မနာလိုဖြစ်ခြင်းမှ လွတ်မြောက်

12.03.2023

ကလော့ဒ်၊ ကင်မရွန်းနိုင်ငံ

၂၀၂၁ ခုနှစ် အစပိုင်းမှာ ကျွန်တော်က တရားဟောဆရာအနေနဲ့ အစေခံနေပြီး အသင်းတော်အလုပ်ကို တာဝန်ယူဖို့အတွက် အစ်ကိုမက်သယူးနဲ့ တွဲလုပ်ခဲ့ရပါတယ်။ ကျွန်တော်က ဒီတာဝန်ကို စလုပ်ခါစပဲရှိသေးပြီး နားမလည်တာတွေ အများကြီးရှိနေတုန်းမို့ သူ့ဆီကနေ ခဏခဏ သင်ယူဖို့ လိုအပ်ခဲ့တာပေါ့။ အဲဒီအချိန်အတွင်းမှာ မက်သယူးက သူ့တာဝန်မှာ သူထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအကြောင်း ကျွန်တော့်ကို ခဏခဏ ပြောပြတတ်တယ်။ အချိန်ကြာလာတော့ ကျွန်တော် သူ့ကို အထင်သေးလာတယ်။ ကျွန်တော်က သူ့လောက် ဖောက်ပြန်ပျက်စီးတာမျိုး မရှိဘူး၊ သူနဲ့ပူးပေါင်းဆောင်ရွက်လို့လဲ ကျွန်တော့်အတွက် ဘာအကျိုးမှ မရှိဘူးလို့ တွေးမိတယ်။ ကျွန်တော်က သူ့ထက်သာတယ်လို့ ထင်ခဲ့တာပေါ့။ ကျွန်တော် ဒီလိုတောင် တွေးမိသေးတယ်၊ “သူက ဘယ်လိုလုပ်ပြီး အရင် တရားဟောဆရာ ဖြစ်သွားရတာလဲ။ ငါက သူ့ရဲ့ခေါင်းဆောင် ဖြစ်ဖူးတယ်လေ။ တရားဟောဆရာတစ်ယောက် ဘယ်လိုလုပ်ရမယ်ဆိုတာ ငါက သူ့ကိုပြောပြသင့်တာ၊ သူက ငါ့ကို ပြောပြရမှာမှ မဟုတ်တာ။ အခု သူက ငါ့ထက်အရင် တရားဟောဆရာဖြစ်သွားတော့ လူတိုင်းက သူ့ကို ပိုအထင်ကြီးကြတော့မှာပေါ့” လို့ပေါ့။ ကျွန်တော် ဒါကို လက်မခံနိုင်ခဲ့ဘူး၊ ပြီးတော့ ကျွန်တော်က သူ့ထက်ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ သူ့ထက်သာဖို့အတွက် ကျွန်တော်တို့ရဲ့အလုပ်တွေကို ခဏခဏ နှိုင်းယှဉ်လေ့ရှိတယ်။ ဥပမာ၊ မက်သယူးက သူ့အလုပ်တွေအားလုံးကို အမီလိုက်လုပ်ဖို့ အချိန်မလောက်ဘူးလို့ ပြောတဲ့အခါ ကျွန်တော်ပျော်နေတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တာဝန်ယူထားတဲ့ အလုပ်အားလုံးကို အမီလိုက်လုပ်ပြီးနေပြီ၊ ဒီလိုဆိုရင် အထက်ခေါင်းဆောင်ပိုင်းက ကျွန်တော့်ကို ပိုအထင်ကြီးကြမှာပဲလေ။ ဒါပေမဲ့ ကျွန်တော်အံ့ဩသွားရတာက မက်သယူးက သူတာဝန်ယူထားတဲ့အလုပ်ကို တော်တော်ကောင်းအောင် လုပ်နိုင်ခဲ့တယ်။ တစ်နေ့တော့ ခေါင်းဆောင်က ကျွန်တော်တို့ကို ရေလောင်းသူတွေအနေနဲ့ ပျိုးထောင်လို့ရနိုင်တဲ့ လူတချို့ကို ရှာဖွေဖော်ထုတ်ဖို့ တာဝန်ပေးတယ်။ နှစ်ရက်အတွင်းမှာပဲ မက်သယူးက သင့်တော်သူ ၃ ယောက်ကို ရှာတွေ့ပြီးနေပြီ။ ကျွန်တော် ပျာသွားပြီးတော့ စဉ်းစားမိတယ်၊ “ငါတော့ စလှုပ်ရှားမှဖြစ်မယ်။ အနည်းဆုံးတော့ မက်သယူးရှာတဲ့ အရေအတွက်နဲ့တော့ တူအောင်ရှာရမယ်။ မဟုတ်ရင် သူက ငါ့ထက်ပိုပြီး ချီးကျူးခံရလိမ့်မယ်” လို့ပေါ့။ ဒါနဲ့ သုံးရက်အတွင်းမှာပဲ ကျွန်တော် လူခုနစ်ယောက် ရှာလိုက်နိုင်တယ်။ ကျွန်တော်က မက်သယူးထက် ပိုသာအောင်လုပ်နိုင်ခဲ့လို့ တော်တော်ကျေနပ်သွားတာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်က သင့်တော်တဲ့သူတွေရဲ့ အခြေအနေတွေအကြောင်း ကျွန်တော့်ကို လာမေးတဲ့အခါမှာတော့ သူတို့ထဲက တစ်ယောက်မှ ရေလောင်းသူအနေနဲ့ အစေခံဖို့ မသင့်တော်ဘူးလို့ ကောက်ချက်ချသွားတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ကို သင့်တော်တဲ့သူတွေအနေနဲ့ ရှာဖွေဖော်ထုတ်တုန်းက သူတို့ရဲ့ တကယ့်အခြေအနေတွေကို သေချာနားမလည်ခဲ့လို့ပဲ။ ဒါပေမဲ့ မက်သယူးရဲ့ သင့်တော်တဲ့လူတွေကတော့ အားလုံးပဲ သင့်တော်တယ်လို့ သတ်မှတ်ခံရတယ်။ သူတို့မှာ အစွမ်းအစရှိတယ်၊ လူ့သဘာဝကောင်းတယ်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံချင်စိတ်ရှိကြတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အရင်သုံးရက်က အလုပ်တွေအားလုံးက အလကားဖြစ်သွားပြီး ကျွန်တော် အရမ်းစိတ်ဓာတ်ကျသွားတယ်။ အဲဒီအချိန်မှာပဲ မက်သယူးကို ကျွန်တော် မနာလိုဖြစ်လာတယ်။ သူက ဘာလို့ သူ့တာဝန်မှာ အမြဲတမ်း ဒီလိုရလဒ်ကောင်းတွေ ရနေရတာလဲ။ ငါကကျတော့ ဘာလို့မရတာလဲ။ သူက ကျွန်တော်တို့အုပ်စုတွေထဲမှာ ဘုရားနှုတ်ကပတ်တော်ကို စိတ်ထက်ထက်သန်သန်နဲ့ ဝေမျှတတ်တယ်၊ ကျွန်တော်တာဝန်ယူထားတဲ့ အလုပ်ကိုတောင် သူက နောက်ဆက်တွဲလိုက်လုပ်သေးတယ်။ သူရှိနေတဲ့ ဘယ်နေရာမှာမဆို ကျွန်တော်က ထင်ပေါ်အောင်လုပ်ဖို့ နည်းလမ်းမရှိဘူး။ ကျွန်တော် သူ့ကို မကျေမချမ်းဖြစ်ပြီး မုန်းတောင်မုန်းလာတယ်။ ငါက ဘာလို့ သူနဲ့အတူတူ တာဝန်ထမ်းဆောင်နေရတာလဲ။ သူ့ကို ဒီလောက်ထင်ပေါ်မနေစေချင်ဘူး၊ သူ့အလုပ်မှာ ရလဒ်တွေမရှိပါစေနဲ့လို့တောင် ဆန္ဒပြုမိတယ်။ ကျွန်တော်က ကျော်ကြားမှုအတွက် မပြတ်ပြိုင်ဆိုင်နေပြီး ကိုယ့်ပုံစံတွေကို မပြောင်းလဲခဲ့ဘူး။

အဲဒီအချိန်တုန်းက ကျွန်တော်က အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မအားနာရိစ်ရဲ့အလုပ်ကို ကြီးကြပ်နေရတာပါ။ သူက သူ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်လို့ အခြေအနေမကောင်းဘူးဖြစ်နေတော့ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ကို သူ့ကို နည်းနည်းသွားပံ့ပိုးခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကိုဆက်သွယ်လိုက်တဲ့အခါ သူက မက်သယူးကို တိုင်ပင်ပြီး မိတ်သဟာယပြုဖို့ ရှာဖွေပြီးပြီလို့ ပြောလာတယ်၊ မက်သယူးက သူ့ကို ဘုရားနှုတ်ကပတ်တော်တွေ ဝေမျှပြီး သူ့ပြဿနာကို ကူဖြေရှင်းပေးခဲ့ပြီးပြီ။ ဒါကြောင့် ကျွန်တော် မျက်ကွယ်ပြုခံလိုက်ရသလို ခံစားလိုက်ရတယ်။ ကျွန်တော့်အလုပ်မှာ မက်သယူးက ဝင်စွက်ဖက်တာကို ကျွန်တော် အရမ်းမကျေမနပ်ဖြစ်ခဲ့တယ်။ ဒီအသင်းတော်ခေါင်းဆောင်ရဲ့အလုပ်က ကျွန်တော့် ကြီးကြပ်မှုအောက်မှာ ရှိတာပဲ၊ ကျွန်တော်က ကိုယ့်တာဝန်ကို ကောင်းကောင်းမဖြည့်ဆည်းဘူး၊ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ တခြားလူတွေ ထင်မှာကို ကျွန်တော်မလိုလားဘူး။ ကျွန်တော် စဉ်းစားလေလေ ပိုစိတ်တိုလေပဲ၊ တကယ်ကို မက်သယူးနဲ့ ဆက်ပြီး မတွဲလုပ်ချင်တော့ဘူး။ ကျွန်တော် ကိုယ့်ဘာသာပဲ အလုပ်လုပ်ချင်တယ်၊ ဘာလို့လဲဆိုတော့ ဒါမှ လူတွေက ကျွန်တော့်ကို သတိထားမိမှာပေါ့။ အဲဒီနောက်မှာတော့ ကိုယ့်တာဝန်တွေထမ်းဆောင်တဲ့အခါ သူ့ကို ကျွန်တော် တတ်နိုင်သလောက် ရှောင်ခဲ့တယ်။ တစ်ခါတုန်းက မက်သယူးက စုဝေးပွဲတစ်ခုမှာ ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတစ်ခုကို အတူတူဆွေးနွေးဖို့ ကျွန်တော့်ကိုပြောတယ်။ သူက ဖုန်းခေါ်တယ်၊ စာပို့တယ်၊ ဒါပေမဲ့ ကျွန်တော် တမင်တကာပဲ လျစ်လျူရှုထားလိုက်တယ်။ သူနဲ့ ဘာမှ မဆွေးနွေးချင်ခဲ့ဘူး။ သူက ကျွန်တော့်ကို အလုပ်အခြေအနေတချို့ မေးတဲ့အခါမှာလည်း အချိန်မီပြန်မဖြေခဲ့ဘူး၊ စုဝေးပွဲမှာ သူက ကျွန်တော့်ကို မိတ်သဟာယပြုပေးဖို့ တောင်းဆိုတဲ့အခါ တမင်တကာပဲ ငြိမ်နေပြီး သူ့ဘာသာသူ မိတ်သဟာယပြုဖို့ လွှတ်ထားလိုက်တယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဘာပဲဖြစ်ဖြစ် မင်းရှိနေသရွေ့တော့ ညီအစ်ကိုမောင်နှမတွေက ငါ့ကို သတိထားမိမှာမဟုတ်ဘူး။ ဒီတော့ မိတ်သဟာယပြုလို့ ဘာအကျိုးရှိလဲ” လို့ပေါ့။ စုဝေးပွဲတစ်ခုမှာ မက်သယူးက မိတ်သဟာယပြုပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကို မေးတယ်။ သူက မိတ်သဟာယပြုတာတွေ အရမ်းများပြီး ကျွန်တော်ပြောချင်တဲ့စကားလုံးတွေအကုန် သူပြောသွားပြီလို့ ကျွန်တော်ထင်တဲ့အတွက် တော်တော်လေး စိတ်မကြည်မသာ ဖြစ်နေခဲ့တယ်။ ဒါနဲ့ ကျွန်တော် သူ့ကို ဒီလိုပြောလိုက်တယ်၊ “အစ်ကိုက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ မိတ်သဟာယပြုနေတာပဲ။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကိုလည်း မဖော်ထုတ်ဘဲ ကိုယ့်နားလည်မှုတချို့ကိုပဲ ယေဘုယျသဘောလောက် ဆွေးနွေးသွားတယ်။ အစ်ကိုပြောသွားတာက အကြမ်းဖျင်းပဲရှိတယ်၊ အသေးစိတ်ကို အာရုံမစိုက်နိုင်ဘူး” လို့ပေါ့။ ကျွန်တော်ပြောလိုက်တဲ့စကားက မမှန်ဘူးဆိုတာ ကျွန်တော်သိတယ် တမင်ရည်ရွယ်ပြီး ပြောလိုက်တာပါ။ သူ့ရဲ့စိတ်အားထက်သန်မှုကို ဖိနှိပ်ချင်တာပဲရှိတာပါ၊ ဒါမှ သူက နောက်ပိုင်းစုဝေးပွဲတွေမှာ စကားတွေ အများကြီးမပြောတော့မှာပေါ့။ ပုံမှန်အချိန်တွေမှာ သူက ကျွန်တော့်ကို နေကောင်းလားလို့ မေးတဲ့စာတွေ၊ တခြားအကြောင်းအရာတွေ ပို့တဲ့အခါမှာလည်း ကျွန်တော် ပြန်မဖြေခဲ့ဘူး။ ဒီလိုလုပ်ရင် သူနဲ့အတူတူ မတွဲလုပ်ချင်ဘူးဆိုတာ သူသိသွားမှာပဲလို့ ကျွန်တော်ထင်ခဲ့တယ်။ သူ့ကို စာတွေပို့မနေအောင်တောင် ကျွန်တော် တားချင်ခဲ့တာ။ သူထွက်သွားတာမျိုး၊ ကျွန်တော့်အရည်အချင်းတွေ ထုတ်ပြခွင့်နည်းနည်း ပေးစေချင်တာမျိုးပဲ ရှိခဲ့တာပေါ့။ ပြီးတော့ ကျွန်တော်က သူ့လိုမျိုး အချိန်ပြည့် တာဝန်ထမ်းဆောင်ချင်ခဲ့တယ်၊ ဒါမှ ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ကို လိုအပ်တဲ့အချိန်တိုင်းမှာ သူတို့အတွက် ကူညီပေးနိုင်မှာလေ။ ဒီလိုဆိုရင် လူတိုင်းက ကျွန်တော့်ကို အထင်ကြီးကြမှာပေါ့။ ဒါကြောင့် ကျွန်တော့်ရဲ့လောကီအလုပ်ကို စွန့်လွှတ်ပြီး တာဝန်ကို အချိန်ပြည့် စိတ်နှစ်ပြီးထမ်းဆောင်ဖို့ ဆန္ဒရှိခဲ့တယ်၊ ဒါပေမဲ့ စားဝတ်နေရေးအတွက် ငွေရှာဖို့နဲ့ ကိုယ့်မိသားစုကိုထောက်ပံ့ဖို့ အလုပ်ကလည်း လိုနေသေးတော့ မက်သယူးလိုမျိုး ကိုယ့်တာဝန်အတွက် အချိန်ပြည့် ကိုယ့်ကိုယ်ကိုယ် မဆက်ကပ်နိုင်တာက ကျွန်တော့်ကို တော်တော် မချင့်မရဲဖြစ်စေခဲ့တယ်။ ကျွန်တော် ဒီလိုတောင် တွေးမိခဲ့တယ်၊ “ငါ တရားဟောဆရာကနေ နုတ်ထွက်လိုက်တာပဲ ကောင်းပါတယ်။ ဒါဆိုရင် မက်သယူးနဲ့ တွဲလုပ်စရာမလိုတော့ဘူး။ တခြားတာဝန်တစ်ခုခုကို ပြောင်းလိုက်ရင် သူ့ရဲ့လွှမ်းမိုးမှုလည်း ခံရတော့မှာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်လုပ်ဖို့ အခွင့်အရေးတွေလည်း ရလာမှာပဲ” လို့ပေါ့။ ဒါပေမဲ့ တကယ်တမ်း နုတ်ထွက်ဖို့ စဉ်းစားတဲ့အခါမှာတော့ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းအပြစ်ရှိသလိုခံစားရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ကျွန်တော့်အခြေအနေကို နားလည်နိုင်ဖို့ ကူညီပေးပါလို့ ဘုရားသခင်ဆီကို ကျွန်တော် တောင်းလျှောက်ရင်းဆုတောင်းခဲ့တယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် စဉ်းစားမိတယ်၊ “တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးအပ်သော ဝတ္တရားများနှင့် တာဝန်ပေးစေခိုင်းချက်များဖြစ်သည်။ ဤသို့ဆိုလျှင် လူက ယင်းတို့အား မည်သို့နားလည်သင့်သနည်း။ ‘ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား ပေးအပ်ခဲ့သော ကျွန်ုပ်၏ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းကို ကျွန်ုပ် မဖြစ်မနေလုပ်ရမည်ဖြစ်သော တာဝန်အဖြစ်လက်ခံမှသာ မှန်ကန်ပေသည်။ ယင်းကို ကျွန်ုပ် ငြင်းဆို၍မရပေ၊ သို့မဟုတ် ငြင်းပယ်၍မရပေ။ ကျွန်ုပ် ရွေး၍မရပေ။ ကျွန်ုပ်အပေါ်သို့ ကျရောက်သောအရာသည် အသေအချာပင် ကျွန်ုပ်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် အခွင့်မရှိခြင်းမဟုတ်။ ရွေးချယ်မှု မပြုလုပ်သင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ်ဖြစ်သည်’ ဟူ၍တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ တာဝန်တွေကို ဘုရားသခင်က အပ်နှင်းထားတယ်ဆိုတာ ကျွန်တော်သဘောပေါက်သွားတယ်။ ကျွန်တော်က ကိုယ့်တာဝန်ကို စွဲကိုင်ထားပြီး ကိုယ့်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ တာဝန်တွေကို ရှောင်လွှဲတာ၊ ဇီဇာကြောင်တာမျိုး မလုပ်သင့်ဘူး။ ဒါဟာ ကျွန်တော့်မှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲလေ။ ကျွန်တော်ကတော့ မက်သယူးထက်သာချင်တဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြီးတဲ့ လိုအင်ဆန္ဒ မပြည့်ဝတာကြောင့် ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒါက ဘုရားသခင်ကို အရမ်းနာကျင်စေတာပဲ။ ကျွန်တော်က ကိုယ့်တာဝန်ကို ဝတ္တရားတစ်ခုအနေနဲ့ မသတ်မှတ်ခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်လုပ်တဲ့ နည်းလမ်းတစ်ခု၊ လေးစားမှုနဲ့ အထင်ကြီးမှုကို ရယူနိုင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ခဲ့တယ်။ ကျွန်တော်က အလုပ်ကနေထွက်ပြီး အချိန်ပြည့် တာဝန်ထမ်းဆောင်ချင်ခဲ့တာက အဲဒီတာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရင်း ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ကိုယ့်တွဲဖက်နဲ့ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ပြီး သူ့ထက်သာချင်လို့ပဲ။ လက်တွေ့အလေးထားစရာ ကိစ္စတွေကြောင့် အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်တဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်လုပ်ဖို့ အခွင့်အရေးရအောင် တခြားတာဝန်တစ်ခုကို ပြောင်းချင်ခဲ့ပြန်တယ်။ ကျွန်တော်လုပ်ခဲ့သမျှအားလုံးဟာ တကယ်တမ်းမှာ ကိုယ့်တာဝန်ထမ်းဆောင်ဖို့မဟုတ်ဘဲ တာဝန်ကိုအခွင့်ကောင်းယူပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ပဲဖြစ်တယ်ဆိုတာကို လက်တွေ့အရှိတရားက ကျွန်တော့်ကို ပြသခဲ့တယ်။ ဘုရားသခင်က ဒီလိုအပြုအမူမျိုးကို စက်ဆုပ်ရွံရှာတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်တော်ဖတ်မိတယ်။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကြံစည်ခြင်းနှင့် စီမံကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် ဥစ္စာဓနအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ မပယ်ထုတ်သူ မည်မျှရှိသနည်း။ ထိုအတွက်ကြောင့် ဘုရားသခင်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတင်းအဓမ္မ သေဒဏ်စီရင်ခြင်းခံရပြီဖြစ်ပြီး မရေတွက်နိုင်သော အရိုင်းအစိုင်း တရားသူကြီးများက ဘုရားသခင်ကို စီရင်ချက်ချကာ သူ့ကို နောက်ထပ်တစ်ကြိမ် ကားတိုင်ပေါ်တွင် သံမှိုစွဲရိုက်ထားကြပြီ ဖြစ်သည်။ ဘုရားသခင်အတွက် သူတို့ အမှန်တကယ် ပြုမူဆောင်ရွက်သောကြောင့် ဖြောင့်မတ်သည်ဟု ဘယ်နှစ်ယောက်အား ခေါ်ဆိုနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်)လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော့်ရဲ့လက်ရှိအခြေအနေကို နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။” ဒီနှုတ်ကပတ်တော်တွေက တကယ့်ကိုမှန်ကန်ပြီး ကျွန်တော့်ရဲ့ တကယ့်အခြေအနေမှန်ကို ဖော်ထုတ်ခဲ့တယ်။ ကျွန်တော့်ရဲ့တွဲဖက်က ကျွန်တော့်ထက် သူ့တာဝန်မှာ ပိုရလဒ်ကောင်းတွေရတာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုတော်တာကို မြင်တဲ့အခါ သူက ကျွန်တော့်ထက်သာတယ်၊ သူရှိနေသရွေ့ ကျွန်တော်က ဘယ်တော့မှ ထင်ပေါ်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို မနာလိုဖြစ်တယ်၊ သူ့ကို ကြဉ်ထားတယ်၊ သူနဲ့ မတွဲလုပ်ချင်ခဲ့ဘူး။ သူ့ရဲ့စာတွေကို တမင်တကာ လျစ်လျူရှုခဲ့ပြီး သူ့ဖုန်းခေါ်တာတွေကိုလည်း မကိုင်ခဲ့ဘူး။ သူက သူ့ရဲ့အတွေ့အကြုံပိုင်းဆိုင်ရာ နားလည်မှုတွေကို မိတ်သဟာယပြုတဲ့အခါမှာလည်း အသင်းတော်အသက်တာကို ထိန်းသိမ်းဖို့အတွက် သူနဲ့ပူးပေါင်းမလုပ်ခဲ့ဘဲ သူ့ရဲ့အားနည်းချက်တွေကိုပဲ ရှာဖို့ကြိုးစားခဲ့တယ်။ သူ့ကို မာနထောင်လွှားတယ်လို့ တမင်တကာပြောပြီး တိုက်ခိုက်ခဲ့တယ် ဒါမှ သူက စိတ်အားထက်သန်မှုလျော့သွားပြီး ထင်ပေါ်ကျော်ကြားတာမျိုး၊ ကျွန်တော့်ထက် သာတာမျိုး မဖြစ်တော့မှာပေါ့။ ကျွန်တော် တကယ်ကို မလိုမုန်းထားတတ်လွန်းခဲ့ပါတယ်။ သူနဲ့အတူတူ တာဝန်ထမ်းဆောင်ရတဲ့အချိန်တိုင်းမှာ ကျွန်တော့်စိတ်ထဲမှာ အရမ်းကို စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ကျွန်တော် အမြဲတမ်း သူနဲ့ပြိုင်ဆိုင်ချင်ခဲ့ပြီး စိတ်ကိုတည်ငြိမ်အောင် လုံးဝ ထိန်းနိုင်စွမ်း မရှိခဲ့ဘူး။ ဒါက ဘုရားသခင်ပြောထားသလိုပါပဲ။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ လျှို့ဝှက်ကြံစည်ခြင်းနှင့် စီမံကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် ဥစ္စာဓနအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ကျွန်တော့်ရဲ့လိုအင်ဆန္ဒက ဘယ်တော့မှ မပြည့်ဝခဲ့လို့ ကိုယ့်ရဲ့တွဲဖက်ကို ကျွန်တော် စပြီးမုန်းတီးလာခဲ့တယ်။ ကျွန်တော်က သူ့ဆီကနေ ထွက်သွားပြီး သူ့ကိုဖယ်ရှားချင်ခဲ့တယ်၊ ဒါမှ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်နိုင်မှာပေါ့။ ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့အထိတောင် တွေးခဲ့တယ်။ ကျွန်တော်က မလိုမုန်းထားတတ်ပြီး လူ့သဘာဝကင်းမဲ့နေမှန်း သဘောပေါက်လိုက်တယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ကိုယ့်အတွက်ပဲစဉ်းစားပြီး အသင်းတော်အလုပ်ကို လုံးဝမထည့်သွင်းစဉ်းစားခဲ့ဘူး။ အသင်းတော်အလုပ် နှောင့်နှေးသွားရင်တောင် ကျွန်တော် စိတ်မပူဘူး၊ စိုးရိမ်ကြောင့်ကြတာမျိုး မဖြစ်ခဲ့ဘူး။ ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ မက်သယူးနဲ့ ဘာလို့ ရိုးရိုးရှင်းရှင်း သဟဇာတဖြစ်တဲ့ လက်တွဲမှုမျိုး မရှိနိုင်ရတာလဲဆိုတာကိုလည်း ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းမှာ စာတန်ဆန်တဲ့ စိတ်သဘောထားကြောင့် လမ်းကြောင်းအမှားတစ်ခုပေါ် ခြေချမိခဲ့ပြီဆိုတာကို သမ္မာတရားကိုမရှာဖွေဘဲ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မဖြေရှင်းဘူးဆိုရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးသွားပြီး မှောင်မိုက်ထဲကို ကျဆင်းသွားမှာပဲ။ ဘုရားသခင်ဆီကို သုံးလေးကြိမ် ကျွန်တော် ဆုတောင်းခဲ့တယ်၊ ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်ပြီး ဖြေရှင်းနိုင်ဖို့ ကူညီပေးပါလို့ တောင်းလျှောက်ရင်းပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့ခဲ့တယ်။ “အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ ‘ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အထူးကဲဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။’ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ အစေခံများ ဖြစ်ကြပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် မည်သူက ဘုရားသခင်ကို နှစ်များစွာယုံကြည်ခဲ့ပြီး အရင်းအနှီးရှိသည်၊ မည်သူက ဆုကျေးဇူး၊ သို့မဟုတ် ပါရမီအချို့ရှိသည်၊ မည်သူက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ၎င်းတို့အပေါ် အကျိုးဖြစ်စေသည်၊ မည်သူက ဂုဏ်ဒြပ် ပိုရှိသည်၊ မည်သူက ဝါရင့်သည်၊ မည်သူက ညီအစ်ကိုမောင်နှမများကြားတွင် အကောင်းပြောခြင်းခံရသည်၊ မည်သူက ပို၍ အပြုသဘောဆောင်သော အရာများရှိသည်တို့ကို ကြည့်ရန် အသင်းတော်တွင် စတင် ရှာဖွေကြည့်ရှုသည်။ ထိုလူများသည် ၎င်းတို့၏ ပြိုင်ဖက်များဖြစ်လိမ့်မည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ဂုဏ်သတင်းကောင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းနှင့် ဆုံးဖြတ်ချက်များ ချခွင့်အတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။...ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှစိတ်ကြီးဝင်ကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရော အသိစိတ်ပါမရှိသကဲ့သို့ သမ္မာတရား တစ်စွန်းတစ်စပင် မရှိပေ။ အန္တိခရစ်များ လုပ်ဆောင်သည့်အရာသည် သာမန်လူတစ်ယောက်၏ ဆင်ခြင်တုံတရားတစ်ခုမျှ မရှိသည်ကို သူ၏ အပြုအမူများ၊ လုပ်ရပ်များတွင် မြင်နိုင်သည်။ ၎င်းတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ပေးနိုင်သော်လည်း ၎င်းတို့က လက်မခံပေ။ သင်ပြောသည့်အရာသည် မည်မျှ မှန်ကန်ပါစေ၊ ၎င်းတို့က လက်မခံပေ။ ၎င်းတို့ လိုက်စားလိုသော တစ်ခုတည်းသောအရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ ယင်းမှာ လေးစားကြည်ညိုမှုဖြင့် ၎င်းတို့ ကိုင်စွဲသောအရာဖြစ်သည်။ အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်သရွေ့ ၎င်းတို့က ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် ‘အလင်းရောင်’ နှင့် ‘နွေးထွေးမှု’၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် သာမန်လူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်။ ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည် မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့သည် မဟုတ်လော။ ဤသို့သောလူများကို အသင်းတော်တွင် ရှိစေခြင်းသည် ပြဿနာမဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော့်လုပ်ရပ်တွေရဲ့ ဆိုးရွားမှုကို ကျွန်တော် သတိပြုမိလာတယ်။ လက်တွေ့မှာတော့ ကျွန်တော့်တာဝန်ထဲမှာ ကျော်ကြားမှု၊ အဆင့်အတန်းနဲ့ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရှာဖွေရင်းနဲ့ ကျွန်တော်က အန္တိခရစ် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြနေခဲ့တာပဲ။ မက်သယူးရဲ့ သမ္မာတရား မိတ်သဟာယက ဉာဏ်အလင်းပေးတယ်၊ သူက သူ့တာဝန်မှာ ရလဒ်တွေရတယ် ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကိုချီးကျူးပြီး မေးခွန်းတွေရှိရင် သူ့ဆီသွားကြတာကို မြင်တဲ့အခါ ကျွန်တော် သူ့ကိုမနာလိုဖြစ်ခဲ့တယ်။ သူ့ထက်သာဖို့နဲ့ တခြားသူတွေရဲ့စိတ်နှလုံးထဲမှာ နေရာတစ်နေရာရဖို့အတွက်၊ တစ်ယောက်ယောက်က သူ့ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော့်ကိုလိုအပ်တာနဲ့ ချက်ချင်းရောက်သွားနိုင်အောင် ကျွန်တော့်အလုပ်ကနေထွက်ပြီး အချိန်ပြည့် ကိုယ့်တာဝန်ထမ်းဆောင်ဖို့တောင် စဉ်းစားခဲ့တယ်။ ဒီလိုဆိုရင် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးကြမှာဖြစ်ပြီး သူတို့စိတ်နှလုံးထဲမှာ ကျွန်တော့်ရဲ့တွဲဖက်အတွက် အထူးနေရာတစ်ခု ရှိတော့မှာမဟုတ်ဘူးလေ။ မက်သယူးနဲ့အတူ တာဝန်တွေထမ်းဆောင်တဲ့အချိန်တိုင်း ကျွန်တော်က သူ့အရိပ်အောက်မှာ နေနေရသလိုပဲ၊ ကိုယ့်ကိုယ်ကိုယ်ထင်ပေါ်အောင်လုပ်ဖို့ အခွင့်အရေးမရှိဘူးလို့ အမြဲခံစားခဲ့ရတယ်။ သူက ဘယ်နည်းနဲ့မဆို ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ချီးကျူးမှုကို ရတာကို ကျွန်တော်မကြိုက်ဘူး။ သူက အဖွဲ့ချက်တင်ထဲမှာ စာတွေပို့တဲ့အခါ ဘယ်သူမှ သူ့ကို ပြန်မဖြေပါစေနဲ့လို့တောင် မျှော်လင့်မိခဲ့တယ်။ သူ့ကြောင့် ညီအစ်ကိုမောင်နှမတွေထဲက ဘယ်သူမှ ကျွန်တော့်ကို သတိမထားမိကြဘူး။ ဒါကြောင့် ကျွန်တော်က သူ့ထက်သာဖို့၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးပြီး ကိုးကွယ်လာအောင်လုပ်ဖို့ မျှော်လင့်ချက်နဲ့ ကျွန်တော့်အချိန်အားလုံးကို သူနဲ့ပြိုင်ဆိုင်ရင်း ကုန်ဆုံးခဲ့တယ်။ ဒါက ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုရဖို့ ကြိုးပမ်းရင်း ကျွန်တော် ခဏခဏ ထုတ်ဖော်ပြမိတဲ့ အပြုအမူမျိုးပါပဲ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒက အကြိမ်ကြိမ် မပြည့်ဝတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်လုပ်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့ထင်ပြီး တရားဟောဆရာအလုပ်ကနေ နုတ်ထွက်ချင်ခဲ့တယ်။ တခြားတာဝန်တစ်ခုမှာဆိုရင် ကိုယ့်နာမည်ရအောင်လုပ်ဖို့ အခွင့်အရေးရနိုင်မယ်လို့ တွေးခဲ့တာပေါ့။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအပေါ် ကျွန်တော့်ရဲ့ စွဲလမ်းမှုက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်တော့်ရဲ့နှစ်သက်မှုက အန္တိခရစ်တစ်ယောက်လိုပါပဲ။ ဒီလိုအင်ဆန္ဒက ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲမှာ အမြစ်တွယ်နေပြီး ကျွန်တော့်ရဲ့ သဘာဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တယ်။ ကျွန်တော်လျှောက်လှမ်းနေတဲ့လမ်းက အရမ်းကို အန္တရာယ်များတယ်ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူး၊ ကိုယ်တော်က ဖြောင့်မတ်တယ်။ အပြောင်းအလဲလုပ်ဖို့ မရှာဖွေဘဲ အသင်းတော်အလုပ်ကို နည်းနည်းလေးမှမစဉ်းစားဘဲ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ဖို့ကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရမ်းကို စက်ဆုပ်ရွံရှာမိပြီး ကိုယ့်ရဲ့တွဲဖက်ကို ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် မပြိုင်ဆိုင်ချင်တော့ဘူး။ ကျွန်တော် ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ ကျွန်တော့်ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားရဲ့ ချည်နှောင်မှုတွေနဲ့ ဘောင်ခတ်မှုတွေကနေ လွတ်မြောက်အောင် ကူညီပေးပါလို့

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်တွေ့ခဲ့တယ်။ “သင့်လိုက်စားမှု၏ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်က မည်သည့်အရာဖြစ်စေ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားခြင်းအား ပြန်လည်သုံးသပ်ခြင်းမရှိလျှင်၊ ဤအရာကို ဘေးချထားရန် အလွန်ခက်ခဲသည်ဟု မြင်လျှင် ယင်းက သင်၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် အဆင့်အတန်းက နေရာတစ်နေရာရှိနေသရွေ့ ယင်းသည် သင်၏ ဘဝဦးတည်ချက်နှင့် သင့်လိုက်စားမှု၏ ပန်းတိုင်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိမည်ဖြစ်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိမည်ဖြစ်သည်၊ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်ရန်၊ သင်၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောစရာမလိုတော့ရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် အဆုံးတွင် ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ခြင်း ရှိမရှိက သိသာသည်မှာ မှန်သည်။ ထို့အပြင် သင်၏ အဆင့်အတန်းကို လိုက်စားခြင်းအား မည်သည့်အခါမျှ မစွန့်လွှတ်နိုင်လျှင် ဤအရာသည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် ထမ်းဆောင်နိုင်ရန် သင်၏ အရည်အချင်းအပေါ် သက်ရောက်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် စံနှုန်းပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာရန် အလွန်ခက်ခဲစေလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အစက်ဆုပ်ဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ ဤအရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် စရိုက်အနည်းငယ် မရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်သည်၊ ဤသို့ဖြင့် ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ နောက်ဆုံးတွင် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ သေးနုပ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ လက်ခံခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်ကာ လမ်းဆုံးတစ်ခုဖြင့် ကြုံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ကျွန်တော်မြင်ခဲ့ရတာက အဆင့်အတန်းကို ဆက်တိုက်လိုက်စားနေတာက ကျွန်တော့်ရဲ့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်အောင် နှောင့်ယှက်ရုံတင်မကဘဲ ဖန်ဆင်းခံတစ်ဦးရဲ့ စံနှုန်းကို မပြည့်မီအောင်လည်း တားဆီးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း အဆင့်အတန်းကိုရှာတယ်၊ အမြဲတမ်း မက်သယူးထက်သာဖို့နဲ့ လူတိုင်းရဲ့ အထင်ကြီးလေးစားမှုကိုရဖို့ ကြိုးစားတယ်၊ အမြဲတမ်း အန်တုပြီး ပြိုင်ဆိုင်နေခဲ့လို့ ကျွန်တော်က ပိုပိုပြီး မလိုမုန်းထားတတ်လာပြီး ပုံမှန်လူ့သဘာဝ ကင်းမဲ့လာခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုရှာဖွေတာဟာ လမ်းကြောင်းအမှန်မဟုတ်ဘူး၊ ဒါဟာ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ပျက်စီးခြင်းလမ်းတစ်ခုပဲဆိုတာကို ကျွန်တော်မြင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူတစ်ယောက်၊ ဖန်ဆင်းခံတစ်ဦးလို့ သတ်မှတ်ထားတဲ့အခြေအနေမှာတော့ သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်သင့်ပြီး ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားတာလိုမျိုး အသုံးမဝင်တဲ့အရာတစ်ခုအတွက် ရုန်းကန်နေတာကို ရပ်သင့်တယ်။ ဒီလိုမှသာ ကျွန်တော်က မကောင်းမှုပြုတာတွေ၊ ဘုရားသခင်ကို အတိုက်အခံလုပ်တာတွေကို ရှောင်ရှားနိုင်မှာပါ။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီကို ဒီလိုဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် ကိုယ့်ရဲ့စာတန်ဆန်တဲ့ သဘာဝကို သိမြင်လာပါပြီ။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအပေါ် ကိုယ့်စွဲလမ်းမှုကြောင့် မက်သယူးကို ကျွန်တော် ခဏခဏ မနာလိုဖြစ်ပြီး သူနဲ့မတွဲလုပ်ချင်ခဲ့ပါဘူး။ ချစ်ရတဲ့ ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ဆီမှာ နောင်တရလိုပြီး ကျော်ကြားမှုနဲ့ အဆင့်အတန်းကို မရှာဖွေတော့ပါဘူး။ သမ္မာတရားကို ကောင်းကောင်းမွန်မွန် လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ပဲ ဆန္ဒရှိပါတယ်။ ဘုရားသခင်၊ ကျွန်တော့်ကို လမ်းပြကူညီပေးပါ” လို့ပေါ့။

ကျွန်တော် ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ “ကျင့်ကြံပြုမူခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ ကျင့်ကြံပြုမူသင့်သည်။ သင်၏ သင့်တော်သော နေရာကို ရှာဖွေသင့်ပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ သို့မှသာ သင်သည် ဆင်ခြင်တုံတရား ရှိသောလူတစ်ဦးဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး စည်းမျဉ်းများကို နားလည်သဘောပေါက်လျှင် သင်သည် မိမိ၏ တာဝန်ကို တာဝန်ယူသင့်ပြီး ထိုနယ်ပယ်၌ သင့်တင့်လျောက်ပတ်သော စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အကြံဉာဏ်များနှင့် ထိုးထွင်းသိမြင်မှုများကို ပေးနိုင်၍ အခြားသူတို့အား မိမိတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် သင် လှုံ့ဆော်ပေးနိုင်ပါက သင်သည် အကြံဉာဏ်များ ပေးသင့်ကြ၏။ သင်တို့သည် မိမိတို့အတွက် မှန်ကန်သောနေရာကို ရှာတွေ့နိုင်ပြီး သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်၏ နေရာအတိုင်း ကျင့်ကြံပြုမူခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ “ငါဟာ သာမန်လူတစ်ယောက်ပဲ၊ ငါရှာဖွေသင့်တာက စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ဦးဖြစ်လာဖို့၊ ကိုယ့်နေရာမှန်မှာ ရပ်တည်ဖို့၊ တခြားသူတွေနဲ့ သဟဇာတကျကျ အလုပ်လုပ်ပြီး ကိုယ့်တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ဖို့ပဲ။ ဒါကမှ လမ်းကြောင်းအမှန်ပါ” လို့ပေါ့။ ဘုရားသခင်က အာဒံကို တိရစ္ဆာန်တွေကို နာမည်ပေးခိုင်းတုန်းက အာဒံပေးခဲ့တဲ့နာမည်တွေကို ကိုယ်တော်က သဘောတူလက်ခံခဲ့တာကို ကျွန်တော်စဉ်းစားမိတယ်။ ကိုယ်တော်က ဘယ်လောက်ကြီးမြတ်တယ်ဆိုတာကိုပြဖို့ အာဒံကို ငြင်းပယ်တာမျိုး၊ ကိုယ်တော်ကိုယ်တိုင် နာမည်တွေကို အကြံထုတ်တာမျိုးမလုပ်ဘဲ အာဒံရဲ့ရွေးချယ်မှုတွေကို လက်ခံခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ နှိမ့်ချမှုနဲ့ ပုန်းကွယ်မှုက တကယ်ကို ချစ်ခင်နှစ်လိုဖွယ်ကောင်းတာကို ကျွန်တော့်ကိုပြခဲ့တယ်။ ဘုရားသခင်က အထွတ်အထိပ်၊ ဖန်ဆင်းရှင်ဖြစ်တာတောင် ကိုယ်တော်က နှိမ့်နှိမ့်ချချနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တယ်။ ကျွန်တော်ကတော့ သာမန်ဖန်ဆင်းခံတစ်ယောက်ပဲ ဖြစ်ပေမဲ့ တခြားသူတွေရဲ့ လေးစားမှုကိုရဖို့ အမြဲတမ်း ကိုယ်ရည်သွေးရတာကို ကြိုက်ခဲ့ပြီး ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ကျော်ကြားမှုအတွက် ကိုယ့်တာဝန်မှာ ရလဒ်ကောင်းတွေရတဲ့သူတွေကိုတောင် ဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်က တကယ်ကို မာနကြီးလွန်းပြီး ဆင်ခြင်တုံတရားမရှိလိုက်တာ။ ကျွန်တော်လုပ်ခဲ့တာတွေအတွက် အရမ်းကို နောင်တရမိတယ်၊ ဒါကြောင့် ဘုရားသခင်ရှေ့မှောက်ကို နောင်တရဖို့ရောက်လာပြီး ကိုယ့်ရဲ့တွဲဖက်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်ဖို့ သတ္တိပေးပါလို့ ကိုယ်တော့်ကို တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော် သတ္တိမွေးပြီး မက်သယူးကို တောင်းပန်ခဲ့တယ်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် သူနဲ့ တိတ်တဆိတ်ပြိုင်ဆိုင်ဖို့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒမှာ ထင်ရှားနေတဲ့ ကျွန်တော့်ရဲ့ အန္တိခရစ်စိတ်သဘောထားကို ဖော်ထုတ်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ စိတ်ထဲမှာ အရမ်းကို ငြိမ်းချမ်းသွားတယ်။ နောက်ပိုင်းမှာ မက်သယူးက ကျွန်တော့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာတွေ့ခဲ့ပြီး အဲဒါက ကျွန်တော့်အတွက် တကယ်ကို အထောက်အကူဖြစ်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို အရမ်းကို ကျေးဇူးတင်ခဲ့ပါတယ်။ ကိုယ်တော်တောင်းဆိုသလို ကျင့်ကြံပြုမူပါ့မယ်လို့ ကိုယ်တော့်ကို ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်တွဲဖက်ရဲ့ စာတွေကို လျစ်လျူရှုမနေတော့ဘဲ ကျွန်တော်တာဝန်ယူထားတဲ့ ပရောဂျက်အားလုံးရဲ့ အခြေအနေကို သူ့ကို တက်တက်ကြွကြွ အသိပေးရှင်းပြခဲ့တယ်၊ သူက ကျွန်တော့်အလုပ်ကို နားလည်ပြီး ကြီးကြပ်တဲ့အပြင် ကူညီပေးနိုင်အောင် ခွင့်ပြုခဲ့တယ်။ ကျွန်တော်တို့ အလုပ်အကြောင်းတွေကို အတူတူဆွေးနွေးပြီး စုဝေးပွဲတွေမှာ မိတ်သဟာယပြုရင်း လက်တွဲလုပ်ဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့ တစ်ယောက်ရဲ့ အားနည်းချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးပြီး အသင်းတော်အလုပ်ကို အဖွဲ့တစ်ဖွဲ့အနေနဲ့ အတူတူ ထိန်းသိမ်းခဲ့ကြတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အရည်အချင်းရှိတဲ့သူတွေကို မနာလိုဖြစ်ခြင်းကို ကျွန်မ ဘယ်လိုရပ်တန့်ခဲ့သလဲ

ဖိလစ်ပိုင်နိုင်ငံ၊ ရို့စ်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ တစ်နေ့တော့...

အထူးသီးသန့် ဆုံးမပဲ့ပြင်ခြင်း အတွေ့အကြုံတစ်ခု

ရှောင်းဟန် တရုတ်နိုင်ငံ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အားကောင်းတဲ့ လိုအင်ဆန္ဒတစ်ခု ကျွန်မမှာ ရှိဖူးတယ်၊ မနာလိုမှုနဲ့ ညီအစ်ကို မောင်နှမတွေကို...

ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

ကျိန်းယွမ် တရုတ်နိုင်ငံ ၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။