ဂုဏ်ဒြပ်ကို စွန့်လွှတ်ခြင်းက မလွယ်ကူခဲ့ပါ

28.02.2021

လီကျွန် တရုတ်နိုင်ငံ

ကျွန်တော်သည် လယ်လုပ်သည့် မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါသည်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်မိဘများကို ဆုံးရှုံးခဲ့သောကြောင့် ကျွန်တော့်အစ်ကိုနှင့် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မှီခိုခဲ့ကြရသည်။ ကျွန်တော်တို့က အရမ်းဆင်းရဲပြီး လူများက ကျွန်တော်တို့အပေါ် အထင်သေးကြသည်။ “ငါ ကျောင်းတက်မယ်၊ ပြီးတော့ တစ်နေ့ကျရင် ငါ သူများထက် အများကြီးသာရမယ်။” ဟု ကျွန်တော် တွေးခဲ့ဖူးသည်။ ကံမကောင်းစွာပင် ကျွန်တော်တို့မှာ ပိုက်ဆံမရှိသောကြောင့်၊ အထက်တန်းကျောင်း ဒုတိယနှစ်အတွင်းမှာ ကျွန်တော် ကျောင်းထွက်ခဲ့ရသည်။ သူများထက် အများကြီးသာဖို့ ကျွန်တော့်အိပ်မက်က ပျက်စီးသွားခဲ့သည်။ ကျွန်တော်လည်း လုံးဝ စိတ်ဓာတ်ကျ သွားခဲ့ရသည်။

၁၉၉၀ ခုနှစ်တွင် သခင်ယေရှု၌ ကျွန်တော်၏ယုံကြည်မှုကို ရှာတွေ့ခဲ့ပါသည်။ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ဒီဘဝမှာ ငြိမ်းချမ်းခြင်းကို ရှာတွေ့ရုံတင်မကဘဲ၊ နောင်ဘဝမှာလည်း ကျွန်တော်တို့ ထာဝရအသက်ရလိမ့်မည်ဟု တရားဟောဆရာက ပြောခဲ့သည်။ ပြီးလျှင် ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် လူများကို ကျွန်တော်တို့ ပြောင်းလဲလေလေ၊ ကောင်းချီးမင်္ဂလာ ခံစားရလေလေ ဖြစ်ပြီး ကျွန်တော်တို့၏ ဆုလာဘ်နှင့် သရဖူကို ရရှိမည်၊ ဘုရားသခင်နှင့်အတူ ဘုရင်များအဖြစ် စိုးစံရမည်ဟုလည်း သူက ပြောခဲ့သည်။ ထိုအချိန်ခန့်တွင် ဤသည်ကို ကျွန်တော် သမ္မာကျမ်းစာထဲတွင် ဖတ်ရသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ထို့ကြောင့် ကျွန်တော့်မိသားစုကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် ဧဝံဂေလိ သွားဖြန့်ဝေဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်က အားအင် အပြည့် ရှိခဲ့ပြီး၊ တစ်နှစ်မပြည့်မီတွင် လူများ ရာနှင့်ချီပြီး ကျွန်တော် ပြောင်းလဲစေခဲ့သည်။ ပြောင်းလဲသူ အရေအတွက်က များလာသည်နှင့်အညီ ၁၉၉၇ ခုနှစ်တွင် လူ အယောက် ၃၀၀၀၀ ကျော်ရှိသည့် အသင်းတော်များ ရာနှင့်ချီပြီး ကျွန်တော်တို့ တည်ထောင်ခဲ့သည်။ အသင်းတော်များနှင့်သက်ဆိုင်သည့် အရာမှန်သမျှ ကျွန်တော်က ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အလုပ်လုပ်ဖို့ မည်သည့်အသင်းတော်ကို ကျွန်တော် သွားပါစေ၊ ထိုနေရာရှိ ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို လေးလေးစားစား ကြိုဆိုနှုတ်ဆက်ကြကာ ကျွန်တော် သွားချင်သည့်နေရာတိုင်းကို ကားနှင့် လိုက်ပို့ပေးသည်။ စားဖို့အတွက် အရသာရှိသည့် အစားအစာများကျွေးပြီး နေဖို့အတွက် ကောင်းမွန်သည့်နေရာ ပေးသည်၊ ပြီးလျှင် ကျွန်တော့် ခရီးစရိတ်များကိုလည်း ပေးကြသည်။ ဤအရာများကို ကျွန်တော် ပျော်မွေ့လာခဲ့သည်။

တစ်နေ့မှာ အထက်ပိုင်းအဆင့် ခေါင်းဆောင်တစ်ယောက်က ကျွန်တော်တို့ကို အစည်းအဝေးခေါ်ပြီး၊ သခင်ယေရှုက အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာခဲ့ပြီဖြစ်သည်ဟု ဟောကြားသည့် အရှေ့အရပ်မှလျှပ်ပြက်ခြင်း ဟုခေါ်သည့် ဂိုဏ်းဂဏတစ်ခု ယခု ရှိနေကြောင်းနှင့် သူတို့၏ ဒေသနာများက အလွန်မြင့်ကြောင်း ကျွန်တော်တို့ကို ပြောပြခဲ့သည်။ အသင်းတော်ရှိ လူများထဲက အသင်းသားကောင်း အများကြီးကို သူတို့ ခိုးယူသွားကြပြီး ကျွန်တော်တို့ အသင်းတော်က တွဲဖက် အမှုဆောင်နှစ်ယောက်ဖြစ်သည့် အစ်ကိုဝမ်နှင့် အစ်ကိုဝူတို့ပင် အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လက်ခံသွားကြပြီဆိုပြီး သူမက ပြောပြသည်။ ခေါင်းဆောင်က ကျွန်တော်တို့ကို ဤအစ်ကို နှစ်ယောက်အား လုံးဝ ငြင်းပယ်ခိုင်းပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်း၏ ဒေသနာများကို နားထောင်နေသည့် အခြားသူများ တစ်ယောက်တစ်လေကို တွေ့ပါက၊ သူတို့ကို ချက်ချင်း ထုတ်ပယ်ရမည်ဟု ပြောသည်။ ဤအရာများအားလုံးကြောင့် ကျွန်တော် အံ့သြသွားခဲ့ရသည်။ ဤညီအစ်ကိုနှစ်ယောက်ကို ကျွန်တော် ကောင်းစွာသိကျွမ်းသည်။ သူတို့က သမ္မာကျမ်းစာကို ကောင်းစွာနောကျေနေပြီး သခင့်ကို စစ်မှန်စွာ ယုံကြည်ခဲ့ကြသည်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို သူတို့ မည်သို့များလက်ခံနိုင်သည်ကို ကျွန်တော် နားမလည်နိုင်ခဲ့ပေ။ နှစ်ကုန်ခါနီးသည့်အခါ ဤအစ်ကို နှစ်ယောက်က ကျွန်တော့်အိမ်ကို ရုတ်တရက် အလည်အပတ် ရောက်လာကြသည်။ သူတို့ ကျွန်တော့်ကို လှည့်စားဖို့လာခြင်း ဖြစ်မည်ကို စိုးရွံ့ပြီး သူတို့ကို တံခါးဖွင့်ပေးဖို့ မဆုံးဖြတ်မီ အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။ သို့ရာတွင် နောက်တော့ “ဘာပဲဖြစ်ဖြစ် ငါ သခင့်ကို ယုံကြည်တယ်။ ဒီအစ်ကိုနှစ်ယောက်ကို ငါ့တံခါးပေါက်ကနေ အဝေးကို မောင်းမထုတ်နိုင်ပါဘူး။” ဟု ကျွန်တော် စဉ်းစားမိသည်။ သို့နှင့် သူတို့ကို အထဲကို ကြိုဆိုလိုက်လေသည်။ သခင့်ကို ကြိုဆိုဖို့အတွက် ဘုရားသခင်၏ အသံတော်ကို ကြားရန် ကျွန်တော် အာရုံစိုက်ရမည်ဖြစ်ကြောင်းနှင့် လမ်းမှားရောက်မှာကြောက်ပြီး စစ်မှန်သည့်လမ်းကို ရှာဖွေဖို့၊ စုံစမ်းလေ့လာဖို့ မငြင်းပယ်သင့်ကြောင်း ၎င်းတို့က ပြောခဲ့သည်။ ထို့နောက်တွင် သူတို့က ဘုရားသခင်၏ အသံတော်ကို ကြားသည့် ပညာရှိသတို့သမီးတစ်ယောက် မည်သို့ ဖြစ်ရမည်၊ စစ်မှန်သည့်လမ်းနှင့် မှားယွင်းသည့်လမ်းတို့ကြား ကွဲပြားခြားနားချက်ကို မည်သို့သိရမည်တို့နှင့်ပတ်သက်၍ ကျွန်တော့်ကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သူတို့ ပြောခဲ့သည့်အရာသည် ဆန်းသစ်ပြီး ဉာဏ်အလင်းရစေသည်ဟု ကျွန်တော် တွေးမိခဲ့သည်။ ကျွန်တော် လုံးဝ လက်ခံယုံကြည်သွားသည်။ သူတို့ ပြန်သည့်အချိန်မှာ သူတို့က ကျွန်တော့်ကို စာအုပ်တစ်အုပ်ပေးရင်း၊ စာအုပ်ထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ မိန့်မြွက်ချက်များပါသည်ဟု ပြောသည်၊ ပြီးလျှင် စာအုပ်ကိုဖတ်ဖို့နှင့် သခင့်ကို ကြိုဆိုရန် ကျွန်တော်၏ အခွင့်အရေးကို မလွဲစေဖို့ တိုက်တွန်းခဲ့သည်။ သူတို့ ထွက်သွားပြီးသည့်သည့်နောက်မှာ ကျွန်တော် လမ်းလွဲကို ပို့ဆောင်ခြင်း ခံရပြီကိုလည်းကောင်း၊ ဤအစ်ကိုများကို ကျွန်တော့်အိမ်ထဲသို့ ကြိုဆိုခဲ့ခြင်းအား အထက်ပိုင်းအဆင့်က ခေါင်းဆောင်က သိသွားပါက၊ ကျွန်တော် အသင်းတော်ကနေ ထုတ်ပယ်ခံရမည်ကိုလည်းကောင်း စတင် စိုးရိမ်ခဲ့ရသည်။ သို့သော် နောက်တော့ “အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်နေပြီး ထုတ်ပယ်ခံရမှာကြောက်လို့ ငါက အဲဒါကို မလေ့လာမစုံစမ်းဘူးဆိုရင်၊ ငါက ဘုရားသခင်ကို ငြင်းပယ်ပြီး အာခံတဲ့သူတစ်ယောက်ဖြစ်မသွားဘူးလား။” ဟု ကျွန်တော် စဉ်းစားမိသည်။ ထိုအတွေးဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းဖို့ ကျွန်တော် ချက်ချင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက်မှာ ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့တိုင်း ဖတ်ခဲ့သည်။ ထိုအချိန်အတွင်းမှာ ညီအစ်ကိုနှစ်ယောက်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလုပ် အဆင့်သုံးဆင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နက်နဲမှု၊ လူကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် ဘုရားသခင်က သူ့၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို မည်သို့လုပ်ဆောင်သည်၊ ခေတ်များကို ဘုရားသခင်က မည်သို့ အဆုံးသတ်သည်၊ ခရစ်တော်၏ နိုင်ငံတော်က ကမ္ဘာမြေပေါ်မှာ မည်သို့တည်သည် စသည်တို့နှင့်ပတ်သက်၍ ကျွန်တော့်ကို မိတ်သဟာယပြု ပေးကြသည်။ သခင့်ကို ယုံကြည်လာသည့် နှစ်များ တစ်လျှောက်လုံးမှာ ကျွန်တော် ထိုကဲ့သို့ တစ်ခါမျှ မကြားဖူးခဲ့ပါ၊ ပြီးလျှင် ကျွန်တော် ပိုပြီး ကြားရလေလေ၊ ကျွန်တော့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များက သြဇာအာဏာ ရှိပြီး အစွမ်းထက်သည့် ပုံပေါ်လေလေ ဖြစ်ပေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု တကယ်ကို ဖြစ်နိုင်ပြီး ကျွန်တော် စုံစမ်းစစ်ဆေးသင့်သည်ဟု ပို၍ ပို၍ ခံစားလာရသည်။ သို့ရာတွင် စိတ်ထဲတွင် ကျွန်တော် အမြဲတမ်း ဒွိဟဖြစ်နေသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ရှုတ်ချလာသည်မှာ နှစ်ချီနေပြီး မည်သူ့ကိုမျှ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အဆက်အသွယ် မလုပ်စေဘဲ၊ အသင်းတော်ကို တတ်နိုင်သမျှ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခြင်းနှင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏လမ်းကို လက်ခံသည့်သူတိုင်းကို ထုတ်ပယ်ခြင်းတို့တွင် ကျွန်တော်လည်း သူတို့နှင့် သဘောတူခဲ့သည်။ ကျွန်တော်က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို လက်ခံလိုက်ပါက၊ အသင်းတော်ရှိ ကျွန်တော့်လက်အောက်မှ ယုံကြည်သူ ၃၀၀၀၀ ကျော်က မည်သည့်အရာကို တွေးထင်မည်နည်း။ သူတို့အားလုံးကလည်း ကျွန်တော့်နောက် လိုက်ပြီး အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လက်ခံပါက ကောင်းမည်ဖြစ်သည်၊ သို့ရာတွင် သူတို့က ကျွန်တော့်နောက် မလိုက်ပါက၊ ကျွန်တော့်ကို သူတို့ သေချာပေါက် ငြင်းပယ်ကြပေမည်။ နေ့ရောညပါ တရားဟောပြီး အလုပ်လုပ်ခဲ့ခြင်း၊ တရုတ်ကွန်မြူနစ်အစိုးရက လိုက်ဖမ်းခံရမည်ကို အရဲစွန့်ခဲ့ရခြင်း၊ ကျွန်တော်၏ သွေး၊ ချွေး၊ မျက်ရည်များနှင့် ဤအသင်းတော်များကို တည်ဆောက်လျက်၊ ရာသီဥတု အမျိုးမျိုးတွင် ကျွန်တော် မည်သို့ အပြင်ထွက်ခဲ့သည်ကို တွေးမိသည်။ ကျွန်တော် ရောက်နေခဲ့သည့် နေရာကို ရောက်ဖို့၊ လူအများကြီး၏ အထင်ကြီးလေးစားခြင်းကို ခံရဖို့ အများကြီး ကြိုးစားခဲ့ရသည်- ကျွန်တော်သည် ယင်းတို့အားလုံးကို မည်သို့များ အလွယ်တကူ စွန့်ပစ်နိုင်မည်နည်း။ ထို့အပြင် အသင်းတော်မှာရှိသည့် ကျွန်တော့်လက်အောက်က လူတိုင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လျှင်ပင်၊ ကျွန်တော်က သူတို့၏ ခေါင်းဆောင်ဖြစ်နိုင်ပါဦးမလား။ သို့သော် ထို့နောက်တွင် “အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်ပြီး ငါက သူ့ကို လက်မခံဘူးဆိုရင်၊ သခင့်ကို ကြိုဆိုဖို့ ငါ့ရဲ့ အခွင့်အရေးနဲ့ လွဲချော်မှာမဟုတ်ဘူးလား။” ဟု ကျွန်တော် တွေးမိသည်။ မည်သည့်အရာ လုပ်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ၊ ကျွန်တော့်စိတ်ထဲမှာ ထပ်ခါထပ်ခါ စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင်ပင် ကျွန်တော့် မိန်းမကြောင့် ကျွန်တော် အံ့သြသွားသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးသည့်နောက်မှာ ရုတ်တရက် စိတ်လှုပ်ရှားစွာ အမြန်ပြေးလာပြီး “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ နားထောင်ပြီးပြီ၊ အဲဒါတွေက ဘုရားသခင်၏ အသံတော်လို့ ကျွန်မ ယုံကြည်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုရင် ကျွန်မတို့ စူးစမ်းလေ့လာသင့်ပြီး တတ်နိုင်သမျှ အမြန်ဆုံး လက်ခံသင့်တယ်။” ဟု သူမက ပြောလေသည်။ ကျွန်တော်က “ငါ သိပါတယ်၊ ဒါပေမဲ့ အဲဒီလောက် မရိုးရှင်းဘူး။ ငါတို့အသင်းတော်က ခေါင်းဆောင်တွေနဲ့ တွဲဖက်အမှုဆောင်တွေက အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ဘယ်သူ့ကိုမှ စုံစမ်းခွင့်မပြုဖို့အတွက် အသင်းတော်ကို ပိတ်ထားတာ။ ငါက သူတို့လမ်းကို လက်ခံရင် ငါ့ကို သေချာပေါက် ငြင်းပယ်ကြမှာပဲ။” ဟု စိတ်ဆိုးမာန်ဆိုး ပြန်ပြောလိုက်သည်။ သို့ရာတွင် ဤသည်က ကျွန်တော့် အမျိုးသမီးကို စိတ်အနှောင့်အယှက်ဖြစ်သွားစေပြီး၊ သူမက “သခင့်ကို ကျွန်မတို့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ယုံကြည်လာတာ ဘာအတွက်လဲ။ ကျွန်မတို့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခံရအောင်လို့ သခင်ကြွလာတာကို စောင့်မျှော်နေကြတာမဟုတ်ဘူးလား။ အခု သခင်က ပြန်လာခဲ့ပြီ။ ရှင်က ခေါင်းဆောင်မဟုတ်ရင်တောင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီး သခင့်ကို ကြိုဆိုရဦးမှာပဲ။” ဟု ပြောသည်။ ကျွန်တော်က သူပြောတာကို သဘောတူသော်လည်း၊ စိတ်ထဲမှာမူ “မင်းရဲ့ဟာက မိန်းမတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ စိတ်သက်သက်ပါပဲ။ ငါ့မှာက လူ ၃၀၀၀၀ ကျော်ကို ထည့်စဉ်းစားရသေးတယ်။ ငါ သေသေချာချာ လျှောက်လှမ်းမှ ဖြစ်မယ်။ ငါ နည်းနည်းထပ်ပြီး စဉ်းစားဖို့ လိုတယ်။” ဟု စဉ်းစားနေခဲ့သည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်တော် လက်မခံဘဲ လအများကြီး ကြာသွားခဲ့သည်။ ဤအချိန်ကာလအတွင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမများက ကျွန်တော်နှင့် တွေ့ဖို့ မကြာခဏလာသည်။ သူတို့က ကျွန်တော်နှင့် စိတ်ရှည်လက်ရှည် မိတ်သဟာယဖွဲ့ကြပြီး၊ ဤသည်မှာ တကယ်ကို ဘုရားသခင်၏ အမှုတော် ဖြစ်သည်ဆိုတာကို ကျွန်တော့် နှလုံးသားထဲကနေ တကယ်ကို ရှင်းရှင်းလင်းလင်း ခံစားလာပါသည်၊ သို့သော် ကျွန်တော့်၏ ရာထူးကို မစွန့်လွှတ်နိုင်သောကြောင့် လက်ခံဖို့ကို နှောင့်နှေးနေသေးသည်။ အချိန်နည်းနည်းလောက်ကြာတော့ ညီအစ်ကို မောင်နှမများက ကျွန်တော့်မှာ ဖြစ်နေသည့် အခြေအနေကို သတိပြုမိခဲ့ကြသည်။ တစ်ခါတော့ ကျွန်တော် အစ်ကိုဘိုင်၊ အစ်ကိုဆောင်းတို့နှင့် စုဝေးနေတုန်းမှာ အစ်ကိုဆောင်းက သူ့အတွေ့အကြုံကို ကျွန်တော်နှင့် မိတ်သဟာယဖွဲ့သည်။ သူလည်း ယခင်က အသင်းတော် ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ပြီး အသင်းတော် တစ်ဒါဇင်ကျော်လောက် ဦးဆောင်ခဲ့ရကြောင်း သူက ပြောခဲ့သည်။ လူတစ်ယောက်က သူ့ကို ဧဝံဂေလိ ဟောကြားပြီးသည့်နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်သည်ကို သူ သေချာလာခဲ့သည်။ သို့သော် တကယ် လက်ခံရမည့်အချိန်ကျတော့ “ငါ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံလိုက်ရင် ခေါင်းဆောင် တစ်ယောက် ဖြစ်ဦးမှာလား။ လူများ အများကြီးကို ဦးဆောင်နိုင်ဦးမှာလား။” ဟု စဉ်းစားလျက် သူ တွေဝေသွားသည်။ အဲဒီနောက်မှာ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အငယ် ၃၃ ကနေ ၄၁ တွင် ပါသည့် သခင်ယေရှု၏ ပုံဥပမာဖြစ်သည့် ကောက်ကျစ်သည့် လယ်သမားအကြောင်းကို သူ သတိရသည်။ “အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။ ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။” အစ်ကိုဆောင်းက မိမိကိုယ်ကိုယ် အပြစ်တင်မိသည့် သိသာသော ခံစားမှုကို မည်သို့ ခံစားခဲ့ရသည်ကို ပြောပြသည်။ သခင်က သူ၏သိုးတော်စုကို သူ့ဆီကို အပ်နှံထားခဲ့ပြီး ယခု သခင်က ပြန်ကြွလာပြီ။ သခင့်ကို ကြိုဆိုဖို့ ညီအစ်ကို မောင်နှမများကို ဦးဆောင်ရမည့်အစား သူက သခင့်၏ သိုးတော်စုကို လုယူပြီး သခင့်ကို ငြင်းပယ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ ထိုကောက်ကျစ်သည့် လယ်သမားများကဲ့သို့ပင် အတိအကျ သူ ပြုမူနေခဲ့ကြောင်းနှင့် သူက သခင့်ကို အာခံသည့် ကောက်ကျစ်သည့် အစေခံတစ်ဦး ဖြစ်ကြောင်း ပြောသည်။ “ငါ ခေါင်းဆောင်ဖြစ်ဖို့ ဘုရားသခင်ကို ယုံကြည်တာလား။ ဂုဏ်ဒြပ်နဲ့ စားဝတ်နေရေးအတွက် အဲဒါကို ငါလုပ်တာလား။ ငါက ဘုရားသခင်ကို တကယ် ယုံကြည်သူလား။” ဟု သူ့ကိုယ်သူ မေးခဲ့သည်။ ဤအရာများကို စဉ်းစားမိတော့ သူ များစွာ နောင်တရမိသည်။ ထို့ကြောင့် ဘုရားသခင်ထံတွင် သူ ဝန်ခံပြီး နောင်တရခဲ့သည်၊ ထို့နောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူ လက်ခံခဲ့သည်။ ထို့နောက်တွင် သူ့လက်အောက်က ညီအစ်ကို မောင်နှမများအားလုံးကို သူ ဧဝံဂေလိ ဖြန့်ဝေခဲ့သည်။ သူ ဤမိတ်သဟာယဖွဲ့သည်ကို ကျွန်တော် ကြားသည့်အခါ၊ အလွန် ရှက်ပြီး စိတ်မကောင်းဖြစ်မိသည်။ ကျွန်တော့်၏ ကိုယ်ပိုင် ဂုဏ်ဒြပ်ကို ကာကွယ်ဖို့အတွက်၊ ယင်းက တကယ်ကို ဘုရားသခင်၏ အမှုတော်မှန်း သိသော်ငြားလည်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံရာမှာ ကျွန်တော် အချိန်ဆွဲနေခဲ့သည်။ ညီအစ်ကို မောင်နှမများကိုလည်း စူးစမ်းဖို့ အခွင့်မပေးခဲ့ပါ။ ကျွန်တော်က ဘုရားသခင်၏ သိုးများကို ဘုရားသခင်ထံ လွှဲပြောင်းပေးဖို့ ငြင်းဆန်နေခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်က ကောက်ကျစ်သည့် အစေခံဖြစ်သည်။ ကျိန်ဆဲခြင်းခံပြီး အပြစ်ဒဏ်ပေးခြင်းခံရသင့်ပါသည်။ သို့သော် ကျွန်တော် အသင်းတော်ကို မည်သို့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခဲ့ကြောင်းနှင့် ကျွန်တော့်အသင်းတော်မှာ ရှိသည့် မည်သည့်သူတစ်ယောက်ကမျှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခဲ့ကြောင်းတို့ကို စဉ်းစားမိသည့်အခါ၊ “ငါသာ လက်ခံလိုက်ရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို မဖြစ်ဘူးလား။ ငါ့မျက်နှာကို ဘယ်မှာ သွားပြလို့ရမှာလဲ။ ငါက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်တာကို ငါ့အသင်းတော်က လူတွေ တွေ့သွားရင်၊ ငါ့ကို သေချာပေါက် မုန်းပြီးငြင်းပယ်ကြမှာပဲ။ ဒါဆိုရင် ငါ့မှာ ဘာမှ ကျန်မှာမဟုတ်တော့ဘူး။” ဟု တွေးမိသည်။ ထို့ကြောင့် ယင်းကို လက်မခံသည်မှာ အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့ပါသည်။

သုံးလေးရက်လာကြာတော့ ထိုအစ်ကိုနှစ်ယောက်နှင့် နောက်ထပ် အစည်းအဝေးတစ်ခုတွင် ကျွန်တော်၏ အရေးကိစ္စကို သူတို့ကို ပြောပြခဲ့သည်။ ထိုအချိန်က ကျွန်တော်က အလွန် လှည့်စားတတ်သည်၊ ပြီးလျှင် စကားကို ဝေ့ဝိုက်ကာ “ကျွန်တော် ဦးဆောင်တဲ့ လူတွေကလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လာကြတယ်ဆိုရင်၊ သူတို့ကို ဘယ်သူ ဦးဆောင်မလဲ။ အခုလိုမျိုးပဲ ဒီခေါင်းဆောင်နှင့် ဒီတွဲဖက်အမှုဆောင်တွေပဲ ဖြစ်မှာလား။” ဟု သူတို့ကို မေးသည်။ ကျွန်တော် အမှန်တကယ် ဆိုလိုချင်သည်မှာ “ငါ သူတို့ကို ခေါင်းဆောင်ပြီး စီမံရဦးမှာပဲ။” ဟု ဖြစ်သည်။ သို့သော် အစ်ကိုဘိုင်က “အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော်တို့ လက်ခံပြီးတဲ့နောက်မှာ၊ ဘုရားသခင် ကိုယ်တော်တိုင် ကျွန်တော်တို့ကို ဦးဆောင်ပြီး ရေလောင်းထိန်းကျောင်းပါတယ်။ ကျွန်တော်တို့ရဲ့အသင်းတော်မှာ ခရစ်တော်နဲ့ သမ္မာတရားက အုပ်စိုးပါတယ်။ အသင်းတော် ခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ပါတယ်၊ ဒါကြောင့် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်တဲ့ ဘယ်သူမဆို၊ ညီအစ်ကို မောင်နှမများကို ရေလောင်းပေးနိုင်ပြီး သူတို့ရဲ့ လက်တွေ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဘယ်သူမဆို ရွေးချယ်တင်မြှောက်ခံရပ်ါတယ်။” ဟု ပြောလျက် ကျွန်တော့်ကို အံ့အားသင့်စေခဲ့သည်။ “အစ်ကိုလည်း သမ္မာတရားကို လိုက်စားရင်၊ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရနိုင်ပါတယ်။ အသင်းတော်မှာ အမျိုးအစားမတူတဲ့ တာဝန်တွေအများကြီး ရှိပါတယ်။ ခေါင်းဆောင်တွေ၊ ဧဝံဂေလိဟောကြားသူတွေ လူတိုင်းမှာ သူတို့ တာဝန်ရှိပါတယ်။ တာဝန်တွေနဲ့ ပတ်သက်လာရင် အရေးကြီးတယ်၊ အရေးမကြီးဘူး၊ ဒါမှမဟုတ် ဂုဏ်ဒြပ် မြင့်တယ် နိမ့်တယ်ဆိုတာက ကွဲပြားမှု မရှိပါဘူး။ ဘုရားသခင်ရှေ့မှာ လူတိုင်းက ညီတူညီမျှ ဖြစ်တာကြောင့်ပါ။ ဒါက ဘာသာရေး ဂိုဏ်းဂဏတွေမှာ လုပ်တဲ့ပုံစံနဲ့ လုံးဝ ကွဲပြားပါတယ်။” ဟု သူက ဆက်ပြောသည်။ အစ်ကိုဘိုင် ပြောတာကို ကျွန်တော် နားထောင်လေလေ၊ ကျွန်တော့်မျက်နှာက ညှိုးကျလာသည့်အထိ ဝမ်းနည်းပက်လက်ဖြစ်လေလေပင် ဖြစ်လေသည်။ “ဒါပြီးတဲ့နောက်မှာ ငါ လူများအများကြီးရဲ့ ခေါင်းဆောင် ဖြစ်နိုင်မယ် မထင်ဘူး။” ဟု ကျွန်တော် တွေးမိသည်။

အစ်ကိုဆောင်းက ကျွန်တော် မည်သို့ခံစားနေရသည်ကို သတိပြုမိပြီး နိနဝေမင်းကြီး အတွေ့အကြုံကို ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပေးခဲ့သည်။ “နိနဝေမင်းကြီးက နိုင်ငံတစ်နိုင်ငံကို အုပ်စိုးသူဖြစ်ပါတယ်။ ယောနက နိနဝေမြို့က ဖျက်ဆီးခြင်းခံရမယ်လို့ပြောပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောကြားတာကို သူ ကြားတဲ့အခါမှာ သူ့ပလ္လင်ပေါ်ကနေဆင်းပြီး တစ်မြို့လုံးကို သူတို့ကိုယ်သူတို့ လျှော်တေအဝတ်ကိုဝတ်စေပြီး ပြာနဲ့ဖုံးစေခဲ့တယ်၊ ဘုရားသခင်ဆီမှာ ဝန်ခံပြီး နောင်တရဖို့ ဒူးထောက်စေခဲ့တယ်။ ဘုရားသခင်က သူတို့ကို သနားညှာတာပြီး မြို့ကို ချမ်းသာခွင့်ပေးခဲ့တယ်။” ဟု သူကပြောသည်။ သူက ဆက်ပြီး “အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သခင်ကြွလာတာလို ကြီးကျယ်သည့်ဖြစ်ရပ်ကို အခု ရင်ဆိုင်ရတဲ့အခါမှာ နိနဝေမင်းကြီးကို အတုယူပြီး၊ ညီအစ်ကိုမောင်နှမတွေ ဘုရားသခင်ဆီမှာ ဝန်ခံပြီး နောင်တရဖို့ ဦးမဆောင်သင့်ဘူးလား။” ဟု ပြောခဲ့သည်။ သူပြောသည့်အရာက ကျွန်တော့်စိတ်ကို တကယ် တို့ထိခဲ့သည်။ သူပြောသည်မှာ မှန်ပေသည်။ နိနဝေမင်းကြီးက နိုင်ငံတစ်ခုကို အုပ်စိုးသူဖြစ်သည်။ ထိုကဲ့သို့ မြင့်မားသည့် ရာထူးရှိသည့်သူတစ်ယောက်က သူ့ကိုယ်သူ နှိမ့်ချပြီး ဘုရားသခင်ဆီမှာ ဝန်ခံသည်၊ နောင်တရနိုင်သည်ဆိုလျှင်၊ ကျွန်တော်က အဘယ့်ကြောင့် မိမိ၏ဂုဏ်ဒြပ်ကို စွန့်လွှတ်ပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံနိုင်ရသနည်း။ အစ်ကိုဆောင်းက “သခင်ယေရှုက သူ့အမှုတော်ကို ဆောင်ရွက်တဲ့အခါမှာ ဖာရိရှဲတွေက သူတို့ရဲ့ ရာထူးနဲ့ စားဝတ်နေရေးကို ကာကွယ်ချင်တာကြောင့်၊ ယုံကြည်သူတွေကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချဖို့ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့ကြတယ်။ သခင်ယေရှုက ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)” လို့ပြောရင်း သူတို့ကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ဟု ဆက်ပြောသည်။ ပြီးလျှင် သူက ကျွန်တော့်ကိုပြောသည်။ ထို့နောက်တွင် “ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေပြီး နောက်ဆုံးသောကာလ တရားစီရင်မှုကို ဆောင်ရွက်နေတာက ကောင်းကင်နိုင်ငံတော် တည်လာခြင်းနဲ့ပတ်သက်တဲ့ ဧဝံဂေလိတရားဖြစ်ပါတယ်။ အစမှာ အစ်ကို့ကိုပြောတဲ့ အလိမ်အညာတွေကို အစ်ကို ယုံကြည်ပြီး အသင်းတော်ကို ပိတ်ဆို့ရာမှာ ညီအစ်ကို မောင်နှမတွေ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ တားဆီးရင်း၊ ဘာသာရေးခေါင်းဆောင်တွေကို သဘောတူခဲ့တယ်။ ဒီလိုလုပ်တာက ဘုရားသခင်ကို အစ်ကို အာခံတာပဲ။ အခု အစ်ကိုက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ သူက ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ ကောက်ချက်ချခဲ့ပြီ။ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံဖို့ ဒါမှမဟုတ် သခင်ပြန်ကြွလာခြင်း သတင်းကို ညီအစ်ကို မောင်နှမတွေကို ပြောဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေပြီး သူတို့တွေကို ကောင်းကင်နိုင်ငံတော်ကနေ ပိတ်ဆို့ထားရင် အစ်ကိုက သိသိကြီးနဲ့ အမှားလုပ်နေပေမဲ့၊ နောက်အမှားတစ်ခုကို ထပ်လုပ်မိနေတာပဲ။” ဟု သူက ပြောသည်။ “ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းမှုကြီးတစ်ခုဖြစ်မှာပဲ။ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့က တားဆီးခဲ့လို့ ကယ်တင်ခံရဖို့ သူတို့ အခွင့်အရေး ဆုံးရှုံးသွားရရင် ဒါက သွေးကြွေးတစ်ခု ဖြစ်မှာပဲ။ ကျွန်တော်တို့ ထပ်ခါထပ်ခါ သေခဲ့ရင်တောင်၊ ဒီ အကြွေးကို ပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေကို ဘုရားရှေ့ကို အစ်ကို ခေါ်ဆောင်သွားရင် သူတို့က အစ်ကို့ကို မမုန်းရုံတင်မကဘဲ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားနဲ့ ထာဝရအသက် လမ်းခရီးကို သူတို့ကို ဝေမျှတဲ့အတွက် သူတို့က ကျေးဇူးတင်ကြလိမ့်မယ်။” ဟု သူက ပြောခဲ့သည်။

ထို့နောက်တွင် အစ်ကိုဘိုင်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျမ်းပိုဒ် နှစ်ပိုဒ် ဖတ်ပြသည်။ “ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ဤကျမ်းပိုဒ်များကို သူဖတ်ပြပြီးသည့်နောက်မှာ ကျွန်တော် တော်တော်ကို စိတ်သောကရောက်သွားသည်။ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်ခံရပြီး နီရဲသွားသလို ခံစားခဲ့ရသည်။ မြေကြီးက ကွဲထွက်လာပြီး ကျွန်တော့်ကို မျိုသွားစေချင်မိခဲ့သည်။ သခင်ယေရှုက ပြန်ကြွလာခဲ့ကြောင်း၊ သူသည် သမ္မာတရားများစွာကို ဖော်ပြနေပြီး လူကို တရားစီရင်ပြီး သန့်စင်သည့်အမှုကို ဆောင်ရွက်နေကြောင်းတို့ကို ကျွန်တော် ကောင်းကောင်းသိခဲ့သည်။ သို့သော် ကျွန်တော်၏ ရာထူးနှင့် စားဝတ်နေရေးကို ကာကွယ်ဖို့အတွက် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ပြီး ဘုရားသခင်၏ သိုးများ ဘုရားအသံတော်ကို ကြားပြီး သူ့ထံသို့ မသွားစေဖို့အလို့ငှာ၊ အသင်းတော်ကို ပိတ်ဆို့ခဲ့သည်။ လွန်ခဲ့သည့်နှစ်ကာလများက သခင်ယေရှုကို ဆန့်ကျင်ခဲ့သည့် ဖာရိရှဲများနှင့် ကျွန်တော် မည်သို့များကွာခြားဦးမည်နည်း။ သခင်က ကျွန်တော်တို့၏ သိုးထိန်းပါ။ ယခု သူ့သိုးများကို သူ့ဆီပြန်ခေါ်ဖို့ သူ ပြန်လာခဲ့ပြီ။ ဘုရားသခင်၏ သိုးများကို ဘုရားဆီ ပြန်လွှဲပေးရမည်။ ကျွန်တော့်၏ ရာထူးကို ကာကွယ်ဖို့ ယခု မည်သို့များ ကျွန်တော် ကြိုးစားနေသေးသနည်း။ ဘုရားသခင်၏ အပြစ်ဒဏ်ခတ်မှု ကျွန်တော့်ဆီ ကျရောက်လာသည့်အထိ စောင့်ခြင်း ဖြစ်ပါသလား။ ကျွန်တော် ဘုရားသခင်ကို ဆက်ပြီး အာခံ၍မဖြစ်နိုင်တော့ဟု ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက် မဟုတ်တော့ဘဲ၊ လူတိုင်းက ကျွန်တော့်ကို ငြင်းပယ်ကြလျှင်ပင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံရဦးမည်၊ ညီအစ်ကို မောင်နှမများကို ဘုရားသခင်ဆီ လမ်းပြဦးဆောင်ပြီး ဘုရား၏ သိုးတော်စုကို ဘုရားသခင်ကို ပြန်ပေးရမည် ဖြစ်သည်။ ဤသည်ကို ကျွန်တော် စဉ်းစားရင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ကျွန်တော် ဦးဆောင်ခဲ့သည့်လူများကို ဧဝံဂေလိတရား စတင်ဟောကြားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်။

အချိန်နည်းနည်းလောက် ကြာပြီးသည့်နောက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ကျွန်တော့်အသင်းတော်က လူ ၁၀၀၀၀ ကျော် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြသည်။ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ နောက်ဆုံးတော့ ဘုရားသခင်၏ သိုးတော်စုကို ဘုရားရှေ့ကို ကျွန်တော် ခေါ်ဆောင်ခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်တော် အလွန် ငြိမ်းချမ်းပြီး စိတ်သက်သာရာရမိသည်။

ခြောက်လကြာပြီးသည့်နောက်မှာ နေရာအများကြီးမှ လူများက အသင်းတော်ကို ပိုပိုပြီး ပါဝင်ပူးပေါင်းလာခဲ့ကြသည်။ ထို့ကြောင့် အသင်းတော်ကို ဒေသများဖြင့် ခွဲပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်တင်မြှောက် ခဲ့ရသည်။ သို့သော် ကျွန်တော်က “အသင်းတော်တွေကို ဘယ်လိုပဲ ခွဲခွဲ ငါ့ရဲ့ လုပ်နိုင်စွမ်းနဲ့ အတွေ့အကြုံကြောင့်မို့ ငါက ခေါင်းဆောင် ဖြစ်နေဦးမှာပဲ။ အသင်းတော် တော်တော်များများကို ငါ စီမံနိုင်တယ်။ ပြဿနာမရှိဘူး။” ဟု တွေးလျက်၊ အရမ်း မာနထောင်လွှားခဲ့လေသည်။ သို့သော် သုံးလေးရက် ကြာပြီးနောက်မှာ အစည်းအဝေးတစ်ခုတွင် အစ်ကိုနှစ်ယောက်နှင့် ရှိနေတုန်း အသင်းတော် ခေါင်းဆောင်တစ်ယောက်က ရောက်လာပြီး “အခုအချိန်က နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဝေဖို့ အချိန်ပဲ။ တခြားနေရာတွေကိုသွားပြီး ဧဝံဂေလိဖြန့်ဝေဖို့အတွက် သမ္မာကျမ်းစာကို ကောင်းကောင်းသိပြီး အစွမ်းအစရှိတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်တို့ လိုအပ်တယ်။ ဒါ တော်တော်ကို အရေးကြီးတဲ့ တာဝန်တစ်ခုပါ။ အစ်ကိုတို့သုံးယောက် သွားဖို့ ဆန္ဒရှိမလား။” ဟု ပြောသည်။ အစ်ကိုနှစ်ယောက်က သူတို့သွားမည်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နှင့်ပြောကြသည်၊ သို့သော် ကျွန်တော်က “ငါ့ရဲ့ အရင် ဂိုဏ်းခွဲမှာ လူထောင်ပေါင်းများစွာကို စီမံခန့်ခွဲရင်း၊ အသင်းတော်တွေကို ငါ နှစ်ချီပြီး ဦးဆောင်ခဲ့တယ်။ အခု ငါက ဧဝံဂေလိဟောတာကို ပြန်ရောက်သွားပြီး ငါ့လက်အောက်က တွဲဖက်အမှုဆောင်တချို့က ခေါင်းဆောင်တွေ ဖြစ်လာကြပြီ။ ငါ့မျက်နှာကို ဘယ်လို ပြနိုင်မှာလဲ။ ရှက်စရာကောင်းတယ်။” ဟု မိမိဘာသာ တွေးလျက် သိပ် မပျော်ခဲ့ပေ။ ကျွန်တော် ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့သည့် နှစ်များ၊ မည်သည့်နေရာကိုသွားသွား အထင်ကြီးလေးစားခံရပြီး ကိုးကွယ်ခံရခြင်းများ၊ ကျွန်တော် လိုချင်သည့်အရာတိုင်းဖြင့် ပြုစုံခံရခြင်းများကို ကျွန်တော် တွေးမိသည်။ ယခု ကျွန်တော့်မှာ မည်သည့်အရာမျှမရှိတော့ပါ၊ ဧဝံဂေလိ ထပ်ဟောဖို့အတွက် ဒုက္ခသွားခံရဦးမည်။ ကျွန်တော် မခံနိုင်တော့ပါ။ သို့သော် အခြားသူများရှေ့မှာ ငြင်းဖို့က အလွန် ရှက်ဖို့ကောင်းသောကြောင့်၊ ကျွန်တော် တွန့်ဆုတ်တွန့်ဆုတ်နှင့် သဘောတူခဲ့သည်။ “ငါ ဧဝံဂေလိကို ကောင်းကောင်းဟောရမယ်။ လူတွေအများကြီးကို ပြောင်းလဲနိုင်သရွေ့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်ကြီး လေးစားနေဦးမှာပဲ။” ဟု မိမိဘာသာ စဉ်းစားမိသည်။ ကျွန်တော် စလုပ်ရသည့်အခါ ဧဝံဂေလိဟောရာမှာ အမှန်တကယ် ကောင်းမွန်စွာ ဟောနိုင်ခဲ့ပါသည်။ သိပ်မကြာမီတွင် ဘုရားသခင်၏ အမှုတော်သစ်ကို လူ ၄၀၀ ကျော် လက်ခံခဲ့ကြသည်။ ထိုအချိန်က ကျွန်တော် မည်သည့်နေရာကိုသွားသွား ညီအစ်ကို မောင်နှမများက စိတ်တက်ကြွစွာနှင့် ကျွန်တော့်ကို ကြိုဆိုကြပြီး အထင်ကြီးလေးစားကြသည်ဟု ခံစားခဲ့ရသည်။ ကျွန်တော် ကိုင်ဆောင်ထားသည့် ရာထူးက ပေးသည့် ပျော်မွေ့မှုထဲမှာ ကျွန်တော် နောက်တစ်ခါ ရှင်သန်နေခဲ့ပါသည်။ ဧဝံဂေလိကို ဖြန့်ဝေခြင်းအပေါ် ကျွန်တော့်၏ စိတ်ပါဝင်စားမှုက တိုးလာခဲ့ပါသည်။

၂၀၀၀ ခုနှစ်၊ သြဂုတ်လမှာ ဧဝံဂေလိဖြန့်ဝေဖို့အတွက် အစ်ကိုလျူနှင့် မြို့ပြင်ကို ခရီးထွက်ခဲ့သည်။ အစ်ကိုလျူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဖြစ်တာ ကျွန်တော့်ထက် ကြာပြီး သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့သည်။ ကျွန်တော့်၏ ကိုယ်ပိုင် အားနည်းချက်များကို ဖာထေးဖို့ သူ၏အားသာချက်ကို ဆွဲယူနိုင်သည်မှာ မည်မျှကောင်းလိုက်လေခြင်းဟု တွေးလျက် ကျွန်တော်လည်း ပျော်နေခဲ့သည်။ တစ်ခါတော့ ဘာသာရေး ဂိုဏ်းတစ်ခုနှင့် သက်ဆိုင်သည့် လူတစ်စုကို ဧဝံဂေလိတရား ဟောဖို့ သူနှင့် ကျွန်တော် သွားခဲ့ပါသည်။ သူတို့က ဘာသာရေးအယူအဆ အချို့ကို အကြာကြီးပြောကြပြီး ကျွန်တော်က သူတို့ကို မိတ်သဟာယဖွဲ့ချင်သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်သည့် ကျွန်တော့်၏ နားလည်မှုက အလွန် နည်းနေသောကြောင့်၊ ကူညီဖို့ စိတ်လောနေသော်လည်း၊ မကူညီနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ အစ်ကိုလျူက သူတို့၏ အယူအဆများကို ချေပဖို့အတွက် သူတို့ကို စိတ်အေးအေးထားပြီး မှန်မှန်ကန်ကန်နှင့် ကျိုးကြောင်းသင့်စွာ ပြောဆိုလျက် မိတ်သဟာယဖွဲ့ခဲ့သည်။ ကျွန်တော်တို့နှင့် မိတ်သဟာယ ဖွဲ့နေသည့် ထိုလူများက အစတွင် လက်မခံကြသော်လည်း၊ သူတို့နားထောင်ရင်းနှင့် အစ်ကိုလျူပြောတာက မှန်သည်ဆိုပြီး သေချာလာကြသည်မှာ နောက်ဆုံးတော့ သဘောတူပြီး ခေါင်းညိတ်ကြသည်။ ထိုသို့ဖြစ်သွားသည်ကို မြင်လျက်၊ အစ်ကိုလျူအပေါ် မနာလိုဖြစ်ခြင်း၊ လေးစားခြင်းတို့ကို ခံစားမိသည်။ “အစ်ကိုလျူက မိတ်သဟာယဖွဲ့တာ တော်တော်ရှင်းတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ငါ့၏အခန်းကဏ္ဍက သူ့ကို ကြည့်ကောင်းအောင် လုပ်ပေးတာပဲ ဖြစ်နေမှာ၊ ပြီးတော့ သူများတွေက သူက ငါ့ထက်သာတယ်ဆိုပြီး ပြောကြမယ်။ ဒါဆို မဖြစ်ဘူး။ ငါ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ပြင်ဆင်ပြီး အစ်ကိုလျူထက် ပိုကောင်းအောင် ကြိုးစားရမယ်” ဟု ကျွန်တော် စဉ်းစားမိသည်။ အိမ်ပြန်ရောက်ပြီးသည့် နောက်မှာ ဧဝံဂေလိဖြန့်ဝေခြင်း သမ္မာတရားများနှင့် မိမိကိုယ်ကိုယ် ပြင်ဆင်လျက်၊ ဘုရားနှုတ်ကပတ်တော်များကို မနက်ကနေ ညအထိ စဖတ်လေတော့သည်။ နောက်တစ်ခါကျရင် ဧဝံဂေလိ ပစ်မှတ်များနှင့် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို သိနိုင်ဖို့၊ အနည်းဆုံးတော့ အစ်ကိုလျူကဲ့သို့ တော်သည့်ပုံစံပေါက်ဖို့အလို့ငှာ၊ အစာစားသည့်အချိန်များမှာပင် အစ်ကိုလျူက မည်သို့ မိတ်သဟာယဖွဲ့သည်ကို ကျွန်တော် စဉ်းစားသည်။

သို့သော် ကျွန်တော် အံ့သြသွားရသည်မှာ ထိုလူများအား ဧဝံဂေလိတရားဟောဖို့ နောက်တစ်ခါ သွားသည့်အခါမှာ သူတို့က မေးခွန်းအသစ်တချို့ ထုတ်မေးကြပြီး ကျွန်တော်ကလည်း နောက်တစ်ကြိမ် ရှင်းလင်းသည့် မိတ်သဟာယကို မပေးနိုင်ခြင်း ဖြစ်သည်။ ကျွန်တော်ပြောနေသည့်အရာကို သူတို့က တကယ်တမ်း နားမလည်သည်ကို တွေ့ရလျက်၊ အလွန် ရှက်မိသည်။ ထိုအချိန်တွင် အစ်ကိုလျူက အမြန် ဝင်ပြောခဲ့သည်။ သူတို့က ရံဖန်ရံခါ ခေါင်းညိတ်လျက်၊ သူ့ကို အာရုံစိုက်ပြီး နားထောင်ကြသည်။ အဆုံးကျတော့ အားလုံးကို သူတို့ ကောင်းစွာ နားလည်ကြသည်။ သို့သော် ကျွန်တော့်မှာမူ မိမိကိုယ်ကိုယ် အရှက်ရအောင်လုပ်သည့်နေရာမှာသာ အောင်မြင်ခဲ့ပြီး မြေကြီးက ကွဲထွက်လာပြီး ကျွန်တော့် တစ်ကိုယ်လုံးကိုသာ မျိုသွားစေချင်မိသည်။ “ငါက အစ်ကိုလျူနဲ့အတူ လာတာ။ ဒါပေမဲ့ ငါ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ဘူး၊ ပြီးတော့ ဘာမှ အသုံးမဝင်ဘူး။ သူဝင်လာပြီး သူတို့ပြဿနာကို ကူညီကိုင်တွယ် ဖြေရှင်းဖို့ သူ့ကို လိုအပ်နေတုန်းပဲ။ ရှက်စရာကောင်းလိုက်တာ။” ဟု ကျွန်တော် စဉ်းစားမိသည်။ သိက္ခာနည်းနည်း ပြန်ဆယ်ဖို့အတွက် အစ်ကိုလျူ မိတ်သဟာယဖွဲ့ရာမှာ ခဏရပ်သွားတုန်း စကားနည်းနည်းပြောဖို့ အခွင့်ကောင်း ယူမိသည်ကို မှတ်မိသေးသည်။ တစ်ရက်ကြာပြီးနောက် သူတို့အားလုံး ဧဝံဂေလိကို လက်ခံသွားကြသည်။ ဤသည်က ကျွန်တော် တော်တော်ပျော်စေသော်လည်း၊ စိတ်ထဲမှာတော့ အနည်းငယ် ဝမ်းနည်းစိတ်ပျက်မိသည်။ သူတို့ ဧဝံဂေလိကို လက်ခံကြသည်မှာ ကျွန်တော့်ကြောင့်မဟုတ်ဘဲ၊ မိမိကိုယ်ကိုယ် ကောင်းကောင်းမပြုမူနိုင်ခဲ့ဘူးဟု ကျွန်တော် ခံစားခဲ့မိသည်။ ကျွန်တော်တို့ အတူတကွ အစားစားပြီးသည့်နောက်မှာ ထိုလူသစ်များက ကျွန်တော်တို့ အတွေ့အကြုံတွေကို ပြောဖို့ တောင်းဆိုကြသည်။ “ပုံမှန်ဆိုရင် အစ်ကိုလျူက ထင်ပေါ်တဲ့သူပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါက အရေးမကြီးတဲ့သူတစ်ယောက်လို့ သူတို့ မထင်ကြရအောင်၊ ငါ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကိုပြောဖို့ အခွင့်အရေးကို ငါယူမှ ဖြစ်မယ်။” ဟု ကျွန်တော် တွေးမိသည်။ ထိုသို့ဖြင့် ကျွန်တော် လုပ်ခဲ့သည့် အလုပ်များ၊ ကျွန်တော် သည်းခံခဲ့သည့် ဒုက္ခများ၊ လူ ၁၀၀၀၀ ကျော်ကို ဘုရားသခင်ဆီကို မည်သို့ ပြန်ခေါ်ခဲ့သည်တို့ကို ကျွန်တော် အဆက်မပြတ် အကြာကြီး စတင်ပြောဆိုလေသည်။ တကယ်ကို ပုံကြီးချဲ့ ပြောလိုက်သည်။ ထိုညီအစ်ကို မောင်နှမများထဲမှ အချို့က အံ့သြကြသည်၊ အချို့က ကျွန်တော့်ကို တလေးတစားနှင့် ကြည့်ကြသည်၊ သို့သော်လည်း အချို့ကမူ အာရုံစိုက်၍သာ နားထောင်ကြသည်။ ကျွန်တော် ကြည်နူးနေခဲ့သည်။ ကျွန်တော် တည့်တည့်မတ်မတ်ရပ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိနှင့် ပြောခဲ့လေသည်။

ထိုနေ့က အိမ်ပြန်ရောက်သည့်အခါ “ဧဝံဂေလိ ဖြန့်ဝေတာနဲ့ ပတ်သက်ရင် ငါ သမ္မာတရား တော်တော်နည်းပါးတာပဲ။ ဒါနဲ့ပတ်သက်ပြီး အစ်ကိုလျူနဲ့ ရှာဖွေသင့်သလား။” ဟု ကျွန်တော် စဉ်းစားမိသည်။ သို့ရာတွင် ထို့နောက် “ဒါကို အစ်ကိုလျူနှင့် ငါရှာဖွေရင် သူက ငါ့ထက်သာတယ်လို့ ပြလိုက်သလို ဖြစ်မသွားဘူးလား။ ထားလိုက်တော့။ ငါ လျှို့ဝှက်ပြီးပဲ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး သမ္မာတရားနှင့် ပြင်ဆင်နေတော့မယ်။ သူ့ကို မမေးတော့ဘူး။” ဟု ဆိုပြီး တွေးမိသည်။ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်လုံး ဧဝံဂေလိဟောဖို့ ထပ်သွားသည့်အခါမှာ ညီအစ်ကို မောင်နှမများက အစ်ကိုလျူကို အလွန် နွေးနွေးထွေးထွေး ကြိုဆိုကြသည်။ သူ့ကို ဟိုအကြောင်း သည်အကြောင်း မေးလျက်၊ သူ့နားမှာ စုနေကြသည်။ ဤသည်က ကျွန်တော် တကယ်ကို စိတ်တိုစေပြီး ခေါင်းကို ငိုက်စိုက်ချကာ ဘေးတစ်ဘက်မှာ ရပ်နေရင်း “အစ်ကိုလျူက ဒီလောက် ကောင်းတဲ့ မိတ်သဟာယကိုဖွဲ့နေတာ ငါ ဒီမှာရှိတော့ ဘာလုပ်မှာလဲ။ ငါက သူများအမြင်မှာ လူပို တစ်ယောက်ပဲ မဟုတ်ဘူးလား။ အမြဲတမ်း ထင်ပေါ်နေတာက သူပဲ၊ ဒီလို ဆက်သွားနေရင် ဘယ်သူကမှ ငါ့ကို လုံးဝ အထင်ကြီးမှာ မဟုတ်ဘူး။” ဟု စဉ်းစားမိသည်။ ပုန်ကန်သည့်အတွေးက ရုတ်တရက် ကျွန်တော့်ဆီမှာ ပေါ်လာသည်၊ ကျွန်တော် အစ်ကိုလျူနှင့် တကယ်ကို တာဝန်ဆက်ပြီး မထမ်းဆောင်ချင်တော့ပါ။ ဤအတွေးပေါ်ပြီးသည့်နောက်မှာ ကျွန်တော်နှင့် အစ်ကိုလျူ မည်သည့်အချိန်တွင် ဧဝံဂေလိ သွားဟောမည်ဖြစ်စေ၊ ကျွန်တော် နေသိပ်မကောင်း၍ နေရစ်ခဲ့ချင်သည်ဟု ပြောလျက်၊ ကျွန်တော် ဆင်ခြေများ စပြီး ရှာလာသည်။ တစ်ခါတလေမှာ သူနှင့် ကျွန်တော် လိုက်သွားခဲ့လျှင်ပင် ကျွန်တော် မိတ်သဟာယမဖွဲ့ခဲ့ပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို မေးခွန်းတစ်ခု မေးသည့်အခါကျမှ စိတ်မပါဘဲ စကားနည်းနည်းပြောပြီး မိတ်သဟာယဖွဲ့သည်။ အဓိကမှာ ကျွန်တော်သူနှင့် အလုပ်ကို မလုပ်ခြင်း ဖြစ်လေသည်။ ကျွန်တော်က ကျော်ကြားမှုအတွက် အမြဲတမ်း ယှဉ်ပြိုင်ပြီး ကျွန်တော်၏ ကိုယ်ပိုင် အကျိုးစီးပွား အတွက်ပဲအမြဲတမ်း ရုန်းကန်နေလျက်၊ အဆုံး၌ ကျွန်တော်တို့ နှစ်လကျော် အတူတူလုပ်ခဲ့ရသည်။ ကျွန်တော်၏ အခြေအနေက ပို၍ မှောင်မိုက်လာသည်၊ ပို၍ ဆိုးလာသည်၊ သို့သော် ကျွန်တော်၏ခေါင်းထဲကို နောင်တက လုံးဝ ဝင်မလာခဲ့ပါ။ ထိုအချိန်သည် ဘုရားသခင်က ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်ခဲ့သည့် အချိန်ဖြစ်လေသည်။

တစ်နေ့မှာ ကျွန်တော့်ကို တရုတ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းကို သွားပြီး ဧဝံဂေလိ မျှဝေခိုင်းသည်။ ဤသည်ကို ကြားရသည့်အခါ၊ “နောက်ဆုံးတော့ ငါ အစ်ကိုလျူနဲ့ အလုပ်လုပ်ဖို့ မလိုတော့ဘူး။ ဒါက ငါ့အရည်အချင်းကို ပြရမဲ့ အချိန်ပဲ။ လူတွေကို ဧဝံဂေလိဟောကြားပြီး ပြောင်းလဲတဲ့အခါ၊ အားလုံးက ငါ့ကြောင့်ပဲ ဖြစ်လာမှာ။ ညီအစ်ကို မောင်နှမတွေက ငါ့ကို သေချာပေါက် အထင်ကြီးလေးစားကြမှာပဲ။” ဟု တွေးလျက်၊ ကျွန်တော် အရမ်းပျော်သွားသည်။ ကျွန်တော် မသိနိုင်လိုက်သည့်အရာမှာမူ ထိုနေရာသို့ သွားသည့်လမ်းတွင် ကျွန်တော့်မှာ မှတ်ပုံတင်ကဒ် ပါမလာခြင်းကို ရဲကတွေ့သွားပြီး ထွက်ပြေးလာသည့် လူသတ်သမားကဲ့သို့ ကျွန်တော့်ကို တွေးထင်သွားပြီး ဖမ်းဆီးခဲ့သည်။ ကျွန်တော် ရှင်းပြဖို့ မည်မျှကြိုးစားပါစေ သူတို့ နားမထောင်ခဲ့ကြပါ။ သုံးရက် သုံးညအထိ ကျွန်တော့်ကို နှိပ်စက်ကြသည်။ ကျွန်တော့်ကို မည်သည့်အရာမျှ စားခွင့်မပေးသကဲ့သို့ အိပ်ခွင့်လည်းမပေးဘဲ၊ သို့မဟုတ် ရေတစ်ငုံစာအပြည့် သောက်ခွင့်ပင် မပေးခဲ့ပေ။ ကျွန်တော့်ပါးစပ်နှင့် နှာခေါင်းမှာ သွေးများထွက်ပြီး မျက်လုံးများ ဖောရောင်လာကာ ဖွင့်လို့မရတော့သည့်အထိ ကျွန်တော့်ကို ရိုက်နှက်ကြသည်။ စုတ်ပြတ်သွားသည့်အထိ အရိုက်ခံရသည်။ ခဏခဏ သတိမေ့သွားသည်ကို ကျွန်တော် မှတ်မိသေးသည်။ သေတာကမှ ကောင်းချီးခံစားရသည့် သက်သာမှု ဖြစ်ဦးမည်။ ကျွန်တော့် နှလုံးသားမှာ တော်တော်ကို ဆင်းရဲဒုက္ခ ခံစားရပြီး ထိုနတ်ဆိုးများက အလွန် ဆိုးယုတ်သည့်အတွက် မုန်းတီးခဲ့သည်။ သူတို့က နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးခြင်း မရှိပေ။ မည်သည့်သက်သေအထောက်အထားမျှလည်း မရှိပေ။ သို့သော် ကြမ်းကြမ်းတမ်းတမ်း စစ်မေးခံရသည်။ ထိုအချိန်က ဘုရားသခင်ကိုသာ ကျွန်တော် ဆုတောင်းနေခဲ့လေသည်။ ကျွန်တော့်ကို ကာကွယ်ဖို့၊ လမ်းပြဖို့ တောင်းလျှောက်သည်။ ဘုရားသခင်က ဤအရာအားလုံးကို ကျွန်တော့်အပေါ်မှာ ဖြစ်ပျက်ဖို့ ခွင့်ပြုထားသည်မှာ၊ ဖြစ်ပျက်နေသည့်အရာများမှ ကျွန်တော် သမ္မာတရားကို ရှာပြီး သင်ယူရမည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပါသည်။ ထို့နောက်တွင် ကျွန်တော် မိမိကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်ခဲ့သည်။ “ဘာလို့ ဒါတွေက ငါ့အပေါ်မှာ ဖြစ်ပျက်နေတာလဲ။” ထိုအချိန်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာသည်။ “ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်တွေးတောရင်းနှင့် ဂုဏ်ဒြပ်အတွက် ကျွန်တော်၏လိုအင်ဆန္ဒက မည်မျှ ကြီးမားသည်ကို သတိပြုမိခဲ့သည်။ ကျွန်တော် အစ်ကိုလျူနှင့် ဧဝံဂေလိဟောကြားရင်း ကုန်ဆုံးခဲ့သည့်အချိန်များကို ပြန်တွေးတောမိသည်။ သူက ကောင်းမွန်သည့် မိတ်သဟာယဖွဲ့ပြီး လူတိုင်းက သူ့ကို လေးလေးစားစား ကြည့်နေကြတာကို မြင်ရသည့်အခါ၊ ကျွန်တော် မနာလိုဖြစ်လာပြီး မည်သူက ပိုတော်သည်ကို ကြည့်ဖို့ သူနှင့် ယှဉ်ပြိုင်ချင်ခဲ့သည်။ လူအသစ်များက ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြစေဖို့အလို့ငှာ၊ မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါဖို့အတွက် လူသစ်များ၏ရှေ့တွင် ကျွန်တော်၏ ကိုယ်ပိုင် အတွေ့အကြုံများကို ပြောခဲ့သည်။ ညီအစ်ကို မောင်နှမများထံမှ မည်သည့်လေးစားမှုမှ ကျွန်တော် မရသည့်အခါ၊ ကျွန်တော် အပျက်သဘောဆောင်လာပြီး အတိုက်အခံလုပ်ချင်လာကာ၊ အစ်ကိုလျူနှင့် အလုပ်မလုပ်ချင်တော့ဘဲ၊ ကျွန်တော့်တာဝန်၌ အပေါ်ယံပဲ လုပ်ခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို သက်သေခံဖို့ မိမိတာဝန်ကို မဆောင်ရွက်နေခဲ့ဘဲ၊ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်တို့ကို အပြန်အလှန်အားဖြင့်ရဖို့ ယင်းကို အသုံးပြုနေသည်ကို ကျွန်တော် မြင်တွေ့ခဲ့ရပါသည်။ ကျွန်တော်သည် အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလေသည်။ ကျွန်တော်က ကျော်ကြားမှုနှင့် ကိုယ်ပိုင် အကျိုးစီးပွားနောက် လိုက်ခြင်းမှလွဲပြီး အခြားမည်သည့်အရာမျှ မလုပ်ခဲ့ပါ။ မှောင်မိုက်ထဲကို နက်နက်နဲနဲ ကျရောက်သွားသော်ငြားလည်း၊ နောင်တက ကျွန်တော့်စိတ်ထဲကို မည်သည့်အခါမျှ ဝင်မလာခဲ့ပါ။ ကျွန်တော်က အလွန် ပုန်ကန်လိုစိတ် ရှိခဲ့သည်။ ကျွန်တော် စဉ်းစားကြည့်လေလေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလေလေ ဖြစ်သောကြောင့်၊ ဘုရားသခင်ထံသို့ ဆုတောင်းခဲ့ပါသည်။ “ချစ်လှစွာသော ဘုရားသခင် ကျွန်တော့်တာဝန်မှာ ဂုဏ်ဒြပ်ကိုပဲ အမြဲတမ်း လိုက်စားလေ့ရှိခဲ့ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုယ်တော် ဘယ်လောက်တောင် ဒါကို မုန်းတီးလိုက်မလဲ။ အခု ကိုယ်တော်က ကျွန်တော့်ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်နေပါပြီ၊ ကိုယ့်ကိုယ်ကိုယ် အလေးအနက် ဆင်ခြင်သုံးသပ်ပြီး ကိုယ်တော်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံချင်ပါတယ်။ ကျွန်တော် ဒီအခြေအနေမှာ အသက်ရှင်ခဲ့ရင်၊ ကျွန်တော့်ရဲ့ ဂုဏ်ဒြပ်ကို စွန့်လွှတ်ပြီး သမ္မာတရားကို အလေးအနက် လိုက်စားချင်ပါတယ်။” ဟု ပြောလိုက်သည်။ ကျွန်တော် အံ့သြသွားရသည်မှာ ကျွန်တော် နာခံပြီး သင်ခန်းစာအချို့ သင်ယူရရှိလိုက်သည့်အခါ၊ ဘုရားသခင်က သူ့၏ သနားညှာတာမှုကို ပြခဲ့ပါသည်။ ရဲများက ကျွန်တော့် မှတ်ပုံတင်ကို သူတို့စက်ထဲမှာ ရှာတွေ့သွားခဲ့သည်။ ကျွန်တော်က လူသတ်သမား မဟုတ်သည်ကို သိသွားပြီး လွှတ်ပေးလိုက်သည်။

ကျွန်တော် အိမ်ပြန်ရောက်သည့်အခါ၊ ကျန်းမာရေးစစ်ဖို့ ဆေးရုံသွားခဲ့သည်။ ကျွန်တော့် ညာဘက်ခြေထောက်က ကျိုးနေပြီး နံရိုးတစ်ချောင်းလည်း ကျိုးနေသည်။ နောက်သုံးလေးလမှာ ကျွန်တော် အိမ်မှာ အားပြန်ပြည့်လာအောင် အနားယူနေရင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခဲ့သည်။ တစ်နေ့တွင် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ ‘ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။’ ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။...သင်တို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘေးဖယ်ထားဖို့ သင်တို့အတွက် ခက်ပေသည်။ ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း)

ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းကိုလည်း ကျွန်ုပ် နားထောင်ခဲ့၏။ “လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရား၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့၏ ကယ်တင်ခြင်းအတွက် အလင်းဖြစ်၏ကျူး”) ဤဓမ္မတေးကို နားထောင်ရင်းနှင့် ကျွန်တော် တော်တော်ငိုမိသည်။ ဘုရားသခင်က တရားစီရင်ပြီး ပြစ်တင်ဆုံးမတာက လူကို မုန်းတီး၍မဟုတ်ဘဲ၊ လူကို ကယ်တင်ချင်သောကြောင့်ဖြစ်သည် နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်ခဲ့သည်။ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်ကို လိုက်စားသည့် ကျွန်တော့်၏ လွဲမှားသည့်အမြင်ကို သူ ပြုပြင်ချင်ခဲ့သည်။ ကျွန်တော် ငယ်စဉ်ကတည်းက “ထင်ရှားကျော်ကြားမှု ရရှိခြင်းသည် သင်၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုသည့် ဆိုးယုတ်သည့် အဆိပ်များနှင့်အညီ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် ရသမျှ အခွင့်အရေးတိုင်းမှာ သူများထက် ထင်ပေါ်ချင်ခဲ့ပြီး ယင်းကို အိပ်မက်ပင် မက်ခဲ့သည်။ သခင့်ကို စတင် ယုံကြည်ပြီးသည့်နောက်မှာ ညီအစ်ကို မောင်နှမများ ကျွန်တော့်ကို အထင်ကြီးလေးစားပြီး ကိုးကွယ်ကြဖို့အလို့ငှာ မြင့်မားသည့် ဂုဏ်ဒြပ်ရဖို့အတွက် ပေးဆပ်ခြင်းများလုပ်ပြီး မိမိကိုယ်ကိုယ် အသုံးတော်ခံခဲ့သည်။ ခရစ်တော်နှင့်အတူ ဘုရင်တစ်ပါးကဲ့သို့ပင် စိုးစံချင်ခဲ့သည်။ ကျွန်တော့် ရည်မှန်းချက်များမှာ အကန့်အသတ် မရှိခဲ့ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားသည့်အခါ၊ သခင်ကြွလာခဲ့ပြီကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်၏ ခေါင်းဆောင်ရာထူးကို မစွန့်လွှတ်နိုင်သောကြောင့် လက်မခံချင်ခဲ့ဘဲ၊ ယုံကြည်သူများကို ဘုရားသခင်၏နိုင်ငံတော်ထဲ မဝင်ရောက်ဖို့ တားဆီးသည့် ဆိုးယုတ်သော အစေခံတစ်ဦး ဖြစ်လာလုနီးပါး ဖြစ်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီးကတည်းက လွန်ခဲ့သည့် နှစ်နှစ်တာကာလမှာ အပြင်ပန်းတွင် ကျွန်တော်က ကျွန်တော့် ခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခဲ့သည့်ပုံစံရှိသော်လည်း၊ ကျွန်တော့် စိတ်နှလုံးက ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ဆဲသာ ဖြစ်လေသည်။ ညီအစ်ကို မောင်နှမများက ကျွန်တော့်ကို လေးစားပြီး ကိုးကွယ်သည့်အခါ၊ ကျွန်တော်က ကိုယ့်တာဝန်မှာ ပျော်ရွှင်ပြီး တက်ကြွမှုရှိသည်။ သို့သော် သူတို့က ကျွန်တော့်အပေါ် စိတ်ဝင်စားမှုမရှိသည့်အခါ၊ စိတ်ဓာတ်ကျပြီး စိတ်ပျက်သည်၊ မိမိ၏တာဝန်ကို မလုပ်ချင်တော့ပါ။ ကျွန်တော်က သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားပြောင်းလဲဖို့ ဒါမှမဟုတ် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရဖို့ မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ဘဲ၊ သူများက ကျွန်တော့်ကို အထင်ကြီးလေးစားအောင် သူများထက် ထင်ပေါ်ဖို့၊ ကျွန်တော်၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းဖို့အတွက် ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်က အရှက်မရှိ ဘုရားသခင်ကို အသုံးပြုပြီး သူ့ကို လိမ်လည်ဖို့ ကြိုးစားနေခြင်း မဟုတ်ပါလား။ ကျွန်တော်က ဘုရားကို အာခံနေခဲ့ခြင်း ဖြစ်ပေသည်။ ကျွန်တော်က လူ့သဘာဝ သို့မဟုတ် အသိစိတ် စိုးစဉ်းမျှ မရှိဘဲ၊ ပို၍ ပို၍ မာနထောင်လွှားခဲ့ကာ ဤဆိုးယုတ်သည့်အဆိပ်များနှင့် ရှင်သန်နေခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ထုတ်ဖော်ပြခြင်းများ၊ ပြီးလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့ကြောင့်သာ မဟုတ်ပါက၊ ကျွန်တော်က စာတန်၏ ဖျက်ဆီးခြင်းကို မည်မျှ ဆိုးဆိုးဝါးဝါး ခံထားရသည်ကို၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကျွန်တော်၏ လိုအင်ဆန္ဒက မည်မျှကြီးသည်ကို ကျွန်တော် လုံးဝ သတိပြုမိမည် မဟုတ်ပေ။ ဂုဏ်ဒြပ်နှင့်ပတ်သက်သည့် ကောင်းချီးမင်္ဂလာများကို ပို၍ပို၍ အငမ်းမရဖြစ်လာပြီး ပို၍ပို၍ စာရိတ္တပျက်ပြားလာမည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ပါစေ တရားစီရင်ခြင်းဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ ရိုက်နှက်ခြင်းဖြစ်စေ၊ ဆုံးမပဲ့ပြင်ခြင်းဖြစ်စေ အားလုံးက လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းနှင့် ချစ်ခြင်းဖြစ်သည်ကို နောက်ဆုံးမှာ ကျွန်တော် အသိအမှတ်ပြုလာခဲ့ပါသည်။

ထို့နောက်တွင် ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကျွန်တော် ဖတ်ရပါသည်။ “ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော အမှန်တရား ဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ ကျွန်တော်သည် မိမိ၏ သင့်တော်သည့်နေရာကို ယူသင့်သည့်၊ ဘုရားကို ချစ်ဖို့ အားထုတ်သင့်သည့် ဘုရားကို နာခံသင့်သည့်၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို စွန့်ပစ်သင့်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနှင့် မိမိ၏တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်သည့် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်ကို နားလည်ခဲ့ပါသည်။ ဤသည်ကသာ မှန်ကန်သည့် လိုက်စားခြင်း ဖြစ်ပါသည်။ လူတစ်ယောက်က ကယ်တင်ခြင်းကို ရယူပြီး စုံလင်ခံရခြင်း ရှိမရှိက သူတို့၌ ဂုဏ်ဒြပ်ရှိမရှိဆိုတာနှင့် လုံးဝ မသက်ဆိုင်သည်ကိုလည်း ကျွန်တော် နားလည် သဘောပေါက်ခဲ့သည်။ လူတစ်ယောက်က မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ကြည့်သည်မှာ သူတို့၏ ရိုးသားစစ်မှန်မှုနှင့် နာခံမှု၊ သူတို့ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ၊ သူတို့၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိကို ကြည့်ခြင်း ဖြစ်သည်။ ဤသည်ကို ကျွန်တော် နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ “နောင်အချိန်မှာ ဘာတာဝန်ကိုပဲ ကျွန်တော် ထမ်းဆောင်ရပါစေ၊ ကျွန်တော့်မှာ ဂုဏ်ဒြပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သမ္မာတရားကို အလေးအနက် လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပါတယ်။” နှစ်လကျော်ကြာတော့ ကျွန်တော့် ဒဏ်ရာများက စတင် သက်သာလာပြီး ထပ်ပြီး ဧဝံဂေလိဟောကြားဖို့အတွက် အပြင်ထွက်လာနိုင်ခဲ့ပါသည်။ ပြောင်းလဲသွားတာက ကျွန်တော်က ဂုဏ်ဒြပ်မရှိဘူးလို့ မခံစားရတော့ခြင်း၊ သူများနှင့် အလုပ်လုပ်သည့်အခါမှာ အတော်ဆုံးဖြစ်အောင် မယှဉ်ပြိုင်တော့ခြင်း ဖြစ်သည်။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေခြင်းသက်သက်နှင့်ပင် ကျွန်တော် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို ခံရသည်ဟု ခံစားရပါသည်။

နှစ်တွေကုန်ဆုံးသွားခဲ့ပြီး ကျွန်တော်က ဂုဏ်ဒြပ်၏ အချည်အနှောင်များနှင့် အချုပ်အချယ်များကနေ လွတ်ကင်းပြီဟု ထင်ခဲ့သည်။ သို့သော် ဘုရားသခင်က အခြေအနေသစ်တစ်ခုကို ကျွန်တော့်အတွက် စီစဉ်ခဲ့သည့်အခါ၊ ဂုဏ်ဒြပ်ကို မက်သည့် ကျွန်တော့် ဆန္ဒက အကျည်းတန်စွာ ခေါင်းထောင်လာပြန်သည်။ ယင်းမှာ ၂၀၁၂ခုနှစ် ဆောင်းရာသီ ဖြစ်သည်။ ရဲများက ခရစ်ယာန်များကို အရူးအမူး ဖမ်းဆီးနေပြီး ယင်းမှာ အလွန်ဆိုးရွားသည့် အချိန်ဖြစ်ခဲ့သည်။ တစ်နေ့မှာ ခေါင်းဆောင်များနှင့် သင်းထောက်များက ကျွန်တော်တို့ရွာမှာ အစည်းအဝေးတစ်ခု လုပ်ကြသည်။ ကျွန်တော့်မှာ အားလပ်ချိန် အချို့ရှိနေသည်ကို ခေါင်းဆောင်တစ်ယောက်က မြင်တော့ လမ်းထောင့်မှာ သွားရပ်ပြီး ကင်းစောင့်အနေနှင့် လုပ်ခိုင်းသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်တော် တကယ်ကို မကျေနပ်ခဲ့ပါ။ သို့သော် ညီအစ်ကို မောင်နှမတွေ၏ လုံခြုံရေးကို ထည့်တွက်ပြီး သဘောတူခဲ့ပါသည်။ ခေါင်းဆောင်က ထွက်သွားသည့်အခါမှာ မိမိဘာသာ စဉ်းစားလိုက်သည်။ “ငါက နှစ်ချီပြီးတော့ ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ပြီး အပြင်မှာ အမြဲတမ်း ဧဝံဂေလိဟောခဲ့တယ်။ ဒီအောက်ကျတဲ့ ကင်းစောင့်အလုပ် လုပ်ဖို့အတွက် သာမန် ယုံကြည်သူတွေကို ရှာတာ ပိုကောင်းတယ်။ ဘာလို့ ငါက လုပ်ရမှာလဲ။ ငါက အပြင်မှာ အန္တရာယ်ကို စွန့်စားရင်း အေးနေတုန်းမှာ နင်တို့အားလုံးကကျတော့ ဒီထဲမှာ အစည်းအဝေး လုပ်နေကြတယ်။ ဒါ ငါ့မှာ ဂုဏ်ဒြပ်မရှိလို့ မဟုတ်လား။ ငါသာ ခေါင်းဆောင်တစ်ယောက်ဖြစ်ရင် ဒီလိုမျိုး အစောင့်တာဝန်ကို လုပ်ရမှာမဟုတ်ဘူး။” ဂုဏ်ဒြပ်ကိုမက်သည့် ကျွန်တော့်ဆန္ဒ အကျင့်ဟောင်းတွေ ပြန်ထလာပြန်ပြီဆိုတာ ချက်ချင်း သတိပြုမိတာကြောင့်၊ “ချစ်ခင်ရသော ဘုရားသခင် အခု ကျွန်တော် ဒီအောက်ကျတဲ့ တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပြီး ဂုဏ်ဒြပ်အတွက် ကျွန်တော့် ဆန္ဒက ပေါ်လာပြန်ပါတယ်။ အို ဘုရားသခင်၊ ဂုဏ်ဒြပ်၏ ချည်နှောင်မှုကို ကျွန်တော်ထပ်ပြီး မခံချင်တော့ပါဘူး။ ဂုဏ်ဒြပ်ရဲ့ အချည်အနှောင်တွေနဲ့ အချုပ်အချယ်တွေကို ကျွန်တော် ဖယ်ရှားနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းညွှန်တော်မူပါ။” ဟု ပြောရင်း၊ ဘုရားသခင်ကို အမြန် ဆုတောင်းလိုက်သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ရပါသည်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက်မှာ ကျွန်တော်က အမြဲတမ်း ရာထူးကြီးများနောက်ကို လိုက်နေသည်၊ အခြားသူများ ကျွန်တော့်ကို အမြဲတမ်း အထင်ကြီးလေးစားစေချင်ပြီး ကိုးကွယ်စေချင်နေသည်ကို သတိပြုမိခဲ့ပါသည်။ အခြားလူများ၏ စိတ်နှလုံးထဲမှာ ကျွန်တော် နေရာတစ်ခုရှိချင်ခဲ့သည်။ တကယ့်အနှစ်ချုပ်မှာတော့ ဤသည်မှာ အခြားလူများ၏ စိတ်နှလုံးကို ကျွန်တော် သိမ်းပိုက်ချင်သည်ဟု အဓိပ္ပာယ်ရသည်။ ကျွန်တော်က လူများကိုရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်၏ သဘာဝက အလွန် မာနထောင်လွှားပါသည်။ ပေါလုက အမြဲတမ်း မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံကာ၊ သူများ သူ့ကို လေးစားပြီး ကိုးကွယ်အောင် မည်သို့လုပ်သည်ကို ကျွန်တော် စဉ်းစားမိသည်။ ထိုအကြောင်းကြောင့် သူက ပြောသည်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ထို့ကြောင့် လူအများစုက သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်ကြသည်မှာ လူများ၏ နှလုံးသားထဲမှာရှိသည့် သူ့နေရာက သခင်ယေရှုထက် ကျော်လွန်သွားသည့်အထိပင် ဖြစ်ပေတော့သည်။ ထိုအချိန်က ကျွန်တော် တွေးတောပြီး လိုက်စားနေသည့်အရာများက ကျွန်တော့်ကို ပေါလုနှင့် မတူစေဘူးလား။ ကျွန်တော်က တကယ်ကို ဘုရားသခင်ကို အာခံသည့် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်ကို ရောက်နေခြင်း ဖြစ်လေသည်။ ကျွန်တော် တကယ်ကို ဘုရားသခင်နှင့် လူများကို စက်ဆုပ်ရွံရှာခဲ့သည်။ အပြစ်ဒဏ်ပေးခံရသင့်ပါသည်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူများကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပါသည်။ သို့သော် ယုံကြည်လာသည့် ဤနှစ်များအားလုံးမှာ သမ္မာတရားကို လိုက်စားဖို့ မည်သည့် အားထုတ်မှုမှ မလုပ်ခဲ့သကဲ့သို့၊ မိမိကိုယ်ကိုယ် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်သည့်သူ တစ်ယောက်အဖြစ် ပြောင်းလဲဖို့ ကြိုးစားအားထုတ်ဖို့အတွက် လုံးဝ မစဉ်းစားခဲ့ဘူး။ ထိုအစား ဂုဏ်ဒြပ် နောက်လိုက်သည့်နေရာမှာ ကျွန်တော့်၏ အတွေးများ၊ အားအင်များအားလုံးကို အသုံးပြုခဲ့သည်။ ကျွန်တော် ဤအတိုင်းသာ ဆက်သွားပါက၊ ဘုရားသခင်၏ ကျိန်ဆဲခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို ခံရမည် ဖြစ်သည်။ ကျွန်တော် အလွန် မိုက်မဲခဲ့လေချင်း။

ထို့နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသည်။ “လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- ‘အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။’ ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ လူတစ်ယောက်က မြင့်မားသည့် ဂုဏ်ဒြပ်ရှိပါက၊ ဘုရားသခင်က သူ့ကို မြှင့်တင်ထားခြင်းဖြစ်ပြီး လူတစ်ယောက်က နိမ့်ကျသည့် ဂုဏ်ဒြပ်ရှိပါက၊ ဤသည်မှာ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သည်ကို ကျွန်တော် နားလည်ခဲ့ပါသည်။ လူများကို သူ မည်သို့ပင် ဆက်ဆံပါစေ၊ ကျွန်တော်တို့ကို မည်သည့်နေရာတွင်ထားပါစေ ကျွန်တော်တို့ အမြဲတမ်း နာခံသင့်သည်။ မိမိတာဝန်ကို ကောင်းစွာ လုပ်သင့်ပြီး စောဒက မတက်သင့်ပါ။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်သည့် ကျိုးကြောင်းဆီလျော်ပြီး စစ်မှန်သည့်အရာ ဖြစ်ပါသည်။ ဤသည်ကို ကျွန်တော် နားလည်သည့်အခါ၊ ကျွန်တော် နာခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့သည်၊ ထိုအချိန်မှစပြီး ကင်းစောင့်အဖြစ် မိမိကိုယ်ကိုယ် ဆက်ကပ် အပ်နှံခဲ့ပါသည်။ ခေါင်းဆောင်များနှင့် အသင်းထောက်များက သူတို့ အစည်းအဝေးကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်နိုင်စေဖို့အလို့ငှာ ကျွန်တော် သေချာစောင့် ပေးခဲ့ပါသည်။ ထို့နောက်တွင် ခေါင်းဆောင်က အစည်းအဝေးအတွက် ကျွန်တော့်ကို ကင်းစောင့်ပေးဖို့ သုံးလေးကြိမ်လောက်ခိုင်းသော်လည်း၊ ဤသည်က ဂုဏ်မြင့်လား နိမ့်လားဆိုတာကို ကျွန်တော် မတွေးတော့ပါ။ ကျွန်တော် အလွန် လွတ်မြောက်ပြီး ငြိမ်းချမ်းသည်ဟု ခံစားရသည်။

ဤနှစ်များတစ်လျှောက်မှာ စာတန်၏ ဖျက်ဆီးခြင်းကို ကျွန်တော် မည်မျှ နက်နက်နဲနဲ ခံထားရပြီး ဂုဏ်ဒြပ်မက်သည့် ကျွန်တော့် လိုအင်ဆန္ဒက မည်မျှကြီးသည်ကို ကျွန်တော် အမှန်တကယ် မြင်လာဖို့အလို့ငှာ၊ ကျွန်တော့်ကို ဖော်ထုတ်ဖို့ အခြေအနေများကို ဘုရားသခင်က ထပ်ခါထပ်ခါ စီစဉ်ခဲ့ပြီး ကျွန်တော့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပါသည်။ ဂုဏ်ဒြပ်သည် လူများကို ချုပ်နှောင်ထားဖို့အတွက် စာတန် အသုံးပြုသည့်အရာ တစ်ခု ဖြစ်သည်ကိုလည်း ကျွန်တော် ရှင်းရှင်းလင်းလင်း သတိပြုမိလာခဲ့သည်။ သင်သည် ဂုဏ်ဒြပ်ကို လိုက်စားလေလေ၊ စာတန်က သင့်ကို ထိခိုက်နစ်နာစေပြီး သင့်ကို ဆော့ကစားလေလေ ဖြစ်ပြီး ဘုရားသခင်ကို သင်က နာခံမှုမရှိဘဲ ဆန့်ကျင်လေလေ ဖြစ်သည်။ ကယ်တင်ခံရဖို့အလို့ငှာ ဘုရားသခင်အပေါ် လူများ၏ ယုံကြည်ခြင်းမှာ သူတို့ မည်သည့်အရာကို လိုက်စားသင့်သည်ကိုလည်း ကျွန်တော် နားလည်လာခဲ့ပါသည်။ ဂုဏ်ဒြပ်အတွက် ထိုကဲ့သို့ ပြင်းထန်သော လိုအင် ဆန္ဒရှိပြီး ထိုမျှကြီးမားသည့် ရည်မှန်းချက်များ ရှိပြီးသည့်နောက်မှာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လိုက်နာဖို့နှင့် မိမိတာဝန်ကို နာခံစွာ ထမ်းဆောင်ဖို့ ယခုကဲ့သို့ ကျွန်တော်ပြောင်းလဲနိုင်ခဲ့သည်မှာ၊ အားလုံးက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကြောင့်သာ ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်တော့်ကိုယ်စား ဤကဲ့သို့ ပင်ပန်းဆင်းရဲသည့် အားထုတ်မှုကို လုပ်ခဲ့သည်၊ ပြီးလျှင် ကျွန်တော့်ကို ကယ်တင်သည့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော့် စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်

ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...

ဘုရားသခင်အတွက် ကျွန်မ၏ အနစ်နာခံခြင်းများထဲက ရောထွေးခြင်းများ

ကျန်းဖင် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ ဧပြီလက တစ်ရက်မှာ၊ နောက်ကျောညာဘက်ခြမ်းမှာ တော်တော်နာတာကို ရုတ်တရက် ခံစားရတယ်။ တစ်နည်းနည်းနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်