ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် နာခံရန် သင်ယူခြင်း

23.01.2022

နိုဗို ဖိလစ်ပိုင်နိုင်ငံ

၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်က ဒါကို လက်ခံတာ ဖိလစ်ပိုင်မှာ အရင်ဦးဆုံး လက်ခံတဲ့ လူတွေထဲက တစ်ယောက်ပဲဆိုတာ သိလိုက်ရတယ်။ ကျွန်တော် စိတ်လှုပ်ရှားပြီး ကောင်းချီးရတယ်လို့ ခံစားမိတယ်။ ၂၀၁၄မှာ ဖိလစ်ပိုင်ကို ပြန်လာပြီးတဲ့နောက်မှာ ကျွန်တော့်နိင်ငံမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ကျွန်တော် စဟောခဲ့တယ်။ မကြာခင်မှာပဲ ဖိလစ်ပိုင်တော်တော်များများက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်တော် တော်တော်ပျော်ပြီးတော့ ဧဝံဂေလိဟောကြားခြင်းတာဝန်ကို ထမ်းဆောင်နိုင်တာကို ဂုဏ်ယူမိတယ်။ ကျွန်တော်က ဧဝံဂေလိဟောပြီး ဘုရားကို သက်သေခံတာဟာ အထူးတာဝန်တစ်ခုဖြစ်ပြီး ဒီတာဝန်ကိုထမ်းဆောင်ဖို့ သမ္မာတရားတချို့ကို နားလည်ဖို့လိုလို့ လူတိုင်း မလုပ်နိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ပုံမှန်အားဖြင့် ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် တွေ့တဲ့အခါမှာ ဘုရားအမှုတော်ကို လက်ခံတာ ဖိလစ်ပိုင်မှာ အရင်ဦးဆုံးထဲကလူဖြစ်တဲ့အတွက် သူတို့က ကျွန်တော့်ကို အားကျကြတယ်။ ကျွန်တော်က တော်တော်ကံကောင်းတယ်လို့ သူတို့ထင်ကြပြီး၊ ကျွန်တော်က ဧဝံဂေလိဟောပြီး ဘုရားကို သက်သေခံနိုင်တဲ့အတွက် ကျွန်တော့်ကို လေးစားကြတယ်။ သူတို့ကကျွန်တော့်ကို အားကျပြီး အထင်ကြီးကြတာကို မြင်တော့ ကျွန်တော်က သာလွန်တဲ့ စိတ်ကို အမြဲတမ်း ခံစားရတယ်။ ဧဝံဂေလိဟောတာလိုမျိုးအရေးကြီးတဲ့တာဝန်တစ်ခုနဲ့ ကျွန်တော် ထိုက်တန်တယ်လို့ ခံစားမိတယ်။

တစ်နေ့မှာ အသင်းတော်ရဲ့နေ့စဉ်အလုပ်နဲ့ ကားမောင်းတာကို ကြီးကြပ်တဲ့ အစ်ကိုက သူ့ရဲ့ ကားမောင်းလိုင်စင်ကို အသစ်လုပ်ရမှာဖြစ်ပြီး လောလောဆယ် မမောင်းနိုင်တာကို ကျွန်တော် ကြားရတယ်။ ကျွန်တော် ကားမောင်းတတ်တာကို ခေါင်းဆောင်ကသိပြီး ကျွန်တော်က အဲဒီအစ်ကိုရဲ့တာဝန်ကို ယာယီလွှဲပြောင်းယူနိုင်မလား၊ အသင်းတော်အတွက် ကားမောင်းပြီး ပစ္စည်းတွေဝယ်ပေးနိုင်မလား၊ အသင်းတော်ရဲ့ နေ့စဉ်အလုပ်ကို လွှဲပြောင်းယူပေးနိုင်မလားဆိုပြီး မေးတယ်။ အဲဒီအချိန်မှာ ကျွန်တော် စိတ်ပူပြီးတော့ စိတ်ဒုက္ခှုဖြစ်လာတယ်။ ကျွန်တော် စဉ်းစားတယ်။ “ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ကားမောင်းစေချင်တာလဲ။ ငါက ဒရိုက်ဘာဖြစ်ရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်မလဲ” ပေါ့။ ကျွန်တော့် စိတ်ထဲမှာ ဧဝံဂေလိဟောပြီး ဘုရားကို သက်သေခံတာဟာ အရေးကြီးတဲ့တာဝန်တစ်ခု၊ ဘုရားရဲ့ပေါ်ထွန်းမှုကိုတောင့်တတဲ့သူတွေအများကြီးကို ဘုရားရှေ့ကို ပို့ဆောင်နိုင်တဲ့တာဝန်တစ်ခုပဲ။ ဒါပေမဲ့ ကားမောင်းတာက နေ့စဉ်အလုပ်တစ်ခု၊ သာမန်တာဝန်တစ်ခုသာဖြစ်တယ်၊ ဘုရားကို လုံးဝ သက်သေခံလို့မရတဲ့၊ သူများတွေ ကိုယ့်ကို အထင်ကြီးအောင်လုပ်လို့မရတဲ့ အခြေခံအားဖြင့် ဝေယျာဝစ္စအလုပ်တစ်ခုပဲ။ ရိုးရှင်းတဲ့ ဝေယျာဝစ္စအလုပ်ကို ဘယ်သူမဆိုလုပ်နိုင်တယ်။ ဒါပေမဲ့ လူတိုင်းက ဧဝံဂေလိဟောပြီး ဘုရားကို သက်သေခံနိုင်တာမဟုတ်ဘူး။ အဲဒီနေရာမှာ အထားခံရလို့ ကျွန်တော် တော်တော်စိတ်ပျက်မိတယ်။ ကားမောင်းတာဝန်က ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ခံစားမိတယ်။ ကျွန်တော့်အပေါ်မှာ ဘယ်လိုဖြစ်ပြီးဒီလိုဖြစ်ပျက်နေတယ်ဆိုတာကို ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော့်ခေါင်းဆောင်က ဒီတာဝန်ကို ကျွန်တော့်ကို ဆက်ယူထားခိုင်းမှာကို ကျွန်တော် စိတ်ပူမိခဲ့တယ်။ ကျွန်တော့်မှာ အပျက်သဘောဆောင်တဲ့ အတွေးတွေ အများကြီးရှိခဲ့တာပေါ့။ ဒီတာဝန်ကို ကျွန်တော် နာခံပြီး မထမ်းဆောင်နိုင်ဘူး။ ကျွန်တော့်တာဝန်တွေ ပြောင်းသွားတယ်လို့တောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် မသိစေချင်ဘူး။ နောက်နေ့မှာ ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ပြောတယ်။ “အစ်ကို ကားမောင်းတဲ့တာဝန်လုပ်နေတယ်လို့ ကြားတယ်” တဲ့။ သူတို့ဒီလိုပြောတာကိုကြားရတော့ကျွန်တော် တော်တော်ရှက်ပြီး စိတ်ဓာတ်ကျတယ်။ ဒီတာဝန်ကို ကျွန်တော် လုံးဝ မယူချင်ခဲ့ဘူး။ ကျွန်တော်က ဧဝံဂေလိဟောနေသင့်တယ်၊ အဲဒါက ကျွန်တော့်ကို ကောင်းတဲ့ ဂုဏ်သတင်းကိုပေးနိုင်တယ်လို့ ထင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့်ကို အထင်မသေးစေချင်ဘူးလေ။ ကျွန်တော် မကျေမနပ်ဖြစ်ပြီး မနာခံချင်စိတ်ဖြစ်လာတယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ အပြင်ပန်းမှာတော့ ကိစ္စမရှိတဲ့ပုံစံနဲ့ ဟန်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်အားနည်းချက်ကိုမြင်ပြီး ကျွန်တော့်ကို အထင်မသေးစေချင်ဘူး။ အဲဒါကြောင့် “ဒါတွေက ဘုရားရဲ့ အစီအစဉ်တွေပါပဲ။ ဒီအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်” လို့ပြောပြီး ဖြေလိုက်တယ်။ ဒါကို ကျွန်တော်ပြောတဲ့အခါမှာ ကျွန်တော်က “ဘုရားသခင်ဟာ အရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာရှိတယ်” ဆိုတဲ့ စကားကို သိပေမဲ့ ဘုရားသခင်က တကယ်တမ်း ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်တဲ့အခါမှာ သူ့ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် တကယ်ဝန်မခံခဲ့ဘူးဆိုတာ သိခဲ့တယ်။ ကျွန်တော့်စကားတွေက ကျွန်တော့်စိတ်နှလုံးနဲ့ မကိုက်ဘူး။ အပြင်ပန်းမှာ ကျွန်တော်က နာခံတယ်။ ဒါပေမဲ့ ဘုရားသခင် ဖန်တီးတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော် အမှန်တကယ် လက်မခံချင်ဘူး။ မနာခံချင်ဘူး။ ကျွန်တော် မနေနိုင်ဘဲ စဉ်းစားမိတယ်။ “ဒါတွေအားလုံးကို ငါ ဘာလို့ ရုတ်တရက်ကြီး ကြုံတွေ့နေရတာလဲ။ ငါ့ကို ကားမောင်းဖို့ စီစဉ်ပေးတာမှာ ခေါင်းဆောင်က အမှားလုပ်မိတာလား။ ဒီတာဝန်က ငါ့အတွက် လုံးဝ မသင့်တော်ဘူးလေ။ ငါက ဧဝံဂေလိဟောနေသင့်တာ။ ဘယ်လိုလုပ် ဒရိုက်ဘာဖြစ်ရတာလဲ” ပေါ့။ ကျွန်တော် တော်တော် အပျက်သဘောဆောင်လာတယ်။ ကျွန်တော်က ဧဝံဂေလိဟောဖို့ မသင့်တော်ဘူးလို့ သူထင်လို့ ကျွန်တော့်ကို ဒရိုက်ဘာလုပ်ခိုင်းလိုက်တာပဲ ဖြစ်ရမယ်လို့ ကျွန်တော် တွေးမိတယ်။ ဘာလို့လဲဆိုရင် ကားမောင်းတာက လက်တွေပဲလိုတယ်လေ။ အသက်ဝင်ရောက်မှု၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေမှု မလိုအပ်ဘူး။ ရုပ်ပိုင်းဆိုင်ရာ အလုပ်တစ်ခုပဲ။ ကျွန်တော့်ကို ခိုင်းတဲ့အတိုင်းပဲ အသင်းတော်အတွက် ကျွန်တော်ကားမောင်းပြီး ပစ္စည်းတွေ ဝယ်ပေးခဲ့ပါတယ်။ အချိန်တချို့ ကုန်ပြီးတဲ့နောက်မှာ ကျွန်တော် အသက်ဝင်ရောက်မှုကို မရခဲ့ဘူး။ ဒါကို စိတ်ကုန်လာတယ်။ ကားမောင်းတာဝန်ကို ပိုပိုပြီး သည်းမခံနိုင်ဖြစ်လာတယ်။

တစ်နေ့မှာ အရင်တုန်းက ကျွန်တော်နဲ့အတူ ဧဝံဂေလိဟောတဲ့ အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ဖုန်းခေါ်ပြီး မေးတယ်။ “အစ်ကို၊ အခုတလော ဘယ်လိုအခြေအနေရှိလဲ။ အစ်ကို့တာဝန်အသစ်ကို အသားကျပြီလား။ ကျွန်တော်တို့သွားချင်တဲ့ နေရာတချို့ရှိတယ်။ ဘယ်အချိန်မှာ ကျွန်တော်တို့ကို မောင်းပို့ပေးလို့ရမလဲ” တဲ့။ ဒါကိုကြားရတာ ကျွန်တော့်ကို ဝမ်းနည်းပြီး အရှက်ရစေတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါ့အစ်ကိုအတွက် ငါက ဂုဏ်အဆင့်အတန်းမရှိတဲ့ ဒရိုက်ဘာသက်သက်ပဲ ဖြစ်ချင်ဖြစ်နေမှာ။ သူက ငါ့ကို သေချာပေါက်အထင်သေးတာပဲ” ပေါ့။ ကျွန်တော် တော်တော်စိတ်ဒုက္ခရောက်ပြီး အပျက်သဘောဆောင်လာသလို၊ တာဝန်တွေမှာ စိတ်ပါမနေတော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်ချင်ဘူး၊ အစည်းအဝေးတွေ မသွားချင်ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုထင်လဲ ခဏခဏ တွေးမိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပြီး ဘာမနာခံမှုမှ မပြခဲ့ပေမဲ့ စိတ်ထဲမှာတော့ ကသောင်းကနင်းဖြစ်နေတယ်။ ဒီတာဝန်ကို ကျွန်တော် လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ပါစေ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်ကို ထမ်းဆောင်သင့်တယ်ဆိုတာ သဘောတရားအရ ကျွန်တော်သိပေမဲ့ ကျွန်တော့်ရဲ့ အပျက်သဘောဆောင်ပြီး မတက်ကြွတဲ့အခြေအနေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ တဖြည်းဖြည်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ကျွန်တော် မခံစားရတော့ဘူး။ ကျွန်တော့်တာဝန်က လောကီအလုပ်လို ခံစားရတယ်။ အလုပ်စချိန် ပြီးချိန်ကို မှတ်ရင်းနဲ့ တစ်နေ့တာကုန်သွားဖို့ စောင့်နေရတယ်။ ကျွန်တော့်စိတ်နှလုံးက မှောင်မိုက်မှုနဲ့ ဆင်းရဲဒုက္ခအတိ ဖြစ်နေတယ်။ အစည်းအဝေးတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုမရှိခဲ့ဘူး။ အမြဲတမ်း အနှစ်မဲ့သလိုခံစားရတယ်။ ကျွန်တော် ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်တော့်အခြေအနေက မှားတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ကားမောင်းပြီး ပစ္စည်းတွေကို ပို့တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲဆိုတာ ကျွန်တော် ဂရုစိုက်တုန်းပါပဲ။ ကျွန်တော် နာခံနိုင်ပြီး ဒီတာဝန်ကို လက်ခံနိုင်ဖို့အတွက် ကျေးဇူးပြု၍ ဦးဆောင်တော်မူပါ” ဆိုပြီးတော့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စစ်မှန်သော နာခံခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က သင်ဖြစ်စေချင်သည်အတိုင်း ဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီး အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရကာ သင့်ကို ပေါ်လွင်ထင်ရှားခွင့် ပေးထားသောအခါတိုင်းတွင် သင်သည် ဤအရာက အတော်ပင် ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု သင်ခံစားလျက် သင်သည် ‘ဘုရားသခင်ကို ကျေးဇူးတင်သည်’ ဟုပြောသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားချက်နှင့် စီမံမှုများကို နာခံနိုင်လေသည်။ သို့သော်လည်း သင် မည်သည့်အခါမျှ မထင်ပေါ်နိုင်မည့် အရေးမပါသောနေရာ၊ မည်သူမျှ သင့်ကို လုံးဝအသိအမှတ်မပြုသည့် နေရာ၌ တာဝန်ပေးသည့်အခါအတိုင်း၊ သင်သည် မပျော်ရွှင်တော့ဘဲ နာခံရန် ခက်ခဲသည်ဟု ခံစားရလေသည်။...နေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေသည့်၊ သင်၏ ဝင့်ဝါမှုနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ကြီးထွားပြီဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်စိတ်နှလုံးထဲက ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့တုန်းက ဘုရားသခင်ဆီကို ဆုတောင်းပြီး “ဘယ်လိုပတ်ဝန်းကျင်ကို ဘုရားစီစဉ်ပါစေ၊ အခက်အခဲတွေ ကြုံရပါစေ၊ ကြီးမားတဲ့ စမ်းသပ်မှုတွေ တွေ့ကြုံ့ရပါစေ ကျွန်တော် လက်ခံပြီးနာခံမယ်။ ဘာပဲဖြစ်ဖြစ် ဘုရားနောက်ကို ကျွန်တော်လိုက်မယ်” လို့ ပြောခဲ့တာကို အမှတ်ရမိတယ်။ ဒါပေမဲ့ အခု တကယ့်ပတ်ဝန်းကျင်ကရောက်လာပေမဲ့ ကျွန်တော် မလိုက်နာနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်အပေါ် ကျွန်တော့်ရဲ့ နာခံမှုက စကားလုံးသက်သက်ပဲဆိုတာ ကျွန်တော် ရုတ်တရက် သဘောပေါက်လိုက်တယ်။ အစတုန်းက ဧဝံဂေလိဟောဖို့အတွက် ကျွန်တော့်ကို အသင်းတော်က စီစဉ်ပေးချိန်မှာ ဒီတာဝန်ကိုထမ်းဆောင်ဖို့ ထူးခြားတဲ့တစ်ယောက်ယောက်ရှိရမယ်၊ ကျွန်တော်က ဒီလိုအရေးကြီးတဲ့တာဝန်ကိုရတာဟာ ကျွန်တော့်ကို ကြည့်ကောင်းစေတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်တော့် ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော့်ကို ချီးကျူးပြီး အထင်ကြီးခဲ့တယ်။ ကျွန်တော့်တာဝန်ကို အရမ်းနှစ်သက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် အရမ်းစိတ်အားထက်သန်ပြီး အဲဒီတာဝန်မှာ အရမ်းကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်တော့်ကို ကားမောင်းဖို့ စီစဉ်တဲ့အခါမှာ ကျွန်တော်ကို လူတိုင်းက တော်တော်အရေးတယူလုပ်နေရာကနေ ဘယ်သူမှ ဂရုမစိုက်တဲ့ ဒရိုက်ဘာ ချက်ချင်းဖြစ်သွားပြီး တော်တော် ရှက်စရာကောင်းတယ်လို့ ခံစားမိခဲ့တယ်။ ဒါ့အပြင် ကားမောင်းတာက သိပ်အရေးမကြီးဘူး၊ ဘယ်သူကမှ အထင်မကြီးဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒီတာဝန်ကို ကျွန်တော် ထမ်းဆောင်ရင် ကျွန်တော့် ညီအစ်ကိုမောင်နှမတွေက အရင်လိုမျိုး ကျွန်တော့်ကို အထင်ကြီးမှာမဟုတ်ဘူးပေါ့။ အဲဒါနဲ့ ကျွန်တော့် စိတ်နှလုံးအတွင်းထဲကနေ ဒီတာဝန်ကို လက်မခံနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်တော် မနာခံနိုင်ခဲ့ဘူး။ ကျွန်တော့်ခေါင်းဆောင်ရဲ့ အစီအစဉ်တွေက မှားတယ်လို့တောင် ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော့်ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို အလေးအနက်ထားလွန်းခဲ့တယ်။ ကျွန်တော်က ဇီဇာကြောင်ပြီး ကျွန်တော့်ရဲ့ နှစ်သက်မှုတွေကို အခြေခံပြီး တာဝန်တွေအပေါ် ဆက်ဆံခဲ့တယ်။ ကျွန်တော့်သိက္ခာကို ပြနိုင်ပြီး အထင်ကြီးခံရတဲ့ တာဝန်ကို လိုချင်ခဲ့တယ်။ မထင်ရှားတဲ့၊ မမြင်ရတဲ့ တာဝန်ကို မလိုချင်ခဲ့ဘူး။ ကျွန်တော့်အတွက် စီစဉ်ပေးတဲ့တာဝန်က တခြားလူတွေ ကျွန်တော့်ကို အထင်မကြီးစေတဲ့အခါမှာ ကျွန်တော့်စိတ်နှလုံးက ခုခံမှု၊ ညည်းညူမှုတွေနဲ့ပြည့်သွားတယ်။ အပြင်ပန်းမှာတော့ ဒါကို မဆန့်ကျင်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် နာခံအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါက ကျွန်တော့်ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ် ဆုံးရှုံးပြီး မှောင်မိုက်ထဲမှာ နေထိုင်စေခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို အမှန်တကယ်နာခံပြီး စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုရှိချင်ရင် ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံရမယ်၊ ပတ်ဝန်းကျင်က ကျွန်တော့်နဲ့ သဟဇာတဖြစ်တဲ့အချိန်မှာတင်မက၊ ပိုအရေးကြီးတာက သဟဇာတမဖြစ်တဲ့အချိန်မှာပါ နာခံရမယ်ဆိုတာက ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော် သိက္ခာကျပြီး ညီအစ်ကိုမောင်နှမတွေက အထင်မကြီးဘူးဆိုရင်တောင် ကျွန်တော်လက်ခံပြီး နာခံရမယ်။

နောက်ပိုင်းမှာ အစည်းအဝေးတစ်ခုမှာ ကျွန်တော့်အခြေအနေကို ကျွန်တော် ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုခဲ့တယ်။ ကျွန်တော့်မနာခံမှုရဲ့ အရင်းအမြစ်ကို နားလည်အောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ဆီပို့ပေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကျွန်တော် ရလာတဲ့ တာဝန်တွေဟာ ကျွန်တော့်ဂုဏ်နဲ့ အဆင့်အတန်းကို ထိခိုက်တာကြောင့် ကျွန်တော် မနာခံနိုင်တာဖြစ်ပြီး ဒါဟာ စာတန်ကလုပ်တဲ့ ထိခိုက်နစ်နာမှုပဲ ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးနောက်မှာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ စာတန်ဟာ လူတွေရဲ့ စိတ်နှလုံးကို ထိန်းချုပ်ဖို့အတွက် ကျော်ကြားမှုနဲ့ စည်းစိမ်ကို အသုံးပြုတယ်။ လူတွေကို ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် ရုန်းကန်စေပြီး အရာရာကို စွန့်လွှတ်အောင်လုပ်တယ်။ ကျွန်တော်လည်း အသက်တာမှာ စာတန်ရဲ့ အတွေးအခေါ်တွေနောက်ကို မရည်ရွယ်ဘဲ လိုက်ခဲ့မိတယ်။ သူများတွေရဲ့ လေးစားမှုနဲ့ အထင်ကြီးမှုကို ရဖို့အတွက် ကလေးတစ်ယောက်အနေနဲ့ ကျွန်တော့်ကို မိဘတွေက သွန်သင်ပေးခဲ့ပုံကို ကျွန်တော် သတိရမိတယ်။ ဒါကြောင့် ကျွန်တော် ငယ်ရွယ်တဲ့အချိန်မှာတောင် သူများတွေရဲ့ အထက်မှာနေပြီး ထူးချွန်ရမယ်လို့ ယုံကြည်ခဲ့တယ်။ လူ့အဖွဲ့အစည်းနဲ့ မီဒီယာတွေကလည်း ဒီအမြင်ကို အားပေးတယ်။ တချို့ နာမည်ကြီးပြီး ချမ်းသာတဲ့ ဂုဏ်အဆင့်အတန်းမြင်တဲ့လူတွေက သာမန်လူတွေထက် ပိုသာတဲ့ ဆက်ဆံရေးကို ခံစားရတာကို ကျွန်တော် မြင်ခဲ့တယ်။ ဒါကြောင့် ရှေ့ရောက်ပြီး လူတိုင်းရဲ့ လေးစားခြင်းကိုခံရဖို့ ကျွန်တော် စိတ်ဆုံးဖြတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံပြီးနောက်မှာ ဒီအမြင်တွေနဲ့ ရှင်သန်နေတုန်းပဲ။ ဘုရားအလိုတော်ကိုရှာဖွေခြင်း၊ သမ္မာတရားကို လိုက်စားခြင်းပေါ် အာရုံမစိုက်ဘဲနဲ့ တာဝန်တွေကို ကျွန်တော် ထမ်းဆောင်ခဲ့တယ်။ ဧဝံဂေလိဟောတာလိုမျိုး အရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ခြင်းက သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ကျွန်တော် မှားယွင်းစွာ ထင်မြင်ခဲ့တယ်။ အလုပ်ကြမ်းလုပ်ရတဲ့သူတွေရဲ့ တာဝန်တွေကို ဘယ်သူကမှ အသိအမှတ်မပြုဘူးလို့ ထင်ခဲ့တယ်။ တာဝန်တွေကို ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုပြီး တွေးခဲ့တယ်။ ကျွန်တော့်ကို ထင်ပေါ်စေမယ့် ဘယ်တာဝန်ကိုမဆို လုပ်ချင်ခဲ့တယ်။ ကျွန်တော်တို့အလုပ် လိုအပ်ချက်တွေအရ ကျွန်တော့်ကို ကားမောင်းပေးဖို့ ခေါင်းဆောင်က စီစဉ်တဲ့အခါ ကျွန်တော့် စိတ်နှလုံးအတွင်းထဲကနေ လက်မခံနိုင်၊ မနာခံနိုင်ခဲ့ဘူး။ ကျွန်တော်က ဧဝံဂေလိဟောဖို့ သင့်တော်တယ်၊ ဒါပေမဲ့ ကားမောင်းတာဝန်နဲ့ မသင့်တော်ဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်တော့်ရဲ့ ပုံရိပ်နဲ့ ဂုဏ်အဆင့်အတန်းကိုပဲ အရေးစိုက်နေခဲ့တယ်။ ဒါပေမဲ့ ဘုရားအလိုတော်ကို မရှာဖွေခဲ့ဘူး။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကို ထည့်မတွက်ခဲ့ဘူး။ တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကျွန်တော့်ရဲ့ ဧဝံဂေလိဟောတဲ့တာဝန်ကို ဆက်လုပ်ချင်တာက ဘုရားအလိုတော်ကို အမှန်တကယ် စဉ်းစားပေးတာမဟုတ်ပါဘူး။ လူတိုင်းရဲ့ လေးစားမှုကိုရဖို့အတွက် တက်လမ်းတစ်ခုအနေနဲ့ တာဝန်ကို လိုချင်ခဲ့ရုံသက်သက်ပါ။ ကျော်ကြားမှုနဲ့ စည်းစိမ်ကိုရနိုင်ပြီး ဒီတာဝန်ကြောင့်ရတဲ့ ဂုဏ်ကို ခံစားနိုင်ဖို့အတွက် ကြွားဝါပြီးတော့ လူတွေကို ကျွန်တော့်ကို အထင်ကြီးအောင်လုပ်ဖို့အတွက် ကျွန်တော့်တာဝန်ကို အသုံးပြုချင်ခဲ့တာပါ။ ကျွန်တော့်အတွက် ဒီတာဝန်ကို ခေါင်းဆောင်က စီစဉ်တဲ့အခါမှာ အရမ်းအလေးပေးခံရဖို့ဖြစ်တဲ့ ကျွန်တော့်ရည်မှန်းချက်က ကွဲကြေသွားတယ်။ ဒါကြောင့် ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် မတက်မကြွနဲ့ တွန့်ဆုတ်သွားပြီး အားတောင်မရှိခဲ့ဘူး။ ဒီဆိုးယုတ်တဲ့ အတွေးတွေနဲ့ ထင်မြင်ချက်တွေက ကျွန်တော့်စိတ်နှလုံးထဲမှာ ဘယ်လို အမြစ်တွယ်ပြီး ကျွန်တော့်ရဲ့ သဘာဝဖြစ်နေလဲဆိုတာကို ကျွန်တော် မြင်ခဲ့ပါတယ်။ အဲဒါတွေက ကျွန်တော်ပြောတာ၊ လုပ်တာ၊ တာဝန်တွေကို သဘောထားပုံတွေကို ထိန်းချုပ်ပြီး ဘုရားသခင်ကို ပုန်ကန်ပြီး အာခံစေခဲ့တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကို လိုက်ခြင်းက ကျွန်တော့်ကို အသိစိတ်အားလုံး ဆုံးရှုံးသွားစေတယ်။ တချို့ ညီအစ်ကိုမောင်နှမတွေက လောကီဂုဏ်အဆင့်အတန်းတွေရှိခဲ့ကြပြီး လူအများကြီးက သူတို့ကို ပံ့ပိုးကြတယ်။ ဒါပေမဲ့ ဘုရားကို သူတို့ယုံကြည်ပြီး တာဝန်တွေကို ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လက်လွတ်နိုင်ကြတယ်။ အသင်းတော်က ဘာကိုပဲ စီစဉ်ပါစေ၊ နှိမ့်ကျတဲ့ တာဝန်တွေကိုတောင်မှ သူတို့က လက်ခံပြီး နာခံနိုင်တာကို ကျွန်တော် တွေးမိတယ်။ သူတို့နဲ့ယှဉ်ကြည့်တော့ ကျွန်တော် အရှက်ရမိတယ်။ ကျွန်တော်က ဘုရားကို အမှန်တကယ် ယုံကြည်သူမဟုတ်ခဲ့ပါဘူး။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ဘုရားအပေါ် အခြေခံအကျဆုံး နာခံခြင်းတောင် မရှိခဲ့ဘူး။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်တာဟာ ဘယ်လောက်အရှက်မဲ့ပြီး စက်ဆုပ်စရာကောင်းလဲဆိုတာ ကျွန်တော် အခု သဘာပေါက်ပါတယ်။ ဒီလိုမျိုး ဆက်လိုက်စားနေရင် သမ္မာတရားကို လုံးဝ နားလည်မှာမဟုတ်ဘူး။ အနှေးနဲ့ အမြန် ကျွန်တော် ဖယ်ရှားခံရမှာပဲ။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာတရား လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စမဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကိုလက်တွေ့ကျင့်သုံးခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤအရာများကို သင့်စိတ်နှလုံးထဲ၌ သင်နေ့စဉ် စွဲကိုင်ထားရမည်။ သင်သည် မည်သည့်ပြဿနာများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်ကို အမြဲတမ်းကာကွယ်ခြင်း မပြုလေနှင့်။ ယင်းအစား သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လေ့လာသင်ယူလော့။ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးမှုများ ဖော်ပြနေသည်ဖြစ်စေ မစစ်ဆေးဘဲ မနေလေနှင့်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဆင်ခြင်သုံးသပ်ပြီး သိမှတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ နေ့စဉ် အခြေအနေများတွင် သင်၏ အတွေးတို့သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားတို့သည် မည်သည်တို့ဖြစ်သည် ဆိုသည်တို့အပေါ်တွင် ရှိနေလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ သင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့အသုံးပြုရမည်ကို သင်ယူလေ့လာနိုင်စွမ်းရှိသည်။ ဤသို့ ပြုခြင်းအားဖြင့် သင်သည် စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သို့ဖြစ်၍ သမ္မာတရား၏လက်တွေ့အရှိတရားထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။ သင်၏စိတ်သည် ပိုမိုမြင့်မားသောအဆင့်ကို မည်သို့ရရှိရမည် သို့မဟုတ် အခြားသူများရှေ့တွင် မည်သို့ပြုမူဖို့၊ သင့်ကို အခြားသူများက သဘောကျအောင် မည်သို့ပြုလုပ်ဖို့ဟူသည့် အတွေးများနှင့် ပြည့်နှက်နေပါက၊ သင်သည် လမ်းမှားပေါ် ရောက်နေသည်။ ယင်းက သင်သည် စာတန်အတွက် အမှုအရာများ လုပ်ဆောင်နေသည်၊ သင်သည် အစေခံနေသည်ကို ဆိုလိုသည်။ အကယ်၍ သင်၏ စိတ်က သင်သည် လူသားတစ်ဦးနှင့် သာ၍ သာ၍ တူလာဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့၊ သူ့ကို ကျိုးနွံနာခံနိုင်ပြီး သူ့ကို ကြောက်ရွံ့နိုင်စွမ်းရှိဖို့၊ ပြီးလျှင် သင်ပြုလုပ်သမျှ အရာတိုင်း၌ ထိန်းချုပ်မှုကို ပြသပြီး သူ၏ စိစစ်ခြင်းကို လက်ခံနိုင်စွမ်းရှိဖို့အလို့ငှာ မည်သို့ ပြောင်းလဲရမည်ဆိုသည့် အတွေးများနှင့် ပြည့်ပါက၊ သင်၏အခြေအနေသည် ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်သောသူတစ်ဦး ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် လမ်းကြောင်းနှစ်ခုရှိလေသည်- တစ်ခုက လူတစ်ဦး ကိုယ်တိုင်၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ဖြည့်ဆည်းလျက် အပြုအမူကိုသာ အသားပေးသည်၊ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ၎င်း၏အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းဖြစ်သည်။ အခြားသောလမ်းကြောင်းက ဘုရားသခင်အား ကြောက်ရွံ့ပြီး မိမိ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အလို့ငှာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ မည်သို့ဝင်ရောက်ရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ သူ့အပေါ် နားလည်မှုလွဲမှားခြင်းများ သို့မဟုတ် မနာခံမှု မည်သို့မထားရှိရမည်ကို အလေးထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ် အသက်ရှင်သူတစ်ဦး ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်က သမ္မာတရားကိုရပြီး ဖောက်ပြန်ပျက်စီးခြင်းကနေ လွတ်မြောက်ချင်ရင် မှားယွင်းတဲ့ ပန်းတိုင်နောက်လိုက်တာကို ရပ်ဖို့လိုမှန်း သဘောပေါက်ခဲ့တယ်။ ကျွန်တော်က တာဝန်မှာ ကြွားဝါနိုင်ခြင်းရှိရှိ၊ မရှိရှိ၊ သူများတွေလေးစားတာကို ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ကျွန်တော့်တာဝန်ကိုလက်ခံပြီး သစ္စာရှိရှိနဲ့ ထမ်းဆောင်သင့်တယ်။ ဒါက ဖန်ဆင်းခံတွေမှာ ရှိသင့်တဲ့ တာဝန်အပေါ် သဘောထားနဲ့ အသိစိတ်ပါပဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကိုရဖို့သက်သက်နဲ့ ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်တယ်ဆိုရင် ကျွန်တော်က စာတန်ရဲ့တာဝန်ကို လုပ်ပေးနေသလိုဖြစ်မှာပဲ။ ဘာကြောင့်လဲဆိုရင် စာတန်က လူတွေကို ကျော်ကြားမှု၊ စည်းစိမ်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကို လိုက်အောင်လုပ်တယ်။ ဘုရားဆီကနေ ထွက်ခွာပြီး ဘုရားကို သစ္စာဖောက်အောင်လုပ်တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်တဲ့ ကျွန်တော့်ရဲ့ ပန်းတိုင်ကို မပြောင်းလဲရင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မပြောင်းရင် အဆုံးမှာ ဖယ်ရှားခြင်းကိုပဲ ခံရနိုင်တယ်။ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားတာ၊ ဘုရားရဲ့ အစီအစဉ်တွေကို လက်ခံတာ၊ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်တဲ့ အတွေးတွေကို စွန့်လွှတ်တာ၊ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်တာ၊ ကိုယ့်တာဝန်ကို ကောင်းမွန်စွာထမ်းဆောင်တာဟာ ဘုရားရှေ့မှာ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီလိုက်စားမှုတွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါကို ကျွန်တော် နားလည်လိုက်တာနဲ့ ဦးတည်ချက်တစ်ခုရှိသွားတယ်။ ဘုရားအပေါ် ကျွန်တော့်ရဲ့ ယုံကြည်မှုနဲ့ တာဝန်တွေမှာ သမ္မာတရားကို လိုက်စားရမယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ တာဝန်တွေကို လက်ခံဖို့ လိုလားလာခဲ့ပါတယ်။ လူတွေက ကျွန်တော့်ကို အထင်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တာဝန်တွေကို တတ်နိုင်သမျှ အကောင်းဆုံးလုပ်ရမှာပါ။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင်၊ ဘုရားသခင်၏ အိမ်တော်၌ တာဝန်တစ်ခုကို သင် ထမ်းဆောင်သည့်အခါ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုပါဝင်သည်ဖြစ်စေ၊ သင်၏ ဦးနှောက် အသုံးပြုခြင်း ပါဝင်သည်ဖြစ်စေ၊ ယင်းကို အသင်းတော် ပြင်ပတွင် လုပ်ဆောင်သည်ဖြစ်စေ အသင်းတော် အတွင်းတွင် လုပ်ဆောင်သည်ဖြစ်စေ၊ သင် ထမ်းဆောင်သည့် တာဝန်သည် မတော်တဆ မဟုတ်ပေ။ ဤသည်မှာ သင်၏ ရွေးချယ်မှု မဟုတ်၊ ယင်းကို ဘုရားသခင်က ညွှန်ကြားထားခြင်း ဖြစ်သည်။ သင် တို့ထိခံရပြီး ဤသာသနာနှင့် တာဝန် အသိစိတ်ရှိကာ ဤတာဝန်ကို ထမ်းဆောင်နိုင်သည်မှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကြောင့်သာ ဖြစ်သည်။ မယုံကြည်သူများထဲတွင်၊ ဆွဲဆောင်မှုရှိသည့်၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိသည့် သို့မဟုတ် တတ်စွမ်းနိုင်သည့်သူများစွာ ရှိသည်။ သို့သော် ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးပေးသလော။ (မပေးပေ။) ဘုရားသခင်က ဤလူစုဖြစ်သည် သင်တို့ကိုသာ အခွင့်အရေးပေး၏။ သူသည် သင့်အား အခန်းကဏ္ဍမျိုးစုံကို တာဝန်ယူစေသည်၊ သူ၏ စီမံခန့်ခွဲခြင်း အမှုထဲတွင် တာဝန်နှင့် ဝတ္တရားမျိုးစုံကို ဆောင်ရွက်စေပြီး၊ နောက်ဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ် အဆုံးသတ်လာချိန်တွင်၊ ဤသည်မှာ ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်း ဖြစ်လေမည်တည်း။ ထို့ကြောင့်၊ ယနေ့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ လူတို့သည် အခက်အခဲအနည်းငယ် ခံစားရချိန်တွင်၊ အမှုအရာများကို ၎င်းတို့ စွန့်လွှတ်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံရမည့်အချိန်တွင်၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် လောက၌ အခွင့်အလမ်းများကို ၎င်းတို့ ဆုံးရှုံးရချိန်တွင်၊ ယင်းမှာ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားပြီးဖြစ်သည့်အလား ဖြစ်သည်- သို့သော် ၎င်းတို့သည် သာ၍ ကြီးမားကာ သာ၍ ကောင်းမွန်သော တစ်စုံတစ်ရာကို ရရှိကြပြီး ဖြစ်သည်။ ဘုရားသခင်ထံမှ မည်သည့်အရာကို ၎င်းတို့ ရရှိကြပြီနည်း။ သင်၏ တာဝန်ကို ကောင်းမွန်စွာ သင် ထမ်းဆောင်ပြီးသည့်အခါမှသာ၊ သင့်အတွက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးစီးပြီးသည့်အခါ၊ သင်၏ အသက်တာတစ်ခုလုံးကို သင်၏ သာသနာနှင့် စေခိုင်းချက်တာဝန်အတွက် အသက်ရှင်ပြီး အကျိုးရှိသော အသက်တာတစ်ခုကို သင် အသက်ရှင်ချိန်တွင်- ထိုအခါမှသာ သင်သည် စစ်မှန်သော လူတစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ပြီးဖြစ်သောကြောင့်၊ သူသည် သူ၏ စီမံခန့်ခွဲမှုထဲတွင် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို သင့်အား ထမ်းဆောင်ခွင့်ပေးပြီးဖြစ်ကာ သင်၏ အသက်တာအဖို့ သာ၍ ကြီးမားသော တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် မရှိနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ”) “ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် ဆက်ကပ်ရန် သင်ဆန္ဒရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရုံ ထမ်းဆောင်၍မရနိုင်ပေ၊ သင့်အပေါ် ဘုရားသခင်နှင်းအပ်သည့် မည်သည့် တာဝန်ပေး ခိုင်းစေချက်ကိုမဆို လက်ခံရမည်။ သင့်အကြိုက်များနှင့် ကိုက်ညီပြီး သင့်စိတ်ဝင်စားမှုများ အတိုင်းအတာအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင် မပျော်ပိုက်သော အရာတစ်ခု သို့မဟုတ် ယခင်က မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်စေ၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်စေဦးတော့၊ ယင်းကို သင်လက်ခံပြီး နာခံသင့်သည်။ သင် လက်ခံရမည်သာမက၊ ယင်းကို တက်ကြွထက်သန်စွာ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး သင်ယူလေ့ကျက်ကာ ဝင်ရောက်မှုကို ရရှိရမည်။ အကယ်၍ သင်သည် ဒုက္ခဆင်းရဲခံစားရပြီး ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ထင်ပေါ်နိုင်စွမ်း မရှိခဲ့ဖူးလျှင်ပင် သင်၏ ဆက်ကပ်မှု၌ သင် သစ္စာစောင့်သိရဦးမည် ဖြစ်သည်။ ယင်းကို သင်ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်မှတ်ယူရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘဲ သင်၏တာဝန်အဖြစ် မှတ်ယူရပေမည်။ လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က လူတစ်ဦးကို ပြုလုပ်ရမည့် အလုပ်တာဝန်တစ်ခု ပေးသည့်အခါနှင့် ထိုအခိုက်အတန့်တွင် ထိုလူ၏တာဝန် ပေါ်လာခြင်းဖြစ်သည်။ သင့်ကို ဘုရားသခင်ပေးသည့် အလုပ်တာဝန်များ၊ သင့်ကို ဘုရားသခင်ပေးသည့် တာဝန်ပေးခိုင်းစေချက်များ၊ ဤအရာများမှာ သင်၏ တာဝန်များဖြစ်သည်။ ယင်းတို့ကို သင်၏ ပန်းတိုင်များအဖြစ် သင်လိုက်လျှောက်ပြီး၊ ဘုရားသခင်ကို ချစ်သောနှလုံးသား သင်၌ အမှန်တကယ်ရှိသောအခါ၊ ငြင်းချက်တစ်ခု သင် ပြုနိုင်သေးသလော။ ယင်းတို့ကို သင်မငြင်းဆန်သင့်ပေ။ ယင်းတို့ကို သင်လက်ခံသင့်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် အဘယ်နည်း။ (အရာခပ်သိမ်းတွင် လုံးလုံး ဆက်ကပ်အပ်နှံထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်းတွင် ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ ဤနေရာတွင် အခရာအချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းက ‘အရာခပ်သိမ်းတွင်’ ဖြစ်သည်။ ‘အရာခပ်သိမ်း’ ဆိုသည်မှာ သင်ရင်းနှီးကျွမ်းဝင်ပြီးသား အရာများကို ဆိုလိုရန် မဆိုထားနှင့်၊ သင်နှစ်သက်သည့် အရာများ၊ သို့မဟုတ် သင်ကျွမ်းကျင်သည့် အရာများကိုပင် သေချာပေါက် မဆိုလိုပေ။ တစ်ခါတစ်ရံတွင် သင်သည် တစ်စုံတစ်ခု၌ မကျွမ်းကျင်သည့်အခါ၊ သင်ယူဖို့ လိုအပ်လိမ့်မည်၊ တစ်ခါတစ်ရံတွင် သင်သည် အခက်အခဲများကို ကြုံတွေ့လိမ့်မည်ဖြစ်ပြီး ဒုက္ခခံရမည်။ သို့သော် မည်သည့်တာဝန်ပင် ဖြစ်ပါစေ ယင်းက ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာဖြစ်သည့် ကာလပတ်လုံး သင်သည် ယင်းကို သူ့ထံမှ လက်ခံရမည်၊ ယင်းကို သင်၏တာဝန်အဖြစ် မှတ်ယူရမည်၊ ယင်းကို ဖြည့်ဆည်းဖို့ ဆက်ကပ်အပ်နှံထားရမည် ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ သင့်ထံ၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် သမ္မာတရားကို အမြဲရှာဖွေရမည်ဖြစ်ပြီး မည်သည့်လက်တွေ့လုပ်ဆောင်မှုမျိုးက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီကြောင်း သေချာသည်နှင့် တစ်ပြိုင်နက် ယင်းကို သင်လက်တွေ့လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ပြုမူခြင်းသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပြီး ဤနည်းအားဖြင့် လုပ်ဆောင်ခြင်းသာလျှင် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း ဖြစ်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးနောက်မှာ ဘယ်တာဝန်ကမှ ကျွန်တော့်ဆီကို မတော်တဆရောက်လာတာမဟုတ်သလို ဘယ်လူတစ်ဦးတစ်ယောက်ကမှ စီစဉ်တာလဲမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ဆုံးဖြတ်ချက်ကနေ လာတာပါ။ ကားမောင်းတာက ကျွန်တော် နှစ်သက်တဲ့၊ စိတ်ဝင်စားတဲ့ တာဝန်မဟုတ်ပေမဲ့ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအရ၊ ကျွန်တော့်အတွက် စီစဉ်ပေးခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်နှစ်သက်မှုတွေနောက်ကို လိုက်လို့မဖြစ်ဘူး။ ဒါဟာ ကျွန်တော့်ကို ဒုက္ခခံရစေတယ်၊ အလေးစားမခံစေဘူးဆိုရင်တောင်မှ ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး။ ဒီတာဝန်က ဘုရားဆီကလာတာဖြစ်လို့ အမြော်အမြင်ရှိတာကို လုပ်ပြီး နာခံသင့်ပါတယ်။ ဘုရားက ကျွန်တော့်ကို တာဝန်တစ်ခုပေးခဲ့တယ်။ ဒါဟာ ကျွန်တော့်ကို တာဝန်ခံယူမှုနဲ့ အလုပ်တစ်ခုပေးတဲ့သဘောပါပဲ။ ဒါကြောင့် ဘယ်လောက်ခက်ခဲပါစေ တာဝန်ကို ကျွန်တော် စိတ်ပါလက်ပါနဲ့ ထမ်းဆောင်သင့်တယ်။ ဖန်ဆင်းခံတစ်ယောက်အဖြစ် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားရဲ့ စေခိုင်းချက်ကို ဖြည့်ဆည်းသင့်တယ်။ ဒီလို အသက်ရှင်တာဟာ အဓိပ္ပာယ်ရှိပြီး အချည်းနှီးမဖြစ်ပါဘူး။ အရင်က ကျော်ကြားမှုနဲ့ စည်းစိမ်ရဲ့ ညှို့ယူတာကို ကျွန်တော် ခံခဲ့ရတယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို နားမလည်တာကြောင့် တာဝန်ကို မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့သလို၊ တာဝန်တွေကို ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုပြီး မြင်ခဲ့တယ်။ တကယ်တမ်းကတော့ ဘုရားအိမ်တော်မှာ ဘယ်တာဝန်ကမှ ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုတာမရှိဘူး။ မတူညီတဲ့ လုပ်ငန်းဆောင်တာတွေကို ထမ်းဆောင်တာ သက်သက်ပဲ။ ဧဝံဂေလိဟောတာနဲ့ ကားမောင်းတာနှစ်ခုလုံးက အသင်းတော်အလုပ်ရဲ့ လိုအပ်တဲ့ အပိုင်းတွေပဲ။ ဘုရားအိမ်တော်မှာ ဘယ်တာဝန်ကိုပဲ ကျွန်တော်တို့ ထမ်းဆောင်ပါစေ အသက်ဝင်ရောက်မှုကို ကျွန်တော်တို့ လိုက်စားဖို့ ဘုရားက အလိုရှိတယ်။ ကျွန်တော်က လေးစားခံရအောင်၊ ကျော်ကြားမှုနဲ့ စည်းစိမ်ကိုရအောင် တာဝန်တွေကို ထမ်းဆောင်တယ်ဆိုရင် ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာမဟုတ်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ ရည်မှန်းချက်တွေအတွက် ကြံစည်နေတာပဲ။ တခြားလူတွေရဲ့ လေးစားတာကို ခံရရင်တောင်မှ ဘုရားက လက်ခံမှာမဟုတ်ဘူး။ ခေါင်းဆောင်က ကျွန်တော့်တာဝန်ကို ဒရိုက်ဘာအဖြစ် စီစဉ်ပေးတဲ့အခါ လူတွေကြားမှာ ကျွန်တော်က အဆင့်အတန်းမရှိဖြစ်ပြီး နည်းနည်းပင်ပန်းစရာဖြစ်ပေမဲ့ ဒီပတ်ဝန်းကျင်က ကျွန်တော့်ကို နာခံဖို့ သင်ပေးတယ်။ သမ္မာတရားကိုနားလည်အောင် ကူညီပေးတယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် ကျွန်တော့်ဆန္ဒကို တဖြည်းဖြည်း လက်လွတ်ခွင့်ပေးတယ်။ ဒါက ကျွန်တော့်အတွက် ဘုရားရဲ့ ကယ်တင်ခြင်းပဲ။ တကယ်တမ်းတော့ ကျွန်တော် စဉ်းစားကြည့်လိုက်တော့ အသင်းတော်ကိစ္စတွေကို ကိုင်တွယ်ဖို့ ကားမောင်းတာမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို စဉ်းစားပေးတာတွေပါတဲ့ ကိစ္စအမျိုးမျိုးကို ကျွန်တော် ကြုံရတယ်။ အားလုံးက သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေအတိုင်းလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ဘုရားကို ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်အတွက် အခွင့်အလမ်းကောင်းတစ်ခုမဟုတ်ဘူးလား။ ဒါကို ကျွန်တော် သဘောပေါက်လိုက်တာနဲ့ ကျွန်တော် ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ။ ကိစ္စအတော်များများမှာ ကိုယ်တော့်ကို စိတ်ပျက်စေခဲ့ပါတယ်။ အခုကစပြီး ကိုယ်တော်ရဲ့ အစီအစဉ်မှာ အရာအားလုံးကို ထားပြီး ကိုယ်တော်ရဲ့ စောင့်ကြည့်လေ့လာမှုကို လက်ခံပါမယ်။ ကိုယ်တော်အတွက် ချစ်ခြင်းပြည့်ဝတဲ့ စိတ်နှလုံးနဲ့ တာဝန်ကို ထမ်းဆောင်ပါမယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်ပေါ့ပါးသွားသလို ခံစားရပြီး၊ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။

တစ်ခါတော့ အသင်းတော်အတွက် ပစ္စည်းတွေဝယ်ဖို့ ညီအစ်ကိုမောင်နှမတွေကို အပြင်ကားမောင်းပို့ပေးတယ်။ ဘုရားရဲ့ မိသားစု အကျိုးစီးပွားတွေကို မထိခိုက်အောင်လို့ ဈေးနှုန်းတွေ၊ အရည်အသွေးတွေကို ယှဉ်ပြီး ပစ္စည်းတွေကို သူတို့ တော်တော်ဂရုစိုက်ရွေးနေကြတာကို ကျွန်တော် ကြည့်တယ်။ ကျွန်တော် ကားစမောင်းကတည်းက အထင်ကြီးခံရဖို့ဖြစ်တဲ့ ကျွန်တော့်ဆန္ဒက မပြည့်ဝလို့ကျွန်တော့်တာဝန်အပေါ်မှာ မှားယွင်းတဲ့ သဘောထားရှိခဲ့တာကို ကျွန်တော် ပြန်စဉ်းစားမိတယ်။ တစ်နေ့ချင်းစီမှာ စီစဉ်ထားသမျှကိုပဲ ကျွန်တော် လုပ်ခဲ့တယ်။ ဘယ်တော့မှ လေးလေးနက်နက် မစဉ်းစားခဲ့ဘူး။ တာဝန်ကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမယ်ဆိုတာ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ ကျွန်တော် ဈေးဝယ်တဲ့အခါမှာ အရည်အသွေးမြင့်ပြီး ဈေးနည်းတာကို သိပ်မရှာဘူး။ ကောင်းလောက်တယ်လို့ ထင်ရတာတွေကိုပဲ ဝယ်ခဲ့တယ်။ လုံးဝ နီးပါး သိပ်ဂရုတစိုက်မဝယ်ခဲ့ပါဘူး။ ဒီအပေါ်မှာ တကယ်ကို စိတ်မနှစ်ခဲ့ဘူး။ ကျွန်တော် အစေခံသူတစ်ယောက် ဆက်မဖြစ်ချင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော့်တာဝန်တွေမှာ သူများတွေက ကျွန်တော့်ကို အထင်ကြီးခြင်း ရှိမရှိဆိုတာကို စိတ်မပူတော့ဘူး။ အဲဒီအစား ကျွန်တော့်တာဝန်တွေနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို အလေးအနက်စဉ်းစားခဲ့တယ်။ အသင်းတော်အတွက် ပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ဂရုစိုက်ပြီး စဉ်းစားပြီးလုပ်တယ်။ တာဝန်တွေကို အဲဒီလို ထမ်းဆောင်တဲ့အခါမှာ စိတ်အေးချမ်းတာကို ခံစားရတယ်။ မပင်ပန်းတော့ဘူး။ ကျွန်တော့် အတွေ့အကြုံကနေ အများကြီးရခဲ့ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်တော် လိုက်စားတာဟာ မှားမှန်း ို ဆင်ခြင်ပြီး သဘောပေါက်အောင်လုပ်ဖို့ ကျွန်တော် မကြိုက်တဲ့ တာဝန်တစ်ခုကို ဘုရားကပေးခဲ့တယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ သူဟာ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းဆီကို ကျွန်တော့်ကို ခေါ်ဆောင်နေတာပါ။ ဒါတွေအားလုံးက ကျွန်တော့်အတွက် ဘုရားရဲ့ ချစ်ခြင်းပါပဲ။ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကြုံတွေ့ခဲ့ပြီး ဘုရားသခင်က ကိစ္စတွေကို ဘယ်လိုစီစဉ်ပါစေ ကျွန်တော့်အယူအဆတွေနဲ့ မကိုက်ညီတဲ့အချိန်မှာတောင် ဒါတွေအားလုံးက ကျွန်တော့်ဘဝအတွက် အကျိုးဖြစ်စေတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်တော် မပုန်ကန်နိုင်တော့ပါဘူး။ ဘုရားကို ကျေနပ်စေဖို့ ဘုရားကို ကျွန်တော် နာခံရမှာဖြစ်တယ်။

အဲဒါပြီးတော့ သိပ်မကြာခင်မှာ ကျွန်တော့်အစ်ကိုက ကားမောင်းလိုင်စင်အသစ်တစ်ခုရပြီး ကားဆက်မောင်းဖို့ ပြန်လာခဲ့တယ်။ ခေါင်းဆောင်က ကျွန်တော့်ကို အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ စီစဉ်ပေးတယ်။ သတင်းကြားရတော့ ကျွန်တော် စဉ်းစားတယ်။ “ဒီတစ်ခါတော့ ငါ့တာဝန်ကို ဘယ်လိုမှတ်ယူရမယ်ဆိုတာကို ငါ့ရဲ့ နှစ်သက်မှုတွေက သတ်မှတ်ပေးတာခံလို့မဖြစ်ဘူး။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ငါလက်ခံပြီး နာခံသင့်တယ်။ ဒါဟာ ငါ လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ကတစ်ဆင့် ငါ့ကို စုံလင်စေဖို့၊ မတူညီတဲ့တာဝန်တွေမှာ ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး လက်တွေ့လုပ်ဆောင်ခွင့်ပေးဖို့ ဘုရားသခင်က ငါ့ကိုပေးလိုက်တဲ့ နောက်ထပ် အခွင့်အရေးတစ်ခုဆိုတာ ငါသိတယ်” ဆိုပြီးတော့။ ကျွန်တော့်ရဲ့ အရင်က အတွေ့အကြုံနဲ့ ကျွန်တော့်တာဝန်သစ်မှာ အပျက်သဘောဆောင်တဲ့ အတွေးတွေ မရှိတော့ဘူး။ ကျွန်တော့်တာဝန်ကို အထင်မသေးတော့ဘူး။ သူများတွေလေးစားတာခံရဖို့ကိုလည်း မရှာတော့ဘူး။ အဲဒီအစား တာဝန်ကို လက်တွေ့ကျကျထမ်းဆောင်ပြီး ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သို့ရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့- ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ကိုယ်ပိုင်အကျိုးများ နှင့် သူ၏ အမှုတော်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစွာပထမ ထည့်သွင်းစဉ်းစားသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်တော် နှလုံးသားကို လင်းလက်သွားစေတယ်။ တာဝန်တွေကို ကျွန်တော်တို့ ထမ်းဆောင်တဲ့အခါ ဘုရားသခင်ရဲ့ စောင့်ကြည့်လေ့လာမှုကို လက်ခံသင့်တယ်။ ကျွန်တော်တို့ ဆန္ဒတွေကို လက်လွတ်သင့်တယ်။ စစ်မှန်ရိုးသားတဲ့ စိတ်နှလုံးတွေကို ပေးအပ်သင့်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးအမြတ်အတွက် ကိစ္စတွေကိုလုပ်သင့်ပြီး၊ လုပ်ရမယ့်အရာရာတိုင်းမှာ အကောင်းဆုံးလုပ်သင့်ပါတယ်။ ဒါဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းပဲ။ ဖြောင့်မတ်တဲ့ ပုံစံနဲ့ အသက်ရှင်ပြီး လူတွေလုပ်ဆောင်ရမယ့်အရာကို လုပ်ခြင်းပဲ။ ကျွန်တော်က ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့၊ အရမ်း တည်ကြည်ခိုင်မာပြီး စိတ်သက်သာမှုကို ခံစားရတယ်။ အခု ကျွန်တော့်တာဝန်မှာ အရမ်းပျော်ပါတယ်။ အများကြီး အကျိုးရတယ်။ အမှန်တရားတွေနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းက ဖော်ထုတ်တာကို မခံရဘဲနဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သတိပြုမိမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့် ဖောက်ပြန်ပျက်စီးခြင်းနဲ့ လိုက်စားတဲ့နေရာမှာ မှားနေတဲ့ အမြင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘုရားသခင်က ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် သိခွင့်ပေးဖို့၊ တာဝန်တွေအပေါ်မှာ ဘယ်လိုသဘောထားနဲ့ အမြင်မျိုးတွေက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်ဆိုတာ နားလည်အောင်လုပ်ဖို့ ကျွန်တော်မကြိုက်တဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်တော့်ကို ထားတာပါ။ ဒါကို ကြုံတွေ့ပြီးနောက်မှာ ကျွန်တော်ထမ်းဆောင်တဲ့တာဝန်ကို ဘုရားသခင် စီစဉ်ပေးတာ၊ အသက်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကျွန်တော့်လိုအပ်ချက်တွေအပေါ် အခြေခံတာဖြစ်တယ်၊ ဒါကြောင့် ကျွန်တော် လက်ခံပြီး နာခံသင့်တယ်၊ တာဝန်တွေကို စိတ်နှလုံးအပြည့်အဝနဲ့ ထမ်းဆောင်သင့်တယ်၊ တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ သမ္မာတရားကို လိုက်စားသင့်တယ်၊ ဘုရားကို အမှန်တကယ်နာခံပြီး ဘုရားရဲ့ လက်ခံမှုကို ရတဲ့သူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကိုလည်း ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။