ကျွန်မရဲ့တာဝန်ကို တစိုက်မက်မက် ထမ်းဆောင်နိုင်ခဲ့ပြီ

25.06.2026

ဟန်ကျိုရီ၊ တရုတ်နိုင်ငံ

ကျွန်မ အသင်းတော်မှာ အီလက်ထရောနစ် ပစ္စည်းတွေ ပြင်ဆင်ပေးနေခဲ့တာ နှစ်နှစ်ကျော်ပါပြီ။ ဒီတာဝန်ကို စထမ်းဆောင်ခဲ့တုန်းက ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအသစ်တွေနဲ့ နည်းပညာအသစ်တချို့ကို သင်ယူခဲ့ရလို့ တော်တော်စိန်ခေါ်မှုရှိတယ်လို့ ထင်ခဲ့တာ။ ဒါကိုလေ့လာဖို့ အချိန်နဲ့ ခွန်အားတွေ ပေးဆပ်ဖို့ ကျွန်မ လိုလားခဲ့တယ်၊ ဆင်းရဲဒုက္ခခံဖို့နဲ့ အဖိုးအခပေးဖို့ကိုလည်း မကြောက်ခဲ့ဘူး။ ကျွန်မအနားက ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တာဝန်ထမ်းဆောင်ရာမှာ ဝန်တာထားတဲ့စိတ် ရှိတယ်လို့ သုံးသပ်ကြတယ်။ အဲဒါကိုကြားရတော့ ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီတာဝန်ကို ထမ်း‌ဆောင်လာတဲ့ အချိန်ပိုကြာလာတာနဲ့အမျှ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကျွန်မ အတော်အသင့် နားလည်သဘောပေါက်လာပြီး အလုပ်ကလည်း တော်တော်လေး အဆင်ပြေချောမွေ့လာတယ်။ ဒီတော့ ဒီတာဝန်က ရိုးရှင်းပြီး ပျင်းစရာကောင်းတယ်လို့ ကျွန်မ စခံစားလာရတယ်။ တစ်နေကုန် ထပ်ခါတလဲလဲလုပ်ရတဲ့ အလုပ်တွေ၊ လုပ်ငန်းစဉ်တွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ဒီအတိုင်းပဲ တစ်သက်လုံး ဆက်လုပ်သွားရမှာလား။ အရမ်း ပျင်းစရာကောင်းတာပဲ။ နည်းပညာပိုင်းမှာဆိုရင်လည်း အဆင်ပြေရုံလောက် ငါကျွမ်းကျင်နေပြီပဲ။ ကြုံရတဲ့ ပြဿနာအများစုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိနေတော့ ကြီးကြီးမားမား အခက်အခဲတွေလည်း မရှိတော့ဘူး။ ဒီအတိုင်း ဆက်သွားနေရင် အရမ်းပျင်းစရာကောင်းမှာပဲ။ တခြားတာဝန်တစ်ခု ပြောင်းထမ်းဆောင်ပြီး ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းလို့ရရင် ပိုကောင်းမှာပဲ။ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေ အသစ်အဆန်းတချို့နဲ့ ထိတွေ့လာရမယ်၊ အဲဒီအခါကျရင် ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ငါ့မှာ ခွန်အားတွေ ပြန်ပြည့်လာမှာပဲ။ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ မရင်းနှီးရင်တောင် အစကနေ ပြန်သင်ယူလို့ရတာပဲ၊ အဲဒါဆို ကောင်းကောင်း အဆင်ပြေမှာပါ” လို့ပေါ့။ ကိုယ့်ရဲ့အတွေးတွေကို ဆွေးနွေးဖို့ ကြီးကြပ်ရေးမှူးနဲ့ ကျွန်မ တွေ့ချင်ခဲ့တယ်။ ဒါပေမဲ့ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်လာတာ တော်တော်ကြာနေပြီဖြစ်ပြီး ကျွန်မရဲ့တာဝန်ကို ချက်ချင်းလွှဲယူဖို့ သင့်တော်တဲ့သူ ရှာလို့မရနိုင်ဘူးဆိုတာကို တွေးမိတော့ ကျွန်မ ဘာမှမပြောဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဘာမှမပြောဘဲနေလိုက်တော့လည်း ကျွန်မရင်ထဲမှာ မွန်းကျပ်သလို၊ စိတ်ဓာတ်ကျသလို ခံစားနေရတုန်းပဲ။ နေ့တိုင်းပဲ ပစ္စည်းတွေပြင်တဲ့အလုပ်ကို ကျွန်မ ဖြစ်သလိုပဲ လုပ်နေခဲ့တယ်။ ဘာကိုမှ သေချာဂရုတစိုက် မလုပ်ခဲ့ဘဲ အချိန်တွေကို ရည်ရွယ်ချက်မရှိ ကုန်ဆုံးစေခဲ့တယ်။

တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကျွန်မ ဂရုမစိုက်ခဲ့တဲ့အတွက် ကျွန်မပြင်လိုက်တဲ့ ပစ္စည်းတွေမှာ ပြဿနာတွေ ခဏခဏ ပြန်ဖြစ်ပြီး တချို့ဆိုရင် အခေါက်ခေါက်အခါခါ ပြန်ပြင်နေခဲ့ရတယ်။ သုံးရက်လောက်နဲ့ ပြီးသင့်တဲ့ ကွန်ပျူတာပြင်တဲ့အလုပ်က ငါးရက် ဒါမှမဟုတ် အဲဒီထက်ပိုပြီးကြန့်ကြာသွားတော့ ညီအစ်ကိုမောင်နှမတွေ သုံးရမဲ့အချိန်ကို နောက်ကျစေခဲ့တယ်။ တစ်ခါတုန်းက ကွန်ပျူတာတစ်လုံးကို ကျွန်မ ကိုင်ကြည့်လိုက်တော့ သာမန်ပြဿနာတစ်ခုပဲဆိုတာ မြင်လိုက်ရတဲ့အခါ ကျွန်မ စိတ်ပျက်သွားပြီး အလုပ်မြန်မြန်ပြီးအောင်ဆိုပြီး ဖြစ်ကတတ်ဆန်းပဲ ပြင်ပေးလိုက်တယ်။ အဲဒီနောက်မှာ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်ကိုက အဲဒီကွန်ပျူတာကို စစ်ဆေးကြည့်တဲ့အခါ ချို့ယွင်းချက် ရှိနေသေးတာကို တွေ့သွားလို့ ပြန်ဖြုတ်ပြီး နောက်တစ်ခါ ပြန်ပြင်ခဲ့ရတယ်။ နောက်တစ်ကြိမ်ကျတော့ ကြီးကြပ်ရေးမှူးက ပစ္စည်းတွေ ဘယ်လိုပြင်ရမလဲဆိုတာကို ညီအစ်ကိုအသစ် နှစ်ယောက်ဖြစ်တဲ့ ဝူမင်နဲ့ ကျိန့်ယန်တို့ကို သင်ပေးဖို့ ကျွန်မကို ခိုင်းတယ်။ သာမန်ချို့ယွင်းချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ကျွန်မ အကြမ်းဖျင်းလောက်ပဲ ပြောပြလိုက်ပြီး ညီအစ်ကိုနှစ်ယောက်ကို သူတို့ဘာသာ ပြင်ဖို့ လေ့ကျင့်ခိုင်းလိုက်တယ်။ ရက်ပိုင်းလောက်ကြာတဲ့အထိ ပစ္စည်းတွေက မပြင်ရသေးတော့ ဘာတွေဖြစ်နေလဲဆိုတာ သိရအောင် ကျွန်မ သွားမေးကြည့်တယ်။ ဝူမင်က ပြင်နေတုန်းပဲလို့ ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီလိုပစ္စည်းမျိုးက ပြင်ရတာ ဘာမှမခက်ပါဘူး။ ဘာလို့ မပြင်ရသေးတာလဲ။ ထားလိုက်ပါတော့၊ သူတို့ ပြင်လက်စ ဖြစ်နေရင်လည်း ရပါတယ်” ပေါ့။ နောက်ထပ် သုံးလေးရက်နေတော့လည်း သူတို့ မပြင်ရသေးဘူး၊ ဒါပေမဲ့ သူတို့ကို မြန်မြန်လုပ်ဖို့လောက်ပဲ ကျွန်မ တိုက်တွန်းခဲ့ပြီး သူတို့ရဲ့ အခက်အခဲတွေ ဒါမှမဟုတ် ပြင်ဆင်မှု အခြေအနေကို တကယ်တမ်း သွားမစုံစမ်းခဲ့ဘူး။ နောက်ထပ် နှစ်ရက်ကြာတော့မှ သူတို့က အရေးကြီးတဲ့ အဆင့်ကို သဘောမပေါက်သေးလို့ အလုပ်က ဘာမှခရီးမရောက်သေးဘူးဆိုတာကို ကျွန်မ သိလိုက်ရတယ်။ ကျွန်မရဲ့တာဝန်မှာ ပြဿနာတွေ ဆက်တိုက်ပေါ်လာပြီး တိုးတက်မှုကို အဟန့်အတားဖြစ်စေတာ၊ အဲဒီအကျိုးဆက်အနေနဲ့ လူတိုင်း ဒုက္ခရောက်နေတာကို မြင်ရတဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါက ကျွန်မ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့တာကြောင့် ဖြစ်ရတာဆိုတာ သဘောပေါက်လိုက်ပြီး ကျွန်မရဲ့အခြေအနေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဝတ်ကျေတမ်းကျေ လုပ်လိုသော လူတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိ။ ၎င်းတို့၏ လူ့သဘာဝသည် ညံ့ဖျင်း၏။ ၎င်းတို့သည် ယုံကြည်၍ မရသကဲ့သို့ အင်မတန်မှပင် အားကိုးအားထားပြု၍လည်း မရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော လူများအပေါ် အမှုပြုလိမ့်မည်လော။ လုံးဝ အမှုပြုမည်မဟုတ်။ ထို့ကြောင့် မိမိတို့တာဝန်များကို ဝတ်ကျေတမ်းကျေ လုပ်လိုသော သူတို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို လုံးဝ ခံရလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ အသုံးပြုခြင်းကိုလည်း လုံးဝ ခံရလိမ့်မည် မဟုတ်ပေ။ ဝတ်ကျေတမ်းကျေ လုပ်လိုသောသူ အားလုံးသည် လှည့်ဖြားတတ်ကြသည်။ ဆိုးယုတ်သော ရည်ရွယ်ချက်များ အပြည့်ရှိကြပြီး အသိစိတ်နှင့် အသိတရား လုံးဝ ကင်းမဲ့ကြသည်။ ၎င်းတို့သည် စည်းမျဉ်းများ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိဘဲ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် ကြိုက်နှစ်သက်မှုများအပေါ်သာ အခြေခံ၍ ပြုမူဆောင်ရွက်ကြပြီး မကောင်းသည့်အရာမျိုးစုံကို လုပ်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ လုပ်ရပ်အားလုံးသည် ၎င်းတို့၏ စိတ်အခြေအနေများအပေါ် အခြေခံသည်။ ၎င်းတို့ ပျော်ရွှင်ပြီး စိတ်ကျေနပ်အားရသည့်အခါ အနည်းငယ် ပို၍ကောင်းစွာ လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့ ဝမ်းနည်းပြီး စိတ်မကျေနပ်သည့်အခါ ဝတ်ကျေတမ်းကျေ လုပ်ကြလိမ့်မည်။ ၎င်းတို့ ဒေါသထွက်လျှင်မူ ထင်ရာမြင်ရာနှင့် မဆင်မခြင်ပြုကာ အရေးကြီးသည့် ကိစ္စများကို နှောင့်နှေးကောင်း နှောင့်နှေးစေနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် လုံးဝ မရှိပေ။ သေခြင်းတရားကို ငုတ်တုတ်ထိုင် စောင့်ဆိုင်းရင်း နေ့ရက်ကာလများကို ဤအတိုင်း ကုန်လွန်စေကြသည်။...သနားအကြင်နာမဲ့သော လူတို့သည် မိမိတို့လုပ်ရပ်များတွင် အနိမ့်ဆုံး ကန့်သတ်ချက်များ မရှိ။ မည်သည့်အရာကမျှ ၎င်းတို့ကို ချုပ်ထိန်း၍ မရပေ။ ထိုသို့သော လူများသည် ကိစ္စရပ်များကို အသိစိတ်ပေါ် အခြေခံ၍ ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) အဘယ်ကြောင့် မကိုင်တွယ်နိုင်ကြသနည်း။ (၎င်းတို့သည် အသိစိတ် စံနှုန်းများ မပိုင်ဆိုင်ကြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် အနိမ့်ဆုံး ကန့်သတ်ချက်များလည်း မရှိကြပါ။) မှန်ပေ၏။ ၎င်းတို့၏ လုပ်ရပ်များတွင် အသိစိတ် စံနှုန်းများ မရှိကြ။ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း ၎င်းတို့၏ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ၎င်းတို့ ပြုမူဆောင်ရွက်ကြလေသည်။ ၎င်းတို့လုပ်ရပ်များတွင် ၎င်းတို့ရရှိသည့် ရလဒ်များက ကောင်းမကောင်းဆိုသည်မှာ ၎င်းတို့၏ စိတ်အခြေအနေပေါ် မူတည်သည်။ ၎င်းတို့၏ စိတ်အခြေအနေ ကောင်းမွန်ပါက ရလဒ်များ ကောင်းမွန်သော်လည်း ၎င်းတို့၏ စိတ်အခြေအနေ မကောင်းပါက ရလဒ်များပါ မကောင်းပေ။ မိမိတာဝန်ကို ဤသို့ လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုကို မီနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများပေါ် အခြေမခံဘဲ မိမိတို့၏ စိတ်အခြေအနေများပေါ် အခြေခံ၍ လုပ်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်လည်း ၎င်းတို့အတွက် အလွန် ခက်ခဲသည်။ ရုပ်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်မှုများပေါ် အခြေခံ၍ ပြုမူဆောင်ရွက်သော သူတို့သည် သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်)လူများစွာတို့သည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေသာ လုပ်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ မည်သည့်အခါကမျှ တာဝန်ကို အလေးအနက်မထားကြပေ။ အရာအားလုံးသည် ရယ်စရာပြက်လုံးတစ်ခု ဖြစ်သကဲ့သို့ ၎င်းတို့သည် ကိစ္စများကို အကြမ်းဖျင်းဆန်ကာ အပေါ်ယံလျှပ်၍ ခပ်ညံ့ညံ့ဖြစ်ပြီး ပေါ့ပေါ့ဆဆနည်းလမ်းဖြင့် လုပ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလုပ်လုပ်ပေးနေကြသော ဘာသာတရားမရှိသူများ၊ တာဝန်များကိုထမ်းဆောင်နေကြသော မယုံကြည်သူများ ဖြစ်ကြသည်။ ဤလူများသည် အလွန်အမင်း ရှုပ်ကြသည်၊ ၎င်းတို့သည် အကျင့်ပျက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။ ထို့ပြင် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ဘာမျှမထူးခြားပေ။ ၎င်းတို့ကိုယ်တိုင်အတွက် ကိစ္စများကို ၎င်းတို့လုပ်သောအခါ ၎င်းတို့သည် သေချာပေါက် ဝတ်ကျေတမ်းကျေ မလုပ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏တာဝန်များကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် အဘယ်ကြောင့် နည်းနည်းလေးမျှ အလေးအနက် မထားကြသနည်း သို့မဟုတ် လုံ့လဝီရိယ မရှိကြသနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်ပါစေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပျော်စေပြက်စေဖြစ်ခြင်းနှင့် ဒုက္ခပေးခြင်း အရည်အသွေးရှိ၏။ ဤလူများသည် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ကြပြီး ၎င်းတို့နှင့်ပတ်သက်၍ လိမ်လည်လှည့်ဖြားတတ်သည့် အရည်အသွေးတစ်ရပ် ရှိသည်။ ဤကဲ့သို့သောလူများတွင် လူ့သဘာဝရှိသလော။ ၎င်းတို့တွင် သေချာပေါက်လူ့သဘာဝ မရှိကြပေ။ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် ပမာဏအနည်းငယ်မျှပင် မရှိကြပေ။ မြည်းရိုင်းများ သို့မဟုတ် မြင်းရိုင်းများကဲ့သို့ပင် ၎င်းတို့သည် အမြဲတမ်း စီမံခန့်ခွဲပေးဖို့နှင့် ကြီးကြပ်ပေးဖို့ လိုအပ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို လိမ်လည်ပြီး လှည့်စားကြသည်။ ဤသည်က ၎င်းတို့သည် သူ့အပေါ် ယုံကြည်ခြင်းအစစ်အမှန်တစ်စုံတစ်ရာ ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံနေခြင်းဖြစ်သလော။ ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ သေချာပေါက် စံမမီသကဲ့သို့ အရည်အချင်းမပြည့်မီပေ။ ထိုကဲ့သို့သောလူများကို အခြားသူတစ်ဦးဦးမှ အလုပ်ခန့်ခဲ့ပါက ရက်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့ အလုပ်ဖြုတ်ခံရလိမ့်မည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများနှင့် ခန့်အပ်ထားသော အလုပ်သမားများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်ဟု ဆိုလျှင် ယင်းသည် လုံးလုံးလျားလျား မှန်ကန်တိကျသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ အသင်းတော်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် ကိုယ်ပိုင်တာဝန်တွေကို ထည့်မစဉ်းစားဘဲ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့သူ၊ ပြီးတော့ ကိုယ့်လိုအင်ဆန္ဒတွေနောက် အမြဲလိုက်ပြီး ကိုယ့်လုပ်ချင်တာလုပ်တဲ့သူက လူ့သဘာဝ မရှိတဲ့သူပဲဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ မကြာသေးခင်က ကျွန်မရဲ့ လုပ်ရပ်တွေက ဒီအတိုင်းပဲ ဖြစ်နေခဲ့တယ်ဆိုတာ တွေးမိတယ်။ ဒီတာဝန်ကို အချိန်တော်တော်ကြာအောင် ထမ်းဆောင်ပြီးတဲ့နောက်မှာ နည်းပညာနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပြီး ကိုယ့်တာဝန်က မဆန်းသစ်တော့ဘူး၊ စိန်ခေါ်မှု မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ပေါ့ဆလာပြီး အတတ်နိုင်ဆုံး ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ ပစ္စည်းတွေ ပြင်တဲ့နေရာမှာ ဂရုမစိုက်ခဲ့လို့ သိသာထင်ရှားတဲ့ ချို့ယွင်းချက်တွေကို မမြင်ဘဲ ကျော်သွားခဲ့တယ်၊ အဲဒါကြောင့် အလုပ် ပြန်လုပ်ရပြီး တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ဝူမင်နဲ့ ကျိန့်ယန်တို့က ဒီတာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ခါစဆိုတော့ ပစ္စည်းပြင်တဲ့ နည်းပညာတွေကို အမြန်ဆုံး ကျွမ်းကျင်လာနိုင်အောင် သူတို့နဲ့ ပိုပြီး ဆက်သွယ်ပေးဖို့၊ နောက်ဆက်တွဲ လိုက်လုပ်ပေးဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျွန်မက ဝန်တာထားတဲ့စိတ် မရှိခဲ့သလို သူတို့ကိုလည်း အသေးစိတ် လမ်းညွှန်မပေးခဲ့ဘူး။ အကျိုးဆက်အနေနဲ့ သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေက တိုးတက်တာ နှေးကွေးပြီး ပြင်ဆင်ရေးအလုပ်တွေလည်း ကြန့်ကြာခဲ့ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကိုယ်ပိုင်အကြိုက်တွေကို အရမ်းအလေးထားလွန်းခဲ့ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ကို လုံးဝ မစဉ်းစားခဲ့ဘူး။ တာဝန်ကို ထမ်းဆောင်တဲ့အခါ ဝတ်ကျေတမ်းကျေနဲ့ ပေါ့ပေါ့ဆဆ လုပ်ခဲ့ပြီး ကိုယ့်လိုအင်ဆန္ဒတွေနောက်ကို လိုက်ခဲ့တယ်။ ကျွန်မက တကယ်ကို လူ့သဘာဝ အရမ်းကင်းမဲ့လွန်းပြီး လုံးဝကို ယုံကြည်စိတ်ချလို့ မရတဲ့သူ ဖြစ်နေခဲ့တယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သင်၏ တာဝန်ကို ထမ်း‌ဆောင်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် အဓိက တားမြစ်ထားသောအရာ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ် သင်သည် အမြဲ ဟန်ဆောင်လုပ်ပြနေပါက သင်သည် သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ထမ်းဆောင်ရန် ဖြစ်နိုင်မည်မဟုတ်။ သင်သည် သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ချင်ပါက ပထမဦးစွာ သင်၏ ဟန်ဆောင်လုပ်ပြခြင်း ပြဿနာကို ဖြေရှင်းရမည်။ အခြေအနေကို သတိထားမိသည်နှင့် ပြုပြင်ရန် ခြေလှမ်းများ သင် လှမ်းသင့်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ ပြဿနာများကို မည်သည့်အခါတွင်မျှ သတိမထားမိနိုင်ပါက၊ အမြဲ ဟန်ဆောင်လုပ်ပြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပါက သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်၏ တာဝန်ကို သင် အမြဲ စိတ်နှစ်ထားရမည်။ လူတို့အတွက် ဤအခွင့်အရေးသည် ရောက်လာရန် အလွန်ခက်၏။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသော်လည်း ၎င်းတို့က အမိအရ မယူသည့်အခါ ထိုအခွင့်အရေးသည် ပျောက်ဆုံးသွား၏။ နောက်ပိုင်း၌ ၎င်းတို့က ထိုသို့သော အခွင့်အရေးတစ်ခုကို ရှာတွေ့လိုလျှင်ပင် ထိုအခွင့်အရေးမျိုးမှာ တစ်ဖန် ပေါ်လာချင်မှ ပေါ်လာပေတော့မည်။ ဘုရားသခင်၏ အမှုတော်က မည်သူကိုမျှ မစောင့်ဆိုင်းသကဲ့သို့ မိမိတာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးလည်း ထိုသို့ပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်က လူတွေကို တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး အကန့်အသတ်နဲ့ပဲ ပေးထားတယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ ကိုယ်ပိုင်အကြိုက်တွေအတိုင်း လုပ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ခဲ့လို့ အလုပ်ကို ကြန့်ကြာစေခဲ့ပြီးပြီ။ နောင်တရဖို့ မစဉ်းစားဘဲ ဒီလိုပုံစံနဲ့ ကိုယ့်လိုအင်ဆန္ဒတွေနောက်ကိုသာ ဆက်လိုက်နေမယ်ဆိုရင် နောက်ဆုံးမှာ တာဝန်တွေ ထမ်းဆောင်ဖို့အခွင့်အရေးကို သေချာပေါက် ဆုံးရှုံးရတော့မှာ။ ဒီအတိုင်း ဆက်သွားဖို့ ကျွန်မ မလိုလားတော့ဘူး။ အဲဒီနောက် ဘုရားသခင်ဆီကို နောင်တရတဲ့စိတ်နဲ့ ဆုတောင်းခဲ့ပြီး ကိုယ့်တာဝန်မှာ စပြီး သေချာဂရုတစိုက်နဲ့ အာရုံစိုက်ခဲ့တယ်။ ပစ္စည်းတွေကို ဂရုတစိုက် ပြင်ဆင်ရင်းနဲ့ တစ်ချိန်တည်းမှာပဲ ဝူမင်နဲ့ ကျိန့်ယန်တို့ကို သူတို့ရဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ လမ်းညွှန်ပေးခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ကျွန်မရဲ့ အခြေအနေက အများကြီး ပိုကောင်းသွားတယ်၊ ပြင်ဆင်မှုတွေမှာ ပြဿနာတွေ နည်းသွားပြီး တာဝန်ထမ်းဆောင်ရတာ ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာ မရှိဘူးလို့ ခံစားရတာတွေလည်း အများကြီး လျော့နည်းသွားတယ်။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်၊ တာဝန်တစ်ခုကို အချိန်အကြာကြီး ထမ်းဆောင်ပြီးတဲ့နောက် ဘာလို့များ ပျင်းရိငြီးငွေ့လာပြီး ဝတ်ကျေတမ်းကျေ စလုပ်မိတာလဲပေါ့။ ရက်ပိုင်းလောက်နေတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ဖြစ်ခဲ့တယ်၊ “စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု ငါတို့ ဆိုလျှင် ယင်းသည် မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားခြင်းလော၊ လှည့်ဖြားတတ်ခြင်းလော သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ (ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပါ။) ယင်းသည် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားနှင့်မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် ယင်းသည် မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ (ယင်းသည် လူ့သဘာဝ၏ ပြဿနာတစ်ခု ဖြစ်ပါသည်။) ယင်းသည် လူ့သဘောဝ၏ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် အနည်းငယ် စည်းလွတ်ဘောင်လွတ်နိုင်ခြင်းလော။ (ဟုတ်ပါသည်။) ယင်းသည် မိမိကိုယ်ကို မလျော်ကန်စွာနှင့် စည်းလွတ်ဘောင်လွတ်နိုင်သည့် နည်းလမ်းဖြင့် ကျင့်ကြံခြင်း၊ စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်းနှင့် မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်သည်။ မငြိမ်မသက် ဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝ ကင်းမဲ့ခြင်းကို ညွှန်ပြသည်။ ဤသည်မှာ အသိစိတ်နှင့် မသက်ဆိုင်ဘဲ အဓိကအားဖြင့် ပုံမှန်လူ့သဘာဝရှိ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို ထင်ဟပ်စေသည်။ ထိုသို့သောလူများသည် တာဝန်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ဆောင်နိုင် သို့မဟုတ် စည်းကမ်းလိုက်နာပြီး တာဝန်သိတတ်သည့် နည်းလမ်းဖြင့် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် လူကြီးများကဲ့သို့ အမှုအရာများကို မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့တွင် ရင့်ကျက်သော အတွေးအခေါ်၊ ရင့်ကျက်သော တစ်ကိုယ်ရေ ကျင့်ကြံမှုပုံစံနှင့် ရင့်ကျက်သော အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့ ကင်းမဲ့နေသည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အရည်အသွေးဆိုင်ရာ ပြဿနာအဆင့်အထိ မမြင့်တက်သည်မှာ အမှန်ပင်ဖြစ်သော်လည်း မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် သဘောထားတစ်ခုနှင့် သက်ဆိုင်သည်။ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှုများကို နှစ်သက်ခြင်း၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မတည်မြဲခြင်း၊ ဇွဲမရှိနိုင်ခြင်း၊ မငြိမ်မသက်ဖြစ်ပြီး မလျော်ကန်ခြင်း၊ စိတ်လှုပ်ရှားမှုများကို အစဉ်သဖြင့် ရှာဖွေလိုပြီး ဆန်းပြားသော အရာသစ်များကို စမ်းသပ်ကြည့်လိုခြင်း၊ ဤအမျိုးအစား၏ ကိစ္စရပ်များသည် လူ့သဘာဝ၏ ချို့ယွင်းချက်များအောက်တွင် သက်ရောက်သည်။ စိတ်လှုပ်ရှားမှုများကို နှစ်သက်သောလူများသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ လူကြီးများက ထမ်းဆောင်သင့်သည့် တာဝန်များနှင့် အလုပ်ကို ၎င်းတို့အတွက် ထမ်းဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီး ယင်းက အသစ်အဆန်းဖြစ်မှုကို ဆုံးရှုံးသွားသမျှကာလပတ်လုံး ၎င်းတို့သည် ယင်းကို ငြီးငွေ့ဖွယ်ရာဟု မြင်ကြပြီး ယင်းကို လုပ်ဆောင်ရန် စိတ်ဝင်စားမှု ကင်းမဲ့ကာ အသစ်အဆန်းဖြစ်မှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်ကို ရှာဖွေလိုကြသည်။ စိတ်လှုပ်ရှားမှုများမရှိဘဲ ၎င်းတို့သည် အမှုအရာများကို ငြီးငွေ့ဖွယ်ရာဟု ခံစားကြရပြီး ဝိညာဉ်ရေးရာ လစ်ဟာမှု ခံစားချက်ကိုပင် တွေ့ကြုံခံစားရနိုင်သည်။ ၎င်းတို့ ဤသို့ ခံစားရသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည် မငြိမ်မသက်ဖြစ်လာပြီး ၎င်းတို့သည် စိတ်လှုပ်ရှားမှုများ သို့မဟုတ် ၎င်းတို့ကို စိတ်ဝင်စားစေသည့်အရာများကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် ထူးထူးခြားခြား တစ်စုံတစ်ခုကို အဆက်မပြတ် လုပ်ဆောင်လိုကြသည်။ ၎င်းတို့ လုပ်ဆောင်နေသည့်အလုပ် သို့မဟုတ် ကိုင်တွယ်နေသည့် ကိစ္စရပ်များကို ငြီးငွေ့ဖွယ်ရာ သို့မဟုတ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေ့ရှိသည့်အခါတိုင်း၊ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်လိုသည့် လိုအင်ဆန္ဒကို ဆုံးရှုံးသွားကြသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အလုပ် သို့မဟုတ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည့်အလုပ် ဖြစ်နေလျှင်ပင် ၎င်းတို့ ဇွဲမရှိနိုင်ကြပေ။...ဤလူစားမျိုးတို့သည် အပြင်ပန်း၌ ကြီးမားသော ပြဿနာများမရှိဟု မကြာခဏဆိုသလို ထင်ရသည်။ သင်သည် ထိုသို့သောလူများကို မပိုင်းခြားနိုင်လျှင် သို့မဟုတ် ၎င်းတို့၏ အနှစ်သာရ သို့မဟုတ် ဤပြဿနာမျိုး၏ အနှစ်သာရကို ထွင်းဖောက်၍ မမြင်နိုင်လျှင် သင်က ‘ဤလူများသည် မတည်ငြိမ်သော စိတ်သဘောထားများသာ ရှိကြသည်၊ ၎င်းတို့သည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်အရွယ်တွင် ရှိနေကြသော်လည်း ကလေးများကဲ့သို့ မရင့်ကျက်သေးပေ’ ဟု တွေးထင်ကောင်း တွေးထင်လိမ့်မည်။ အမှန်တကယ်တွင် အတွင်းပိုင်းနက်ရှိုင်းရာ၌ ဤအမျိုးအစား၏ လူများသည် စိတ်လှုပ်ရှားမှုများကို အဆက်မပြတ် ရှာဖွေကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့တွင် လူကြီးများ၏ အတွေးများနှင့် အသိတရားများအပြင် လူကြီးများက ကိစ္စရပ်များကို ကိုင်တွယ်သည့် ချဉ်းကပ်နည်းနှင့် သဘောထားတို့ ကင်းမဲ့နေသည်။ သို့ဖြစ်၍ ထိုသို့သောလူများသည် အလွန် ပြဿနာရှိသည်။ ၎င်းတို့၏ လူ့သဘာဝသည် မဆိုးနိုင်သကဲ့သို့ ၎င်းတို့၏ စရိုက်သည်လည်း အထူးသဖြင့် ယုတ်မာခြင်း မရှိနိုင်ပေ၊ သို့သော် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤချို့ယွင်းချက်ကြောင့်၊ ၎င်းတို့အတွက် အရေးပါသောအလုပ်၊ အထူးသဖြင့် အချို့သော အရေးကြီးသည့် အလုပ်ကိစ္စများကို နိုင်နင်းစွာထမ်းဆောင်နိုင်ရန် အလွန်ခက်ခဲသည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ပျင်းရိငြီးငွေ့လာပြီး ဝတ်ကျေတမ်းကျေနဲ့ ဂရုမစိုက်ဘဲ လုပ်ရတဲ့ အဓိကအကြောင်းရင်းက ကျွန်မရဲ့ လူ့သဘာဝမှာ ပြဿနာရှိနေလို့ဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ ကျွန်မက အသစ်အဆန်းနဲ့ စိတ်လှုပ်ရှားစရာတွေကို ကြိုက်ပြီး သာမန်နဲ့ ရိုးတာတွေကို မနှစ်သက်ဘူး။ အလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲနဲ့ အစအဆုံး တသမတ်တည်း လုပ်ရမဲ့အစား အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေ အပြည့်ရှိတဲ့ တာဝန်မျိုးကို ထမ်းဆောင်ဖို့ လိုက်စားခဲ့တာ။ ပစ္စည်းပြင်တဲ့ တာဝန်ကို စထမ်းဆောင်တုန်းကလိုပဲ အသစ်အဆန်းအရာတွေနဲ့ ထိတွေ့ရပြီး ဒီတာဝန်မှာ ပါဝင်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ကို ကောင်းကောင်း နားမလည်သေးတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတချို့ ရှိခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ လတ်ဆတ်ပြီး စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေ အများကြီး ရနိုင်တယ်လေ၊ ဒါကြောင့် ဒီတာဝန်ကို သဘောကျပြီး အဖိုးအခပေးဖို့ ဆန္ဒရှိခဲ့တာ။ ဒါပေမဲ့ ဒီတာဝန်ကို အကြာကြီး ထမ်းဆောင်ပြီးတဲ့နောက်မှာတော့ အသစ်အဆန်းဖြစ်မှုက ပျောက်သွားပြီး ဒီတာဝန်က ပျင်းစရာကောင်းပြီး ရိုးအီနေပြီလို့ စခံစားလာရတယ်။ အပြင်ပန်းမှာ တာဝန်ကို ထမ်းဆောင်နေတယ်ဆိုပေမဲ့ ကျွန်မရင်ထဲမှာ ငြီးငွေ့နေခဲ့တယ်၊ နေ့တိုင်း ပစ္စည်းတွေကို ဝတ်ကျေတမ်းကျေပဲ ပြင်ပေးနေခဲ့တယ်။ ရင်ထဲမှာဆိုရင် ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းပြီး တခြားတာဝန်တစ်ခု ထမ်းဆောင်ဖို့တောင် တွေးနေခဲ့တာ။ ကိုယ့်တာဝန်ကို သစ္စာရှိရှိ သဘောမထားခဲ့ဘူး။ တာဝန်လုပ်တဲ့နေရာမှာ အသစ်အဆန်း ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ ဘာမှမခံစားရတော့တဲ့အခါ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်တော့ဘူး။ ကိုယ်ပိုင်အကြိုက်တွေအပေါ် လုံးလုံးလျားလျား အခြေခံပြီး တာဝန်ကို ထမ်းဆောင်နေခဲ့တာ။ ကျွန်မရဲ့ ပြုမူကျင့်ကြံပုံတွေ၊ လုပ်ရပ်တွေက စည်းလွတ်ဘောင်လွတ်နဲ့ ဂနာမငြိမ် ဖြစ်နေခဲ့တယ်။ တသမတ်တည်းဖြစ်မှု ကင်းမဲ့နေပြီး အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ တာဝန်တွေကို မထမ်းဆောင်ခဲ့ဘူး။ ဒီလိုပုံစံနဲ့ ဘာမဆို ပြီးမြောက်အောင်လုပ်ဖို့ ခက်ခဲခဲ့သလို၊ ကျွန်မက လုံးဝကို ယုံကြည်စိတ်ချလို့ မရတဲ့သူ ဖြစ်နေခဲ့တယ်။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်၊ “၎င်းတို့ လုပ်ဆောင်နေသည့်အလုပ် သို့မဟုတ် ကိုင်တွယ်နေသည့် ကိစ္စရပ်များကို ငြီးငွေ့ဖွယ်ရာ သို့မဟုတ် စိတ်ဝင်စားဖွယ်မကောင်းဟု တွေ့ရှိသည့်အခါတိုင်း၊ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်လိုသည့် လိုအင်ဆန္ဒကို ဆုံးရှုံးသွားကြသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အလုပ် သို့မဟုတ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည့်အလုပ် ဖြစ်နေလျှင်ပင် ၎င်းတို့ ဇွဲမရှိနိုင်ကြပေ။...၎င်းတို့၏ လူ့သဘာဝသည် မဆိုးနိုင်သကဲ့သို့ ၎င်းတို့၏ စရိုက်သည်လည်း အထူးသဖြင့် ယုတ်မာခြင်း မရှိနိုင်ပေ၊ သို့သော် ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤချို့ယွင်းချက်ကြောင့်၊ ၎င်းတို့အတွက် အရေးပါသောအလုပ်၊ အထူးသဖြင့် အချို့သော အရေးကြီးသည့် အလုပ်ကိစ္စများကို နိုင်နင်းစွာထမ်းဆောင်နိုင်ရန် အလွန်ခက်ခဲသည်။” ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ ဒီလို လူ့သဘာဝ ချို့ယွင်းချက်မျိုးက အရမ်းကို အန္တရာယ်များတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ပစ္စည်းတွေ ပြင်ဖို့ ကျွန်မမှာ တာဝန်ရှိပြီး ကျွန်မရဲ့ အားသာချက်တွေအရ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးတာက သင့်တော်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်ကို ကိုယ်ပိုင်အကြိုက်တွေအတိုင်း သဘောထားခဲ့ပြီး အသစ်အဆန်း ဒါမှမဟုတ် စိတ်ဝင်စားစရာ မကောင်းတော့ဘူးလို့ ခံစားရတာနဲ့ ချက်ချင်းကို ငြီးငွေ့လာပြီး ဝတ်ကျေတမ်းကျေ လုပ်ခဲ့တာလေ။ ကျွန်မရဲ့ တာဝန်ကို ပြောင်းဖို့တောင် တွေးနေခဲ့သေးတာ။ ကျွန်မမှာ ဘယ်လို သစ္စာစောင့်သိမှု ရှိခဲ့လို့လဲ။ အပြောင်းအလဲ မလုပ်ဘဲ တာဝန်ယူစိတ် တစ်စက်မှမရှိဘဲ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်နေမယ်ဆိုရင် ကျွန်မဟာ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရမဲ့ကိန်း ရှိမှာပါပဲ။

ဒါကို ကျွန်မ နားလည်သွားတဲ့အခါ၊ အနှစ် ၁၂၀ တိုင်တိုင် သင်္ဘောဆောက်ဖို့ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ နောဧကို သွားသတိရလိုက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နောဧက သင်္ဘောကိုဆောက်လုပ်ရန် နှစ်ပေါင်းမည်မျှ ကြာခဲ့သနည်း။ (နှစ်ပေါင်း ၁၂၀ ကြာခဲ့သည်။) အနှစ် ၁၂၀ က ယနေ့ခေတ်လူတို့အတွက် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းမှာ ပုံမှန်လူတစ်ဦး၏ သက်တမ်းထက် ပို၍ကြာသည်။ လူနှစ်ဦး၏ သက်တမ်းထက်ပင် ပို၍ကြာကောင်းကြာနိုင်သည်။ သို့တစေ နောဧသည် ဤနှစ်ပေါင်း ၁၂၀ ကြာကြာ တစ်ခုတည်းသောအရာကို ပြုလုပ်ခဲ့ပြီး နေ့စဉ်ရက်ဆက် တူညီသောအရာတစ်ခုကိုသာ ပြုလုပ်ခဲ့သည်။ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးသေးသော ထိုခေတ်ကာလ၌၊ သတင်းအချက်အလက်များ လည်ပတ်စီးဆင်းခြင်း မရှိသေးသော ထိုခေတ်ကာလ၌၊ အရာရာတိုင်းကို လူတို့၏ လက်နှစ်ဖက်နှင့် ကာယလုပ်အားဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသော ထိုခေတ်ကာလ၌ နောဧသည် နေ့စဉ်နေ့တိုင်း တူညီသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူသည် နှစ်ပေါင်း ၁၂၀ ကြာ လက်လျှော့ခြင်း သို့မဟုတ် ရပ်နားခြင်း မရှိခဲ့ပေ။ နှစ်ပေါင်းတစ်ရာ့နှစ်ဆယ် ဟူသည်ကို ငါတို့သည် မည်သို့ စိတ်ကူးကြည့်နိုင်သနည်း။ လူသားမျိုးနွယ်ထဲက အခြားတစ်ယောက်ယောက်သည် နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်ခဲ့သနည်း။ (မလုပ်ဆောင်နိုင်ပါ။) မည်သူကမျှ နှစ်ပေါင်း ၁၂၀ ကြာအောင် တစ်ခုတည်းသောအရာကို ပြုလုပ်ရန် ဇွဲမလျှော့ဘဲ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ သို့တစေ မိမိအား ဘုရားသခင် တာဝန်ပေးစေခိုင်းထားခဲ့သော အရာကို အပြောင်းအလဲမရှိ၊ နှစ်ပေါင်း ၁၂၀ ကြာအောင် မဆုတ်မနစ်ကြိုးပမ်းခဲ့ကာ မည်သည့်အခါမျှ ညည်းညူခြင်း သို့မဟုတ် လက်လျှော့ခြင်းမရှိ၊ မည်သည့်ပြင်ပပတ်ဝန်းကျင် အခြေအနေက ထိခိုက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ပြောခဲ့သည့်အတိုင်း အတိအကျပြီးစီးခဲ့သော လူတစ်ဦးရှိခဲ့လေသည်။ ဤအရာမှာ မည်သည့်ကိစ္စမျိုး ဖြစ်လေသနည်း။ လူသားမျိုးနွယ်ထဲတွင် ဤသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ရှားပါးကာ တစ်မူပင်ထူးတော့သည်။ လူ့သမိုင်း၏ ရှည်လျားသော ခေတ်ရေစီးကြောင်းထဲက ဘုရားသခင်နောက် လိုက်ခဲ့ပြီးသည့် လူသားမျိုးနွယ်များ အားလုံးထဲတွင် ဤအရာနှင့် ဆင်တူသည့်အရာ လုံးလုံးလျားလျား မရှိခဲ့ပေ။ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်မှုနှင့် ခက်ခဲမှု၊ ယင်းက တောင်းဆိုသော ကိုယ်ခန္ဓာစွမ်းအင်နှင့် အားစိုက်မှုအဆင့်နှင့်အတူ ယင်းကလိုအပ်သော ကြာမြင့်ချိန်တို့အရ၊ ဤအရာမှာ လွယ်ကူသောလုပ်ငန်း မဟုတ်ပေ၊ ထို့ကြောင့် နောဧက ဤအရာကို ပြုလုပ်ခဲ့သောအခါ ယင်းသည် လူသားများကြားတွင် တစ်မူထူးခဲ့ပြီး သူသည် ဘုရားသခင်နောက်လိုက်သောသူ အားလုံးအတွက် နမူနာနှင့် စံပြတစ်ဦးဖြစ်လေသည်။ နောဧသည် သတင်းစကား အနည်းငယ်သာ ကြားဖူးခဲ့ပြီး ထိုအချိန်က ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မဖော်ပြခဲ့သောကြောင့် နောဧသည် သမ္မာတရားများစွာကို နားလည်ဖို့ မဖြစ်နိုင်ပေ။ သူသည် မျက်မှောက်ခေတ်သိပ္ပံပညာ သို့မဟုတ် မျက်မှောက်ခေတ်အသိပညာကို နားမလည်ခဲ့။ သူသည် အလွန့်အလွန် သာမန်လူသားတစ်ဦး၊ လူသားမျိုးနွယ်၏ သာမညောင်ည လူသားတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အင်္ဂါရပ်တစ်ခုတွင်မူ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့။ ဘုရားသခင်၏စကားကို နာခံရမည်ကို သူသိခဲ့သည်၊ ဘုရားသခင်၏စကားကို မည်သို့လိုက်လျှောက်ပြီး လိုက်နာရမည်ကို သိခဲ့သည်၊ လူ၏ သင့်လျော်သောနေရာက မည်သည့်အရာဖြစ်သည်ကို သိခဲ့ပြီး ဘုရားသခင်၏စကားကို အမှန်တကယ် ယုံကြည်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်မှလွဲ၍ နောက်ထပ် ဘာမှမရှိတော့ပေ။ နောဧအား ဘုရားသခင်တာဝန်ပေးစေခိုင်းခဲ့ပြီးသော အရာများအားလုံးကို ပြီးမြောက်ခွင့်ပေးရန်အတွက် အနည်းငယ်သော ဤရိုးရှင်းသည့် ယုံကြည်ချက်များက လုံလောက်ခဲ့ပြီး သူသည် လအနည်းငယ်သာမဟုတ်၊ နှစ်အချို့သာမဟုတ်၊ ဆယ်စုနှစ်အချို့မျှသာလည်းမဟုတ်ဘဲ ရာစုနှစ်တစ်ခုကျော်ကြာ ဤအရာ၌ မဆုတ်မနစ် ကြိုးပမ်းခဲ့ပေသည်။ ဤနှစ်အရေအတွက်က အံ့အားသင့်ဖွယ် ကောင်းသည်မဟုတ်လော။ နောဧမှလွဲ၍ ဤအရာကို မည်သူလုပ်ဆောင်နိုင်ခဲ့ဖူးသနည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးပါ။)...ဘုရားသခင်၏ စေခိုင်းချက်ကို နောဧက ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ဘုရားသခင်၏ စကားများကို နောဧကြားသောအခါ သူသည် ထိုစကားများကို သူ၏ စိတ်နှလုံး၌ မြဲမြံစွာ သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်သည်။ သူ့အတွက် ဘုရားသခင်၏ စေခိုင်းချက်သည် တစ်သက်တာ တာဝန်ဖြစ်သည်။ သူ၏ ယုံကြည်မှုသည် မယိမ်းယိုင်ခဲ့ပေ။ သူ၏စိတ်ဓာတ်သည် နှစ်တစ်ရာကြာသည်အထိ မပြောင်းလဲခဲ့ပေ။ ယင်းမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့်၊ စစ်မှန်သည့် လူတစ်ယောက်ဖြစ်သောကြောင့်၊ အဆုံးစွန် ဆင်ခြင်တုံတရားရှိသောကြောင့် ဘုရားသခင်က သူ့အပေါ် သင်္ဘောကြီးတည်ဆောက်ရန် အပ်နှံခဲ့ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို တို့ထိမိသွားပြီး ရှက်လည်းရှက်မိတယ်။ နောဧက ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး မကြားခဲ့ရသလို သမ္မာတရားကိုလည်း အများကြီး နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို အနှစ်တစ်ရာ့နှစ်ဆယ်တိုင်တိုင် တစိုက်မတ်မတ် လုပ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိခဲ့လို့ပဲ။ ရေလွှမ်းမိုးမှုက ကမ္ဘာကြီးကို မဖျက်ဆီးခင် ဘုရားသခင်က သူ့ကို သင်္ဘောဆောက်ခိုင်းတာကို ကြားရတဲ့အခါ၊ နောဧက ဘုရားသခင်ရဲ့ အရေးတကြီးဖြစ်တဲ့ ရည်ရွယ်ချက်ကို ခံစားသိရှိခဲ့ပြီး ဘုရားသခင်ကို အလေးထားတဲ့ စိတ်နှလုံး စဖြစ်လာခဲ့တယ်။ သင်္ဘောဆောက်တဲ့ကိစ္စကို သူလုပ်ရမဲ့ အရေးအကြီးဆုံးနဲ့ အမြန်ဆုံး လုပ်ရမဲ့အရာအဖြစ် သဘောထားခဲ့တယ်။ ကြီးမားလှတဲ့ သင်္ဘောကြီးကို တည်ဆောက်တဲ့ စီမံကိန်းကို ပြီးမြောက်အောင် လုပ်နေချိန်မှာ နောဧဟာ အခက်အခဲတွေ၊ ကျရှုံးမှုတွေ၊ ဖျားနာမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ၊ မိသားစုရဲ့ နားမလည်မှုတွေနဲ့ လောကလူသားတွေရဲ့ လှောင်ပြောင်ရှုတ်ချမှုတွေကို ရင်ဆိုင်ခဲ့ရပေမဲ့၊ အစကနေ အဆုံးထိ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး ဒီတာဝန်ကို စွန့်လွှတ်ဖို့ လုံးဝ မတွေးခဲ့ဘူး။ ဘုရားသခင်က သူ့ကို ဒီလို အရေးကြီးတဲ့ တာဝန်ပေးစေခိုင်းချက် အပ်နှံခဲ့တာကိုလည်း အမြဲတမ်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေခဲ့ပြီး၊ ဘုရားသခင်က သူ့ကို ချီးမြှောက်ခဲ့တာကြောင့်လည်း ခဏခဏ ခွန်အားရခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့ တာဝန်ပေးစေခိုင်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ နောဧက နားထောင်ခဲ့တယ်၊ လက်ခံခဲ့တယ်၊ ကျိုးနွံနာခံခဲ့ပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်။ ဒါဟာ နောဧမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတယ်ဆိုတာကို ပြသတဲ့ သရုပ်သကန်တစ်ခုပဲ။ ဒီလို စရိုက်လက္ခဏာမျိုးက တကယ်ကို တန်ဖိုးရှိလွန်းပါတယ်။ ဘုရားသခင်က ဒီလို မေးထားတာကို ကျွန်မ မြင်ရတဲ့အခါ “နောဧသည် နှစ်ပေါင်း ၁၂၀ ကြာအောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းမည်မျှ ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁)) ကျွန်မမှာ တကယ်ကို ပြန်ပြောစရာ စကား မရှိခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး၊ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းပေးတာနဲ့ ထောက်ပံ့ပေးတာတွေ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်တာနဲ့ ကာကွယ်တာတွေကို ကျွန်မ ခံစားခဲ့ရပေမဲ့ ပစ္စည်းပြင်တဲ့ တာဝန်ကို နှစ်နှစ်လောက်ပဲ ထမ်းဆောင်ပြီးတဲ့နောက်မှာ ကျွန်မ ဆက်ပြီး တစိုက်မတ်မတ် မလုပ်နိုင်တော့ဘဲ ပေါ့ပေါ့ဆဆနဲ့ ဝတ်ကျေတမ်းကျေ စလုပ်ခဲ့တယ်။ ကျွန်မမှာ တကယ်ကို အသိစိတ်ရော၊ ဆင်ခြင်တုံတရားပါ တစ်စက်လေးမှ မရှိခဲ့ဘဲ လုံးဝကို ယုံကြည်စိတ်ချလို့ မရတဲ့သူ ဖြစ်ခဲ့တာပါ။ ကျွန်မ အရမ်းကို နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ပြီးတော့ ဘုရားသခင်ဆီကို နောင်တရတဲ့စိတ်နဲ့ ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီးကို ဒီတာဝန်ကို နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်ထမ်းဆောင်ခိုင်းပါစေ၊ သမီး ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်၊ ပြီးတော့ ကိုယ်ပိုင်အကြိုက်တွေအပေါ် အခြေခံပြီးတော့ သမီး တာဝန်မထမ်းဆောင်တော့ပါဘူး” လို့ပေါ့။

အဲဒီနောက်မှာ၊ ကျွန်မတို့ ခြုံငုံသုံးသပ်တဲ့အခါ၊ ကျွန်မရဲ့ တာဝန်မှာ ပြဿနာတွေ အများကြီး ရှိနေသေးတာကို တွေ့လိုက်ရတယ်။ ကျွန်မရဲ့ ပစ္စည်းပြင်တဲ့ ကျွမ်းကျင်မှုက တကယ့်ကို သာမန်အဆင့်မှာပဲ ရှိနေပြီး ကျွမ်းကျင်မှုတွေကို ဆက်သင်ယူဖို့ လိုအပ်နေသေးတယ်။ ဒါပေမဲ့ တိုးတက်ဖို့ ကျွန်မ မကြိုးစားခဲ့သလို ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာဖို့ အားထုတ်ရာမှာလည်း အာရုံမစိုက်ခဲ့တဲ့အတွက် ကျွန်မရဲ့ ပြင်ဆင်မှု ကျွမ်းကျင်မှုတွေက သိပ်မတိုးတက်ခဲ့ဘူး။ ကျွန်မက တကယ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်လွန်းခဲ့တာ။ ကိုယ့်ရဲ့ အားနည်းချက်တွေကို အသိအမှတ်မပြုဘဲ၊ ဒီအရာကို ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်၊ ဒါမှမဟုတ် ဟိုအရာကို ကျွမ်းကျင်နေပြီ၊ ဒီတာဝန်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ မရှိတော့ဘူးလို့ပဲ ခံစားနေခဲ့တာ။ ကျွန်မ တကယ်ကို မိုက်မဲလွန်းပြီး ကိုယ့်ရဲ့ အစစ်အမှန် အတိုင်းအတာကို လုံးဝ မသိခဲ့ဘူး။ အဲဒီနောက်တော့ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ ကိုယ့်တာဝန်ကို ကျွန်မ အလေးအနက်ထားဖို့၊ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေကို ရှာဖွေဖို့၊ ပြီးတော့ စံနှုန်းပြည့်တဲ့ နည်းလမ်းနဲ့ ကိုယ့်တာဝန်ကို လုပ်နိုင်အောင် ကိုယ့်ကျွမ်းကျင်မှုတွေကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာကို ရှာဖွေခဲ့ရတယ်။

အဲဒီနောက်မှာတော့ ကျွန်မရဲ့ တာဝန်ကို ပြောင်းဖို့ မတွေးတော့ဘဲ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းအောင် ထမ်းဆောင်မလဲဆိုတာကိုပဲ တွေးခဲ့တယ်။ ကျွန်မရဲ့ စိတ်နေသဘောထား ပြောင်းလဲသွားတဲ့အခါ အရင်ကဖြစ်ခဲ့တဲ့ စိတ်တိုတာ၊ ပျင်းရိငြီးငွေ့တာတွေ ပျောက်သွားပြီး ကိုယ့်တာဝန်တွေမှာ စိတ်နှစ်ထားနိုင်ခဲ့တယ်။ ပြဿနာက ရိုးရှင်းသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ အလေးအနက် သဘောထားနိုင်သွားတယ်။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေ အသုံးပြုဖို့ မနှောင့်နှေးရအောင် ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် ပြင်ဆင်နိုင်ဖို့ အချိန်နဲ့ ခွန်အားတွေကို ပေးဆပ်နိုင်လာတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကျွန်မရဲ့ အခြေအနေကို နားလည်သဘောပေါက်စေဖို့နဲ့ အပြောင်းအလဲတချို့ လုပ်နိုင်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

အရည်အချင်းရှိတဲ့သူတွေကို မနာလိုဖြစ်ခြင်းကို ကျွန်မ ဘယ်လိုရပ်တန့်ခဲ့သလဲ

ဖိလစ်ပိုင်နိုင်ငံ၊ ရို့စ်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ တစ်နေ့တော့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။