စုဝေးပွဲတစ်ခုအတွက် “ပြင်ဆင်ခြင်း”
ရှောင်လီ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပြီး၊ ရေလောင်းခြင်းအလုပ်ကို အဓိကတာဝန်ယူခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လတုန်းက အသင်းတော်တစ်ခုရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ ဒီအသင်းတော်ရဲ့ အလုပ်ရလဒ်တွေက တော်တော်လေး ညံ့တာပေါ့။ ကျွန်မ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားလုပ်ခဲ့ပေမဲ့ ဘာတိုးတက်မှုမှ မရှိသေးတော့ တကယ်ကို စိုးရိမ်သောကရောက်နေခဲ့တယ်။ တစ်နေ့မှာ ခေါင်းဆောင်တွေက အလုပ်ကို လာစစ်ဆေးဖို့ စုဝေးပွဲတစ်ခုကို လာမယ်လို့ကြားတော့ ကျွန်မ စိတ်ထဲမှာ အရမ်းစိတ်ထင့်သွားပြီး တွေးလိုက်မိတယ်၊ “အရင်တစ်ခေါက် ခေါင်းဆောင်တွေလာတုန်းက လူတွေကို ပျိုးထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါတို့နဲ့ မိတ်သဟာယပြုသွားခဲ့တာ၊ ဒါပေမဲ့ အခုထိ သင့်တော်တဲ့သူတစ်ယောက်မှ ငါရှာမတွေ့သေးဘူး။ ငါ လေ့ကျင့်နေတာ ဒီလောက်ကြာနေပေမဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်သေးဘူးဆိုတာကို ခေါင်းဆောင်တွေက မြင်သွားတဲ့အခါ ငါ့မှာ အလုပ်လုပ်နိုင်စွမ်းမရှိဘူးလို့ သူတို့ထင်သွားကြမလား။ တကယ်လို့သာ အဲဒီလိုဖြစ်သွားရင် သူတို့စိတ်ထဲမှာ ငါ့အပေါ် အကောင်းမြင်တော့မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီည အိပ်ဖို့ကြိုးစားနေတုန်း ခေါင်းဆောင်တွေ အလုပ်ကို လာစစ်ဆေးမယ်ဆိုတဲ့အကြောင်း စဉ်းစားမိလိုက်တိုင်း ကျွန်မစိတ်တွေက ငြိမ်မနေနိုင်ဘဲ တကယ်ကို ပူပန်နေခဲ့တယ်။
နောက်တစ်နေ့ ခေါင်းဆောင်တွေ အလုပ်ကို လာစစ်ဆေးတဲ့အခါမှာ အလုပ်ရလဒ်တွေ ညံ့ဖျင်းတာကို သူတို့မြင်ပြီး ကျွန်မက တကယ့်အလုပ်ကို မလုပ်နိုင်ဘူးလို့ ထင်သွားမှာကို ကျွန်မ ကြောက်မိတယ်။ ဒါကြောင့် သူတို့ ဘာမေးခွန်းမှ မမေးခင်မှာပဲ ဧဝံဂေလိအမှုဆောင်တွေကို ကျွန်မ ဘယ်လိုတာဝန်ပြန်ချထားတယ်ဆိုတာရယ်၊ ဧဝံဂေလိအလုပ်ကို ဘယ်လိုဆက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာရယ်ကို အမြန်ရှင်းပြလိုက်တယ်။ သူတို့က ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မ ရှောင်လင်းကို မေးခွန်းတချို့ မေးတဲ့အခါ ရှောင်လင်းက တချို့အချက်တွေကို ပြောဖို့ကျန်ခဲ့တာကို ကြားလိုက်တိုင်း ကျွန်မက သူကျန်ခဲ့တဲ့ဟာတိုင်းကို အမြန်ပဲ ကြားဖြတ်ပြီး ဖြည့်စွက်ပြောလိုက်တယ်၊ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းတချို့ရှိပြီး လက်တွေ့အလုပ်တချို့ လုပ်နိုင်တယ်ဆိုတာကို ခေါင်းဆောင်တွေကို ပြချင်တာပေါ့။ ဒီလို အပြန်အလှန်ပြောဆိုပြီးတဲ့နောက်မှာ ခေါင်းဆောင်တွေက ဘာမှမပြောတော့ ကျွန်မလည်း သက်ပြင်းချနိုင်သွားတယ်။ ခဏကြာတော့ ခေါင်းဆောင်တွေက ဧဝံဂေလိတရားဟောတဲ့နေရာမှာ လတ်တလော ဘယ်လို လမ်းလွဲမှုတွေနဲ့ အခက်အခဲတွေ ရှိခဲ့လဲလို့ ကျွန်မတို့ကို မေးတယ်။ ကျွန်မ စဉ်းစားလိုက်တယ်၊ “လတ်တလော ငါတာဝန်ယူထားတဲ့အလုပ်က အကျိုးမဖြစ်ထွန်းဘူး၊ ဒီတော့ ဘာကြောင့်လဲဆိုတာကို သူတို့ကူရှာပေးလို့ရအောင် ဒီအခြေအနေကို သူတို့ကို ပြောပြလိုက်ရင် ကောင်းမလား” ပေါ့။ ဒါပေမဲ့ နောက်တော့တွေးမိတယ်၊ “ငါသာ ဒီပြဿနာတွေကို ထုတ်ပြောလိုက်လို့ ငါ့တာဝန်တွေနဲ့ပတ်သက်တဲ့ တခြားပြဿနာတွေကိုပါ သူတို့ထပ်တွေ့သွားရင် ငါ့မှာ အလုပ်လုပ်နိုင်စွမ်းမရှိဘူးဆိုတာ ပိုပြီးတော့တောင်ရှင်းသွားမှာ မဟုတ်ဘူးလား။ အဲဒီလိုပြောလိုက်ရင် ကိုယ့်အရှက်ကိုယ်ခွဲတာပဲ ဖြစ်မှာပေါ့” လို့ပေါ့။ ဒီလိုစိတ်နဲ့ပဲ ကျွန်မက ပြောမယ့်စကားကို ပြန်မျိုချလိုက်တယ်။ နေ့လယ်ပိုင်းမှာတော့ ခေါင်းဆောင်တွေက “ဒီအလုပ်လုပ်ပြီးပြီ၊ ဟိုအလုပ်လုပ်ပြီးပြီလို့ အစ်မကပြောပြီး ဘာပြဿနာ၊ ဘာချို့ယွင်းချက်မှမရှိသလိုပုံစံမျိုးလုပ်တယ်၊ ဒါပေမဲ့ အလုပ်က ဘာရလဒ်မှ ရမနေသေးဘူး။ ဒီအတွက် အကြောင်းရင်းတွေကို အစ်မ ဆင်ခြင်သုံးသပ်သင့်တယ်” ဆိုပြီး ကျွန်မကို အမှန်ပြင်ပေးပြီး ပြုပြင်တယ်။ ခေါင်းဆောင်တွေ ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မလုံးဝ စိတ်မအေးနိုင်ဖြစ်နေပြီး အလုပ်ရဲ့ အခြေအနေမှန်ကို ထုတ်မပြောခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရမ်းအပြစ်တင်မိတယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လူများစွာမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ ပစ်ချခြင်းကိုသာ ခံလိုကြသည်။ မရိုးသားသောသူများ အတွက် ငါ၌ အခြားကုစားမှုတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ကျွန်မရဲ့တာဝန်မှာ အခက်အခဲတွေရှိနေတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ ခေါင်းဆောင်တွေ စုဝေးပွဲကို လာတဲ့အခါမှာတော့ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းမရှိတာကို ဖော်ထုတ်ခံရမှာနဲ့ သိက္ခာကျမှာကို ကြောက်လို့ ကျွန်မ ထုတ်မပြောခဲ့ဘူး။ ဒါကြောင့် အခက်အခဲတွေက မပြေလည်ဘဲ အလုပ်ကို ထိခိုက်ခဲ့တယ်။ ဒီသဘာဝက တော်တော်လေးကို ဆိုးရွားတယ်လို့ ကျွန်မ ခံစားရတယ်။ ကျွန်မက တခြားလူတွေကိုရော ဘုရားသခင်ကိုပါ လိမ်လည်လှည့်ဖြားနေတာပဲ။ ကျွန်မရဲ့ နှလုံးသားထဲမှာ မီးလောင်နေသလိုမျိုး ပူလောင်ပြီး ခံရခက်နေတယ်။
အဲဒီနောက်မှာ ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည်။ ၎င်းတို့သည် ရိုးသားသည့် စိတ်နှလုံး၊ သမ္မာတရားကို ချစ်သည့် စိတ်နှလုံး သို့မဟုတ် အပြုသဘောဆောင်သည့် အရာများအတွက် ချစ်ခြင်းစိတ်နှလုံး မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် မှောင်မိုက်သည့် ချောင်များတွင် မကြာခဏ အသက်ရှင်နေကြသည်။ ရိုးသားသည့် သဘောထားဖြင့် မပြုမူကြ၊ မှန်ကန်စွာ ပြောဆိုခြင်းမရှိကြသကဲ့သို့ အခြားသူများအပေါ်ကိုရော၊ ဘုရားသခင်အပေါ်ကိုပါ ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်သည့် စိတ်နှလုံးများ ထားရှိကြသည်။ ၎င်းတို့သည် အခြားသူတို့ကို လှည့်ဖြားချင်ကြပြီး ဘုရားသခင်ကိုလည်း လှည့်ဖြားချင်ကြသည်။ ဘုရားသခင်၏ စေ့စေ့ကြည့်ရှုစစ်ဆေးခြင်းကို မဆိုထားနှင့်၊ အခြားသူတို့၏ ကြီးကြပ်မှုကို ၎င်းတို့ လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် အခြားသူတို့ထဲတွင် ရှိသည့်အခါ စိတ်ထဲတွင် ၎င်းတို့ မည်သည့်အရာ စဉ်းစားနေပြီး စီစဉ်နေသည်၊ ၎င်းတို့က မည်သည့်လူစားမျိုးဖြစ်ပြီး သမ္မာတရားအပေါ် မည်သည့် သဘောထား ထားရှိကြသည် စသည်တို့ကို မည်သူ့ကိုမျှ လုံးဝ မသိစေချင်ကြပေ။ ၎င်းတို့သည် အခြားသူတို့အား ဤအရာတစ်ခုတလေကိုမျှ မသိရှိစေချင်ကြသကဲ့သို့ ဘုရားသခင်ကိုလည်း လှည့်စားချင်ကြသည်၊ သူ့ကို ဘာမျှမသိဘဲနေစေချင်ကြသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက အဆင့်အတန်းမရှိသည့်အခါ၊ လူတစ်စုတွင် အခြေအနေကို ကြိုးကိုင်ညွှန်ကြားဖို့ အခွင့်အလမ်းများ ၎င်းတို့တွင် မရှိသည့်အခါ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များ နောက်ကွယ်တွင် မည်သည့်အရာ တည်ရှိနေသည်ကို မည်သူမျှ အမှန်တကယ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူတို့က ‘၎င်းတို့သည် နေ့စဉ် မည်သည့်အရာအကြောင်းကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု နောက်ကွယ်တွင် ကြံရွယ်ချက်တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေကြသလော။ အခြားသူတို့အပေါ် မနာလိုမှု သို့မဟုတ် အမုန်းတရား တစ်ခုတလေကို ၎င်းတို့ ခံစားကြသလော။ ၎င်းတို့သည် အခြားသူတို့အပေါ် အမြင်စောင်းမှုများ တစ်ခုတလေ ရှိကြသလော။ အခြားသူတို့ ပြောသည့်အရာအပေါ် ၎င်းတို့၏ အမြင်များက မည်သည့်အရာများ ဖြစ်သနည်း။ အချို့သောအရာများကို ၎င်းတို့ ကြုံရသည့်အခါ မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း’ဟု တွေးကြလေသည်။ အန္တိခရစ်များသည် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်ကို အခြားသူတို့အား လုံးဝ သိခွင့်မပေးကြပေ။ ၎င်းတို့သည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့၏ အယူအဆအကြောင်းကို စကားအနည်းငယ်ဖြင့် အမှန်ဖော်ပြကြလျှင်ပင် ထိုစကားများက မရေမရာဖြစ်ပြီး မပြတ်မသားဖြစ်နေလိမ့်မည်။ ၎င်းတို့သည် အခြားသူတို့အား ပြင်းပြင်းထန်ထန် စဉ်းစားသွားစေလျက် ၎င်းတို့က မည်သည့်အရာ ပေးသိဖို့ ကြိုးစားနေကြသည်ကို မခွဲခြားနိုင်ရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာ ပြောချင်သည် သို့မဟုတ် မည်သည့်အရာ ဖော်ပြရန် ကြိုးစားနေကြသည်ကို မသိရှိရန်အလို့ငှာလည်းကောင်း လှည့်ပတ်ပြောဆိုကြလေသည်။ ထိုသို့သော တစ်စုံတစ်ဦးက အဆင့်အတန်းရရှိသွားသည့်နောက် အခြားလူတို့ အနီးဝန်းကျင်တွင် ၎င်းတို့၏ အပြုအမူမှာ သာ၍ပင် ခိုးကြောင်ခိုးဝှက်ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များ၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ ပုံရိပ်နှင့် မိမိတို့၏ နာမည်၊ မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ စသည်တို့ကို ကာကွယ်ချင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံ သို့မဟုတ် အမှုအရာများ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်များနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း မပြောချင်ကြပေ။ ၎င်းတို့အနေဖြင့် အမှားတစ်ခုကို ပြုလုပ်မိသည့်အခါတွင်ပင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြမိသည့်အခါတွင်ပင် သို့မဟုတ် ၎င်းတို့ လုပ်ရပ်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များက မှားယွင်းသည့်အခါတွင်ပင် ၎င်းတို့သည် မဖွင့်ဟချင်ကြသကဲ့သို့ ထိုအကြောင်းကို အခြားသူတို့အား သိခွင့်မပေးချင်ကြသည့်အပြင် ညီအစ်ကို မောင်နှမများကို လှည့်စားဖို့အတွက် အပြစ်ကင်းပြီး စုံလင်သည့် အသွင်အပြင်ကို အမြဲထားရှိကြသည်။ အထက်နှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်နှင့် ပတ်သက်၍လည်းကောင်း ၎င်းတို့သည် နားကြားကောင်းသည့် အရာများကိုသာ ပြောဆိုကြပြီး အထက်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် လှည့်ဖြားတတ်သည့် နည်းစနစ်များနှင့် အလိမ်အညာများကို မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ အထက်ကို အစီရင်ခံပြီး အထက်ကို စကားပြောသည့်အခါ ၎င်းတို့၏ အားနည်းချက်တစ်ခုတလေကိုမျှ မည်သူမျှ မသိရှိနိုင်ရန်အလို့ငှာ မကောင်းသည့် မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ မပြောကြပေ။ ၎င်းတို့သည် အောက်ပိုင်းအဆင့်များတွင် ၎င်းတို့ လုပ်ဆောင်ပြီးသည့်အရာကိုဖြစ်စေ၊ အသင်းတော်တွင် ဖြစ်ပေါ်သည့် ပြဿနာများ တစ်ခုတလေကိုမျှဖြစ်စေ၊ ၎င်းတို့အလုပ်တွင်ရှိသည့် ပြဿနာများ သို့မဟုတ် အပြစ်အနာအဆာများကိုဖြစ်စေ၊ ၎င်းတို့ နားမလည်နိုင် သို့မဟုတ် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အရာများကိုဖြစ်စေ လုံးဝ ထုတ်ပြောကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤကိစ္စများနှင့်ပတ်သက်၍ အထက်ကို မည်သည့်အခါမျှ မမေးမြန်းဘဲ သို့မဟုတ် မရှာဖွေဘဲ ထိုအစား ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်နိုင်သည့်၊ ၎င်းတို့၏ အလုပ်ကို လုံးလုံးလျားလျား တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိသည့် ပုံရိပ်တစ်ခုနှင့် အသွင်အပြင်တစ်ခုကိုသာ ပြသလေသည်။ ၎င်းတို့သည် အသင်းတော်တွင် တည်ရှိသည့် မည်သည့်ပြဿနာများကိုမဆို အထက်သို့ အစီရင်မခံကြသကဲ့သို့ အသင်းတော်တွင် အမှုအရာများက မည်သို့ ပရမ်းပတာဖြစ်နေသည်ဖြစ်စေ၊ ၎င်းတို့အလုပ်တွင် ဖြစ်ပေါ်သည့် အပြစ်အနာအဆာများ၏ အတိုင်းအတာ မည်သို့ဖြစ်စေ၊ သို့မဟုတ် အောက်ပိုင်းအဆင့်များတွင် ၎င်းတို့ အတိအကျ မည်သည့်အရာ လုပ်ဆောင်ကြပြီးသည်ဖြစ်စေ ဤအရာအားလုံးနှင့်ပတ်သက်၍ အထက်အား မတော်တဆ ကြားခွင့်မပေးရန် သို့မဟုတ် မည်သည့်သတင်းကိုမျှ ကြားခွင့်မပေးရန် ကြိုးပမ်းရင်း၊ ပကတိအခြေအနေကို ဖုံးကွယ်ရန် အားထုတ်မှုတစ်ခုအနေဖြင့် ဤကိစ္စရပ်များနှင့် ဆက်စပ်သည့် လူများ သို့မဟုတ် ၎င်းတို့အကြောင်း အမှန်တရားကို သိရှိသည့်လူများအား ဝေးကွာသော နေရာများကို ပြောင်းရွှေ့သည်အထိပင် လုပ်ဆောင်ရင်း ထိုအရာအားလုံးကို ထပ်တလဲလဲ ဖုံးဖိကြလေသည်။ ဤသည်တို့မှာ မည်သည့် အလေ့အထများ ဖြစ်သနည်း။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားသည့် လူတစ်ဦး ရှိသင့်သည့် သရုပ်သကန်မျိုး ဖြစ်သလော။ အလွန် သိသာစွာပင် မဟုတ်ပေ။ ဤသည်မှာ မကောင်းဆိုးဝါးတစ်ကောင်၏ အပြုအမူ ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် ဘုရားသခင်ထံမှ ဤအမှုအရာများကို ထိမ်ချန်ထားရင်း မိမိတို့၏ အဆင့်အတန်း သို့မဟုတ် နာမည်ဂုဏ်သတင်းအပေါ် သက်ရောက်မှုတစ်ခု ရှိနိုင်မည့် မည်သည့်အရာကိုမဆို ဖုံးကွယ်ရန်၊ ဖုံးဖိရန် အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထက်နှင့် အောက်တွင်ရှိသူများကို လှည့်ဖြားခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁) ဘုရားနှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေဟာ ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားတတ်တယ်ဆိုတာကို ကျွန်မ သိမြင်ခဲ့တယ်။ သူတို့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူတို့ရဲ့တာဝန်တွေမှာ ဘယ်လိုပြဿနာ၊ အခက်အခဲတွေပဲရှိရှိ၊ ဘယ်လောက်ပဲ ဆုံးရှုံးမှုတွေ ဖြစ်စေဖြစ်စေ၊ အဲဒါတွေကို ဖုံးကွယ်ဖို့ တခြားသူတွေကို လှည့်ဖြားပြီး သူတို့အလုပ်မှာ သူတို့က အရည်အချင်းရှိသလို ဟန်ဆောင်ကြတယ်။ ဒီအပြုအမူဟာ အထက်ကိုရော အောက်ကိုပါ လှည့်ဖြားဖို့ ကြိုးစားတဲ့ မကောင်းဆိုးဝါးဆန်တဲ့ လုပ်ရပ်ပဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မတာဝန်ယူထားတဲ့အလုပ်ရဲ့ ထိရောက်မှုက ညံ့ဖျင်းနေတယ်ဆိုတဲ့အချက်၊ လူတွေကို ပျိုးထောင်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့အချက်ကို ကျွန်မ ကောင်းကောင်းသိနေတာပဲ။ ခေါင်းဆောင်တွေ စုဝေးပွဲကို လာတဲ့အခါ ဒါကိုထုတ်ပြောပြီး သူတို့ကို ကူညီဖြေရှင်းခိုင်းသင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းမရှိဘူးလို့ သူတို့ထင်သွားမှာရယ်၊ သူတို့အမြင်မှာ ကျွန်မရဲ့ပုံရိပ်ကောင်းတွေ ပျက်စီးသွားမှာရယ်ကို ကျွန်မ ကြောက်ခဲ့တယ်။ အလုပ်ကို သူတို့ စစ်ဆေးတာကို စောင့်မနေဘဲ အလုပ်ကို နောက်ဆက်တွဲ ဆက်လုပ်ဖို့ ကျွန်မ ဘယ်လိုကြိုးစားအားထုတ်ခဲ့တယ်ဆိုတာကို အလောတကြီး ထုတ်ပြောခဲ့တယ်၊ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းရှိတယ်၊ တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ သူတို့မြင်စေချင်တာပေါ့။ အဲဒီလိုနဲ့ ညံ့ဖျင်းတဲ့ရလဒ်တွေက ကျွန်မရဲ့တာဝန်မဟုတ်သလို ဖြစ်သွားအောင် လုပ်ခဲ့တာပေါ့။ ခေါင်းဆောင်တွေက ဧဝံဂေလိအလုပ် ဘယ်လိုအခြေအနေရှိလဲဆိုတာကို လာစစ်ဆေးတဲ့အခါမှာ တတ်နိုင်သမျှ အမြန်ဆုံး အခက်အခဲတွေကို ထုတ်ပြောပြီး အဖြေကို ရှာသင့်တယ်ဆိုတာကို ကျွန်မ ကောင်းကောင်းသိပေမဲ့ ကိုယ့်တာဝန်ထဲက လမ်းလွဲမှုတွေ၊ အားနည်းချက်တွေကို ဖော်ထုတ်ခံရမှာနဲ့ သိက္ခာနဲ့ အဆင့်အတန်းတွေ ဆုံးရှုံးမှာကို ကြောက်လို့ ပါးစပ်ပိတ်နေခဲ့တယ်။ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက ညံ့တယ်၊ တာဝန်တွေမှာလည်း ပြဿနာတွေ အများကြီးရှိတယ်၊ အသင်းတော်အလုပ်ကလည်း ဆုံးရှုံးမှုတွေ ဖြစ်ပြီးနေပြီ၊ ဒါပေမဲ့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မက အလုပ်မှာ အရည်အချင်းရှိတယ်လို့ သူများတွေမြင်အောင် ကျွန်မ ကြိုးစားခဲ့တယ်။ အန္တိခရစ်တွေက ဘယ်လိုအမှားတွေ၊ မကောင်းမှုတွေပဲ လုပ်လုပ်၊ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဖုံးကွယ်ဖို့၊ လှည့်ဖြားဖို့ ဘာမဆိုလုပ်ကြမှာပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အရေးစိုက်မှာမဟုတ်ဘူး။ ကျွန်မက တကယ့်အလုပ်ကို မလုပ်နိုင်ဘူးဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ လိမ်ညာလှည့်ဖြားနေခဲ့တာ၊ ဒါဆိုရင် ကျွန်မနဲ့ အန္တိခရစ်နဲ့ ဘာများကွာခြားသေးလို့လဲ။ ဒီအကြောင်းကို စဉ်းစားမိတော့ ကျွန်မ အရမ်းနောင်တရသွားတယ်၊ ဒါနဲ့ ကျွန်မရဲ့ လတ်တလော အခြေအနေနဲ့ ကိုယ့်တာဝန်တွေမှာ ရလဒ်မရှိတဲ့အကြောင်းကို ခေါင်းဆောင်တွေဆီ အမြန်စာရေးအကြောင်းကြားလိုက်တယ်။ ခေါင်းဆောင်တွေက ဒါကို နားလည်သွားပြီးတဲ့နောက်မှာ ကျွန်မရဲ့ လှည့်ဖြားမှုအတွက် ကျွန်မကို ပြုပြင်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့လည်း လမ်းညွှန်ပေးခဲ့ပြီး အလုပ်မှာ ထိရောက်မှုမရှိရတဲ့ အကြောင်းရင်းတွေကို ရှာတွေ့အောင် ကူညီပေးခဲ့တယ်။ ကျွန်မက အလုပ်မှာ ဆောင်ပုဒ်တွေပဲ ရေရွတ်နေတာတွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းဖို့ မိတ်သဟာယ မဖွဲ့ပေးခဲ့တာတွေ၊ ပြီးတော့ လက်တွေ့ကျတဲ့ လမ်းခရီးကိုလည်း ညွှန်ပြဖို့ ပျက်ကွက်ခဲ့တာတွေကို သူတို့တွေ့ခဲ့တယ်။ ကိုယ့်ပြဿနာတွေကို ရှာတွေ့သွားတော့ ကျွန်မစိတ်နှလုံးက တော်တော်လေး လင်းသွားတယ်။
အဲဒီနောက်မှာ ကျွန်မက ရိုးသားသူတစ်ယောက်ဖြစ်ဖို့ သတိရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ခဲ့တယ်၊ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုကို ခံနေရတုန်းပဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ တစ်ခါမှာ ခေါင်းဆောင်တွေ စုဝေးပွဲကို လာတဲ့အခါ အစွမ်းအစ တော်တော်ကောင်းတဲ့ ဧဝံဂေလိ အမှုဆောင်တစ်ယောက်ရှိတာကို ကျွန်မ အမှတ်ရမိတယ်။ ဒါပေမဲ့ သူက ကိုယ့်သဘောအတိုင်း အလုပ်လုပ်ပြီး စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ အာရုံမစိုက်ဘူး။ ကျွန်မ သူနဲ့ သုံးလေးကြိမ် မိတ်သဟာယပြုခဲ့ပေမဲ့ ဘာတိုးတက်မှုမှ မတွေ့ခဲ့ဘူး။ ဒါနဲ့ ဒီကိစ္စကို ခေါင်းဆောင်တွေဆီ တင်ပြပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ရှာဖွေသင့်တယ်လို့ ကျွန်မ တွေးလိုက်တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ခေါင်းဆောင်တွေကသာ ငါ့ရဲ့အားနည်းချက်တွေကို တွေ့သွားရင် ငါ့ရဲ့အလုပ်လုပ်နိုင်စွမ်းက ညံ့တယ်လို့ ပြောကြမလား။ ဒါဆိုရင် ရှက်ဖို့ကောင်းမှာပဲ။ ပါးစပ်ပိတ်ထားလိုက်သင့်တယ်ထင်တယ်” ပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ကျရှုံးမှုကနေ ကျွန်မ သင်ယူခဲ့ရတဲ့ သင်ခန်းစာကို ကျွန်မ ပြန်သတိရလိုက်တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း တွေးမိတယ်။ “သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ အားနည်းချက်များနှင့် လမ်းလွဲခြင်းများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်အရင်းခံ အကြောင်းများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ခြေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကို အာရုံပြုရင်း ကျွန်မက ကိုယ့်ရဲ့သိက္ခာနဲ့ အဆင့်အတန်းကို အလေးထားလွန်းတယ်၊ ဒါကြောင့်ပဲ လှည့်ဖြားတတ်တဲ့ အပြုအမူတွေ လုပ်မိပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အရာတွေ လုပ်မိသွားတာဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒီလိုနဲ့ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းကို လိုက်နေတာပဲ။ အဲဒီနောက်မှာတော့ ကျွန်မ အကူအညီတောင်းချင်တဲ့ ပြဿနာတွေကို ထုတ်ပြောလိုက်တယ်။ ခေါင်းဆောင်တွေက ကျွန်မက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနေတာမဟုတ်ဘဲ သူများတွေကို ဩဝါဒပေးဖို့ ကိုယ့်ရာထူးကို အသုံးချနေတာပဲဆိုတာကို တွေ့သွားတယ်။ ဒါက လူတွေကို ဘောင်ခတ်နေတာ ဖြစ်ပြီးတော့ သူတို့ရဲ့ တာဝန်တွေမှာ လမ်းကြောင်းမရှိတော့ဘူး။ ခေါင်းဆောင်တွေက ဒီပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မ မျက်နှာကြီး ပူထူသွားပြီး၊ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “အခု သူတို့ ငါ့ကို ဘယ်လိုထင်သွားကြမလဲ။ ငါ့မှာ လူ့သဘာဝမရှိဘူးလို့ ထင်သွားကြမလား။ တကယ်ကို အရှက်ရစရာကြီးပဲ” လို့ပေါ့။ ကျွန်မ အမှန်တရားကို ထုတ်ပြောမိတာကို နောင်တရစပြုလာတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ဒီအကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့က ထုတ်ပြောရခြင်းရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား။ ငါသာ ကိုယ့်သိက္ခာကြောင့် ဘောင်ခတ်ခံရပြီး ဒီအရာတွေကို လက်ခံချင်စိတ်မရှိဘူးဆိုရင် ပြဿနာတွေက ဘယ်လိုလုပ် ပြေလည်နိုင်မှာလဲ” လို့ပေါ့။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ဖို့၊ လက်ခံပြီး ကျိုးနွံနာခံနိုင်ဖို့အတွက် ကူညီပေးဖို့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ ဒီဧဝံဂေလိအမှုဆောင်တစ်ယောက်တည်းအပေါ်မှာ မဟုတ်ဘဲ တခြားသူတွေအပေါ်မှာလည်း ကျွန်မ ဒီလိုအပြုအမူမျိုး ပြုမူခဲ့တယ်ဆိုတာကို ကျွန်မ ပြန်သတိရလိုက်တယ်။ သူတို့ရဲ့ တာဝန်တွေမှာ ထိရောက်မှုညံ့ဖျင်းတာကို မြင်တဲ့အခါ ကျွန်မက ကိုယ့်ရဲ့ဘယ်အလုပ်တွေကို ကောင်းကောင်းမလုပ်ခဲ့ဘူးလဲဆိုတာကို ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး၊ သူတို့ရဲ့အခက်အခဲတွေကိုလည်း စူးစမ်းမကြည့်ဘဲ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ထိခိုက်တယ်လို့ ခံစားရပြီး သူတို့ကို ဆူပူကြိမ်းမောင်းခဲ့တယ်။ ဒါက သူတို့ကို ကူညီဖို့ ပျက်ကွက်ခဲ့တဲ့အပြင် သူတို့ကို ဘောင်ခတ်သလိုတောင် ဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ညီအစ်ကိုမောင်နှမတွေကို အမြန်တောင်းပန်ပြီး ကျွန်မရဲ့အခြေအနေကို မိတ်သဟာယပြုဖို့အတွက် စိတ်နှလုံးကို ဖွင့်ဟခဲ့တယ်။ ဧဝံဂေလိအမှုဆောင်တွေရဲ့ အခြေအနေက နည်းနည်း တိုးတက်လာပြီး သူတို့ရဲ့ အားနည်းချက်တွေကိုလည်း သူတို့သိမြင်လာကြတယ်၊ ပြီးတော့ တိုးတက်ဖို့အတွက် ကြိုးစားလိုစိတ်လည်း ရှိလာကြတယ်။ နောက်ပိုင်းမှာ အလုပ်တွေကို နောက်ဆက်တွဲဆက်လုပ်တဲ့အခါမှာ ကျွန်မက စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကောင်းတွေ ပိုပြီးပေးနိုင်ဖို့ အာရုံစိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်ဆောင်ပြီး ခေါင်းဆောင်တွေရှေ့မှာ ပွင့်ပွင့်လင်းလင်းပြောရတာက မျက်နှာနည်းနည်းပူရပေမဲ့၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မရဲ့ပြဿနာတွေကို သိမြင်ပြီး အချိန်မီ ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်၊ ဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုနဲ့ တာဝန်တွေအတွက် အကျိုးရှိခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မက “ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်ဆောင်တာက ဘုရားသခင်ရဲ့ တောင်းဆိုချက်ဖြစ်တယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သိနေရဲ့သားနဲ့ ဘာဖြစ်လို့ တခြားသူတွေက အထင်သေးမှာကို အမြဲကြောက်ပြီး ရိုးသားသူတစ်ယောက်အနေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ စိတ်မပါဖြစ်နေရတာလဲ” ဆိုပြီးတော့လည်း တွေးမိတယ်။ ကျွန်မ လမ်းပြမှုရဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ မိသားစုက စိတ်ထဲစွဲနေအောင် သွတ်သွင်းခဲ့တဲ့ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ ဆိုစကားကို ဘုရားသခင်က မိတ်သဟာယမှာ စိစစ်ခဲ့တာကို ကျွန်မ သတိရလိုက်တယ်။ ဒါနဲ့ အဲဒါကို ဖတ်ဖို့ ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော ဆိုရိုးသည် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သောဘက်ကို အသက်ရှင်နေထိုင်ရန်နှင့် မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်ခြင်းအစား ၎င်းတို့ကို အကောင်းမြင်စေသည့် အမှုအရာများကို ပိုမိုလုပ်ဆောင်ရန် အရေးထားစေဖို့နှင့် ၎င်းတို့ကို လေးစားဖွယ်မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမရှိသော ဘဝဖြင့် နေထိုင်ခြင်းမှ တားဆီးဖို့ ရည်ရွယ်သည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ လူတစ်ဦး၏ ပုံရိပ်ကို ပြောင်မြောက်စေရန်အတွက်၊ လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး သိက္ခာရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော အတွေးအခေါ်များ၊ မိမိလုပ်ဆောင်ခဲ့သော အမှားများ၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ကဏ္ဍများနှင့် အခြားအရာများကို ဘုရားသခင်ထံ ထုတ်ဖော်ပြသရမည်ဖြစ်ပြီး ဤအရာများကို မိမိ၏ ညီအစ်ကိုမောင်နှမများထံတွင်လည်း အရှိအတိုင်း ပြောပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မက ဘာကြောင့် ကျွန်မ သိက္ခာနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေက ဘောင်ခတ်တာကို အမြဲတမ်းခံနေရပြီး ရိုးသားသူတစ်ယောက် မဖြစ်နိုင်သလဲဆိုတဲ့ အကြောင်းရင်းကို ရှာတွေ့ခဲ့တယ်။ ဒါတွေအားလုံးဟာ ကလေးဘဝကတည်းက “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့အဆိပ်အတောက်ရဲ့ လွှမ်းမိုးခံရခြင်းရဲ့ ရလဒ်ပဲ။ ကျွန်မက ကိုယ့်ရဲ့သိက္ခာနဲ့ အဆင့်အတန်းကို အရာအားလုံးထက် ပိုအလေးထားခဲ့ပြီး လူတွေကြားထဲမှာ သိက္ခာနဲ့ အဆင့်အတန်းရှိမှ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုရှိတဲ့ ဂုဏ်သရေရှိတဲ့ ဘဝကို ရနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ကိုယ့်အားနည်းချက်တွေကိုသာ ဖော်ထုတ်လိုက်ရင် တန်ဖိုးကျသွားသလို၊ တခြားသူတွေရဲ့ အထင်သေးတာကို ခံရသလိုမျိုး ခံစားရပြီး ကိုယ့်အသက်ကို ဆုံးရှုံးနေရတဲ့အတိုင်း ခံစားရပြီး အရမ်းကို နာကျင်ခံစားရတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်တာဝန်တွေထဲက ပြဿနာတွေကို လမ်းပြမှုရဖို့ ထုတ်ပြောတော့ ကိုယ့်အားနည်းချက်တွေကို သိမြင်နိုင်ခွင့်နဲ့ ဖြေရှင်းဖို့နည်းလမ်းတွေကို ရှာတွေ့နိုင်ခွင့် ရစေတယ်၊ အဲဒီလိုနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်ဆောင်နိုင်စေတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်တွေမှာ ပြဿနာတွေ ပေါ်လာတဲ့အခါမှာတော့ ကျွန်မက အဲဒါတွေကို ဖြေရှင်းဖို့မရှာဘဲ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လှည့်ဖြားပြီး ပြုမူခဲ့တယ်။ ကိုယ့်လုပ်ရပ်တွေက အလုပ်ကို ထိခိုက်စေတဲ့အခါမှာတောင် ကိုယ့်တာဝန်တွေထဲက ဒီပြဿနာတွေကို ဖုံးကွယ်ထားခဲ့ပြီး တစ်ချိန်လုံး ကျွန်မ ပြီးမြောက်ခဲ့တဲ့ အလုပ်တွေအကြောင်းကိုပဲ အဆက်မပြတ်ပြောခဲ့တယ်၊ ဒါကြောင့် ခေါင်းဆောင်တွေက ကျွန်မမှာ တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲမရှိဘူးလို့ ယုံကြည်သွားပြီး ပြဿနာတွေကို အချိန်မီဖြေရှင်းနိုင်ခြင်း မရှိခဲ့ဘူး။ ကျွန်မက သိက္ခာဆည်ဖို့အတွက် လိမ်ညာခဲ့တယ်၊ ခေါင်းဆောင်တွေကိုရော ဘုရားသခင်ကိုပါ လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အထိတောင် လုပ်ခဲ့တယ်။ အဲဒီမှာ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုက ဘယ်မှာလဲ။ ကျွန်မက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့ အသက်ရှင်နေတာပဲ။ ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ဟန်လုပ်ပြီး ဒါမှမဟုတ် ကိုယ့်သိက္ခာကို ကာကွယ်ပြီး ထိန်းသိမ်းရတာ မဟုတ်ဘူး။ လူတစ်ယောက်က ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်နိုင်ပြီး ဘယ်လိုအားနည်းချက်၊ အမှားမျိုးကိုမဆို ဝန်ခံဖို့ သတ္တိရှိတဲ့အခါ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်တဲ့အခါမှသာ အဲဒီလူကို ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုရှိတဲ့သူလို့ သတ်မှတ်နိုင်တယ်။ စာတန်ရဲ့အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ခြင်းက လူတွေကို ပိုပိုပြီး ကောက်ကျစ်ဆိုးယုတ်ပြီး လှည့်ဖြားအောင်လုပ်တဲ့အပြင် ဆိုးယုတ်တဲ့လုပ်ရပ်တွေ ပိုပို ကျူးလွန်လာအောင်လုပ်တယ်၊ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ရွံရှာစက်ဆုပ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ တွေးမိတယ်။ “ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အသက်တာ အတွေးအခေါ်များသည် ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊’ နှင့် ‘လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်’ ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်လျှင်၊ ပြီးလျှင် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က ‘မိမိအတွက် အကျိုးရှိရန် ကြိုးစားခြင်းနှင့် ဆုံးရှုံးမှုကို မခံစားရန် ငြင်းပယ်ခြင်းတို့တွင် မည်သည့်အရာမှားနေသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ ပြီးလျှင် လူတို့ကရော ငါ့ကို ဘာလုပ်နိုင်မည်နည်း’ ဟု ပြောကောင်းပြောနိုင်သည်။ မည်သူကမျှ သင့်အား မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့ရာတွင် ဘုရားသခင်အပေါ် ဤယုံကြည်ခြင်းဖြင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိရန် ပျက်ကွက်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ချေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ကျွန်မရဲ့အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်မှသာ သမ္မာတရားကို ရရှိနိုင်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မယ်ဆိုတာကို ကျွန်မကို ဘုရားနှုတ်ကပတ်တော်တွေကသတိပေးခဲ့တယ်။ သိက္ခာနဲ့ အဆင့်အတန်းကို ရရှိခြင်းက ယာယီအတ္တကို ကျေနပ်စေနိုင်ပေမဲ့ ကယ်တင်ခြင်းကိုတော့ မရရှိနိုင်ဘူး။ အဲဒီနှစ်ကြိမ်မှာ ကျွန်မ အမှန်တရားကို ဘယ်လိုထုတ်ပြောခဲ့သလဲဆိုတာကို ကျွန်မ ပြန်စဉ်းစားမိတယ်။ အဲဒီအချိန်တုန်းက မျက်နှာနည်းနည်းပူခဲ့ပေမဲ့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့ အကူအညီကနေတစ်ဆင့် ကျွန်မက ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းအတွက် အလုပ်လုပ်တော့ လမ်းကြောင်းမှားကို လျှောက်ခဲ့တယ်ဆိုတာကို သိမြင်ခဲ့ရတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေထဲက လမ်းလွဲမှုတွေကို မြင်တွေ့ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ စည်းမျဉ်းတွေနဲ့ လမ်းကြောင်းတွေကို ရှာတွေ့ခဲ့တယ်။ ဒါနဲ့စာရင် သိက္ခာနည်းနည်းအကျခံရတာက ဘာမို့လို့လဲ။ ခေါင်းဆောင်တွေက ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်း ညံ့ဖျင်းတာကို သိထားကြတယ်၊ ကျွန်မ ဒါကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး မှန်မှန်ကန်ကန် သဘောထားသင့်တယ်၊ ဘယ်လိုပြဿနာ၊ အခက်အခဲတွေကိုမဆို အမှန်အတိုင်း ထုတ်ဖော်ပြောပြီး ဖြေရှင်းချက်ရဖို့ သမ္မာတရားကို ရှာဖွေသင့်တယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်မှသာ တိုးတက်မှု ရှိနိုင်မှာပဲ။ ပြောင်းပြန်အနေနဲ့၊ ကျွန်မသာ လှည့်ဖြားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ကိုယ့်ပြဿနာတွေကို နားမလည်နိုင်ရုံတင်မကဘူး၊ ကိုယ့်တာဝန်တွေရဲ့ ထိရောက်မှုကိုလည်း ထိခိုက်စေပြီး ပြစ်မှားခြင်းတွေကိုပါ လုပ်မိသွားမှာပဲ။ ဒါက ကျွန်မအနေနဲ့ တော်တော်မိုက်မဲရာကျမနေဘူးလား။ ဒါကို သိမြင်ပြီးတဲ့နောက်မှာ ကျွန်မက ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်ပြီး ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
အဲဒီနောက်မှာ ကျွန်မ ဆက်ပြီးရှာဖွေခဲ့တယ်၊ ခေါင်းဆောင်တွေက ကျွန်မအလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးမှာကို ကျွန်မ အမြဲကြောက်နေခဲ့တာက အဓိကကတော့ အလုပ်အပေါ်မှာ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုရဲ့ အရေးပါမှုကို နားမလည်တာကြောင့်ပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက စာတန်က ဖျက်ဆီးတာကို တော်တော်လေးခံထားရပြီး ကိုယ့်တာဝန်တွေမှာ ဘယ်အချိန်မဆို ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် အခြေခံပြီး ပြုမူနိုင်တယ်။ ဒါကြောင့် ပြဿနာတွေတွေ့တဲ့အခါ ချက်ချင်း မိတ်သဟာယပြုပြီး ကူညီပြုပြင်ပေးနိုင်ဖို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက အလုပ်ကို ခဏခဏ ကြီးကြပ်ပြီး မေးမြန်းဖို့ ကျွန်မလိုအပ်တယ်။ ဒါက ကျွန်မကို အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မဲ့ ဘယ်လိုမကောင်းမှုမျိုးကိုမဆို မကျူးလွန်မိအောင်လည်း ကူညီပေးလိမ့်မယ်။ ဒါက ကျွန်မအတွက် အကာအကွယ်တစ်ခုပဲ။ ဒါ့အပြင် ကျွန်မက ကိုယ့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို အရမ်း အလေးထားတယ်၊ တာဝန်တွေမှာ ချက်ချင်းရတဲ့ ရလဒ်တွေကို ရှာပြီး စည်းမျဉ်းတွေကို ချိုးဖောက်လေ့ရှိတယ်။ ကိုယ့်တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် တော်တော်ရှိတယ်လို့လည်း ထင်တယ်။ အလုပ်ရဲ့ရလဒ်တွေ ညံ့ဖျင်းနေတဲ့အခါမှာတောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့၊ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ဖို့ ပျက်ကွက်ခဲ့တယ်။ ခေါင်းဆောင်တွေက ဒါကို စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်မကို ဖော်ထုတ်ပြီး ပြုပြင်ခဲ့ပေမဲ့ သူတို့ရဲ့ လမ်းပြမှုနဲ့ မိတ်သဟာယကနေတစ်ဆင့် ကျွန်မရဲ့ပြဿနာတွေကို သိမြင်နိုင်ခဲ့တယ်၊ ပြီးတော့ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုကို လက်ခံဖို့က မရှိမဖြစ်လိုအပ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မက ရိုးသားသူတစ်ယောက်ဖြစ်ဖို့ သတိရှိရှိနဲ့ လက်တွေ့လုပ်ခဲ့တယ်၊ ခေါင်းဆောင်တွေနဲ့ဖြစ်စေ၊ ညီအစ်ကိုမောင်နှမတွေနဲ့ဖြစ်စေ ပြောဆိုဆက်ဆံတဲ့အခါ ရိုးသားစွာပြောဆိုဖို့ လက်တွေ့လုပ်ခဲ့တယ်။ တစ်ခါတလေ၊ ကိုယ့်တာဝန်တွေမှာ ပြဿနာတွေရှိပြီး ဘယ်လိုဖြေရှင်းရမလဲ မသိတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောချင်ပေမဲ့ အထင်သေးခံရမှာကို ကြောက်နေတုန်းပဲ၊ ဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြန်ပုန်ကန်လိုက်တယ်၊ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောပြီး မိတ်သဟာယကို ရှာဖွေခြင်းအားဖြင့် မသိလိုက်ဘာသာနဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကို ရှာတွေ့သွားတယ်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက ကိုယ့်တာဝန်တွေနဲ့ အသက်ဝင်ရောက်မှုအတွက် အရမ်းအထောက်အကူပြုတယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းရဲ့ အရေးပါပုံကို ကျွန်မ နားလည်လာပြီး ကိုယ့်ရဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားကိုလည်း နည်းနည်း သိလာခဲ့တယ်။ ဒီလိုအကျိုးကျေးဇူးတွေ ရရှိတာအားလုံးက ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှောင်လီ၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မဟာ အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပြီး၊ ရေလောင်းခြင်းအလုပ်ကို အဓိကတာဝန်ယူခဲ့တယ်။...
ကျင့်ရှင်း၊ တရုတ်ပြည်ကျွန်မက ကိုယ့်ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်ပြီး တခြားသူတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကို အမြဲစိုးရိမ်ခဲ့တယ်။...
ဝီနယ်လာ ဖိလစ်ပိုင်နိုင်ငံ၂၀၁၇ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ညီအစ်ကို...
ယန်ချောင်၊ တရုတ်ပြည်ကျွန်တော့် မိသားစု ငွေရေးကြေးရေး အခြေအနေက တော်တော်လေး သာမန်ပါပဲ။ မိဘတွေက ဘာလက်မှုပညာမှ မတတ်တော့ လယ်စိုက်ပြီးပဲ...