ခေါင်းဆောင်ပိုင်းက ဖမ်းဆီးခံရပြီးနောက် ယုဒအဖြစ်သို့ ပြောင်းလဲခြင်း

19.10.2024

၂၀၁၈၊ ဇူလိုင်လ လေးရက်နေ့မှာ ကျွန်မနဲ့တွဲလုပ်တဲ့ ခေါင်းဆောင်က နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံလိုက်ရတယ်။ ဒီသတင်းကို ကျွန်မ ကြားတော့ တော်တော် စိတ်သောကရောက်မိတယ်။ လူတွေကို ရဲတွေ နှိပ်စက်တဲ့နည်းလမ်းတွေက အရမ်းရက်စက်တယ်။ သူ ခံနိုင်ပါ့မလား။ ငါက သူနဲ့ ခဏခဏ ဆက်ဆံခဲ့တယ်ဆိုတော့ ငါ့ကိုလည်း စောင့်ကြည့်နေကြမှာ မဟုတ်ဘူးလားပေါ့။ ဒီလိုတွေးပြီး ကျွန်မ နည်းနည်းကြောက်သွားတယ်။ သုံးလေးရက်ကြာတော့ ကျွန်မဇာတိမြို့ကနေ စာတစ်စောင်ရတယ်။ ရဲတွေက ကျွန်မကို ဖမ်းဖို့ကျွန်မအိမ်ကိုလာခဲ့ပြီး ရွာသားတွေကိုလည်း ကျွန်မကို ရှာကြဖို့ ပြောတယ်ဆိုပြီး စာမှာရေးထားတယ်။ ကျွန်မရွာက အစ်မလီချီ အဖမ်းခံခဲ့ရပြီး ရဲတွေက သူ့သမီးနှစ်ယောက်ကို လိုက်ဖမ်းနေတုန်းပဲ။ ဒီသတင်းက ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ ရဲတွေက နေရာတကာမှာ ညီအစ်ကိုမောင်နှမတွေကို ဖမ်းနေပြီး ကျွန်မက အိမ်မရှိတဲ့သူတစ်ယောက် ဖြစ်လာပြီ။ ရဲတွေက ဘုရားယုံကြည်သူတွေကို ဖမ်းဖို့ စုစည်းနေကြတဲ့ အတိုင်းအတာကို ကြည့်ပြီး ကျွန်မ တော်တော် မခံမရပ်နိုင်ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မက ရဲတွေစောင့်ကြည့်တာခံနေရပြီဆိုရင် ကျွန်မအတွက် ဒီနေရာက မလုံခြုံတော့မှာကို စိတ်ပူမိတယ်။ ရဲတွေက ကျွန်မကို ဖမ်းရင် ကျွန်မက နှိပ်စက်ခံရမှာ မဟုတ်ဘူးလား။ အဲဒါကို ကျွန်မ ခံနိုင်ပါ့မလား။ ကျွန်မ တွေးလေလေ၊ ကြောက်လေလေပဲ။ ကြောက်နေရင်းနဲ့ပဲ နောက်ထပ် သုံးလေးရက် အချိန်ကုန်သွားတယ်။

သိပ်မကြာခင်မှာပဲ တီကျယ်က နှိပ်စက်တာမခံနိုင်ဖြစ်ပြီး ညီအစ်ကိုမောင်နှမ တော်တော်များများအကြောင်းကို ဖော်လိုက်တဲ့အပြင်၊ ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ထိန်းသိမ်းတဲ့ မိသားစုနှစ်ခုအကြောင်းကိုလည်း ဖော်လိုက်တယ်လို့ ကျွန်မ ကြားရတယ်။ အဲဒီတုန်းက စာအုပ်တွေကို ကြိုရွှေ့ပြီးသွားပြီ။ ဒါပေမဲ့ ထိန်းသိမ်းတဲ့မိသားစုဆီက ညီအစ်မက အဖမ်းခံရတယ်။ တခြားညီအစ်မအိမ်က စုငွေ ယွမ် ၃၀၀ ၀၀၀ ကိုလည်း ရဲတွေက ယူသွားတယ်။ တီကျယ်က ညီအစ်ကိုမောင်နှမတွေကို ဖမ်းတဲ့နေရာမှာတောင် ရဲတွေကို လမ်းပြပေးခဲ့တယ်။ ခေါင်းဆောင်နဲ့ သင်းထောက် ဆယ်ယောက်ကျော် ဆက်တိုက်ဖမ်းခံရတယ်။ တချို့ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်တွေက အငိုက်ဝင်ဖမ်းတာခံရတယ်။ ညီအစ်ကိုမောင်နှမ တော်တော်များများက အိမ်ကနေ ထွက်ပြီး ပုန်းကွယ်နေကြတယ်။ သိပ်မကြာခင်မှာပဲ ရှယုဆိုတဲ့ တခြားခေါင်းဆောင်တစ်ယောက် အဖမ်းခံရတယ်။ သူက ရဲတွေ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ နှိပ်စက်တာတွေကို မခံနိုင်သလို၊ ထောင်ချခံရမှာကို ကြောက်တော့ နောက်ဆုံးမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော်ငွေအကြောင်းကို ဖော်ပြောလိုက်တယ်။ ဒီသတင်းကို ကျွန်မ ကြားတော့ အရမ်းအံ့အားသင့်သွားပြီး ဒါ အမှန်လို့ မယုံရဲခဲ့ဘူး။ ဒီခေါင်းဆောင်တွေက ဒီကိစ္စမတိုင်ခင်မှာ သမ္မာတရားကို တကယ်လိုက်စားနေခဲ့ကြတာ။ ဘယ်လိုလုပ်ပြီး ဖော်ကောင်တွေ ဖြစ်သွားကြတာလဲ ပေါ့။ တီကျယ်နဲ့ ရှယုက ဘုရားကို နှစ်တွေအကြာကြီး ယုံကြည်ခဲ့တာ။ သူတို့မိသားစုတွေကို စွန့်လွှတ်ကြတယ်။ အသက်မွေးအလုပ်တွေကို စွန့်ပစ်ကြတယ်။ အချိန်ရှိသမျှ သူတို့တာဝန်တွေကိုပဲ လုပ်ကြတယ်။ သူတို့မိသားစုတွေက သူတို့ကို ဘယ်လိုဖိနှိပ်ပြီး တားဆီးပါစေ သူတို့က ဘုရားကို ဆက်ပြီး ယုံကြည်ကြတယ်။ ပြီးတော့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်ကြတယ်။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ယုဒအဖြစ် ပြောင်းလဲသွားရတာလဲ။ ကျွန်မ တကယ်ကို နားမလည်ဘူး။ သူတို့က ခေါင်းဆောင်တွေဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ သူတို့ မိတ်သဟာယဖွဲ့တာက ခါတိုင်း အတော်လေး ကောင်းခဲ့တာလေ။ သူတို့တွေက ညီအစ်ကိုမောင်နှမတွေထက်ပိုပြီး သမ္မာတရားတွေကို နားလည်ပြီးတော့ ဝိညာဉ်ရင့်ကျက်မှု ပိုရှိသင့်တယ်။ ဒါပေမဲ့ သာမန်ညီအစ်ကိုမောင်နှမတွေတောင် သူတို့သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်။ သူတို့က ခေါင်းဆောင်တွေဖြစ်ပြီး ဘယ်လိုဖြစ်လို့ သာမန်ညီအစ်ကိုမောင်နှမတွေထက် ဝိညာဉ်ရင့်ကျက်မှု ပိုနည်းရတာလဲ။ ဘုရားကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်နိုင်ရတာလဲ။ ကျွန်မ ကိုယ့်အကြောင်းကိုယ် တွေးကြည့်တယ်။ စွန့်လွှတ်တာ၊ အသုံးတော်ခံတာနဲ့ ပတ်သက်လာရင် ကျွန်မက သူတို့ထက် မပိုပါဘူး။ သူတို့က သူတို့အလုပ်၊ သူတို့မိဘတွေနဲ့ သားသမီးတွေကို လက်လွှတ်ပြီး သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ကျွန်မက ချစ်ခင်မှုတွေရဲ့ ဘောင်ခတ်တာကို ခံနေရတုန်းပဲ။ သူတို့တွေက ခိုင်ခိုင်မာမာတောင် မရပ်တည်နိုင်ခဲ့ဘူး။ ကျွန်မက အဖမ်းခံရပြီး ရဲတွေက ကျွန်မကို ထောင်ချတော့မယ်ဆိုရင် ကျွန်မသက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပါ့မလား။ ကျွန်မရဲ့ အသွေးအသားက နာတာကို မခံနိုင်လို့၊ ထောင်ချခံရမှာကို ကြောက်လို့ သူတို့လိုပဲ ဘုရားကို ကျွန်မ သစ္စာဖောက်ခဲ့ရင် ကျွန်မက မကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင်ရှိမှာမဟုတ်ဘူးလား။ ဘုရားကို ကျွန်မ ယုံကြည်ခဲ့တဲ့ နှစ်ကာလတွေ အလကားဖြစ်သွားမှာ မဟုတ်ဘူးလား။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စိတ်မပူဘဲ မနေနိုင်ဘူး။ အသင်းတော်က ဘာလို့ ဒီလောက်ကြီးတဲ့ ဖိနှိပ်မှုကို ခံရတယ်၊ ဘာလို့ ညီအစ်ကိုမောင်နှမတွေ အများကြီးအဖမ်းခံရတယ်ဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မစိတ်ထဲက မြင့်မြတ်တဲ့ စစ်သည်တော်တွေအကုန်လုံး ပြိုလဲသွားကြပြီ။ အဲဒီကာလအတောအတွင်းမှာ ကျွန်မ တော်တော်စိတ်ဓာတ်ကျခဲ့တယ်။ နေ့တိုင်းပဲ ကျွန်မမျက်နှာက စိုးရိမ်စိတ်နဲ့ ဖိစီးနေပြီး စိတ်ပျက်တဲ့သက်ပြင်းတွေချတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့အချိန်မှာ နှလုံးမသွင်းဘူး။ စုဝေးတဲ့အခါမှာ၊ တာဝန်ထမ်းဆောင်တဲ့အခါမှာ အားမရှိနေဘူး။

ကျွန်မ တော်တော်စိတ်ဓာတ်ကျနေတာကို ညီအစ်မတစ်ယောက်က မြင်ပြီး သတိပေးတယ်။ “နင် ဒီလိုဆက်ပြီး အပျက်သဘောဆောင်နေလို့ မရဘူး။ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်တဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ နင် သင်ယူရမယ်။ ဘုရားနှုတ်ကပတ်တော်ကို ပိုဖတ်ရမယ်။ ပိုပြီး သင်ခန်းစာယူရမယ်” တဲ့။ ဒီညီအစ်မရဲ့ သတိပေးချက်ကြောင့် ကျွန်မ ဘယ်လောက်အားနည်းနေတယ်ဆိုတာကို သတိထားမိသွားတယ်။ ညီအစ်ကိုမောင်နှမတွေက ရဲတွေ ဖိနှိပ်တာကို တွေ့ကြုံခဲ့ရပြီး အများကြီး ဒုက္ခခံခဲ့တယ်။ သူတို့က ဘုရားကို အမှီပြုပြီး သင်ခန်းစာတွေယူရမယ်ဆိုတာကို သိနေတုန်းပဲ။ ကျွန်မက ဘာလို့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ရှာဖို့ မသိခဲ့တာလဲပေါ့။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “ထို့ကြောင့် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို မည်သို့လျှောက်လှမ်း နိုင်သနည်း။ ဆင်းရဲဒုက္ခကို ကြုံတွေ့ရသည့် သင်၏ နေ့ရက်များတွင်၊ သင်သည် အခက်အခဲ အားလုံးကို သည်းခံရမည်ဖြစ်ပြီး၊ ဆင်းရဲဒုက္ခခံရန် ဆန္ဒရှိရမည်။ ဤနည်းအားဖြင့်သာ သင်သည် လမ်းကြောင်း၏ ဤခရီးတစ်ထောက်ကို ကောင်းစွာ လျှောက်လှမ်း နိုင်ပေသည်။ လမ်းကြောင်း၏ ဤခရီးတစ်ထောက်ကို လျှောက်လှမ်းရန်မှာ အလွန်လွယ်ကူသည်ဟု သင်ထင်သလော။ သင်သည် မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို သိသင့်သည်။ သင်တို့သည် သင်တို့၏ အရည်အချင်းကို မြှင့်တင်ပြီး၊ သင့်တို့ ကိုယ်သင်တို့ လုံလောက်သော သမ္မာတရားဖြင့် ပြင်ဆင် ထားရမည်။ ဤသည်မှာ တစ်ရက်နှစ်ရက် အလုပ် မဟုတ်သကဲ့သို့၊ သင်ထင်သကဲ့သို့ မရိုးရှင်းပေ။ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို လျှောက်လှမ်းခြင်းသည် သင်၌ အမှန်တကယ်ရှိသည့် ယုံကြည်ခြင်းနှင့် ဆန္ဒမျိုး အပေါ် မူတည်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နေခြင်းကို သင် မမြင်နိုင် ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် အသင်းတော်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင် ရှာမတွေ့နိုင် ဖြစ်ကောင်း ဖြစ်မည်၊ ထို့ကြောင့် သင်သည် အဆိုးမြင်ကာ စိတ်ပျက်လက်ပျက်ဖြစ်ရပြီး၊ ရှေ့က လမ်းအတွက် မျှော်လင့်ချက် ပျက်သုဉ်းနေခြင်း ဖြစ်သည်။ အထူးသဖြင့်၊ အတိတ်က ကြီးမြတ်သော စစ်သည်များအားလုံး ပြိုလဲခဲ့ကြလေပြီ။- ဤအရာအားလုံးသည် သင့်အဖို့ ထိုးနှက်ချက်တစ်ခု မဟုတ်လော။ ဤအရာများကို သင်အဘယ်သို့ မြင်သင့်သနည်း။ သင်၌ ယုံကြည်ခြင်း ရှိသလော၊ မရှိသလော။ ယနေ့အလုပ်ကို သင်အပြည့်အဝ နားလည်သလော၊ နားမလည်သလော။ ဤအရာများသည် လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်ကောင်းစွာ လျှောက်နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့ ဒီနေ့ ကျွန်မတို့ ခံစားရတဲ့ ဖိနှိပ်မှုနဲ့ အခက်အခဲက ကျွန်မတို့ တစ်ယောက်ချင်းစီအတွက် ဘုရားစီစဉ်တဲ့ သင်ခန်းစာတစ်ခုပဲ။ ဒီလမ်းကြောင်းရဲ့ နောက်ဆုံးတစ်ကန့်က လိုက်လျှောက်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကျွန်မတို့က ကြီးမားတဲ့ ယုံကြည်ခြင်းရှိပြီး ပိုများတဲ့ သမ္မာတရားတွေနဲ့ ပြင်ဆင်ထားရမယ်။ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံရတာ၊ ကျွန်မအနားက မြင့်မြတ်တဲ့ စစ်သည်တော်တွေ ပြိုလဲသွားကြတာ၊ ညီအစ်ကိုမောင်နှမတွေ တော်တော်များများက နေရာအနှံ့ကို ထွက်ပြေးကုန်ကြတာတွေကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒါနဲ့ ကျွန်မက အဆိုးမြင်လာပြီး စိတ်ပျက်လာတယ်။ ယုံကြည်ခြင်းပျောက်သွားတယ်။ ကျွန်မက စာတန်ရဲ့ ဉာဏ်များတဲ့ အကြံအစည်ရဲ့ အလယ်တည့်တည့်မှာ ရှိနေတာ မဟုတ်ဘူးလား။ ဘုရားက ဘာကိုပဲလုပ်လုပ် အားလုံးမှာ သူ့ရဲ့ ထောက်ထားမှုပါတယ်။ ဒါပေမဲ့ ကျွန်မက အပျက်သဘောဆောင်တာကြောင့် ဖြစ်ပျက်တာတွေနဲ့ပတ်သက်ပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာခဲ့ဘဲ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ အသက်ရှင်ခဲ့တယ်။ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ မညီခဲ့ပါဘူး။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ အသင်းတော်က ဘာကြောင့် ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်ဆိုတာ၊ ကွန်မြူနစ်ပါတီက ထိတ်ထိတ်ပျာပျာနဲ့ ဖမ်းဆီးပြီး ဖိနှိပ်တာကို သမီးတို့ခံရဖို့ ဘာကြောင့် ကိုယ်တော် ခွင့်ပြုခဲ့တယ်ဆိုတာ သမီး နားမလည်ပါဘူး။ ဘုရားသခင် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ သမီးကို လမ်းပြတော်မူပါ။ ဒီနားမလည်ဘဲ စိတ်ပျက်တဲ့ အခြေအနေကနေ လွတ်မြောက်အောင် လမ်းပြတော်မူပါ” ဆိုပြီးတော့။

ရှာဖွေနေရင်းနဲ့ ကျွန်မကို တော်တော်နိုးဆွပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား ကျိုးနွံနာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်-။ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှု၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်တင်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့- ။ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက တော်တော်ရှင်းတယ်။ အသင်းတော်က ဖိနှိပ်မှုကိုခံရတာ၊ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံရတာတွေကို ဘုရားသခင် ခွင့်ပြုထားတာပါ။ တစ်ဖက်မှာ သူက လူမျိုးစုံကို ဖော်ထုတ်ပြပြီး တခြားတစ်ဖက်မှာ သူ့ကို တကယ်ယုံကြည်တဲ့သူတွေကို စုံလင်စေတယ်။ သူဟာ လူတွေဆီကို သူ့စကားတွေကို ထည့်သွင်းဖို့၊ သမ္မာတရားကိုရပြီး လက်တွေ့အရှိတရားထဲကို ဝင်ရောက်အောင်လုပ်ဖို့အတွက် ဒီပတ်ဝန်းကျင်ကို အသုံးပြုတယ်။ ဘုရားအမှုတော်က လူတွေကို အပြစ်နဲ့ စာတန်ရဲ့ စွမ်းအားကနေ ကယ်တင်ပြီး နောက်ဆုံးမှာ သူ့ရဲ့ နိုင်ငံတော်ဆီကို ခေါ်ဆောင်ဖို့ပဲ။ စာတန်နဲ့ နတ်ဆိုးဘုရင်တွေက ဒါကို မကျေနပ်ဘူး။ ဘုရားရွေးချယ်ထားတဲ့သူတွေကို ထိတ်ထိတ်ပျာပျာနဲ့ ဖမ်းပြီး ဖိနှိပ်တယ်။ ဘုရားသခင်ကို ရှိသမျှနည်းလမ်းနဲ့ ပြိုင်ဆိုင်ပြီး ဘုရားအမှုတော်ကို တားဆီးနည်းမျိုးစုံ သုံးတယ်။ သူတို့က ဘုရားနောက်လိုက်တဲ့သူတစ်ဦးချင်းစီကို စွပ်စွဲပြီး တိုက်ခိုက်တယ်။ လူတွေကို ဘုရားကို ငြင်းအောင်၊ သစ္စာဖောက်အောင်၊ သူတို့နဲ့အတူ ငရဲမှာ အပြစ်ပေးခံရအောင် ကြိုးစားတယ်။ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်း၊ တိုက်ခိုက်ခြင်းတွေအလယ်မှာ ဘုရားသခင်ရွေးချယ်ထားသူတွေထဲက ဘုရားကို အားကိုးနိုင်တဲ့သူ၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့သူ၊ စာတန်ကို အရှက်ရစေနိုင်တဲ့သူတွေက ကယ်တင်ခြင်းခံရနိုင်သူတွေပဲ။ ဒီအချိန်မှာ ဘုရားကို သစ္စာဖောက်ပြီး စာတန်ကို အလျှော့ပေးတဲ့၊ အရှုံးပေးတဲ့သူတွေက ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရပြီး ဖော်ထုတ်တာ၊ ဖယ်ရှားရှင်းလင်းတာ ခံရတယ်။ ဒီသမ္မာတရားရှုထောင့်ကို နားလည်သွားတော့၊ ကျွန်မ စိတ်နှလုံးက ရုတ်တရက် ကြည်လင်ပြီး ရှင်းလင်းသွားတယ်။ စာတန်ရဲ့ နိုင်ငံရေး တန်ခိုးအာဏာက ဖမ်းဆီးတာ၊ ဖိနှိပ်တာကို ခံရတာဟာ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ ဖြစ်စဉ်ပဲ။ ကျွန်မက သတ္တိနည်းနေတာ၊ ကြောက်နေတာ၊ ဒီလိုပတ်ဝန်းကျင်ကနေ လွတ်မြောက်ဖို့ တွေးနေတာတွေက အသုံးမဝင်ဘူး။ ကျွန်မလုပ်သင့်တာက သမ္မာတရားတွေနဲ့ ပိုပြင်ဆင်ပြီး ဘုရားအတွက် ကျွန်မသက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ပဲ။

အဲဒီနောက်တော့ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ “အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် ‘တလင်းပြင်’ ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်သူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးယုတ်သူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏ရည်ရွယ်ချက်များကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးယုတ်သူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးယုတ်သူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ ဒီလိုနားလည်သွားတယ်။ အဆင်းနီသောနဂါးကြီးက ဘုရားအမှုတော်မှာ အစေခံပစ္စည်းတစ်ခုပဲ။ ဘုရားက သူရွေးချယ်ထားတဲ့လူတွေကို စုံလင်အောင်လုပ်ဖို့ အသုံးခံအနေနဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးတာ၊ ဖိနှိပ်တာတွေကို သုံးတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီဆိုးယုတ်တဲ့လူတွေ၊ မယုံကြည်သူတွေကို ဖော်ထုတ်ပြီး လူတွေကို သူတို့အမျိုးအစားအလိုက် ခွဲတယ်။ ဘုရားရဲ့အမှုတော်က အရမ်းကြီးမြတ်ပြီး အမြော်အမြင်ရှိတယ်။ သူက လူတွေကို စုံလင်အောင်လုပ်ဖို့၊ ဖော်ထုတ်ဖို့၊ ဖယ်ရှားရှင်းလင်းဖို့အတွက် အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖိနှိပ်၊ ဖမ်းဆီးတာတွေကို သုံးတယ်။ ဂျုံပင်၊ တောပင်၊ စစ်မှန်တဲ့ ယုံကြည်သူတွေ၊ မစစ်မှန်တဲ့ ယုံကြည်သူတွေ အားလုံးကို ဒီလိုမကောင်းတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်ချင်း ဖော်ထုတ်တယ်။ ဘုရားကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်တဲ့သူတွေအတွက် သူတို့က ဒုက္ခခံရရင်တောင်၊ သေရင်တောင် အဆုံးထိ ဘုရားနောက်လိုက်ပြီး ဘုရားအတွက် သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ဦးမှာပဲ။ ဘုရားကို အမှန်တကယ် မယုံကြည်တဲ့၊ လူ့သဘာဝမရှိတဲ့သူတွေက အခြေအနေမျိုးစုံမှာ စာတန်ကို အလျှော့ပေးပြီး အရှုံးပေးလိမ့်မယ်။ ဒီလိုလူတွေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်မှာ ဘုရားဖော်ထုတ်တဲ့ အတိအကျ တောပင်တွေပဲ။ သူတို့က ဖယ်ရှားရှင်းလင်းခံရသူတွေပဲ။ အဖမ်းခံရတဲ့သူတွေထဲက ငယ်ရွယ်တဲ့ ညီအစ်ကိုတစ်ယောက်ကို ကျွန်မ စဉ်းစားမိတယ်။ ရဲတွေက သူ့ကိုယ်ခန္ဓာကို ဆေးလိပ်မီးနဲ့တို့တယ်။ သူ့အပေါ်ကို ပူလောင်နေတဲ့ ရေနွေးပူတွေ တစ်ခွက်ပြီးတစ်ခွက် ပက်တယ်။ တွေးကြည့်လို့မရအောင် ဆိုးဝါးပါတယ်။ ဒါပေမဲ့ အဲဒီနှိပ်စက်မှုတစ်လျှောက်လုံးမှာ ဘုရားကို သစ္စာမဖောက်ခဲ့ဘူး။ ရဲတွေက အယူဝါဒရိုက်သွင်းတာကို သူရင်ဆိုင်ပြီး အဲဒါတွေကို ချေပဖို့အတွက် သမ္မာတရားကို အသုံးပြုခဲ့တယ်။ သူက ဘုရားကို ငြင်းဆန်တဲ့၊ သစ္စာဖောက်တဲ့စကားတစ်ခွန်းပြောမဲ့စား ထောင်ကိုပဲ သွားမှာ။ အဝတ်တွေ အချွတ်ခံရတဲ့ ညီအစ်မတစ်ယောက်လည်း ရှိတယ်။ ရဲတွေက သူ့ကို မှောင်နေတဲ့အခန်းထဲမှာ လျှပ်စစ်တုတ်တံနဲ့ တို့တယ်။ သူ့အတွက်က သေလိုက်တာကမှ နာတာသက်သာဦးမယ်။ သူက ဘုရားကို သစ္စာဖောက်မဲ့အစား သေပဲသေလိုက်မှာ။ အဖမ်းခံရပြီးတဲ့နောက်မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားကို သစ္စာမဖောက်ခင် အသေခံကြမှာပဲ။ သူတို့ဟာ ဘုရားအတွက် ထူးကဲတဲ့သက်သေကိုခံပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ အဖမ်းခံရပြီး နှိပ်စက်ခံရပေမဲ့၊ သူတို့အသွေးအသားက ဒုက္ခတချို့ခံရပေမဲ့ ဘုရားရဲ့ လုပ်ဆောင်မှုတွေကို မြင်ပြီးတဲ့နောက်မှာ သူတို့ယုံကြည်ခြင်းက စုံလင်စေခြင်းခံရတယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟာ စာတန်ရဲ့ ဉာဏ်များတဲ့ အကြံအစည်ကို အခြေခံပြီး ကျင့်သုံးတာကို သူတို့ မြင်ခဲ့ကြတယ်။ အဆင်းနီတဲ့ နဂါးကြီးက လူတွေကို ဘုရားကို သစ္စာဖောက်အောင်၊ ငြင်းဆန်အောင်လုပ်ဖို့ ဘုရားယုံကြည်သူတွေကို ဖိနှိပ်ဖို့အတွက် နည်းမျိုးစုံသုံးတယ်။ ဒါပေမဲ့ ဘုရားသခင်က လူတစ်စုကို အောင်မြင်သူတွေဖြစ်အောင် စုံလင်စေဖို့၊ နိုင်ငံတော်ရဲ့ စစ်သားကောင်းတွေဖြစ်စေဖို့ ဒီလိုပတ်ဝန်းကျင်တစ်ခုကို အသုံးပြုတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ဆာလောင်မှုကို ဖြည့်ဆည်းဖို့ အစာရှာတဲ့ အဲဒီမယုံကြည်သူတွေ၊ ဆိုးယုတ်တဲ့သူတွေကိုလည်း ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတယ်။ အဖမ်းမခံရခင်မှာ တီကျယ်နဲ့ ရှယုတို့က ဘုရားအပေါ် ကိုယ့်ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ကြတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး အသုံးခံနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ အပေါ်ယံမှာ သူတို့က ဘုရားကို တကယ် ယုံကြည်သူတွေဖြစ်တဲ့ပုံပဲ။ ဒါပေမဲ့ အဖမ်းခံရပြီး နှိပ်စက်တာကို ရင်ဆိုင်ရတာနဲ့ တစ်ပြိုင်နက် သူတို့ကိုယ်တိုင်ရဲ့ အသက်တွေကို ကာကွယ်တယ်။ ဘုရားကို သစ္စာဖောက်တယ်။ ညီအစ်ကိုမောင်နှမတွေအကြောင်း ဖော်တယ်။ ကွန်မြူနစ်ပါတီရဲ့ လက်ပါးစေတွေတောင် ဖြစ်လာတယ်။ သူတို့က အတိအကျကို ဘုရားဖော်ထုတ်တဲ့ ဆိုးယုတ်တဲ့လူစားမျိုးပဲ။ အရင်က သူတို့တွေက မကောင်းတဲ့လူတွေဖြစ်ပြီး ဘုရားကို သစ္စာဖောက်လိမ့်မယ်လို့ တစ်ယောက်ယောက်က ပြောရင် ကျွန်မ လုံးဝ ယုံခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရားတွေ ဖော်ထုတ်ခံရတော့ သူတို့ရဲ့ သဘာဝအနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ သူတို့ပုံမှန်ပြောတာတွေအကုန်လုံးက စကားတွေ၊ အယူဝါဒတွေ၊ အားလုံးက အနှစ်မရှိတဲ့ သဘောတရားတွေပဲ။ ကျွန်မ ကိုယ့်အကြောင်းကိုယ် ထပ်တွေးကြည့်တယ်။ အရင်တုန်းက ဘုရားဆီမှာ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အခြေအနေတွေက ဘယ်လောက်ခက်ခဲပါစေ ကိုယ့်တာဝန်ကိုဖြည့်ဆည်းပြီး ဘုရားကို ကျေနပ်စေတဲ့နေရာမှာ ကျွန်မ အမြဲတမ်း မလျှော့တမ်းလုပ်မယ်ပေါ့။ ပြီးတော့ ကျွန်မက ဝိညာဉ်ရင့်ကျက်မှုကြီးမားတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အန္တရာယ်နဲ့ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ရတော့ ကြောက်လန့်တဲ့ အခြေအနေမှာ အသက်ရှင်ပြီး ယုံကြည်ခြင်း ပျောက်ဆုံးခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက သနားစရာကောင်းလောက်အောင် သေးငယ်တယ်ဆိုတာ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ တီကျယ်နဲ့ ရှယုက ဘယ်လိုကျရှုံးခဲ့တယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ သူတို့ရဲ့ ကျရှုံးမှုကနေ ကျွန်မ သင်ခန်းစာယူရမယ်။ သူတို့ ယုဒဖြစ်သွားပြီး ဘုရားကို သစ္စာဖောက်တာက အရမ်းအံ့ဩစရာကောင်းသလို လက်ခံဖို့ ခက်ခဲတယ်လို့ ကျွန်မ ဘာလို့ ထင်ခဲ့တာလဲ။ စေ့စေ့စပ်စပ်စဉ်းစားကြည့်တော့ ကျွန်မအထဲမှာ မှားနေတဲ့ အမြင်တစ်ခုရှိနေတယ်ဆိုတာ တွေ့လိုက်ရတယ်။ သူတို့တွေက ခေါင်းဆောင်ဖြစ်တာကြောင့်၊ တာဝန်ထမ်းဆောင်ဖို့အတွက် သူတို့မိသားစုတွေကို စွန့်ပစ်ပြီး အသက်မွေးအလုပ်တွေကို စွန့်လွှတ်ခဲ့တာကြောင့်၊ သူတို့မိတ်သဟာယတွေက တော်တော်ကောင်းလေ့ရှိတာကြောင့်၊ သမ္မာတရားကို သူတို့နားလည်ပြီး စစ်မှန်မှုရှိရမယ်၊ သူတို့ဝိညာဉ်ရင့်ကျက်မှုက ညီအစ်ကိုမောင်နှမတွေထက်ပိုကြီးရမယ်၊ သူတို့က ဘုရားကို အရမ်းအလွယ်တကူနဲ့ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ သူတို့ကို အကဲဖြတ်တဲ့ ကျွန်မရဲ့ စံသတ်မှတ်ချက်တွေက မမှန်ကန်ဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်သတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ခံနေရခြင်းနှင့် မညီမျှချေ။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ပြီးလျှင် ဤပျိုးထောင်ခြင်း၏ အဆုံးသတ်ရလဒ်က ဤလူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိနှင့် ၎င်းသည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် စံနှုန်းပြည့်သော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသော သူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤသည်မှာ မမှန်ကန်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ ဒီလို သဘောပေါက်သွားတယ်။ လူတစ်ယောက်က ခေါင်းဆောင်အဖြစ် အရွေးခံရရင် ဒါက လေ့ကျင့်ဖို့အတွက် အခွင့်အရေးတစ်ခု သက်သက်ပဲ။ သူက သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုရှိတယ်ဆိုတဲ့သဘော လုံးဝမဟုတ်ဘူး။ နောက်ပြီးတော့ အဆုံးမှာ သူက ခိုင်ခိုင်မာမာရပ်တည်နိုင်ခြင်းရှိမရှိဆိုတာကို သူ့ရဲ့ သဘာဝအနှစ်သာရနဲ့ သူလျှောက်တဲ့လမ်းကြောင်းက အဆုံးအဖြတ်ပေးတယ်။ သူတို့က ခေါင်းဆောင်တွေ ဖြစ်တာ၊ မဖြစ်တာနဲ့ ဘာမှ မဆိုင်ဘူး။ အဆင့်အတန်း ဘယ်လောက်မြင့်ပါစေ၊ ဘယ်လောက် စွန့်လွှတ်ပြီး အသုံးခံတဲ့ပုံပေါ်ပါစေ၊ ဘယ်လောက်စိတ်ထက်သန်ပြီး ဒုက္ခကို ခံနိုင်ပါစေ အမှုကိစ္စတွေ ကျရောက်တဲ့အခါ ကိုယ့်ရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားကိုပဲ အကာအကွယ်ပေးရင်၊ စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိရင်၊ ဘုရားကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်ရင် သူတို့မှာ သမ္မာတရား စစ်မှန်မှုမရှိပါဘူး။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သူများတွေနဲ့ ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာကို သိတာဟာ ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေကို သူတို့နားလည်တယ်၊ သူတို့ဝိညာဉ်ရင့်ကျက်မှုက ညီအစ်ကိုမောင်နှမတွေထက် ကြီးတယ်၊ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်ဆိုတာကို ပြတာပဲလို့ ကျွန်မ အရင်က ယုံကြည်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးတွေပဲ။ လူတစ်ယောက်က သမ္မာတရား စစ်မှန်မှုရှိမရှိဆိုတာ သူမိတ်သဟာယပြုတဲ့ အသိပညာက သူတကယ်တမ်း အသက်ရှင်နေထိုင်နေတဲ့အရာ ဟုတ်မဟုတ်ဆိုတဲ့အပေါ်မှာ အဓိကမူတည်တယ်ဆိုတာကို အခု ကျွန်မ နားလည်သွားတယ်။ သူတို့ပါးစပ်က ထွက်တဲ့စကားတွေက ဘယ်လောက်ကောင်းပါစေ အဲဒီအတိုင်း အသက်ရှင်မနေထိုင်နိုင်ရင် သူတို့ မိတ်သဟာယပြုတာတွေက အယူဝါဒတွေပဲ။ လက်တွေ့မကျဘူး။ သမ္မာတရားကို တကယ်နားမလည်ဘူး။ အဆင့်အတန်းရှိတာက သမ္မာတရားစစ်မှန်မှုရှိတာနဲ့ မတူဘူး။ ခေါင်းဆောင်ဖြစ်တာ၊ အဆင့်အတန်းရှိတာက ဘုရားကို သိပြီး ကျိုးနွံနာခံနိုင်တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ဘုရားကို ချစ်ပြီး လူ့သဘာဝရှိဖို့ဆိုတာ ထားလိုက်တော့။ လူတစ်ယောက်ကို အကဲဖြတ်တဲ့အခါမှာ သူ့အဆင့်အတန်းက ဘယ်လောက်မြင့်တယ်၊ နိမ့်တယ်ဆိုတာကို မကြည့်ဘဲ သူ တကယ်အသက်ရှင်နေထိုင်နေတဲ့အရာကိုပဲ ကြည့်ရမယ်။ ဒီလူက ကျိုးနွံနာခံနိုင်တယ်၊ ဘုရားအပေါ် သစ္စာရှိနိုင်တယ်၊ သူ့အပေါ်မှာ အမှုအရာတွေ ကျရောက်တဲ့အခါ ဘုရားကို အမှန်တကယ်သိနိုင်တယ်၊ သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ သူ့အသက်ကို စွန့်လွှတ်ပြီး ဘုရားကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် သူ့မှာ သမ္မာတရားစစ်မှန်မှုရှိတယ်ဆိုတဲ့ သဘောပဲ။ တီကျယ်နဲ့ ရှယုက အပေါ်ယံမှာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ပြီး အသုံးခံနိုင်တဲ့ပုံပေါ်ပေမဲ့၊ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ တွေးပြီး သူ့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကိုပဲ စဉ်းစားတယ်။ ဘုရားအပေါ် သစ္စာမရှိနိုင်ဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်မပေးနိုင်ဘူး။ သူတို့တွေက သမ္မာတရားကို တကယ်လိုက်စားသူတွေ လုံးဝ မဟုတ်ဘူး။ သူတို့က ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး အသုံးခံနိုင်တာ၊ ဒုက္ခခံနိုင်တာ၊ အဖိုးအခပေးဆပ်နိုင်တာက ကောင်းချီးတွေရဖို့ ရည်ရွယ်ချက်တွေရဲ့ ထိန်းချုပ်တာကို ခံရလို့ပဲ။ သူတို့က ဘုရားဆီကနေ အကျိုးအမြတ်တွေ ရချင်ခဲ့တယ်။ သူတို့ရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာနဲ့ နည်းနည်းလေးမှ မတွန့်ဆုတ်ဘဲ ဘုရားကို စွန့်ပစ်နိုင်ကြတယ်။ သူတို့တွေက ဘုရားကို တကယ်ယုံတဲ့သူတွေ လုံးဝ မဟုတ်ပါဘူး။ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်တာ၊ အသုံးခံတာတွေက ရိုးရိုးသားသား လုပ်တာမဟုတ်ဘူး။ ဒါထက် ဘုရားနဲ့ အပေးအယူလုပ်နေတာပဲ။ နောက်ပြီးတော့ ဘုရားကို သူတို့ သစ္စာဖောက်တဲ့ တခြားအကြောင်းရင်းတစ်ခုရှိတယ်။ သူတို့ရဲ့ အသွေးအသားကို တန်ဖိုးထားလွန်းတာ၊ ထောင်ကျရတဲ့ ဒုက္ခကို မခံနိုင်တာ၊ သေဖို့ ကြောက်တာတွေပေါ့။ ဒါကြောင့် ယုဒဖြစ်သွားကြတယ်။ သူတို့ ကျရှုံးရတဲ့ အကြောင်းတွေကို တွေးကြည့်တော့ ကျွန်မလည်း သတ္တိနည်းတာ၊ ကျွန်မလည်း အဲဒီနေ့တစ်နေ့ကို ကြောက်တာကို တွေးမိတယ်။ ကျွန်မက အဖမ်းခံရပြီး နှိပ်စက်တာမခံနိုင်ဘဲ ဘုရားကို သစ္စာဖောက်ရင် ကျွန်မ ဘာလုပ်ရမလဲ ပေါ့။ ဘုရားကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော်ကို သစ္စာမဖောက်မိဖို့အတွက် သမီးကိုယ့်ကိုယ်ကိုယ် ပြင်ဆင်သင့်တဲ့ သမ္မာတရားတွေဆီကို လမ်းပြပေးတော်မူပါ” ဆိုပြီးတော့။

ရှာဖွေရင်းနဲ့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တယ်။ “သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏ရည်ရွယ်ချက်များသည် အဘယ်အရာဖြစ်သည်နှင့် သူ၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင်မည်ကဲ့သို့ အလေးထားသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို ပုန်ကန်သည်အထိ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး ‘ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း’ ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အာသာဆန္ဒပြေစေပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဇာတိပကတိက စာတန်နဲ့ သက်ဆိုင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့က စာတန်က ဖောက်ပြန်ပျက်စီးအောင် လုပ်တာကို တော်တော်လေးခံထားရတာ။ ပြီးတော့ ကျွန်မတို့အားလုံးက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတိုင်း အသက်ရှင်ကြတယ်။ ဒီလိုအသက်ရှင်ပြီး ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ်။ ကိုယ်လုပ်သမျှမှာ ကိုယ့်အကျိုးစီးပွားအကြောင်းပဲ စဉ်းစားတယ်။ သူတို့ရဲ့ အသွေးအသားက ဒုက္ခမခံရဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်အသိတရားကို ချိုးဖောက်ပြီး လူ့သဘာဝကို ဆန့်ကျင်တဲ့အရာတွေကို လုပ်နိုင်ကြတယ်။ လူတွေက ကွန်မြူနစ်ပါတီ ဖမ်းဆီးတာခံရပြီး နှိပ်စက်မှုမျိုးစုံနဲ့ ထောင်ကျတာကို ရင်ဆိုင်ရတော့ သူတို့ရဲ့ အသွေးအသားက ဒုက္ခသိပ်မခံရဖို့၊ ဒါမှမဟုတ် အရိုက်မခံရဖို့၊ ထောင်မကျဖို့ပဲ အမြဲတမ်းတွေးရင်၊ သူတို့တွေက ညီအစ်ကိုမောင်နှမတွေအကြောင်းဖော်ပြီး ဘုရားကို သစ္စာဖောက်နိုင်ကြသလိုမျိုးပေါ့။ နောက်ဆုံးမှာ သူတို့ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေက ပြည့်စုံပြီး သူတို့ဘဝကတော့ ပျက်စီးသွားခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းကို ထာဝရ ဆုံးရှုံးရပြီး အပြစ်ပေးခံရဖို့အတွက် စာတန်နဲ့အတူ ငရဲကို ကျရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တော့ ကျွန်မက ကိုယ့်အသွေးအသားကို တန်ဖိုးထားလွန်းတယ်၊ ဘုရားကို အမြဲတမ်း သက်သက်သာသာနဲ့ ယုံကြည်ချင်ပြီး ကျွန်မအသွေးအသားကို ဘာဒုက္ခမှ မခံစေချင်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ပတ်ဝန်းကျင်က သက်သောင့်သက်သာဖြစ်တဲ့အခါမှာ ကျွန်မက တာဝန်ထမ်းဆောင်နိုင်သေးတယ်။ ဒါပေမဲ့ ဖမ်းဆီးတာ၊ ဖိနှိပ်တာတွေကို ရင်ဆိုင်ရတော့ သတ္တိနည်းပြီး ကြောက်လာတယ်။ အဖမ်းခံရမှာ၊ နှိပ်စက်ခံရမှာ၊ ထောင်ကျမှာတွေကို ကြောက်တယ်။ နေ့တိုင်း ကြောက်လန့်ပြီး နေနေရတယ်။ စာတန်က ကျွန်မကို ဘုရားကို သစ္စာဖောက်အောင်လုပ်ဖို့အတွက် အသွေးအသားကို ကျွန်မ နှစ်သက်တာ၊ ဒုက္ခမခံချင်တာတွေကို အသုံးပြုနေတာပါ။ လူ့ဇာတိခံယူတဲ့အချိန်အတွင်းမှာ ပေါ်ထွန်းပြီး အမှုပြုခဲ့တဲ့ သခင်ယေရှုအကြောင်း ကျွန်မ တွေးမိတယ်။ သူက ကားစင်တင်ခံရတော့မယ်ဆိုတာကို သိတော့ အဲဒီအချိန်မှာ နာကျင်ပြီး အားနည်းနေပေမဲ့ ဘုရားအလိုတော်ကို ကျိုးနွံနာခံနိုင်တုန်းပဲ။ အရှက်ရတာ၊ နာကျင်တာ၊ အလှောင်ခံရတာ၊ အသရေဖျက်ခံရတာတွေမျိုးစုံကို ခံနိုင်တုန်းပဲ။ ကြာပွတ်နဲ့ အရိုက်ခံနိုင်တုန်း၊ ဆူးသရဖူကို ဝတ်ဆင်နိုင်တုန်းပဲ။ သူကားစင်တင်ခံရမဲ့နေရာကို တစ်လှမ်းချင်းလှမ်းပြီး နောက်ဆုံးမှာ လက်ဝါးကပ်တိုင်မှာ သံနဲ့ အရိုက်ခံနိုင်ဆဲပါပဲ။ ဘုရားသခင် လူ့ဇာတိခံတဲ့ ဒုတိယအကြိမ်မှာ သူက ကွန်မြူနစ်ပါတီက ဖြစ်နိုင်သမျှ လိုက်ဖမ်းပြီး ဖိနှိပ်မှုမျိုးစုံနဲ့ ကြုံရတယ်။ ဒီလိုပတ်ဝန်းကျင်မှာ သူက သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ပြုတုန်းပဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားက စကားတစ်ခွန်းမှမညည်းညူဘဲ ဒီဒုက္ခအားလုံးကို ခံခဲ့တယ်။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်းက ကြီးမားလွန်းပါတယ်။ ဒီအချိန်မှာ ကျွန်မကတော့ ကယ်တင်ခံရနိုင်ဖို့အတွက် ဘုရားကို ယုံတယ်။ ဒုက္ခနည်းနည်းခံရတော့ ဘုရားကို အပြစ်တင်ပြီး အထင်လွဲတယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်း၊ စက်ဆုပ်စရာကောင်းလွန်းပြီး လူ့သဘာဝ ကင်းမဲ့နေတာပါ။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို ပုန်ကန်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ကျွန်မ ဒါကို နားလည်သွားတယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်တာက လူကို တရားစီရင်၊ သန့်စင်တာတွေပဲ။ သူက ကျွန်မတို့ကို ကြိုးစားသန့်စင်ဖို့အတွက်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေအကြောင်း အသိအမြင်ရှိလာဖို့အတွက် စိတ်ဆင်းရဲစရာ ပတ်ဝန်းကျင်မျိုးစုံကို အသုံးပြုတယ်။ ဒါမှ အဆုံးမှာ ကျွန်မတို့က ကိုယ့်ဇာတိပကတိကို ပုန်ကန်နိုင်မယ်။ ကျွန်မတို့အထဲက လွန်ကျူးတဲ့ ဆန္ဒတွေကို လက်လွှတ်နိုင်မယ်။ ဘုရားက ဘာကိုပဲလုပ်လုပ် ဘုရားအပေါ် ကျိုးနွံနာခံနိုင်မယ်။ ဇာတိပကတိနဲ့ဆိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ခံယူပြီး ဘုရားကို ကျေနပ်စေလိုစိတ်ရှိမယ်။ ဒီလိုလူတွေကသာ ဘုရားရဲ့ စုံလင်အောင်လုပ်တာ ခံရနိုင်တယ်။ ဘုရားသခင်က ဒုက္ခကို ခံယူဖို့အတွက် လူ့စိတ်ကို သန့်စင်ပြီး ဘုရားအပေါ် လူရဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ကျိုးနွံနာခံခြင်းကို စုံလင်စေဖို့အတွက် စိတ်ဆင်းရဲစရာ ပတ်ဝန်းကျင်မျိုးစုံကို အသုံးပြုတယ်။ လူတွေက ဒီလိုသမ္မာတရားစစ်မှန်မှုတွေကို သက်သာတဲ့ ပတ်ဝန်းကျင်တွေမှာ မရနိုင်ဘူး။ ဒါက ဒီတစ်ခါမှာ ကွန်မြူနစ်ပါတီက ဖမ်းဆီးဖိနှိပ်တာကို ကြုံရတာကြောင့် ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ရှင်းရှင်းလင်းလင်းမြင်သွားသလိုမျိုးပဲပေါ့။ ကျွန်မက ဘုရားအပေါ် ယုံကြည်ခြင်းမရှိတာကို တွေ့လိုက်ရတယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ပတ်သက်ပြီးတော့လည်း အသိအမြင်နည်းနည်းရခဲ့တယ်။ ဘုရားသခင်က လူတစ်စုကို အောင်မြင်သူတွေအဖြစ် စုံလင်စေဖို့အတွက် ကွန်မြူနစ်ပါတီက ထိတ်ထိတ်ပျာပျာဖမ်းဆီးတာ၊ ဖိနှိပ်တာကို အသုံးပြုတယ်၊ ပြီးတော့ မယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းဖို့လည်း အသုံးပြုတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟာ စာတန်ရဲ့ ဉာဏ်များတဲ့ အကြံအစည်ပေါ်မှာ အခြေခံပြီး ကျင့်သုံးတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါတွေက သက်သာတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မရမှာမဟုတ်တဲ့ သမ္မာတရားတွေပဲ။ ဘုရားအပေါ် ကွန်မြူနစ်ပါတီက အာခံခြင်းရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ သဘာဝကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဒီပါတီအပေါ် မုန်းတီးမှု ပေါ်ထွက်လာခဲ့တယ်။ ပြီးတော့ ဘုရားနောက်ကိုလိုက်ဖို့ ပိုပြီးတော့တောင် စိတ်ခိုင်မာသွားတယ်။ စာတန်ကို အရှက်ရစေဖို့အတွက် ကျွန်မတာဝန်ကို ထမ်းဆောင်ချင်စိတ်လည်းရှိခဲ့တယ်။ “ဘဝ၏ သက်သေခံချက်” ဆိုတဲ့ သီချင်းရဲ့ စာသားတွေကို ကျွန်မ တွေးမိတယ်။ “ဘုရားအဖို့ ကျွန်ုပ်သက်သေခံတဲ့အတွက် တစ်နေ့မှာ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံရနိုင်တယ်။၊ ဖြောင့်မတ်ခြင်းအတွက် ဒီဆင်းရဲဒုက္ခက ဖြောင့်မတ်ခြင်းအတွက် ဆိုတာကို ကျွန်ုပ်နှလုံးသားမှသိနေ။ ကျွန်ုပ်အသက်ဟာ မီးပွါးလို။ မျက်စိတစ်မှိတ်တွင်း ပျောက်ခဲ့လည်း ဒီဘဝမှာ ခရစ်တော် နောက်လိုက်ကာ၊ သူ့အတွက် သက်သေခံနိုင်လို့ ကျွန်ုပ်ဂုဏ်ယူလျက်နေမယ်။ နိုင်ငံတော်ဧဝံဂေလိ ပျံ့နှံ့မှုဖြစ်သည့် ကြီးမားသော ဖြစ်ရပ်ကို ကျွန်ုပ် မမြင်တွေ့နိုင်လျှင်ကို မြင်တွေ့ဖို့၊ ကျွန်ုပ်အသက်မရှင်နိုင်လျှင်ပင် နှစ်လိုဖွယ်အကောင်းဆုံး ဆုတောင်းမေတ္တာကို ပို့ပူဇော်ဆက်ကပ်နေဦးမယ်။ နိုင်ငံတော် ပြီးမြောက်တဲ့နေ့ ကျွန်ုပ်မမြင်တွေ့နိုင်ဘဲ ယနေ့ကျွန်ုပ် စာတန်ကိုအရှက်ရစေ နိုင်လျှင်ပင်၊ ကျွန်ုပ်နှလုံးသား ပျော်ရွှင်၊ ငြိမ်သက်ခြင်း ပြည့်လို့နေမယ်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီသီချင်းကို တိတ်တိတ်လေးဆိုရင်းနဲ့ ခံစားချက်ကြောင့်ဖြစ်တဲ့ မျက်ရည်တွေကျခဲ့ပါတယ်။ ဒီသီချင်းက အဆုံးထိ ဘုရားနောက်ကိုလိုက်ဖို့ ကျွန်မရဲ့ စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုပြီးခိုင်မာစေခဲ့တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်များ

ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား...

ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ

ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...

ကျွန်မ၏ တာဝန်၌ ကျွန်မ၏ ရည်ရွယ်ချက်များကို ပြုပြင်ခြင်း

ရှာယု တရုတ်နိုင်ငံလွန်ခဲ့သည့် ဇွန်လတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။