ကျွန်ုပ်၏ သတိထားဆက်ဆံခြင်းနှင့် နားလည်မှုလွဲမှားခြင်းတို့ ဖယ်ရှားရှင်းလင်းခံခဲ့ရသည်

03.04.2026

ရေးသားသူ လင်ဖုန်း၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်တုန်းက ကျွန်တော် အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တုန်းကပေါ့၊ ကျွန်တော့်ရဲ့ မာနထောင်လွှားမှု၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှုနဲ့ ထင်တိုင်းကြဲတတ်မှုတွေကြောင့် အရာရာမှာ ကျွန်တော်ပဲ အဆုံးအဖြတ်ပေးချင်ခဲ့တယ်။ ဒီအကျိုးဆက်ကြောင့် ကျွန်တော်နဲ့ တွဲဖက်လုပ်ဆောင်တဲ့ ညီအစ်ကိုကို ဘောင်ခတ်သလိုဖြစ်စေပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်မိခဲ့တယ်။ အထက်ခေါင်းဆောင်က ကျွန်တော့်ရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှုတွေအတွက်၊ ပြီးတော့ အန္တိခရစ်တစ်ဦးရဲ့ လမ်းကြောင်းကို လုံးလုံးလိုက်လျှောက်နေတဲ့အတွက် ကျွန်တော့်ကို ဖော်ထုတ်ပြီး ပြုပြင်ခဲ့တဲ့အပြင် ကျွန်တော့်ကို ဖြုတ်ချခဲ့တယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာ ကျွန်တော် တကယ်ကို စိတ်မချမ်းမသာဖြစ်သွားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ၊ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်လို့ ဖြုတ်ချခံရတာ တစ်ခါမကတော့ဘူး၊ ခုချိန်မှာတောင် ကျွန်တော် သိပ်မပြောင်းလဲသေးဘူးဆိုတဲ့အချက်ကို ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်တာဝန်တွေမှာ အမူအကျင့်ကောင်းကောင်းနဲ့နေရမယ်၊ အရင်လို မာနအရမ်းထောင်လွှားလို့ မဖြစ်တော့ဘူး၊ ကိုယ့်အမှားဟောင်းတွေကို ထပ်လုပ်လို့ မရတော့ဘူးလို့ ခံစားမိတယ် မဟုတ်ရင် ကျွန်တော်ဟာ ကယ်တင်ခြင်းရဖို့ နောက်တစ်ခါ အခွင့်အရေး ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဆင်ခြင်သုံးသပ်တော့ ကျွန်တော်ဟာ တကယ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှန်း၊ ညီအစ်ကိုနဲ့ တွဲဖက်လုပ်ဆောင်နေတုန်းမှာ သူ့ကို အမြဲတမ်း ဘောင်ခတ်ခဲ့ပြီး ကိုယ့်ရဲ့ဆန္ဒတွေ၊ အတွေးအခေါ်တွေကို သူ့အပေါ် အတင်းအကျပ် သွတ်သွင်းခဲ့ပြီး ကျွန်တော့်ကို နာခံစေချင်မှန်း သဘောပေါက်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ အလုပ်တွေ နှောင့်နှေးခဲ့ရတာပေါ့။ ကျွန်တော် အကြိမ်ကြိမ် ပြုပြင်ခံခဲ့ရတာတောင်မှ တစ်ခါမှ ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး။ ကျွန်တော်က အန္တိခရစ်တစ်ဦးရဲ့ လမ်းကြောင်းကို အမှန်တကယ် လိုက်နေခဲ့တာပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းမုန်းတီးမိပြီး ရှေ့ဆက်ပြီး ကိုယ့်တာဝန်တွေကို ဇွဲနပဲနဲ့ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။

အချိန်အတန်ကြာတော့ ခေါင်းဆောင်က လူတွေကို ရှင်းလင်းပစ်ဖို့အတွက် အချက်အလက်တွေ စုစည်းဖို့ ကျွန်တော့်ကို စီစဉ်ပေးတယ်၊ ပြီးတော့ ညီအစ်မလီရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းခဲ့တယ်။ သူတို့က ဒီဆင်ခြင်သုံးသပ်နေတဲ့ ကာလကနေတစ်ဆင့် ကျွန်တော့်ရဲ့ မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်တဲ့ စိတ်သဘောထားကို ဘယ်လောက်နားလည်လာပြီလဲဆိုတာကို မေးတယ်၊ ပြီးတော့ အခြေအနေဘယ်လိုရှိလဲဆိုတာ ကြည့်ဖို့ ဒီတာဝန်ကို စမ်းသပ်ကာလအနေနဲ့ ခဏလုပ်ကြည့်စေချင်ခဲ့တယ်။ ခေါင်းဆောင် ဒီလိုပြောတာကိုကြားတော့ ကျွန်တော်က “စမ်းသပ်ကာလတစ်ခုဆိုတာ ယာယီပဲ မဟုတ်လား။ ငါက ငါ့တာဝန်ကို ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း အကြိမ်ကြိမ် လုပ်ခဲ့တဲ့အပြင် ငါ လုပ်ခဲ့သမျှက အသင်းတော်အလုပ်ကို အမျက်အမှောင့်လုပ်ပြီး ဟန့်တားခဲ့တာပဲ။ ငါသာ အမှားဟောင်းတွေကို ထပ်လုပ်မိရင် တာဝန်ထမ်းဆောင်ခွင့်ကို အပြီးတိုင် ဆုံးရှုံးသွားနိုင်တယ်၊ ဘုရားသခင်ကို ယုံကြည်တဲ့ ငါ့ဘဝတစ်ခုလုံး လုံးဝ အဆုံးသတ်သွားမှာပဲ။ ဒီတစ်ခါတော့ ဒီအခွင့်အရေးကို ငါ သေချာပေါက် လက်မလွှတ်တမ်း အသုံးချရမယ်၊ နာခံရမယ်၊ ခိုင်းတာမှန်သမျှ အကုန်လုပ်ရမယ်။ အရင်လို မာနထောင်လွှားတာ၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာ၊ တဇွတ်ထိုးနိုင်တာမျိုး လုပ်လို့မဖြစ်ဘူး” လို့တွေးရင်းနဲ့ နာကျင်ရတယ်။ နောက်ပိုင်းမှာ ကိုယ့်တာဝန်တွေ ထမ်းဆောင်နေတုန်း လီရှင်းဟာ မိသားစုကိစ္စတွေကြောင့် ဘောင်ခတ်ခံနေရပြီး သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ်မရှိတာ၊ ပြီးတော့ စုစည်းဖို့လိုအပ်တဲ့ အချက်အလက်တချို့ကို အချိန်မီ မပြီးစီးတာတွေကို ကျွန်တော် သတိထားမိခဲ့တယ်၊ ဒါကြောင့် ဒီအကြောင်းကို လီရှင်းကို ထောက်ပြဖို့ ကျွန်တော် စဉ်းစားမိတယ်။ ဒါပေမဲ့ သူနဲ့ မိတ်သဟာယဖွဲ့တော့မလို့ လုပ်နေတုန်းမှာပဲ ခေါင်းဆောင်ရဲ့စကားတွေက ကျွန်တော့်စိတ်ထဲမှာ ပြန်ပေါ်လာတယ်၊ ပြီးတော့ အရင်တုန်းက ကျွန်တော်ဟာ မာနထောင်လွှားတာ၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာ၊ ကိုယ်ထင်ရာစိုင်းလုပ်တတ်တာတွေကြောင့်၊ အရာရာမှာ ကိုယ်ပဲ အဆုံးအဖြတ်ပေးချင်ခဲ့လို့ တခြားသူတွေကို ဘောင်ခတ်မိပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခဲ့လို့ ဖြုတ်ချခံခဲ့ရတာကို ပြန်သတိရသွားတယ်။ အခု ဒီတာဝန်မှာ ကျွန်တော်က စမ်းသပ်ကာလနဲ့ပဲ ရှိသေးတယ်၊ ဒါ့အပြင် ခေါင်းဆောင်ကလည်း လီရှင်းရဲ့အလုပ်ကို စစ်ဆေးဖို့ ကျွန်တော့်ကို မခိုင်းခဲ့ဘူး။ ကျွန်တော်သာ သူ့ရဲ့ပြဿနာတွေကို ထောက်ပြလိုက်ရင် လီရှင်းက ကျွန်တော့်ကို မာနထောင်လွှားလွန်းပြီး ဘောင်ကျော်ပြီးလုပ်တယ်လို့ ထင်သွားမလား။ နာခံတတ်တာ ရက်ပိုင်းလေးပဲရှိသေးတယ်၊ အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြန်ပြီလို့ သူထင်သွားမလား။ ဒီလိုတွေးမိတော့ ပြောမယ့်စကားကို ကျွန်တော် ပြန်မျိုသိပ်လိုက်တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်က လီရှင်းစုစည်းထားတဲ့ အချက်အလက်တွေက မပြည့်စုံကြောင်း၊ မယုံကြည်သူတစ်ယောက်ရဲ့ အချက်အလက်ကို အရင်က အကဲဖြတ်မှုတွေ မတိကျတဲ့အတွက် ပြန်စုစည်းပြီး ပြန်လုပ်ဖို့လိုကြောင်း ဆက်ပြီးထောက်ပြခဲ့တယ်၊ ဒီအချက်က တိုးတက်မှုကို နှောင့်နှေးစေခဲ့တာပေါ့။ ကျွန်တော် တကယ်ကိုပဲ အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော်သာ အချိန်မီ လီရှင်းနဲ့ မိတ်သဟာယဖွဲ့ပြီး ထောက်ပြခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အပြစ်ရှိသလိုခံစားရတဲ့စိတ်နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော်တွေ့ခဲ့တယ်။ “ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး ပုံမှန်အခြေအနေများအောက်တွင် မရေမတွက်နိုင်သော ကျရှုံးမှုများနှင့် ဆုတ်ယုတ်မှုများအပြင် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် သူ၏ ပြုပြင်ခြင်းတို့ကို တွေ့ကြုံခံစားပြီးနောက်တွင် လူတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရင်း၊ ပြီးလျှင် မိမိတို့၏ ကျရှုံးမှုများနှင့် ပြိုလဲမှုများ၏ အကြောင်းရင်းများအပြင် မိမိတို့ လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေရင်း ဤကျရှုံးမှုများ၏ သင်ခန်းစာများမှတစ်ဆင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိသင့်ပေသည်။ သို့ရာတွင် အန္တိခရစ်များက ဤသို့ မပြုလုပ်ကြပေ။ အကြိမ်များစွာ လဲကျပြီး ကျရှုံးပြီးနောက် ၎င်းတို့သည် မိမိတို့၏ အပြုအမူကို ပိုမိုဆိုးရွားစေကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများက အရေအတွက်အားဖြင့် တိုးပွားလာပြီး ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်းသည် ပိုမိုနက်ရှိုင်းလာပြီး ထိုနည်းတူစွာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် သတိထားကာကွယ်ခြင်းဖြင့် ပြည့်နှက်လာသည်။ ၎င်းတို့၏ သတိထားကာကွယ်ခြင်းသည် စောဒကတက်မှုများ၊ အမျက်ဒေါသ၊ အာခံဖီဆန်မှုနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ဘုရားသခင်အပေါ် ငြင်းပယ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် တဖြည်းဖြည်း ဖြစ်ပေါ်ကြသည်။ ၎င်းတို့က အန္တရာယ်တိုးလာနေသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂))ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းထားသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ်တွင်လည်းကောင်း၊ အန္တိခရစ်တို့အား ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အပေါ်တွင်လည်းကောင်း စသည်တို့အပေါ် အန္တိခရစ်တို့၏ သဘောထားကို အကဲဖြတ်ရလျှင် ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့၌ ဤအရာအားလုံးသည် မတော်တဆ မဟုတ်ဘဲ ထိုထက် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်း စိုးစဉ်းမျှ ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့တွင် ဤနားလည်မှုနှင့် သိမြင်မှု ရှိကြသလော။ မရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ သတိထားကာကွယ်မှု၏ အရင်းအမြစ်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများမှ လာသည်ဟု ပြော၍ရနိုင်ပေသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်း အရင်းအမြစ်သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ သံသယများမှ လာသည်ဟုလည်း ပြော၍ရနိုင်၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ စိစစ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ရလဒ်များက ၎င်းတို့အား ဘုရားသခင်အပေါ် ပို၍ သင်္ကာမကင်းဖြစ်စေသကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ပို၍ သတိထားကာကွယ်စေလေသည်။ အန္တိခရစ်တို့၏ တွေးခေါ်မှုမှ ဖြစ်ပေါ်လာသော အတွေးအခေါ်အမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုးအပြင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်တို့၏ စိုးမိုးခြင်းအောက်မှ ဖြစ်ပေါ်လာသော လုပ်နည်းကိုင်နည်းအမျိုးမျိုးနှင့် အပြုအမူအမျိုးမျိုးတို့ကို အကဲဖြတ်ရသော် ဤလူများသည် အလွန်ပင် ဆင်ခြင်တုံတရား မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ခြင်းမရှိ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မထားရှိနိုင်၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ လုံးလုံးလျားလျား ယုံကြည်ပြီး အသိအမှတ်ပြုနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း မယုံကြည်နိုင်ဘဲ အသိအမှတ်လည်း မပြုနိုင်ပေ။ ဤအရာအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ကိုယ်ကျင့်စရိုက်နှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်တော် တကယ်ကို တရားစီရင်ခံရသလို ခံစားလိုက်ရတယ်။ ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်တော့်ရဲ့ အခြေအနေ အတိအကျပဲ မဟုတ်လား။ ဖြုတ်ချခံခဲ့ရကတည်းက သတိထားတတ်ပြီး နားလည်မှုလွဲမှားတဲ့ အခြေအနေထဲမှာ ကျွန်တော် အသက်ရှင်နေခဲ့တယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားမှု၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တတ်မှုနဲ့ ကိုယ်ထင်ရာစိုင်းလုပ်တတ်မှုတွေကြောင့် အကြိမ်ကြိမ် ဖြုတ်ချခံခဲ့ရတယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ယုံကြည်ပြီးတဲ့နောက်မှာတောင် ကျွန်တော် သိပ်မပြောင်းလဲသေးဘူး၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်းပဲ ဆက်အသက်ရှင်နေတုန်းပဲ၊ စစ်မှန်တဲ့ ပြောင်းလဲမှုကို ကျွန်တော် မတွေ့ကြုံသေးရင်၊ အပြီးတိုင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မယ်၊ တာဝန်ထမ်းဆောင်ခွင့်လည်း ရတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်တော့်ကို စမ်းသပ်ကာလနဲ့ တာဝန်ထမ်းဆောင်ခွင့်ပြုတယ်လို့ ပြောတာကို ကြားလိုက်ရတဲ့အခါမှာတော့ ကျွန်တော်ဟာ သံသယစိတ်တွေ၊ သတိထားမှုတွေနဲ့ ပိုပြီးပြည့်သွားခဲ့တယ်၊ ပြီးတော့ နောက်တစ်ခါ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာကို ရှောင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် လုံးဝ ပိတ်လှောင်ထားပြီး နေ့တိုင်း ကြောက်ရွံ့ပြီး သတိနဲ့ နေခဲ့ရတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ညီအစ်မက သူ့တာဝန်တွေကို ဝတ်ကျေတမ်းကျေနဲ့ ဝန်တာထားတဲ့စိတ်မရှိဘဲ လုပ်ဆောင်နေတာကို သတိထားမိတဲ့အခါ သူ့ရဲ့ပြဿနာတွေကို ထောက်ပြခြင်းပြီး အသင်းတော်အလုပ်ကို ကာကွယ်သင့်မှန်း ကျွန်တော်သိခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ညီအစ်မက ကျွန်တော့်ကို မာနထောင်လွှားတယ်၊ တာဝန်စထမ်းဆောင်တဲ့ ရက်ပိုင်းလေးမှာပဲ အကျင့်ဆိုးတွေ ပြန်ပေါ်လာပြီဆိုပြီး ပြောမှာကို ကြောက်လို့ ကျွန်တော် မသိကျိုးကျွံပြုလိုက်တယ်။ အဆုံးမှာတော့ ဒီအပြုအမူက အလုပ်ကို ထိခိုက်စေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်တော်မြင်တွေ့ခဲ့ရတာက အန္တိခရစ်တွေဟာ အကြိမ်ကြိမ် ကျရှုံးမှုတွေ၊ လဲကျမှုတွေကို တွေ့ကြုံပြီးတဲ့နောက်ပိုင်း ထုတ်ဖော်ခံရတဲ့အခါ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုးကို ပျက်ကွက်တဲ့အပြင် ဘုရားသခင်ကို ပိုပြီးတော့တောင် သတိထားဆက်ဆံလာကြတယ်၊ သေးငယ်တဲ့ ခြေချော်လက်ချော်မှုလေးတစ်ခုကတောင် သူတို့ရဲ့အနာဂတ်နဲ့ ကံကြမ္မာကို ဆုံးရှုံးသွားစေမှာကို ကြောက်ကြတယ်။ ဒါကြောင့် သူတို့က ဘုရားသခင်ကို အမြဲတမ်း သတိထားဆက်ဆံကြတာဖြစ်တယ်။ ကျွန်တော် ဖော်ပြနေတဲ့ စိတ်သဘောထားနဲ့ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားကြားမှာ ဘာများကွာခြားလို့လဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားမှု၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှုနဲ့ သမ္မာတရားကို ငြင်းပယ်မှုတွေက အသင်းတော်အလုပ်ကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပုံကို ကျွန်တော် ပြန်ဆင်ခြင်သုံးသပ်မိတယ်။ ခေါင်းဆောင်ရဲ့ သတိပေးချက်တွေက အသင်းတော်အလုပ်အတွက်ပဲ၊ အရင်က ကိုယ့်ရဲ့ကျရှုံးမှုတွေကနေ သင်ခန်းစာယူနိုင်ပြီး မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်တာမျိုးကို ရပ်နိုင်အောင်လို့ ကျွန်တော့်ရဲ့ သေနိုင်တဲ့ အပြစ်အနာအဆာတွေကို ပိုဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းနေခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ ဒါပေမဲ့ ဘုရားသခင်ဆီကနေ ဒီအရာကို လက်ခံရမဲ့အစား ကျွန်တော်က သံသယဝင်ပြီး မယုံသင်္ကာဖြစ်ခဲ့တယ်။ ကျွန်တော် တကယ် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တာကို မြင်ခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေအရ၊ ကျွန်တော် ထုတ်ဖော်ပြခဲ့တဲ့ စိတ်သဘောထားဟာ ဘုရားသခင်ဖော်ထုတ်ခဲ့တဲ့ အန္တိခရစ်ရဲ့ စိတ်သဘောထားနဲ့ တစ်ပုံစံတည်းပဲဆိုတာ ကျွန်တော်မြင်ခဲ့တယ်။ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ ကျွန်တော်က ကောင်းချီးမင်္ဂလာတွေ ရရှိခြင်းနဲ့ အမြဲတမ်း ချိတ်ဆက်ခဲ့ပြီး ကောင်းချီးမင်္ဂလာတွေ ရရှိခြင်းကို အသက်လိုပဲ အရေးကြီးတယ်လို့ ယူဆခဲ့တယ်။ အခြေအနေတိုင်းမှာ ကျွန်တော်က ကိုယ့်ရဲ့အဆုံးသတ်နဲ့ ပန်းတိုင်ကိုပဲ အရင်ဆုံး စဉ်းစားခဲ့တယ်။ ကျွန်တော် ဖြုတ်ချခံရပြီး ထုတ်ဖော်ခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့ ဘုရားသခင်ရှေ့မှောက်ကို မလာခဲ့ဘဲ ကိုယ့်ရဲ့အနာဂတ်နဲ့ ပန်းတိုင်ကိုပဲ အလေးထားရင်းနဲ့ ဘုရားသခင်ကို သတိထားဆက်ဆံပြီး အထင်လွဲလာခဲ့တယ်။ ကိုယ့်တာဝန်တွေကို ပြန်ထမ်းဆောင်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ အတွေးတွေက ပိုပြီးတော့တောင် ပူပန်လွန်ကဲလာခဲ့တယ်၊ အခြေအနေတိုင်းကို ကျွန်တော့်ခေါင်းထဲမှာ ရှုပ်ထွေးအောင် တွေးခဲ့တယ်။ ခြေတစ်လှမ်းမှားလိုက်တာနဲ့ ထုတ်ဖော်ခံရပြီး ကိုယ့်အတွက် မကောင်းတဲ့အဆုံးသတ်နဲ့ ပန်းတိုင်ကို ရောက်သွားမှာကိုကြောက်နေခဲ့တယ်။ ညီအစ်မလီရှင်းက အခြေအနေမကောင်းလို့ အပျက်သဘောဆောင်နေပြီး သူ့တာဝန်တွေကို နှောင့်နှေးစေတာကို မြင်တဲ့အခါ၊ လီရှင်းရဲ့ပြဿနာတွေကို ထောက်ပြပြီး သူ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်အောင် ကူညီတော့ အသင်းတော်အလုပ်ကို ကာကွယ်ပေးခဲ့သင့်မှန်း ကျွန်တော်သိခဲ့တယ်၊ ဒါပေမဲ့ လီရှင်းက ကျွန်တော့်ကို မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တယ်၊ မပြောင်းလဲသေးဘူးလို့ ထင်မှာကို စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် အသင်းတော်အလုပ်ကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော်ဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်အတိုင်း အသက်ရှင်နေခဲ့တာပဲ၊ ကိုယ့်တာဝန်တွေကို ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးကျေးဇူးတွေရဖို့အတွက်ပဲ ထမ်းဆောင်ခဲ့ပြီး ကိုယ့်ရဲ့အနာဂတ်နဲ့ ပန်းတိုင်က တခြားအရာအားလုံးထက် ပိုအရေးကြီးတယ်လို့ မြင်နေခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ဒါမှမဟုတ် အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကိုယ့်အတွက် အကျိုးရှိမဲ့အရာကို လုပ်ချင်ခဲ့ပေမဲ့၊ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာဆိုရင်တော့ အသင်းတော်အလုပ်ကို ထိခိုက်စေတာမြင်ရင်တောင် လျစ်လျူရှုခဲ့တယ်။ ကျွန်တော်က တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ ဒမာသက်မြို့ကို သွားတဲ့လမ်းပေါ်က ပေါလုအကြောင်းကို ကျွန်တော်တွေးမိတယ်။ သခင်ယေရှုရဲ့ ကြီးမားတဲ့အလင်းနဲ့ ဒဏ်ရိုက်တာခံရပြီးတဲ့နောက်မှာ သူက သခင်ယေရှုကို နှိပ်စက်ညှဉ်းပန်းသူတွေထဲမှာ သူကခေါင်းဆောင်ဖြစ်တဲ့အကြောင်း ဝန်ခံခဲ့ပေမဲ့ တကယ်နောင်တမရခဲ့ဘူး။ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သူ့ရဲ့သဘာဝ အနှစ်သာရကို နည်းနည်းလေးတောင် ဆင်ခြင်သုံးသပ်တာမျိုး၊ နားလည်တာမျိုး မရှိခဲ့ဘူး၊ အပေါ်ယံမှာတော့ သူက ကြိုးစားပမ်းစားအလုပ်လုပ်ပြီး ဧဝံဂေလိတရားဟောဖို့ နေရာအနှံ့ ခရီးသွားခဲ့ပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က သရဖူနဲ့ ဆုလာဘ်တွေအတွက် ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲဖြစ်တယ်။ လိုက်စားမှုအပေါ် ကျွန်တော့်ရဲ့ အမြင်နဲ့ ကျွန်တော် လျှောက်တဲ့လမ်းကြောင်းက ပေါလုအတိုင်းပဲ မဟုတ်လား။ ကျွန်တော်က ဘုရားသခင်ကို အသုံးချပြီး လှည့်ဖြားဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်တော်ဟာ လူ့သဘာဝ ဘယ်လောက်တောင် ကင်းမဲ့နေသလဲဆိုတာကို မြင်ခဲ့ရတယ်။ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ အိမ်တော်ထဲကို စိမ့်ဝင်လာတဲ့ အခွင့်အရေးသမားတစ်ယောက်၊ မယုံကြည်သူတစ်ယောက်လိုပဲ၊ လိုက်စားမှုနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်တွေ မပြောင်းရင်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရမှာမဟုတ်တဲ့အပြင် အဆုံးမှာ ကိုယ်တော့်ရဲ့အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရမှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ “တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ထုတ်ဖော်ပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စတစ်ခုကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။...အမှန်တွင်၊ အခြေအနေများစွာ၌၊ လူတို့၏ ပူပန်မှုများသည် ၎င်းတို့ကိုယ်ပိုင် ကိုယ်ကျိုးစီးပွားမှ လာပေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ၎င်းတို့တွင် ရလဒ်မရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က၊ ‘ဘုရားသခင်သည် ကျွန်ုပ်ကို ထုတ်ဖော်ပြလျှင်၊ ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်လျှင်၊ အဘယ်သို့ပြုလုပ်မည်နည်း’ဟု အမြဲ တွေးနေကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ အဓိပ္ပာယ်ကောက်လွဲခြင်းဖြစ်သည်။ ဤသည်တို့မှာ သင်၏ တစ်ဖက်သတ် မှန်းဆချက်များဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သင် အဖြေရှာရမည်။ သူက လူတို့ကို ထုတ်ဖော်ပြသည့်အခါ၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းခြင်းအတွက် မဟုတ်။ လူတို့သည် ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရတို့ကို ဖော်ထုတ်ရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေပြီး၊ စစ်မှန်သည့် နောင်တရလာနိုင်စွမ်းရှိစေရန်အလို့ငှာ ထုတ်ဖော်ပြခံရခြင်းဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူတို့ကို ထုတ်ဖော်ပြခြင်းသည် ၎င်းတို့၏ အသက်တာများ ကြီးထွားစေရန်ဖြစ်သည်။ သိနားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲကာ အပျက်သဘောဆောင်ပြီး အားနည်းလာတတ်သည်။ ၎င်းတို့သည် စိတ်ပျက်လက်ပျက်ပင် ဖြစ်သွားနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ထိုအရာမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင့်အား သိရှိအောင် ကူညီရန်နှင့် သင့်ကို နောင်တရစေရန် ဖြစ်သည်။ မကြာခဏ၊ လူတို့သည် ပုန်ကန်တတ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ ထုတ်ဖော်ပြသည့်အခါ သမ္မာတရားတွင်ရှိသည့် ဖြေရှင်းချက်ကို ရှာရန် မကြိုးစားကြသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ထို့ကြောင့်၊ တစ်ခါတစ်ရံ၊ သူသည် လူတို့၏ အကျည်းတန်ခြင်းနှင့် သနားဖွယ်ဖြစ်ခြင်းတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို သိရှိစေလျက်၊ လူတို့ကို ထုတ်ဖော်ပြသည်။ ယင်းက ၎င်းတို့၏အသက်တာကို ကြီးထွားရန် ကူညီပေးသည်။ လူတို့ကို ထုတ်ဖော်ပြခြင်းတွင် မတူကွဲပြားသည့် သွယ်ဝိုက်ညွှန်းဆိုချက်နှစ်ခု ရှိ၏။ ဆိုးယုတ်သောလူတို့အတွက်၊ ထုတ်ဖော်ပြခံရခြင်းသည် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်ဟု ဆိုလိုသည်။ သမ္မာတရားကို လက်ခံနိုင်သူတို့အတွက်၊ ထိုအရာမှာ အသိပေးချက်နှင့် သတိပေးချက်တစ်ခု ဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ သုံးသပ်ရန်၊ မိမိတို့၏ စစ်မှန်သည့် အခြေအနေကို မြင်စေရန်၊ ထိန်းကျောင်းရခက်ပြီး မဆင်မခြင်ပြုမူခြင်းကို ရပ်တန့်စေရန် ယင်းကို ပြုလုပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဆက်လုပ်ဆောင်ခြင်းက အန္တရာယ်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ကို ဤသို့ထုတ်ဖော်ပြခြင်းသည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့အနေဖြင့် နားဝေတိမ်တောင်ဖြစ်ကာ အမှုမဲ့အမှတ်မဲ့ဖြစ်လာခြင်းမရှိစေရန်၊ အမှုအရာများကို အလေးအနက် သဘောထားရန် ပျက်ကွက်ခြင်းမဖြစ်စေရန်၊ ရလဒ်အနည်းငယ်ဖြင့်သာ ကျေနပ်လာကာ လက်ခံနိုင်သည့် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးထင်ပြီး အမှန်တွင်မူ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် အကဲဖြတ်သည့်အခါ ၎င်းတို့ အလွန်စံမမီဖြစ်ကာ ထိုသို့ဖြစ်သည့်တိုင်၊ မိမိတို့ဘာသာ ကျေနပ်အားရကြဆဲဖြစ်၍ အဆင်ပြေနေသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်ခြင်း မဖြစ်စေရန် ၎င်းတို့ကို အသိပေးခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေများတွင်၊ ဘုရားသခင်သည် လူတို့ကို ဆုံးမပဲ့ပြင်လိမ့်မည်၊ သတိပေးကာ အသိပေးလိမ့်မည်။ တစ်ခါတစ်ရံ၊ ၎င်းတို့၏ အကျည်းတန်ခြင်းကို ဘုရားသခင်က ထုတ်ဖော်ပြသည်။ ယင်းမှာ အသိပေးချက်တစ်ခုအဖြစ် သိသိသာသာ အသုံးချရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင်၊ သင့်ကိုယ်သင် သုံးသပ်သင့်၏။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းသည် မလုံလောက်ပေ။ သင့်အတွင်းတွင် ပုန်ကန်မှုရှိ၏။ အပျက်သဘောဆောင်သော အရိပ်လက္ခဏာများစွာ ရှိ၏။ သင် လုပ်ဆောင်သည့် အရာရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်ပြီး၊ သင် နောင်တမရသေးလျှင်၊ သင် အပြစ်ပေးခံရသင့်ပေသည်။ မကြာခဏ၊ ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည့်အခါ၊ သို့မဟုတ် သင့်ကို ထုတ်ဖော်ပြသည့်အခါ၊ ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဟု မလွဲမသွေဆိုလိုခြင်း မဟုတ်ပေ။ ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင် ဖယ်ရှားရှင်းလင်းခံရလျှင်ပင်၊ ထိုအရာကို သင် လက်ခံကာ ကျိုးနွံနာခံသင့်ပြီး၊ အမြန် သုံးသပ်ကာ နောင်တရသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် အရမ်းရှက်ပြီး အပြစ်ရှိသလို ခံစားရတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို အရင်က ကျွန်တော် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ဖူးတယ်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအကြောင်း ခဏခဏ ပြောခဲ့တယ်၊ ဘုရားသခင်က လူတွေကို သူတို့ကိုယ်သူတို့ ပိုဆင်ခြင်သုံးသပ်ပြီး နားလည်ခွင့်ပေးရင်းနဲ့ ကယ်တင်ဖို့ ထုတ်ဖော်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရတဲ့အခါမှာတော့ ဘုရားသခင်က ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းချင်နေတယ်လို့ သံသယဝင်ခဲ့ပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် ကယ်တင်ခြင်းကို အရိပ်အယောင်လေးတောင် မမြင်ခဲ့ဘူး။ ကျွန်တော်က ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပုံပေါ်ပေမဲ့၊ ကျွန်တော့် စိတ်နှလုံးက ဘုရားအတွက် ပိတ်နေခဲ့တယ်။ ကျွန်တော် ယုံကြည်ခဲ့တဲ့ နှစ်ကာလတွေကို ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့သဘာဝကြောင့် အကြိမ်တော်တော်များများ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံခဲ့ရတယ်၊ ဒါတောင်မှ ဘုရားသခင်က ကျွန်တော့်ရဲ့ ပြစ်မှားမှုတွေကြောင့် ကျွန်တော့်ကို ဖယ်ရှားရှင်းလင်းခဲ့တာမရှိဘူး၊ အဲဒီအစား ကိုယ်တော်က ညီအစ်ကိုမောင်နှမတွေရဲ့ ဖော်ထုတ်မှုနဲ့ အကူအညီတွေ၊ ပြီးတော့ ကိုယ်တော့်နှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကိုသုံးပြီး ကျွန်တော့်ကို ဆင်ခြင်သုံးသပ်ဖို့၊ နောင်တရဖို့၊ ပြောင်းလဲဖို့ ကူညီပေးခဲ့တယ်။ ကျွန်တော် နားလည်မှုနဲ့ ပြောင်းလဲမှုတချို့ ရရှိလာတဲ့အခါမှာ ဘုရားသခင်က ကျွန်တော့်ကို တာဝန်ထမ်းဆောင်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့ပြန်တယ်။ ဘုရားသခင်ကသာ လူတွေထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုတွေအပေါ်မှာ အခြေခံပြီး လူတွေရဲ့အဆုံးသတ်ကို ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်က အပြစ်ဒဏ်ပေးခံရတာ ကြာလှပြီ၊ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်နေမှာ မဟုတ်ဘူး။ အခုလတ်တလော ဖြုတ်ချခံရတာကလည်း သမ္မာတရားကို ကျွန်တော် လိုက်စားဖို့ ပျက်ကွက်ပြီး အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်ခဲ့တဲ့အပြင် အလုပ်ကို ဆိုးဆိုးရွားရွား အဖျက်အမှောင့်လုပ်ပြီး တားဆီးခဲ့လို့ပါ။ ဒီလိုကိုင်တွယ်ဖြေရှင်းတာက စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အပြည့်အဝ ထုတ်ဖော်ပြခဲ့တယ်။ ကျွန်တော်သာ အချိန်မီ ဖြုတ်ချမခံခဲ့ရရင် ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကိုထောက်ရင် ကျွန်တော်ဟာ အဆုံးမှာ မကောင်းမှုအများကြီးကို ကျူးလွန်ပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ရင်ဆိုင်ခဲ့ရမှာပဲ။ ဒီလို ဖြုတ်ချခံရခြင်းမျိုးက အမှန်စင်စစ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ကာကွယ်စောင့်ရှောက်ခြင်းပဲ ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါသာမရှိခဲ့ရင် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အမှန်တကယ် ဆင်ခြင်သုံးသပ်မိခဲ့မှာ၊ နားလည်ခဲ့မှာ မဟုတ်ဘူး၊ ကျွန်တော်လျှောက်လှမ်းခဲ့တဲ့ မှားယွင်းတဲ့လမ်းကြောင်းကိုလည်း ဆင်ခြင်သုံးသပ်မိခဲ့မှာ မဟုတ်လို့ပဲ။ ဒါနဲ့ ကျွန်တော် ဒူးထောက်ပြီး ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် သတိထားဆက်ဆံပြီး အထင်လွဲတဲ့ အခြေအနေမှာ အသက်မရှင်ချင်တော့ပါဘူး၊ ကျွန်တော် နောင်တရချင်ပါတယ်၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ချင်ပါတယ်၊ ကိုယ်တော် လမ်းပြတော်မူပါ၊ ပို့ဆောင်တော်မူပါလို့ပဲ ကျွန်တော် တောင်းလျှောက်ပါတယ်” လို့ပေါ့။

ကျွန်တော် ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “သင်ကိုယ်တိုင်၏ အတွေးများ၊ ထင်မြင်ချက်များက မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် မှန်ကန်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းများဖြစ်သည်ဟု သင်က ကြောင်းကျိုးမမြင်ဘဲ ဆုံးဖြတ်လျှင် ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သင့်တွင် သင်မှန်ကန်သည်ဟု ခံစားရသော အယူအဆများ၊ ထင်မြင်ချက်များရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝ ယုံကြည်ခြင်းမရှိဘဲ ရှာဖွေခြင်းနှင့် မိတ်သဟာယတို့မှတစ်ဆင့် အတည်ပြုနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု မရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မလုပ်ဆောင်မီတွင် လူတိုင်း၏ ပံ့ပိုးခြင်းနှင့် အသိအမှတ်ပြုခြင်းကို စောင့်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျိုးကြောင်းသင့်သောနည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်)ပြဿနာတစ်ခု သင် တွေ့မြင်ပြီးဖြစ်သည်ကို သေချာပြီး ဤပြဿနာကို ဖြေရှင်းသင့်သည်၊ မဟုတ်လျှင် အလုပ်ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်ဟု သင့် စိတ်နှလုံးတွင် နားလည်သည့်တိုင် သင်သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းနိုင်ခြင်း မရှိသကဲ့သို့ အခြားလူတို့အား စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရွံ့လျှင် မည်သည့် ပြဿနာက ထင်ရှားနေသနည်း။ အဘယ်ကြောင့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် သင် စိုးရွံ့သနည်း။ ဤသည်မှာ အရေးကြီးသော သဘာဝတစ်ခု၏ ပြဿနာတစ်ခုဖြစ်သည်။ ပြီးလျှင် ဤသည်မှာ သမ္မာတရားကို သင် ချစ်မချစ်၊ သင့်တွင် တရားမျှတစိတ် ရှိမရှိတို့နှင့် သက်ဆိုင်သည်။ သင်၏ ထင်မြင်ချက်သည် မှန်ကန်ခြင်းရှိမရှိကို သင်မသိလျှင်ပင် သင်၏ ထင်မြင်ချက်ကို ထုတ်ပြောသင့်သည်။ သင့်တွင် ထင်မြင်ချက်၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် ပြောဆိုသင့်သည်။ အခြားလူတို့အား အကဲဖြတ်ခွင့်ပေးသင့်သည်။ ဤသို့လုပ်ဆောင်ရာတွင် သင့်အတွက် အကျိုးများရှိလိမ့်မည်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူများ အမှန်တကယ် အသက်ရှင်နေထိုင်သည့်အရာ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အသေအချာ တွေးဆပြီးတဲ့နောက်မှာ ကျွန်တော် နားလည်သွားတယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် အခြေခံပြီး တခြားသူတွေကို ဘောင်ခတ်တာ၊ ရာထူးအဆင့်အတန်းကို အခွင့်ကောင်းယူတာက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ မတူဘူး။ မာနထောင်လွှားခြင်းနဲ့ ကိုယ့်ကိုယ်ကို မှန်တယ်လို့ ယူမှတ်ခြင်းတွေမှာ ကိစ္စတွေကို သမ္မာတရား စည်းမျဉ်းတွေ မရှာဘဲ လုပ်ဆောင်တာ၊ ကိုယ့်ရဲ့အမြင်ကိုပဲ အမြဲ ဖက်တွယ်ထားပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်မခံတာ၊ ကိုယ့်လုပ်ရပ်တွေက သမ္မာတရားနဲ့ မကိုက်ညီမှန်း အပြည့်အဝ သိနေပေမဲ့ ကိုယ်ပြောတာကိုပဲ တခြားလူတွေကို နားထောင်စေချင်တာ၊ အရာရာကို ကိုယ့်အတွေးနဲ့ အယူအဆတွေအတိုင်း လုပ်တာ၊ ဘုရားသခင် အိမ်တော်ရဲ့ အကျိုးစီးပွားကို နည်းနည်းလေးတောင် ထည့်မစဉ်းစားတာတွေ ပါဝင်တယ်။ ဒါဟာ မာနထောင်လွှားခြင်း၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်ခြင်းနဲ့ ဩဇာအာဏာပြချင်တဲ့ ရည်ရွယ်ချက်ပဲ။ ဥပမာအနေနဲ့ ကျွန်တော် ခေါင်းဆောင်လုပ်ခဲ့တုန်းက အရာရာမှာ ကျွန်တော်ပဲ ဦးဆောင်ခဲ့တယ်။ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ဆွေးနွေးတာလုံးဝ မရှိခဲ့ဘူး၊ သူတို့ကို ကြားဝင်စွက်ဖက်ခွင့်မပြုခဲ့ဘူး။ တခြားသူတွေက ကျွန်တော့်ရဲ့ အတွေးအခေါ်တွေ၊ ရည်ရွယ်ချက်တွေအပေါ် လိုက်နာတာကို အမြဲတမ်း လိုချင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေဆီက ကျိုးကြောင်းဆီလျော်တဲ့ အကြံပြုချက်တွေကိုလည်း ဘယ်တော့မှ လက်မခံခဲ့ဘူး။ ဒါဟာ မာနထောင်လွှားတာနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာပဲ။ တစ်စုံတစ်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အသင်းတော်အလုပ်ကို တားဆီးတဲ့အရာတစ်ခု လုပ်နေတာကို ကျွန်တော်မြင်ရင် ဒါဟာ ကျွန်တော့်တာဝန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အဲဒီလူဟာ ကျွန်တော် ကြီးကြပ်ရတဲ့သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကျွန်တော်က သူတို့ကို ဖော်ထုတ်ပြီး ကူညီပေးသင့်တယ်။ ဒါဟာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်ပြီး တရားမျှတစိတ်ရှိတာကို ပြနေတာပဲ။ ဒါဟာ မာနထောင်လွှားတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တာ မဟုတ်ဘူး။ ဘုရားသခင်က လူတစ်ယောက်ရဲ့ လုပ်ရပ်တွေနောက်ကွယ်က ရည်ရွယ်ချက်တွေကို ကြည့်တယ်၊ ခေါင်းဆောင်တွေက အစီအစဉ်တွေ ပြုလုပ်ပြီးသည်ဖြစ်စေ၊ မပြုလုပ်ပြီးသည်ဖြစ်စေ အသင်းတော်အလုပ်နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စတစ်ခုခုဖြစ်နေသရွေ့ ဒီအရာတွေကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ အဲဒီလိုလူကပဲ ဘုရားအိမ်တော်နဲ့ တကယ် သက်ဆိုင်တယ်။ ဒီလို သဘောပေါက်သွားတော့ ကျွန်တော် ညီအစ်မလီရှင်းဆီ သွားပြီး သူ့ရဲ့ပြဿနာတွေကို ထောက်ပြဖို့၊ သူ့တာဝန်တွေမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲဆိုတာကို နားလည်ပေးဖို့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်တော်တို့ရဲ့ မိတ်သဟာယဖွဲ့ခြင်းကြောင့် သူ့ရဲ့အခြေအနေက တော်တော်လေး တိုးတက်လာခဲ့တယ်။ တစ်ခါမှာ လီရှင်းက မယုံကြည်သူတစ်ယောက်ကို ရှင်းလင်းပစ်ဖို့ စုစည်းထားတဲ့ အချက်အလက်တချို့ကို မှားယွင်းစွာ အမျိုးအစားခွဲခြားထားတာကို ကျွန်တော်သတိထားမိတယ်၊ ဒါနဲ့ သက်ဆိုင်ရာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ စည်းမျဉ်းတွေကို ထုတ်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူလည်း စည်းမျဉ်းတချို့ကို နားလည်သွားနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ သိနားလည်မှုနဲ့ ကျွန်တော် ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုနဲ့ ဥိးဆောင်မှုကြောင့်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ

ကျွန်မက ၂၀၁၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမတော့ ကိုယ့်တာဝန်မှာ ရလဒ်နည်းနည်း ထွက်ခဲ့တယ်။ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။