ကျော်ကြားမှုနှင့် အကျိုးအမြတ်၏ ချည်နှောင်မှုများ
၂၀၁၅ ခုနှစ်တွင်၊ နှစ်ပတ်လည် ရွေးကောက်ပွဲတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် အရွေးခံခဲ့ရသည်။ ညီအစ်ကို မောင်နှမအများကြီးထဲက ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းက အခြားသူများထက် ကျွန်တော် ပိုတော်သည်ကို ဆိုလိုခြင်းဖြစ်ရမည်ဟု တွေးရင်း ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော့် တာဝန်တွင် ညီအစ်ကို မောင်နှမများသည် အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ ပြဿနာများ ရှိခဲ့ကြချိန်တွင် မိသဟာယအတွက် ကျွန်တော့်ဆီကို လာကြပြီး အဖွဲ့ခေါင်းဆောင်များက အသင်းတော် အလုပ်တွင် သူတို့ ကြုံတွေ့ရသည့် ပြဿနာများကို ကျွန်တော်နှင့်အတူ ဆွေးနွေးခဲ့ကြသည်။ အများထက်သာလွန်ခြင်း ခံစားချက် ကျွန်တော် မရှိဘဲ မနေနိုင်ခဲ့ပါ။ ကျွန်တော် ရင်ဘတ်ကို ကော့ပြီး မာနထောင်လွှားစွာ ဟိုဟိုသည်သည် လမ်းလျှောက်ခဲ့ပြီး၊ စုဝေးပွဲများ၌ မိတ်သဟာယပြုနေချိန်တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဖြင့် ပြည့်နေခဲ့သည်။ တစ်ခဏကြာပြီးသည့်နောက်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် အစ်မလျူက အရည်အချင်းကောင်းရှိသည်၊ သမ္မာတရားအပေါ် သူမ၏ မိတ်သဟာယမှာ အလွန်ရှင်းလင်းပြီး လူများ၏ ပြဿနာများ၏ အရင်းအမြစ်ကို ဖြေရှင်းရန် သဘောပေါက်နိုင်သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကိုလည်း သူ ထောက်ပြခဲ့ပြီး၊ သူမ၏ မိတ်သဟာယအား အယောက်တိုင်းက နားထောင်ချင်ခဲ့ကြသည်။ သူ့ကို ကျွန်တော် လေးစားသလို အားလည်းအားကျမိခဲ့သည်။ သို့သော်၊ ကျွန်တော့်ထက် မသာစေချင်ခဲ့ပါ၊ ထို့ကြောင့် စုဝေးပွဲတိုင်း မတိုင်မီတွင် သူမထက် ကျွန်တော် ပိုတော်ပုံပေါ်စေဖို့ သာ၍ ပြည့်စုံစွာနှင့် ပိုမို နားလည်မှုဖြင့် မည်သို့ မိတ်သဟာယပြုရမည်ကို ဦးနှောက်ခြောက်အောင် စဉ်စားရင်း၊ ကျွန်တော် ဂရုတစိုက် ပြင်ဆင်ခဲ့သည်။ ကျွန်တော် မိတ်သဟာယပြုပြီးသည့်အခါ ညီအစ်ကိုမောင်နှမများက သဘောတူညီမှုဖြင့် ခေါင်းညိတ်ကြသည်ကို မြင်ခဲ့ချိန်တွင် ကျွန်တော် မိမိကိုယ်ကိုယ် အလွန် ကျေနပ်အားရခဲ့ပြီး၊ အောင်မြင်မှု ခံစားချက်တစ်ခု ရှိခဲ့သည်။ နောက်ပိုင်းတွင်၊ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် အစ်ကိုကျန်းက ဗီဒီယိုများနှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ ဗဟုသုတ အတော်လေးရှိပြီး ကွန်ပြူတာလည်း ကျွမ်းကျင်သည်ကို ကျွန်တော် သိခဲ့ရသည်။ ရုပ်ရှင်ရိုက်ခြင်း တာဝန် လုပ်ဆောင်နေသည့် ညီအစ်ကိုမောင်နှမများက ဆက်နွှယ်သည့် ကိစ္စရပ်များကို သူနှင့်အတူ မကြာခဏ ဆွေးနွေးခဲ့ကြပြီး၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေဖြင့်၊ ကျွန်တော့်မှာ ထပ်ဖြည့်ပြောစရာ မည်သည့်အရာမျှ ရှိကိုမရှိခဲ့ပေ။ ကျွန်တော် လူပိုတစ်ယောက်လို ခံစားခဲ့ရပြီး ယင်းက ကျွန်တော့်ကို မကျေမချမ်း ဖြစ်ကျန်ရစ်စေခဲ့သည်။ အစ်ကိုကျန်းကို ပြဿနာတစ်ခု ရှိသည့်အခါတိုင်း ရှာကြခြင်းအားဖြင့်၊ သူတို့က ကျွန်တော့်ကို အစ်ကိုကျန်းနှင့် တန်းတူမဟုတ်ဟု ထင်ကြခြင်း ဖြစ်ရမည်ဟု ကျွန်တော် တွေးမိခဲ့သည်။ ဗီဒီယိုများအကြောင်း တစ်စုံတစ်ရာ ကျွန်တော် သိခဲ့လျှင် ကောင်းမည်၊ ထိုအခါ ညီအစ်ကို မောင်နှမများက သူတို့၏ ပြဿနာများကို ကျွန်တော်နှင့် ဆွေးနွေးကြပေမည်ဟု ကျွန်တော် တွက်ဆခဲ့သည်။ ကျွန်တော် ပိုမိုသိနိုင်ဖို့အလို့ငှာ ဗီဒီယိုများ မည်သို့ဖန်တီးရမည်ဆိုသည်နှင့်ပတ်သက်၍ သုတေသနပြုပြီး သင်ယူဖို့ ကျွန်တော် စတင် စောစောထကာ နောက်ကျမှ အိပ်ခဲ့သည်။ အသင်းတော်ထဲက ပြဿနာများအပြင် ညီအစ်ကို မောင်နှမများ၏ အခြေအနေများအားလုံးကို ကျွန်တော် လုံးဝ လျစ်လျူရှုခဲ့သည်။ အချိန်ခဏ ကြာပြီးနောက်တွင်၊ အဖွဲ့အချို့၏ အလုပ်တွင် ကျွန်တော် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ စုဝေးပွဲများ ကျင်းပသည်ဖြစ်စေ ဖြေရှင်းကို မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများ စတင်ပေါ်လာခဲ့သည်။ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို မဖြေရှင်းခဲ့ရသေးသည့်အတွက်၊ ရုပ်ရှင်ထုတ်လုပ်ရေး ခရီးက ဟန့်တားခြင်းခံခဲ့ရပြီး၊ ပြဿနာ တစ်ခုပြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်နေခဲ့သည်။ ကျွန်တော် အလွန်များသည့် ဖိစီးမှုဒဏ်အောက် ရှိခဲ့သည်မှာ အသက်မရှူနိုင်အောင် ဖြစ်ခဲ့သည်။ ကျွန်တော် အလွန်အမင်း စိတ်ဆင်းရဲခဲ့သည်။ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်တော် စွမ်းဆောင်မှု လုံးဝ ကင်းမဲ့နေပြီး ထိုတာဝန်ကို လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီဘူးဟု သူတို့ တွေးထင်မည်ဆိုလျှင်ဟူ၍ အခြားသူများ ကျွန်တော့်အပေါ် တွေးထင်ကြမည့်အရာနှင့်ပတ်သက်၍ ကျွန်တော် စိုးရိမ်မိခဲ့သည်။ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော့်ရာထူးကို ကျွန်တော် မထိန်းသိမ်းနိုင်သည့်ပုံ ပေါ်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ တွေးသည်နှင့်အမျှ ကျွန်တော် အပျက်သဘောဆောင်လာခဲ့သည်။ လေလျှော့နေသည့် ပူဖောင်းတစ်ခုကဲ့သို့ ကျွန်တော်ခံစားရပြီး ယခင်က ရှိခဲ့သည့် အားအင် မရှိတော့ပါ။ အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ရင်းနှင့် ကျွန်တော့်တာဝန်တွင် လျော့ရဲလာရင်း၊ နောက်ဆုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်တော် ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်တာဝန်တွင် မည်သည့်အရာကိုမျှ စွမ်းဆောင်နေခဲ့ခြင်း မရှိသည့်အတွက်၊ ကျွန်တော် လူစားထိုးခံခဲ့ရသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်တော် လုံးဝ ဂုဏ်သိက္ခာ ဆုံးရှုံးသွားသကဲ့သို့ ခံစားခဲ့ရပြီး၊ ကမ္ဘာမြေက ကျွန်တော့်ကို ဝါးမျိုလိုက်စေချင်ခဲ့သည်။ ကျွန်တော်က၊ “ညီအစ်ကို မောင်နှမတွေက လက်တွေ့ကျတဲ့ အလုပ် မလုပ်ခဲ့တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ ပြောကြမလား”ဟုလည်း တွေးနေမိခဲ့သည်။ ထိုအရာကို တဝဲလည်လည် ကျွန်တော် ပိုတွေးလေ ပိုစိတ်ပျက်မိလေ ဖြစ်ခဲ့သည်။
ထိုညတွင် အိပ်ရာပေါ်၌ လူးလှိမ့်ရင်း ကျွန်တော် အိပ်မပျော်နိုင်ခဲ့ပါ။ ကျွန်တော့် ကိုယ်ပိုင် အခြေအနေကို သိရှိဖို့ လမ်းပြရန် တောင်းလျှောက်ရင်း ဘုရားသခင်ထံ အကြိမ်ကြိမ် ကျွန်တော် ဟစ်အော်ခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရသည်- “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဤအရာကို ဖတ်ပြီးသည့်နောက်တွင်၊ ကျွန်တော့် လတ်တလော အခြေအနေကို ဆင်ခြင်ကြည့်ခဲ့သည်။ ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို ယူကတည်းက၊ နာမည်နှင့် အဆင့်အတန်း နောက်လိုက်ခြင်းနှင့် အခြားသူများအထက်တွင် ရှိချင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ လုပ်ဆောင်မနေခဲ့ပါ။ အစ်မလျူ၏ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းက ကျွန်တော့်ထက်ကောင်းမွန်သည်ကို တွေ့ရချိန်တွင်၊ ကျွန်တော်ထက် သူ သာအောင်လုပ်မည်ကို စိုးရွံ့မိခဲ့သည်။ အခြားသူများက ကျွန်တော့်ကို လေးစားကာ ချီးမွမ်းကြဖို့အလို့ငှာ သူ့ထက် ကောင်းအောင် မည်သို့ မိတ်သဟာယပြုရမည့်အကြောင်းကို ကျွန်တော် တွေးခဲ့သည်။ အစ်ကိုကျန်းက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများရှိခဲ့ပြီး၊ ညီအစ်ကို မောင်နှမများစွာက သူတို့၏တာဝန်များထဲက ပြဿနာများအကြောင်းကို သူ့ထံ ပြောပြခဲ့ကြသည်ကို ကျွန်တော် မြင်ခဲ့ချိန်တွင်၊ ကျွန်တော် မနာလိုဖြစ်လာခဲ့ပြီး သူ့ကို ငြင်းပယ်ခဲ့သည်။ သူ့ထက်သာအောင် အသိပညာဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ဖို့ ကျွန်တော် အလုပ်ကြိုးစားခဲ့ပြီး၊ အဖွဲ့များအတွင်းရှိ ပြဿနာများကိုပင် လျစ်လျူရှုခဲ့သည်။ ညီအစ်ကို မောင်နှမများ၏ ပြဿနာများကို ကျွန်တော် မဖြေရှင်းနိုင်သည့်အခါတွင်၊ ဘုရားသခင်ကို ကျွန်တော် အမှီမပြုခဲ့ပါ သို့မဟုတ် မိတ်သဟာယမှတစ်ဆင့် ဖြေရှင်းချက်များကို ရှာတွေ့ဖို့ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို မရှာဖွေခဲ့ပါ။ ကျွန်တော့် တာဝန်ကို ကောင်းစွာ မလုပ်ဆောင်ပါက ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော့် ရာထူး မထိန်းနိုင်မည်ကို စိုးရွံ့လျက်၊ ကျွန်တော့် အဆင့်အတန်း ဆုံးရှုံးမည့်အကြောင်းကိုသာ ကျွန်တော် စိုးရိမ်နေခဲ့သည်။ ထို့နောက်တွင် ကျွန်တော်က ဘုရားသခင်၏ အလိုတော်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ဘဲ၊ အခြားသူများထက် သာဖို့၊ အခြားသူတို့အပေါ် ဆရာလုပ်ဖို့ဖြစ်သည့် ကျွန်တော့်၏ ပရမ်းပတာ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ဖြစ်မှန်း နောက်ဆုံးတွင် ကျွန်တော် နားလည်သွားခဲ့သည်။ ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို ယုံကြည်ကိုးစားခဲ့ကြပြီး အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့ကြသော်လည်း၊ ကျွန်တော်က အသင်းတော်၏ အလုပ် သို့မဟုတ် သူတို့၏ အသက်ဝင်ရောက်မှုကို လုံးဝ မစဉ်းစားခဲ့ပါ။ ကျွန်တော်သည် မိမိတာဝန်ကို အမှန်တကယ် ထမ်းဆောင်နေခဲ့ခြင်း သို့မဟုတ် တာဝန်သိနေခဲ့ခြင်း မရှိသကဲ့သို့၊ ဤအရာက အသင်းတော်အလုပ်ကို ထိခိုက်စေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကျွန်တော် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ခဲ့သည်။ ကျွန်တော့်တာဝန်ကို ကျွန်တော် လုပ်ဆောင်မနေခဲ့ပါ- မကောင်းမှုလုပ်နေခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်နေခဲ့သည်။ ကျွန်တော့် ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ် ရှိမနေခဲ့ဘဲ ဘုရားသခင်ကို စက်ဆုပ်လျက် နာမည်နှင့် အကျိူးအမြတ်အတွက် အမြဲ တိုက်ခိုက်နေခဲ့ခြင်းကို ကျွန်တော် နောင်တရမိခဲ့ပါသည်။ ကျွန်တော့်တာဝန်ကနေ ထုတ်ပယ်ခြင်းခံရသည် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု ဖြစ်သည်။ သူသည် ကျွန်တော့်ကို သုတ်သင်ဖယ်ရှင်းမပစ်ခဲ့ဘဲ၊ ကျွန်တော့် အပြုအမူအပေါ် သုံးသပ်ဖို့အလို့ငှာ လူစားထိုးခံစေခဲ့သည်။ ယင်းမှာ ကျွန်တော့်ကို ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်။ ဆက်ကပ်အပ်နှံခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်း အချိန်ကာလတစ်ခုမှတစ်ဆင့် ကျွန်တော့် အခြေအနေ တဖြည်းဖြည်း တိုးတက်လာခဲ့သည်၊ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်များက ကျွန်တော့်ကို ပုံမှန်တာဝန်များကို တာဝန်ယူဖို့ စီစဉ်ပေးခဲ့သည်။ ထိုအခွင့်အရေးကို ပေးသည့်အတွက် ဘုရားသခင်ကို ကျွန်တော် တကယ် ကျေးဇူးတင်မိပြီး၊ ထိုတာဝန်ကို တန်ဖိုးထားကာ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိသည့် လမ်းကြောင်းတစ်ခုအပေါ် နာမည်နှင့် အဆင့်အတန်းကို လိုက်စားခြင်းအား ရပ်တန့်ရန် တိတ်တဆိတ် စိတ်ဆုံးဖြတ်ခဲ့သည်။
ထိုအတွေ့အကြုံပြီးသည့်နောက်တွင်၊ နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့်၏ ဆန္ဒကို အနည်းငယ် လက်လွှတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ကျွန်တော်သည် စာတန်အားဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့ပါသည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သိနားလည်ခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်း အနည်းနငယ်မျှဖြင့် မဖြေရှင်းနိုင်ပါ၊ ထို့ကြောင့် ဘုရားသခင်က ကျွန်တော့်ကို ဖော်ထုတ်ပြီး ကယ်တင်ဖို့ အခြေအနေတစ်ခုကို နောက်တစ်ဖန် ပြင်ဆင်ခဲ့သည်။
လအနည်းငယ်ကြာပြီးနောက် တစ်ရက်တွင်၊ အသင်းတော်ခေါင်းဆောင်က အဖွဲ့ခေါင်းဆောင်တစ်ဦးကို ရွေးဖို့ ကျွန်တော်တို့ကို ပြောခဲ့သည်။ ဤအရာကို ကြားသည်နှင့်တစ်ပြိုင်နက်၊ ကျွန်တော်က၊ “အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရဖို့ ငါ အခွင့်အရေး ရမလား။ ငါကအတော် စွမ်းဆောင်နိုင်တဲ့ အမှုဆောင်တစ်ယောက်ဖြစ်ပေမယ့်၊ ဘာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမှ မရှိဘူး၊ ဒီတော့ ငါ့အခွင့်အလမ်းတွေက သိပ်မကောင်းပါဘူး”ဟူ၍ စတင်ချိန်ဆနေခဲ့သည်။ ထို့နောက် အဖွဲ့တွင်ရှိသည့် အခြားညီအစ်ကို မောင်နှမ အနည်းငယ်ကို ကျွန်တော် စဉ်းစားခဲ့သည်။ အစ်ကိုကျန်းသည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ထူးချွန်ပြီး သမ္မာတရားအပေါ် သူ၏ မိတ်သဟာယက လက်တွေ့ကျသည်၊ ထို့အပြင် သူ့မှာ တရားမျှတမှု အသိစိတ်ရှိပြီး အသင်းတော်၏အလုပ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ခြုံငုံကြည့်လျှင်၊ သူ အရွေးခံရဖို့ ပိုများသည့်ပုံ ပေါ်ခဲ့သည်။ ကျွန်တော် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ချိန်က အစ်ကိုကျန်းကို အလုပ်ခွဲဝေလေ့ရှိခဲ့ပုံနှင့်ပတ်သက်၍ ကျွန်တော် တွေးမိခဲ့သည်၊ သို့သော် အဖွဲ့ခေါင်းဆောင်အဖြစ် သူ အရွေးခံခဲ့ရပါက၊ သူက မည်သည့်အရာ လုပ်ရမည်ကို ကျွန်တော့်အား ပြောနေမည်ဖြစ်သည်။ ယင်းက ကျွန်တော် သူ့ထက် နိမ့်ကျသည့်ပုံ ဖြစ်စေမည် မဟုတ်ပါလား။ ဤအတွေးက ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ ရွေးချယ်ကောက်ပွဲနေ့ ရောက်လာချိန်တွင်၊ ကျွန်တော် စိတ်မလှုပ်ရှားဘဲ မနေနိုင်ဖြစ်ခဲ့ပြီး၊ စိတ်အတွင်းက တိုက်ပွဲတစ်ခု စတင်ခဲ့သည်- “ဘယ်သူ့ကို ငါ မဲပေးသင့်လဲ။ အစ်ကိုကျန်းလား။” ညီအစ်ကို မောင်နှမအများစုက သူတို့ တာဝန်များထဲက အခက်အခဲတစ်ခုတစ်လေကို သူနှင့် ဆွေးနွေးခဲ့ကြပြီး၊ အခြားအဖွဲ့များရှိ လူတို့ကလည်း သူတို့၏ အလုပ်ကို သူနှင့်အတူ တစ်ချိန်လုံး ဆွေးနွေးခဲ့ကြပုံအကြောင်းကို ကျွန်တော် တွေးမိခဲ့သည်- ယင်းက သူ့ကို အလွန် ကြည့်ကောင်းစေခဲ့သည်။ သူ အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါက၊ ကျွန်တော့်ထက် မြင့်မားသည့် ရာထူးအဆင့်တစ်ခုတွင် သူရှိမည် မဟုတ်ပါလား။ ထို့ပြင်လည်း သူ့အတွက် ကျွန်တော် နောက်ထပ် မဲမပေးချင်ခဲ့ဘဲ၊ ပညာရပ်ဆိုင်ရာ အသိပညာ ကျွန်တော် ကင်းမဲ့သကဲ့သို့ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီခဲ့ပါ။ ကျွန်တော် တကယ်ကို စိတ်ဓာတ်ကျကာ ဝမ်းနည်းမိခဲ့ပြီး၊ အလုပ်နှင့်ပတ်သက်၍ ပိုမသိခဲ့သည့်ကို ကျွန်တော် မုန်းတီးမိခဲ့သည်။ ထို့နောက်တွင်ပင်၊ ဆိုးဝါးသည့် အတွေးတစ်ခု ကျွန်တော့်စိတ်ထဲ ပေါ်လာခဲ့သည်- “ငါ အဖွဲ့ခေါင်းဆောင် မဖြစ်နိုင်ရင် မင်းလည်း အသေအချာ ဖြစ်လို့မရဘူး။” ထို့ကြောင့် ပညာရပ်ဆိုင်ရာ အသိပညာ များစွာမရှိခဲ့သည့် အစ်ကိုဝူကို ကျွန်တော် မဲပေးခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ၊ မဲနိုင်ခဲ့သူမှာ အစ်ကိုကျန်း ဖြစ်နေဆဲ ဖြစ်သည်။ ကိစ္စရပ်များ ထိုသို့ဖြစ်လာတာ မြင်ရသည်ကို ကျွန်တော် မကျေနပ်ခဲ့ပါ၊ သို့သော် အရှက်ရဖွယ် တစ်ခုခု ကျွန်တော် လုပ်ဆောင်မိပြီးသကဲ့သို့ စိတ်မအေးသည့် ခံစားချက်တစ်ခု ကျွန်တော် ရုတ်တရက် ရှိခဲ့သည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိခဲ့ပါသည်- “လူအချို့က မိမိတို့ထက် ပိုတော်သည့် တစ်စုံတစ်ဦးကို တွေ့လျှင်၊ ၎င်းတို့ကို သူတို့ ဖိနှိပ်ကြသည်၊ ၎င်းတို့အကြောင်း ကောလဟလတစ်ခုကို စတင်ကြသည်၊ သို့မဟုတ် အခြားလူတို့က ထိုသူတို့အပေါ် အထင်မကြီးကြစေဖို့နှင့် မည်သူမျှ အခြားတစ်ဦးတစ်ယောက်မျှထက် မတော်ဖို့ရန်အလို့ငှာ မသမာသော နည်းလမ်းအချို့ကို အသုံးပြုကြသည်၊ သို့ဆိုလျှင် ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ခြင်းအပြင်၊ ကောက်ကျစ်ခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အန္တရာယ်များခြင်းတို့နှင့်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်ပြီး၊ ဤလူများသည် မိမိတို့၏ ရည်မှန်းချက်များ မရမချင်း မရပ်တန့်ကြပေ။ ဤသို့ သူတို့ အသက်ရှင်ကြသော်လည်း သူတို့သည် ကြီးမြတ်ပြီး ကောင်းမြတ်သည့်လူများဖြစ်သည်ဟု ထင်မှတ်ကြသေး၏။ သို့သော် သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားများ ရှိကြပါသလော။ ပထမဦးစွာ၊ ဤကိစ္စရပ်များ၏ သဘောသဘာဝများနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှနေ၍ ပြောရ လျှင်၊ ဤနည်းဖြင့် ပြုမူသည့် လူများသည် မိမိတို့ နှစ်သက်သည်အတိုင်း လုပ်ဆောင်နေကြခြင်းသက်သက် မဟုတ်လော။ ဘုရားသခင့် မိသားစု၏ အကျိုးများကို ၎င်းတို့ စဉ်းစားကြပါသလော။ ဘုရားသခင်၏ မိသားစု၏အမှုတော်က ဆုံးရှုံးမှု ခံစားရပါစေ၊ မိမိတို့၏ ခံစားချက်များကိုသာ ၎င်းတို့ စဉ်းစားကြပြီး မိမိတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ရရှိလိုကြသည်။ ဤသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ်မှန်သည်ဟု ထင်မှတ်ကြရုံသာမက၊ တစ်ကိုယ်ကောင်းဆန်ကြပြီး စက်ဆုပ်စရာလည်း ဖြစ်ကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝအရေးမထားကြသလို၊ ဤကဲ့သို့သော လူတို့သည် ဧကန်မုချ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မပိုင်ဆိုင်ကြပေ။ ဤသည်မှာ အပြစ်ကိုသိခြင်း မရှိဘဲ၊ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေ မရှိဘဲ၊ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ပူပန်မှု မရှိသလို အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သူတို့လုပ်ချင်သည့်အရာတိုင်းကို လုပ်ဆောင်ပြီး လက်လွတ်စပယ် ပြုမူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော လူများ ရင်ဆိုင်ရသည့် အကျိုးဆက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ဒုက္ခရောက်ကြလိမ့်မည်၊ ဟုတ်ပါသလော။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပဓာနကျသည့် ပြဿနာမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဆုံးဖြစ်ပြီး အရေးမပါဆုံးဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ရရှိထားကြသလော။ (မရရှိထားကြပါ။) ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ကိုယ်ကျိုးအတွက် ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များအားလုံးကို ကာကွယ်ရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားကြသည် မဟုတ်လော။ ၎င်းတို့သည် စာတန် ဖြစ်ကြသည်မဟုတ်လော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသလော။ တိရစ္ဆာန်များကို ဘေးဖယ်ထားပါက၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း မရှိသောသူများ အားလုံးတွင် နတ်ဆိုးများ၊ စာတန်၊ ကောင်းကင်တမန်မင်းနှင့် ဘုရားသခင်ကို ဖက်ပြိုင်သောသူများ ပါဝင်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဤစကားလုံးများက ကျွန်တော့်ကို မြန်မြန် ထိခိုက်ခံစားစေခဲ့သည်။ ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း ကျွန်တော့်အတွေးများနှင့် လုပ်ရပ်များကို ပြန်တွေးရင်း၊ ကျွန်တော့် မျက်နှာမပြနိုင်လောက်အောင် ခံစားခဲ့ရသည်။ ဘုရားသခင်၏ စိစစ်ခြင်းကို လက်မခံဘဲနှင့် ဘုရားသခင်ကို ကြောက်ရွံ့မှု တစ်ခုတစ်လေမျှမရှိဘဲ ကျွန်တော့်၏ ရာထူးနှင့် သိက္ခာကို ကာကွယ်ဖို့ မိမိ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း ကျွန်တော် မဲပေးခဲ့သည်။ အစ်ကိုကျန်းက ကျွမ်းကျင်မှုရှိခဲ့သည်၊ သမ္မာတရားအပေါ် သူ၏ မိတ်သဟာယက လက်တွေ့ကျပြီး၊ သူ အဖွဲ့ခေါင်းဆောင်ဖြစ်လာခြင်းက အယောက်တိုင်း၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော် အလုပ်ကို အကျိုးရှိစေမည်ကို ကျွန်တော် သိခဲ့ပါသည်။ သို့သော် သူသည် ကျွန်တော့်အထက်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရှိမည်ကို ကျွန်တော် စိုးရွံ့ခဲ့သည်၊ ထို့ကြောင့် သူ့အတွက် တမင်သက်သက် မဲမပေးခဲ့ပါ။ ကျွန်တော်က အဆင်းနီသော နဂါးကြီး၏ “သက်ဦးဆံပိုင်စနစ် ကျရှုံးရင် ဒီမိုကရေစီစနစ် ကျရှုံးတာပဲ၊” ဟူသည့် စည်းမျဉ်းအားဖြင့် လုပ်ဆောင်မိခဲ့ပေပြီ။ အဆင်းနီသော နဂါးကြီး၏ ရည်ရွယ်ချက်မှာ သူ အာဏာမရနိုင်ပါက၊ အခြားမည်သူမျှလည်း အာဏာမရနိုင်ဟူ၍ ဖြစ်သည်။ လိုအပ်ပါက၊ သူသည် နှစ်ဖက်လုံးကို ဖျက်ဆီးပစ်ရန် ခါးသီးသော ကြိုးပမ်းမှုတစ်ခုကို အသုံးပြုလိမ့်မည်ဖြစ်သည်။ ကျွန်တော်လည်း အလားတူသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ရာထူးကို ကျွန်တော် မရနိုင်ပါက၊ အစ်ကိုကျန်းကိုလည်း မရစေချင်ခဲ့ပါ။ ကျွန်တော့်၏ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကာကွယ်ဖို့ မမှန်ကန်သည့် လူက ထိုအခန်းကဏ္ဍ ဖြည့်ကာ အသင်းတော်အလုပ် ထိခိုက်နစ်နာသည်ကိုသာ ကျွန်တော် မြင်ရန်လိုလားခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့မှု တစ်စက်မျှမရှိဘဲ ကျွန်တော် အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့သည်၊ စက်ဆုပ်ဖွယ်ဖြစ်ခဲ့သည်၊ ကောက်ကျစ်ပြီး ရက်စက်ခဲ့သည်။ ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားများစွာကို ကျွန်တော် မွေ့လျော်ခဲ့ပြီး၊ ကျွန်တော့်၏ တာဝန်ကို လုပ်ဆောင်ရန် ထိုအခွင့်အရေး ရရှိခြင်းက ကျွန်တော့်ကို ဘုရားသခင်က ကြင်နာမှု ပြသခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ဘုရားသခင်၏ ချစ်ခြင်းကို မည်သို့ပြန်ပေးရမည်ကို စဉ်းစားရမည့်အစား၊ မနာလိုဖြစ်ခဲ့ကာ နာမည်နှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခဲ့သည်။ ကျွန်တော်သည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို နှောင့်ယှက်ရင်း စာတန်၏ လက်ပါးစေအဖြစ် အစေခံနေခဲ့ပါသည်။ ကျွန်တော်က သစ္စာဖောက်သည့် အကျင့်ပျက်သူတစ်ဦး မဟုတ်ခဲ့ပါလား။ ကျွန်တော့်တာဝန်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခြင်းမရှိဘဲ နာမည်နှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခဲ့ကာ လက်တွေ့ကျသည့် အလုပ် မလုပ်နိုင်ခဲ့သောကြောင့် ယခင် တစ်နှစ်က ကျွန်တော့်တာဝန်မှ မည်သို့ ထုတ်ပယ်ခံခဲ့ရသည့်အကြောင်းကို ကျွန်တော် တွေးမိခဲ့သည်။ ယခုတွင်၊ အလားတူ အခြေအနေမျိုးတွင် ကျွန်တော် ရှိခဲ့သော်လည်း၊ သမ္မာတရားကို မဟုတ်ဘဲ နာမည်နှင့် အဆင့်အတန်းကို ကျွန်တော် လိုက်စားနေဆဲ ဖြစ်သည်။ ထိုနည်းအတိုင်းဆက်သွားမည်ဆိုပါက၊ ကျွန်တော် ဘုရားသခင်၏ ပစ်ပယ်ခံရပြီး ဖယ်ရှင်းခြင်း ခံရမည် ဖြစ်သည်။
နောက်ပိုင်းတွင်၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရသည်- “သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့) “လူတို့သည် ‘လောက်ကောင်များ’ ဖြစ်ကြသည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောဆိုသနည်း။ သူ၏ အမြင်တွင်၊ ဤ ဖောက်ပြန်ပျက်စီးသော လူသားများသည် အဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်မှာ သိသာထင်ရှားပေသည်- သို့သော် ၎င်းတို့သည် အဖန်ဆင်းခံသတ္တဝါများ ဆောင်ရွက်သင့်သည့် တာဝန်များနှင့် ဝတ္တရာများကို ဖြည့်ဆည်းကြသလော။ လူများစွာတို့သည် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်နေကြသော်လည်း၊ ၎င်းတို့၏ စွမ်းဆောင်မှုကို မည်မျှကောင်းစွာ ဖော်ပြသနည်း။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် အခြေအနေကို ဖန်တီးယူခြင်း မရှိကြချေ။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရန် မိမိတို့ဘာသာ တာဝန်ယူခဲလှပေသည်။ ၎င်းတို့သည် ပြုပြင်မခံရပါက၊ ကိုင်တွယ်ဖြေရှင်းခြင်း မခံရပါက သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်း မခံရပါက၊ မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြချေ။ ထို့ကြောင့်၊ ၎င်းတို့အတွက် ယုံကြည်ခြင်း အနည်းငယ်မျှပင်ရှိဖို့၊ အနည်းငယ်မျှပင် အခြေအနေကို ဖန်တီးယူဖို့အလို့ငှာ စုဝေးဖို့၊ မိတ်သဟာယပြုပြီး ထောက်ပံ့ပေးဖို့လည်း အမြဲ လိုအပ်ပေသည်။ ဤသည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း မဟုတ်လော။...၎င်းတို့ တစ်နေ့လုံးတွေးကြသည့် မည်သည့်အရာမျှ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ၎င်းတို့သည် တစ်နေ့တာလုံး မျိုဆို့ရင်း အချိန်ကုန်ကြသကဲ့သို့၊ မည်သည့်အရာကိုမျှ သုံးသပ်ဆင်ခြင်ခြင်း မရှိကြချေ။ တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး ၎င်းတို့တွေးလျှင်ပင်၊ ယင်းက သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီသည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ ယင်းက လူသားမျိုးနွယ်ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် စိုးစဉ်းမျှ မပတ်သက်ပေ။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှန်သမျှသည် အဟန့်အတားဖြစ်ပြီး အနှောင့်အယှက်ဖြစ်စေကာ၊ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့၏ စိတ်များသည် ဇာတိပကတိအတွက် ကောင်းမြတ်သည့် မည်သည့်အရာကိုမဆို မည်သို့ ရှာဖွေရမည်၊ အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက် မည်သို့ တိုက်ခိုက်ရမည်၊ အချို့သော လူစုများကြားတွင် မည်သို့ သဟဇာတ ဖြစ်ရမည် ဆိုသည်နှင် ရာထူး မည်သို့ ရရှိပြီး ကောင်းမွန်သော နာမည်ဂုဏ်သတင်းတစ်ခု မည်သို့ ရှိရမည်ဆိုသည့် အတွေးများနှင့် ပြည့်နေလေသည်။ ၎င်းတို့သည် ဘုရားသခင် ပေးသည့် အရာရာတိုင်းကို မွေ့လျော်ခံစားရင်း၊ ၎င်းတို့အပေါ် အပ်နှင်းသည့် အစာကို စားကြသော်လည်း၊ လူသားများ လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ကြချေ။ ဘုရားသခင်သည် ထိုသို့သော လူတို့ကို နှစ်သက်နိုင်မည်လော။...အားလုံးထက်ပို၍၊ လောက်ကောင်းများ ဖြစ်ကြသောသူတို့သည် သုံးမရကြသကဲ့သို့၊ အရှက်မဲ့ကြပြီး ဘုရားသခင်၏ အမြင်တွင် တန်ဖိုး မရှိပေ။ ထိုသို့သော လူများသည် တန်ဖိုးမရှိဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းခဲ့ပြီး သင့်ကို အသက်ပေးခဲ့သော်လည်း၊ သင်သည် တတ်နိုင်သမျှ အနည်းဆုံးအနေဖြင့် လုပ်ဆောင်သင့်သည့် သင်၏ တာဝန်ကို မဆောင်ရွက်နိုင်ပေ။ သင်သည် ကပ်ပါးရပ်ပါးမျှသာ ဖြစ်ပေသည်။ သူ၏ အမြင်တွင်၊ သင်သည် အသုံးမကျသောသူသာ ဖြစ်ပြီး သင်၏ အသက်ရှင်ခြင်းသည် အကျိုးမရှိပေ။ ထိုသို့သော လူများသည် လောက်ကောင်များ ဖြစ်ကြသည် မဟုတ်လော။ ဤအကြောင်းကြောင့်၊ လူတို့သည် လောက်ကောင်များ မဖြစ်ချင်ကြပါက၊ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ၊ သင်၏ ကိုယ်ပိုင် နေရာကို ရှာပြီး သင်၏တာဝန်ကို ဖြည့်ဆည်းဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကြိုးစားလော့၊ အကျိုးဆက်အနေဖြင့် သင့်အား ဖန်ဆင်းရှင်နှင့် ဆက်သွယ်ပေးပေလိမ့်မည်။ သင်သည် သူ့ကို ဖြစ်ကြောင်းကုန်စင် ပြောပြနိုင်သည်။ ထို့နောက်တွင်၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သစ္စာစောင့်သိမှုကို မည်သို့ ရရှိရမည်ကို စဉ်းစားလော့။ သင်သည် ဝတ်ကျေတမ်းကျေမျှ မဖြစ်သင့်၊ သို့မဟုတ် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်အောင် မလုပ်ဆောင်သင့်ပေ။ ယင်းထက်၊ သင်သည် မိမိ၏ အစွမ်းကုန် ကြိုးစားအားထုတ်သင့်ပေသည်။ ဖန်ဆင်းရှင်ကို သင် လှည့်စားရန် မကြိုးစားသင့်ပေ။ ဘုရားသခင်က သင့်ကို စေခိုင်းသည့်အရာ မည်သည့်အရာကိုမဆို သင် လုပ်ဆောင်သင့်ပြီး၊ သင့်အနေဖြင့် အလေးဂရုပြုကာ ကျိုးနွံနာခံသင့်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”)
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် တွေးဆသည်နှင့်အမျှ၊ အလွန် စိတ်ဖိစီးလာခဲ့သည်။ ဘုရားသခင်က နာမည်နှင့် အကျိုးအမြတ်အတွက် ကျွန်တော့်၏ ယှဉ်ပြိုင်မှုကို အလွန် ညစ်ညမ်းပြီး ဆိုးယုတ်သောအရာအဖြစ် မှတ်ယူသည်ကို ကျွန်တော် နားလည်လိုက်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ကျွန်တော့်တာဝန်ကို လုပ်ဆောင်ရန် အခွင့်အလမ်းကောင်းရှိခြင်းသည် ဘုရားသခင်၏ ထူးခြားသော ချီးမြှောက်ခြင်းဖြစ်သော်လည်း၊ ကျွန်တော့်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခဲ့ခြင်း မရှိပါ။ ထိုအစား ကျွန်တော့်၏ ကိုယ်ပိုင် နာမည်နှင့် အဆင့်အတန်းအကြောင်းကိုသာ အစဉ်တွေးတောခဲ့ပြီး၊ ထိုအရာများအတွက် ဘုရားအိမ်တော်၏ အလုပ်ကိုပင် နှောင့်ယှက်ခဲ့သည်။ စာတန်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော် လုပ်ဆောင်နေခဲ့ပါသည်။ ယင်းမှာ ဘုရားသခင်အဖို့ အလွန် စက်ဆုပ်ဖွယ်ဖြစ်ကာ မုန်းတီးဖွယ် ဖြစ်ပါသည်။ ဘုရားသခင်က ပြောသည်- “သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။” ကျွန်တော် အဖန်ဆင်းခံတစ်ဦး၊ ပြောစရာ တန်ဖိုး သို့မဟုတ် ဂုဏ်သိက္ခာ မရှိသည့် ဆိုးညစ်၊ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦး ဖြစ်သည်ကို ကျွန်တော် နားလည်လိုက်သည်။ ထို့ကြောင့် ရာထူးတစ်ခုကို ကျွန်တော် ရရှိခဲ့လျှင်ပင် ယင်းက ကျွန်တော် ဖြစ်သည့်အရာကို ပြောင်းလဲမပေးနိုင်ပါ။ ကျွန်တော့် တာဝန်ကိုပင် ကျွန်တော် ကောင်းစွာ မလုပ်ဆောင်နိုင်ခဲ့ဘဲ၊ နာမည်နှင့် အကျိုးအမြတ်အတွက် စဉ်ဆက်မပြတ် ပြိုင်ဆိုင်ခဲ့သည်၊ အခြားသူများက ကျွန်တော့်ကို ကြည်ညိုရန် ကျွန်တော် လိုချင်ခဲ့သည်။ ကျွန်တော့် အသိစိတ်နှင့် ဆင်ခြင်တုံတရား အဘယ်မှာနည်း။ ကျွန်တော့်ဘဝက မည်သည့်တန်ဖိုး ရှိခဲ့ပါသနည်း။ ကျွန်တော်က အလွန်အမင်း တန်ဖိုးမရှိသည့် တီကောင်တစ်ကောင် ဖြစ်ခဲ့သည် မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြခဲ့သည့်အရာမှ ကျွန်တော့် သဘာဝနှင့် အနှစ်သာရနှင့်ဆိုင်သည့် သိနားလည်မှုအချို့ ရရှိပြီးသည့်နောက်တွင်၊ ကျွန်တော် မိမိကိုယ်ကိုယ် မုန်းတီးပြီး ဇာတိပကတိကို စွန့်လွှတ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလာနေခဲ့သည်။
နောက်ပိုင်းတွင် အစ်ကိုကျန်းကို ကျွန်တော် သွားထွက်ရှာခဲ့ပြီး၊ ရွေးကောက်ပွဲတွင် ကျွန်တော့်၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များနှင့် လုပ်ရပ်များကို ထုတ်ဖော်ပြရင်း၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို ဖွင့်ပြောခဲ့သည်။ သူက ကျွန်တော့်ကို အထင်မသေးခဲ့ရုံသာမက၊ ကျွန်တော့်ကို ကူညီဖို့ သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့်ပတ်သက်၍ ဝေမျှခဲ့သည်။ မိတ်သဟာယဖွဲ့ပြီးသည့် နောက်တွင်၊ ကျွန်တော်တို့နှစ်ယောက်ကြားက တံတိုင်းက ကွယ်ပျောက်သွားခဲ့ပြီး ကျွန်တော် တကယ် လွတ်လပ်ကာ အေးချမ်းသွားသလို ခံစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကျွန်တော့် တာဝန်တွင်၊ အခက်အခဲတစ်ခု ရှိခဲ့သည့်အချိန်တိုင်း သို့မဟုတ် ကိစ္စရပ်တစ်ခုကို ကျွန်တော် နားမလည်သည့်အချိန်တိုင်းတွင်၊ ရှာဖွေမှုဖြင့် အစ်ကိုကျန်းထံ ကျွန်တော် သွားခဲ့ပြီး၊ မိတ်သဟာယမှတစ်ဆင့် ကျွန်တော့် မေးခွန်းများကို အမြဲတမ်း စိတ်ရှည်ရှည်ဖြင့် သူ ဖြေပေးခဲ့သည်။ အချိန်ခဏကြာပြီးသည့်နောက်တွင် ကျွန်တော့်၏ ကိုယ်ပိုင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်ခဲ့သည်။ နာမည်နှင့် အဆင့်အတန်းကို ကျွန်တော် လက်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ချိန်တွင်၊ ထိုနည်းဖြင့် ကျွန်တော့်တာဝန်ကို လုပ်ဆောင်ခြင်းမှ လာသည့် အေးချမ်းမှုနှင့် ငြိမ်သက်ခြင်းကို တွေ့ကြုံခံစားခဲ့ရကာ ဘုရားသခင်နှင့် တိုး၍ နီးကပ်လာခဲ့သည်။ နာမည်နှင့် အဆင့်အတန်း၏ ချည်နှောင်မှုများကို နောက်တစ်ဖန် ကျွန်တော် လွတ်မြောက်ခဲ့ပြီး ကျွန်တော့်အတွက် ဘုရားသခင်၏ လက်တွေ့ကျသည့် ကယ်တင်ခြင်းကို မြည်းစမ်းခဲ့ရသည်။
၂၀၁၇ခုနှစ် အောက်တိုဘာလတွင် အသင်းတော်၏ ရွေးကောက်ပွဲကို စတင်ခဲ့ပြီး ကျွန်တော်သည် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ညီအစ်ကို မောင်နှမများ၏ ထောက်ခံခြင်းခံခဲ့ရသည်။ ကျွန်တော့်အတွင်းတွင် လှုံ့ဆော်သည့် တစ်စုံတစ်ရာ ခံစားခဲ့ရပြီး၊ “ငါ့ရဲ့ ခေါင်းဆောင်ရာထူးကနေ ထုတ်ခံရကတည်းကဆိုရင် နှစ်နှစ်ကျော်ပြီဖြစ်သလို၊ အချို့ ညီအစ်ကို မောင်နှမများက ငါ့အပေါ် ကောင်းတဲ့ ထင်မြင်ချက်တစ်ခု ရှိတယ်လို့ကြားရပြီးပြီ။ ငါ့ရဲ့ မိတ်သဟာယက ပိုပြီး လက်တွေ့ကျလာသလို၊ ပြောင်းလဲမှုအချို့ကို ငါ ကြုံရပြီးပြီလို့ သူတို့ ပြောကြတယ်။ ဒီတစ်ခါ ခေါင်းဆောင် ရာထူးတစ်ခု ငါရနိုင်မလား သိချင်လိုက်တာ”ဟု တွေးမိခဲ့သည်။ ကျွန်တော်က နည်မည်ဂုဏ်သတင်းနှင့် အဆင့်အတန်းနောက်ကို တစ်ဖန် လိုက်နေခဲ့သည်ကို ကျွန်တော် နားလည်ခဲ့ပြီး၊ ထိုအရာများဖြင့် ချည်နှောင်ခံခဲ့ရကာ ဘောင်ခတ်ခံခဲ့ရသည့် ယခင်အချိန်က မည်မျှ နာကျင်ဖွယ်ဖြစ်ခဲ့သည်ကို ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော် လိုက်စားမြဲ လိုက်စား၍ မဖြစ်၊ ဇာတိပကတိကို စွန့်လွှတ်ကာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သင့်သည်ကို ကျွန်တော် သိခဲ့သည်။ ထို့နောက်တွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ကျွန်တော် တွေးမိခဲ့ပါသည်- “သင်သည် စာတန်နှင့်သက်ဆိုင်သည့် သိက္ခာနှင့် အဆင့်အတန်းကို စွန့်လွှတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် စာတန်ဆန်သည့် စိတ်ကူးများနှင့် အမြင်များဖြင့် ဘောင်ခတ်ခံရတော့မည် မဟုတ်သကဲ့သို့ လှည့်စားခံရတော့မည် မဟုတ်တော့ပေ။ သင်သည် လွတ်ငြိမ်းမှုကို တွေ့လိမ့်မည်ဖြစ်ပြီး သာ၍ သာ၍ သက်သောင့်သက်သာ ခံစားရလိမ့်မည်။ သင်သည် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည် ဖြစ်သည်။ သင် လွတ်လပ်ပြီး လွတ်မြောက်သွားသည့်နေ့ ရောက်ရှိသည့်အချိန်တွင်၊ သင် စွန့်လွှတ်ပြီးဖြစ်သည့် အရာများသည် အရှုပ်အယှက်များသာ ဖြစ်ပြီး၊ သင် အမှန်တယ် ရရှိပြီးဖြစ်သည့်အရာများသည် သင့်အဖို့ အဖိုးထိုက်တန်ဆုံးသော အရာများဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ ထိုအရာများမှာ အဖိုးအတန်ဆုံးသော အရာများဖြစ်ပြီး၊ တန်ဖိုးထားခြင်းငှာ အထိုက်တန်ဆုံးသော အရာများဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ သင် နှစ်သက်သည့် အရာများ- ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများ၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း၊ အဆင့်အတန်း၊ ငွေ၊ နာမည်ဂုဏ်သတင်းနှင့် အခြားသူများ၏လေးစားမှု- တို့သည် သင့်အဖို့ သုံးမရသကဲ့သို့ ထင်ရလိမ့်မည်။ ထိုအရာများသည် သင့်ကို ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်ကာ ယင်းတို့ကို သင် နောက်ထပ် လိုချင်တော့မည် မဟုတ်။ သင်သည် သာ၍ မြင့်မားသည့် သိက္ခာနှင့် အဆင့်အတန်းတို့ကို ပေးအပ်ခံခဲ့ရလျှင်ပင်၊ ယင်းတို့ကို သင် နောက်ထပ်မည်သို့မျှ လိုချင်တော့မည် မဟုတ်ပေ၊ ယင်းအစား၊ သင်သည် ယင်းတို့ကို အူထဲအသည်းထဲက မုန်းတီးကာ ငြင်းပယ်လိမ့်မည်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်တော့် စိတ်နှလုံး အားတက်သွားခဲ့ပြီး၊ နာမည်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက တန်ဖိုးမရှိသကဲ့သို့၊ သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ခြင်းက တန်ဖိုးအရှိဆုံးသော အရာများ ဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။ အမှန်တွင်၊ ရွေးကောက်ပွဲ၌ ပါဝင်ခြင်းက ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန်မဟုတ်ဘဲ လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအားဖြင့် ကျွန်တော့်၏ တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်ခဲ့ပေသည်။ နာမည်နှင့် အဆင့်အတန်းအတွက် ကျွန်တော့်၏ ရိုင်းဆိုင်းသော ဆန္ဒများကို လက်လွှတ်ကာ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း သင့်တော်သည့် ခေါင်းဆောင်တစ်ဦးကို မဲပေးရမည် ဖြစ်သည်။ ယင်းမှာ အသင်းတော်အလုပ်အတွက် အကျိုးရှိမည့် ဖြစ်ခဲ့ပါသည်။ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်တော် ရွေးချယ်ခံခဲ့ရမည်ဆိုပါက၊ ကျွန်တော့်တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ မဖြစ်ခဲ့လျှင်၊ ဘုရားသခင်ကို အပြစ်တင်မည်မဟုတ်ဘဲ၊ ကျွန်တော့်တာဝန်ကို အစွမ်းကုန် ကျွန်တော် လုပ်ဆောင်မည်ဖြစ်သည်။ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကျွန်တော့်၏ ရည်မှန်းချက်များကို တည့်မတ်သွားစေသည်နှင့် တစ်ပြိုင်နက်၊ ခေါင်းဆောင်အဖြစ် အံ့အားသင့်ဖွယ် ကျွန်တော် ရွေးချယ်ခံခဲ့ရသည်။ ဤရလဒ်ကို မြင်ရသည့်အခါ၊ ယခင်က ဖြစ်ခဲ့သကဲ့သို့ အခြားသူများထက် ကျွန်တော် တော်သည်ဟု တွေးထင်ရင်း ထိုအရာထဲတွင် ကျွန်တော် အကြိုက်တွေ့မသွားခဲ့ဘဲ ယင်းမှာ ကျွန်တော့်၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ဖြင့် ကျွန်တော် ထိုက်တန်နိုင်ဖို့အလို့ငှာ သမ္မာတရားကို လိုက်စားခြင်းနှင့် ကျွန်တော့်တာဝန်ကို လုပ်ဆောင်ခြင်းတို့အပေါ် ကျွန်တော် အာရုံစိုက်သင့်သည်ဟု ခံစားခဲ့ရသည်။
ထိုသုံးနစ်နီးပါး အချိန်ကာလ အတွင်းတွင်၊ နာမည်နှင့် အဆင့်အတန်းတို့က ကျွန်တော့်ကို လုပ်ဆောင်သည့် အန္တရာယ်ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ရှင်းလင်းစွာ ပြသခဲ့ပြီး သမ္မာတရားကို လိုက်စားဖို့ ကျွန်တော် ဆုံးဖြတ်လာခဲ့ပြီးဖြစ်သည်။ တစ်ခါတစ်ရံ နာမည်နှင့် အကျိုးအမြတ်အတွက် ကျွန်တော် ယှဉ်ပြိုင်ချင်ဆဲ ဖြစ်သော်လည်း၊ ကျွန်တော် ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းနိုင်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး ကျွန်တော့် တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်။ ကျွန်တော့်၏ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ကျွန်တော် ဘောင်ခတ်မခံရတော့ပါ။ နာမည်နှင့် အဆင့်အတန်းကို ကျွန်တော် လက်လွှတ်လိုက်ချိန်တွင်၊ ယင်းမှာ ကျွန်တော် လက်လွှတ်သမျှအကုန် မဟုတ်ခဲ့ဘဲ၊ စာတန်က ကျွန်တော့်ကို ချုပ်နှောင်ခဲ့ပြီးသည့် လေးလံသော ချည်နှောင်မှုများကိုလည်း လက်လွှတ်ပြီးဖြစ်သည်ကို ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော် အလွန် စိုးရိမ်သောကကင်းကာ လွတ်လပ်သကဲ့သို့ ခံစားရပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။