ့ပိုးရန် မူမမှန်သောအကြောင်းပြချက်နှင့် ဆင်ခြေမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ဤသို့ဖြင့် မည်သည့်အရာက မှန်သည်၊ မှားသည်ကို ပြောရန် လူတို့အတွက် အလွန်ခက်ခဲသွားသည်။ ၎င်းတို့က မည်သည့်အချိန်တွင် မုသားပြောနေသည်ကို သိဖို့မဆိုထားနှင့်။ မည်သည့်အချိန်တွင် မှန်ကန်နေသည်ကိုပင် လူတို့ မသိကြပေ။ ၎င်းတို့ လိမ်ညာသောအခါ ၎င်းတို့သည် မျက်နှာနီသွားခြင်း၊ သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ အမှန်ကိုပြောနေသကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လိမ်ညာနေကျဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) အန္တိခရစ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေနဲ့ အမြဲတမ်း စကားပြောတယ်၊ အဲဒီစကားတွေထဲမှာ ပြောမထွက်အောင်ဆိုးတဲ့ အကြံအစည်တွေ ဖုံးကွယ်ထားတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကိစ္စ ကြီးကြီးငယ်ငယ်၊ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် စကားမပြောခင် သူတို့ရဲ့စိတ်ထဲမှာ စကားလုံးတွေ ကြိုစီထားပြီး ကိုယ့်အတွက် အကျိုးရှိစေမယ့် ဘယ်အရာကိုမဆို ပြောကြတယ်။ ဒါက အန္တိခရစ်တွေရဲ့ အနှစ်သာရဟာ အကျင့်ပါနေတဲ့ အလိမ်အညာသမားတွေ ဖြစ်တယ်ဆိုတာကို ပြနေတယ်။ ကျွန်မက အပြင်မှာရော အလုပ်မှာပါ ခဏခဏ လိမ်ညာခဲ့တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မ့အလုပ်အကြောင်း မေးတဲ့အခါ ကျွန်မ မလုပ်ရသေးတာ ရှင်းနေပေမဲ့ အမှန်အတိုင်းပြောရင် ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိခိုက်မှာစိုးလို့ လုပ်ပြီးပြီလို့ လိမ်ပြောခဲ့တယ်။ တစ်ခါတလေ အလုပ်က ဘယ်လိုရှိနေလဲဆိုတာကို ကျွန်မ အကျွမ်းတဝင်မရှိတဲ့အခါ ကြီးကြပ်ရေးမှူးက အလုပ်အခြေအနေကို ဆက်ပြီးလိုက်တဲ့အခါ အရင်တုန်းက လေ့လာထားတဲ့ အခြေအနေကိုပဲ လက်ရှိအခြေအနေအနေနဲ့ ကြီးကြပ်ရေးမှူးကို တင်ပြခဲ့တယ်။ ကျွန်မနဲ့ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်ကိုတွေ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးက ကိစ္စသေးသေးလေးတွေ မေးရင်တောင် လိမ်ညာလိုက်တာပဲ။ ကျွန်မဟာ ကိုယ့်ရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့တယ်၊ ဘာမှမပြောခင် ကိစ္စတွေကို ခေါင်းထဲမှာ အပြန်ပြန်အလှန်လှန် စဉ်းစားတယ်၊ လိမ်ပြီးတဲ့နောက်မှာလည်း လိမ်ညာထားတာတွေ ပေါ်သွားမှာကို ကြောက်ပြီး အသက်ရှင်နေရတော့ အဲဒါတွေကို ညက်နေအောင်လုပ်ပြီး ဖုံးကွယ်ဖို့ နည်းလမ်းတွေ အမြန်ရှာရတယ်။ လိမ်ညာမှုတစ်ခုပြီးတိုင်း ကိုယ့်ရဲ့ အရှက်ရစရာ အပြုအမူမျိုးစုံကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မဟာ အလင်းထဲမှာ မနေထိုင်နိုင်တဲ့ လှည့်ဖြားတတ်သူတစ်ယောက်ပဲဆိုတာ မြင်ခဲ့ရတယ်။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားတဲ့လူတွေဖြစ်ဖို့၊ အဖြစ်မှန်တွေအတိုင်း ပြောဆိုလုပ်ဆောင်ဖို့ တောင်းဆိုတယ်။ ကျွန်မတို့ရဲ့ စကားတွေဟာ အဖြစ်မှန်တွေနဲ့ ကိုက်ညီပြီး စိတ်နှလုံးထဲရှိတဲ့အတိုင်း ပြောသင့်တယ်။ ဒါပေမဲ့ အမြဲတမ်း လိမ်ညာလှည့်ဖြားနေတာက ကျွန်မ ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ သခင်ယေရှုပြောခဲ့တာကို ကျွန်မ သတိရလိုက်တယ်။ “သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) ကျွန်မ ထုတ်ဖော်နေခဲ့တာက နတ်ဆိုးဆန်တဲ့ စိတ်သဘောထားပဲ။ ဘုရားသခင်က အရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်။ ကျွန်မရဲ့ ဒီလိမ်ညာမှုတွေက လူတွေကို ခဏပဲ လှည့်စားလို့ရနိုင်ပြီး အနှေးနဲ့အမြန်ဆိုသလို ဖော်ထုတ်ခံရမှာပဲ။ ကျွန်မသာ နောင်တမရဘူးဆိုရင် အဲဒီအခါကျရင် ကိုယ့်ရဲ့ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာတွေ အလဟဿဖြစ်သွားတဲ့အချိန်မှာ ကျွန်မဟာ လုံးလုံးလျားလျား လိမ်ညာတတ်တဲ့သူတစ်ယောက် ဖြစ်သွားမှာပဲ။ အဲဒီနောက် သခင်ယေရှု ပြောခဲ့တာကို ကျွန်မ သတိရလိုက်တယ်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃) အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း ဒီလိုပြောတယ်။ “ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား ညစ်ညူးစေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးသော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ စိတ်နှလုံးရိုးသားတဲ့သူတွေသာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်တယ်။ ဘုရားသခင်ရဲ့ အမှုတော်အဆုံးမှာ ကျွန်မသာ မုသားစကားတွေပြောတဲ့သူ ဖြစ်နေသေးရင် နတ်ဆိုးတွေနဲ့ စာတန်တွေနဲ့အတူ သေချာပေါက် ဖျက်ဆီးခံရမှာပဲ။ ဘုရားသခင်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးနေတုန်းပဲ၊ ကျွန်မ ရိုးသားတဲ့လူတစ်ယောက်အနေနဲ့ လက်တွေ့လုပ်ဆောင်ရမယ်။
နောက်ပိုင်းမှာတော့ အလုပ်ထဲမှာ ပေါ်ပေါက်လာတဲ့ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ဘယ်လို မှန်မှန်ကန်ကန် ဖြေရှင်းရမလဲဆိုတာ နားလည်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “သင်သည် အမှားတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ယင်းကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လျှင်၊ ယင်းကို အခြားလူတိုင်းအား ပြောဆိုဆွေးနွေးခွင့်ပြုပြီး ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်ပေးခြင်း၊ ပိုင်းခြားသိမြင်ခြင်းကို ခွင့်ပြုလျှင်၊ ယင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာပြောဆိုနိုင်ပြီး စိစစ်နိုင်လျှင် သင့်အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ ဖွင့်ဟထားသောကြောင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့က ပြောလိမ့်မည်။ သင်၏ လုပ်ရပ်များ၊ အပြုအမူများမှတစ်ဆင့် သင့်စိတ်နှလုံးကို ၎င်းတို့ မြင်နိုင်လိမ့်မည်။ သို့သော် သင်သည် သင့်ကိုယ်သင် အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ကြိုးပမ်းလျှင် လူတို့သည် သင့်ကို အထင်အမြင်သေးလိမ့်မည်။ သင်သည် မိုက်မဲသောသူဖြစ်ပြီး ဉာဏ်မရှိသောသူတစ်ယောက်ဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) အလုပ်က ကောင်းကောင်းမပြီးတဲ့အခါ ဒါမှမဟုတ် အမှားလုပ်မိတဲ့အခါ ကိုယ့်ပြဿနာတွေကို မှန်မှန်ကန်ကန် သဘောထားသင့်တယ်၊ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြသင့်တယ်၊ ပြီးတော့ သူတို့ရဲ့ လမ်းပြမှုနဲ့ အကူအညီကို လက်ခံသင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်။ ဒါဟာ ပညာရှိတဲ့လူတစ်ယောက် လုပ်တဲ့အရာပဲ။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်မိတဲ့အခါ တခြားသူတွေက မေးလာရင် အမှန်အတိုင်းပြောလိုက်ရင် သူတို့က ကျွန်မကို အထင်သေးမှာပဲလို့ အမြဲတမ်း စိုးရိမ်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။ ဥပမာအနေနဲ့ ဒီလကိုပဲကြည့်ပါ၊ လူတိုင်းကို ကျွမ်းကျင်မှုတွေ လေ့လာအောင် ကျွန်မ ဦးမဆောင်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက သိသွားတဲ့အခါ သူက ကျွန်မကို အပြစ်မတင်ဘူး၊ အထင်လည်းမသေးဘူး။ အဲဒီအစား သူက ကျွန်မကို ကျွမ်းကျင်မှုတွေ လေ့လာခြင်းရဲ့ အရေးကြီးပုံအကြောင်း မိတ်သဟာယပြုပြီး စိတ်ရှည်ရှည်နဲ့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ထုတ်ဖော်လိုက်ရင် တခြားသူတွေက အထင်သေးမှာကို စိုးရိမ်ခဲ့တယ်။ အဖြစ်မှန်တွေက ကိုယ့်မျက်စိရှေ့မှာတင် ရှိနေတော့ ကျွန်မက အတွေးလွန်နေခဲ့ပြီး တကယ်ကို လှည့်ဖြားတတ်ခဲ့တာပဲလို့ မြင်လိုက်ရတယ်။ လူတိုင်းမှာ သူတို့ရဲ့ တာဝန်တွေမှာ အားနည်းချက်တွေ၊ ချို့တဲ့မှုတွေ ရှိကြတယ်၊ ဒါပေမဲ့ ကျွန်မသာ ဆက်ပြီး ဖုံးကွယ်၊ လိမ်ညာ၊ လှည့်ဖြားနေမယ်ဆိုရင်၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို တခြားသူတွေကို မြင်ခွင့်မပေးဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ လိမ်ညာလှည့်ဖြားမှုတွေကို ပိုင်းခြားသိမြင်လာပြီး ကျွန်မကို ဖော်ထုတ်၊ ပစ်ပယ်ကြမှာပဲ။ ဒါ့အပြင် တချို့လူတွေက ကျွန်မရဲ့ ပြဿနာတွေကို သိနှင့်ပြီးသားဖြစ်ဖို့များတယ်၊ ဒါကြောင့် တကယ်တမ်းမှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး အဖြစ်မှန်ကို မျက်ကွယ်ပြုနေတာပဲ။ ကျွန်မ လုပ်ရမှာက ကိုယ့်ရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ပြီး အလုပ်ထဲက ပြဿနာတွေကို အေးအေးဆေးဆေး ရင်ဆိုင်ဖို့ပဲ။ ဒီပြဿနာက ခဏတာ သတိမမူမိလို့ ဖြစ်သွားတာဆိုရင် အမြန်ဆုံး ပြန်လည်ပြင်ဆင်သင့်တယ်၊ တာဝန်မှာ ဝတ်ကျေတမ်းကျေ လုပ်တဲ့ကိစ္စဆိုရင်တော့ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိအောင်လုပ်သင့်တယ်။ ဒါဟာ ပညာရှိတဲ့လူတစ်ယောက် လုပ်တဲ့အရာပဲ။
ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး လိမ်ညာလှည့်ဖြားခြင်းရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့၏ လိမ်ညာမှုများနောက်ကွယ်တွင် မကြာခဏပင် ရည်ရွယ်ချက်များရှိတတ်သည်။ သို့သော် လိမ်ညာမှုအချို့၏ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်မျှမရှိသကဲ့သို့ တမင်သက်သက် စီစဉ်ထားခြင်းလည်းမရှိပေ။ ထိုအစား ယင်းတို့သည် အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့သော မုသားများသည် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် ခက်ခဲသော မုသားများမှာ နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိသော မုသားများဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤရည်ရွယ်ချက်များသည် လူတစ်ယောက်၏ သဘာဝမှ ထွက်ပေါ်လာပြီး စာတန်၏ လှည့်ကွက်ကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် လူတို့ တမင်ရွေးချယ်သော ရည်ရွယ်ချက်များဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်ကို ဆုတောင်းပြီး အမှီပြုသင့်သည်။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ သို့သော် လိမ်ညာခြင်းကို တစ်ကြိမ်တည်းနှင့် အပြီး ဖြေရှင်းမရနိုင်ပေ။ ရံဖန်ရံခါ ထပ်မံဖြစ်ပေါ်ခြင်းနှင့် များစွာ ထပ်မံဖြစ်ပေါ်ခြင်းပင် ရှိလိမ့်မည်။ ဤသည်မှာ ပုံမှန်အခြေအနေဖြစ်သည်။ သင်ပြောသည့် မုသားတစ်ခုချင်းစီတိုင်းကို သင်ဖြေရှင်းသရွေ့၊ ဤအရာကို အမီလိုက်ပြီး လုပ်ဆောင်သရွေ့ ထိုမုသားများအားလုံးကို သင်ဖြေရှင်းပြီးဖြစ်သည့် နေ့ရက်ကို ရောက်လာမည်ဖြစ်သည်။ လိမ်ညာမှုကို ဖြေရှင်းခြင်းသည် ရှည်လျားသော စစ်ပွဲဖြစ်သည်။ မုသားတစ်ခု ပွင့်အံထွက်လာသောအခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ နောက်ထပ် မုသားတစ်ခု ထွက်လာသောအခါ နောက်တစ်ဖန် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ ဘုရားသခင်အား သင် ဆုတောင်းလေလေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလေလေဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်ရန် သင် တောင့်တလေလေဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်သည် မုသားများကို စွန့်ပစ်ရန် အားအင်ရှိလိမ့်မည်။ ဤသို့သော အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်သည့် အချိန်တစ်ခု ကြာပြီးနောက်တွင် သင်၏ မုသားများသည် များစွာပို၍ နည်းပါးလာသည်ကိုလည်းကောင်း၊ သင်သည် များစွာပို၍ စိတ်အေးလက်အေး အသက်ရှင်ရသည်ကိုလည်းကောင်း၊ သင်သည် လိမ်ညာဖို့၊ သို့မဟုတ် သင်၏ မုသားများကို ဖုံးဖိဖို့ မလိုတော့သည်ကိုလည်းကောင်း မြင်နိုင်လိမ့်မည်။ သင်သည် တစ်ရက်ပြီးတစ်ရက် စကားများစွာ မပြောဆိုကောင်း မပြောဆိုနိုင်သော်လည်း စကားတိုင်းက စိတ်နှလုံးမှ လာမည်ဖြစ်ပြီး မှန်ကန်လိမ့်မည်။ မုသား အလွန်နည်းလိမ့်မည်။ ထိုသို့ အသက်ရှင်ခြင်းက မည်သို့ ခံစားရမည်နည်း။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းမည်မဟုတ်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို ဘောင်ခတ်မည်မဟုတ်ဘဲ သင်သည် ယင်း၏ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် အနည်းဆုံးအနေဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ ရလဒ်များကို စတင်မြင်တွေ့လိမ့်မည်။...စတင်၍ လက်တွေ့လုပ်ဆောင်သောအခါတွင် ရိုးသားသောစကားများကိုပြောပြီး မိမိကိုယ်ကို ဖွင့်ချပြပြီးနောက်တွင် အရှက်ရမည့်သူအချို့ရှိနိုင်သည်မှာ မှန်သည်။ သင်၏ မျက်နှာသည် နီမြန်းပြီး သင်သည် အရှက်ရလိမ့်မည်။ အခြားလူများက ရယ်မောလှောင်ပြောင်မည်ကို သင် ကြောက်ရွံ့လိမ့်မည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံဆုတောင်းပြီး သင့်အား ခွန်အားပေးရန် တောင်းဆိုခြင်းကိုသာ လုပ်ဆောင်ရမည်။ သင်က ‘အို ဘုရားသခင်၊ ကျွန်ုပ်သည် ရိုးသားသူတစ်ယောက်ဖြစ်လိုပါသည်။ သို့သော် ကျွန်ုပ်အမှန်အတိုင်းပြောသောအခါ လူတို့က ကျွန်ုပ်အား ရယ်မောလှောင်ပြောင်ကြမည်ကို ကျွန်ုပ်ကြောက်ရွံ့သည်။ ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်မှုမှ ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော့်အား ကျွန်ုပ်တောင်းဆိုပါသည်။ ကျွန်ုပ်အား ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေပါ။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းစေပါ’ ဟု ပြောလော့။ ဤသို့ သင်ဆုတောင်းသောအခါ သင်၏ စိတ်နှလုံးတွင် ပို၍ အားတက်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ ‘ဤအရာကို လက်တွေ့လုပ်ဆောင်ရသည်မှာ ကောင်းသည်။ ယနေ့ သမ္မာတရားကို ငါလက်တွေ့လုပ်ဆောင်ပြီးပြီ။ နောက်ဆုံးတွင် ငါသည် တစ်ကြိမ်တစ်ခါ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့သည်’ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် စတင်အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို တို့ထိပြီး ရိုးသားသောသူဖြစ်ခြင်းသည် မည်သို့ခံစားရသည်ဆိုသည်ကို သင့်ကို တွေ့ကြုံခံစားခွင့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်။ အစပိုင်းတွင် သင့်၌ လမ်းကြောင်းရှိမည်မဟုတ်ပေ။ သို့သော် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် လမ်းကြောင်းတစ်ခုကို သင်တွေ့လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်။ စကားပြောတဲ့အခါ ကိုယ့်ရဲ့ မာနနဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ လှည့်ဖြားချင်စိတ် ပေါ်လာရင် ချက်ချင်း ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ်တော့်ရဲ့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ဆန့်ကျင်ပုန်ကန်ပြီး ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းကို တောင်းခံသင့်တယ်။ ကိုယ်လိမ်ညာမိသွားတာ ဒါမှမဟုတ် အဖြစ်မှန်တွေကို ရောနှောပြောမိသွားတာကို တွေ့ရတဲ့အခါတွေမှာလည်း ဘုရားသခင်ဆီ ဆုတောင်းသင့်တယ်၊ ရိုးသားတဲ့လူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်ရဲ့ မာနကို ဘေးဖယ်ထားသင့်တယ်၊ ပြီးတော့ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း ဖော်ပြသင့်တယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း သတိရှိရှိ လက်တွေ့လုပ်ဆောင်ဖို့ စတင်ခဲ့တယ်။ တစ်ခါမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို အလုပ်တစ်ခု အကောင်အထည်ဖော်ခိုင်းပြီး အကြိမ်ကြိမ် သတိပေးခဲ့တယ်။ နောက်ပိုင်း ကြီးကြပ်ရေးမှူးက အကောင်အထည်ဖော်မှုအကြောင်း ကျွန်မကို မေးတဲ့အခါ ဒီအလုပ်ကို အကောင်အထည်ဖော်ဖို့ မေ့နေခဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ တွေးလိုက်တယ်၊ “ငါသာ အမှန်အတိုင်းပြောရင် ကြီးကြပ်ရေးမှူးက ငါ့ကို ဘယ်လိုများ ထင်သွားမလဲ။ ငါ့ကို အားကိုးလို့မရဘူး၊ ယုံကြည်လို့မရဘူးလို့ ပြောမှာမဟုတ်ဘူးလား။ ဒါမှမဟုတ် အကောင်အထည်ဖော်ပြီးပြီလို့ ပြောလိုက်ရင်ပဲ ကောင်းမလား” လို့ပေါ့။ ကျွန်မ လိမ်ဖို့ ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ ကိုယ်နောက်တစ်ခါ လှည့်ဖြားတော့မလို့ဆိုတာ သဘောပေါက်သွားတယ်၊ ဒါနဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ကြီးကြပ်ရေးမှူးက သမီးရဲ့အလုပ်အကြောင်း မေးနေတယ်၊ ပြီးတော့ သမီး ထပ် လိမ်ချင်နေပြန်ပါပြီ။ ဘုရားသခင်၊ သမီးရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ပြီး ညီအစ်ကိုမောင်နှမတွေကို လိမ်ညာပြီး မလှည့်ဖြားချင်တော့ပါဘူး။ သမီး ရိုးသားတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်ပါတယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ့်ရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်ပုန်ကန်ဖို့ စိတ်ပိုင်းဖြတ်မှုကို ပေးသနားဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ စိတ်အေးသွားပြီး ကြီးကြပ်ရေးမှူးကို အဲဒီအလုပ် အကောင်အထည်ဖော်ဖို့ မေ့သွားကြောင်း ပြောပြလိုက်တယ်။ ကြီးကြပ်ရေးမှူးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို မိတ်သဟာယပြုပြီး လမ်းပြမှု ပေးခဲ့တယ်၊ ဒါဟာ ကျွန်မအလုပ်ထဲက လမ်းလွဲခြင်းတစ်ခုပဲဆိုတာကို ကျွန်မလည်း သဘောပေါက်ပြီး ပြုပြင်ပြောင်းလဲချင်စိတ် ရှိခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မရဲ့ လိမ်ညာလှည့်ဖြားမှုနောက်ကွယ်က လှည့်ဖြားတတ်တဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ရရှိခဲ့တယ်၊ ပြီးတော့ ကိုယ့်ရဲ့ လိမ်ညာမှုကို ဖြေရှင်းပြီး ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတချို့ကိုလည်း ရှာတွေ့ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...
ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...
လိဂျီး ဂရိနိုင်ငံကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...
မက်ချူး ပြင်သစ်နိုင်ငံ တခြားညီအစ်ကိုမောင်နှမတွေနဲ့အတူ အစ်ကို့တာဝန်ကို ထမ်းဆောင်နေတုန်းမှာ လူတစ်ယောက်ရဲ့ အမှား ဒါမှမဟုတ်...