တခြားသူတွေ ကျွန်မထက် ပိုတော်နေတာကို ကျွန်မ ဘယ်လိုသဘောထားသင့်သလဲ
ချုံရှင်း၊ တရုတ်နိုင်ငံ၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာ ကျွန်မဟာ အသင်းတော်အလုပ်မှာ အစ်မယိရှင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အတူတူအလုပ်လုပ်ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၉ ခုနှစ်မှာ ကျွန်မကို ဗီဒီယိုအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခဲ့ကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ တော်တော်လေး အရည်အချင်းရှိပုံပဲ၊ မဟုတ်ရင် သူတို့ ငါ့ကို ရွေးကောက်မှာ မဟုတ်ဘူး” လို့ပေါ့။ တစ်ချိန်တည်းမှာပဲ ကိုယ့်တာဝန်ကို စိတ်နှစ်ပြီး ကောင်းကောင်းထမ်းဆောင်မယ်လို့ သန္နိဋ္ဌာန်ချခဲ့တယ်။ အဲဒီအချိန်တုန်းက အစ်မရှောင်ယာရဲ့ 3D စွမ်းရည်က အတော်လေး ထူးချွန်တော့ လူတိုင်းက နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိရင် သူ့ဆီကိုပဲ သွားကြတယ်။ လူတိုင်း ရှောင်ယာ့နားမှာ ဝိုင်းပြီး မေးခွန်းတွေမေးနေကြတာကိုမြင်တော့ စိတ်ထဲမှာ မခံချိမခံသာဖြစ်မိပေမဲ့ အဲဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အထူးပြုတာက 2D ရုပ်သွင်နည်းပညာ ဖြစ်ပြီး 3D နည်းပညာအကြောင်း သိပ်မသိတော့ လူတွေ သူ့ကို အကူအညီတောင်းတာက ပုံမှန်ပါပဲ။ ပြီးတော့ အစ်မစူးကျဲကလည်း ကျွန်မကို နည်းပညာဆိုင်ရာ မေးခွန်းတချို့ မေးတတ်တော့ ကျွန်မအတွက် အခြေအနေက မျှမျှတတရှိတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ ညီအစ်မတွေက နည်းပညာကိစ္စတွေအတွက်တင် မဟုတ်ဘဲ သူတို့ရဲ့ အသက် ဝင်ရောက်မှုမှာရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို မိတ်သဟာယဖွဲ့ဖို့ပါ ရှောင်ယာ့ဆီကို သွားကြတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်မ တကယ်ကို မခံချိမခံသာ ဖြစ်လာတော့တာပဲ။ “ငါက အဖွဲ့ခေါင်းဆောင်လေ၊ ဘာလို့ ငါ့ဆီ ဘယ်သူမှ မလာကြတာလဲ။ ငါက ရှောင်ယာလောက် မတော်ဘူးလို့ သူတို့ ထင်နေကြတာလား။ ဒါဆို အစကတည်းက ဘာလို့ ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးခဲ့ကြသေးလဲ။ ဒါက ငါ့ကို အကျပ်ရိုက်အောင် လုပ်နေတာပဲ မဟုတ်ဘူးလား” ပေါ့။ ညီအစ်မတွေ အတူတူ မိတ်သဟာယဖွဲ့နေတာ မြင်တိုင်း ကျွန်မလည်း ပါဝင်ချင်တယ်၊ ဒါပေမဲ့ သူတို့အားလုံး ရှောင်ယာ့နားမှာ ဝိုင်းနေတာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ စိတ်ပြောင်းသွားတယ်။ “နင်က အခုတောင် လူတွေရဲ့ အဓိကအာရုံစိုက်မှုကို ခံနေရတာ၊ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါသာ အဲဒီကို သွားလိုက်ရင် နင်က ပိုထင်ပေါ်သွားပြီး ပိုတော်တဲ့ပုံ ပေါက်သွားမယ်၊ ငါကတော့ ပိုပြီးတော့တောင် အရေးမပါသလို ဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ ဒါကြောင့် ကျွန်မ လှည့်ထွက်ပြီး ဝိညာဉ်ရေးရာ ဆက်ကပ်ဖို့ တခြားအခန်းထဲကို တစ်ယောက်တည်း သွားလိုက်တယ်။ အပြင်ကနေ ရှောင်ယာရဲ့ ရယ်သံကို ရံဖန်ရံခါ ကြားရတဲ့အခါ ကျွန်မနားထဲမှာ တော်တော် ကန့်လန့်ကြီးပဲ၊ သူက သူ့ရဲ့ “ဩဇာအရှိန်အဝါ” ကို တမင်သက်သက် ကြွားလုံးထုတ်နေသလိုပဲ။ အဲဒီနောက်မှာ သူ့အပေါ် ကျွန်မရဲ့ မကျေနပ်မှုတွေက တိုးပြီးရင်း တိုးလာတယ်။ “ငါက အဖွဲ့ခေါင်းဆောင်ဆိုတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ လူတိုင်းက နင့်ကိုပဲ ဝိုင်းဝိုင်းလည်နေကြတယ်။ ဘယ်လို ငါ သိက္ခာဆည်ရမှာလဲ။ နင်က ငါ့ခံစားချက်ကို ထည့်မစဉ်းစားဘူး။ သိက္ခာလေးတော့ ဆည်လို့ရအောင် အနည်းဆုံးတော့ ပါဝင်ဖို့ ငါ့ကို ဖိတ်လို့ရနိုင်ခဲ့တာပဲ။ ငါ့ကို အဖွဲ့ခေါင်းဆောင်အနေနဲ့ နင် လုံးဝလေးစားမှုမရှိဘူးဆိုတာ ငါသိလိုက်ရပြီ” လို့ပေါ့။ နောက်ပိုင်းကျတော့ ကျွန်မ စဉ်းစားလာတယ်၊ စုဝေးပွဲတွေမှာ ကျွန်မရဲ့ မိတ်သဟာယကသာ ပိုပြီး ဉာဏ်အလင်း ပါလာရင် လူတွေက သူတို့ပြဿနာတွေကို မိတ်သဟာယဖွဲ့ဖို့ ငါ့ဆီကို လာကြမှာလားလို့ပေါ့။ ဒီလိုဆိုရင် ငါလည်း သိက္ခာနည်းနည်း ပြန်ဆည်နိုင်မှာပဲလေ။ ဒီလိုနဲ့ စုဝေးပွဲတွေမှာ ကျွန်မရဲ့ မိတ်သဟာယကို ဘယ်လို ထူးခြားအောင်လုပ်ရမလဲဆိုတာ ခေါင်းခြောက်အောင် စဉ်းစားတယ်၊ ဒါပေမဲ့ ကျွန်မ ကြိုးစားလေလေ၊ စိတ်ထဲမှာ ပိုပြီး ဟာတာတာဖြစ်လေလေပဲ။ ကျွန်မရဲ့ မိတ်သဟာယက ခြောက်ကပ်ပြီးတော့ အရသာမရှိခဲ့ဘူး၊ ပြီးသွားတော့လည်း ဘယ်သူမှ ကျွန်မဆီကို မိတ်သဟာယဖွဲ့ဖို့ မလာခဲ့ကြဘူး။ တဖြည်းဖြည်းနဲ့ တခြားညီအစ်မတွေအပေါ်မှာလည်း အပျက်သဘောဆောင်တဲ့အမြင် ဖြစ်လာခဲ့တယ်။ သူတို့နဲ့ စကားမပြောချင်ဘူး၊ အထူးသဖြင့် ရှောင်ယာကိုဆို လုံးဝ အသိအမှတ်မပြုချင်ခဲ့ဘူး။ အလုပ်ကိစ္စ ဆွေးနွေးဖို့ မဖြစ်မနေ လိုအပ်တဲ့အခါကျမှ အင်တင်တင်နဲ့ စကားပြောခဲ့တယ်၊ အဲဒီလိုအခါမှာတောင် မျက်နှာထားတည်တည်၊ လေသံမာမာနဲ့ ပြောခဲ့တယ်။ ကျွန်မ ဒီလိုဖြစ်နေတာကို မြင်တော့ ရှောင်ယာကလည်း ကျွန်မကို စကားမပြောရဲတော့ဘူး။
တစ်ညနေမှာတော့ လူတိုင်းက ရှောင်ယာ့နားမှာ ဝိုင်းပြီး မေးခွန်းတွေ ထပ်မေးကြတယ်၊ စူးကျဲတောင် ပါသေးတယ်။ သူတို့တွေ ပြောရင်းဆိုရင်း ရယ်ရင်းမောရင်း ဆွေးနွေးနေကြတာကို ကြည့်ရင်း ကျွန်မ ရုတ်တရက် ဝိုင်းပယ်ခံထားရသလို ခံစားလိုက်ရပြီး ရှောင်ယာက ကျွန်မကို တမင်သက်သက် စိတ်တိုအောင် လုပ်နေတယ်လို့ ထင်မိတယ်။ စဉ်းစားလေလေ ဒေါသထွက်လေပဲ။ ခဏကြာတော့ ရှောင်ယာက ကျွန်မကို မေးခွန်းတစ်ခုမေးတယ်။ ကျွန်မ သူ့ကို ပြန်ဖြေဖို့ စိတ်ကူးမရှိတာနဲ့ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ သူ နောက်တစ်ခေါက် ထပ်မေးတော့ ကျွန်မက သူ့ကို အရမ်းပြင်းထန်တဲ့ လေသံနဲ့ ပက်ခနဲ ပြန်အော်လိုက်တယ်။ ရှောင်ယာက နည်းနည်းကြောင်သွားပြီး “နင် ဘာဖြစ်နေတာလဲ” လို့မေးတယ်။ ကျွန်မက “ဘာမှမဖြစ်ဘူး” လို့ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ်။ ကျွန်မ ဒီလိုဖြစ်နေတာကိုမြင်တော့ ရှောင်ယာလည်း သူ့နေရာမှာသူ ပြန်ထိုင်လိုက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျွန်မ အရမ်းကို စိတ်ထိခိုက်ပြီးတော့ မွန်းကျပ်လာလို့ တခြားအခန်းထဲ ဝင်သွားပြီး ငိုတော့တာပဲ။ ရှောင်ယာက ကျွန်မအခြေအနေကို လာကြည့်ပေမဲ့ ကျွန်မ သူ့ကို လျစ်လျူရှုထားလိုက်တယ်၊ ကျွန်မရဲ့ နာကျင်မှုတွေအားလုံးက သူ့ကြောင့်ဖြစ်ရတာလို့ ခံစားနေမိတယ်လေ။ အဲဒီနောက်မှာတော့ ကျွန်မ စိတ်ထဲမှာ သူ့နဲ့ တိတ်တိတ်လေး ပြိုင်ဆိုင်လာတယ်။ မနက်တိုင်း ဝိညာဉ်ရေးရာ ဆက်ကပ်ချိန်မှာ တခြားညီအစ်မတွေ မိတ်သဟာယဖွဲ့ပြီးသွားရင် ကျွန်မ ဝင်ပြောတတ်တယ်၊ ဒါပေမဲ့ ရှောင်ယာ အလှည့်ပြီးသွားရင်တော့ ကျွန်မ လုံးဝကို တိတ်ဆိတ်နေလိုက်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ နင့်ကို ဒီအတိုင်းပဲ လျစ်လျူရှုထားလိုက်မယ်၊ အရှက်ရအောင် အလုပ်ခံရတဲ့ ခံစားချက် ဘယ်လိုရှိလဲဆိုတာ နင့်ကို မြည်းစမ်းခိုင်းရမယ်” လို့ပေါ့။ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါ တခြားသူတွေ ပြောပြီးတာနဲ့ ကျွန်မက မြန်မြန်ဆန်ဆန်ပဲ အမြင်တွေ ဝင်ပြောတယ်၊ ဒါပေမဲ့ ရှောင်ယာ ပြောပြီးသွားရင်တော့ ဘာမှမကြားလိုက်သလိုမျိုးနဲ့ သူ့ကို အဖက်မလုပ်ဘဲ နေလိုက်တယ်။ ရှောင်ယာနဲ့ တခြားညီအစ်မတွေအပေါ် ကျွန်မရဲ့ သဘောထားက သိသိသာသာ ကွာခြားနေတော့ တခြားညီအစ်မတွေကလည်း နည်းနည်း ဘောင်ခတ်ခံလာရတယ်။ အလုပ်ဆွေးနွေးပွဲတွေမှာ သူတို့စိတ်ထဲရှိတာကို လွတ်လွတ်လပ်လပ် မပြောရဲကြတော့ဘူး၊ အဲဒါကြောင့် အလုပ်ကလည်း ထိရောက်မှုမရှိသလို စုဝေးပွဲတွေရဲ့ ရလဒ်ကလည်း မကောင်းခဲ့ဘူး။ ကျွန်မက ဒီလိုလုပ်လိုက်ရင် ရှောင်ယာကို နည်းနည်း ဦးချိုးနိုင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူက တကယ်တမ်းတော့ သိပ်ပြီး မထိခိုက်ခဲ့ဘူး။ လူတိုင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက ကောင်းနေတုန်းပဲ၊ လူတွေကလည်း ပြဿနာရှိရင် သူ့ဆီကိုပဲ သွားကြတုန်းပဲ။ အဲဒါကြောင့် ကျွန်မ အရမ်းဒေါသထွက်ခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မ တာဝန်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အရင်ဆုံး စပြီး မဆွေးနွေးတော့ဘူး။ ရှောင်ယာနဲ့လည်း စကားမပြောချင်ဘူး၊ တခြားညီအစ်မတွေကိုလည်း အရေးမလုပ်ချင်တော့ဘူး။ နေ့တိုင်း တစ်ယောက်တည်းပဲ နေပြီး စိတ်ထဲမှာ အရမ်းကို ဖိနှိပ်ခံရပြီးတော့ စိတ်ဆင်းရဲနေခဲ့တယ်။
အဲဒီနောက်ပိုင်း အချိန်ကာလတစ်ခုအထိ ညနေတိုင်း ညစာစားပြီးရင် ကျွန်မရဲ့ဗိုက်က ဖောင်းလာတတ်ပြီး၊ အရမ်းကို နေရထိုင်ရခက်ခဲ့တယ်။ ကုထုံးအမျိုးမျိုးကို စမ်းကြည့်ခဲ့ပေမဲ့ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူး။ တစ်ညနေမှာ ရှောင်ယာရော ဧည့်ခံတဲ့အိမ်က အစ်မရောက ဒီလိုရောဂါမျိုးကြုံရရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့လိုတယ်လို့ ကျွန်မကို သတိပေးခဲ့ကြတယ်။ အဲဒီအခါမှသာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် သိနားလည်အောင် ဉာဏ်ပွင့်စေပြီး လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းနေတုန်းမှာ ရှောင်ယာအပေါ် မနာလိုဖြစ်ခဲ့တဲ့ မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု စိတ်ထဲမှာ ပေါ်လာပြီး ဒီကိစ္စကို ဆင်ခြင်သုံးသပ်ဖို့ လိုနေပြီဆိုတာကို သဘောပေါက်သွားတယ်။
ဝိညာဉ်ရေးရာ ဆက်ကပ်ချိန်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်လိုက်ရတော့ ကိုယ့်အခြေအနေကို နည်းနည်း နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှ မနာလိုဝန်တိုတဲ့ အခြေအနေမှာ ကျွန်မ ရှင်သန်နေခဲ့တယ်ဆိုတာ သဘောပေါက်သွားတယ်။ ရှောင်ယာ ရောက်လာပြီးကတည်းက လူတိုင်းက ပြဿနာရှိရင် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မဆီမလာဘဲ သူ့ဆီကိုပဲ သွားကြတာကို မြင်တော့ ကျွန်မစိတ်နှလုံးက ဟန်ချက်မမျှတော့ဘူး။ သူက ကျွန်မရဲ့ အရှိန်အဝါကို လုယူသွားတယ်လို့ ခံစားရပြီး မနာလိုဖြစ်သလို မကျေမနပ်လည်း ဖြစ်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာလို့ခေါ်တဲ့အရာကို ကယ်တင်ဖို့၊ စုဝေးပွဲတွေအတွင်းမှာ အစ်မတွေက ကျွန်မကို လေးစားလာအောင် ကျွန်မရဲ့မိတ်သဟာယကို ဘယ်လို ထိုးထွင်းသိမြင်မှုရှိအောင် လုပ်ရမလဲဆိုတာကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်။ ဒီလိုဆိုရင် သူတို့က အသက် ဝင်ရောက်မှုမှာ ပြဿနာအခက်အခဲတွေရှိတဲ့အခါ ဖြေရှင်းဖို့ ကျွန်မဆီကို မိတ်သဟာယလာဖွဲ့ကြမှာပေါ့လေ။ ဒါပေမဲ့ ကျွန်မ ဒီလို ကြိုးစားလေလေ၊ ဘာမှ မိတ်သဟာယဖွဲ့လို့ မရလေပဲ။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မလုပ်ဘဲ၊ အဲဒီအစား ရှောင်ယာအပေါ်ထားတဲ့ ကျွန်မရဲ့ နာကြည်းမှုက ပိုလို့တောင် ပြင်းထန်လာခဲ့တယ်။ စုဝေးပွဲတွေမှာပဲဖြစ်ဖြစ်၊ အလုပ်ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်၊ တခြားဘယ်သူပဲ ဘာပြောပြော ကျွန်မက တက်တက်ကြွကြွနဲ့ တုံ့ပြန်တယ်၊ ဒါပေမဲ့ ရှောင်ယာ စကားပြောပြီဆိုရင်တော့ သူ့ကို အဖက်မလုပ်ဘဲ တမင်သက်သက် တိတ်ဆိတ်သွားအောင်လုပ်ပြီး အရှက်ရအောင် လုပ်ခဲ့တယ်။ ဒါဟာ သူ့ကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက်ပြီး ဖယ်ကျဉ်တာပဲပေါ့။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားတာက လူတိုင်းနဲ့ ရှောင်ယာရဲ့ ဆက်ဆံရေးက ကောင်းမြဲကောင်းနေတုန်းပဲ။ ကျွန်မ ဒေါသအရမ်းထွက်လာပြီး ဘယ်သူနဲ့မှ စကားမပြောချင်တော့ဘူး၊ နောက်ပြီး ကိုယ့်တာဝန်အပေါ်မှာတောင် ဒေါသ ပုံချခဲ့မိတယ်။ ကိုယ့်ထက်တော်တဲ့သူတွေကို မနာလိုဖြစ်တာက ကျွန်မကို စိတ်ထားကျဉ်းမြောင်းပြီး သဘောထား သေးသိမ်စေခဲ့တယ်၊ တခြားသူတွေ ကိုယ့်ထက်သာတာကို ကြည့်မရနိုင်ခဲ့ဘူး။ ကိုယ့်ထက်သာတဲ့သူကို မြင်လိုက်တာနဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ဖယ်ကျဉ်ဖို့ပဲ ကြိုးစားတော့တာပဲ။ ကိုယ်လိုချင်တာ မရတဲ့အခါမှာတော့ အပျက်သဘောဆောင်ပြီး အလုပ်မှာ ပေါ့လျော့လာတယ်၊ ကိုယ့်တာဝန်ကိုတောင် လျစ်လျူရှုလာတယ်။ ကျွန်မက ကိုယ့်ရဲ့ တကယ့်အလုပ်ကို လုံးဝ လျစ်လျူရှုနေခဲ့တာပဲ။ တကယ်တမ်းတော့ ရှောင်ယာမှာ ကောင်းမွန်တဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေရှိတယ်၊ ပြီးတော့ သူက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်တယ်။ ညီအစ်မတွေက သူတို့ရဲ့ပြဿနာတွေအတွက် သူ့ဆီသွားတဲ့အခါ ကျွန်မတို့ရဲ့တာဝန်အတွက်ရော ညီအစ်မတွေရဲ့ အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိတယ်။ ကျွန်မတို့တွေ တစ်ယောက်ရဲ့အားသာချက်ကို တစ်ယောက်ယူပြီး ကိုယ့်အားနည်းချက်ကို ဖြည့်စွက်ကြဖို့၊ တစ်ယောက်ကိုတစ်ယောက်ကူညီပြီး တာဝန်ကိုကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက် ဘုရားသခင်က ကျွန်မဘေးမှာ ကျွန်မထက်တော်တဲ့သူတွေကို စီစဉ်ပေးခဲ့တာပဲ။ တစ်ချိန်တည်းမှာ ကျွန်မလည်း ဆက်ပြီး တိုးတက်နိုင်တာပေါ့။ ကျွန်မ ရှောင်ယာနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ သူ့ကို မနာလိုဖြစ်တာ၊ ဖယ်ကျဉ်တာတွေ မလုပ်သင့်ဘူး။ အဲဒီနောက်မှာ ကျွန်မ လူတိုင်းကို ပွင့်ပွင့်လင်းလင်းပြောပြီး အဲဒီအချိန်တုန်းက ရှောင်ယာအပေါ် မနာလိုဖြစ်ခဲ့တဲ့ ကိုယ့်အခြေအနေကို မိတ်သဟာယဖွဲ့ခဲ့တယ်။ ရှောင်ယာက ကျွန်မကို အပြစ်မမြင်တဲ့အပြင် ကျွန်မကိုကူညီဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကိုတောင် ရှာပေးခဲ့သေးတယ်။ ကျွန်မ အရမ်းရှက်မိပြီး နည်းနည်းလည်း နောင်တရမိတယ်၊ နောက်ဆိုရင် ကျွန်မတို့တာဝန်ကိုကောင်းကောင်း ဖြည့်ဆည်းဖို့ သူနဲ့ ကောင်းကောင်းပူးပေါင်းဆောင်ရွက်ရမယ်လို့ တွေးခဲ့တယ်။ မမျှော်လင့်ဘဲ အဲဒီနေ့ကစပြီး ကျွန်မ ဗိုက်ပွတာ ပျောက်သွားခဲ့တယ်။ အဲဒီနောက်မှာ လူတိုင်းက ရှောင်ယာ့နားမှာ ဝိုင်းပြီး မေးခွန်းတွေမေးနေကြတာကို မြင်တော့ ကျွန်မ သိပ်ပြီး စိတ်မကောင်းမဖြစ်တော့ဘူး၊ ညီအစ်မတွေနဲ့လည်း သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်။
ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုက အရမ်းတိမ်တော့ သိပ်မကြာခင်မှာပဲ ကျွန်မရဲ့အကျင့်ဟောင်းတွေ ပြန်ထလာခဲ့တယ်။ ညီအစ်မတချို့ အမြဲတမ်း ရှောင်ယာ့နားမှာဝိုင်းပြီး မေးခွန်းတွေမေးနေတာကို မြင်တော့ ကျွန်မရဲ့ ရာထူးနေရာကို တပ်မက်တဲ့စိတ်က ပြန်ပြီးတော့ သောင်းကျန်းလာပြန်ရော။ အဲဒီအချိန်မှာ အန်ကျဲက ကိစ္စတချို့ကြောင့် ရှောင်ယာအပေါ် အမြင်စောင်းနေခဲ့တယ်။ ကျွန်မက ပြဿနာကိုဖြေရှင်းပြီး သူတို့နှစ်ယောက်ကြားက အတားအဆီးကို ဖယ်ရှားပေးသင့်တာပေါ့။ ဒါပေမဲ့ ကျွန်မက အန်ကျဲနဲ့ မိတ်သဟာယဖွဲ့နေပုံရပေမဲ့၊ တကယ်တမ်းမှာတော့ အဲဒီမိတ်သဟာယကို အခွင့်ကောင်းယူပြီး ရှောင်ယာရဲ့အမှားတွေကို တမင်ထောက်ပြပြောဆိုခဲ့တယ်။ ဒါကြောင့် အန်ကျဲရဲ့ ရှောင်ယာအပေါ် အမြင်စောင်းတာက ပိုပြီးတော့တောင် ဆိုးသွားပြီး အဲဒီနောက်ပိုင်း အန်ကျဲက သူ့ပြဿနာတွေအတွက် ရှောင်ယာဆီမသွားတော့ဘဲ ကျွန်မဆီကိုပဲ လာတော့တယ်။ ဒါပေမဲ့ ရှောင်ယာ့ဘေးမှာ ညီအစ်မနှစ်ယောက်က အမြဲတမ်းဝိုင်းနေတော့ နှိုင်းယှဉ်ကြည့်ရင် ကျွန်မက အားနည်းနေတုန်းပဲ။ အဲဒီအခါမှာ ကျွန်မ အကြံတစ်ခု ထုတ်လိုက်တယ်၊ “ငါသာ သူ့ရှေ့မှာ မာနကို ခဝါချပြီး ဟန်ဆောင်လိုက်ရင်၊ ငါတို့နှစ်ယောက် ‘ပြန်ပြီး သင့်မြတ်သွားရင်’ သူက ငါ့အလုပ်ကို ထောက်ပံ့ပေးမှာပဲ။ အဲဒီအခါကျရင် ငါ့ရဲ့အဖွဲ့ခေါင်းဆောင်ရာထူးက လုံခြုံသွားမှာမဟုတ်ဘူးလား” ပေါ့။ ဒီလိုနဲ့ ကျွန်မ ရှောင်ယာကို ပြောလိုက်တယ်၊ “ကြည့်လေ၊ ငါက အဖွဲ့ခေါင်းဆောင်ဆိုပေမဲ့ နေရာတော်တော်များများမှာ နင့်လောက်မတော်ဘူး။ နင်က ရာထူးခေါင်းစဉ်မရှိတာပဲရှိတာ၊ တကယ်တမ်းတော့ အဖွဲ့ခေါင်းဆောင်နဲ့ အတူတူပဲ။ နောက်ဆိုရင် ငါတို့တွေ အဖွဲ့ရဲ့အလုပ်ကို ကောင်းကောင်းပြီးမြောက်အောင် အတူတူ ပူးပေါင်းဆောင်ရွက်ကြရအောင်” လို့ပေါ့။ အဲဒီနောက်ပိုင်း တာဝန်နဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို ကျွန်မက အရင်ဆုံး ရှောင်ယာနဲ့ တိုင်ပင်တယ်။ ကျွန်မတို့ရဲ့ တာဝန်နဲ့ပတ်သက်ပြီး သူ့မှာ စိတ်ကူးတွေ၊ အကြံပြုချက်တွေ ရှိတိုင်းမှာလည်း သူက အရင်ဆုံး ကျွန်မရဲ့အမြင်ကို မေးပြီး ကျွန်မက တခြားညီအစ်မတွေနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်။ ရှောင်ယာက ကိစ္စတိုင်းမှာ ကျွန်မနဲ့ စပြီး တိုင်ပင်တာကို မြင်တော့ ကျွန်မ စိတ်ထဲမှာ ကြိတ်ပြီး ပျော်နေခဲ့တယ်။ “နောက်ဆုံးတော့ ငါ့ပြိုင်ဘက်ကို ကိုယ့်ရဲ့လက်အောက်ငယ်သားအဖြစ် ပြောင်းလဲလိုက်နိုင်ပြီ၊ အဓိကနေရာကိုလည်း တရားသဖြင့် ရယူနိုင်ခဲ့ပြီ” လို့ပေါ့။ ဒီလိုနဲ့ပဲ ကျွန်မတို့ “သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်” ခဲ့ကြတာ တော်တော်ကြာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ တာဝန်အပြောင်းအလဲကြောင့် ရှောင်ယာနဲ့ ခွဲခဲ့ရတယ်။
သိပ်မကြာခင်မှာ အန္တိခရစ်တွေက သူတို့နဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေကို ဘယ်လိုတိုက်ခိုက်ဖယ်ကျဉ်တယ်ဆိုတာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်မိတော့ အရင်တုန်းက ကျွန်မ ပြုမူခဲ့ပုံတွေကို ချက်ချင်းပြန်သတိရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တစ်ဦး၌ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်းအတွက် ပရိယာယ်များနှင့် နည်းစနစ်များစွာ ရှိသည်။ လူသိရှင်ကြား ထိပ်တိုက်ရင်ဆိုင်မှုနှင့် စွန့်ပယ်ခြင်းတို့အပြင် သူ၏ အားအကောင်းဆုံး ပရိယာယ်တွင် အမြင်မတူသူများကို သိမ်းသွင်းစည်းရုံးကာ ထိုသူတို့အားလုံးကို သူ့အား နားထောင်အောင် လုပ်ဆောင်ခြင်းတို့ပါဝင်သည်။ အကယ်၍ အမြင်မတူသူများက နားမထောင်လျှင် အန္တိခရစ်သည် ဘာသာတရားမရှိသူတို့က နိုင်ငံရေးပြိုင်ဘက်များနှင့် ဆက်ဆံသည့် နည်းလမ်းအတိုင်းပင် ထိုသူတို့အား ဖိနှိပ်မည်၊ ချုပ်ချယ်မည်၊ ပြီးလျှင် သိက္ခာချမည်။ အန္တိခရစ်များသည် ဤမျှ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်လေ၏။ သို့သော် တစ်ခါတစ်ရံ အန္တိခရစ်များသည် လူတို့ကို သိမ်းသွင်းစည်းရုံးဖို့အတွက် နူးညံ့သောနည်းလမ်းကို အသုံးပြုမည်။ ဥပမာ အမြင်မတူသူတစ်ဦး၏ ထင်မြင်ချက်က ၎င်းတို့၏ ထင်မြင်ချက်များနှင့်အညီ မဟုတ်လျှင် ၎င်းတို့က ထိုသူ မည်သည့်အရာ နှစ်သက်ပြီး သူ၏ အားနည်းချက်များက မည်သည့်နေရာ၌ရှိသည်ကို အကဲခတ်လျက် သူ့အား ကျိုးနွံစေဖို့ စက်ဆုပ်ဖွယ်နည်းလမ်းမျိုးစုံကို အသုံးပြုမည်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အမြင်မတူသူ၏ ရှေ့တွင် ကျိုးနွံနာခံမှုကို အယောင်ဆောင်ပြီး မိမိတို့၏ အမှားများကို ဝန်ခံမည်၊ သို့မဟုတ် အမြင်မတူသူအတွက် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေဖို့နှင့် သူ့အား ကျေနပ်အားရစေဖို့ သို့မဟုတ် သူ၏ အရင်းနှီးဆုံး မိတ်ဆွေများအား အမြင်မတူသူကို ဖျောင်းဖျကောင်း ဖျောင်းဖျစေဖို့အတွက် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ထိုအမြင်မတူသူအား သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေသကဲ့သို့ ဟန်ဆောင်လျက် ‘အသင်းတော်အလုပ်အတွက် ကျွန်ုပ်တို့တွဲလုပ်နေခြင်းမှာ တကယ့်ကို အံကိုက်ဖြစ်သည်။ ကျွန်ုပ်တို့သည် အနာဂတ်တွင် ဤအသင်းတော်ကို တစ်ဝက်စီ ဝေယူနိုင်သည်။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လင့်ကစား သင်၌ရှိသော မည်သည့်အကြံပြုချက်များကိုမဆို နားထောင်မည်။ အမှန်တွင် သင်နှင့် ပူးပေါင်းဆောင်ရွက်နေမည့်သူမှာ ကျွန်ုပ်ပင်ဖြစ်သည်’ ဟု ဆို၏။ ထိုအမြင်မတူသူသည် သမ္မာတရားကို နားမလည်သည့်သူ တစ်ဦးဖြစ်ပါက အန္တိခရစ်အနေဖြင့် ၎င်းကို စည်းရုံးဖို့ လွယ်ကူမည် ဖြစ်သည်။ သမ္မာတရားကို နားလည်သည့်သူများသည် ဤအရာကို ချက်ချင်းရိပ်စားမိပြီး ‘ဤလူသည် အကြံသမား ဖြစ်သည်၊ ကောင်းပြီ။ ၎င်းသည် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ လှည့်ကွက်တစ်ခုကို သုံးနေခြင်းဖြစ်သည်။ ခက်ခဲသော နည်းဗျူဟာအစား ၎င်းက ညင်သာစွာ လာနေသည်’ ဟု ပြောလိမ့်မည်။ အန္တိခရစ်တစ်ဦးအတွက်မူ အမြင်မတူသူသည် သူ၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ခြိမ်းခြောက်သည့်သူ မည်သူမဆို၊ ထိုသူသည် မည်သူဖြစ်နေပါစေ၊ အန္တိခရစ်တို့က သူတို့ကို ရှင်းလင်းဖယ်ရှားဖို့ မည်သည့်အရာမဆို လုပ်လိမ့်မည်။ ဤလူများကို နာခံအောင် အမှန်တကယ် မလုပ်နိုင်လျှင်၊ သို့မဟုတ်မစည်းရုံးနိုင်လျှင် အန္တိခရစ်တို့သည် သူတို့ကို ဖြုတ်ချလိမ့်မည်၊ သို့မဟုတ်ရှင်းလင်းပစ်လိမ့်မည်။ အဆုံး၌ အန္တိခရစ်တို့သည် အကြွင်းမဲ့ အာဏာရရှိဖို့နှင့် ထင်ရာစိုင်းဖို့ဟူသည့် မိမိတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို ထိန်းသိမ်းဖို့ အန္တိခရစ်များ အသုံးပြုနေကျ နည်းနိဿယများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် အမြင်မတူသူများကို တိုက်ခိုက်ပြီး ကြဉ်ထားသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက် ကျွန်မ တုန်လှုပ်သွားတယ်။ အဲဒါက အဲဒီတုန်းက ရှောင်ယာအပေါ်မှာ ကျွန်မသုံးခဲ့တဲ့ လှည့်ကွက်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကျွန်မ သူ့ရှေ့မှာ မာနကိုခဝါချပြီး ဟန်ဆောင်ခဲ့ချိန်မှာ ကျွန်မက တကယ်တမ်း သူ့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားနေခဲ့တာပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်၊ ဒါက သဘောထားမတိုက်ဆိုင်သူကို တိုက်ခိုက်ဖယ်ကျဉ်တဲ့ နည်းလမ်းတစ်ခုပဲလေ။ အဲဒီအချိန်ကို ပြန်တွေးကြည့်တော့ ရှောင်ယာ့ဘေးမှာ အမြဲတမ်း ညီအစ်မတွေ ဝိုင်းနေကြတယ်၊ အလုပ်ပြဿနာပဲဖြစ်ဖြစ်၊ အသက် ဝင်ရောက်မှုမှာ အခက်အခဲပဲဖြစ်ဖြစ် လူတိုင်းက သူ့ဆီကိုပဲ သွားချင်ကြတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ သူ့ကို ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် အဖွဲ့ခေါင်းဆောင်ရာထူးကို လုံခြုံအောင်လုပ်ဖို့အတွက် ကျွန်မ ပိုပြီး သိမ်မွေ့တဲ့နည်းလမ်းကို သုံးခဲ့တယ်။ ကျွန်မ သူ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် တမင်နှိမ့်ချဟန်ဆောင်ခဲ့တယ်။ “ငါ နင့်လောက်မတော်ပါဘူး”၊ “နင်က တကယ်တော့ အဖွဲ့ခေါင်းဆောင်နဲ့ အတူတူပါပဲ” ဆိုတဲ့စကားတွေ ပြောပြီး အပေါ်ယံမှာတော့ ကျွန်မက အရမ်းနှိမ့်ချတဲ့ပုံပေါက်ပေမဲ့ တကယ်တမ်းမှာတော့ သူ့ကို ကိုယ့်ဘက်ပါအောင်ဆွဲပြီး ကိုယ့်လက်ထောက်ဖြစ်လာအောင်၊ ကိုယ့်အလုပ်မှာ ပူးပေါင်းဆောင်ရွက်လာအောင် လုပ်ချင်ခဲ့တာ။ ဒီလိုဆိုရင် လူတိုင်းက ကျွန်မကိုပဲ ဝိုင်းဝိုင်းလည်နေကြတော့မှာလေ။ အပေါ်ယံမှာတော့ ကျွန်မတို့ “သဟဇာတဖြစ်” နေပုံရတာပေါ့၊ ဒါပေမဲ့ အဲဒီနောက်ကွယ်က ကျွန်မရဲ့ရည်ရွယ်ချက်တွေက အရမ်းကို စက်ဆုပ်ရွံရှာစရာကောင်းပြီး ယုတ်ညံ့သိမ်ဖျင်းတယ်၊ ဘုရားသခင်ကလည်း ဒါကို စက်ဆုပ်ရွံရှာတယ်။ ဘာသာတရားမရှိသူတွေရဲ့လောကမှာ အာဏာအတွက် ပြိုင်ဘက်တွေနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးသမားတွေကို ကျွန်မ စဉ်းစားမိတယ်။ သူတို့က ပြိုင်ဘက်တွေကို အသရေဖျက်ချင်ဖျက်၊ မဖျက်ရင်လည်း ကိုယ့်အတွက်အသုံးချဖို့ ပရိယာယ်တွေသုံးပြီး သိမ်းသွင်းကြတယ်။ ကိုယ့်ရဲ့ရာထူးနေရာကို ကာကွယ်ဖို့အတွက် ကျွန်မလည်း ခေါင်းခြောက်အောင်စဉ်းစားပြီး ဘယ်လိုပဲ စက်ဆုပ်စရာကောင်းပြီး ယုတ်ညံ့တဲ့နည်းလမ်းကိုမဆို သုံးဖို့ဝန်မလေးခဲ့ဘူး။ ဒါက ဘယ်လိုလုပ် ယုံကြည်သူတစ်ယောက်ရဲ့ အပြုအမူဖြစ်မှာလဲ။ ကျွန်မက မယုံကြည်သူတစ်ယောက်နဲ့ ဘာမှမခြားတော့ဘူးလေ။ တကယ့်ကို စက်ဆုပ်စရာကောင်းလိုက်တာ။
ကျွန်မ ဘာလို့ ရှောင်ယာနဲ့ အမြဲတမ်းပြိုင်ဆိုင်နေရတာလဲဆိုတာကို စပြီး ချင့်ချိန်စဉ်းစားမိတယ်။ အဓိကကတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူတွေအားလုံးထဲမှာ ကျွန်မက နံပါတ်တစ်ဖြစ်ရမယ်၊ ဘယ်အဖွဲ့ဝင်ကမှ ကျွန်မထက်ပိုကောင်းတာ၊ သာလွန်တာမျိုး မရှိရဘူးလို့ ခံစားခဲ့ရလို့ပဲ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတွေ့လိုက်ရတယ်။ “သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူးပေါင်းလုပ်ကိုင်ရန် တစ်စုံတစ်ယောက်ကို သင် အမြဲတမ်း လိုအပ်နေလိမ့်မည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းသည် အရေးကြီးပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းသည် သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူတို့တွင် စာတန်ဆန်သော စိတ်သဘောထားများ ရှိပြီး အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည်။ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ ဆန့်ကျင်နိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက အလွန်မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ ‘ငါသည် အာဏာရရှိရန် လုံလောက်သော ဒုက္ခကို ခံခဲ့ရပြီးပြီ၊ အဘယ်ကြောင့် အခြားမည်သူနှင့်မဆို မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည် မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း’ ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကိုသာ လိုက်ကြပြီး ဩဇာအာဏာကိုသာ ဖမ်းဆုပ်လိုသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နောက်ကိုသာ လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်း ဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်တို့သည် မည်သည့်လူပုဂ္ဂိုလ်အတွက်မျှ အမှုကိစ္စများကို လုပ်ဆောင်နေခြင်းမဟုတ်၊ လစာရရန်နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေခြင်းလည်း သာ၍ပင် မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့သည် မိမိတို့၏ တာဝန်အတွက် ဘုရားသခင်ထံ၌ တာဝန်ခံရမည်ဟူ၍ ဖြစ်၏။ သင်သည် ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ နောက်ဆုံး၌ ဘုရားသခင်ထံ စာရင်းရှင်းရမည်ဖြစ်ပြီး အဆုံးသတ်တစ်ခု ရှိရမည်ဖြစ်သည်။ အကြောင်းမှာ သင်လက်ခံခဲ့သည့်အရာသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သောကြောင့်ဖြစ်ပြီး ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အရာတစ်ခု ဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်း ရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ ဘုရားသခင်သည် သင်၏ တာဝန်ထမ်းဆောင်မှု အလုံးစုံအပေါ် အခြေခံ၍ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်တော်မူ၏။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သလော။ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် တာဝန်တစ်ခုပေးအပ်ခြင်း ခံရလျှင် ယင်းသည် သင်ကိုင်တွယ်ရမည့် သင်၏ကိုယ်ပိုင်အမှုကိစ္စ ဟုတ်သလော။ (မဟုတ်ပါ။) ထိုအလုပ်သည် သင့်ဘာသာ ပြီးမြောက်နိုင်သော အရာတစ်ခုမဟုတ်။ သို့သော် ယင်းအတွက် သင်တာဝန်ယူရန် အမှန်ပင် လိုအပ်သည်။ ဤတာဝန်မှာ သင့်တာဝန်ဖြစ်သည်။ ထိုတာဝန်ပေးစေခိုင်းချက်ကို သင်ပြီးမြောက်ရမည်။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လည်းကောင်း၊ အစေခံရာ၌ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ ဘုရားအလိုတော်ကို သင်လိုက်လျှောက်သည့်ပုံစံဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဤအရာများနှင့် သက်ဆိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာဟာ ကျွန်မကို ရာထူးနေရာတစ်ခု ပေးခဲ့တာမဟုတ်ဘဲ တာဝန်ဝတ္တရားတစ်ခုကို ပေးခဲ့တာပဲဆိုတာကို ကျွန်မ နားလည်သွားခဲ့တယ်။ ကျွန်မက လူတိုင်းနဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ရမှာ၊ ဘယ်သူ့မှာပဲ အားသာချက်ရှိရှိ အဲဒီအားသာချက်တွေကို အပြည့်အဝအသုံးချခွင့် ပေးခဲ့ရမှာ။ တစ်ယောက်ရဲ့အားသာချက်ကို တစ်ယောက်ကယူပြီး ကိုယ့်အားနည်းချက်ကို ဖြည့်စွက်မှသာ ကျွန်မတို့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မှာလေ။ ဥပမာ၊ ရှောင်ယာက နည်းပညာပိုင်းမှာ ကျွမ်းကျင်သလို သူ့ရဲ့ အသက် ဝင်ရောက်မှုကိုလည်း အလေးထားတယ်။ ကျွန်မက သူ့ရဲ့အားသာချက်တွေကို ပိုပြီး ထုတ်ဖော်ပြသခွင့် ပေးသင့်တယ်။ ဒါက အသင်းတော်ရဲ့ အလုပ်အတွက် အကျိုးရှိရုံသာမကဘဲ ကျွန်မရဲ့ကိုယ်ပိုင်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းရာမှာလည်း အကူအညီဖြစ်မှာပဲ။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့အချိန်ကစပြီး ကျွန်မက အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ရာထူးနေရာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် တင်ထားခဲ့တယ်။ တစ်နေ့လုံး စဉ်းစားနေတာက လူတိုင်းနဲ့ ဘယ်လိုသဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ကိုကောင်းကောင်းထမ်းဆောင်မလဲဆိုတာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ရာထူးနေရာနဲ့ ပုံရိပ်ကိုပဲ စွဲလမ်းနေခဲ့တယ်။ ကျွန်မထက် သာလွန်သွားတဲ့ ဘယ်သူ့ကိုမဆို ပြိုင်ဘက်တစ်ယောက်လို မြင်ပြီး သူတို့ကို နှိမ်နင်းဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်၊ ကိုယ့်လုပ်ရပ်ကြောင့် သူတို့ထိခိုက်နစ်နာသွားမလား၊ အလုပ်ရဲ့တိုးတက်မှုကို ထိခိုက်သွားမလားဆိုတာကို နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘူး။ ဒါက ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာ ဖြစ်မှာလဲ။ ကျွန်မက အသင်းတော်အလုပ်ကို ရှင်းရှင်းလင်းလင်း နှောင့်ယှက်နေခဲ့တာပဲ။ အဆင်းနီသော နဂါးကြီးရဲ့ နိုင်ငံမှာ အရာရှိတွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေက သူတို့ထက် ပိုထင်ပေါ်ကျော်ကြားတာ၊ ဒါမှမဟုတ် သူတို့ရဲ့ အရှိန်အဝါ လုယူတာကို ဘယ်တော့မှ ခွင့်မပြုဘူးဆိုတာ ကျွန်မ တွေးမိတယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ရာထူးနေရာ ခြိမ်းခြောက်ခံနေရပြီလို့ ခံစားရလိုက်တာနဲ့ အဲဒီလူကို မလဲပြိုမချင်း ဖိနှိပ်ညှဉ်းပန်းတော့တာပဲ။ ပြီးတော့ အသင်းတော်ထဲမှာ ရာထူးနေရာအတွက် ယှဉ်ပြိုင်ကြတဲ့ အန္တိခရစ်တွေလည်း ရှိတယ်။ သူတို့က ကိုယ့်ထက်တော်တဲ့ ဘယ်သူ့ကိုမဆို မျက်စိထဲမှာ ဆူးငြောင့်ခလုတ်လို သဘောထားပြီး ဖိနှိပ်ဖယ်ကျဉ်ကြတယ်၊ ဘုရားသခင်ရဲ့ အိမ်တော်အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ပြီး နောင်တတစ်စက်မှ မရဘဲ နောက်ဆုံးမှာ အသင်းတော်ကနေ နှင်ထုတ်ခံရတယ်။ ရာထူးနေရာကို လိုက်စားခြင်းရဲ့ အကျိုးဆက်တွေက ကြောက်စရာကောင်းတယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်လုပ်ခဲ့တဲ့တစ်လျှောက်လုံး ကျွန်မက ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အမြဲတမ်း ပြိုင်ဆိုင်နေခဲ့တယ်။ အဖွဲ့ခေါင်းဆောင်ဆိုတဲ့ ရာထူးနေရာကို ဆုပ်ကိုင်ထားခဲ့ပေမဲ့ တာဝန်ကိုတော့ ကောင်းကောင်းမဖြည်းဆည်းခဲ့ဘူး။ ကိုယ့်ထက်တော်တဲ့သူတွေကိုတောင် တိုက်ခိုက်ဖယ်ကျဉ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ကျွန်မမှာ ကျန်ခဲ့တာဆိုလို့ ဘုရားသခင် စက်ဆုပ်ရွံရှာတဲ့ ပြစ်မှားခြင်းတွေချည်းပဲ။ ကျွန်မ တကယ်ကို နောင်တရမိတယ်။ အချိန်ကိုသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင် ရှောင်ယာနဲ့ရော တခြားသူတွေနဲ့ရော သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းချင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ အတွေ့အကြုံသက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်ခဲ့ရတယ်၊ အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မရဲ့အခြေအနေနဲ့ တစ်ထပ်တည်းပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဩဇာအာဏာနှင့် အဆင့်အတန်းကို ရရှိရန်အလို့ငှာ အသင်းတော်တွင် အန္တိခရစ်များ လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အခြားလူတို့၏ ယုံကြည်ကိုးစားမှုနှင့် လေးစားမှုတို့ကို ကြိုးစားရယူဖို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပိုများသည့် လူတို့ကို သိမ်းသွင်းစည်းရုံးနိုင်မည်ဖြစ်ပြီး ပိုများသည့်လူတို့အား ၎င်းတို့ကို ကြည်ညိုလေးစားအောင်၊ ကိုးကွယ်အောင် လုပ်နိုင်မည်ဖြစ်သည့်အပြင် ထိုသို့ဖြင့် အသင်းတော်တွင် အဆုံးအဖြတ် ပေးပိုင်ခွင့်ရရှိခြင်းနှင့် ဩဇာအာဏာ ကိုင်စွဲခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်မည် ဖြစ်သည်။ ဩဇာအာဏာကို ရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် အခြားလူများနှင့် ပြိုင်ဆိုင်ခြင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားသောလူများ၊ အသင်းတော်တွင် ဂုဏ်သိက္ခာ ရှိသောသူများနှင့် ညီအစ်ကို မောင်နှမများ၏ ချစ်ခြင်းကို ခံရသောသူများသည် ၎င်းတို့၏ အဓိက ရန်ဘက်ဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည့် မည်သူမဆိုသည် ၎င်းတို့၏ ရန်ဘက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ထက် အားကောင်းသော သူတို့နဲ့ မတွန့်မဆုတ်ဘဲ ယှဉ်ပြိုင်ကြပြီး ၎င်းတို့ထက် အားနည်းသောသူတို့ကို မည်သည့် သနားစိတ်မျှ လုံးဝ မခံစားရဘဲ ယှဉ်ပြိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက ယှဉ်ပြိုင်ခြင်း၊ တိုက်ခိုက်ခြင်း အတွေးအခေါ်များနှင့် ပြည့်နေသည်။ လူတို့က ယှဉ်ပြိုင်ကာ တိုက်ခိုက်ခြင်း မရှိလျှင် မည်သည့် အကျိုးကျေးဇူးမျှ ရရှိနိုင်ကြမည် မဟုတ်သကဲ့သို့ ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့အားဖြင့်သာ ၎င်းတို့ အလိုရှိသည့်အရာများကို ၎င်းတို့ ရရှိနိုင်ကြသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အဆင့်အတန်းကို ရရှိရန်နှင့် လူတစ်စုအတွင်းတွင် ပြိုင်ဘက်ကင်းသော နေရာတစ်ခုကို ရယူရန်အလို့ငှာ မည်သူနှင့်မဆို ယှဉ်ပြိုင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခုဖြစ်စေသည့် လူတစ်ဦးကိုမျှ ၎င်းတို့ ချမ်းသာမပေးကြပေ။ မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဖြစ်စေ ဤဆက်ဆံရေးများသည် ယှဉ်ပြိုင်မှုများ၊ တိုက်ခိုက်မှုများနှင့် ပြည့်နေပြီး ၎င်းတို့ အသက်ကြီးသည်အထိ ဆက်လက်၍ ယှဉ်ပြိုင်ပြီး တိုက်ခိုက်နေကြသည်။ ၎င်းတို့က ‘ထိုလူကို ငါ တိုက်ခိုက်လျှင် အနိုင်ရနိုင်မည်လော’ဟု မကြာခဏ ဆိုကြသည်။ စကားပြောကောင်းပြီး ကျိုးကြောင်းဆီလျော်သော၊ အဆီအငေါ် တည့်သော၊ စနစ်ကျသော ပုံစံတစ်ခုဖြင့် စကားပြောနိုင်သူ မည်သူမဆိုသည် ၎င်းတို့ မနာလိုဖြစ်ကာ အတုခိုးသည့် ပစ်မှတ်ဖြစ်လာသည်။ ထို့ထက်ပင်ပို၍ ထိုသူတို့သည် ၎င်းတို့၏ ရန်ဘက်ဖြစ်လာသည်။ သမ္မာတရားကို လိုက်စားပြီး ယုံကြည်ခြင်း ရှိကာ ညီအစ်ကို မောင်နှမများကို မကြာခဏ ကူညီပြီး ပံ့ပိုးပေးနိုင်သည့်အပြင် ထိုသူတို့ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့မှ လွတ်မြောက်လာရန် ထောက်ကူပေးနိုင်သည့်သူ မည်သူမဆိုအပြင် အလုပ်အကိုင်တစ်ခုခုတွင် ကျွမ်းကျင်ပြီး ညီအစ်ကို မောင်နှမများ၏ လေးစားမှု အတော်အတန် ရသောသူ မည်သူမဆိုသည်လည်း ၎င်းတို့၏ ရန်ဘက်ဖြစ်လာကြလေသည်။ ၎င်းတို့၏ အလုပ်တွင် ရလဒ်များရကာ အထက်၏ အသိအမှတ်ပြုခြင်း ရရှိသူမည်သူမဆိုသည် ၎င်းတို့အတွက် သာ၍ပင် ကြီးမားသော ရန်ဘက်တစ်ခု အလိုအလျောက် ဖြစ်လာသည်။...အန္တိခရစ်များသည် မည်သည့်နေရာတွင် ၎င်းတို့ ရှိသည်ဖြစ်စေ အမြင့်ဆုံးသော နေရာကို မလွဲမသွေ ယူလိုခြင်းမျိုး မဟုတ်ပေ။ နေရာတစ်ခုကို ၎င်းတို့ သွားသည့်အခါတိုင်းတွင် ၎င်းတို့ကို ပြုမူဆောင်ရွက်ရန် တွန်းအားပေးနေသော စိတ်သဘောထားတစ်ခုနှင့် စိတ်နေစိတ်ထားတစ်ခု ရှိကြသည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက ‘ငါ ပြိုင်ရမည်။ ပြိုင်ရမည်။ ပြိုင်ရမည်’ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် ‘ပြိုင်ရမည်’ တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာ ဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ် မြင်ခြင်းနှင့် ငါဟူသော အတ္တဆန်ခြင်း အလွန်အမင်း ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသော စိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့် တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။ သို့သော် အဆင့်အတန်းကို ရလျှင် ယင်းသည် ၎င်းတို့အတွက် မည်သည့်အကျိုး ရှိသနည်း။ အခြားလူများက ၎င်းတို့ကို နားထောင်လျှင်၊ လေးစားလျှင်၊ ကိုးကွယ်လျှင် ၎င်းတို့အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ အန္တိခရစ်များကိုယ်တိုင်ပင် ဤအရာကို ရှင်းမပြနိုင်ပေ။ လက်တွေ့တွင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မွေ့လျော်ခံစားလိုသည်။ လူတိုင်းအား ၎င်းတို့ကို ပြုံးပြစေလိုပြီး မြှောက်ပင့်ကာ ဖားလျက်ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းခံလိုသည်။ ထို့ကြောင့် အန္တိခရစ်က အသင်းတော်သို့ သွားသည့်အခါတိုင်းတွင် တစ်ခုသောအရာကို လုပ်ဆောင်သည်။ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို ရရှိလျှင်ပင် မပြီးသေးပေ။ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ပြီး ၎င်းတို့၏ အာဏာကို လုံခြုံစိတ်ချရစေရန်အတွက် ဆက်လက်ပြီး အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့ သေသည်အထိ ဤသို့ လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အတွေးအခေါ်သည် ‘အသက်ရှင်နေသရွေ့ အရှုံးမပေးနှင့်’ ဟူ၍ ဖြစ်သည်။ အသင်းတော်တွင် ဤသို့သော ဆိုးယုတ်သောသူ တစ်ယောက် ရှိလျှင် ညီအစ်ကိုမောင်နှမများကို အနှောင့်အယှက် ပေးမည်လော။ ဥပမာ လူတိုင်းက ဘုရားနှုတ်ကပတ်တော်ကို တိတ်ဆိတ်စွာဖြင့် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နေကြသည်ဟု ဆိုပါစို့ ပတ်ဝန်းကျင်က အေးချမ်းပြီး စိတ်နေစိတ်ထားက သာယာမည်ဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်တစ်ဦးက မကျေနပ်ချက်များဖြင့် တနုံ့နုံ့ ဒေါသထွက်လိမ့်မည် ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သူများအား မနာလိုဖြစ်ပြီး မုန်းတီးလိမ့်မည်။ ၎င်းတို့သည် ထိုသူတို့ကို စတင်တိုက်ခိုက်ပြီး ဝေဖန်မှုများ ပြုလုပ်လိမ့်မည်။ ဤအရာက အေးချမ်းသော ပတ်ဝန်းကျင်ကို နှောင့်ယှက်မည်မဟုတ်လော။ ၎င်းတို့သည် အခြားလူများကို နှောင့်ယှက်ပြီး ရွံရှာစေရန် ရောက်လာသည့် ဆိုးယုတ်သူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံဖြစ်သည်။ တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် ၎င်းတို့ယှဉ်ပြိုင်ပြီး ဖိနှိပ်သည့်သူများကို ဖျက်ဆီးရန်၊ သို့မဟုတ် အနိုင်ယူရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပကာသနနှင့် ဂုဏ်သိက္ခာတို့ကို ၎င်းတို့ ရရှိပြီး လူများကို ၎င်းတို့အား လေးစားစေသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ၎င်းတို့ယှဉ်ပြိုင်နေစဉ်တွင် သိသာသည့် စာတန်ဆန်သော စိတ်သဘောထားတစ်မျိုးကို ထုတ်ဖော်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့ မည်သည့် အသင်းတော်တွင် ထွက်ပေါ်လာသည်ဖြစ်စေ အခြားလူများနှင့် အမြဲ ယှဉ်ပြိုင်ကာ တိုက်ခိုက်လိုကြခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲ တိုက်ခိုက်လိုကြခြင်း ဖြစ်ပြီး အသင်းတော်က ဖရိုဖရဲ ဖြစ်ကာ ဝရုန်းသုန်းကား အခြေအနေထဲသို့ ရောက်သွားသည့်အခါတွင်သာ၊ ၎င်းတို့က အဆင့်အတန်း ရရှိပြီး လူတိုင်းက ၎င်းတို့ကို အလျှော့ပေးကြသည့်အခါတွင်သာ ၎င်းတို့၏ ရည်မှန်းချက် ပြီးမြောက်ပြီးဖြစ်သည်ဟု ခံစားကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ယှဉ်ပြိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို အသုံးပြုကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်ကနေ၊ ဂုဏ်သိက္ခာနဲ့ ရာထူးနေရာအတွက် တခြားသူတွေနဲ့ အမြဲတမ်းတိုက်ခိုက်နေပြီး အသင်းတော်ကို ပရမ်းပတာဖြစ်အောင် လုပ်တာဟာ ဘုရားသခင်က ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းတဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာပဲဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ပြန်ကြည့်လိုက်တော့၊ ကျွန်မက အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက် အဖွဲ့ထဲမှာ ကိုယ့်ရာထူးက အမြင့်ဆုံးဖြစ်သင့်တယ်၊ လူတိုင်းက ကိုယ့်ကိုပဲ ဝိုင်းဝိုင်းလည်နေသင့်တယ်လို့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ လူတိုင်းက ရှောင်ယာ့နားမှာ ဝိုင်းပြီး မေးခွန်းတွေမေးနေတာကို မြင်တဲ့အခါ သူက ကျွန်မရဲ့ရာထူးနေရာကို လုယူသွားပြီလို့ ယုံကြည်ခဲ့တယ်။ ကျွန်မက “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်ရဲ့ ချုပ်ကိုင်မှုကို ခံခဲ့ရတယ်။ ကျွန်မ ရှောင်ယာကို အခွင့်အရေးရတိုင်း ပစ်မှတ်ထားခဲ့ပြီး သူတို့ကွယ်ရာမှာ အန်ကျဲနဲ့ သူ့ကြားမှာ ပြဿနာတွေဖြစ်အောင်တောင် ဖန်တီးခဲ့တယ်။ နောက်ဆုံးမှာ ကိုယ်မနိုင်တော့ဘူးဆိုတာကို သိသွားတဲ့အခါ ရှောင်ယာကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်ခဲ့တယ်။ အပေါ်ယံမှာတော့ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောပေမဲ့ လူတိုင်းက ကိုယ့်ကို ဝိုင်းဝိုင်းလည်နေအောင်၊ သူ့ကိုအသုံးချင်ခဲ့တာ၊ ကျွန်မစကား နားထောင်စေချင်ခဲ့တာ။ ဒီလိုနည်းနဲ့ ကျွန်မ အဖွဲ့ခေါင်းဆောင်ဆိုတဲ့နေရာကို လုံခြုံအောင် လုပ်နိုင်မှာလေ။ ကျွန်မရဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် တိုက်ပွဲမှာ ရှောင်ယာကို နာကျင်စေခဲ့ရုံတင်မကဘူး၊ တခြားညီအစ်မတွေကိုလည်း အလုပ်ကိစ္စဆွေးနွေးတဲ့အခါ ဘောင်ခတ်ခံရပြီး လွတ်လွတ်လပ်လပ် မပြောရဲအောင် လုပ်ခဲ့တယ်၊ ဒါက အလုပ်ရဲ့တိုးတက်မှုကိုလည်း ထိခိုက်စေခဲ့တယ်။ ကျွန်မကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့ အကြောင်းရင်းတစ်ခုလုံး ကျွန်မတို့ရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့အတွက် လူတိုင်းကို ဦးဆောင်ဖို့ပဲ၊ ဒါပေမဲ့ အဲဒီအစား ကျွန်မက ရာထူးနေရာအတွက် ပြိုင်ဆိုင်တာ၊ မနာလိုမှုတွေနဲ့ အငြင်းပွားမှုတွေဖြစ်အောင် လှုံ့ဆော်တာ၊ သူများတွေကို သူတို့နောက်ကွယ်မှာ ဝေဖန်တာ၊ ညီအစ်မတွေကြားထဲမှာ သွေးခွဲတာတွေကိုပဲ လုံးလုံး အာရုံရောက်နေခဲ့တယ်။ ကျွန်မ အဖွဲ့ကို ပရမ်းပတာဖြစ်အောင် လုပ်ခဲ့တယ်။ ကျွန်မက စာတန်ရဲ့ အစေခံတစ်ယောက်လိုပဲ ပြုမူနေခဲ့တာ မဟုတ်ဘူးလား။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လူ့စိတ်နှလုံးကို နှောင့်ယှက်တဲ့၊ လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ယင်ကောင်ပုပ်တစ်ကောင်လိုပဲ မြင်မိတယ်။ ကျွန်မက သမ္မာတရားကိုလိုက်စားပြီး ကယ်တင်ခြင်းကိုရရှိဖို့အတွက် မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မက ရာထူးနေရာကို လိုက်စားခြင်းကို အရေးကြီးဆုံးအရာအဖြစ် သဘောထားပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အမြဲတမ်း တိုက်ခိုက်နေခဲ့တယ်။ ရလဒ်အနေနဲ့ အသင်းတော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တယ်၊ ပြီးတော့ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့တယ်၊ ဒါပေမဲ့ အဲဒါကို နည်းနည်းလေးတောင် သတိမထားမိခဲ့ဘူး။ ကျွန်မ တွေးလေလေ၊ ပိုပြီး စိတ်မကောင်းဖြစ်လေလေပဲ။ ကျွန်မ ပေါလုအကြောင်းကို တွေးမိတယ်။ အဲဒီတုန်းက ယုံကြည်သူတွေကြားထဲမှာ ပေတရုရဲ့ ဩဇာအရှိန်အဝါ ကြီးမားတာကိုမြင်တော့ သူ မနာလိုဖြစ်ခဲ့တယ်။ ပေတရုဟာ အသင်းတော်ကို ထိန်းကျောင်းဖို့အတွက် သခင်ယေရှု ခန့်အပ်ထားတဲ့သူမှန်း ကောင်းကောင်းသိရဲ့သားနဲ့ သူက ပေတရုကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ လူတိုင်းက သူ့ကို အထင်ကြီးလေးစားပြီး ကြည်ညိုလေးမြတ်အောင် သူက တမန်တော်တွေအားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်းမှာ သူက ခေါင်းမာမာနဲ့ နောင်တမရတဲ့အပြင် အဆင့်အတန်းအတွက် ဘုရားသခင်နဲ့ပါ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပြီး သူအသက်ရှင်နေခြင်းဟာ ခရစ်တော်ပဲလို့ မျက်နှာပြောင်တိုက်ပြီး ပြောခဲ့တယ်။ သူက ဘုရားသခင်ရဲ့ စိတ်သဘောထားကို အကြီးအကျယ် ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ကို ခံခဲ့ရတယ်။ ကျွန်မ လျှောက်လှမ်းနေတဲ့လမ်းကြောင်းက ပေါလုနဲ့ တစ်ထပ်တည်းပဲ။ ကျွန်မသာ နောင်တမရရင် သူ့လိုပဲ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရတော့မှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဤအရာများကို စွန့်လွှတ်ရန်နှင့် လက်လွှတ်ရန် သင်ယူရမည်၊ အခြားသူများကို ထောက်ခံရန်နှင့် ကောင်းမွန်သော အခွင့်အရေးများရှိသည့်အခါ အခြားသူများကို ထင်ပေါ်ကျော်ကြားခွင့်ပြုရန် သင်ယူရမည်။ သင်သည် ထင်ပေါ်ကျော်ကြားရန်နှင့် ထွန်းလင်းတောက်ပရန် အခွင့်အရေးများကို ကြုံတွေ့သည့်အခါတိုင်း ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်း မပြုရပေ။ သင်သည် သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်နိုင်ရမည်ဖြစ်သော်လည်း သင်၏တာဝန်ထမ်းဆောင်မှုကိုမူ မထိခိုက်စေရ။ မထင်မရှား အလုပ်လုပ်သော၊ မိမိကိုယ်ကို မကြွားဝါသော၊ မိမိ၏တာဝန်ကိုလည်း သစ္စာစောင့်သိစွာ ထမ်းဆောင်သောသူတစ်ဦး ဖြစ်ပါစေ။ သင်သည် သင်၏မာနနှင့် အဆင့်အတန်းကို စွန့်လွှတ်လေလေ၊ သင်၏အကျိုးစီးပွားများကို ပို၍ စွန့်လွှတ်လေလေ၊ သင်သည် ပို၍ ငြိမ်းချမ်းမှုကို ခံစားရလေလေ ဖြစ်မည်၊ သင်၏စိတ်နှလုံးထဲတွင် အလင်း ပို၍ရှိလာမည်ဖြစ်ပြီး သင်၏အခြေအနေသည် ပို၍ ကောင်းမွန်လာလိမ့်မည်။ သင်သည် ပို၍ ယှဉ်ပြိုင်ပြီး ပြိုင်ဆိုင်လေလေ၊ သင်၏အခြေအနေသည် ပို၍ မှောင်မိုက်လာလေလေ ဖြစ်မည်။ သင်သည် ငါ့ကိုမယုံကြည်ပါက စမ်းကြည့်လိုက်။ သင်သည် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် အခြေအနေကို ပြုပြင်ပြောင်းလဲလိုပါက၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ ထိန်းချုပ်မှုကို မခံလိုပါက သင်သည် သမ္မာတရားကို ရှာဖွေရမည်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ အနှစ်သာရကို ထိုးထွင်းသိမြင်ရမည်၊ ထို့နောက် ယင်းတို့ကို လက်လွှတ်ပြီး စွန့်လွှတ်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) “ကျင့်ကြံပြုမူခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ ကျင့်ကြံပြုမူသင့်သည်။ သင်၏ သင့်တော်သော နေရာကို ရှာဖွေသင့်ပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ သို့မှသာ သင်သည် ဆင်ခြင်တုံတရား ရှိသောလူတစ်ဦးဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး စည်းမျဉ်းများကို နားလည်သဘောပေါက်လျှင် သင်သည် မိမိ၏ တာဝန်ကို တာဝန်ယူသင့်ပြီး ထိုနယ်ပယ်၌ သင့်တင့်လျောက်ပတ်သော စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အကြံဉာဏ်များနှင့် ထိုးထွင်းသိမြင်မှုများကို ပေးနိုင်၍ အခြားသူတို့အား မိမိတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် သင် လှုံ့ဆော်ပေးနိုင်ပါက သင်သည် အကြံဉာဏ်များ ပေးသင့်ကြ၏။ သင်တို့သည် မိမိတို့အတွက် မှန်ကန်သောနေရာကို ရှာတွေ့နိုင်ပြီး သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်၏ နေရာအတိုင်း ကျင့်ကြံပြုမူခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မနားလည်သွားတာက၊ သိက္ခာနဲ့ ရာထူးနေရာရဲ့ ဘောင်ခတ်မှုတွေ၊ ချည်နှောင်မှုတွေကနေ လွတ်မြောက်ချင်တယ်ဆိုရင် ဒီအရာတွေကို စွန့်လွှတ်တတ်ဖို့နဲ့ လက်လွှတ်တတ်ဖို့ သင်ယူရမယ်၊ ကိုယ့်တာဝန်ကို ပထမနေရာမှာ ထားရမယ် ဆိုတာပါပဲ။ ဘယ်သူ့မှာပဲ အားသာချက်ရှိရှိ၊ အဲဒီအားသာချက်တွေကို အပြည့်အဝအသုံးချခွင့် ပေးသင့်တယ်၊ အဲဒါမှ ကျွန်မတို့က ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ တစ်ယောက်ဆီကနေ တစ်ယောက်သင်ယူပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မှာပေါ့။ ဒါက အသင်းတော်အလုပ်အတွက်ရော ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိမယ်၊ ပြီးတော့ ကျွန်မလည်း တခြားသူတွေရဲ့ အားသာချက်ကနေ ကိုယ့်ရဲ့အားနည်းချက်ကို ဖြည့်တင်းဖို့ သင်ယူနိုင်မှာ။ ဒါကိုနားလည်သွားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်- နောက်ဆိုရင် ဘယ်တာဝန်ပဲထမ်းဆောင်ရပါစေ၊ ကိုယ့်ထက်တော်တဲ့ ညီအစ်ကိုမောင်နှမတွေကို ကြုံရတဲ့အခါ သူတို့ဆီကနေ ပိုပြီးသင်ယူရမယ်၊ သူတို့နဲ့ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ရမယ် လို့ပေါ့။
၂၀၂၅ ခုနှစ်မှာ ကျွန်မ လီဘင်း၊ စူးထင်တို့နဲ့အတူ စာနဲ့ပတ်သက်တဲ့တာဝန်ကို ပူးပေါင်းထမ်းဆောင်ခဲ့တယ်။ လီဘင်းက ဆောင်းပါးတွေရွေးချယ်တဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး စူးထင်ကို ခဏခဏမေးနေတာကို မြင်တော့ စိတ်ထဲမှာ နည်းနည်း မသက်မသာဖြစ်သွားတယ်။ “အဲဒီစည်းမျဉ်းတွေ ငါလည်းသိတာပဲ။ လီဘင်းက ငါ့ကို စူးထင်လောက် မတော်ဘူး ထင်နေလို့ ငါ့ကို မေးဖို့တောင် စိတ်မကူးခဲ့တာလား” လို့ပေါ့။ ကျွန်မရဲ့ မနာလိုစိတ်က နောက်တစ်ခါ ထကြွလာပြီဆိုတာကို သဘောပေါက်သွားပြီး ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စဉ်းစားမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မတို့ထဲမှာ စူးထင်က ဒီတာဝန်ကို အကြာဆုံးထမ်းဆောင်ခဲ့တဲ့သူဖြစ်ပြီး စည်းမျဉ်းတွေကို ပိုပြီးတော့ နားလည်သဘောပေါက်တယ်။ သူက ပိုပြီး မိတ်သဟာယဖွဲ့ရင် ကျွန်မတို့အားလုံး ပိုပြီး ရရှိနိုင်တာဆိုတော့ ကျွန်မတို့ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရာမှာ အကျိုးရှိမှာပဲ။ ဒါ့အပြင် ပြဿနာ ပြေလည်သွားသရွေ့တော့ ညီအစ်ကိုမောင်နှမတွေက ဘယ်သူ့ကိုမေးမေး ကိစ္စမရှိဘူး။ တန်ဖိုးမရှိတဲ့ ရာထူးနေရာအတွက် ပြိုင်ဆိုင်နေစရာမလိုဘူး၊ ကိုယ့်တာဝန်ကို ပထမနေရာမှာ ထားရမယ်။ ကျွန်မ ဒီလိုတွေးလိုက်တော့ သိပ်ပြီး စိတ်မကောင်းမဖြစ်တော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်။ ကျွန်မထက် တစ်နေရာရာမှာ ပိုသာတဲ့ ညီအစ်ကိုမောင်နှမတစ်ယောက်ကို တွေ့တိုင်းမှာ သူတို့ဆီကနေ သင်ယူဖို့ အလေးထားခဲ့တယ်၊ အဲဒါမှ ကျွန်မတို့က တစ်ယောက် အားသာချက်တွေကို တစ်ယောက်က ယူပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်မှာပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့စိတ်သဘောထား ပိုပြီးတော့ ပြည့်ဝလာတယ်လို့ ခံစားရပြီး သိက္ခာနဲ့ ရာထူးနေရာရဲ့ ဘောင်ခတ်မှုကို သိပ်မခံရတော့ဘူး။ ကျွန်မရဲ့အခြေအနေက တစ်နေ့တခြား ပိုကောင်းလာခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်တာက အဓိပ္ပာယ်မရှိဘဲ လူတစ်ယောက်ကို နာကျင်မှုနဲ့ ဖိနှိပ်မှုထဲမှာပဲ အသက်ရှင်စေတယ်ဆိုတာကို ကျွန်မ ပိုပြီးတော့တောင် အသိအမှတ်ပြုလာခဲ့တယ်။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဆောင်ခြင်းကသာ တကယ် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ချုံရှင်း၊ တရုတ်နိုင်ငံ၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာ ကျွန်မဟာ အသင်းတော်အလုပ်မှာ အစ်မယိရှင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အတူတူအလုပ်လုပ်ပြီး...
ချန်မြောင်း၊ တရုတ်ပြည်၂၀၀၆ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အသင်းတော်မှာ...
ယမ်မှု တောင်ကိုရီးယားနိုင်ငံညီအစ်ကိုမောင်နှမများ ဘုရားသခင်ကို ချီးမွမ်းခြင်း တင်ဆက်ခြင်း၊ သီချင်းဆိုခြင်းနှင့် ကခုခြင်းတို့ကို မြင်သည့်အခါ၊...
လုဟန်၊ တရုတ်ပြည်၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ခေါင်းဆောင်တွေဆီက စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်၊...