ဂုဏ်ဒြပ်ကို စွန့်လွှတ်ခြင်းက မလွယ်ကူခဲ့ပါ
လီကျွန် တရုတ်နိုင်ငံကျွန်တော်သည် လယ်လုပ်သည့် မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါသည်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်မိဘများကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာ ကျွန်မဟာ အသင်းတော်အလုပ်မှာ အစ်မယိရှင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အတူတူအလုပ်လုပ်ပြီး အချိန်နည်းနည်းကြာတော့ ယိရှင်းဟာ အစွမ်းအစကောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို မြန်မြန်နားလည်နိုင်တာကို ကျွန်မ တွေ့ခဲ့တယ်။ သူက သမ္မာတရားကို မိတ်သဟာယပြုရာမှာ အဓိကအချက်တွေကို နားလည်သဘောပေါက်နိုင်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတချို့ကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ ကျွန်မ စဉ်းစားမိတယ်၊ “ငါက ဘုရားကိုယုံကြည်တာ သိပ်မကြာသေးတော့ သမ္မာတရားကို အများကြီး နားမလည်သေးဘူး။ ယိရှင်းသာ ငါနဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အသင်းတော်အလုပ်က သေချာပေါက် ကောင်းကောင်းပြီးမြောက်မှာပဲ” လို့ပေါ့။ ကျွန်မ အရမ်းပျော်ပြီးတော့ စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်အားထက်သန်မှုတွေ ပြည့်နေခဲ့တယ်။ နားမလည်တာတစ်ခုခုရှိတိုင်း ယိရှင်းကို ကျွန်မ မေးတာပေါ့။ သူက အလုပ်မှာ ဦးဆောင်တဲ့အခါ သူက ကျွန်မထက်ပိုတော်တယ်လို့ ခံစားရလို့ ကျွန်မ ဘယ်တော့မှ မကန့်ကွက်ခဲ့ဘူး။
အချိန်နည်းနည်းကြာတော့ ညီအစ်ကိုမောင်နှမတွေက ယိရှင်းဟာ အစွမ်းအစကောင်းတယ်၊ ကိစ္စတွေကို ထိုးထွင်းသိမြင်နိုင်တယ်၊ သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်၊ ပြီးတော့ သူ့ရဲ့မိတ်သဟာယက တကယ်ကို ဉာဏ်ပွင့်စေတယ်လို့ ပြောကြတာကို ကျွန်မကြားမိတယ်။ အစပိုင်းမှာတော့ ကျွန်မ ဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့ပေမဲ့ ဒီလိုစကားတွေကို ခဏခဏကြားလာရတဲ့အခါ ကျွန်မ နည်းနည်းရှက်ပြီး စိတ်မသက်မသာဖြစ်လာတယ်၊ “ငါတို့နှစ်ယောက်လုံးက ခေါင်းဆောင်တွေပဲ၊ အလုပ်ကိုလည်း အတူတူလုပ်ကြတာ။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကိုပဲ ချီးမွမ်းနေကြတော့ ငါက အရည်အချင်းမရှိပုံ ပေါက်မနေဘူးလား” လို့ တွေးမိတယ်။ ကျွန်မကတော့ ညီအစ်ကိုမောင်နှမတွေကို “ဟုတ်တယ်၊ ယိရှင်းရဲ့ အစွမ်းအစက ကောင်းပါတယ်” လို့ နှုတ်နဲ့တော့ သဘောတူလိုက်ပေမဲ့ စိတ်ထဲမှာတော့ လက်မခံနိုင်ဘဲ ဒီလိုတွေးနေမိတယ်၊ “ငါလည်း ညီအစ်ကိုမောင်နှမတွေအတွက် စုဝေးပွဲတွေ အများကြီးလုပ်ပေးတာပဲ၊ ပြီးတော့ သူတို့ရဲ့ ပြဿနာနဲ့ အခက်အခဲတချို့ကိုလည်း ဖြေရှင်းပေးနိုင်တာပဲ။ ဘာလို့ ဘယ်သူမှ ငါ့ကိုမချီးမွမ်းကြတာလဲ။ ငါက ယိရှင်းထက် တကယ်ပဲ အဲဒီလောက်တောင် ညံ့နေလို့လား။ ဒီလိုတော့ မဖြစ်ဘူး။ စုဝေးပွဲတွေမှာ ပိုရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ငါ ပိုဖတ်ရမယ်။ ပြီးတော့ ယိရှင်းကို အမီလိုက်နိုင်အောင် ငါ ကြိုးစားရမယ်။ ဒါမှ ညီအစ်ကိုမောင်နှမတွေက ငါ သူ့ထက်မညံ့ဘူးဆိုတာ မြင်သွားကြမှာ” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မ စပြီး အလုပ်ကြိုးစားလာတယ်။ နေ့ဘက်တွေမှာ စုဝေးပွဲတွေသွားပြီး ညဘက်တွေမှာ ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ အခြေအနေတချို့ကို ဖြေရှင်းပေးနိုင်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို တွေ့ရင် ပြဿနာဖြေရှင်းတဲ့အခါ မြန်မြန်ဆန်ဆန်ရှာလို့ရအောင် မှတ်သားထားလိုက်တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မတို့နဲ့အတူ စုဝေးတဲ့အခါ ကျွန်မက ပိုနားလည်ချင်တယ်၊ ပိုကောင်းကောင်း ပြင်ဆင်ထားချင်တယ်၊ ပြီးတော့ ယိရှင်းကို ကျော်တက်ချင်တဲ့အတွက် ကျွန်မနားမလည်တာမှန်သမျှ သူတို့ကို မေးမြန်းခဲ့တယ်။
တစ်ခါတော့ အဖွဲ့ခေါင်းဆောင်တွေရဲ့ စုဝေးပွဲတစ်ခုမှာ ယိရှင်းက ပွဲတက်စရာတစ်ခုရှိလို့ ကျွန်မကို အရင်သွားနှင့်ခိုင်းတယ်။ ကျွန်မ တော်တော်ပျော်သွားတယ်၊ ဘာလို့လဲဆိုတော့ အရင်ကဆို ယိရှင်းက ကျွန်မနဲ့အမြဲတူတူလာပြီး စုဝေးပွဲတိုင်းမှာ သူပဲဦးဆောင်ခဲ့တာလေ။ ဒါပေမဲ့ ဒီနေ့တော့ ညီအစ်ကိုမောင်နှမတွေနဲ့ တစ်ယောက်တည်း မိတ်သဟာယပြုဖို့ နောက်ဆုံးတော့ ကျွန်မအလှည့်ရောက်ပြီပေါ့။ ကျွန်မရဲ့ အစွမ်းအစက ယိရှင်းထက် အများကြီးမညံ့ဘူးဆိုတာကို သက်သေပြဖို့နဲ့ ကောင်းကောင်းလုပ်ဆောင်ပြဖို့ ဒီအခွင့်အရေးကို ကျွန်မ အသုံးချရမယ်။ စုဝေးပွဲအတွင်းမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ချင်းစီရဲ့ မကြာသေးခင်က အခြေအနေနဲ့ သူတို့ရဲ့တာဝန်တွေမှာရှိနေတဲ့ အခက်အခဲတွေကို သိမှတ်ရင်း ကျွန်မ စတင်ခဲ့တယ်။ ညီအစ်မတစ်ယောက်က စကားပြောတဲ့အခါ ကျွန်မ သေချာနားထောင်ပြီး၊ ကျွန်မရဲ့ဦးနှောက်က အမြန်အလုပ်လုပ်ပြီး၊ သူ့အခြေအနေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဘယ်အပိုဒ်တွေကို ရှာသင့်သလဲဆိုတာကို အသည်းအသန်စဉ်းစားနေခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ “ငါ ဒါကို လုံးဝ တလွဲလုပ်လို့မဖြစ်ဘူး။ ဒီပြဿနာကို ငါမဖြေရှင်းနိုင်ရင် ထာဝရ ယိရှင်းရဲ့အရိပ်အောက်မှာပဲ နေသွားရတော့မှာ။ ဒါဆိုရင် အရမ်းကို အရှက်ရပြီး မျက်နှာငယ်စရာကောင်းမှာပဲ” လို့ တွေးနေမိတယ်။ အဲဒီညီအစ်မက သူ့အခြေအနေကို ပြောပြပြီးတဲ့နောက်မှာ ကျွန်မက ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တွေကို ရှာပြီးတော့ သူ့ရဲ့တုံ့ပြန်မှုကို ကြည့်ရင်း မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒီညီအစ်မက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်နေတာကို မြင်လိုက်ရတော့ ကျွန်မစိတ်ထဲမှာ ရုတ်တရက် ကျေနပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အတော်မဆိုးဘူးလို့ ထင်လိုက်မိတယ်။ ဒါပေမဲ့ ကျွန်မ မိတ်သဟာယပြုလို့ ကောင်းနေတုန်းမှာပဲ ယိရှင်းက သူ့ကိစ္စပြီးလို့ ရောက်လာပါလေရော။ ကျွန်မကို ကြည့်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့ရဲ့ အာရုံစိုက်မှုကို ယီစင်ဆီကို လှည့်လိုက်ကြတယ်။ သူတို့မျက်လုံးထဲက အကြည့်တွေကနေတစ်ဆင့် သူတို့အားလုံးက ယီစင်ကို မျှော်လင့်တကြီး စောင့်နေကြတယ်ဆိုတာကို ကျွန်မ ခံစားမိလိုက်တယ်။ ကျွန်မ နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ပြီးတဲ့နောက်၊ ယိရှင်းက အဖွဲ့ခေါင်းဆောင်ရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး မိတ်သဟာယပြုပေးတော့တာပဲ။ ယိရှင်းရဲ့ မိတ်သဟာယက တကယ်ကို ရှင်းလင်းပြတ်သားတော့ ကျွန်မ အရမ်းကို မနာလိုဖြစ်သွားတယ်။ စိတ်ထဲမှာတော့ “နင်က ဝင်လာပြီး ခေါင်းဆောင်လုပ်တယ်၊ ငါ့လက်ခုပ်သံတွေကိုပါ ခိုးသွားတယ်။ မဖြစ်ဘူး။ ငါ ဒီတိုင်းထိုင်ကြည့်နေပြီး နင့်ကိုပဲ ပေါ်လွင်ထင်ရှားခွင့်ပေးလို့ မဖြစ်ဘူး။ မိတ်သဟာယပြုဖို့ အခွင့်အရေးတစ်ခု ငါရှာမှရမယ်” လို့ တွေးမိတယ်။ ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်၊ ယိရှင်းထက် ပိုရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်ဖို့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဘယ်အပိုဒ်တွေကို သုံးရမလဲလို့ အကြံထုတ်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းပွဲထုတ်ချင်နေတော့ ယိရှင်း ခဏရပ်လိုက်တဲ့အချိန်မှာ ကျွန်မက အဲဒီအဖွဲ့ခေါင်းဆောင်နဲ့ စကားဝိုင်းကို ဝင်လုပြီး ပြောလိုက်တယ်၊ “အစ်မ၊ အစ်မရဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျွန်မလည်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ရှာထားတယ်၊ ဒါကို ကျွန်မတို့ မိတ်သဟာယပြုကြရအောင်” လို့ပေါ့။ ပြီးတော့ ကျွန်မ စဖတ်လိုက်တယ်၊ ဒါပေမဲ့ ဖတ်နေရင်းနဲ့ ကျွန်မရွေးထားတဲ့ အပိုဒ်က အဲဒီအစ်မရဲ့အခြေအနေနဲ့ သိပ်မကိုက်ညီဘူးဆိုတာကို တွေ့လိုက်ရတယ်။ ကျွန်မခေါင်းထဲ မိုက်ကနဲဖြစ်သွားပြီး တွေးမိတယ်၊ “သွားပြီ၊ ငါ တလွဲလုပ်မိပြီလား။ ညီအစ်ကိုမောင်နှမတွေ ငါ့ကို အထင်ကြီးဖို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ ဒီလို သာမန်အမှားမျိုးလုပ်မိတာက ငါ အရည်အချင်းမရှိဘူးဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား။ တကယ် ရှက်စရာကောင်းလိုက်တာ” လို့ပေါ့။ ကျွန်မ အရမ်းကို အနေရခက်ပြီး ရှက်သွားတယ်၊ မျက်နှာတစ်ခုလုံး ပူထူနေပြီး မြေကြီးထဲကိုပဲ တိုးဝင်သွားချင်တော့တယ်။ ယိရှင်းက သူ့ရဲ့မိတ်သဟာယကို ဆက်လုပ်နေပြီး ညီအစ်ကိုမောင်နှမတွေကလည်း အာရုံစိုက်ပြီး နားထောင်နေကြတယ်။ ကျွန်မ ဘေးဖယ်ခံထားရသလို ခံစားခဲ့ရတယ်၊ ဆူးပေါ်မှာ ထိုင်နေရသလိုမျိုး အရမ်း နာကျင်ပြီး မသက်မသာဖြစ်နေခဲ့တယ်။ ကျွန်မရင်ထဲမှာ ခံပြင်းစိတ်တွေက တဖွားဖွားပေါ်လာပြီး တွေးမိလာတယ်၊ “ငါက ဘာအခန်းကဏ္ဍကနေ ပါဝင်နေရတာလဲ။ ယိရှင်းကို မြှောက်ပင့်ပေးဖို့ပဲ ဒီမှာရှိနေတာလား။ ယိရှင်းရှိနေလို့သာ ငါက ဒီလောက်ညံ့နေသလို ဖြစ်နေရတာ။ ဒီနေ့ ငါဒီလောက်အရှက်ရတာ အားလုံး သူ့ကြောင့်ပဲ။ သူသာမရှိရင် ငါက သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ရှာမတွေ့နိုင်လောက်အောင် စိုးရိမ်ပူပန်နေမှာလား။ ဒီလိုမျိုး အရှက်ကွဲရမှာလား” လို့ပေါ့။ ကျွန်မက အဲဒီမှာ လူပြက်တစ်ယောက်လို ထိုင်နေရသလို ခံစားရပြီး ချက်ချင်းထွက်သွားချင်စိတ်တွေ ပေါက်နေခဲ့တယ်။ နောက်ဆုံး စုဝေးပွဲကို ကြိတ်မှိတ်ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကျွန်မ အိမ်ပြန်ပြီး ကုတင်ပေါ်မှာ လှဲနေလိုက်တယ်၊ ဒါပေမဲ့ စုဝေးပွဲက အဖြစ်အပျက်ကို ပြန်စဉ်းစားမိတဲ့အခါ ကျွန်မရဲ့ နှလုံးသားက ပူဆွေးသောကမုန်တိုင်းတစ်ခုထဲမှာ လူးလွန့်နေခဲ့ပြီး ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ပြီး မချင့်မရဲဖြစ်ခဲ့တယ်။ မကြာသေးခင်က ကျွန်မရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်အောင်လုပ်ဖို့ အပြည့်အဝအားစိုက်ထုတ်ခဲ့ရတာတွေ၊ နေ့ဘက်တွေမှာ စုဝေးပွဲတက်၊ ညဘက်တွေမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး သန်းခေါင်အထိ မအိပ်ဘဲ နေခဲ့တာတွေကို စဉ်းစားမိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျွန်မ ယိရှင်းကို မမီနိုင်သေးဘူး။ ဒီအကြောင်းတွေကို စဉ်းစားမိတော့ ကျွန်မ ယိရှင်းကို နာကျည်းလာပြီး စုဝေးပွဲတွေမှာ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိတော့ဘူး။ သူ့ကို မြင်တောင်မမြင်ချင်တော့ဘူး။ နောက်တစ်နေ့၊ ယိရှင်းနဲ့ကျွန်မ စုဝေးပွဲသွားတဲ့အခါ ကျွန်မက မျက်နှာကို စူပုပ်ထားပြီး နှုတ်ဆိတ်နေခဲ့တယ်၊ စိတ်ထဲမှာတော့ “ငါ သူနဲ့မပြိုင်နိုင်မှတော့ ပါးစပ်ပိတ်ပြီး နားပဲထောင်တော့မယ်” လို့ တွေးနေမိတယ်။ ဒါပေမဲ့ မပြိုင်ဘဲနေပြန်တော့လည်း စိတ်ပျက်လက်ပျက်ဖြစ်၊ မချင့်မရဲဖြစ်ပြီး ဒေါသထွက်နေတုန်းပဲ။ မိတ်သဟာယပြုဖို့ကြိုးစားတဲ့အခါ ကျွန်မစိတ်ထဲမှာ ဘာမှမရှိတော့ဘဲ ဘာပြောရမှန်းမသိတော့ဘူး။ ဒါနဲ့ ကျွန်မ စပြီး ညည်းညူတော့တယ်၊ “ဘုရားသခင်က ဘာလို့ သူ့ကို ဒီလောက်ကောင်းတဲ့ အစွမ်းအစပေးထားရတာလဲ။ ဘာလို့ ငါ့ကိုကျတော့ ဒီလောက်ညံ့တဲ့ အစွမ်းအစပေးပြီး ငါတို့ကို အတူတူတာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားရတာလဲ။ သူရှိနေတော့ ငါက ဒီမှာမရှိသလိုပါပဲလား” လို့ တွေးမိတယ်။ တစ်နေ့နေ့မှာ ကျွန်မတို့ကို အမြန်ဆုံးခွဲပေးပါစေလို့ မျှော်လင့်နေခဲ့တယ်။ နောက်ပိုင်းစုဝေးပွဲတချို့မှာ ကျွန်မ စကားနည်းသွားပြီး အလုပ်ကိစ္စဆွေးနွေးမှုတွေမှာလည်း သိပ်မပါဝင်တော့ဘူး။ ကျွန်မရဲ့အခြေအနေက တဖြည်းဖြည်းပိုဆိုးလာပြီး ပိုပိုပြီး နာကျင်ခံစားရပြီး မွန်းကျပ်လာတယ်။ ကျွန်မ ဘုရားသခင်ထံ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်။ သမီးက ယိရှင်းကို အမြဲမနာလိုဖြစ်နေပြီး သူနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုင်းယှဉ်နေမိပါတယ်။ ဒီအခြေအနေနဲ့ အသက်ရှင်နေရတာ အရမ်းကို နာကျင်ပါတယ်။ အို ဘုရားသခင်။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်နိုင်ဖို့ ကိုယ်တော် သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် ထင်ပေါ်ကျော်ကြားမည့် အခွင့်အရေးတို့နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို ကြုံလာသောအခါ ဥပမာအားဖြင့် ဘုရားအိမ်တော်က ပင်ကိုစွမ်းရည်ရှိသူအမျိုးမျိုးကို ပျိုးထောင်ရန် စီစဉ်နေသည်ဟု သင်ကြားရသောအခါ သင်တို့တစ်ဦးချင်းစီတိုင်းသည် လိုအင်ဆန္ဒဖြင့် မရိုးမရွဖြစ်လာကြပြီး မိမိတို့ကိုယ်ကို နာမည်ရအောင်လုပ်ရန်နှင့် လူပုံအလယ်တွင် ပေါ်လွင်ရန် လိုလားကြသည်။ သင်တို့အားလုံးသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုကြသည်။ သင်သည် ဤအပြုအမူကို ပြုလုပ်ရန် ရှက်ရွံ့သော်လည်း ထိုသို့မလုပ်ဘဲ နေရန်လည်း မကျေနပ်နိုင်ပေ။ ရွေးချယ်ခံရပြီး လူပုံအလယ်တွင် ထင်ပေါ်သောသူများကို သင်မြင်ရသည့်အခါတိုင်း သင်သည် မနာလိုခြင်း၊ အမုန်းတရားတို့ကို ခံစားရပြီး ညည်းညူပြောဆိုကာ ယင်းမှာ တရားမမျှတဟု ထင်သည်၊ ‘အဘယ်ကြောင့် ငါ မထင်ပေါ်နိုင်ရသနည်း။ အဘယ်ကြောင့် အခြားသူများက အစဉ်သဖြင့် ထင်ပေါ်ရသနည်း။ အဘယ်ကြောင့် ငါ့အလှည့် မည်သည့်အခါမျှ မရောက်ရသနည်း’ ဟူ၍ ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် နာကြည်းမှုကို ခံစားရပြီး သင်က ယင်းကို ချုပ်တည်းရန် ကြိုးစားသော်လည်း မချုပ်တည်းနိုင်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏အခြေအနေသည် ခဏတာ တိုးတက်ကောင်းမွန်လာနိုင်သော်လည်း ဤသို့သောအခြေအနေမျိုးကို သင် ထပ်မံကြုံတွေ့ရသောအခါ သင်သည် ယင်းကို ကျော်လွှားနိုင်ခြင်းမရှိသေးပေ။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ သင်သည် ထိုသို့သော အခြေအနေများတွင် ပိတ်မိနေသောအခါ သင်သည် စာတန်၏ ကျော့ကွင်းထဲသို့ ကျရောက်ပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် သဘာဝက လူတို့ကို ချည်နှောင်ပုံ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေကို အတိအကျ ဖော်ထုတ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက ယိရှင်းကို အထင်ကြီးလေးစားကြတဲ့အခါ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဘူးလို့ ခံစားခဲ့ရပြီး ကျွန်မရဲ့ မနာလိုစိတ်က ပေါ်လာပြီး သူနဲ့ ယှဉ်ပြိုင်လာတယ်။ လူတိုင်းက ကျွန်မကို အထင်ကြီးလေးစားလာအောင် ကျွန်မက အစောကြီးထ၊ ညဉ့်နက်မှအိပ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်၊ ယိရှင်းထက်မညံ့ဘူးဆိုတာ သက်သေပြချင်ခဲ့တာပေါ့။ အဖွဲ့ခေါင်းဆောင်တွေရဲ့ စုဝေးပွဲမှာ ယိရှင်းရောက်လာတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အာရုံက သူ့ဆီရောက်သွားတယ်၊ သူ့ရဲ့မိတ်သဟာယကလည်း တော်တော်ကောင်းခဲ့တယ်။ ကျွန်မ မနာလိုဖြစ်ပြီး လက်မခံနိုင်ခဲ့ဘူး၊ ဒါနဲ့ ပိုသင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို မိတ်သဟာယပြုဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မရှာတွေ့တဲ့ အပိုဒ်တွေက အဖွဲ့ခေါင်းဆောင်ရဲ့အခြေအနေနဲ့ လုံးဝမကိုက်ညီခဲ့ဘူး။ ကျွန်မ အရှက်ရတယ်လို့ ခံစားခဲ့ရပြီး ကျွန်မရဲ့ နာကြည်းမှုကို ယီရှင်းအပေါ်မှာ ပုံချခဲ့တယ်၊ သူရှိနေသရွေ့ ကျွန်မ ထင်ပေါ်မှာမဟုတ်ဘူးလို့ တွေးခဲ့တယ်၊ ဒါကြောင့် သူနဲ့ ပူးပေါင်းလုပ်ဆောင်ချင်စိတ် မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းအလေးထားခဲ့တယ်။ မာန ဒါမှမဟုတ် အဆင့်အတန်းနဲ့ ပတ်သက်လာပြီဆိုရင် ကျွန်မက မပြိုင်ဘဲမနေနိုင်ဘူး၊ ရှုံးနိမ့်သွားရင် သူ့အပေါ် မကျေမနပ်ဖြစ်တာ၊ မုန်းတီးတာ၊ ဘက်လိုက်တဲ့စိတ်တွေ ခံစားရပြီး ဒါတွေအားလုံးက သူ့အမှားပဲလို့ တွေးမိတယ်။ ကျွန်မဟာ တကယ်ကို စိတ်ထားသေးသိမ်ပြီး စက်ဆုပ်စရာကောင်းတဲ့ ယုတ်မာတဲ့လူတစ်ယောက်ပါပဲ။ သုံးပြည်ထောင်ရာဇဝင်ထဲက ကျိုးယွီကို တွေးမိတယ်၊ သူက ကျူးကော့လျန့်ရဲ့ အရည်အချင်းတွေကို အရမ်းမနာလိုဖြစ်ခဲ့လို့ ဒေါသကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေခဲ့ရတယ်။ ကျွန်မလည်း ယိရှင်းကို မနာလိုဖြစ်ပြီး နေ့ရက်တွေကို ဒေါသတွေ၊ နာကြည်းမှုတွေနဲ့ ကုန်ဆုံးခဲ့တယ်၊ အမှောင်နဲ့ နာကျင်မှုထဲမှာ နေထိုင်ရင်း ကိုယ့်တာဝန်တွေကိုတောင် ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ဒါက ကျွန်မကို ပိုပြီးမြန်မြန် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရစေမှာ မဟုတ်ဘူးလား။ တကယ်တော့ ယိရှင်းက ကိစ္စတွေကို မြန်မြန်နားလည်နိုင်တယ်၊ သမ္မာတရားကို ဉဏ်အလင်းနဲ့ မိတ်သဟာယပြုနိုင်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တယ်။ ဒါက အသင်းတော်အလုပ်အတွက်ရော ညီအစ်ကိုမောင်နှမတွေအတွက်ပါ အကျိုးရှိသလို၊ ကျွန်မရဲ့ အားနည်းချက်တွေကိုလည်း ဖြည့်ဆည်းပေးတယ်။ ဒါက ကောင်းတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက ညီအစ်မရဲ့ အရည်အချင်းတွေကို မနာလိုဖြစ်ခဲ့ပြီး သူ ကျွန်မကို ကျော်တက်သွားတာကို မကြည့်နိုင်ခဲ့ဘူး။ ကျွန်မက အစ်မနဲ့ နာမည်၊ အကျိုးအမြတ်နဲ့ ရာထူးအတွက် ပြိုင်ဆိုင်ဖို့ပဲ စဉ်းစားခဲ့ပြီး မနိုင်တဲ့အခါမှာတော့ အပျက်သဘောဆောင်ပြီး ပေါ့လျော့လာခဲ့တယ်၊ ကိုယ့်ရဲ့မကျေနပ်ချက်တွေကို ကိုယ့်တာဝန်အပေါ် ပုံချခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ကျွန်မ ဘုရားသခင်ထံ တိတ်တဆိတ်ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး မနာလိုစိတ်ရှိတဲ့ ဒီအခြေအနေထဲမှာ ဆက်မနေချင်တော့ပါဘူး၊ ဒီလိုအသက်ရှင်ရတာက အရမ်းကို နာကျင်ပြီး မွန်းကျပ်လွန်းလို့ပါ။ သမီး နောင်တရပြီး ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိပါတယ်၊ ကိုယ်တော် သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။
ကျွန်မ ရှာဖွေနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ပြန်သတိရလာခဲ့တယ်။ “နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မောက်မာလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင် စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသောဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း၊ သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်းနဲ့ ကျွန်မအသက်ရှင်နေခဲ့ရတဲ့ နာကျင်မှုတွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုနဲ့ ဒုက္ခပေးမှုတွေကြောင့် ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့လွှမ်းမိုးမှုနဲ့ မိသားစုရဲ့သင်ကြားမှုကိုခံခဲ့ရပြီး “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” နဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတာလို စာတန်ရဲ့အဆိပ်အတောက်တွေနဲ့ အသက်ရှင်ခဲ့ပုံကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်မကို ကျော်တက်သွားရင် ဒါမှမဟုတ် ကျွန်မရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခြိမ်းခြောက်လာရင် ကျွန်မ စိတ်မသက်မသာဖြစ်ပြီး မနာလိုဖြစ်တယ်၊ မုန်းတီးလာတယ်၊ အရမ်း မွန်းကျပ်ပြီး မခံမရပ်နိုင်အောင် နာကျင်ခံစားခဲ့ရတယ်။ ကျွန်မနဲ့ ရင်းနှီးပြီး စာပိုတော်တဲ့ အတန်းဖော်တစ်ယောက်ကို ကျွန်မ မှတ်မိတယ်။ တခြားအတန်းဖော်တွေက သူ့ပတ်လည်မှာဝိုင်းပြီး မေးခွန်းတွေမေးနေကြတာကို မြင်တဲ့အခါ ကျွန်မက လျစ်လျူရှုခံထားရသလိုခံစားခဲ့ရတယ်၊ သူ့ကိုမနာလိုဖြစ်ပြီး သူ့ကိုကျော်တက်ချင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ စာကြိုးစားလည်း သူ့ကိုမမီနိုင်မှန်းသိတော့ သူနဲ့သူငယ်ချင်းမလုပ်တော့ဘဲ ကျွန်မတို့ရဲ့ဆက်ဆံရေးက ပျက်စီးသွားခဲ့တယ်။ အိမ်ထောင်ကျပြီးနောက်မှာ အိမ်နီးနားချင်းတွေက ကျွန်မတို့ထက် ပိုက်ဆံပိုရှာနိုင်ပြီး ပိုကောင်းကောင်းနေနိုင်တာကို မြင်တော့ ကျွန်မမနာလိုဖြစ်ပြီး ပိုက်ဆံပိုရအောင် အသည်းအသန်အလုပ်လုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်မက ပြိုင်လို့မနိုင်ခဲ့ဘဲ သူတို့နဲ့ မဆက်ဆံချင်တော့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတောင် ကျွန်မက ဒီအဆိပ်အတောက်တွေနဲ့ပဲ ဆက်အသက်ရှင်ခဲ့တယ်။ ယိရှင်းရဲ့ အစွမ်းအစနဲ့ နားလည်နိုင်စွမ်းက ကျွန်မထက်ပိုကောင်းတာကို မြင်တဲ့အခါ ကျွန်မ မနာလိုဖြစ်ပြီး သူ့ကိုကျော်တက်ဖို့ ကြိုးစားခဲ့တယ်။ မကျော်တက်နိုင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင် မသက်မသာဖြစ်ပြီး သူ့ကိုမမြင်ချင်တော့ဘူး၊ ကျွန်မကို ဒီလောက်ညံ့တဲ့ အစွမ်းအစပေးတဲ့အတွက် ဘုရားသခင်ကိုတောင် ညည်းညူခဲ့တယ်၊ ကိုယ့်ရဲ့မကျေနပ်ချက်တွေကို တာဝန်တွေအပေါ်ပုံချပြီး အသင်းတော်အလုပ်မှာ မပါဝင်တော့ဘူး။ ကျွန်မဟာ အကျိုးသင့်အကြောင်းသင့်မရှိဘဲ လူ့သဘာဝ လုံးဝမရှိဘူးဆိုတာကို ကျွန်မမြင်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ကျွန်မကို မခံမရပ်နိုင်တဲ့ ဒုက္ခတွေထဲမှာ ချည်နှောင်ထားခဲ့တယ်၊ ကျွန်မကိုယ်တိုင်ကို နာကျင်စေရုံသာမက တခြားသူတွေကိုလည်း ထိခိုက်စေခဲ့တယ်။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုလည်း ထိခိုက်ခဲ့တယ်၊ သမ္မာတရားရရှိဖို့ အခွင့်အရေးအများကြီး ကျွန်မ ဆုံးရှုံးခဲ့ရတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းဟာ မှန်ကန်တဲ့လမ်းမဟုတ်ဘူးဆိုတာနဲ့ ဒီအရာတွေကို ဆက်လိုက်စားနေရင် ဘုရားသခင်နဲ့ ပိုပိုပြီးဝေးကွာသွားပြီး နောက်ဆုံးမှာ ကိုယ်တော်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါကို အသိအမှတ်ပြုမိတော့ ကျွန်မ ပြောင်းလဲလိုစိတ်ဖြစ်လာပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မလိုက်စားတော့ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး။ မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်။ အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) “သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားမှု ပြသရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ဖြည့်ဆည်းပေး၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဘုရားသခင်က လူတစ်ယောက်ချင်းစီကို မတူညီတဲ့ အစွမ်းအစတွေပေးထားပြီး သူတို့အပေါ် မတူညီတဲ့ တောင်းဆိုချက်တွေရှိတယ်ဆိုတာကို ကျွန်မနားလည်ခဲ့တယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သူတို့က ကိုယ့်တာဝန်တွေကို မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်နဲ့ ထမ်းဆောင်တယ်၊ သမ္မာတရားကို ရှာဖွေတယ်၊ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တယ်၊ ပြီးတော့ အကောင်းဆုံးကြိုးစားနေသရွေ့ ဘုရားသခင်က အသိအမှတ်ပြုမှာပဲ။ ဘုရားသခင်က ကျွန်မကို ဒီလိုအစွမ်းအစပေးထားတာဟာ ကိုယ်တော့်ရဲ့ ကြိုတင်သတ်မှတ်ခြင်းနဲ့ အချုပ်အခြာအာဏာပဲ၊ ဒါကြောင့် ကျွန်မက ကျိုးနွံနာခံရမယ်၊ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ရမယ်။ ကျွန်မက ဘုရားကိုယုံကြည်တာ မကြာသေးလို့ အသက်ဝင်ရောက်မှုက နည်းပါးတဲ့အတွက် ကိုယ့်ဘာသာကိုယ်ဆို အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ယိရှင်းရဲ့ သမ္မာတရားမိတ်သဟာယက ပိုရှင်းလင်းတယ်၊ သူ့ရဲ့အားသာချက်တွေက ကျွန်မရဲ့အားနည်းချက်တွေကို ဖြည့်ဆည်းပေးတယ်။ ပူးပေါင်းလုပ်ဆောင်ခြင်းက ကျွန်မတို့ကို အလုပ်ကို ကောင်းကောင်း လုပ်နိုင်စေခဲ့တယ်၊ ဒါက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးလား။ ကျွန်မက ကိုယ့်ရဲ့မနာလိုစိတ်ကို ဘေးဖယ်ထားပြီး ညီအစ်မနဲ့ ကောင်းကောင်းပူးပေါင်းဆောင်ရွက်ရမယ်၊ နားမလည်တဲ့အရာတွေကို သူ့ကိုပိုမေးရမယ်၊ ဒါမှ ကျွန်မလည်း မြန်မြန်တိုးတက်နိုင်မှာ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မက ကိုယ့်ရဲ့ညံ့ဖျင်းတဲ့ အစွမ်းအစအတွက် မညည်းညူတော့ဘဲ ကျိုးနွံနာခံလိုစိတ်ဖြစ်လာပြီး ကိုယ့်အပိုင်းကို လုပ်ဆောင်ဖို့ ဆန္ဒရှိလာတယ်။ မကြာခင်မှာပဲ နောက်ထပ်စုဝေးပွဲကျင်းပဖို့ အချိန်ရောက်လာတယ်၊ ကျွန်မက ယိရှင်းကို ကျွန်မထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဖွင့်ဟပြောပြပြီး သူ့ကိုတောင်းပန်ခဲ့တယ်။ ယိရှင်းကလည်း ဖွင့်ဟပြီး ကျွန်မနဲ့အတူ မိတ်သဟာယပြုပေးခဲ့တယ်၊ ပြီးတော့ ဒီစုဝေးပွဲကနေ ကျွန်မရဲ့ နှလုံးသားထဲမှာ ကြီးမားတဲ့ လွတ်မြောက်မှုကို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းရခြင်းနဲ့ လမ်းပြမှုကြောင့်သာ ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့နဲ့ ပြောင်းလဲမှုတချို့ ရရှိခဲ့တာပါ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီကျွန် တရုတ်နိုင်ငံကျွန်တော်သည် လယ်လုပ်သည့် မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါသည်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်မိဘများကို...
ကျန်းချီ ကိုးရီးယားနိုင်ငံ ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို...
ယန်မင်ကျမ်း ကနေဒါနိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ်...
ရှီးဖန် တောင်ကိုရီးယားနိုင်ငံဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...