ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

27.02.2021

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ

၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင် သီဆိုကာ၊ ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပြီး သက်သေ ခံရမည်ဟု တွေးလျက်၊ ကျွန်မ အရမ်းဂုဏ်ယူပြီး လေးစားခဲ့သည်။ လက်တွေ့လုပ်ဆောင်ဖို့၊ တာဝန်ကို ကောင်စွာ ထမ်းဆောင်နိုင်ဖို့လည်း ဘုရားသခင်ထံမှာ ဆုတောင်းခဲ့ပါသည်။ စပြီးလက်တွေ့လုပ်ဆောင်သည့်အခါ၊ မျက်နှာထားများနှင့် ကကွက်များကို တကယ့်ကို ဇွဲကောင်းကောင်းနှင့် အားစိုက် လေ့ကျင့်ခဲ့သော်လည်း၊ အဆိုနှင့်အကမှာ အတွေ့အကြုံမရှိခဲ့သည့်အတွက်၊ ကျွန်မ၏အကနှင့် မျက်နှာထားများက တောင့်တောင့်ကြီး ဖြစ်နေပြီး ကျွန်မ၏ စွမ်းဆောင်ရည်က အခြားသူများကို လိုက်မမီခဲ့ပါ။ နည်းပြကလည်း အမြဲတမ်း ကျွန်မ၏ပြဿနာများကို ထောက်ပြသည်။ သိပ်မကြာမီတွင် ကျွန်မသိပ်ပြီး စိတ်မပါတော့ဘဲ၊ မည်မျှ ကြိုးစားလုပ်ဆောင်ပါစေ ပိုကောင်းလာမည် မဟုတ်ဟု ခံစားလာရသည်၊ ပြီးလျှင် နေရာများချပေးသည့်အခါ၊ အဆို၊ အကတော်သည့် အစ်ကိုအစ်မများက ရှေ့မှာနေရပြီးတော့၊ ကျွန်မက နောက်မှာအဖြည့်ခံသဘော နေရသည်။ ကျွန်မလည်း အစမ်းလေ့ကျင့်ပွဲများမှာ တက်တက်ကြွကြွ မရှိတော့ဘဲ၊ နောက်ကျ၍ရသည့်အခါတိုင်း နောက်ကျမှ သွားတော့သည်။ ပထမဆုံးရိုက်ကူးရေးမှာ၊ တစ်ဖက်ကနေ မမြင်ရသည့် နောက်ဆုံးတန်းမှာနေခဲ့ရသည်။ “ငါမှဒီကိစ္စမှာ မတော်တာ၊ ပြီးတော့ အဆိုအက ကောင်းတဲ့ ညီအစ်ကို မောင်နှမတွေနဲ့လည်း ငါ မယှဉ်နိုင်ဘူး။ ဘယ်လောက် ကြိုးစားကြိုးစား အရှေ့အတန်းရောက်ဖို့ ကင်မရာမှာ ပါဖို့လည်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ အစမ်းလေ့ကျင့်တာကို ဘာလို့ကြိုးစားနေရမှာလဲ။ နည်းနည်းလောက် ကြိုးစားလည်းရတာပဲ။” ဟု တွေးလျက်၊ ကျွန်မက စိတ်ပျက်လာသည်။ ထိုနောက်ပိုင်းမှာ ကျွန်မ တက်ကြွမှုများ လျော့လာခဲ့သည်။ ကျွန်မ ကကွက်များ မမှန်မှန်းသိ‌သော်လည်း၊ ပြင်ဖို့မကြိုးစားခဲ့ပါ။ တစ်ခါတစ်ရံ ကျွန်မတို့ကို နည်းပြက ပိုကြိုးစားဖို့နှင့် လူတစ်ယောက်၏ မျက်နှာထားနှင့် တင်ဆက်မှုတို့က သိပ်မကောင်းလျှင်၊ အစီအစဉ်တစ်ခုလုံးကို သက်ရောက်မှုရှိပြီး ရိုက်ကူးရေး နောက်ကျနိုင်သည်ဟု ပြောခဲ့သည်။ ယင်းကို ကြားသည့်အခါ၊ ကျွန်မကို တကယ်ထိသွားစေခဲ့ပြီး ကျွန်မလည်း စုပေါင်းရလဒ်အတွက် စဉ်းစားသင့်ပြီဟု ခံစားခဲ့ရသည်၊ သို့ရာတွင် ကျွန်မ ပို၍ စတင် ကြိုးစားလာသည်၊ ပြီးလျှင် တစ်ဖန် စိတ်မပါဖြစ်ပြန်သည်။ ဘုရားသခင်၏ လမ်းညွှန်မှုလည်း မခံစားရဘဲ၊ စိတ်မပါလက်မပါနှင့် အဆိုအက ကို အစမ်း လေ့ကျင့်ခဲ့သည်။ အချို့ကကွက်များမှာ လေ့ကျင့် ထားသော်လည်း၊ မှန်အောင်မကနိုင်ခဲ့ပါ။ လူတိုင်းက သီချင်းစာသားကို သူတို့နားလည်သည့်အပေါ် မိတ်သဟာယ ဖွဲ့ကြသည့်အခါ၊ ကျွန်မက မည်သည့် အလင်းကိုမျှ မိတ်သဟာယ မဖွဲ့နိုင်ခဲ့ပါ။ ဆိုနေသည့်အချိန်မှာ စိတ်ပါသည်ဟု မခံစားခဲ့ရပါ၊ ပြီးလျှင် ရိုက်ကူးတော့လည်း ကျွန်မ၏မျက်လုံးများက အသက်မပါဘဲ၊ ကျွန်မ၏ မျက်နှာထားက တက်ကြွမှုမရှိပါ။ မည်သူမျှ ကျွန်မကို ကြည့်ရသည်ကို မပျော်မွေ့ကြပါ။ အစမ်းလေ့ကျင့်မှုများက စိတ်ဝင်စားစရာ မကောင်းဟု ခံစားခဲ့ရပြီး‌ အခြားတာဝန် သွားလုပ်နိုင်ဖို့ ဤကိစ္စကြီး ပြီးသွားရန်ကို မစောင့်နိုင်ခဲ့တော့ပေ။

စတိတ်စင်ပေါ် အနေအထား ပုံစံထွက်လာသည့်အခါ၊ ကျွန်မ ကင်မရာမှာမပါသည့်အခန်း အချို့ပါလာသည်ကို တွေ့ပြီး ပို၍စိတ်ဓာတ်ကျသွားသည်။ “ငါကမတော်ပေမဲ့၊ အဲဒီလောက်လည်း မဆိုးသေးပါဘူး။ အရှေ့ဆုံးမှာ မဟုတ်ရင်တောင်မှ၊ အနည်းဆုံး ကင်မရာမှာတော့ ပါလို့ရနိုင်တာပဲကို။ ငါကဘာလို့ မပါရတာလဲ။ ငါက တစ်ချိန်လုံး အရည်မရအဖတ်မရ အစမ်းလေ့ကျင့်နေခဲ့မိတာ မဟုတ်ဘူးလား။ အစောကြီးကသာ သိခဲ့ရင် အဲဒီကကွက်တွေကို လေ့ကျင့်ခဲ့မှာမဟုတ်ဘူး။” ဟု တွေးခဲ့မိသည်။ ထို့နောက်တွင် ကျွန်မ ကင်မရာမှာပါရမည့် အခန်းတိုင်းတွင် ပျော်ပျော်ကြီး အတူကနေသော်လည်း၊ မပါလျှင်မူ စိတ်မပါဘဲ၊ အစမ်းလေ့ကျင့်မှုမှာ အပေါ်ယံသာ လုပ်ခဲ့လိုက်သည်။ ရိုက်ကူးမှုပြီးသွားသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်းက တွေ့ဆုံပွဲများမှာ သူတို့ရခဲ့သည့်အရာကို ပြောနေကြသည်ကို ကြားရသည့်အခါ၊ ကျွန်မ အဆင်မပြေခဲ့ပါ။ ကျွန်မလည်း တာဝန်ကို အတူတူလုပ်ခဲ့ပြီး သူတို့ကျတော့ တစ်ခုခုရသွားသည်၊ သို့ဆိုလျှင် ကျွန်မက အဘယ့်ကြောင့် မည်သည့်အရာမျှမရလိုက်သကဲ့သို့ အနှစ်မဲ့ခြင်းကို ခံစားရသနည်။ ကျွန်မက ဘုရားသခင်ကို တစ်နည်းနည်းဖြင့် ရွံရှာစေမိပြီလားဟု တွေးလျက်၊ ကြောက်လာသည်။ ထို့နောက်တွင် ကျွန်မ ဘုရားသခင် ရှေ့သွားပြီး လမ်းညွှန်မှုပေးဖို့ ဆုတောင်းခဲ့သည်။ တစ်နေ့တွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရပါသည်၊ “လူတို့က ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ကြည့်ရှုပြီး အရာရာကို စောင့်ကြည့်လေ့လာသည်ဟု အမြဲ ပြောကြသည်။ သို့သော်၊ အချို့က သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို မည်သည့်အခါတွင်မျှ အဘယ်ကြောင့် မခံစားရသည်၊ ကျေးဇူးတော်ကို ၎င်းတို့ အဘယ်ကြောင့် လုံးဝ မရရှိကြသည်၊ ဝမ်းမြောက်မှုကို ၎င်းတို့ အဘယ်ကြောင့် လုံးဝ မရှိကြသည်၊ အဘယ်ကြောင့် အမြဲ အပျက်သဘောဆောင်ပြီး ဝမ်းနည်းညှိုးငယ်နေသည် ဆိုသည်နှင့် ၎င်းတို့အနေဖြင့် အဘယ်ကြောင့် အပြုသဘောဆောင်နိုင်စွမ်း မရှိသည်ကို လူတို့သည် လုံးဝ မသိကြပေ။ ၎င်းတို့၏ဖြစ်တည်မှု အခြေအနေများကို တစ်ချက်ကြည့်လော့။ ဤလူတစ်ဦးစီတိုင်းသည် အသုံးပြုနိုင်သည့် အသိစိတ် သို့မဟုတ် ရိုးသားသော စိတ်နှလုံးတစ်ခု မရှိကြသည်ကို သင့်အား ငါ အာမခံသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “တစ်ဦးတစ်ယောက်၏ လူ့သဘာဝတွင် အခြေခံအကျဆုံး နှင့် အရေးကြီးဆုံး အစိတ်အပိုင်းများမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ သို့မဟုတ် ဆိုးသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ သူသည် ဖောက်ပြန်ပျက်စီးသော လူ့သဘာဝကို မည်သို့ ပြသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ ‘ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှု အားလုံးကို ကျွန်ုပ် အသုံးပြုပြီး မှန်ကန်စွာ ပြုမူသည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်သည် မဟုတ်လော။ တစ်ချိန်တည်းတွင်၊ ယင်းသည် အလွန်ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ အသိစိတ်သည် အခန်းကဏ္ဍ တစ်ခုတစ်လေ၌ ပါဝင်သလော။ ဤအရာတွင် အသိစိတ်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းတစ်ခုတစ်လေ ရှိသလော။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်- ၎င်းတို့သည် ဂုဏ်အတွက် သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မွေ့လျော်ခံစားဖို့ အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ ဂုဏ်အတွက် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်း ပေးသကဲ့သို့၊ မိမိကိုယ်ကိုယ် ပြစ်တင်မှုအား လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဤအပိုဒ်ကိုဖတ်ပြီး ကျွန်မ တို့ထိခြင်း ခံရသည်။ ကျွန်မက အပျက်သဘောဆောင်ပြီး မတုန်မလှုပ်ဖြစ်သည်၊ ပြီးလျှင် ကျွန်မ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရနိုင်တာက၊ ကျွန်မ နှလုံးသားထဲမှာ မရိုးသားခဲ့သောကြောင့် ဖြစ်သည်ကို သဘောပေါက်ခဲ့သည်။ ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားနှင့် ကျွန်မ၏တာဝန်များကို စဉ်းစားရမည့်အစား ကျွန်မ၏ ဩဇာတိက္ကမနှင့် ဂုဏ်ဒြပ်တို့ကိုသာ စဉ်းစားခဲ့မိခြင်း ဖြစ်သည်။ လူတစ်ယောက်က သူ့တာဝန်အပေါ် ထိုကဲ့သို့သော စိတ်မျိုးထားသည်ကို ဘုရားသခင်က စက်ဆုပ်သည်။ ကျွန်မ အခြားသူများထက် အရည်အချင်းနည်းနေသည်ကို သိလိုက်ရသည့်အချိန်နှင့် ကျွန်မ နောက်ဘက်မှာ နေရစဉ်က၊ ကျွန်မ အဆိုးဘက်ရောက်လာပြီး စိတ်မပါတော့ဘဲ၊ မျက်နှာအနေအထားနှင့် ကကွက်များကို မလေ့ကျင့်ချင်ခဲ့သည့်အချိန်တို့ကို ကျွန်မ ပြန်တွေးမိသည်။ နည်းနည်းလေးအားစိုက်ရုံနှင့် ကျေနပ်နေခဲ့ပြီး၊ မည်သို့ တိုးတက်အောင် လုပ်ရမည်ကို မစဉ်းစားမိခဲ့ပါ။ ကျွန်မ ကင်မရာရိုက်ကွက်အချို့မှာ မပါသည့်အခါ၊ ကျွန်မ၏ ကြိုးစားမှုများ အရာမထင်ဟု တွေးမိပြီး၊ စောဒက တက်ချင်စိတ်၊ အငြင်းပွားချင်စိတ်များ ဖြစ်ခဲ့သည်၊ ပြီးလျှင် ကျွန်မ မလေ့ကျင့်ချင်တော့ပါ။ ကျွန်မ ဖန်သားပြင်ပေါ်မှာ ပါသည့်အခါ၊ ကျွန်မလုပ်ရမည့်ကိစ္စ လုပ်ခဲ့သော်လည်း၊ မပါသည့်အခါ သိပ်မကြိုးစားတော့ဘဲ၊ အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခဲ့သည်။ ထိုအကြောင်းတွေးမိသည့်အခါ၊ ကျွန်မ အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။ ဘုရားသခင်ကို သက်သေခံဖို့ ဓမ္မတေးသံစုံကျူးကို ဘုရားသခင်၏ အိမ်တော်က ရိုက်ကူးခဲ့ခြင်း ဖြစ်သောကြောင့်၊ ကျွန်မ ပါဝင်ခွင့်ရခြင်းသည် ဘုရားသခင်က ချီးမြှောက်ဖြစ်သည်။ ကျွန်မ၏တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အကောင်းဆုံး အားထည့်ပြီး ကြိုးစားခဲ့သင့်သည်။ ထိုအစား ကျွန်မ၏ ဩဇာတိက္ကမနှင့် ဂုဏ်ဒြပ်တို့အပေါ် တပ်မက်မှုက၊ မပြည့်ဝသွားခဲ့ဘဲ၊ ကျွန်မကို ပေါ့ဆစေပြီး အပျက်သဘောဆောင်ကာ ပျင်းရိစေခဲ့သည်။ ကျွန်မမှာ အရှက်တရား သို့မဟုတ် အသိစိတ်လည်း မရှိခဲ့ပါ။ တစ်ကိုယ်ကောင်း ဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကာ သဘောထားသေးသည့် လူတစ်ယောက် ဖြစ်ခဲ့ပါသည်။ ဘုရားသခင်က လူ့နှလုံးသားကို အကဲဖြတ်သောကြောင့်၊ ကျွန်မအတွက် သူ၏တာဝန်ပေးစေခိုင်းချက်အပေါ် ကျွန်မ၏ သဘောထားအားဖြင့် ဘုရားသခင်က ကျွန်မ၏စိတ်ထားကို မည်သို့များ မရွံရှာဘဲ နေနိုင်မည်နည်း။ ဤသည်ကို သဘောပေါက်သွားပြီး နောင်တရပြီး အပြစ်ရှိသလို ခံစားခဲ့ရကာ၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့ပါသည်။ “ဘုရားသခင် ကျွန်မမှားခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ကျွန်မပါဝင်ရတဲ့ အပိုင်းအတွက် နောင်တရနေခဲ့ပြီးတော့ အခုဆို ပြန်မပေးဆပ်နိုင်ဘဲ ဖြစ်နေပါတယ်။ အခု ကျွန်မ သမ္မာတရားကို အားထုတ်ပြီး ဩဇာတိက္ကမနှင့် ဂုဏ်ဒြပ်တွေ အကြောင်း မစဉ်းစားဘဲနေပါတော့မယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဆောင်ချင်ပါတယ်။”

ထိုအချိန်တွင် ကျွန်မ လုပ်နိုင်သည်မှာ နောင်တများပြည့်လျက်၊ အစီအစဉ် ပြန်စဖို့ စောင့်ရုံသာ ရှိတော့သည်၊ သို့ရာတွင် အံ့ဩစရာကောင်းသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မတို့ နောက်ထပ် ရိုက်ကူးမှုတစ်ခု လုပ်ဖို့လိုလာခဲ့သည်။ ယင်းကို ကြားလိုက်ရသည့်အခါ၊ ခံစားချက်ပေါင်းစုံ ဖြစ်လာခဲ့ပါသည်။ ယင်းက နောင်တရဖို့ အခွင့်အရေး ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျေနပ်အောင်လုပ်ဖို့ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ စိတ်ဆုံးဖြတ်ခဲ့သည်။ အစမ်းလေ့ကျင့်မှုမှာ အားကုန်ထည့်ကြိုးစားခဲ့ပြီ၊ သိပ်မကြာမီတွင် ကျွန်မ၏မျက်နှာထားများနှင့် ကကွက်များ တိုးတက် လာသည်ကို မြင်ခဲ့ရပါသည်။ ကျွန်မတို့ ရိုက်ကူးရေးစတော့မည်ဖြစ်သော်လည်း၊ အခြားအခြေအနေ အချို့ကြောင့် ခေတ္တရွှေ့ဆိုင်း ထားလိုက်ရသည်။ ဒါရိုက်တာက ကျွန်မတို့ကို စိတ်မပူဖို့နှင့် ဆက်လေ့ကျင့်ဖို့ ပြောခဲ့ပါသည်။ အစကတော့ ကျွန်မ နေ့တိုင်း ကြိုးစားလုပ်နိုင်ခဲ့သော်လည်း၊ နောက်ပိုင်းမှာ “ဘယ်အချိန် ရိုက်မယ်၊ ဘယ်လောက်အစမ်းလေ့ကျင့်မှုတွေ လုပ်ရမယ် ဆိုတာလည်း မသိဘူး။ နောက်ဆုံး တစ်ခေါက်ကလိုပဲ ဒီတစ်ခါလည်း ငါ တချို့အခန်းတွေမှာ ရိုက်ကွက်ထဲ ပါမှာ မဟုတ်လောက်ဘူး။ အဲဒီအပြင် အဆိုနဲ့ အကပိုင်းမှာလည်း အခြေခံအချက်တွေ နားလည်ထားတာဆိုတော့၊ ဒီလို နေ့တိုင်း လေ့ကျင့်နေရင် ရလောက်မှာပါ။” ဟု ကျွန်မ စတင် စဉ်းစားမိသည်။ နည်းပြက ရိုက်ကူးရေးမစမီမှာ လေ့ကျင့်မှုကို မပေါ့ဖို့နှင့်၊ စတိတ်စင် အစီအစဉ်ကလည်း ပြောင်းလဲနိုင်သည်ဟု ကျွန်မတို့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့ရာတွင် ကျွန်မ စိတ်မဝင်စားခဲ့ဘဲ “ငါရှေ့မှာနေရဖို့ အခွင့်အရေးလည်း ရှိမှာ မဟုတ်ဘူးဆိုတော့၊ ငါအရမ်းကြိုးစားရင်တောင်မှ ငါက ဇာတ်လမ်းမှာ မပါမဖြစ်တော့ မဟုတ်ပါဘူး။ ဘာလို့စိတ်အနှောင့်အယှက် အဖြစ်ခံနေရမှာလဲ။” ဟု စဉ်းစားမိခဲ့သည်။ နည်းပြက ကျွန်မ၏ပြဿနာများကို ထောက်ပြစဉ်က၊ ကျွန်မလည်း မကြိုးစားချင်ခဲ့ဘဲ၊ ဆင်ခြေများ ပေးခဲ့သည်။ “ရှေ့မှာနေရတဲ့ ညီအစ်ကို မောင်နှမတွေက ရုပ်ရှင်မှာ ပါမှာဆိုတော့၊ သူတို့ကိုပဲ များများလေ့ကျင့်ခိုင်းပေါ့။ ဒါပေမဲ့ ကျွန်မက နောက်မှာ နေရမှာဆိုတော့ လူလည်းမြင်မှာ မဟုတ်ဘူးလေ။ ဒါမျိုး လိုက်ပြောနေစရာ မလိုပါဘူး။” ထို့နောက် ကျွန်မလည်း အစမ်းလေ့ကျင့်မှုများက ခက်ခဲပြီး ပင်ပန်းသည်ဟု အမြဲ ခံစားလာရသည်။ မသွားချင်ခဲ့သည့် အချိန်များ များစွာရှိခဲ့ပါသည်။ ကျွန်မ၏ယခင်က ပြဿနာများ ပြန်ဖြစ် လာသည်ကို သိခဲ့ရပြီး၊ ယင်းနှင့်ပတ်သက်ပြီး စိတ်မကောင်းခဲ့ပါ။ “ငါဘာလို့ ငါ့အလုပ်မှာ အပေါ်ယံပဲ လုပ်နေရတာလဲ။ ဘာလို့ ဘုရားသခင်ကျေနပ်အောင်လုပ်ဖို့ အာရုံမစိုက်နိုင်ရတာလဲ။” ဟု မိမိကိုယ်ကိုယ်လည်း မေးခဲ့ပါသည်။ ကျွန်မ၏ တကယ့်စိတ်အခြေအနေနှင့် ပတ်သက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး သူ၏ လမ်းညွှန်မှုကို တောင်းလျှောက် ခဲ့ပါသည်။

ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဤအပိုဒ်ကို ဖတ်ခဲ့ရသည်၊ “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်း စေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။...ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း”) “ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ ဆက်ကပ်ခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားသခင်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦး မဟုတ်ပေ။ သူ၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မစိတ်ထဲ အနည်ထိုင်နေသည့် မုန်းတီးစရာ ကောင်းသည့် ရည်ရွယ်ချက်များကို ဖော်ထုတ်ခဲ့ပြီး၊ ကျွန်မ မိမိ၏တာဝန်မှာ ကိုယ်ရည်သွေး၍မရသည့်အခါမှာ အဘယ့်ကြောင့် ပေါ့ဆနေမိကြောင်း၊ ကျွန်မ၏ အလုပ်နှင့် တာဝန်ဖြစ်သည်ကို သိသည့်တိုင်၊ ယင်းတို့အပေါ် အဘယ့်ကြောင့် စိတ်မဝင်စားခဲ့သည်ကို ပြသခဲ့ပါသည်။ ယင်းမှာ ကျွန်မ၏ နာမည်ကောင်းနှင့်ဂုဏ်ဒြပ်အပေါ် တပ်မက်မှုက အရမ်းကြီးမားခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်မက ကြွားဝါဖို့ အခွင့်အရေးကို ရရန် ကြိုးစားသည်မှာ မသိသာသော်လည်း၊ ယင်းက ကျွန်မမှာ အစကတည်းက အရည်အချင်း မရှိခဲ့သောကြောင့်ဖြစ်သည်။ ကျွန်မက မကြွားဝါချင်ခဲ့သောကြောင့် မဟုတ်ပါ။ ကျွန်မက မည်မျှကြိုးစားပါစေ သူများထက်သာဖို့ အခွင့်အရေး မရှိကြောင်း၊ အရှေ့တန်းမှာ နေရာရမည် မဟုတ်ကြောင်းတို့ကို သိရသည့်အချိန်မှာ၊ ကိစ္စ တစ်ခုလုံးအပေါ် အဆိုးမြင်လာပြီး‌ ကျွန်မ အလုပ်အပေါ် နည်းနည်းလောက်ပဲ အားစိုက်ခဲ့မိခြင်း ဖြစ်သည်။ အကောင်းဆုံး မကြိုးစားဘဲ ဟန်ဆောင်ခဲ့ပါသည်။ ကြွားဝါ၍မရသည့်အတွက် အရှုံးမရှိစေဖို့အလို့ငှာ၊ ဒုက္ခများစွာ ခံမနေတော့ဟု ကျွန်မ တွေးမိသည်။ စာတန်၏ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” နှင့် “ထင်ရှားကျော်ကြားမှုရရှိခြင်း” ဟူသည့် အဆိပ်များက၊ ကျွန်မစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ ယင်းတို့က ကျွန်မ လုပ်သမျှတွင် ကျွန်မ၏ ကိုယ်ပိုင်အကျိုးအမြတ်ကိုသာ တွေးဖို့အလို့ငှာ၊ ကျွန်မ၏ လုပ်ရပ်တိုင်းကို ထိန်းချုပ်နေသည့် ကျွန်မ၏ အခြေခံသဘောတရားများ ဖြစ်လာကြသည်။ နာမည်ကောင်းနှင့် အကျိုးအမြတ်အတွက် ကျွန်မ လုပ်ခဲ့မိသည်၊ သို့မဟုတ်ပါက ကျွန်မ မလုပ်ခဲ့ပါ။ ကျွန်မ တာဝန်အတွက်ပင် ထိုကဲ့သို့ ဖြစ်ခဲ့ပါသည်။ ကျွန်မ ကြွားဝါ၍ရသည့်အခါ၊ ကြိုးစားခဲ့သော်လည်း၊ ကျွန်မ၏ အလိုဆန္ဒများမပြည့်သည့်အခါ၊ ဟန်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဘုရားသခင်၏ အိမ်တော်အတွက် လုံးဝမစဉ်းစားခဲ့ပါ။ ကျွန်မသည် ကျွန်မ၏ လှည့်စားသော သဘာဝ၌ အစဉ် အသက်ရှင်နေကာ၊ မိမိ၏နာမည်ကောင်းနှင့်နေရာအတွက် အမြဲ ကြံစည်နေခဲ့ပါသည်။ ကျွန်မအလုပ်မှာ တာဝန်ယူမှု စိုးစဉ်မျှ မရှိသကဲ့သို့၊ အသိစိတ်၊ ဆင်ခြင်တုံတရား သို့မဟုတ်၊ ဂုဏ်သိက္ခာမရှိဘဲ၊ မိမိ၏တာဝန်၌ ပေါ့လျော့ပြီး လှည့်စားခဲ့ပါသည်။ ကျွန်မက လုံးဝကို အားကိုး၍မရခဲ့ပါ။ ကျွန်မသိသည့် ညီအစ်ကို မောင်နှမများစွာက အလွန် သန့်စင်ပြီး ရိုးသားကြသည်မှာ၊ စင်ပေါ်မှာ အရှေ့တွင် ဖြစ်စေ အနောက်တွင်ဖြစ်စေ၊ ဘုရားသခင် လိုအပ်သည့် အရာအတွက် သူတို့ အကောင်းဆုံး ကြိုးစားကြသည်ကို ကျွန်မ စဉ်းစားမိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အဆိုအက များက တိုးတက်လာပြီး၊ ဘုရားသခင်၏ ကောင်းချီးနှင့် လမ်းညွှန်မှုကို ၎င်းတို့ မြင်နိုင်ကြသည်။ ပြီးလျှင် ရိုက်ကွင်းနောက်ကွယ်မှာ ရှိနေသည့်သူများကလည်း၊ သူတို့ကို မည်သည့်အခါမျှ လူမမြင်သော်လည်း၊ သူတို့လုပ်ရမည့်အပိုင်းကို တိတ်တိတ်လေး လုပ်သွားကြသည်။ အစီအစဉ်က အွန်လိုင်းပေါ်ရောက်သွားသည်ကို မြင်ရရုံနှင့်ပင်၊ သူတို့အလုပ်က တန်သွားပြီဟု ပြောကြပါသည်။ သို့ရာတွင် ကျွန်မကမူ ကြွားဝါပြ၍မရသည့်အချိန်တွင်၊ ကျွန်မ တာဝန်သေးသေးလေးကို ကောင်းစွာ မထမ်းဆောင်ခဲ့ပါ။ ကျွန်မက လုံးလုံး လူ့သဘာဝ မရှိခဲ့ပါ။ ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်းပြီး ဖြောင့်မတ်သောကြောင့်၊ ကျွန်မကဲ့သို့ လူ့သဘာဝနှင့် အားထုတ်မှုမျိုးများကို သူက ရွံရှာမုန်းတီးသည်။ ကျွန်မ၏တာဝန်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုပ်ဆောင်မှု မရရှိနိုင်ခဲ့ဘဲ၊ ဘဝမှာလည်း တိုးတက်မှု မရခဲ့ပါ။ ကျွန်မသာ နောင်တမရသေးပါက၊ မည်သည့်အခါမျှ သမ္မာတရားကို ရရှိမည်မဟုတ်သည်ကို ကျွန်မ သိခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်၏ ထုတ်ပယ်ခြင်းကိုသာ ခံရလိမ့်မည် ဖြစ်သည်။ ကျွန်မ၏ ပြန်လည်သုံးသပ်ခြင်း၌ ဤအချိန်တွင် အနည်းငယ် ကြောက်သွားခဲ့ပြီး “အို ဘုရားသခင်၊ လူ့သဘာဝမရှိဘဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ နေခဲ့ရတာ၊ ဘယ်လောက်ရှက်စရာကောင်းမှန်း သိခဲ့ရပါပြီ။ ဘုရားသခင် ကျွန်မ နောင်တရပြီး ပြောင်းလဲချင်ပါပြီ။ ကျေးဇူးပြုပြီး ကျွန်မရဲ့ဆိုးယုတ်တဲ့စိတ်သဘောထားတွေရဲ့ ချည်နှောင်မှုကို ဖယ်ရှားပြီး တာဝန်အပေါ် အာရုံစိုက်နိုင်အောင် လမ်းညွှန်ပေးပါ။” ဟု ဘုရားသခင်ထံမှာ ဆုတောင်းခဲ့ပါသည်။

နောက်ပိုင်းတွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ပါသည်။ “ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် ဆက်ကပ်ရန် သင်ဆန္ဒရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရုံ ထမ်းဆောင်၍မရနိုင်ပေ၊ သင့်အပေါ် ဘုရားသခင်နှင်းအပ်သည့် မည်သည့် တာဝန်ပေး ခိုင်းစေချက်ကိုမဆို လက်ခံရမည်။ သင့်အကြိုက်များနှင့် ကိုက်ညီပြီး သင့်စိတ်ဝင်စားမှုများ အတိုင်းအတာအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင် မပျော်ပိုက်သော အရာတစ်ခု သို့မဟုတ် ယခင်က မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်စေ၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်စေဦးတော့၊ ယင်းကို သင်လက်ခံပြီး နာခံသင့်သည်။ သင် လက်ခံရမည်သာမက၊ ယင်းကို တက်ကြွထက်သန်စွာ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ပြီး သင်ယူလေ့ကျက်ကာ ဝင်ရောက်မှုကို ရရှိရမည်။ အကယ်၍ သင်သည် ဒုက္ခဆင်းရဲခံစားရပြီး ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ထင်ပေါ်နိုင်စွမ်း မရှိခဲ့ဖူးလျှင်ပင် သင်၏ ဆက်ကပ်မှု၌ သင် သစ္စာစောင့်သိရဦးမည် ဖြစ်သည်။ ယင်းကို သင်ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်မှတ်ယူရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘဲ သင်၏တာဝန်အဖြစ် မှတ်ယူရပေမည်။ လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က လူတစ်ဦးကို ပြုလုပ်ရမည့် အလုပ်တာဝန်တစ်ခု ပေးသည့်အခါနှင့် ထိုအခိုက်အတန့်တွင် ထိုလူ၏တာဝန် ပေါ်လာခြင်း ဖြစ်သည်။ သင့်ကို ဘုရားသခင်ပေးသည့် အလုပ် တာဝန်များ၊ သင့်ကို ဘုရားသခင်ပေးသည့် တာဝန်ပေး ခိုင်းစေချက်များ၊ ဤအရာများမှာ သင်၏ တာဝန်များ ဖြစ်သည်။ ယင်းတို့ကို သင်၏ ပန်းတိုင်များအဖြစ် သင်လိုက်လျှောက်ပြီး၊ ဘုရားသခင်ကို ချစ်သောနှလုံးသား သင်၌ အမှန်တကယ်ရှိသောအခါ၊ ငြင်းချက်တစ်ခု သင် ပြုနိုင်သေးသလော။ ယင်းတို့ကို သင်မငြင်းဆန်သင့်ပေ။ ယင်းတို့ကို သင်လက်ခံသင့်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ကျွန်မ၏တာဝန်က ကျွန်မအတွက် ဘုရားသခင်၏ စေခိုင်းချက်ဖြစ်ကြောင်းနှင့်၊ ထိုတာဝန်၌ ကျွန်မသည် တတ်ကျွမ်းမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကြွားဝါခွင့် ရရ၊ မရရ ကျွန်မ၏ ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကို စွန့်လွှတ်ပြီး၊ ယင်းကို ကျွန်မတာဝန်အဖြစ် သတ်မှတ်ကာ၊ ဘုရားသခင် လိုအပ်သည့်အရာကို အစွမ်းကုန် လုပ်သင့်ပါသည်။ မည်သည့် ဖွဲ့စည်းပုံတွင်ဖြစ်စေ၊ အချို့က ရှေ့မှာနေရပြီး အချို့က နောက်မှာနေရသည်၊ ပြီးလျှင် ၎င်းတို့ မည်သည့်နေရာမှာဖြစ်စေ သူတို့၏တာဝန်ကို သူတို့ ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်မ၏တာဝန်အပေါ် ကျွန်မတို့၏ ရည်ရွယ်ချက်နှင့် သဘောထားများ အပြင်၊ တာဝန်အပေါ် စိတ်နှစ်မြှုပ်ထားခြင်း ရှိမရှိ၊ တာဝန်ယူစိတ် ရှိမရှိ၊ ပြီးလျှင် ဘုရားသခင်ကို ကျေနပ်အောင်လုပ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိတို့ကို ကြည့်ပါသည်။ ကျွန်မက အခြား တင်ဆက်သူများကဲ့သို့ ပင်ကိုအထုံပါရမီ မရရှိထားသော်လည်း၊ ကျွန်မ၏ ကျွမ်းကျင်မှုနှင့် အသက် ဝင်ရောက်မှု တိုးတက်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်က ကျွန်မကို လေ့ကျင့်ဖို့အခွင့်အရေး ပေးခဲ့သည်ကို ကျွန်မ တွေးမိသည်။ ယင်းက ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းတရား ဖြစ်ပေသည်။ ကျွန်မသည် ယခင်ကကဲ့သို့ ဘုရားသခင်၏ စိတ်ဆင်းရဲစေကာ၊ စိတ်ပျက်စေလျက်၊ တစ်ကိုယ်ကောင်းမဆန်ဖို့၊ စက်ဆုပ်ဖွယ်မကောင်းဖို့နှင့် အကြင်နာမမဲ့ဖို့ မဖြစ်နိုင်သည်ကို ကျွန်မ သိခဲ့ပါသည်။ ကျွန်မ အရှေ့မှာပဲဖြစ်ဖြစ် အနောက်မှာပဲနေနေ၊ ကျွန်မကို ကင်မရာထဲမှာ မြင်မြင်၊ မမြင်မြင်၊ တာဝန်ကို ဖြူစင်စွာနှင့် ရိုးသားစွာ ထမ်းဆောင်ပြီး ဘုရားသခင်၏အချစ်ကို ပြန်ပေးဆပ်နိုင်ဖို့ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် ကျရာနေရာကို လက်ခံရပါတော့မည်။

ထို့နောက်တွင် ကျွန်မ သေချာဆုတောင်းပြီး ဘုရားသခင်ကို အားကိုးကာ၊ ကျွန်မတို့ မည်သည့်အရာကို လေ့ကျင့်ခဲ့ပါစေ အလုပ်ကြိုးစားခဲ့ပါသည်။ ကျွန်မတို့ အစမ်းလေ့ကျင့်မှုမတိုင်မီ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြသည့်အခါ၊ ဘုရားသခင်၏ လိုအပ်ချက်များကို သေချာ စဉ်းစားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစမ်းလေ့ကျင့်မှုများမှာ လက်တွေ့လုပ်ဆောင် ခဲ့ကြပါသည်။ နည်းပြက ကျွန်မ၏ ပြဿနာများကို ထောက်ပြသည့်အခါ၊ နားထောင်ခဲ့ပြီး သူမ၏အကြံဉာဏ်ကို ကျွန်မ၏လေ့ကျင့်မှုများမှာ ထည့်သွင်း လုပ်ဆောင်ခဲ့ပါသည်။ ထို့နောက်တွင် ကျွန်မ၏ လိုအပ်ချက်များကို မှတ်ထားပြီး ပိုလေ့ကျင့်ဖို့ အားသည့်အချိန်ကို အသုံးချခဲ့ပါသည်။ စိတ်မပါလက်မပါ တော်ရုံလောက်လေ့ကျင့်ခြင်းမျိုး မလုပ်တော့ပါ။ အစမ်းလေ့ကျင့်မှုများအတွက် မှန်ကန်သည့် စိတ်ထား ထားရှိသည့်အခါ၊ နေ့တိုင်းက ပြည့်စုံနေသကဲ့သို့ ခံစားခဲ့ရပါသည်။ ကျွန်မ၏တာဝန်မှာ ဘုရားသခင်၏ လမ်းညွှန်မှုကို တကယ်ခံစား၍ရပြီး၊ ယခင်ကကဲ့သို့ မပင်ပန်းခဲ့ပါ။ အချိန်အတော်ကြာပြီးနောက် ကျွန်မ၏ ကကွက်များနှင့် သရုပ်ဆောင်ချက်များအားလုံး တိုးတက် လာပြီး၊ အစ်မများက ကျွန်မ၏ သီဆိုမှုနှင့် မျက်နှာထားများ အလွန် တိုးတက်လာသည်ဟု ပြောခဲ့ပါသည်။ ကျွန်မ၏ တာဝန်၌ ရိုးသားသည့် နှလုံးသားနှင့် ချဉ်းကပ်ဖို့ မည်မျှအရေးကြီးသည်ကို ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါသည်။

ရိုက်ကူးရေးတော်တော်များများမှာ ကျွန်မက နောက်မှာ နေနေရဆဲဖြစ်ပြီး ရိုက်ကွက်ထဲမပါသောကြောင့်၊ တစ်ခါတစ်ရံတွင် အကောင်းဆုံးမလုပ်လိုပေ။ ထို့ကြောင့် ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကို မည်သို့သိအောင်လုပ်ဖို့နှင့် မိမိကိုယ်ကို မည်သို့ရင်းနှီးမြှုပ်နှံရဖို့တို့ကို ကျွန်မ စဉ်းစားခဲ့ပါသည်။ အချိန်ကြာခဲ့သော်လည်း၊ ကျွန်မ၏စိတ်ဓာတ်လည်း များစွာ တိုးတက်လာခဲ့ပါသည်။ ကျွန်မ နောက်မှာနေရသည့်အခါ အရှေ့မှာရှိသည့် ညီအစ်ကိုမောင်နှမများအတွက် ဆုတောင်းပေးခဲ့သည်။ ကင်မရာမှာ မပါသည့်အခါတွင်၊ ကျွန်မအလုပ်အတွက် လုပ်နိုင်သည့်အရာများကိုလုပ်ရင်း၊ အစ်မများကို ဝတ်စုံများ ဆံပင်ပုံစံများ ကူပြီး ပြင်ဆင်ပေးခဲ့သည်။ အစ်မအချို့ နောက်မှာ နေရသောကြောင့်၊ အပျက်သဘောဆောင်လာသည်ကို တွေ့ရသည့်အခါ၊ ဘုရားသခင်၏အလိုတော်နှင့်ပတ်သက်ပြီး ကျွန်မမိတ်သဟာယ ဖွဲ့ပေးခဲ့သည်။ ကျွန်မ၏တာဝန်ကို ထိုနည်းဖြင့် လုပ်ခြင်းက ကျွန်မကို စိတ်ချမ်းသာစေပြီး ကျွန်မအခြေအနေလည်း ဆက်လက် တိုးတက်လာခဲ့သည်။ ကျွန်မ၏ ဩဇာတိက္ကမနှင့် ဂုဏ်ဒြပ်တို့ကို ဘေးဖယ်ထားပြီး သမ္မာတရားကို အနည်းငယ် လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုမှ လာခြင်း ဖြစ်သည်၊ ပြီးလျှင် ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ဘဝစည်းမျဉ်းများက ကျွန်မကို အလွန်ထိခိုက်ပျက်စီးလျက် ကျန်ရစ်စေခဲ့သည်

ချန်ကိုင်း၊ လောင်နင်စီရင်စု “လိုလိုလားလားရှိသောမြင်းပေါ်သို့ အားလုံးသည် ဝန်ထုပ်များတင်ကြ၏”ဟူသည့် စကားရပ်သည် ကျွန်မ ကိုယ်တိုင်ကိုယ်ကျ...

ရိုးသားခြင်းတွင် ကြီးမားသော ပျော်ရွှင်မှု ရှိသည်

ဂန်အင်း၊ အန်းဟွီစီရင်စု ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်မိဘများက၊ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့်...

သေခြင်းတရားအားဖြင့် စမ်းသပ်မှု

ရှင်တောက် တောင်ကိုရီးယားနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ...