မကျန်းမာမှုနှင့် ဆင်းရဲဒုက္ခတို့က ကျွန်မ၏ သရုပ်မှန်ကို ပြခဲ့သည်

23.01.2022

ထင်ထင် တရုတ်နိုင်ငံ

ကျွန်မငယ်ငယ်ကတည်းက ခေါင်းကိုက်လေ့ရှိတယ်။ တစ်ခါတလေ အရမ်းနာတာ အိပ်ရာပေါ်မှာပဲ လူးလှိမ့်နေရတယ်။ ကျွန်မဆယ်ကျော်သက်အရွယ်ရောက်တော့ ဒါကို ဆရာဝန်နဲ့သွားပြတယ်။ ဦးနှောက်သွေးကြောကျဉ်းရောဂါကြောင့်ဖြစ်ပြီး ဆေးကုသမှုခံယူဖို့လိုတယ်လို့ ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ သူညွှန်းတဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေအကုန်ကို ကျွန်မတွေ့တော့ သောက်ဖို့အရမ်းကြောက်နေတယ်။ နာတာကို သည်းခံပြီးတော့ပဲနေခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးတဲ့အခါမှာ ကျွန်မအခြေအနေက ရုတ်တရက်ကြီး သက်သာလာတယ်။ ဘုရားသခင်ကို စိတ်နှလုံးထဲကနေ ကျေးဇူးတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မက ယုံကြည်သူဖြစ်တာကြောင့် ဘုရားသခင်က ကျွန်မကို သေချာပေါက် စောင့်ရှောက်မှာပဲလို့တွေးပြီး စုဝေးပွဲတွေတက်တာ၊ ကိုယ့်တာဝန်ကိုထမ်းဆောင်တာတွေကို စိတ်နှစ်ပြီးလုပ်ခဲ့တယ်။ ကျွန်မ အခက်အခဲရှိတဲ့အချိန်တိုင်းမှာ ကိုယ်တော်က လမ်းကြောင်းတစ်ခုဖွင့်ပေးတယ်။ ကျွန်မမိသားစုကို ဘေးကင်းအောင်၊ အဆင်ပြေအောင်လုပ်ပေးတယ်။ ဘယ်ကျန်းမာရေးပြဿနာကမဆို ကျွန်မကို ကာကွယ်ပေးတယ်။ နောက်ပိုင်းမှာတော့ ကျွန်မတာဝန်တွေကို အချိန်ပြည့်လုပ်ဖို့အတွက် ကျွန်မအလုပ်ကနေ ထွက်ပြီး အိမ်ကနေထွက်ခဲ့လိုက်တယ်။ ကျွန်မတာဝန်ကို မမောမပန်းနဲ့ ထမ်းဆောင်နေတုန်းမှာပဲ အဲဒီလိုနဲ့ နှစ်တွေက ခဏနဲ့ကုန်သွားတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးလေးနှစ်လောက်မှာ ကျွန်မကျန်းမာရေးက ဆုတ်ယုတ်လာတယ်။ ခဏခဏပင်ပန်းသလိုခံစားရပြီး ရင်ကျပ်တယ်။ အသက်ရှူကျပ်တယ်။ စကားနည်းနည်းပြောလိုက်တာနဲ့ ပင်ပန်းပြီး တစ်မနက်လုံး မောနေလို့ တချို့မနက်တွေမှာ ပါးစပ်တောင်မဟရဲဘူး။ အစတော့ “ငါ့အခြေအနေက ဘုရားလက်ထဲမှာရှိတယ်။ ငါ့တာဝန်ကို ဆက်လုပ်ဖို့လိုတယ်။ တစ်ချိန်ချိန်ကျ ပြန်ကောင်းလာမှာပဲ” လို့တွေးပြီး သိပ်အရေးမစိုက်မိဘူး။ ဒါပေမဲ့ နှစ်နှစ်ကုန်သွားပြီး ကျွန်မကျန်းမာရေးက ပိုပိုဆိုးလာတယ်။ ပင်ပန်းတာအပြင်ကို တစ်ခါတလေမှာ ကျွန်မနှလုံးက ရုတ်တရက် အရမ်းခုန်လာတယ်။ ဒါမှမဟုတ် ဇောချွေးတွေပြန်လာပြီး တော်တော်စိတ်အနှောင့်အယှက်ဖြစ်တယ်။ ချက်ချင်းလှဲနေလိုက်ရတယ်။ စကားတောင်မပြောနိုင်ဘူး။ အဆိုးဆုံးကတော့ ခေါင်းကိုက်တာတွေက ပြန်စလာတယ်။ တစ်ခါတလေဆိုရင် ကျွန်မသွေးကြောတွေက ပေါက်ထွက်တော့မလိုခံစားရတယ်။ တရုတ်ဆေးတချို့သုံးကြည့်တယ်။ ဒါပေမဲ့ဘာမှအထောက်အကူမဖြစ်ဘူး။ ကျွန်မ ဆေးသွားစစ်ကြည့်တော့ ဆရာဝန်က ဒါ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဦးနှောက်သွေးကြောကျဉ်းရောဂါလို့ပြောတယ်။ ကျွန်မသွေးကြောတွေပေါက်သွားရင် အချိန်မရွေးသေသွားနိုင်တဲ့ အန္တရာယ်ရှိတယ်တဲ့။ ဒါကိုကြားရတော့ ဦးနှောက်သွေးခဲပြီးသေသွားတဲ့ ကျွန်မအဘိုးကိုစဉ်းစားမိတယ်။ ပြီးတော့ ကျွန်မအဖေက အသက် ၄၀ မှာ တော်တော်ပြင်းထန်တဲ့ ဦးနှောက်သွေးယိုစီးမှုရောဂါဖြစ်ပြီး သုံးရက်ကြာတော့ သေသွားတာ။ အခု ကျွန်မက တစ်ချိန်လုံး တော်တော်ကိုနာတဲ့ ခေါင်းကိုက်ဝေဒနာတွေ ဖြစ်နေတယ်။ ကျွန်မအဖေလို တစ်နေ့မှာ သွေးကြောပေါက်မှာလား ပေါ့။ ကျွန်မတာဝန်ကို နှစ်တွေကြာတဲ့အထိလုပ်ဖို့အတွက် မိသားစုနဲ့အလုပ်ကို ထားခဲ့တယ်။ ဒါဆိုရင် ကျွန်မ ကျန်းမာရေးက ဘာလို့ဆိုးလာတာလဲ ပေါ့။ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးသင့်တယ်လို့ ခံစားမိခဲ့တယ်။ နောက်ရက်တွေမှာ ကျွန်မက တာဝန်ကိုထမ်းဆောင်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့အခြေအနေကြောင့် ကျွန်မက အမြဲတမ်းမှိုင်နေတယ်။ ကျွန်မ ဆုတောင်းပြီး ဘုရားအလိုတော်ကို ရှာဖွေပေမဲ့၊ မကျန်းမာမှုကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပေမဲ့ ဘာတိုးတက်မှုမှမတွေ့ရတဲ့အခါ ဆုတောင်းပြီးရှာဖွေချင်တဲ့စိတ်က ပျောက်သွားတယ်။ ဆေးကုဖို့အတွက် ပိုက်ဆံရှိအောင် ကျွန်မမိသားစုဆီကို ပြန်သွားခဲ့လိုက်တယ်။ ဒါပေမဲ့ ကျွန်မယောကျာ်းအလုပ်လုပ်တဲ့စက်ရုံက ဒေဝါလီခံသွားပြီး သူ့ကိုပိုက်ဆံမပေးခဲ့ဘူးဆိုပြီး ကျွန်မယောက္ခမကပြောပြတယ်။ ဒါကိုကြားရတာ ကျွန်မအတွက် အတော်စိတ်ညစ်စရာပါပဲ။ ကျွန်မက တော်တော်ကိုနေမကောင်းဘူး။ ကျွန်မယောကျာ်းက အလုပ်မရှိတော့ဘူး။ ပိုက်ဆံတောင်မရခဲ့ဘူး။ ဆေးကုဖို့ကို မေ့လိုက်တော့။ ဘာနဲ့ဆက်ပြီးအသက်ရှင်ရမှာလဲ။ အဲဒီနေ့တွေမှာ ကျွန်မရဲ့ ဆုတ်ယုတ်နေတဲ့ကျန်းမာရေးနဲ့ ယောကျာ်းကအလုပ်မရှိတာတွေကို စဉ်းစားပြီး မခံနိုင်လောက်အောင်ကို နာကျင်မိတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ့တာဝန်အတွက် ငါအများကြီး စွန့်လွှတ်ပြီးပြီ။ ဘုရားသခင်က ငါ့ကိုဘာလို့မစောင့်ရှောက်တာလဲ” ပေါ့။ ဒါပေမဲ့ ထပ်စဉ်းစားမိတယ်။ “ငါ ဘုရားကိုအပြစ်တင်လို့မဖြစ်ဘူး။ နာခံရမယ်။ ဘယ်ပြောနိုင်မလဲ။ ငါ့ယောကျာ်းက အလုပ်ကောင်းတစ်ခုရှာတွေ့ပြီးတော့ သူလုံးဝမရခဲ့တဲ့ ဝင်ငွေတွေကို ပြန်ရှာချင်ရှာနိုင်မှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မအမျိုးသားက အလုပ်ရှာလို့ရမရဆိုတာ ကိုယ်တော့်အပေါ်မူတည်ပါတယ်။ သူ့ရဲ့အလုပ်ကို ကိုယ်တော့်လက်ထဲကို အပ်ပါတယ်” ပေါ့။ ကျွန်မဆုတောင်းရင်းနဲ့ မျှော်လင့်ချက်နည်းနည်းလေးရှိခဲ့ပါတယ်။ သူအလုပ်ကို မကြာခင်ရှာတွေ့ဖို့ တောင့်တမိခဲ့တယ်။ ဒါပေမဲ့ သုံးလေးလလောက်ကြာပြီးတော့ သူက ဘာအလုပ်မှမတွေ့သေးဘူး။ ကျွန်မ တော်တော်စိတ်ပျက်ပြီး လုံးဝအားကုန်နေတယ်။ ကျွန်မက ကိုယ့်တာဝန်ကိုထမ်းဆောင်နေတဲ့ပုံစံရှိပေမဲ့ ကျွန်မကျန်းမာရေး၊ ဒါမှမဟုတ် မိသားစုအကြောင်းစဉ်းစားတဲ့အခါ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မနည်းနည်းလေးပိုအားစိုက်လိုက်ရင် ကျွန်မတာဝန်ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အချိန်တွေရှိတယ်။ အဲဒီအချိန်မှာ ကျွန်မက “ဒါဆို ကောင်းနေပါပြီ။ ငါအားပိုစိုက်ရင် ဘာအကျိုးရှိသွားမှာမို့လဲ” ဆိုပြီး တွေးတယ်။ အဲဒီလိုနဲ့ ကျွန်မတာဝန်အပေါ် အရင်ကရှိခဲ့တဲ့ စိတ်ထက်သန်မှုက ပျောက်သွားခဲ့တယ်။ ကျွန်မတာဝန်ယူရတဲ့အလုပ်မှာ တိုးတက်မှုကနှေးပြီး ကျွန်မမှာ ရှိခဲ့တဲ့ စိတ်ပြင်းပြမှုက မရှိတော့ဘူး။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်မှာ ပြဿနာတွေကို ကြုံတွေ့တဲ့အခါ ကျွန်မ ဝင်ကူချင်စိတ် လုံးဝမရှိတော့ဘူး။ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့၊ လျော့ရဲတဲ့ပုံစံက အသင်းတော်အလုပ်ကို တော်တော်ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မက တော်တော်ထုံထိုင်းနေပြီး အဲဒီအကြောင်း ဘာမှမစဉ်းစားခဲ့ဘူး။ ကျွန်မမိသားစုမှာဖြစ်နေတာတွေအပေါ် ကျွန်မ တော်တော်ကိုစိတ်ဆင်းရဲမိတယ်။ အဲဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မ အခု တော်တော်ကြာ စိတ်ဆင်းရဲနေရပါတယ်။ ကိုယ်တော့်အပေါ်ကို ကျွန်မ အမြဲတမ်းတောင်းဆိုမှုတွေ ပြုနေခဲ့မိတယ်။ ကျွန်မစိတ်နှလုံးကလည်း ကျွန်မတာဝန်အပေါ်မှာ မရှိပါဘူး။ ကျွန်မနာခံသင့်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မ လက်မလွတ်နိုင်ဘူး။ ဒါတွေအားလုံးကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကျွန်မမသိပါဘူး။ ကျေးဇူးပြုပြီး ကိုယ်တော့်အလိုတော်ကို နားလည်ဖို့ ကျွန်မကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီလိုဆုတောင်းပြီးသိပ်မကြာခင်တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ကျွန်မခေါင်းထဲမှာ ရုတ်တရက်ပေါ်လာတယ်။ “အစအဦးမှစ၍ သူ့အမှု၏ ဖြစ်စဉ်တစ်လျှောက် ဘုရားသခင်သည် လူအယောက်တိုင်းအတွက်- သို့မဟုတ် သူ၏နောက်သို့လိုက်သောသူ အယောက်တိုင်းအတွက်ဟု ဆိုနိုင်သည်- စမ်းသပ်မှုများကို စီစဉ်ထားခဲ့ပြီး ဤစမ်းသပ်မှုများမှာ အတိုင်းအတာအမျိုးမျိုးဖြင့် လာတတ်သည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် ရာထူးဂုဏ်ဒြပ်အားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်- ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ် တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ၊ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်ကို ဆိုလိုသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ”) ဘုရားသခင်က လူတိုင်းအတွက် မတူညီတဲ့အလုပ်ကိုလုပ်ပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို ပြင်ဆင်တယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ မတူညီတဲ့အခြေအနေတွေမှာ သူတို့ရဲ့ သဘောထားတွေ၊ ဘုရားသခင်ကို သူတို့ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ကြဉ်နိုင်ခြင်းရှိမရှိဆိုတာတွေကို ဘုရားသခင်က ကြည့်ချင်တယ်။ ဒါ ကျွန်မအတွက် အမြင်ပွင့်သွားစေတဲ့အရာပဲ။ ကျွန်မက တစ်ချိန်လုံး ပိုပြီးနေမကောင်းဖြစ်လာနေတယ်။ ကျွန်မယောကျာ်းက အလုပ်ပြုတ်ပြီး ဝင်ငွေရလမ်းမရှိတော့ဘူး။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ပေါ်တာပဲ။ ကျွန်မ နာခံသင့်တယ်။ သမ္မာတရားကို ရှာဖွေသင့်တယ်။ သင်ခန်းစာယူသင့်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားအလိုတော်ကို မရှာဖွေဘူး။ ဘယ်လိုသက်သေခံရမယ်ဆိုတာကို မတွေးဘူး။ အဲဒီအစား ကျွန်မက စိတ်ဓာတ်ကျပြီး ညည်းညူနေခဲ့တယ်။ ဒါက ဘုရားကိုဆန့်ကျင်ပုန်ကန်ပြီး အာခံနေတာမဟုတ်ဘူးလား။ ယောဘအကြောင်းကို ကျွန်မတွေးမိတယ်။ ခြံမွေးတိရစ္ဆာန်တွေထားတဲ့ တောင်ကုန်းတွေ၊ စည်းစိမ်တွေအများကြီးရှိပြီး အားလုံးအခိုးခံလိုက်ရတယ်။ ပြီးတော့ သူ့ကိုယ်ခန္ဓာတစ်ခုလုံးလည်း အနာစိမ်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါတောင်မှ ဘုရားကို လုံးဝအပြစ်မတင်ဘဲ သူ့ကိုယ်သူပျပ်ဝပ်ပြီး “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏” (ယောဘဝတ္တု ၁:၂၁)။ ဆိုပြီး ပြောခဲ့တယ်။ ယောဘရဲ့ ယုံကြည်ခြင်းက စစ်မှန်တဲ့ယုံကြည်ခြင်းပဲ။ ယောဘရဲ့အတွေ့အကြုံကို တွေးပြီး ကျွန်မ ရှက်မိခဲ့တယ်။ သူက ဘုရားနှုတ်ကပတ်တော်တွေကို အများကြီးမဖတ်ခဲ့ဘူး။ ဒီလို စမ်းသပ်မှုကြီးကို ရင်ဆိုင်ရတဲ့အခါမှာ သူ့ယုံကြည်ခြင်းကို ထိန်းသိမ်းထားပြီး ဘုရားသခင်အတွက် သက်သေရပ်တည်တုန်းပဲ။ ဒါပေမဲ့ ကျွန်မက နေ့ရက်တိုင်း ဘုရားနှုတ်ကပတ်တော်ရဲ့ အာဟာရနဲ့ လမ်းပြမှုကို ခံစားရပြီး စစ်မှန်တဲ့ယုံကြည်ခြင်း၊ ဘုရားသခင်အတွက် နာခံခြင်းမရှိသေးဘူး။ မကျန်းမာမှုနဲ့ ကျွန်မယောကျာ်းအလုပ်မရှိမှုကို ရင်ဆိုင်ရတာကြောင့် စိတ်ဓာတ်ကျပြီး ညည်းညူခဲ့တယ်။ ကျွန်မက တော်တော်ပုန်ကန်ခဲ့တာပါ။

အဲဒီအချိန်မှာပဲ ကျွန်မ နောင်တရဖို့စိတ်ဆန္ဒရှိလာပြီး ဘုရားသခင်ကို ကျိုးနွံနာခံရင်းနဲ့ ဆုတောင်းတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိလာဖို့အတွက် ကျွန်မကို ဉာဏ်အလင်းဖွင့်ပြဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) “သင်၏ ဘုရားသခင်၌ယုံကြည်မှုရော၊ အဘယ်သို့နည်း။ သင်၏ အသက်တာကို အမှန်တကယ် ဆက်ကပ်ပြီးပြီလော။ သင်တို့သည် ယောဘကဲ့သို့ အလားတူ စမ်းသပ်ခြင်းကို ခံစားခဲ့ရပါက၊ ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် မည်သူမျှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည် မဟုတ်၊ သင်တို့အားလုံး ပြိုလဲကြမည်ဖြစ်သည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် အင်မတန် တကယ့်ကို ကွာခြားနေပေသည်။ ယနေ့တွင် သင်တို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ထက်ဝက် အသိမ်းယူခံရပါက၊ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ငြင်းဝံ့လိမ့်မည်။ သင်တို့၏ သား သို့မဟုတ် သမီးကို သင်တို့ထံမှ ယူသွားခံရပါက၊ သင်တို့သည် မတရားဟု အော်ဟစ်ရင်း လမ်းများပေါ် ပြေးကြလိမ့်မည်။ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းသည် လမ်းဆုံးရောက်ပါက၊ သင်သည် ကြိုးစားကာ ဘုရားသခင်နှင့် ဆွေးနွေးလိမ့်မည်ဖြစ်သည်။ သင့်ကို ကြောက်လန့်စေရန် အစတွင် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ငါပြောဆိုခဲ့သည်ကို သင် မေးလိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်တို့ မလုပ်ဝံ့မည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာက သင်တို့သည် စစ်မှန်သော ထိုးထွင်းအမြင်များ တစ်ခုတလေမျှ မရရှိသေးသကဲ့သို့ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသေးသည်ကို ပြသပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို အတိအကျထုတ်ဖော်ပြတယ်။ ကျွန်မ သံသယလုံးဝမရှိခဲ့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို နေ့စဉ်ထမ်းဆောင်နေတဲ့ပုံစံရှိပေမဲ့ ကျွန်မစိတ်နှလုံးထဲမှာ စက်ဆုပ်ဖွယ်ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတယ်။ ကျွန်မက အသင်းတော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာကြောင့် ဘုရားသခင်က ကျွန်မရဲ့ကျန်းမာရေးနဲ့ မိသားစုကို ကာကွယ်ပေးသင့်တယ်၊ အရာရာတိုင်းက အဆင်ပြေချောမွေ့သင့်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ တောင်းဆိုမှုတွေနဲ့ ဆန္ဒက တစ်ထပ်တည်းမကျတဲ့အခါ ကျွန်မအကျိုးစီးပွားကို ထိလာတဲ့အခါမှာ ကျွန်မကျန်းမာရေး တိုးတက်မလာလို့၊ ကျွန်မယောကျာ်း အလုပ်မရလို့ဆိုပြီး ဘုရားသခင်ကို စပြီး အပြစ်တင်လာခဲ့တယ်။ “ကြိုးစားကာ ဘုရားသခင်နှင့် ဆွေးနွေး” ချင်တာမျိုးနဲ့ ဘာထူးတော့မှာလဲ။ ဒီအချိန်မှာ ကျွန်မရဲ့ ယုံကြည်ခြင်းက အစကတည်းက ကောင်းချီးလိုချင်တဲ့ဆန္ဒရဲ့ တွန်းအားကြောင့်ဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကောင်းချီးအတွက်ပဲ ကျွန်မ ယုံကြည်ခြင်းရှိခဲ့တာပါ။ “အခကြေးငွေမယူဘဲ အလုပ်မလုပ်နှင့်”၊ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတာတွေက ကျွန်မ ရှင်သန်တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေပါပဲ။ ကောင်းချီးရဖို့ဖြစ်တဲ့ ကျွန်မရဲ့ စက်ဆုပ်ဖွယ်ပန်းတိုင်ကို ရရှိဖို့အတွက် ဘုရားကိုအသုံးပြုပြီး၊ ကျွန်မတာဝန်ကို အသုံးပြုရင်းနဲ့ ဘုရားသခင်အပေါ် လောကီဆန်တဲ့ လုပ်ငန်းသဘောစိတ်ထားကို အသုံးပြုခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို လိမ်ညာရင်း၊ တိုက်ခိုက်ရင်းနဲ့ ဘုရားနဲ့ အပေးအယူလုပ်နေခဲ့တာပါ။ သမ္မာတရားကို ကျွန်မရရှိနိုင်ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်နိုင်ဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုခံရနိုင်ဖို့အတွက် ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ရေလောင်းရင်း၊ ပံ့ပိုးပေးရင်း သူ့ရဲ့အိမ်တော်ဆီကို ကျွန်မကို သယ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် သမ္မာတရားကို အားထုတ်လိုက်စားပြီး ကိုယ့်တာဝန်ကိုထမ်းဆောင်ဖို့ တွေးရမယ့်အစား ကျွန်မက တွက်ချက်နေခဲ့တယ်။ ဘုရားကို လိမ်ညာနေခဲ့တယ်။ ကျွန်မရဲ့ဆန္ဒတွေ မပြည့်တဲ့အခါမှာ ဘုရားနဲ့ ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားခဲ့ပြီး ဘုရားကို အပြစ်တင်ခဲ့တယ်။ ကျွန်မက အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်။ ဘုရားသခင်ရှေ့မှာ ရှင်သန်ဖို့ မထိုက်တန်ပါဘူး။ စိတ်နှလုံးထဲကနေ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်မုန်းတီးပြီး ဘယ်လိုဖြစ်ပြီး ကျွန်မ ဆင်ခြင်တုံတရားနဲ့ အသိစိတ်ကင်းမဲ့ရတာလဲဆိုတာကို တွေးမိတယ်။ ကန္တာရထဲ ရောက်နေတဲ့အချိန်မှာ ညည်းညူကြတဲ့ ဣသရေလလူမျိုးတွေအကြောင်း ကျွန်မတွေးမိတယ်။ အီဂျစ်လူမျိုးဖာရောဘုရင်ရဲ့ လက်ထဲကနေ သူတို့ကိုကယ်ခဲ့တာကို ဘုရားသခင်ကို ကျေးဇူးမတင်ကြဘဲ ကန္တာရထဲမှာ အသားမရှိလို့ဆိုပြီး ဘုရားကို အပြစ်တင်ကြတာကြောင့် ဘုရားသခင်က သူ့ရဲ့ဒေါသကို ထုတ်လွှတ်ခဲ့တယ်။ “သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ။” (ဆာလံကျမ်း ၉၅:၁၁) ဆိုပြီး ပြောခဲ့တယ်။ အဆုံးမှာတော့ သူတို့တွေ ကန္တာရထဲမှာ သေဆုံးခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အခြေခံကြည့်ရင် ကျွန်မရဲ့ ညည်းညူမှုတွေကြောင့် ဘုရားသခင်ရဲ့ အပြစ်ဒဏ်ခတ်မှုကို ကျွန်မခံရသင့်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့အသက်ကို မယူဆောင်သွားဘူး။ အဲဒီအစား ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ကျွန်မရဲ့ မှားယွင်းတဲ့အမြင်တွေ၊ ဘုရားကောင်းချီးရဖို့ဖြစ်တဲ့ ကျွန်မရဲ့ဆိုးဝါးတဲ့ စိတ်ခွန်အားတွေကို ကျွန်မ မြင်နိုင်ဖို့အတွက် နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို တရားစီရင်ခဲ့တယ်။ ထုတ်ဖော်ခဲ့တယ်။ ဉာဏ်အလင်းပွင့်လင်းစေပြီး လမ်းပြခဲ့ပါတယ်။ နောင်တရပြီးပြောင်းလဲဖို့အတွက် ကျွန်မကို အခွင့်အရေးပေးခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပါပဲ။

ကိုယ့်ကိုယ်ကိုယ်ပိုပြီးသိရှိခြင်းကို ရအောင်ကူညီပေးတဲ့ နောက်ထပ်ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ နောက်ပိုင်းမှာ ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့နှုတ်က ထိုအရာကို ပြောကောင်းပြောမည် မဟုတ်သော်လည်း ဘုရားသခင်ကို လူတို့ ဦးစွာ စတင်ယုံကြည်သောအခါ ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘ကျွန်ုပ်သည် ကောင်းကင်ဘုံသို့ သွားချင်သည်၊ ငရဲမသွားချင်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်သာမက ကျွန်ုပ်၏ တစ်မိသားစုလုံးကို ကောင်းချီးခံစားစေချင်သည်။ ကျွန်ုပ်သည် အစာကောင်းကောင်း စားချင်သည်၊ အဝတ်အစားကောင်းကောင်း ဝတ်ချင်သည်၊ ကောင်းသောအရာများကို မွေ့လျော်ခံစားချင်သည်။ ကျွန်ုပ်သည် မိသားစုကောင်း၊ ခင်ပွန်းကောင်း (သို့မဟုတ် ဇနီးသည်ကောင်း) နှင့် သားသမီးကောင်းများကို လိုချင်သည်။ နောက်ဆုံး ကျွန်ုပ်သည် ရှင်ဘုရင်အဖြစ် စိုးစံချင်သည်’ ဟု စဉ်းစားကောင်း စဉ်းစားဖွယ်ရှိသည်။ ယင်းမှာ ၎င်းတို့လိုချင်သမျှ ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသော ဤအရာများ၊ လွန်ကဲသော ဤဆန္ဒများ― ထိုအရာအားလုံးက လူသား၏ မာနထောင်လွှားမှုကို ကိုယ်စားပြုသည်။ ငါ့ကို မည်သည့်အရာက ဤသို့ပြောစေသနည်း။ ယင်းက လူတို့၏ အဆင့်အတန်းပေါ် မူတည်သည်။ လူသည် မြေမှုန့်မှလာသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်သည် လူကို ရွှံ့စေးဖြင့် ပုံဖော်ခဲ့ပြီး သူ့အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့သည်။ လူ၏ နိမ့်ကျသော အဆင့်အတန်းက ထိုသို့ဖြစ်စေကာမူ လူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဟိုဟာသည်ဟာ လိုချင်လျက် ရောက်လာသည်။ လူ၏အဆင့်အတန်းက အလွန်ယုတ်ညံ့သည်၊ သူ၏ပါးစပ်ကိုဟပြီး ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုသင့်ပေ။ သို့ဆိုလျှင် လူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ ၎င်းတို့သည် အခြားသူတို့၏ ညည်းညူချက်များကို စိမ့်ဝင်မခံဘဲ အကြိတ်အနယ် လုပ်ဆောင်သင့်သည်၊ လက်ကြောတင်းအောင် လုပ်ပြီး ဝမ်းမြောက်ဝမ်းသာ နာခံသင့်သည်။ ယင်းသည် နှိမ့်ချခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံခြင်းနှင့်ဆိုင်သော ပြဿနာမဟုတ်ပေ။ ဤသည်မှာ လူတို့နှင့်အတူ မွေးဖွားလာသော အဆင့်အတန်းဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက အညတရဖြစ်သည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် နာခံပြီး နှိမ့်ချမှုရှိသင့်သည်၊ ထို့ကြောင့် ဘုရားသခင်ထံမှ အရာများကို မတောင်းဆိုသင့်သကဲ့သို့ ဘုရားသခင်အပေါ် လွန်ကဲသော ဆန္ဒများလည်း မရှိသင့်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ဘုရားသခင်ရဲ့ တရားစီရင်ခြင်းက ကျွန်မကို လုံးဝ ဖွင့်ချပြခဲ့တာပဲ။ မှန်တယ်။ ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ဖြစ်တယ်။ အားလုံးကို အုပ်စိုးသူဖြစ်တယ်။ ဘုရားသခင်က အရမ်းဂုဏ်သရေရှိပြီး ကြီးမြတ်ပါတယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်လက်နဲ့ မြေမှုန့်ကနေလုပ်ထားတဲ့ ဖန်ဆင်းခံတစ်ယောက်သက်သက်ပဲ။ အနှစ်သာရအနေနဲ့ ကျွန်မက နိမ့်ကျပြီး တန်ဖိုးမရှိပါဘူး။ ပြီးတော့ ကျွန်မက စာတန်ရဲ့ ဖျက်ဆီးခြင်းကို တော်တော်ကိုခံထားရပြီး လူ့သဘာဝနည်းနည်းမှမရှိဘဲ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေပါတယ်။ ကျွန်မက ဘုရားသခင်ကို အရာဝတ္ထုတွေတောင်းဆိုဖို့ မထိုက်တန်ပါဘူး။ ဒီနေ့အသက်ရှင်နေရတာ၊ ဘုရားသခင်ပေးတဲ့ ဒီအသက်ကိုရှူနေရတာဟာ ဘုရားရဲ့ ကျေးဇူးတော်ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားတယ်။ ကျိုးကြောင်းသင့်မှုမရှိဘူး။ အရာရာက အခက်အခဲမရှိဘဲ အဆင်ပြေသွားဖို့အတွက် ကျွန်မ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့၊ ကံမကောင်းတာတွေ မရှိဖို့၊ ကျွန်မအမျိုးသားက အလုပ်ကောင်းတစ်ခုရှာတွေ့ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ဘုရားသခင်က ကျွန်မကို အချိန်တိုင်း ကောင်းချီးပေးသင့်တယ်၊ ကာကွယ်သင့်တယ်လို့တွေးပြီး ဘုရားသခင်ကို အဆက်မပြတ်တောင်းဆိုမှုတွေပြုနေခဲ့တယ်။ အဲဒီလိုမဖြစ်ရင် ကျွန်မက ဘုရားသခင်ကို ညည်းညူပြီး အပြစ်ပဲတင်နေခဲ့တာ။ ကျွန်မက တကယ်ကို ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း မရှိခဲ့ဘူး။ အသိစိတ်၊ ဒါမှမဟုတ် ရှက်စိတ်လုံးဝမရှိခဲ့ဘူး။ အဲဒီအချိန်ခဏမှာ ကျွန်မကိုယ့်ကိုယ်ကိုယ် တော်တော်ရွံ့မုန်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မစဉ်းစားမိတယ်။ “ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)”) နောက်တစ်ပိုဒ်ကိုလည်း ကျွန်မဖတ်တယ်။ “သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ကို တို့ထိတယ်။ ဘုရားသခင်က ကျွန်မရှေ့တည့်တည့်မှာရှိနေပြီးတော့ “ဒီမကျန်းမာမှုက ကျန်တဲ့ရက်တွေမှာ မင်းနဲ့ဆက်ရှိနေပြီး ငွေရေးကြေးရေးပြဿနာတွေကို မင်း ထပ်ပြီးရင်ဆိုင်ရမယ်ဆိုရင် ကိုယ့်တာဝန်ကို ဆက်ကပ်အပ်နှံပြီး ထမ်းဆောင်ဦးမှာလား” လို့ မေးနေသလိုပဲ။ အဲဒီအချိန်ခဏမှာ ဘုရားသခင်က ကျွန်မအဖြေကိုစောင့်နေသလို ခံစားခဲ့ရတယ်။ တံငါသည်တစ်ယောက်ဖြစ်တဲ့ ပေတရုကို ကျွန်မစဉ်းစားမိတယ်။ တစ်ခါတလေမှာ တစ်ကောင်မှမဖမ်းမိဘဲ တစ်နေကုန်လုပ်ရတယ်။ ဒါပေမဲ့ သူ့မှာမရှိတဲ့အရာအတွက် ဘုရားသခင်ကို လုံးဝ မညည်းညူဘူး။ သူက ပစ္စည်းဥစ္စာကြွယ်ဝမှုနောက်ကို လိုက်နေတာမဟုတ်လို့ပဲ။ ဒါပေမဲ့ သူက ဘုရားသခင်ကို သိကျွမ်းပြီး ချစ်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ နောက်ဆုံးကျတော့ ဘုရားသခင်ရဲ့ စုံလင်စေခြင်းကို သူခံရတယ်။ ဒါပေမဲ့ ကျွန်မက မကျန်းမာမှု၊ ဆင်းရဲဒုက္ခမရှိဘဲ ဇာတိကပတိဆိုင်ရာ သက်သာအဆင်ပြေမှုတွေကို လိုချင်ခဲ့တယ်။ ကျွန်မက ရုပ်ပိုင်းဆိုင်ရာမှာ ကျေနပ်ခဲ့ရင်တောင် သမ္မာတရားကို ရရှိမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ လက်ခံမှုကို ရခဲ့မှာမဟုတ်ဘူး။ ဒါဆိုရင် ဒါ အဓိပ္ပာယ်မရှိဖြစ်မသွားဘူးလား။ မယုံကြည်သူတွေကိုပဲ ကြည့်လေ။ ပိုက်ဆံနဲ့ ရုပ်ပိုင်းဆိုင်ရာသာယာမှုတွေနောက်လိုက်ကြတယ်။ သူတို့လိုချင်တဲ့အရာမှန်သမျှရှိတယ်ဆိုရင်တောင် သူတို့မှာ ယုံကြည်ခြင်း ဒါမှမဟုတ် သမ္မာတရားမရှိဘူး။ သူတို့ဘဝတွေက အနှစ်မဲ့ပြီး ဝေဒနာတွေပြည့်နေတယ်။ ကပ်ဘေးကြီးကျရောက်လာတဲ့အခါမှာ သူတို့တွေက ငိုကြွေးပြီး အံသွားခဲကြိတ်ရင်းနဲ့ ကပ်ဘေးကို ခံကြရလိမ့်မယ်။ ကျွန်မက ဘဝမှာ တချို့ရုပ်ဝတ္ထုပစ္စည်းတွေမရှိပေမဲ့ ကျွန်မနဲ့အတူ ဘုရားသခင်ရှိတယ်။ ကျွန်မကို လမ်းပြပြီး ပံ့ပိုးပေးနေတဲ့ သူ့နှုတ်ကပတ်တော်တွေရှိတယ်။ ကျွန်မက သမ္မာတရားကို နားလည်ပြီး လူသားပုံသဏ္ဍန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရင်၊ အဆုံးမှာ ဘုရားသခင်ရဲ့ လက်ခံမှုကို ရရှိရင် ဘယ်လောက်များတဲ့ ပိုက်ဆံတွေထက် ကျွန်မကို ပျော်ရွှင်မှုကို ပိုပြီးယူဆောင်ပေးနိုင်လိမ့်မယ်။ အဲဒါနဲ့ ကျွန်မ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင် ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ဒီကနေလွတ်တဲ့လမ်းက ကျွန်မဘဝမှာ ရောက်လာသည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ကိုယ်တော်ရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို နာခံပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ ကျွန်မကိုယ်တော်နဲ့ အလဲအလှယ်မလုပ်တော့ပါဘူး ဘုရားသခင် ကျေးဇူးပြုပြီး ကိုယ်တော့်အတွက် ကျွန်မ သက်သေရပ်တည်နိုင်ဖို့အတွက် ကျွန်မကို ခွန်အားပေးတော်မူပါ” ဆိုပြီးတော့ပေါ့။ ကျွန်မဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက ဉာဏ်အလင်းနဲ့ ဝမ်းမြောက်မှုနဲ့ပြည့်နေပြီး ဘုရားသခင်က ကျွန်မနဲ့ အရမ်းနီးကပ်နေတာကို ကျွန်မခံစားရတယ်။

နောက်တော့ ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ၊ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ၊ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့- ဘုရားသခင်၏ အလိုတော်ကို သင် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့် သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ၊ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင် ပြုလုပ်သင့်သည့် တာဝန်အား ပြုလုပ်နေခြင်းကို မရပ်တန့်ဘဲ ယင်းကို သစ္စာရှိစွာ သင် ဖက်တွယ်ထားနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။...ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က၊ ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ- ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ- ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ကို- နာခံခြင်း- ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ပြီး ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်။’ ဟု ဆိုနိုင်သည်။ ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို မကြာခဏတွေးဆခြင်းဖြင့် လမ်းကြောင်းကို ရရှိသည်”) ဒါကို ဆင်ခြင်စဉ်းစားကြည့်ခြင်းက ကျွန်မရဲ့ မကျန်းမာမှုနဲ့ အိမ်မှာရှိတဲ့ ကံမကောင်းတဲ့ဖြစ်ရပ်တွေဟာ ကျွန်မနာခံသင့်တဲ့အရာတွေပဲဆိုတာကို ကျွန်မမြင်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်မကျန်းမာရေးက ကောင်းလာခဲ့သည်ဖြစ်စေ၊ ဘယ်လောက်ဆိုးလာနိုင်သည်ဖြစ်စေ ကျွန်မတာဝန်ကို ဆက်ထမ်းဆောင်ပြီး ဘုရားသခင်အတွက် ကျွန်မသက်သေခံရမယ်။

အဲဒီနောက်ပိုင်းမှာ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ရုန်းကန်နေရတုန်းပဲ။ အိမ်မှာလည်း ဘာမှမပြောင်းလဲသွားဘူး။ ဒါပေမဲ့ ကျွန်မ မကျေမနပ်ဖြစ်တာတွေ ဘာမှမခံစားရဘူး။ တစ်ခါတလေမှာ အခြေအနေဆိုးလာတဲ့အခါ၊ ရင်ကျပ်လာတဲ့အခါ၊ အသက်ရှူဖို့ခက်ခဲလာပြီး ခေါင်းကိုက်တာ တော်တော်ဆိုးလာတဲ့အခါမှာ ဘုရားသခင်ကို ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မကျန်းမာရေးက ဘာပဲဖြစ်ဖြစ် ကျွန်မနာခံဖို့ ဆန္ဒရှိပါတယ်။ ဒါဟာ ကျွန်မရဲ့ နောက်ဆုံးထွက်သက်ဆိုရင်တောင် ကိုယ်တော်ကျေနပ်စေဖို့ ကျွန်မတာဝန်ကို ထမ်းဆောင်ပြီး သက်သေရပ်တည်ပါမယ်” ပေါ့။ ဆုတောင်းပြီးတဲ့အခါ ကျွန်မစိတ်နှလုံးမှာ ခွန်အားရသလို ခံစားရပြီး နာတာက သက်သာသွားတယ်။ အံ့သြစရာပဲ။ ကျွန်မသင်ခန်းစာကို သင်ယူပြီးတဲ့အခါ အချိန်နည်းနည်းကြာပြီးနောက်မှာ ကျွန်မကျန်းမာရေးက တဖြည်းဖြည်း စပြီး တိုးတက်လာပြီးတော့ ဒီလိုဖြစ်တာတွေက လျော့လျော့လာတယ်။ ကျွန်မအမျိုးသားလည်း နောက်ဆုံးကျတော့ အလုပ်ရသွားတယ်။ ဘုရားသခင်လုပ်ဆောင်တဲ့အရာက ကျွန်မတို့ အယူအဆတွေနဲ့ ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ ဒါတွေအားလုံးက ကျွန်မတို့ကို သန့်စင်ရှင်းလင်းပေးဖို့ပဲဆိုတာကို ဒီအတွေ့အကြုံက သင်ပေးခဲ့ပါတယ်။ နေမကောင်းဖြစ်တာက ကျွန်မရုပ်ပိုင်းမှာဒုက္ခခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါပေမဲ့ ဒါက ကျွန်မဘဝအတွက် တော်တော်အကျိုးရှိပါတယ်။ ကျွန်မရဲ့ အားထုတ်မှုမှာ ဒီမှားယွင်းတဲ့အမြင်ကို ကျွန်မ ပြုပြင်နိုင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ အယောင်ဆောင်မှုကို ခွာချလိုက်ရသည်မှာ အလွန် နေ၍ကောင်းပေသည်

ချန်ယွမ် တရုတ်နိုင်ငံ ၂၀၁၈ စက်တင်ဘာလမှာ ကျွန်မ အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က ကျွန်မ တော်တော်ပျော်သည်။...

ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်တော် ကြုံတွေ့ခဲ့ရသည်

ချန်ဟို၊ ဟူနန်စီရင်စု ကျွန်တော့် အမျိုးသမီးနှင့် ကျွန်တော်တို့သည် အသင်းတော်တွင် ထမ်းဆောင်ရသည့် တာဝန်မှာ ဧဝံဂေလိတရားဟောကြားရန် ဖြစ်ပါသည်။...

မနာလိုစိတ်အတွက် ကုထုံးတစ်ခု

ရွှင်းချုံ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။