ကျွန်မ ကံကြမ္မာဆိုးရလေခြင်းလို့ ဆက်ပြီး မညည်းညူတော့ပါ

17.06.2026

ရှောင်ယွင်၊ တရုတ်ပြည်

ကျွန်မက သာမန်မိသားစုတစ်ခုမှာ မွေးခဲ့ပြီး ငွေဇွန်းကိုက်မွေးလာတဲ့ ကလေးတွေနဲ့ မတူဘဲ ကျွန်မရဲ့ ဘဝအစက သူတို့ထက် နိမ့်ကျခဲ့တယ်။ ပိုပြီးကံမကောင်းတာက ကျွန်မ မူလတန်းကျောင်းတက်တုန်းမှာတင် မိဘတွေ ကွာရှင်းခဲ့ကြတယ်။ အဖေက ကျွန်မကို ကျောင်းနားက ဘော်ဒါဆောင်မှာ ထားခဲ့ပြီး၊ နောက်ပိုင်းကျတော့ အဒေါ်နဲ့ အဖွားဆီကို ပြောင်းနေခဲ့ရတယ်။ ကျွန်မရဲ့ မိသားစုနောက်ခံကို ရွယ်တူကလေးတွေ သိသွားတဲ့အခါ ကျွန်မကို ရှောင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် သူများတွေထက် အမြဲ နိမ့်ကျတယ်လို့ ခံစားခဲ့ရတယ်။ ညဘက်ဆို ခဏခဏ ငိုပြီး လောကကြီးက မတရားဘူးလို့ ခံစားရတယ်၊ “ငါ့ရဲ့ ကံကြမ္မာက ဘာလို့များ ဒီလောက်ဆိုးရတာလဲ” လို့ တွေးမိတယ်။ ကျွန်မ တစ်ယောက်တည်း သီးသန့်ခွဲနေပြီး ဘယ်သူနဲ့မှ သိပ်စကားမပြောဖြစ်ဘူး။ တီဗီထဲမှာ ပန်းတွေ၊ ထည်ဝါမှုတွေနဲ့ ဝန်းရံနေတဲ့ စွမ်းဆောင်ရည်မြင့် အမျိုးသမီး စီအီးအိုတွေကို မြင်တော့ သူတို့ကို ကျွန်မ အားကျမိတယ်၊ သူတို့က ကံကြမ္မာ တကယ်ကောင်းတာပဲလို့ တွေးမိတယ်။ သူများအိမ်မှာ ကပ်နေရပြီး အထင်သေးခံနေရတာကို တွေးမိပြီး “ငါကြီးလာရင် တီဗီထဲက အမျိုးသမီးတွေလိုပဲ လူရာဝင်အောင် လုပ်မယ်၊ ငါ့ကို အထင်သေးတဲ့သူတွေ ငါ့ကို အမြင်သစ်နဲ့ မြင်လာအောင် လုပ်မယ်” လို့ ကိုယ့်ဘာသာကိုယ် စိတ်ပိုင်းဖြတ်ခဲ့တယ်။

ဒါပေမဲ့ မိဘတွေ ကွာရှင်းတာက ကျွန်မရဲ့ ကလေးဘဝမှာ အရိပ်မည်းကြီး ဖြစ်ခဲ့ပြီး၊ နာကျင်ဝမ်းနည်းမှုတွေ ခဏခဏ ခံစားရသလို၊ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်ပြီး တစ်ကိုယ်တည်းသမားဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ အဖွားနောက်လိုက်ပြီး သခင်ယေရှုကို ကျွန်မ ယုံကြည်ခဲ့တယ်။ အသက် ၁၆ နှစ်မှာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ လူတွေဆင်းရဲဒုက္ခရောက်ရတဲ့ အရင်းအမြစ်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုကြောင့်ဆိုတာနဲ့ ဒီအဆင့် ဘုရားသခင်ရဲ့ အမှုတော်က လူတွေကို အပြစ်ထဲကနေ ကယ်တင်ပြီး သာယာလှပတဲ့ ပန်းတိုင်ဆီ ခေါ်ဆောင်သွားဖို့ဆိုတာတွေကို ကျွန်မ သိလာရတယ်။ နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း အခွင့်အရေးက ရခဲတယ်ဆိုတာနဲ့၊ ဘုရားရဲ့ အမှုတော်က အဆုံးသတ်တော့မယ်ဆိုတာတွေကို တွေးမိပြီး ကျောင်းထွက်ပြီး အသင်းတော်မှာ တာဝန်တွေထမ်းဆောင်ဖို့ ကျွန်မ လေ့ကျင့်ခဲ့တယ်။ အသင်းတော်မှာ ညီအစ်ကိုမောင်နှမတွေ ပြဿနာရှိရင် ခေါင်းဆောင်တွေကို မေးကြတာ၊ ခေါင်းဆောင်တွေကလည်း ဖြေရှင်းနည်းတွေကို မိတ်သဟာယဖွဲ့ပေးတာကို ကျွန်မ မြင်ရတယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးက သူတို့ကို အထင်ကြီးလေးစားကြပုံရတော့ ကျွန်မလည်း သူတို့ကို အားကျမိပြီး “ငါလည်း သေချာ လိုက်စားမှဖြစ်မယ်၊ ဒါမှ နောင်တစ်ချိန်ကျရင် ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက် ဖြစ်လာနိုင်မှာ၊ အဲဒီအခါကျရင် ဘာမဟုတ်တဲ့ သာမန် နောက်လိုက်တစ်ယောက် မဟုတ်ဘဲ ခေါင်းဆောင်ပိုင်း ဖြစ်လာမှာပဲ” လို့ တွေးခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်က ဘာတာဝန်ပဲပေးပေး အကောင်းဆုံး ကြိုးစားပြီး ထမ်းဆောင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ အစွမ်းအစကောင်းတယ်လို့ ချီးကျူးကြပြီး သေချာဆက်ပြီး လိုက်စားဖို့ အားပေးကြတယ်။ ကျွန်မ အတော်လေး ကျေနပ်သွားပြီး “ကြည့်ရတာ ငါက ပျိုးထောင်ပေးဖို့ အလားအလာရှိတဲ့သူပဲ။ ငါ ဆက်ပြီး ကောင်းကောင်း လိုက်စားရမယ်” လို့ တွေးမိတယ်။ ဒါကြောင့် ကျွန်မတာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ အဝေးကြီး သွားရရင်တောင် မပင်ပန်းသလို ခံစားရပြီး၊ မိုးရွာရွာ နေပူပူ ကျွန်မရဲ့ တာဝန်ကို လုံးဝ မနှောင့်နှေးစေခဲ့ဘူး။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အနစ်နာခံမှုတွေကို ညီအစ်ကိုမောင်နှမတွေ သတိထားမိပြီး တစ်နေ့နေ့ကျရင် ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အနေနဲ့ အရွေးခံရမယ်လို့ပဲ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော် ရွေးကောက်ပွဲလုပ်တိုင်း ကျွန်မ အရွေးမခံခဲ့ရဘူး။ သုံးနှစ်ကြာတဲ့အထိ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေရတုန်းပဲ။ ကျွန်မ နားမလည်ခဲ့ဘူး၊ “ငါက စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ပဲလား။ ဒါက အသင်းတော်မှာ တကယ်ပဲ ငါ့နေရာလား” လို့ တွေးမိတယ်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အသင်းတော်ရဲ့ စာနဲ့ပတ်သက်တဲ့ အလုပ်အတွက် ကျွန်မ တာဝန်ခံ ဖြစ်လာတယ်။ ဒါက အလှည့်အပြောင်းတစ်ခုပဲလို့ တွေးပြီး အတော်လေး ဝမ်းသာသွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒါက ဘုရားသခင် ငါ့ကို ကြိုတင် လေ့ကျင့်ပေးနေတာ ဖြစ်မယ်။ ကြည့်ရတာ ဘုရားအိမ်တော်မှာ ငါ့အတွက် အနာဂတ်ရှိသေးတဲ့ပုံပဲ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို မိတ်သဟာယပြုပေးနိုင်ရမယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့တာကိုလည်း ငါလက်တွေ့လုပ်ဆောင်ရမယ်။ အခုမှ စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူရကာစဆိုတော့ အချိန်တစ်ခုကြာအောင် လေ့ကျင့်ပြီးသွားရင် ငါလည်း ခေါင်းဆောင်ဖြစ်လာနိုင်တာပဲ” လို့ပေါ့။ တစ်ခါက စုဝေးပွဲတစ်ခုမှာ လူသစ်တစ်ယောက်က ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်ဆိုတာကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတော့ ကျွန်မ မကျေမနပ်ဖြစ်သွားပြီး “ယုံကြည်တာ တစ်နှစ်ကျော်လေးပဲရှိသေးတဲ့ ဒီလူသစ်က ဒီလောက်အရေးကြီးတဲ့ နေရာကို ယူရတယ်။ ငါ ဘုရားကို ယုံကြည်လာတာ သုံးလေးနှစ်ရှိနေပြီကို ဘာလို့များ ဒီလိုအခွင့်အရေးကောင်းမျိုး ငါ့ဆီ မရောက်လာရတာလဲ။ ဘာလို့ ငါက တစ်နေရာမှာပဲ တစ်ဝဲလည်လည် ဖြစ်နေရတာလဲ။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေက အရေးကြီးပေမဲ့ ခေါင်းဆောင်၊ အမှုဆောင်ဖြစ်ရတာလောက် လူမြင်တာမဟုတ်ဘူး။ ဒီနှစ်ခုကြားက ကွာခြားချက်က အကြီးကြီးပဲ” လို့ တွေးမိတယ်။ စက်ဘီးတွန်းရင်းနဲ့ ကျွန်မ မငိုဘဲမနေနိုင်ခဲ့ဘူး။ အဲဒီနောက်မှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ချင်စိတ် ကုန်သွားတယ်။ ၂၀၂၂ ခုနှစ်မှာ စာနဲ့ပတ်သက်တဲ့ လူတွေကို အပြောင်းအလဲတွေ လုပ်ခဲ့ပေမဲ့ ကျွန်မကတော့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ဆက်ထမ်းဆောင်ခဲ့ရတယ်။ ကျွန်မ တကယ်ကို စိတ်ပျက်အားလျော့သွားပြီး တွေးမိတယ်၊ “ဘုရားကို ယုံကြည်တာ ဒီလောက်နှစ်တွေကြာတာတောင် ဘာလို့များ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေရသေးတာလဲ။ ငါက စာနဲ့ပတ်သက်တဲ့ တာဝန်တွေနဲ့ပဲ သင့်တော်နေလို့လား။ ခေါင်းဆောင်ဖြစ်ဖို့ ငါကံမပါတာများ ဖြစ်နိုင်မလား။ ကိုယ်ထမ်းဆောင်ရတဲ့ တာဝန်တွေ၊ အဲဒီတာဝန်ကို ထမ်းဆောင်ရတဲ့အချိန်တွေ အားလုံးက ဘုရားသခင်ရဲ့ ကြိုတင်သတ်မှတ်ချက်နဲ့ အချုပ်အခြာအာဏာအတိုင်းပဲလို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောထားတယ် မဟုတ်လား။ ငါက စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်ဖို့ ကံပါလာတာ ဖြစ်မယ်” လို့ပေါ့။ ကျွန်မထက် အသက်နည်းနည်းပိုကြီးတဲ့ ညီအစ်ကိုတစ်ယောက်ကို သွားသတိရတယ်။ သူက ဘုရားသခင်ကို တွေ့ပြီးသိပ်မကြာခင်မှာပဲ အသင်းတော်မှာ ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်းမှာ တရားဟောဆရာ ဖြစ်လာတယ်။ သူက ခေါင်းဆောင်ဖြစ်ဖို့ကို မွေးလာတာလို့ ခံစားရတယ်၊ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်လာဖို့ အခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်ဘူး၊ ကျွန်မမှာ တိုးတက်ဖို့ အနာဂတ်မရှိတော့ဘူး၊ ကျွန်မဘဝက ဒီလိုပဲဖြစ်နေတော့မှာပဲ လို့ တွေးမိလိုက်တယ်။ အဲဒီနောက်ပိုင်း ကြီးကြပ်ရေးမှူးက တစ်ခုခုလုပ်ခိုင်းတိုင်း ကျွန်မ လုပ်တော့လုပ်တယ်၊ ဒါပေမဲ့ ပိုကောင်းအောင်လုပ်ဖို့ တက်တက်ကြွကြွ မကြိုးစားတော့ဘူး၊ တစ်ခါတလေ ကိုယ့်တာဝန်မှာ ပြဿနာတွေတွေ့ရင်တောင် ဖြေရှင်းချင်စိတ် မရှိတော့ဘူး။ ကျွန်မရဲ့ အလုပ်ရလဒ်တွေက ပိုပိုပြီး ကျဆင်းလာတော့ ကိုယ့်တာဝန်မှာ တိုးတက်မှုမရှိတာနဲ့ မတက်ကြွတဲ့ သဘောထားရှိတာတွေကြောင့် ကြီးကြပ်ရေးမှူးက ကျွန်မကို ပြုပြင်ပါလေရော။ ကိုယ့်တာဝန်မှာ ကျွန်မ မတက်မကြွဖြစ်နေမှန်း ရင်ထဲမှာ သိပေမဲ့ ကိုယ့်ပြဿနာတွေကို သိပ်နားမလည်ခဲ့ဘူး။

နောက်ပိုင်းမှာ စိတ်မချမ်းမသာဖြစ်ရတဲ့ ပြဿနာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတော့မှ ကိုယ့်အခြေအနေကို စပြီး နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှုအရာများကို လုပ်ဆောင်သည့်အခါ အမြဲ စိတ်မချမ်းမြေ့ဘဲ မတက်ကြွသည့်၊ မည်သည့် အားအင်မျှ မစုစည်းနိုင်သည့် တစ်စုံတစ်ဦးကို သင် မြင်သည်။ ၎င်းတို့၏ စိတ်ခံစားမှုများနှင့် သဘောထားတို့သည် သိပ်အပြုသဘောမဆောင်သကဲ့သို့၊ သို့မဟုတ် အကောင်းမြင်စိတ် မရှိသကဲ့သို့ ထိုသို့သော အပျက်သဘောဆောင်သော၊ အပြစ်တင်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သော သဘောထားတစ်ခု အမြဲ ဖော်ပြကြသည်။ သင်သည် ၎င်းတို့ကို အကြံပေးသော်လည်း ထိုအကြံကို ၎င်းတို့ လုံးဝ နားမထောင်ကြသကဲ့သို့ ၎င်းတို့ကို သင်ထောက်ပြသည့် နည်းလမ်းသည် မှန်ကန်သည့် နည်းလမ်းဖြစ်ပြီး သင်၏ တွေးခေါ်မြော်မြင်မှုက အလွန် ကောင်းသည်ဟု ၎င်းတို့ ဝန်ခံသော်ငြားလည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ မည်သည့် အားအင်မျှ ၎င်းတို့ မစုစည်းနိုင်သကဲ့သို့ အပျက်သဘောဆောင်ကာ မတက်ကြွဘဲ ရှိနေကြဆဲ ဖြစ်သည်။ ဆိုးရွားသည့် ကိစ္စရပ်များတွင် ၎င်းတို့၏ ခန္ဓာကိုယ်လှုပ်ရှားမှုများ၊ ပုံပန်း၊ လမ်းလျှောက်သည့်ပုံ၊ ၎င်းတို့၏ စကားလေသံနှင့် ပြောသည့် စကားလုံးများမှ ဤလူ၏ စိတ်ခံစားမှုများသည် အထူးသဖြင့် စိတ်မချမ်းမြေ့ကြောင်း၊ မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် အားအင်ကင်းမဲ့ကြောင်းနှင့် ၎င်းတို့သည် ပျော့ကြေနေသည့် သစ်သီးများကဲ့သို့ဖြစ်ကာ ၎င်းတို့နှင့်အတူ အချိန်များစွာ ကုန်ဆုံးသောသူ မည်သူမဆိုသည် ၎င်းတို့အားဖြင့် ထိခိုက်ခံရလိမ့်မည်ဖြစ်ကြောင်းကို သင် မြင်နိုင်သည်။ ဤအရာအားလုံး အဘယ်သို့ဖြစ်သနည်း။ စိတ်မချမ်းမြေ့ခြင်းဖြင့် အသက်ရှင်သော လူများ ဖော်ပြသည့် အမျိုးမျိုးသော အပြုအမူများ၊ မျက်နှာအမူအရာများ၊ စကားပြောသည့်လေသံများအပြင် အတွေးများ၊ ရှုထောင့်အမြင်များပင်လျှင် အပျက်သဘောဆောင်သော ကြန်အင်လက္ခဏာများ ရှိကြ၏။ သို့ဆိုလျှင် ဤအပျက်သဘောဆောင်သော ဖြစ်ရပ်များ၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ မည်သည့်နေရာတွင် အရင်းအမြစ် တည်ပါသနည်း။ စိတ်မချမ်းမြေ့ခြင်းနှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု ဖြစ်ပေါ်ခြင်းအတွက် ဖြစ်ကြောင်းရင်းမြစ်မှာ လူတိုင်းအတွက် ကွဲပြားသည်မှာ အမှန်ဖြစ်၏။ ယင်းအထဲမှ လူတစ်မျိုးတစ်စား၏ စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားချက်သည် မိမိတို့ကိုယ်ပိုင် ဆိုးရွားသည့် ကံကြမ္မာကို အတောမသတ်သော ယုံကြည်မှုမှ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အကြောင်းတရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)...ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မိမိတို့၏ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ အခက်အခဲကို သည်းညည်းခံလာနိုင်ပြီး အလုပ်ကြိုးစားနိုင်ကြသည်၊ မည်သည့် ကိစ္စတွင်မဆို အခြားမည်သူမဆိုထက် သာ၍ သည်းညည်းခံနိုင်ကြပြီး လူအများစု၏ လက်ခံမှုနှင့် လေးစားသမှုကို ရရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ပင် အရွေးချယ်ခံရနိုင်သည်ဟု တွေးထင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ဘိုးဘေးများနှင့် မိသားစုကို ဂုဏ်ပြုနေကြမည် မဟုတ်ပါလော။ ထို့နောက်တွင် ၎င်းတို့က မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲကြပြီး ဖြစ်မည် မဟုတ်လော။ သို့ရာတွင် လက်တွေ့အရှိတရားက မိမိတို့ ဆန္ဒများအတိုင်း အတော်လေး ဖြစ်မြောက်လာခြင်းမရှိသကဲ့သို့ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး ‘ဘုရားသခင်ကို ငါနှစ်ချီယုံကြည်ပြီးဖြစ်ကာ ငါ၏ ညီအစ်ကို မောင်နှမများနှင့် ငါအလွန် အဆင်ပြေသော်လည်း ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ဖို့ ဖြစ်လာသည့်အခါတိုင်း အဘယ်သို့ ငါ၏ အလှည့် လုံးဝ မဖြစ်ရသနည်း။ ငါ အလွန်ရိုးရှင်းပုံရသောကြောင့်လား၊ သို့မဟုတ် လုံလောက်အောင် ကောင်းစွာ ထမ်းဆောင်ခြင်းမရှိသေးသကဲ့သို့ ငါ့ကို မည်သူမျှ သတိမထားမိသေးသောကြောင့်လား။ မဲပေးကြသည့်အခါတိုင်း ငါ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရမည်ဆိုလျှင်ပင် ငါဝမ်းသာမည်ဖြစ်သည်။ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် စိတ်ထက်သန်မှု အပြည့် ရှိသော်လည်း မဲပေးကြချိန် ငါ လုံးဝ ချန်ထားခံရသည့်အခါတိုင်း ငါ စိတ်သာပျက်သွားရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပါသနည်း။ ငါသည် သာမညောင်ညလူတစ်ဦး၊ သာမန်လူတစ်ဦး၊ ငါ့တစ်ဘဝလုံး မထူးခြားသည့် တစ်စုံတစ်ဦးသာ အမှန်တကယ် ဖြစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ငါ၏ ကလေးဘဝ၊ ငါ၏ ငယ်ရွယ်သည့် အချိန်နှင့် သက်လတ်ပိုင်းနှစ်ကာလများကို ပြန်ကြည့်သည့်အခါ ငါနင်းလျှောက်ပြီးဖြစ်သည့် ဤလမ်းကြောင်းသည် အမြဲ အလွန် သာမညောင်ညဖြစ်ခဲ့ပြီး မှတ်သားဖွယ် တစ်ခုမျှ မလုပ်ဆောင်ခဲ့သေးပါ။ ငါ့ထံတွင် မည်သည့် ရည်မှန်းချက်မျှ မရှိခြင်း၊ သို့မဟုတ် ငါ၏ အစွမ်းအစက အလွန် ချို့တဲ့လွန်းခြင်း မဟုတ်သကဲ့သို့ လုံလောက်သည့် အားထုတ်မှု မစိုက်ထုတ်ခြင်း၊ သို့မဟုတ် အခက်အခဲကို ငါ သည်းညည်းမခံနိုင်ခြင်း မဟုတ်ပါ။ ငါ့ထံတွင် စိတ်ပိုင်းဖြတ်ချက်များနှင့် ပန်းတိုင်များ ရှိပြီး ငါရည်မှန်းချက်ရှိသည်ဟုပင် ပြော၍ ရသည်။ ထို့ကြောင့် လူအုပ်မှ ငါ လုံးဝ မထင်ပေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်ချက်တွင် ငါ၌ မကောင်းသည့် ကံတစ်ခုရှိပြီး ဆင်းရဲဒုက္ခခံစားခြင်းအတွက် ငါ ကံဇာတာပါကာ ဤသည်မှာ ငါ့အတွက် အမှုအရာများကို ဘုရားသခင် စီစဉ်ပြီးဖြစ်သည့်ပုံ ဖြစ်သည်’ဟု တွေးကြလေသည်။ ထိုအရာကို ၎င်းတို့ တဝဲလည်လည် တွေးလေ၊ ၎င်းတို့၏ ကံကြမ္မာ ဆိုးရွားသည်ဟု တွေးလေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မတာဝန်မှာ ပိုပိုပြီး မတက်မကြွဖြစ်လာတာက အမှုအရာတွေအပေါ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့်ဆိုတာကို နောက်ဆုံးတော့ နားလည်သွားတယ်။ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် မဖြစ်နိုင်တာနဲ့ လူတွေကြားမှာ မထင်ပေါ်နိုင်တာက ကိုယ့်ကံကြမ္မာဆိုးလို့ပဲ၊ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် ဖြစ်လာမှသာ ကျွန်မမှာ အနာဂတ်ရှိပြီး ကံကြမ္မာကောင်းရှိတာကို ပြမှာပဲ တွေးမိခဲ့တာ။ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အနေနဲ့ အရွေးခံရဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကျွန်မ ကြိုးစားခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေမှာ ပြဿနာရှိနေတာကို တွေ့တိုင်း မိတ်သဟာယဖွဲ့ဖို့နဲ့ ကူညီဖို့ ဘုရားနှုတ်ကပတ်တော်တွေကို တက်တက်ကြွကြွ ရှာဖွေခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယဖွဲ့တာက ရလဒ်တွေထွက်လာတဲ့အခါ ကျွန်မမှာ အစွမ်းအစရှိတယ်၊ တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ တွေးပြီး တစ်နေ့နေ့ ကျွန်မရဲ့ အရည်အချင်းတွေကို လူတိုင်းမြင်သွားရင် ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးချယ်ရင်ရွေးချယ်မှာပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ရင်း တစ်ဝဲလည်လည် ဖြစ်နေခဲ့တယ်။ အထူးသဖြင့် ကျွန်မထက် ဘုရားယုံကြည်တာ သက်တမ်းပိုနုတဲ့ ညီအစ်ကိုမောင်နှမတွေ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ ဖြစ်ပြီးနေကြတာကို မြင်ရတဲ့အခါ သူတို့ ကံကြမ္မာကောင်းတယ်၊ သူတို့က ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ ဖြစ်ဖို့ မွေးလာတာပဲလို့ တွေးမိတယ်။ ကျွန်မကတော့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို သုံးလေးနှစ် ထမ်းဆောင်ထားပေမဲ့ တစ်နေရာတည်းမှာပဲ သောင်တင်နေတယ်၊ အသင်းတော်က သတိမထားမိတဲ့ သာမန်လူတစ်ယောက်ပဲလို့ ခံစားရတယ်။ ဒါကြောင့် ဒီပြဿနာကို ကိုယ့်ရဲ့ ဆိုးရွားတဲ့ ကံကြမ္မာအပေါ် ပုံချလိုက်တယ်၊ ဘုရားက ကျွန်မကို မျက်နှာသာမပေးဘူး၊ ကျွန်မအတွက် သူ ကြိုတင်သတ်မှတ်ပြီး စီစဉ်ပေးတဲ့တာဝန်က ညံ့ဖျင်းတယ်လို့ တွေးပြီး ကိုယ့်တာဝန်တွေမှာ ပိုပိုပြီး စိတ်ပါဝင်စားမှု ကင်းမဲ့လာတယ်။ ကျွန်မရဲ့ အလုပ်ရလဒ်တွေ ဆိုးရွားလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ မလုပ်ခဲ့ဘူး၊ ပြဿနာတွေတွေ့ရင်တောင် ဖြေရှင်းဖို့ စိတ်ရောကိုယ်ပါ အားမထုတ်ချင်တော့ဘူး။ ကျွန်မမှာ လက်တွေ့ကျတဲ့ အတွေ့အကြုံ လိုအပ်နေတယ်၊ ပိုပြီး လက်တွေ့လုပ်ဆောင်ဖို့နဲ့ သမ္မာတရားတွေ ပိုတပ်ဆင်ဖို့ လိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိပေမဲ့ အားစိုက်ထုတ်ဖို့ မလိုလားတော့ဘဲ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တယ်။ ရွှံ့နွံထဲ နစ်နေသလိုပဲ၊ တဖြည်းဖြည်း နစ်မြုပ်သွားပြီး ရုန်းထွက်ဖို့ အင်အားမရှိခဲ့ဘူး။ စိတ်မချမ်းမသာဖြစ်ခြင်းရဲ့ သက်ရောက်မှုက တကယ်ကို ကြီးမားလိုက်တာ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်တွေကို ဖတ်ရတော့မှ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို စပြီး နားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာက ကြိုတင်စီမံခဲ့ပြီး ထိုအရာများသည် ပြောင်းလဲမရပေ။ ဤ ‘ကောင်းသော ကံ’ နှင့် ‘ဆိုးသောကံ’တို့သည် လူတစ်ဦးနှင့်တစ်ဦး မတူကြသကဲ့သို့ ထိုအရာများသည် ပတ်ဝန်းကျင်၊ လူတို့ ခံစားပုံနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့အပေါ် မူတည်လေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာသည် ကောင်းလည်း မကောင်းသကဲ့သို့ ဆိုးလည်းမဆိုးရခြင်း ဖြစ်သည်။ သင့်အနေဖြင့် အလွန်ခက်ခဲသည့် ဘဝကို ရှင်သန်ကောင်း ရှင်သန်နိုင်သော်လည်း ‘ငါသည် ချမ်းသာကြွယ်ဝပြီး သက်သောင့်သက်သာရှိသော ဘဝကို အသက်ရှင်ဖို့ မျှော်လင့်နေခြင်း မဟုတ်ပါ။ စားစရာနှင့် ဝတ်စရာ လုံလုံလောက်လောက် ရှိရုံဖြင့် ငါ ပျော်ရွှင်ချမ်းမြေ့ပါသည်။ လူတိုင်းသည် မိမိတို့ တစ်သက်တာအတွင်းတွင် ဆင်းရဲဒုက္ခခံစားရပါသည်။ လောကီလူတို့က “မိုးရွာနေခြင်းမရှိပါက သက်တံကို သင် မမြင်နိုင်ပါ”ဟု ဆိုကြသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းတွင် တန်ဖိုးရှိလေသည်။ ဤသည်မှာ သိပ်မဆိုးပါ၊ ပြီးလျှင် ငါ၏ ကံဇာတာသည် မဆိုးပါ။ အထက်ကောင်းကင်က ငါ့ကို စိတ်ဆင်းရဲမှုအချို့၊ စမ်းသပ်မှုများအချို့နှင့် အတိဒုက္ခများကို ပေးပြီးဖြစ်သည်။ ယင်းမှာ သူသည် ငါ့ကို အထင်ကြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းသည့် ကံဇာတာ ဖြစ်ပါသည်’ဟု တွေးကောင်းတွေးပေမည်။ ဆင်းရဲဒုက္ခခံစားရခြင်းသည် မကောင်းသည့်အရာတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့သည် မကောင်းသည့် ကံဇာတာတစ်ခု ရှိသည့်သဘောဖြစ်ကြောင်းနှင့် ဆင်းရဲဒုက္ခခံစားရခြင်း မရှိသည့်၊ ကိုယ်စိတ်ချမ်းသာပြီး စိတ်အေးလက်အေးဖြစ်သည့် ဘဝတစ်ခုသည်သာ ၎င်းတို့တွင် ကောင်းမွန်သည့် ကံဇာတာတစ်ခုရှိသည့် သဘောဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ ဘာသာတရားမရှိသူများက ဤအရာကို ‘အယူအဆနှင့်ဆိုင်သည့် ကိစ္စတစ်ခု’ဟု ခေါ်ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤ‘ကံဇာတာ’နှင့်ဆိုင်သည့် ကိစ္စကို မည်သို့ မှတ်ယူကြသနည်း။ ကျွန်ုပ်တို့သည် ‘ကောင်းသည့် ကံ’၊ သို့မဟုတ် ‘ဆိုးသည့် ကံ’တစ်ခု ရှိခြင်းအကြောင်း ပြောကြသလော။ (မပြောကြပါ။) ဤသို့သော အရာများကို ကျွန်ုပ်တို့ မပြောကြပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသော ကံတစ်ခုရှိသည်ဆိုပါစို့။ ထို့နောက်တွင် သင်၏ ယုံကြည်မှု၌ မှန်ကန်သည့် လမ်းကြောင်း မလျှောက်လျှင်၊ သင် အပြစ်ပေးခံရ၊ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် သင်သည် ကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော၊ မကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော။ ဘုရားသခင်ကို သင် မယုံကြည်ပါက သင်သည် တကယ်ကို ဖော်ထုတ်မခံရနိုင်ပေ၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းမခံရနိုင်ပေ။ ဘာသာတရားမရှိသူများနှင့် ဘာသာရေးသမားများသည် လူတို့ကို ဖော်ထုတ်ခြင်းအကြောင်း၊ သို့မဟုတ် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မပြောကြသကဲ့သို့ လူတို့ ရှင်းလင်းခံရသည့်အကြောင်း၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အကြောင်းလည်း မပြောကြချေ။ ထိုအရာမှာ လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်သည့်အခါ ကောင်းသည့် ကံတစ်ခုရှိသည်ဟု ဆိုလိုခြင်း ဖြစ်လောက်သော်လည်း အဆုံးတွင် ၎င်းတို့ အပြစ်ပေးခံရပါက ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ဆိုလိုသလော။ အချိန်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာသည် ကောင်းမွန်၏၊ နောက်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာ ဆိုးသွားသည်။ ထို့ကြောင့် ယင်းမှာ မည်သည့်အရာ ဖြစ်ပါသနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် ကောင်းသည့် ကံဇာတာ ရှိမရှိကို အကဲဖြတ်၍ရသည့် တစ်စုံတစ်ရာ မဟုတ်၊ လူတို့သည် ဤကိစ္စရပ်ကို အကဲဖြတ်၍မရပေ။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ဘုရားသခင် စီစဉ်သမျှတိုင်းသည် ကောင်းမွန်၏။ လူတစ်ဦးစီတိုင်း၏ ကံကြမ္မာလမ်းကြောင်း၊ သို့မဟုတ် ၎င်းတို့ ကြုံရသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၊ ပြီးလျှင် မိမိတို့၏ ဘဝအသက်တာများအတွင်း တွေ့ကြုံရသည့် ဘဝလမ်းကြောင်းသည် အားလုံး ကွဲပြားခြင်းသာ ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးမှတစ်ဦးသို့ ကွဲပြားခြားနားလေသည်။ လူတစ်ဦးစီတိုင်း၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် ၎င်းတို့ ကြီးပြင်းသည့် ပတ်ဝန်းကျင်နှစ်ခုလုံးသည် ၎င်းတို့အတွက် ဘုရားသခင် စီမံထားခြင်းဖြစ်ပြီး အားလုံး ကွဲပြားလေသည်။ မိမိတို့ အသက်တာများအတွင်း လူတစ်ဦးစီတိုင်း ကြုံရသည့် အရာများသည် အားလုံး ကွဲပြား၏။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံဟု ခေါ်ဆိုသည့်အရာ မရှိပေ။ အားလုံးကို ဘုရားသခင် စီစဉ်ပြီး အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကိစ္စရပ် အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသည့် ရှုထောင့်အမြင်မှ ငါတို့ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်ပေသည်။ လူတို့၏ နှစ်ခြိုက်ခြင်းများ၊ ခံစားချက်များ၊ ရွေးချယ်မှုများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှ လူအချို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် နာမည်ဂုဏ်သတင်းကောင်းတစ်ခုကို ရွေးချယ်လျက် သက်သောင့်သက်သာရှိသည့် ဘဝကို အသက်ရှင်ရန်၊ လောကတွင် ချမ်းသာကြွယ်ဝခြင်း ရှိပြီး အဘက်ဘက်က ပြည့်စုံသော ဘဝကို အသက်ရှင်ရန် ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကောင်းသည့် ကံရှိခြင်းဖြစ်ကြောင်းနှင့် တစ်သက်တာ သာမညောင်ည ဖြစ်ခြင်းနှင့် မအောင်မြင်ခြင်း၊ လူမှုအဖွဲ့အစည်း၏ အောက်ခြေတွင် အမြဲ အသက်ရှင်ခြင်းသည် မကောင်းသည့် ကံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ လောကီအရာများကို လိုက်စားရင်းနှင့် လောကတွင် အသက်ရှင်ရန် ကြိုးစားရင်း ဘာသာတရားမရှိသူများနှင့် လောကီလူတို့၏ အမှုအရာများအပေါ် ရှုမြင်ပုံဖြစ်ပြီး ဤသည်မှာ ကောင်းသည့် ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူး ဖြစ်ပေါ်ပုံဖြစ်သည်။ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူးသည် လူသားများ၏ ကျဉ်းမြောင်းသည့် သိနားလည်မှုနှင့် ကံကြမ္မာအပေါ် အပေါ်ယံ အသိအမြင်မှ၊ ပြီးလျှင် ၎င်းတို့ မည်မျှ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံရသည်ဆိုသည်နှင့် ၎င်းတို့တွင် ပျော်မွေ့ခံစားမှု မည်မျှရှိသည်၊ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ် မည်မျှတို့ကို ၎င်းတို့ ကြိုးပမ်းရရှိသည် စသည်တို့အပေါ် လူတို့၏ အကဲဖြတ်မှုများမှ ဖြစ်ပေါ်ခြင်းသာ ဖြစ်သည်။ အမှန်တွင် ထိုအရာကို လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ စီစဉ်မှုနှင့် အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ ကြည့်ပါက ကောင်းသည့် ကံ၊ သို့မဟုတ် ဆိုးသည့်ကံနှင့်ဆိုင်သည့် ထိုသို့သော အဓိပ္ပာယ်ကောက်ယူချက်များ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) လူ၏ ကံကြမ္မာကို ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှသည် ကောင်းမွန်ပြီး ထိုအရာမှာ လူတစ်ဦးစီတိုင်း လိုအပ်သည့် အရာ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အတိတ်နှင့် ပစ္စုပ္ပန် ဘဝများတွင် အကြောင်းနှင့် အကျိုး ပါဝင်ပြီး၊ ထိုအရာများကို ဘုရားသခင် စီမံထားခြင်းဖြစ်သည်။ ထိုအရာများအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ပြီး ထိုအရာများကို ဘုရားသခင် ကြံစည်ကာ စီစဉ်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိပေ။ ဤရှုထောင့်အမြင်မှ ထိုအရာကို ငါတို့ ကြည့်ပါက လူတို့သည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို ကောင်းမည်၊ ဆိုးမည်ဟု အကဲမဖြတ်သင့်ပေ၊ ဟုတ်ပါသလော။ လူတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ အကဲဖြတ်မှုများ သာမန်ကာလျှံကာ ပြုလုပ်ကြပါက ၎င်းတို့သည် ဆိုးရွားသည့် အမှားတစ်ခုကို ပြုလုပ်မိကြခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အကြံအစည်များ၊ အစီအစဉ်များနှင့် အချုပ်အခြာအာဏာတို့ကို အကဲဖြတ်သည့် အမှားကို ၎င်းတို့ ပြုမိကြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအမှားသည် ဆိုးရွားသည့် အမှားတစ်ခု မဟုတ်လော။ ထိုအရာက ဘဝတွင် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းကို ထိခိုက်မည် မဟုတ်လော။ (ထိခိုက်မည်ဖြစ်သည်။) ထို့နောက်တွင် ထိုအမှားက ၎င်းတို့ကို ပျက်စီးခြင်းသို့ ဆိုက်ရောက်စေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) လူတွေကြားမှာ ထင်ပေါ်နိုင်ပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရနိုင်တာက ကံကြမ္မာကောင်းတယ်၊ တစ်သက်လုံး သာမန်ပဲနေရပြီး မအောင်မြင်တာက ကံကြမ္မာဆိုးတယ်၊ နောက်ပြီး ဆင်းရဲဒုက္ခခံရတာက လူတစ်ယောက် ကံကြမ္မာဆိုးတာပဲလို့ လူတချို့ တွေးကြတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သက်သောင့်သက်သာ၊ ချောချောမွေ့မွေ့နဲ့ အေးအေးချမ်းချမ်း အသက်ရှင်ရတာကို ကံကြမ္မာကောင်းတယ်လို့ သူတို့ ထင်ကြတယ်။ ကံကြမ္မာကောင်းတယ်၊ ကံကြမ္မာဆိုးတယ်ဆိုတာနဲ့ပတ်သက်တဲ့ ဒီ အတွေးတွေအားလုံးက လူတွေရဲ့ ကိုယ်ပိုင် လိုက်စားမှုတွေနဲ့ လိုအင်ဆန္ဒတွေအပေါ် အခြေခံထားတာပဲ။ လူတိုင်းရဲ့ ဘဝလမ်းကြောင်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအတိုင်း ဖြစ်နေလို့၊ ဘုရားက လူတွေရဲ့ လိုအပ်ချက်တွေအပေါ် အခြေခံပြီး အမှုအရာတွေကို စီစဉ်ပေးတယ်၊ အရာအားလုံးက သူတို့ရဲ့ အသက်တာအတွက် အကျိုးရှိစေတယ်၊ ကံကြမ္မာကောင်းတာ၊ ဆိုးတာ ဆိုတာမျိုး မရှိဘူး။ ကိုယ်ပိုင် အကြိုက်တွေအပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာဆိုးတယ်လို့ ပြောတာက ဘုရားသခင် စီစဉ်ပေးထားတဲ့ အခြေအနေတွေကို မကျိုးနွံမနာခံတာဖြစ်ပြီး သူ့ရဲ့ အချုပ်အခြာအာဏာကို မယုံကြည်တာပဲ။ အမှန်တော့ ဘုရားသခင် စီစဉ်သမျှ အရာအားလုံးက ကောင်းမွန်ပါတယ်။ ကျွန်မ ငယ်ငယ်တုန်းက မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ကြုံခဲ့ရပြီး လျစ်လျူရှုခံရတာ၊ နှိမ်ခံရတာ၊ အထင်သေးခံရတာတွေလိုပါပဲ။ ဒီဆုတ်ယုတ်မှုတွေနဲ့ နာကျင်မှုတွေကို ကျွန်မ မဖြတ်သန်းခဲ့ရဘူးဆိုရင် ဘုရားသခင် ရှေ့မှောက်ကို ရောက်လာမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကြောင့်သာ ဒီကနေ့ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို ဖတ်ခွင့်ရပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ လက်တွေ့လုပ်ဆောင်ခွင့် ရနေတာပါ။ ဒါပေမဲ့ နာမည်ကြီးတဲ့သူဖြစ်လာတာ၊ ထင်ပေါ်တာ၊ သူများတွေရဲ့ အထင်ကြီးလေးစားခံရတာကို ကံကြမ္မာကောင်းတယ်၊ သာမန်လူတစ်ယောက်အဖြစ် အသက်ရှင်ရတာ၊ အထင်သေးခံရတာကို ကံကြမ္မာဆိုးတယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါတွေက မယုံကြည်သူတစ်ယောက်ရဲ့ အမြင်တွေပါပဲ။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိလို့ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားအားကျတာကို ခံရတာမြင်တော့၊ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်မှသာ တိုးတက်ဖို့ အနာဂတ်ရှိမယ်၊ သာမန် ညီအစ်ကိုမောင်နှမတွေထက် သူတို့က ကံကြမ္မာ ပိုကောင်းတယ်လို့ တွေးခဲ့တယ်။ ဘုရားကို ယုံကြည်တာ ဒီလောက်နှစ်တွေကြာတာတောင် စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်နေရသေးတော့၊ တန်ဖိုးထားမခံရဘူး၊ တိုးတက်ဖို့ အနာဂတ်မရှိတော့ဘူးလို့ ခံစားရပြီး ကိုယ့်တာဝန်အတွက် စိတ်ပါဝင်စားမှု ကင်းမဲ့သွားခဲ့တာ။ ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်ဖြစ်ဖို့ ရာထူးတိုးခံရတာက တကယ်ပဲ ကံကြမ္မာကောင်းတယ်ဆိုတာ ပြနေလို့လား။ လက်တွေ့မှာ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားရင်၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားက သန့်စင်ခြင်း မခံရရင် ဒါမှမဟုတ် မပြောင်းလဲရင်၊ လူတွေရဲ့ အားကျတာ၊ ကိုးကွယ်တာကို ရရင်တောင် ကယ်တင်ခြင်း မခံရနိုင်ဘူး၊ စုံလင်အောင် ပြုခြင်းမခံရနိုင်ဘူး။ သမ္မာတရားကို မလိုက်စားတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တချို့က သူတို့ရဲ့ နှစ်နဲ့ချီတဲ့ အလုပ်အတွေ့အကြုံတွေကို အရင်းအနှီးလုပ်ပြီး တခြားသူတွေကို အမြဲ ဘောင်ခတ်တယ်၊ ကိုယ့်သဘောနဲ့ကိုယ် အလုပ်လုပ်တယ်၊ အသင်းတော်အလုပ်ကို ဟန့်တားပြီး အနှောင့်အယှက်ပေးလို့ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရသလိုမျိုးပေါ့။ တစ်ဖက်မှာကျတော့ လူတချို့က ခေါင်းဆောင် ဘယ်တော့မှ မဖြစ်ဖူးပေမဲ့ ကိုယ့်နေရာနဲ့ကိုယ် တာဝန်တွေကို ထမ်းဆောင်ကြတယ်။ သူတို့က သမ္မာတရား လိုက်စားဖို့နဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အမြင်တွေ၊ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေကို ဆင်ခြင်သုံးသပ်ဖို့ အာရုံစိုက်ကြတယ်၊ သူတို့ဆိုရင် ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကိုလည်း ရနေတုန်းပဲ၊ သူတို့တာဝန်တွေမှာ ရလဒ်တွေရကြပြီး အသက်တာမှာလည်း ကြီးထွားလာကြတယ်။ ဘာတာဝန်ပဲထမ်းဆောင်ထမ်းဆောင် အဓိကက သမ္မာတရားကို လိုက်စားဖို့ပါပဲ။ ကံကြမ္မာကောင်းတယ်၊ ကံကြမ္မာဆိုးတယ်ဆိုတာမျိုး မရှိပါဘူး။ ဒါကို သဘောပေါက်သွားတဲ့အခါ ကျွန်မ ရင်ထဲမှာ နည်းနည်း ပိုလင်းလက်သွားတယ်။ ကျွန်မက ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို အရမ်း အာရုံစိုက်လွန်းနေပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ ထမ်းဆောင်ဖို့ မလိုလားဘူးဆိုတာကို မြင်သွားတယ်၊ ကိုယ့်တာဝန်ထမ်းဆောင်ရတဲ့ အခွင့်အရေးကို သုံးပြီး နာမည်ရဖို့ကိုပဲ အမြဲ လိုက်စားချင်နေခဲ့တာ။ ကျွန်မရဲ့ လိုအင်ဆန္ဒတွေသာ ပြည့်ဝခဲ့မယ်ဆိုရင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ တပ်မက်မှုတွေက ပိုပြင်းထန်လာဖို့ပဲ ရှိပြီး၊ ပိုပြီး မာနထောင်လွှားကာ စိတ်ကြီးဝင်လာမယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့ထက်မဆို သာတယ်လို့ တွေးမိမှာပဲ။ အဲဒါက ကျွန်မအတွက် ကောင်းတဲ့အရာ ဖြစ်ဖို့နည်းမှာပဲ။ ဘုရားသခင် စီစဉ်ပေးသမျှ အရာအားလုံးက ကောင်းမွန်ပြီး၊ အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်မ တကယ် သဘောပေါက်သွားတယ်။

အဲဒီနောက်မှာ ကျွန်မ ထပ်တွေးမိတယ်၊ “ဘုရားသခင် အုပ်စိုးပြီး စီစဉ်ပေးထားတဲ့ အခြေအနေတွေအပေါ် ငါ ဘယ်လို သဘောထားမျိုး ထားသင့်လဲ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “ကံကြမ္မာအကြောင်း လူတို့ ခံစားပုံနှင့် စပ်လျဉ်း၍ ၎င်းတို့တွင် ကောင်းသည့် ခံစားချက်များနှင့် ဆိုးသည့် ခံစားချက်များ ရှိနိုင်သည်။ အရာရာ အဆင်ပြေချောမွေ့သည့် ကံကြမ္မာများ ရှိနိုင်သည်၊ အတားအဆီးများနှင့် ပြည့်သည့် ကံကြမ္မာများ ရှိနိုင်သည်၊ ခက်ခဲသည့် ကံကြမ္မာများနှင့် ပျော်ရွှင်မှုမရှိသည့် ကံကြမ္မာများ ရှိနိုင်သည်။ ကောင်းသည့်ကံကြမ္မာများ၊ သို့မဟုတ် ဆိုးသည့် ကံကြမ္မာများဟူ၍ မရှိပေ။ ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူးစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။ သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားသည့် ကံကြမ္မာကို သင် ဤနည်းဖြင့် တွေ့ကြုံသည့်အခါ သင် ခံစားရလာသည့် အရာမှာ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ နာကျင်မှု၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုများသာမက သာ၍ အရေးကြီးသည်မှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းအပြင် သင့်အပေါ် ဖန်ဆင်းရှင် ပေးသနားသည့် သမ္မာတရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သင် တွေ့ကြုံခံစားရလိမ့်မည်။ ထို့အပြင် သင်၏ ဘဝလမ်းကြောင်းတစ်လျှောက် သင်လမ်းပျောက်လာသည့်အခါ၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုတို့ဖြင့် သင် ရင်ဆိုင်ရပြီး ရွေးချယ်မှုပြုရန်ရှိသည့်အခါ ဖန်ဆင်းရှင်၏ လမ်းပြမှုကို သင် တွေ့ကြုံလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် အဓိပ္ပာယ်အရှိဆုံးသော ဘဝကို မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်သက်ဆိုင်သည့် သိနားလည်မှု၊ အတွေ့အကြုံနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိလိမ့်မည်။ ထို့နောက် ဘဝတွင် သင်သည် မည်သည့်အခါတွင်မျှ နောက်တစ်ဖန် လမ်းပျောက်တော့မည်မဟုတ်။ စဉ်ဆက်မပြတ် ပူပန်သောကရောက်သည့် အခြေအနေတစ်ခုတွင် သင် တစ်ဖန် ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကံ ဆိုးသည်ဟု သင်ခံစားရသောကြောင့် စိတ်မချမ်းမြေ့သည့် စိတ်ခံစားချက်ထဲသို့ ကျဆင်းရန်မဆိုထားနှင့်၊ မကောင်းသည့် ကံရှိခြင်းအကြောင်းကို သင် တစ်ဖန် တစ်ကြိမ်တစ်ခါမျှ ညည်းတွားမည် မဟုတ်ပေ။ သင်သည် ဤသဘောထားရှိပြီး သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားပြီးဖြစ်သည့် ကံကြမ္မာကို ရင်ဆိုင်ရန် ဤနည်းလမ်းကို အသုံးပြုပါက သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်ကာ သင်သည် ပုံမှန်လူ့သဘာဝရှိလာလိမ့်မည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အမှုအရာများကို ရှုမြင်ခြင်းအတွက် အတွေးအခေါ်၊ အမြင်ရှုထောင့်များနှင့် စည်းမျဉ်းများ ရှိလာလိမ့်မည်ဖြစ်သည်သာမက ဘဝ၏ အဓိပ္ပာယ်အပေါ် ဘာသာတရားမရှိသူများက မည်သည့်အခါတွင်မျှ ရှိလိမ့်မည်မဟုတ်သည့် အမြင်များနှင့် သိနားလည်မှုတို့ ရှိလာလိမ့်မည်မှာ အမှန်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် လူတစ်ယောက်က သူ့ကံကြမ္မာ ကောင်းတယ်၊ဆိုးတယ် ဘယ်လိုပဲခံစားရပါစေ၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်၊ အခြေအနေတစ်ခုမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ရှာဖွေပြီး ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်ဆိုတာကို နားလည်သွားတယ်။ အဲဒါကမှ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာပါ။ အဲဒါနဲ့ ကျွန်မ ကိုယ်ဘာသာကိုယ် တွေးဆမိတယ်၊ “ငါက စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ အမြဲ ထမ်းဆောင်နေခဲ့တာ၊ ဒီထမ်းဆောင်ခြင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ” ပေါ့။ အမှုအရာတွေ ဖြစ်လာတဲ့အခါ သမ္မာတရားကို ဘယ်လိုရှာဖွေရမှန်း ကျွန်မ မသိခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့ အားထုတ်ခဲတယ်ဆိုတာကို တွေးမိတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး ဒီအားနည်းချက်တွေကို ကျွန်မ ဖြည့်ဆည်းနိုင်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဝီရိယရှိရှိ ဆင်ခြင်ဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ဖို့ သင်ယူခွင့်ပေးခဲ့တယ်။ ဒါက ကျွန်မရဲ့ အသက် ဝင်ရောက်မှုအတွက် အကျိုးရှိတာပဲ။ တစ်ချိန်တည်းမှာပဲ ဒီအခြေအနေက ကျွန်မဟာ အဆင့်အတန်းကို အရမ်းတန်ဖိုးထားလွန်းနေပြီး၊ အဆင့်အတန်းအတွက် လိုအင်ဆန္ဒ မပြည့်ဝတဲ့အခါ လက်လျှော့ချင်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ခဲ့တယ်။ ကျွန်မ ယုံကြည်မှုမှာ လိုက်စားခဲ့တာက သမ္မာတရား မဟုတ်ဘဲ အဆင့်အတန်းဖြစ်နေမှန်း သဘောပေါက်သွားတယ်။ အကြိမ်ကြိမ် ဆုတ်ယုတ်မှုတွေနဲ့ ကြုံပြီးတဲ့နောက်မှာ အဆင့်အတန်း လိုက်စားတဲ့ လမ်းကြောင်းအမှားကို ကျွန်မ စပြီး သတိပြုမိလာတယ်၊ ခေါင်းဆောင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်တွေကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ ထမ်းဆောင်နိုင်လာတယ်။ ခေါင်းဆောင်အနေနဲ့ ကျွန်မ ဘာလို့ အရွေးမခံရတာလဲ ဆိုတာကိုလည်း ဆင်ခြင်သုံးသပ်ခဲ့တယ်။ အဓိကကတော့ ကိုယ့်တာဝန်တွေမှာ တာဝန်ယူစိတ် ကင်းမဲ့ပြီး၊ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းက မလုံလောက်လို့၊ ကျွန်မမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အစွမ်း မရှိသလို စံသတ်မှတ်ချက်တွေနဲ့လည်း မပြည့်မီလို့ပဲ။ ဒါက ကျွန်မမှာ ကံကြမ္မာကောင်းတာ၊ ဆိုးတာနဲ့ ဘာမှမဆိုင်ဘူးလေ။ ဒါကို သဘောပေါက်သွားတော့၊ ကိုယ့်ရဲ့ အားနည်းချက်တွေနဲ့ မလုံလောက်မှုတွေကို မှန်မှန်ကန်ကန် သဘောထားနိုင်လာတယ်၊ ဘုရားသခင် စီစဉ်ညွှန်ကြားတဲ့ အခြေအနေတွေကို ကျိုးနွံနာခံပြီး လက်ရှိတာဝန်တွေမှာ စည်းမျဉ်းတွေနဲ့အညီ သင့်တော်သလို လုပ်ဆောင်နိုင်လာတယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရေလောင်းတဲ့ သင်းထောက်အနေနဲ့ ရွေးချယ်ခဲ့ကြတယ်၊ နှစ်ပတ်သုံးပတ် လေ့ကျင့်ပြီးချိန်မှာ စာနဲ့ပတ်သက်တဲ့ လူတွေ လိုအပ်နေလို့ ခေါင်းဆောင်တွေက ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ပြန်ထမ်းဆောင်ဖို့ တာဝန် ပြောင်းပေးခဲ့တယ်။ ဒီတစ်ခါတော့ ကျွန်မ မညည်းညူတော့သလို စိတ်မချမ်းမသာလည်း မဖြစ်တော့ဘူး။ အဲဒီအစား၊ စာနဲ့ပတ်သက်တဲ့ တာဝန်တွေထမ်းဆောင်ဖို့ အသင်းတော်က ကျွန်မကို နှစ်တွေအများကြီး ပျိုးထောင်ပေးခဲ့ပုံနဲ့ ဒီအပိုင်းမှာ ကျွန်မမှာ အားသာချက်တချို့ ရှိနေတာတွေကို တွေးမိတယ်။ သင်းထောက်လုပ်တာထက်စာရင် စာနဲ့ပတ်သက်တဲ့ တာဝန်တွေက ကျွန်မနဲ့ ပိုသင့်တော်တယ်လေ၊ ပြီးတော့ “အရင်တုန်းက စာနဲ့ပတ်သက်တဲ့ တာဝန်တွေထမ်းဆောင်တုန်းက ငါ့နောက်မှာ နောင်တရစရာတချို့ ချန်ထားခဲ့မိတယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ စိတ်ပါလက်ပါနဲ့ ထမ်းဆောင်ရမယ်” လို့ တွေးရင်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျိုးနွံနာခံခဲ့တယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ကျွန်မရဲ့ တာဝန်တွေက ရလဒ်တချို့ ထွက်လာပြီး တော်တော်လေး စိတ်အေးချမ်းသွားတယ်။

ဒီအတွေ့အကြုံ တစ်ခုလုံးကို ဖြတ်သန်းပြီးတဲ့နောက်မှာ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူစီစဉ်ပေးတဲ့ အခြေအနေတွေက အမြဲတမ်း ကောင်းမွန်ပြီး၊ ကျွန်မရဲ့ အသက်တာအတွက် အတိအကျ လိုအပ်နေတဲ့အရာတွေပဲ ဆိုတာကို မြင်လာရတယ်။ ဒီလို နားလည်သဘောပေါက်မှုမျိုး ရလာပြီး အခြေအနေကို ပြောင်းလဲနိုင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လက်မခံခြင်းအပေါ် ပြန်လည်သုံးသပ်ခြင်းများ အိုက်ရှီထံသို့ ပေးစာ

အိုက်ရှီထံသို့ ပေးစာရှီကျင်း၊ တရုတ်ပြည်ချစ်ရတဲ့ အိုက်ရှီမတွေ့တာကြာပြီနော်။ နေကောင်းရဲ့လား။ တို့နှစ်ယောက် မတွေ့ဖြစ်ကြတာ တစ်နှစ်ကျော်ပြီ။...

ကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း

လီဖန်း ကိုးရီးယားနိုင်ငံ အရင် သုံးလေးလတုန်းက ကျွန်တော်လည်း ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ဇာတိမြို့အသင်းတော်ကနေ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။