ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

27.02.2021

ရှောင်မင် တရုတ်နိုင်ငံ

လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့် ချီးမြှောက်မှုဖြစ်သည်ကို ကျွန်မသိခဲ့သည်။ အမှန်တရားကို လေးလေးနက်နက် ရှာဖွေပြီး ကျွန်မ၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ဖို့လည်း စိတ်ထဲမှာ ဆုံးဖြတ်ထားခဲ့သည်။ ထို့နောက်မှာ အသင်းတော်အလုပ်များနှင့် ကျွန်မအလုပ်ရှုပ်နေခဲ့သည်၊ ပြီးလျှင် ကျွန်မ အခက်အခဲများကြုံလာသည့်အခါ၊ ဘုရားသခင်ကိုသာ အားကိုးပြီး မျှော်လင့်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ပြီး ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့ပါသည်။ အချိန်အနည်းငယ် ကြာပြီးသည့်နောက် အသင်းတော်၏အလုပ်များ အကုန်လုံးက ခရီးစတွင်လာခဲ့ပြီး ဘုရားသခင်၏လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါသည်။ မကြာမီတွင် နောက်ထပ် အသင်းတော်ခေါင်းဆောင်ခန့်ဖို့ ရွေးချယ်ပွဲ လုပ်ခဲ့ပြီး လွန်ခဲ့သည့် သုံးနှစ် လေးနှစ်က ကျွန်မနှင့်အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အစ်မရှားက မထင်မှတ်ဘဲ အရွေးခံရသည်။ အစ်မရှားက ဘုရားသခင်ကို ယုံကြည်သည်မှာ သိပ်မကြာသေးဘဲ၊ သူမ၏ဘဝအတွေ့အကြုံက အနည်းငယ်လေးနက်မှုမရှိပါ။ ယခင်က ကျွန်မတို့အတူတူအလုပ်လုပ်ခဲ့စဉ်က၊ သူမကြုံရသည့် အခက်အခဲနှင့် ပြဿနာအချို့ကို ကူပြီးဖြေရှင်းပေးဖို့ လိုအပ်ခဲ့သည်။ ယခုတစ်ခေါက် ကျွန်မတို့ အတူတူအလုပ်လုပ်ကြရာတွင်၊ ကျွန်မကသူမထက် ပိုပြီး လုပ်နိုင်မည်ဟု ခံစားခဲ့မိသည်။

ကျွန်မအိမ်ပြန်ရောက်သည့်အခါ၊ အစ်မရှားက ကျန်းရှီအသင်းတော်က အဖွဲ့ခေါင်းဆောင်က လက်တွေ့အလုပ်များမလုပ်နိုင်၍ အစားထိုးရမည် ဖြစ်ပြီး ထို့နောက်တွင် ချက်ချင်းဖြေရှင်းဖို့လိုသည့် လက်တွေ့ပြဿနာ အချို့လည်းရှိသည်ဟု ပြောထားသည့် စာတစ်စောင်တွေ့ခဲ့သည်။ သူမက ကျွန်မကို သွားကူစေချင်ခဲ့သည်။ ဤအကြောင်းကို စဉ်းစားကြည့်သည့်အခါ၊ ကျွန်မက သူမထက် ပိုလုပ်နိုင်မည်ဟု သူမတကယ် ထင်ပုံရသည်။ သူမက ကျွန်မကို အရမ်းအားကိုးသည့်အတွက် ကျွန်မလည်း အရှက်မကွဲအောင် အလုပ်ကို သေချာလုပ်ပြဖို့ လိုအပ်ခဲ့သည်။ ထိုအကြောင်းကို ကျွန်မ တွေးမိလေ ပျော်လေဖြစ်သည်။ ကျွန်မ တွေ့ဆုံပွဲကိုရောက်သည့်အခါ အစ်မရှားက အလုပ်ကိုသေချာ အတိအကျနားလည်သည်ကိုလည်းကောင်း၊ သူမ၏အမှန်တရားအပေါ်မှာ မိတ်သဟာယဖွဲ့ခြင်းကလည်း သူ့အဆင့်နှင့်သူရှိပြီး လက်တွေ့ကျသည်ကိုလည်းကောင်း ကျွန်မ တွေ့ရသည်။ လွန်ခဲ့သည့် သုံးနှစ် လေးနှစ်အတွင်းမှာ သူမက အတော်အတန် တိုးတက်လာသည်ကို မြင်ကာ ကျွန်မ အံ့ဩရလေသည်။ ကျွန်မက သူမထက်ပိုလုပ်နိုင်ပြီး သူမကိုများစွာ ကူပေးရမည်ဟု ထင်ခဲ့မိသော်လည်း၊ ယခု သူမလည်း ကျွန်မနှင့်တန်းတူ လုပ်ကိုင်နိုင်စွမ်း ရှိသည့်ပုံပေါက်လေသည်။ ကျွန်မတော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားပြီး၊ သူမကဦးဆောင်မည့် ပုံစံ ဖြစ်နေခဲ့သောကြောင့်၊ ကျွန်မ အရည်အချင်းကို ညီအစ်ကိုမောင်နှမအားလုံးကို မြင်စေမှဖြစ်မည်ဟု ခံစားခဲ့ရသည်။ ကျွန်မအနေနှင့် ကြိုးစားအားထုတ်မှုကို အနည်းငယ်မျှ မလျှော့ခဲ့သော်လည်း၊ ကျွန်မ၏မိတ်သဟာယဖွဲ့ခြင်းကို သူမထက် ပိုကောင်းအောင် မည်သို့လုပ်ရမည်ကို ဦးနှောက်ခြောက်နေခဲ့သည်။ ရလဒ်အနေနှင့် ကျွန်မ၏မိတ်သဟာယဖွဲ့ခြင်းက အရမ်းပျင်းဖို့ ကောင်းသွားပြီး ကျွန်မကိုယ်တိုင်ပင် စိတ်ကျေနပ်မှုမရခဲ့ပါ။ ကျွန်မ သိက္ခာကျသည်ဟု ခံစားခဲ့ရပြီး စိတ်ညစ်ခဲ့ရသည်။

ထိုအချိန်ကစပြီးနောက် ကျွန်မက အစ်မရှားနှင့် ယှဉ်ပြိုင်ခြင်းကို မရပ်နိုင်ခဲ့ပါ။ တစ်ခါက တွေ့ဆုံပွဲတစ်ခုမှာ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သူမက သိရသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သင့်တော်သည့်စကားများကို ရှာခဲ့ပြီး၊ သူမ၏ တကယ့်အတွေ့အကြုံနှင့်တွဲပြီး သူမ၏ မိတ်သဟာယမှာ ထည့်ပြောသွားသည်၊ ပြီးလျှင် အားလုံးက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေကြသည်။ အချို့က လိုက်မှတ်နေကြပြီး၊ အချို့က “အခုကစပြီးတော့ ငါတို့သွားရမဲ့ လမ်းကြောင်းရှိသွားပြီ။” ဟု ပြောကြသည်။ ကျွန်မက ဤသည်ကို လေးစားမိသကဲ့သို့ အားလည်းကျမိသောကြောင့်၊ ကျွန်မ မည်သည့်အရာများ တွေးနေခဲ့မိပါသနည်း။ “အခု ငါလည်း မြန်မြန်လုပ်ပြီး မိတ်သယာယ မျှဝေရမယ်။ ဘယ်လိုနည်းနဲ့မှ ငါက သူ့ကိုမမီဘူးဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။” သို့ရာတွင် ယင်းကို တွေးမိလေလေ မိတ်သဟာယအတွက် မည်သည့်အရာမျှ မစဉ်းစားနိုင်လေ ဖြစ်လာသည်။ ကျွန်မ “နင်က အဲဒီလောက် မိတ်သဟာယဖွဲ့စရာ လိုလို့လား။ ပြောစရာရှိတာ အကုန်ပြောပြီးနေပြီ။ ငါဒီမှာ ငူငူငေါင်ငေါင်နဲ့ ထိုင်နေပြီးတော့- အလှဆင်ရုံကလွဲပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။ မဖြစ်ဘူး။ ငါ့သိက္ခာဆယ်ဖို့ မိတ်သယာယဖွဲ့ပြီး နည်နည်းတော့ မျှဝေရမယ်။” ဟု စဉ်းစားလျက်၊ အစ်မရှားအပေါ်မှာ မလိုမုန်းထားစိတ်များ ဖြစ်လာသည်။ သူရေသောက်ဖို့ နားသည့်အချိန်တွင်ပင် ကျွန်မထိုင်ခုံကို အရှေ့ကိုရွှေ့ပြီး မိတ်သဟာယ စဖွဲ့ခဲ့သည်။ တကယ်ကောင်းသည့် အရာတခုခုကို မျှဝေချင်ခဲ့သော်လည်း၊ မျှော်လင့်သလောက်မရခဲ့ပါ။ ကျွန်မ မိတ်သဟာယဖွဲ့သည့်အရာက ဗျောက်သောက်ဖြစ်နေသည်။ ညီအစ်ကို မောင်နှမများက ကျွန်မကို အူကြောင်ကြောင်နှင့် ကြည့်ကြသည့်အခါကျမှ ကျွန်မအကြောင်းအရာ လုံးဝလွဲနေပြီကို သတိထားမိခဲ့သည်။ ကျွန်မက တော်တော်လေး စိတ်မသက်မသာဖြစ်ပြီး ကျင်းတစ်ခုထဲ ဝင်ပုန်းချင်ခဲ့မိသည်။ မိမိကိုယ်ကိုယ် အရှက်ရအောင်လုပ်မိသွားသည်။ ကျွန်မကို အထင်ကြီးစေချင်ခဲ့သော်လည်း၊ အဆုံး၌ ကြောင်တောင်တောင် ဖြစ်သွားသည်။ ကျွန်မအစွမ်းပြဖို့ ကြိုးစားခဲ့သော်လည်း၊ အရေးနိမ့်သွားသည်ကို အားလုံးတွေ့သွားခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ ကျွန်မ၏အစ်မကို အလင်းပြပြီး ကျွန်မကို မပြခဲ့သည့်အတွက် ဘုရားသခင်ကို စတင် အပြစ်တင်နေမိကာ၊ အခြားညီအစ်ကိုမောင်နှမများက ကျွန်မကို ယခုကစပြီး မည်သို့ မြင်သွားမည်ကို စိုးရိမ်နေမိသည်။ ဤသည်ကိုတွေးမိလေလေ ကျွန်မ ပိုပြီးစိတ်ပျက်မိလေလေ ဖြစ်လေသည်။ ထိုအခြေအနေက ထွက်ပြေးပြီး ကျွန်မ ထွက်ပြေးချင်ပြီး၊ သူမနှင့်ဆက်အလုပ်မလုပ်ချင်တော့ပါ။ တစ်ချိန်က တွေ့ဆုံပွဲတစ်ခုတွင် ညီအစ်မနှစ်ယောက်က သိပ်အဆင်မပြေဘဲ၊ အစ်မရှား၏ မိတ်သဟာယပြီးသည့်နောက်လည်း တိုးတက်မှု တစ်စုံတစ်ရာ ရှိမလာသည်ကို ကျွန်မ မှတ်မိသေးသည်။ ကျွန်မက မိတ်သဟာယဖွဲ့သည်ကို မကူညီခဲ့ရုံတင်မကဘဲ၊ “အခု အားလုံးက သူပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာတွေ့လိမ့်မယ်၊ အဲဒါဆို ကျွန်မကို အထင်သေးပြီး သူ့ကို အထင်ကြီးတာမျိုး မဖြစ်တော့ဘူး။” ဟူ၍ပင် တွေးခဲ့မိသည်။ ထိုအချိန်ကာလတစ်လျှောက်လုံး ကျွန်မက အစ်မရှားနှင့် တောက်လျှောက်လိုက်ပြိုင်နေခဲ့မိပြီး၊ ကျွန်မ၏ ဝိညာဉ်ရေးရာ အခြေအနေကလည်း ပို၍ ပို၍ ပျက်ပြားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ မိတ်သဟာယ ဖွဲ့နေသည့်အခါတွင်လည်း မည်သည့်အလင်းမှမရခဲ့ဘဲ၊ ညီအစ်ကို မောင်နှမများမှာ အခက်အခဲများဖြစ်စေ၊ ပြဿနာများဖြစ်စေ ကြုံနေရချိန်မှာလည်း ကျွန်မ ယင်းတို့ကို မည်သို့ဖြေရှင်းပေးရမှန်းမသိခဲ့ပါ။ ကျွန်မက ညတိုင်း အစောကြီးအိပ်ပျော်သွားပြီး ကျွန်မတာဝန်ကျေဖို့ မိမိကိုယ်ကိုယ် တွန်းအားပေးနေခဲ့ရသည်။ ကျွန်မ၏စိတ်ဒုက္ခက ဆက်၍ ပိုကြီးလာခဲ့သည်။ ကျွန်မကိုကယ်တင်ဖို့ ဘုရားသခင်ထံ ဆုတောင်းရုံကလွဲပြီး မတတ်နိုင်ခဲ့ပါ။

တစ်ရက် ကျွန်မ၏ ဝတ်ပြုခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဤစာပိုဒ်ကိုဖတ်ပြီး ကျွန်မ ဖတ်ခဲ့ရသည်။ “ရာထူး မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ၏အခြေအနေကို လုံးဝ ဖော်ပြလိုက်ပြီး ကျွန်မ၏ ရင်ထဲကို တန်းရောက်သွားသည်။ ကျွန်မသည် အဘယ့်ကြောင့်များ ထိုကဲ့သို့ စိတ်ပင်ပန်းပြီး ခက်ခဲသည့်ပုံစံနှင့် နေနေသည်ကို ကျွန်မ ပြန်တွေးမိလာသည်။ ယင်း၏အရင်းအမြစ်က ကျွန်မ၏နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တစ်ခုကို လိုချင်သည့်စိတ်ဖြစ်ပြီး ကျွန်မ၏စိတ်သဘောထားကလည်း မာနထောင်လွှားလွန်းနေခဲ့သည်။ ကျွန်မ ဤတာဝန်ကို စတင် ထမ်းဆောင်သည့်အချိန်ကို ပြန်တွေးမိသည်။ ကျွန်မ၏အလုပ်၌ အောင်မြင်မှု အနည်းငယ်ရပြီး ညီအစ်ကိုမောင်နှမများက ကျွန်မကိုအထင်ကြီးကြသည့်အခါ၊ မိမိဘာသာ တကယ်ကို ကျေနပ်ပြီး မိမိကိုယ်ကိုယ် အရည်အချင်းရှိသည်ဟု တွေးမိသည်။ အစ်မရှားနှင့် အလုပ်လုပ်ပြီး သူမက ကျွန်မထက် ပိုတော်နေသည်ကိုတွေ့သည့်အခါ၊ ကျွန်မ မနာလိုဖြစ်သည်၊ လက်မခံနိုင်ဘဲ၊ သူမနှင့်တောက်လျှောက် လိုက်ပြိုင်နေခဲ့မိသည်။ သူမထက် မသာနိုင်သည့်အခါ ကျွန်မ အပျက်သဘောဆောင်လာပြီး မကျေမနပ်ဖြစ်သည်၊ ပြီးလျှင် ကျွန်မ၏တာဝန်၌ မိမိ၏ခံစားချက်များကို ပုံချမိသည်။ ထိုညီအစ်မများ၏ အခြေအနေကို သူမက မဖြေရှင်းပေးနိုင်သည်ကိုတွေ့သည့်အခါ၊ ကျွန်မ ကူညီ၍ မိတ်သဟာယမဖွဲ့ရုံတင်မကဘဲ၊ မည်သည့်အရာမျှ ဝင်မကူခဲ့သည့်အပြင် သူမ ကျရှုံးသည်ကိုပျော်နေခဲ့မိသည်။ သူမကို အရှက်ရသည်ကို တွေ့ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ယင်းက ကျွန်မ၏တာဝန်ကို ထမ်းဆောင်ခြင်း မည်သို့များ ဖြစ်မည်နည်း။ အသင်းတော်၏ခေါင်းဆောင် တစ်ယောက်အနေနှင့် ကျွန်မလုံးဝ တာဝန်မကျေပွန်ခဲ့ဘဲ၊ အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားခဲ့သကဲ့သို့၊ ညီအစ်ကိုမောင်နှမများ၏ ပြဿနာများ ပြေလည်ခြင်းရှိမရှိကိုလည်း လုံးဝ မစဉ်းစားမိခဲ့ပါ။ သူမထက်မည်သို့သာရမည်ကိုသာ ကျွန်မ တွေးနေခဲ့သည်။ ကျွန်မအရမ်းအတ္တကြီး စက်ဆုပ်ကာ ကောက်ကျစ်လွန်းခဲ့သည်။ နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တို့က ကျွန်မကို အတွေးမှားစေခဲ့သည်။ ကျွန်မ၏ ဂုဏ်သတင်းနှင့် ဂုဏ်ဒြပ်ကို ထိန်းသိမ်းထားနိုင်သရွေ့၊ ညီအစ်ကို မောင်နှမများ၏ပြဿနာများ မပြေလည်သည်ကို မြင်လိုသကဲ့သို့၊ အသင်းတော်၏အလုပ်များကို ထိခိုက်သည်ကိုလည်း မြင်လိုခဲ့သည်။ ကျွန်မက ကျေးဇူးကန်းသကဲ့သို့ ဖြစ်မနေခဲ့ပါလား။ ကျွန်မက ထိုကဲ့သို့အရေးပါသည့်တာဝန်နှင့် မထိုက်တန်ခဲ့ပါ။ ယင်းက အရမ်း စက်ဆုပ်ဖို့ကောင်းသောကြောင့်၊ ဘုရားသခင်အဖို့ အလွန် ရွံရှာဖွယ် ကောင်းသောကြောင့်၊ ဤအတွေးတွင် နာမည်ကောင်းနှင့် ဂုဏ်ဒြပ်၏အချုပ်အနှောင်များကို ဖယ်ရှားပေးဖို့ တောင်းလျှောက်လျက်၊ ဘုရားသခင်ဆီမှာ ချက်ချင်း ဝန်ချဆုတောင်းခဲ့သည်။

ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှ ဤကျမ်းပိုဒ်ကို ဖတ်ခဲ့သည်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ဤနှုတ်ကပတ်တော်များကိုဖတ်ခြင်းက ကျွန်မ၏ စိတ်နှလုံးကို ချက်ချင်း အားတက်စေပြီး၊ ထို့နောက်တွင် ကျွန်မမှာ လမ်းကြောင်းတခု ပွင့်သွားသည်။ နာမည်နှင့် ဂုဏ်အဆင့်အတန်း၏ အချုပ်အနှောင်များက လွတ်မြောက်ချင်ပါက၊ ဦးစွာ ကျွန်မ၏စိတ်နှလုံးသားကို မှန်အောင်ထားဖို့လိုသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ဘုရားသခင်၏အလိုတော်တို့ကို ကျွန်မ နှလုံးသွင်းစဉ်းစားရမည် ဖြစ်ပြီး ကျွန်မ၏တာဝန်ကို မည်သို့ကျေပွန်အောင် ဆောင်ရွက်မည်ကို တွေးရမည်။ အပြုသဘောဆောင်သည့်အရာများ ကျွန်မ၏ စိတ်နှလုံးထဲတွင် ပိုများလာသောကြောင့်၊ အပျက်သဘောဆောင်သည့် အရာများဖြစ်သည့် နာမည်ကောင်း၊ အဆင့်အတန်း၊ ပကာသနနှင့် ဂုဏ်ဒြပ်များကို စွန့်လွှတ်ဖို့ ပိုလွယ်လာသည်။ အခြားလူများက ကျွန်မကို အထင်ကြီးခြင်းက ဘုရားသခင်၏လက်ခံခြင်း မဟုတ်ကြောင်းနှင့် အခြားလူများက ကျွန်မကို အထင်သေးသည်မှာ ဘုရားသခင်က ကျွန်မကို မကယ်တင်ခြင်း မဟုတ်ကြောင်းတို့ကို ကျွန်မသဘောပေါက်သွားသည်။ အရေးကြီးသည်မှာ ဘုရားသခင်အပေါ် ကျွန်မ၏ သဘောထားနှင့် ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိတာဝန်ကို ကောင်းကောင်း လုပ်နိုင်ခြင်း ရှိမရှိ တို့ဖြစ်သည်။ ကျွန်မကို လမ်းမှားကနေ တည့်မတ်ပေးခဲ့သည့် ဘုရားသခင်၏ဉာဏ်အလင်းပေးမှုကို ကျေးဇူးတင်မိသည်။ ကျွန်မ အစ်မရှားနှင့် မပြိုင်ချင်တော့သော်လည်း၊ ဖန်ဆင်းခံ တစ်ယောက်အနေနှင့် ဘုရားသခင်ကျေနပ်စေဖို့ တာဝန်သာ ထမ်းဆောင်ချင်တော့သည်။ ထိုအချိန်ကစပြီး အသိရှိစွာ ဘုရားသခင်ထံ ဝတ်ပြုဆုတောင်းခဲ့ပြီး ကျွန်မ၏တာဝန်နှင့် အသင်းတော်တွေ့ဆုံပွဲများအတွက် စိတ်ကို နှစ်ထားခဲ့သည်၊ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယဖွဲ့သည်ကို ကျွန်မ သေချာနားထောင်သည်။ ပြဿနာအချို့ကို တွေ့သည့်အခါ၊ ကျွန်မ သေချာချင့်ချိန် စဉ်းစားသည်၊ ထို့နောက်တွင် မိတ်သဟာယဖွဲ့ဖို့အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက သင့်တော်သည်ကိုရှာပြီး ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ပေါင်းစပ်သည်။ ကျွန်မ၏ အားနည်းချက်များကို ထေမိစေဖို့လည်း အစ်မရှား၏ အားသာချက်များမှ လေ့လာခဲ့သည်။ ဤနည်းအားဖြင့် ကျင့်ကြံနေထိုင်သည့်အခါ၊ ကျွန်မများစွာ စိတ်သက်သာပြီး စိတ်ချမ်းသာသွားသည်၊ ကျွန်မ၏အခြေအနေလည်း များစွာ တိုးတက်လာသည်။ ဘုရားသခင်၏ကျေးဇူးတော်က ကြီးလှသည်ကို ကျွန်မ ခံစားခဲ့ရပါသည်။ သို့ရာတွင် နာမည်ကောင်းနှင့် ဂုဏ်ဒြပ်တစ်ခုကို လိုချင်သည့်စိတ်က ကျွန်မဆီမှာ အခိုင်အမာ အမြစ်တွယ်နေ၍ မှန်ကန်သည့် အနေအထားကို ရောက်လာတာနှင့်တစ်ပြိုင်နက်၊ ကျွန်မ၏ ဆိုးယုတ်သည့် သဘာဝကလည်း နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

တစ်ခါက အဖွဲ့ထဲက ပြဿနာအချို့ကို သွားဖြေရှင်းပေးဖို့ လုပ်သည့်အချိန်ကို မှတ်မိသေးသည်၊ ပြီးလျှင် ကျွန်မသွားခါနီးတွင် အစ်မရှားက အဖွဲ့ထဲကပြဿနာများက အနည်းငယ်ရှုပ်ထွေးပြီး သူမလည်း လိုက်ခဲ့ချင်သည်ဟု ပြောသည်။ သူမက ထိုသို့ပြောသည်ကို ကြားလိုက်သည့်အခါ၊ ကျွန်မ၏အပျော်များ ပျောက်သွားသည်။ “ဒီတော့ နင်ပဲ ကိစ္စတွေကို ဖြေရှင်းနိုင်တာလား။ နင်လုပ်နိုင်တာကို နင်က ကြွားချင်တာ မဟုတ်လား။ အကြီးအကဲတွေရှေ့မှာ ဒီလိုပြောတာ ဘာသဘောလဲ။ ငါ့ကိုသက်သက်ကြောတာမဟုတ်လား။” ဟု ကျွန်မ တွေးမိသည်။ ထိုအချိန်က ကျွန်မ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ အဆုံး၌ ကျွန်မတယောက်တည်း သွားခဲ့သော်လည်း စိတ်အနှောင့်အယှက်ဖြစ်နေခြင်းက မည်သို့မျှ ပျောက်မသွားခဲ့ပါ။ တစ်လမ်းလုံးမှာ အစ်မရှားကို မကျေမနပ်ဖြစ်ပြီး တွေ့ဆုံပွဲနေရာကိုပင် မရှာနိုင်၍ ပြန်လာခဲ့ရသည်။ စိတ်အရမ်းပျက်ပြီး “ငါကတကယ်ပဲ အသုံးမကျဘူးလား။ တွေ့ဆုံပွဲနေရာကိုတောင် ရှာမတွေ့ဘူး။ အကြီးအကဲတွေက ဘယ်လိုထင်သွားမလဲ။ ငါ့ကိုယ်ငါ အရှက်ရအောင်လုပ်မိတာပဲ။” ဟု တွေးမိသည်။ ကျွန်မပြန်ရောက်ပြီး အခြားညီအစ်မများကိုတွေ့သည့်အခါ သူတို့နှင့်စကားမပြောချင်ခဲ့ပါ။

နောက်နေ့ကျ အစ်မရှားနှင့် ကျွန်မ အလုပ်ကိစ္စအချို့လုပ်ဖို့ အသင်းတော်ကို သီးသန့်စီသွားခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ စိတ်ခံစားချက်များ ထိန်းမနိုင်သိမ်းမရဖြစ်လာပြန်သည်။ “နင်ဘယ်လောက် တော်တော် ဂရုမစိုက်ဘူး၊ ဘယ်သူကပိုသာလဲ ကြည့်ကြသေးတာပေါ့။” ဟု ကျွန်မ တွေးနေခဲ့သည်။ ကျွန်မအသင်းတော်၏ အလုပ်အရှုပ်ဆုံး အချိန်မှာ ရောက်သွားပြီး လုပ်စရာရှိသည့်အရာများကို တန်းလုပ်ပြီး မိတ်သဟာယ ဖွဲ့သည်၊ ပြီးလျှင် အလုပ်တာဝန်များကို ချက်ချင်း ခွဲပေးသည်။ “ဒီတစ်ခေါက်တော့ ငါ တော်တော် အားစိုက်ထားတယ်။ အကျိုးရှိမှာတော့ သေချာတယ်၊ ပြီးရင် အစ်မရှားထက် ပိုသာသွားမှာပဲ။” ဟု ကျွန်မ တွေးမိသည်။ နောက်ပိုင်းတွင် လုပ်ဖော်ကိုင်ဖက် အစည်းအဝေးမှာ ကျွန်မက ကျွန်မ၏တာဝန်၌မကျေပွန်ဆုံး ဖြစ်သည်ကို သိလိုက်ရသည်။ ထိုသို့ဖြစ်နိုင်သည်ဟု ကျွန်မ မည်သည့်အခါကမျှ စိတ်ပင်မကူးခဲ့ဖူးပါ။ ထိုအခိုက်အတန့်မှာ ကျွန်မမျှော်လင့်ချက်များ အကုန်ဆုံးရှုံးသွားပြီး ကျွန်မ မည်မျှကြိုးစား ကြိုးစား အစ်မရှားထက် သာမည်မဟုတ်ဟုလည်း ခံစားမိသည်။ ထိုအချိန်တစ်လျှောက် အကြီးအကဲများက အစ်မရှား အပြန်နောက်ကျတိုင်း ဂရုစိုက်သည်ကိုမြင်လျက်၊ ကျွန်မကို လစ်လျူရှု ထားသကဲ့သို့ ခံစားရသည်။ ကျွန်မက သူမကို အရမ်းမနာလိုဖြစ်ခဲ့သည်။ သူမက ကျွန်မထက်အစစ အရာရာမှာ ပိုတော်နေပြီး အကြီးအကဲက သူမကို အရမ်းချီးမွမ်းသည်ကို မြင်သည့်အခါ၊ ကျွန်မ ထိုကဲ့သို့ နောက်တစ်ကြိမ် လုံးဝ ချီးကျူးခံရမည်မဟုတ် ဟုခံစားမိသည်။ အဖွဲ့ခေါင်းဆောင် ဖြစ်ရသည်မှာ အသင်းတော် ခေါင်းဆောင်ထက် ပိုကောင်းမည်ဟု တွေးမိသည်။ အနည်းဆုံး ညီအစ်ကို မောင်နှမများက ကျွန်မကို လေးလေးစားစားနှင့် အားပေးကြဦးမည်။ ရေကန်အကြီးကြီးထဲက ငါးသေးသေးလေးထက် ရေကန်သေးသေးလေးထဲက ငါးအကြီးကြီးပို၍ ဖြစ်လိုသည်ဟု ကျွန်မ ခံစားမိသည်။ ကျွန်မ၏မကျေနပ်ချက်များက ပိုတိုးလာသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်မှာ ကျွန်မတော်တော်ကို တောင့်ခံခဲ့ရပြီး အမြန်ဆုံး ထွက်သွားချင်ခဲ့သည်။ ကျွန်မအခြေအနေက ပိုပိုပြီး ယိုယွင်းပျက်စီးလာခဲ့သည်။ ကျွန်မ အစ်မရှားကို မနာလိုဖြစ်ပြီး မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့သည်။ သူမကြောင့် ကျွန်မ မထင်ပေါ်နိုင်ခြင်း ဖြစ်သည်ဟုလည်း ကျွန်မ ခံစားမိသည်။ “သူ့တာဝန်မှာ အမှားတစ်ခုခု လုပ်မိလို့ သူပြောင်းသွားရရင် အရမ်းကောင်းမှာပဲ။” ဟုလည်း ကျွန်မ တွေးမိသည်။

မိမိကိုယ်ကိုယ် ပြန်မသုံးသပ်ဘဲ၊ ဂုဏ်သတင်းနှင့် ကိုယ်ကျိုးအတွက်သာ အစဉ် တိုက်ပွဲဝင်နေထိုင်နေသည်နှင့်အညီ၊ ဘုရားသခင်၏ဆုံးမပဲ့ပြင်မှုက မကြာမီတွင် ကျွန်မထံ ရောက်လာခဲ့သည်။ တစ်ခါက အခြားခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတခု ကျွန်မစီစဉ်ခဲ့သည်။ မည်သူမျှ မလာရုံတင်မကဘဲ၊ အပြန်လမ်းမှာလည်း ကားဘီးပေါက်သွားပြီး မကြာမီတွင် ကျွန်မ ဆိုးဆိုးရွားရွား ခါးနာသည့်ဝေဒနာကိုလည်း စပြီးခံစားခဲ့ရသည်။ ယောင်ပြီးနာနေကာ နာကျင်မှုက တော်တော် ခံစားရသည်။ ကျွန်မ၏တာဝန်များကို မထမ်းဆောင်နိုင်သည့်အထိပင် ဖြစ်ခဲ့သည်။ ထို့နောက် ကျွန်မ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးမိသည်။ “ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက သင်တို့၏ အစေခံခြင်းမှာ ရပ်စဲလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဤသည်က ကျွန်မကို ကြောက်သွားစေသည်။ ဘုရားသခင်ကများ ကျွန်မကို ကျွန်မ၏တာဝန် ထမ်းဆောင်ခွင့်ကို ရပ်ချင်၍များ ဖြစ်နိုင်သလား။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက နောက်ထပ် ကျမ်းပိုဒ်တခုကို ထပ်ဖတ်မိသည်။ “သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ဖယ်ရှားခံရလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ပြင်းထန်သည့် နှုတ်ကပတ်တော်များက ကျွန်မကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ပုန်ကန်ပြစ်မှားသည်ကို လက်မခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားကို ကျွန်မခံစား၍ ရသည်။ အထူးသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤသည်ကို ဖတ်ရသည့်အချိန်တွင် ဖြစ်သည်။ “သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ဖယ်ရှားခံရလိမ့်မည်။” အန္တရာယ်တခုခု ကျရောက်တော့မည်ဟု ကျွန်မတကယ်ခံစားလိုက်ရသည်။ ထို့နောက်မကြာမီတွင် “အသင်းတော်ရဲ့အလုပ်တွေ အဘက်ဘက်မှာ အဆင်မပြေဘူးဖြစ်နေတယ်။” ဟု အစ်မရှား ပြောသည်ကို ကျွန်မကြားလိုက်သည်။ သူမက အရမ်းစိုးရိမ်လှသည်မှာ စတင် ငိုယိုတော့သည်။ ထို့နောက်တွင် ကျွန်မတို့၏အကြီးအကဲက အလုပ် အဆင်ပြေဖို့အတွက် ကျရှုံးမှု၏အနှစ်ချုပ်ကို ဤသည်မှာ ဘုရားသခင်၏ အိမ်တော်၏အလုပ်များကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ခြင်း ဖြစ်သည်ဟု ပြောလျက်၊ စိစစ်သုံးသပ်သည်ကို သတိရမိသည်။ ကျွန်မက ထိုအကြောင်းကို ဆက်မတွေးရဲသော်လည်း၊ ဘုရားသခင်ရှေ့ကို အမြန်သွားပြီး ဆုတောင်း ရှာဖွေခဲ့သည်။ နာမည်ကောင်းနှင့် ဂုဏ်ဒြပ်ကို မက်မောပြီး အခြားသူများကို မနာလိုဖြစ်ခြင်းက ဘုရားသခင်၏ဆန္ဒနှင့် မကိုက်ညီသည်ကို ကျွန်မ ကောင်းစွာ သဘောပေါက်သွားသောကြောင့်၊ ထိုဆိုးယုတ်သည့်အရာများကို လိုက်စားခြင်းအား ကျွန်မ အဘယ့်ကြောင့် မရပ်နိုင်ခဲ့သနည်း။

နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ထဲက နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ကျွန်မထပ်ဖတ်ခဲ့သည်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ပြဿနာ၏ဇာစ်မြစ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖွင့်ပြချက်များမှတစ်ဆင့် ကျွန်မသိလိုက်ရသည်။ ကျွန်မငယ်ငယ်ကတည်းက ကျောင်းမှာပညာသင်ပြီး လူ့အဖွဲ့အစည်း၏ လွှမ်းမိုးမှုများအောက်မှာ နေခဲ့ရသည့်အတွက် ဂုဏ်သတင်းနှင့် ဂုဏ်ဒြပ်တို့နောက်ကိုသာ ကျွန်မ အမြဲတမ်း လိုက်နေခဲ့သည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏။” တို့ကဲ့သို့ ဆိုးယုတ်သည့်အတွေးအခေါ်များနှင့် အယူအဆအမှားများသည် ကျွန်မ၏နှလုံးသားထဲ၌ အခိုင်အမာ အမြစ်တွယ်နေခဲ့သည်။ ကျွန်မ ထိုအရာများကို လိုက်နာဖို့ စကားများအဖြစ် မှတ်ယူခဲ့ပြီး ဘဝ၏ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့မိသည်။ အပြင်လောကမှာပဲဖြစ်စေ၊ ဘုရားသခင်၏အိမ်တော်တွင်ဖြစ်စေ ကျွန်မကို လူအထင်ကြီးဖို့ ကြိုးစားခဲ့သည်။ မည်သည့်နေရာတွင်ဖြစ်စေ အရှေ့ရောက်ပြီး အရေးပါချင် ထင်ပေါ်ချင်ခဲ့သည်။ ယင်းက အဓိပ္ပာယ်ရှိသည့် ဘဝနေထိုင်မှု ပုံစံဟု ခံယူခဲ့သည်။ ကျွန်မ၏အစွမ်းအစက မည်သည့်အခါကမျှ အရမ်း မထူးချွန်ခဲ့ပါ၊ ပြီးလျှင် မည်သည့်အရာကမျှ ထူးထူးခြားခြားလည်း မတော်ခဲ့သော်လည်း၊ သူများထက်နိမ့်ကျသည်ကို မခံနိုင်ခဲ့ပါ။ တစ်ယောက်ယောက်က ကျွန်မထက်သာနေပါက ကျွန်မစိတ်အလိုမကျဘဲ၊ အခြားသူများနှင့် လိုက်ယှဉ်ပြီး ပြိုင်ဆိုင်သည်ကို ကျွန်မ မရပ်တန့်နိုင်ခဲ့ပါ။ သူများထက်သာဖို့ မျိုးစုံစဉ်းစားသည်။ အခြားသူများထက်မသာနိုင်ပါက၊ မနာလိုဖြစ်ပြီး မုန်းတီးမိသည်။ မိမိကိုယ်ကိုယ်ကလွဲပြီး လူတိုင်းကို အပြစ်တင်သည်။ ယင်းက တော်တော်ကို ဆိုးရွားသည့် နေထိုင်မှုပုံစံတခု ဖြစ်သည်။ နောက်ဆုံးတွင် နာမည်ကောင်းနှင့် ဂုဏ်ဒြပ်နောက်ကို လိုက်နေခြင်းက လမ်းမှန်မဟုတ်သည်ကို ကျွန်မသိသွားသည်၊ ပြီးလျှင် ယင်းကို ကျွန်မ လိုက်လေလေ ပိုစိတ်ကြီးဝင်ပြီး အမြင်ကျဉ်းမြောင်းလေလေ ဖြစ်သည်။ ကျွန်မသည် လူသားပုံသဏ္ဌာန် ဆင်တူမှု မရှိဘဲ၊ ပိုအတ္တကြီးပြီး ရက်စက်ယုတ်မာလာခဲ့သည်။ ထို့နောက် ကျွန်မ အစ်မရှားကို ကြည့်ကြည့်သည်။ သူမက တာဝန်ကို စိတ်ပါလက်ပါနှင့် လေးလေးနက်နက်ထမ်းဆောင်ပြီး သူမ၏မိတ်သဟာယ ဖွဲ့ခြင်းကလည်း အလင်းရောင်ကို ဆောင်ကြဉ်းသည်။ ညီအစ်ကိုမောင်နှမများ၏ လက်တွေ့ပြဿနာများကိုလည်း သူမဖြေရှင်းပေးနိုင်သည်။ ယင်းက အခြားလူများအတွက်ရော အသင်းတော်အတွက်ပါ အကျိုးပြုသည်။ ယင်းက အရမ်းကောင်းပြီး ဘုရားသခင်ကို စိတ်ချမ်းသာစေနိုင်သည့်အရာ ဖြစ်ခဲ့သည်။ သို့ရာတွင် ကျွန်မကမူ စိတ်သဘောထားသိမ်ဖျင်းပြီး မနာလိုဖြစ်နေခဲ့သည်၊ ကျွန်မ၏ထင်ပေါ်ကျော်ကြားမှုကို သူမက ခိုးသွားသည်ဟု အမြဲတွေးနေခဲ့ပြီး သူမကို အမြင်မကြည်ဖြစ်လာသည်။ သူမကို အရမ်းကျရှုံးစေချင်နေခဲ့ပြီး အစားထိုးစေချင်ခဲ့သည်။ ကျွန်မ၏ မလိုမုန်းထားမှုက မည်မျှနက်ရှိုင်းနေသည်ကို တွေ့ခဲ့ရသည်။ ဘုရားသခင်က လူများကို အမှန်တရားနောက်ကို လိုက်ပြီး သူ့၏အလိုတော်ကို အလေးထားစေချင်သည်၊ ပြီးလျှင် လူများက သူ့ကို ကျေနပ်စေဖို့အတွက် သူတို့တာဝန်ကို ထမ်းဆောင်နိုင်စေချင်သည်။ သို့ရာတွင် ကျွန်မ၏နေရာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ညီအစ်ကိုမောင်နှမများက ဤကဲ့သို့လုပ်သည်ကို ကျွန်မသည်းမခံနိုင်ခဲ့ပါ။ သူတို့ကို မနာလိုဖြစ်ပြီး သည်းမခံနိုင်ဖြစ်ခဲ့သည်။ ယင်းက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မဟုတ်ပါလား။ ယင်းက ဘုရားသခင်၏အိမ်တော်၏ အလုပ်များကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း မဟုတ်ပါလား။ ကျွန်မနှင့် စာတန်နတ်ဆိုးနှင့် မည်သို့များ ကွာခြားသနည်း။ ထို့အပြင် ဂုဏ်သတင်းနှင့် နေရာအတွက် အုပ်စုဖွဲ့ပြီး သိမ်ဖျင်းသော ရုန်းကန်မှုများ ပြုသည့် ကွန်မြူနစ်ပါတီ အရာရှိများလည်းရှိသေးသည်၊ ပြီးလျှင် ပြိုင်ဘက်ကိုအနိုင်ယူဖို့၊ ရန်သူများကိုနှိမ်နင်းဖို့နှင့် လူများကိုဖိနှိပ်ဖို့ မည်သည့်အရာမဆိုလုပ်မည့်သူများ ဖြစ်ကြသည်။ သူတို့လုပ်ခဲ့သည့် မကောင်းမှုများ သူတို့သတ်ခဲ့သည့်လူများမည်မျှရှိမည်ကို သေချာပေါက် မပြောနိုင်ပါ။ နောက်ဆုံး၌ သူ့တို့ကိုယ်သူတို့သာ ပျက်သုဉ်းအောင်လုပ်ပြီး သူတို့သေသည့်အခါ၊ ငရဲမှာအပြစ်ပေးခံရလိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင်၊ သူတို့က ထိုနည်းလမ်းဖြင့် ဤကဲ့သို့ အဆုံးသတ်ရသနည်း။ ယင်းမှာ ဂုဏ်သတင်းနှင့် နေရာတခုကို အရာရာထက် ရှေ့တန်းတင်သောကြောင့် မဟုတ်ပါလား။ သို့ဆိုလျှင် ကျွန်မ၏အပြုအမူကိုပြန်ကြည့်လျက်၊ ယင်းမှာ သူတို့လောက်မဆိုးသော်လည်း၊ အခြေခံအားဖြင့် တူညီပေသည်။ ကျွန်မလည်း ဆိုးယုတ်သည့်အတွေးအခေါ်များ ဥပဒေများနှင့်နေနေခဲ့မိပြီး ကျွန်မ ဖော်ပြခဲ့သည့် စိတ်သဘောထားကလည်း မာနထောင်လွှားသည်၊ ကောက်ကျစ်ပြီး ရက်စက်ကြမ်းတမ်းခဲ့သည်။ ကျွန်မက လူသားပုံသဏ္ဌာန် မရှိဘဲ ဘီလူးသရဲများကဲ့သို့ အသက်ရှင်နေထိုင်ခဲ့မိသည်။ ယင်းက ဘုရားသခင်အဖို့ မည်သို့များ ရွံရှာစက်ဆုပ်ဖွယ်နှင့် မုန်းတီးဖွယ် မဖြစ်နိုင်သနည်း။ ဤကဲ့သို့ သွန်သင်ဆုံးမခံရခြင်းက ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားက ကျွန်မပေါ် ကျရောက်ပြီး၊ ထို့အပြင် ကျွန်မအတွက် ကယ်တင်ခြင်း ဖြစ်လေသည်။ ဤအရာများအားလုံးကို သဘောပေါက်သွားလျက်၊ ဝတ်ပြုဆုတောင်းဖို့ ဘုရားသခင်၏ရှေ့မှောက်ကို အမြန်သွားခဲ့သည်။ “အို ဘုရားသခင်၊ ကျွန်မက သမ္မာတရားနောက်ကို မလိုက်ခဲ့ဘူး။ နာမည်ကောင်းနဲ့ အဆင့်အတန်းတွေနောက်ကိုပဲ လိုက်နေခဲ့မိတယ်။ ကျွန်မက စာတန်ရဲ့ဖျက်ဆီးခြင်းနဲ့ ဆော့ကစားခြင်းတို့ကို ခံခဲ့ရပြီး လူသားပုံသဏ္ဌာန် လုံးဝမခံစားခဲ့ရဘူး။ ကျွန်မရဲ့ဂုဏ်သတင်းနဲ့ ဂုဏ်ဒြပ်ဆုံးရှုံးသွားတဲ့အခါ၊ ကျွန်မရဲ့တာဝန်ကို ဆက်မထမ်းဆောင်ချင်တော့ဘဲ၊ ကိုယ်တော့်ကို သစ္စာဖောက်ဖို့ လက်တစ်ကမ်း အလိုကို ရောက်ခဲ့တယ်။ ကျွန်မနောင်တရပါပြီ၊ ဘုရားသခင်။ သမ္မာတရားနောက်ကိုပဲ လိုက်ပြီး ကျွန်မရဲ့အစ်မနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ကိုယ်တော် ကျေနပ်ဖို့ ကျွန်မရဲ့တာဝန်တွေမှာ မြှပ်နှံနေထိုင်ပါတော့မယ်။” ဟု ပြောခဲ့သည်။

ထို့နောက်တွင် ကျွန်မ အစ်မရှားကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ နာမည်ကောင်းနှင့် ကိုယ်ကျိုးအတွက် သူမနှင့်လိုက်ပြိုင်နေမိခဲ့သည့်ပုံစံကို လေ့လာသည်။ ကျွန်မကို စောင့်ကြည့်ပြီး ကူညီပေးဖို့လည်း သူမကို ပြောခဲ့သည်။ ထို့နောက်တွင် ကျွန်မတို့တာဝန်များမှာ များစွာ ပိုပြီးချောချောမွေ့မွေ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်ခါတစ်ရံမှာ နာမည်ကောင်းနှင့် ကိုယ်ကျိုးကို လိုချင်သည့်စိတ်ဖြစ်လာခဲ့လျှင်ပင်၊ ယင်းက ကျွန်မ၏ ဆိုးယုတ်သည့်သဘောထား ပေါ်ပေါက်ခြင်း ဖြစ်သည်ဟု ကျွန်မ ချက်ချင်းပြန်မြင်တတ်လာသည်၊ ထိုသို့ ဆက်ဖြစ်နေခြင်း၏ သဘာဝနှင့် အကျိုးဆက်များကိုတွေးမိပြီး ဘုရားသခင်ကို အမြန်ဆုတောင်းပြီး ကျွန်မ အတွေးများကို သတိရှိရှိနှင့် စုစည်းသည်။ အစ်မ၏မိတ်သဟာယဖွဲ့သည်ကို တလေးတစားနှင့်သွားနားထောင်ပြီး သူမ၏စွမ်းရည်များမှတစ်ဆင့် သင်ယူသည်။ သူမ၏မိတ်သဟာယမှာ တစ်ခုခုလွဲချော်သည်ကိုတွေ့ပါက၊ ကျွန်မက ကြားဝင်ကူညီပေးသည်။ ထိုအချိန်များမှာ အားလုံးအကျိုးအမြတ်ရှိအောင် အမှန်တရားကိုမည်သို့ ရှင်းရှင်းလင်းလင်းနှင့် မိတ်သဟာယဖွဲ့ရမည်ကို ကျွန်မစဉ်းစားခဲ့သည်။ ဤကဲ့သို့တွေ့ဆုံပွဲများက တည်ဆောက်ပေးသည်ကို လူတိုင်း ခံစားရပြီး ကျွန်မလည်း သူတို့ဆီထံမှ တခုခုရခဲ့သည်။ ကျွန်မလွတ်လပ်ပြီး ရင်ထဲမှာ ပေါ့ပါးသွားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြောသကဲ့သို့ ဖြစ်သည်။ “သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။...ထိုသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်နှင့် အားဖြည့်ခြင်းတို့ရှိသည်ကို ခံစားရသည့် အခြေအနေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်ဝိညာဉ်သည် ငြိမ်သက်အေးချမ်းကာ ကျေနပ်လျက်၊ ခိုင်မာလိမ့်မည်။ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒများကို သင်၏ လက်လွှတ်ခြင်း၏ အကျိုးဆက်တစ်ခုအနေဖြင့်၊ ထိုသို့သော အခြေအနေတစ်ခုသည် သင်၏ အခြေအနေ ဖြစ်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်ခြင်းသည် မည်မျှ အံ့ဩဖွယ်ကောင်းသည်ကို ကျွန်မ အပြည့်အဝ အသိအမှတ်ပြုပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ

ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

သင်းလိ အမေရိကန်နိုင်ငံ အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။